30/09/2021
ခုလိုချိန် ဆေးတွေကလဲ စျေးတက်၊ ဆေးကို ပဲကြီးလှော်လို သောက်ရတော့ ကုန်ကျစရိတ်တွေများနဲ့ အားလုံးလဲ စိတ်ညစ်နေကြမှာပါ။
ဝယ်စရာဆေးတွေများလို့ ဘယ်ဆေးကို ကြိုစုရမှန်း မသိတော့တဲ့အခါ တွက်ချက်နိုင်မယ့် နည်းလမ်းလေးစဉ်းစားမိလို့ မျှဝေပါရစေ။
ဥပမာ- ကျွန်တော်က ၆၀၀၀တန်ဆေးတမျိုးနဲ့ ၈၀၀တန် ဆေးတမျိုးကို နေ့တိုင်းသောက်ရတယ်ဆိုပါစို့။ စျေးတွေကလဲ အားလုံးတက်တော့မယ်၊ ဆေးမသောက်လို့ရလဲ မရဆိုရင်တော့ဖြင့် ကြိုဝယ်ရတော့မှာပေါ့။ သုံးနိုင်တဲ့ ငွေပမာဏကလဲ စိစစ်နေရတယ်ဆိုရင်တော့ ပိုပြီးဦးစားပေးဝယ်ထားသင့်တဲ့ဆေးက ၆၀၀၀တန်ဆေးပါ။
ဆေးတွေစျေးတက်ရင် % နဲ့တက်တာဖြစ်လို့ ၆၀၀၀ တန်ဆေးက ၁၀% တက်ရင် ၆၆၀၀ ဖြစ်ပြီး ၈၀၀ တန်ဆေးကတော့ ၈၈၀ ဖြစ်မှာပါ။ ၆၀၀၀ တန်ဆေးဟာစျေးတတ်သောအခါ ၆၀၀ တတ်ပြီး ၈၀၀ တန်ဆေးဟာ ၈၀ ပဲစျေးတတ်ပါသေးတယ် ။
လွယ်လွယ်ပြောရရင်တော့ ဝယ်စျေးများတဲ့ဆေးတွေက စျေးတက်ရင် ပိုတက်မှာပေါ့ဗျာ။ ဒါကြောင့်ကိုယ်သောက်နေကျဆေးတွေထဲက နဂိုတည်းက စျေးပိုကြီးတဲ့ ဆေးကိုတော့ဖြင့် ဦးစားပေးဝယ်ဆောင်ထားသင့်တယ် ထင်မိလို့ အကြံပေးတာပါဗျာ။
ခြွင်းချက်အနေနဲ့ကတော့ ကိုယ်အမြဲသောက်နေတဲ့ ဆေးတွေကိုသာ ဝယ်ဖို့ပါဗျာ။
ချစ်ခင်လေးစားရပါသော ဝယ်သူများကောင်းကျိုးအား အမြဲရှေ့ထားလျက်
Seven ဆေးဆိုင်