Hello Doctor - Online Care

Hello Doctor - Online Care Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hello Doctor - Online Care, Medical and health, Yarzaderit Street, East dagon . Yangon, Yangon.

Hello 👋 Hello Doctor မှာ အမြဲတစေ ဆွေးနွေးဖြစ်ကြတဲ့ မိဘ ညီအကို မောင်နှမများ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ ☘️မိဘပြည်သူ...
10/06/2025

Hello 👋

Hello Doctor မှာ အမြဲတစေ ဆွေးနွေးဖြစ်ကြတဲ့ မိဘ ညီအကို မောင်နှမများ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ ☘️

မိဘပြည်သူတို့အနေဖြင့် ပြည်ပ သို့ရောက်နေသောအခါ ဆေးရုံ ၊ ဆေးခန်း သွားလာရန် ဘာသာစကား ခက်ခဲမှု ၊ ကုသစရိတ် ကြီးမားမှုတို့နှင့် ကြုံတွေ့နေရမှုကို ကူညီဖြေရှင်းဖို့ Hello Doctor မှ အသင့်ရှိနေပါတယ် …🙏

မိဘပြည်သူတို့ ကြုံတွေ့ရသော အခက်အခဲ ကျန်းမာရေး ပြဿနာ များအတွက် One Complaint /One Case အတွက်

✅History Taking ၊
✅Treatment ပေးခြင်း ၊
✅အရေးကြီးသော ရောဂါများအတွက် ဆေးရုံ ဆေးခန်း ညွှန်ကြားပေးခြင်း ၊ အကြံ ပေးခြင်း ၊
✅လူသိမခံလိုသော လိင်မှု ကိစ္စ နဲ့ဆိုင်သော ကျန်းမာရေးဗဟုသုတများ ဆွေးနွေးနိုင်ခြင်း
✅အတွေ့အကြုံရှိသော ဆရာဝန်များမှ ဖြေကြား ၊ဆွေးနွေးပေးမှာ ဖြစ်ပါတယ်

💥ရောဂါဝေဒနာ တစ်ခု ၊ One Case ၊ သိလိုသော ကျန်းမာရေး ပြဿနာအတွက် - 120 Thai Baht ကျသင့်မှာ ဖြစ်ပြီး K pay ဖြင့်လည်း ပေးချေနိုင်ပါသည်

Case တစ်ခု ပြီးစီး ပျောက်တဲ့အထိ ဆွေးနွေးနိုင်ပြီး Follow Up များတွင်လည်း ထပ်မံ ပေးဖို့မလိုပဲ ရောဂါသစ် တစ်ခု ထပ်ပြမှသာ ထပ်မံပေးရမှာ ဖြစ်ပါတယ်

ဆရာဝန်များ အသင့်ရှိပြီး အချိန်နှင့်တပြေးညီ ပြန်လည် ဖြေကြားဆွေးနွေးပေးသွားမှာ ဖြစ်လို့ ယခုပဲ Appointment ရယူနိုင်ပါတယ် 💥

ပြင်ဆင်စေလိုသော အကြံပြုစာများ ၊ Reviewsများလည်း Page Messenger မှ ရေးပို့ပေးနိုင်ပါသည် 💥

Contact Via

Page Messenger ✅

ေးခန်း #ဆေးခန်း #ကျန်းမာရေး #လိင်ကျန်းမာရေး

မြန်မာ့ နှစ်သစ်ကူး အခါသမယလေးမှာ မိဘညီအကိုမောင်နှမ အားလုံး စိတ်၏ ကျန်းမာခြင်း ၊ ကိုယ် ၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေလိ...
12/04/2025

မြန်မာ့ နှစ်သစ်ကူး အခါသမယလေးမှာ မိဘညီအကိုမောင်နှမ အားလုံး စိတ်၏ ကျန်းမာခြင်း ၊ ကိုယ် ၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေလို့ Hello Doctor မှ ဆုမွန်ကောင်း တောင်းလိုက်ပါသည် 🙏

✍️မိဘပြည်သူတို့ အနေဖြင့် ယခုလို ခက်ခဲတဲ့ ကာလမှာ နာမကျန်းဖြစ်မှု၊ ဆေးရုံ ဆေးခန်း စရိတ်ကြီးမားမှု၊ ကုန်စျေးနှုန်း မြင့်မားမှုတို့နဲ့ ရင်ဆိုင်နေရ သဖြင့် နားလည် စာနာသောအားဖြင့် ကျွန်တော်တို့ Online ဆေးခန်းမှ တက်စွမ်းသရွေ့ ကူညီဖြေကြားပေးနေပါသည်

✍️လတ်တလော ဖြစ်ပေါ်ခဲ့သော သဘာဝဘေးဖြစ်
ငလျင် ကြောင့် ပျက်ဆီး ဆုံးရှုံးမှုများ အတွက် များစွာ စိတ်မကောင်း ဖြစ်မိပါသည်
😢

✍️ဘယ်လိုအခြေအနေကြောင့် ဖြစ် စေ ရင်ဖွင့်လိုသော ၊စိတ်ကျန်းမာရေးပြဿနာများ
၊ရောဂါဝေဒနာများအတွက် ကူညီဖြေရှင်းပေးရန် ဆအထွေထွေ ကျန်မာရေး ဆရာဝန်များ ၊ အရိုး အထူးကုဆရာဝန်များ ၊ စိတ်ကျန်းမာရေ ဆရာဝန်များနဲ့ ဆွေးနွေး တိုင်ပင်နိုင်ကြောင်း အသိပေးလိုပါတယ် …

အားလုံး ကျန်းမာ ကြပါစေ 🙏🙏

10/04/2025

Hello မိဘပြည်သူများ … 🙏

အခမဲ့ ကာလ တစ်လျှောက် စိတ်ရှည်ရှည် စေတနာထားပြီး ဖြေကြာပေးခဲ့သော ဆရာ/ ဆရာမ များအား
Hello Doctor မှ အထူး ကျေးဇူးတင်ရှိပါသည် 🤍

ယခုအခါ အခမဲ့ ကာလ ကျော်လွန်ပြီ ဖြစ်လို့ …Consultation Fee ပြန်လည် ကောက်ယူတော့မည် ဖြစ်ကြောင်း ပြန်လည် ကြေငြာပါသည် ….

အားလုံး ကျန်းမာ ကြပါစေ 🙏

#

ယနေ့ ဖြစ်ပျက်နေသော အခြေအနေအကြောင်းများ / ငလျင်/စစ်ဘေး စသည့်ဒုက္ခသည်များအား ကိုယ်ချင်းစာနာခြင်းဖြင့်ဝမ်းနည်းကြေကွဲ ထပ်တူ ...
29/03/2025

ယနေ့ ဖြစ်ပျက်နေသော

အခြေအနေအကြောင်းများ / ငလျင်/စစ်ဘေး စသည့်ဒုက္ခသည်များအား ကိုယ်ချင်းစာနာခြင်းဖြင့်

ဝမ်းနည်းကြေကွဲ ထပ်တူ ခံစားရပါသည် ..

အားလုံးသော ပြည်တွင်း/ ပြည်ပ မှ မြန်မာများအတွက် ယနေ့ချိန်မှ စပြီး အခမဲ့ ဆွေးနွေးနိုင်ရန် ….

Hello Doctor-Online Care ကို
Consultation Fee မယူပဲ မိဘပြည်သူတိုကျန်းမာရေး ကိစ္စ အဝဝ ၊ စိတ်နဲ့ဆိုင်သော ရင်ဖွင်ရန်လိုသော ကိစ္စများကို Hello Doctor မှ အပြည့်အဝ ကူညီပေးသွားပါ့မယ် ✅

အားလုံး ကျန်းမာပြီး ဘေးကင်းလုံခြုံကြပါစေ 🙏

Autopsy ?ကျွန်တော်တို့ ရိုးရိုးသာမန်လူတွေနဲ့ မရင်းနှီးပေမယ့် ကြားဖူးနားဝ တော့ရှိလိမ့်မယ် …Autopsy ( ရင်ခွဲစစ်ဆေးခြင်း ) ...
17/03/2025

Autopsy ?

ကျွန်တော်တို့ ရိုးရိုးသာမန်လူတွေနဲ့ မရင်းနှီးပေမယ့် ကြားဖူးနားဝ တော့ရှိလိမ့်မယ် …

Autopsy ( ရင်ခွဲစစ်ဆေးခြင်း )

ကျနော်/ ကျွန်မတို့ရဲ့ အမျိုး ဘယ်သူ ဘယ်ဝါကတော့ ရင်ခွဲရုံပို့ရတယ် ၊ ရင်ခွဲ ရတယ် စသဖြင့် တချို့တလေ ကြုံဖူးကြမယ် … အ လောင်း တကယ်ထုတ်တဲ့အခါ ချုပ်ရိုးရာတွေနဲ့ ခန္ဓာကိုယ် ပြန်ရကြတယ် …

ဘာလို့ ခွဲတာလဲ ၊ ဘာကြောင့်ခွဲတာလဲ ? သိပ်မသိကြဘူး ၊ ဆရာဝန်တွေက အားယားပြီး ခွဲတာလား မဟုတ်ပြန်ဘူး ၊ အပင်ပန်းဘယ်သူခံချင်မှာလဲ …

ခွဲတာ အကြောင်းရင်း ၂ ခုနဲ့ ခွဲတယ်

( 1 ) Clinical Autopsy

ဒါကတော့ လူတစ်ဦးတစ်ယောက် ရောဂါဆန်းပြားနဲ့ ဆုံးတယ် ၊ ဆရာဝန်တွေ ၊ ဆေးကျောင်းသူ/သား တွေ လေ့လာသင့်တယ်လို့ ယူဆတဲ့အခါ ဆေးရုံကနေ ကာယကံရှင်တွေကို ခွင့်တောင်းပြီးမှ Consent ရမှ ခွဲစိတ် လေ့လာကြတယ် ၊

ကျနော်တို့ မှတ်မိပါသေးတယ် Final Part 1 ရဲ့ မနက်ခင်း အစောပိုင်းထ မဖြစ်မနေ တစ်ပတ် တစ်ရက် ရင်ခွဲရုံမှာ ထိုင်ကြည့်ကြရတယ် .. ခေါင်း ကို လွှတွေနဲ့
တိုက် ၊ လည်ပင်းက စ ခွဲ ၊နံရိုးတွေ ကပ်ကြေးနဲ့ ညှပ် တကယ် စိတ်တ္တဇ ဇာတ်ဝင်ခန်းတွေလိုပဲ …

ဒါကဘာလို့ ခွဲလဲဆိုတော့ ဒီလိုရောဂါဆန်းဆို ဘယ်လို ကိုယ်တွင်း အင်္ဂါတွေ ထိခိုက်လဲ ၊ ဘယ်လောက်ဆိုးလညဲဆိုတာ နောက်ထပ် ဒီလို Case မျိုးကြုံရင် သင်ခန်းစာယူဖို့ လေ့လာကြတာဖြစ်တယ် … ခွဲပြီးရင်
လည်း လှတပတ ပြန်လည်ချုပ်ပေးကြပါတယ် …

နောက်တစ်ချက်

( 2 ) Medico- Legal or Forensic Autopsy

ဒါမျိုး Case ကျ ရင်ခွဲဖို့ ကာယကံရှင် မိသားစုဆီက
ခွင့်ပြုချက် Consent ယူဖို့မလိုတော့ဘူး … လာတားရင်တောင် သံသယရှိသူလို့ ယူဆရတာကို

ရင်ခွဲရုံတွေမှာ အ လောင်းတွေရဲ့ ခြေမ မှာ ကွင်းလေးတွေနဲ့ စာကပ်ရတယ် ဒါကတော့ Ordinary Ring ( OR ) / ဒါကတော့ Police Ring ( PR ) ဆိုပြီး ဆွဲထားကြတယ်

ဒါကဘာလဲဆို OR ဆို ရိုးရိုး သဘာဝအတိုင်း ရောဂါနဲ့ တေ တဲ့ လူ ၊ PR ကတော့ သဘာဝမဟုတ်ပဲ ရုတ်တရက် တေမှု ၊ ဥပဒေနဲ့ မကင်းဘူးဆိုရမှာ ( ဥပမာ - လူတတ်မှူ ၊ လူတေမှု ၊ တတ်တေမှု ၊ လမ်းဘေးတေမှု ၊ အစရှိသဖြင့်ပေါ့ … )

PR ကွင်းတပ်ထားတယ်ဆို ဒါက ရင်ခွဲကို ခွဲရမယ် … ကျနော်/ကျမ မိသားစုဝင်အနေနဲ့ မခွဲဘူးဆို လာတားသူက သံသယဝင်ရမယ့်သူ ဖြစ်နေနိုင်တယ် ယူဆတော့တာပဲ … ဒီလို ရင်ခွဲစစ်ဆေးမှ လည်း တရားဥပဒေမကင်းတဲ့ Case ဖြစ်နေရင် သက်သေအနေနဲ့ ထွက်ဆိုနိုင်မှာကို ….

ဒါက လိုအပ်လို့ လုပ်ကြရတာဖြစ်ပြီး ဆေးရုံမှာ ဆေးကုပြီး အသက်ဆုံး တိုင်း ဆေးရုံကြီးဆို ရင်ခွဲမှာပဲလို့ မသတ်မှတ်ရပါဘူး … လိုအပ်တဲ့ Case မျိုးမို့ ခွဲကြတာဖြစ်ပါတယ် …

Hepatitis A နာမည်ကြီး Hepatitis Viruses A,B,C,D,E ( 5 ) ခုထဲကမှ ခုအဖြစ်များနေတဲ့ Hepatitis A ကူးစက်ရောဂါလက္ခဏာများ - ပျိ...
22/02/2025

Hepatitis A

နာမည်ကြီး Hepatitis Viruses A,B,C,D,E ( 5 ) ခုထဲကမှ ခုအဖြစ်များနေတဲ့

Hepatitis A ကူးစက်ရောဂါ

လက္ခဏာများ -

ပျို့ချင်/ အန်ချင် ၊ ဝမ်းပျက်ဝမ်းလျှော ၊ ဆီးအရောင်ရင့်မယ်၊ အသားဝါ /မျက်စိဝါ၊ အဖျားတက် ၊ ဗိုက်အောင့် ၊ပင်ပန်းနွမ်းနယ် ၊ အစားအသောက်ပျက်

အစပိုင်း လက္ခဏာတွေက တုပ်ကွေးနဲ့တောင် နည်းနည်း မှားတက်ကြတယ်

ဗိုင်းရပ်ပိုးနဲ့ ကူးစက်ပြီး ၂-၆ ပတ်အတွင်း လက္ခဏာပြမယ် ၊ လက္ခဏာတွေ့ရင် သွေးစစ်ကြည့်ရုံနဲ့ အဖြေသိနိုင်တယ် ၊

၈ ပတ်နဲ့အထက် ကြာမြင့်တက်တယ်

ကူးစက်တဲ့လမ်းကြောင်း -

F***l-Oral Route နဲ့ အဓိက ကူးစက်တယ် - မသန့်တဲ့ အစားအစာ / ရေ ၊ မသန့်တဲ့ ပတ်ဝန်းကျင် ၊ အဓိက ဗိုင်းရပ်ပိုး HAV ရှိနေတဲ့ အစားအစာမျိုး ၊ အဓိက ပင်လယ်စာ အခွံမာနဲ့ဖုံးထားတဲ့ ပင်လယ်စာ သတ္တဝါတွေ မှာ အများဆုံး ကူးနိုင်တယ် ၊ သွေးကနေကတော့ ကူးနိုင်ခဲယဉ်းတယ် ၊

Hepatitis A အတွက် Vaccine လည်းရှိပြီးသားမို့ စိုးရိမ်ဖို့တော့မလို ဘူး

ထုံးစံအတိုင်း Personal Hygiene တစ်ကိုယ်ရေသန့်ရှင်းမှု ရှိအောင်နေပြီး ၊ Food -borne Diseases မို့ အပြင်စာ ၊လမ်းဘေးစာ ၊ အစားအသောက်စားတဲ့အခါ ဆင်ခြင်စားရုံပဲ ကာကွယ်နိုင်ပါတယ်

Hello Doctor - Online Care  မှ မိဘပြည်သူများကို Online Care အနေနဲ့ အခမဲ့ ဖြေကြား ကူညီပေးခဲ့ပြီ ၊ တစ်ဖက် ဆရာဝန်အင်အားလိုအ...
29/01/2025

Hello Doctor - Online Care မှ မိဘပြည်သူများကို Online Care အနေနဲ့ အခမဲ့ ဖြေကြား ကူညီပေးခဲ့ပြီ ၊ တစ်ဖက် ဆရာဝန်အင်အားလိုအပ်ချက်အတွက် ....ငွေကြေးလိုအပ်ချက် ကြောင့်

ပြည်တွင်း / ပြည်ပ ဆိုပြီး ဆရာဝန် ပြသခ ကို ခွဲခြားပြီး အခကြေးငွေ ယူခဲ့ရတာကို နားလည်ပေးမယ်လို့ ယုံကြည်ပါသည် ...

ယခုအခါ မိဘပြည်သူများ သိလိုသော

✅အရိုးကျီးပေါင်း
✅အရိုးကျိုး
✅အရွတ်ယောင်
✅လေးဘက်နာ
✅အရိုးပွ
✅အရိုး ဓာတ်မှန်
✅အရိုးကင်ဆာ စတဲ့ အရိုးနဲ့ ပက်သက်သော ရောဂါဝေ‌ဒနာများ ၊

အရိုးနှင့်သက်ဆိုင်သော မေးခွန်းကဏ္ဏ များအတွက် Orthopedic Doctor ( အရိုးဆရာဝန် ) နှင့် Booking တင်ပြီး ဆွေးနွေး နိုင်ပါပြီ ၊

Doctor Fee - 200 Thai Baht ကျသင့်မှာဖြစ်ပြီး Booking ကြိုယူပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည် 🙏

တခြား သိလိုသော ကျန်းမာရေး ပြဿနာများ ၊ ရောဂါဝေဒနာ၊ General Question များအတွက် Thai Baht 100 ကျသင့်မှာ ဖြစ်ပြီး အ‌ထွေထွေဆရာဝန် များနှင့် booking မလို တိုက်ရိုက် ဆွေးနွေး နိုင်ပါသည် ✅

သမားတော် များ၊ OG များ နှင့် ဆွေးနွေးလိုပါက အဆငိပြေဆုံးဖြစ်နိုင်အောင် စီစဉ်ပေးလို့ရပါသေးသည် ၊

အားလုံး စိန်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ 🙏

#ကျန်းမာရေး #အရိုး #အရိုးကျိုး #အရိုးကျီးပေါင်း #ဆရာဝန် #ဘန်ကောက်ဆရာဝန်

မရေးဖြစ်တာကြာလို့ ခုလတ်တလော ‌Hot ဖြစ်နေတဲ့ 🔺Noro Virus 🔺 အကြောင်းလေးNorovirus ကို Winter vomiting bug လို့ လူသိများတယ် ဆ...
16/12/2024

မရေးဖြစ်တာကြာလို့ ခုလတ်တလော ‌Hot ဖြစ်နေတဲ့

🔺Noro Virus 🔺 အကြောင်းလေး

Norovirus ကို Winter vomiting bug လို့ လူသိများတယ်

ဆောင်းရာသီမှာပဲ အဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ တစ်မျိုး ၊ လူရဲ့ အူငယ် Small Intestine မှာ အဓိက ပွားများတဲ့ Virus ပိုးမို့ အစာအိမ်အူလမ်းကြောင်းကို ကောင်းကောင်း ဒုက္ခပေးမယ် ၊

✅ရောဂါကူးစက်မှုပုံစံက F***l - Oral route နဲ့ အဓိက ကူးစက်တယ်

Feces(မစင် ) ၊Fingers ( မသန့်ရှင်းသော လက် ) ၊Flies( ယင်ကောင် ) ၊ Fields ( မသန့်ရှင်းသော နေထိုင်ရာပတ်ဝန်းကျင် ) ၊ Food ( ပိုးရှိနေသော မသန့်ရှင်းသော အစားအစာ )

✅ရောဂါလက္ခဏာက အစာအိမ်ရောင်ရမ်းတဲ့ GE နဲ့ တူတူပါပဲ ( ဝမ်းလျှောမယ် ၊ အန်မယ် ၊ဗိုက်အောင့်မယ် ၊ ခေါင်းကိုက်မယ် ၊ ဖျားမယ် ၊ ကြွက်သား နာကျင်ကိုက်ခဲမယ် ၊ချောင်းဆိူး မယ် ၊ အားအင်ချိနဲ့ မယ် ၊ အစားအသောက် ပျက်မယ် )

✅Complications အနေနဲ့ ဝမ်းလျှောတာ အန်တာအကြိမ်ရေများလေ ရေဓာတ်‌ ၊ potassium ၊ Sodium လျော့လေ Dehydration ရ‌ပြီး အသက်အန္တရာယ်ရှိတယ်

🔺လူကြီးတွေ ၊ ရောဂါအခံရှိသူတွေ သတိချပ်ရမယ် ၊ မပေါ့ဆသင့်ပါ

✅ရောဂါပိုးနဲ့ ကူးစက်ပြီး ၁၂ နာရီမှ ၄၈ နာရီအတွင်း လက္ခဏာပြပါမယ် ၊ ( ၁ ရက်ကနေ ၃ ရက်အတွင်း သက်သာနိုင်သော ရောဂါမျိုး ဖြစ်သည် )

✅ကြိုတင်ကာကွယ်မှုအတွက် အကောင်းဆုံးက လက်ကို ခနခနဆေးကြောသန့်စင်မယ် ၊ personal hygiene တစ်ကိုယ်ရေသန့်ရှင်းမှုရယ် ၊ မိမိနေထိုင်ရာ ဝန်းကျငိကို သန့်ရှင်းထားမယ် ၊

✅ကုသမှုပုံစံကGastroenteritis အတိုင်းပဲ Supportive Care ပဲပေးရမယ် ၊ ( တိကျတဲ့ ကုသမှုလည်း မရှိသလို ၊ ကာကွယ်ဆေးလည်း မရှိပါ )

ခန္ဓာကိုယ်မှ ထွက်ရင်ထွက်သလောက် ဓာတ်ဆားရေပြန်သောက်မယ် ၊ တစ်ခါ ဝမ်းသွားရင်သွားသလောက် ၊ တခါ အန်ရင်အန်လောက် ပြန်သောက်ပေးမယ် ၊

အန်တာ ၊ ဝမ်းလျှောတာ အကြိမ်ရေ များမယ် ၊ Blood pressure လည်း ၉၀/၆၀ နားရောက်နေမယ်ဆို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း ကိုသွားသင့်ပါတယ် ၊

လိုအပ်ရင် ဆေးပုလင်း Drip ချိတ်တာ လုပ်ပေးပါလိမ့်မယ် ၊

လူကြီးမိဘတွေ ၊ နာတာရှည် ရောဂါ အခံ ရှိသူတွေ ဖြစ်ပြီဆိုတာနဲဆေးရုံ ၊ ဆေးခန်း သို့ အမြန်ဆုံး ပြသပါ ..

ဝမ်းပျက်ဝမ်းလျှောသည် ကြောက်စရာမဟုတ်သော်လည်း ၊ ‌Thay စေနိုင်သော ရောဂါ ဖြစ်တာမို့ သတိပြုရပါမယ် ...

ခုလို ကာလမှာ အစားအသောက် ဆင်ခြင်မယ် ၊ တစ်ကိုယ်ရေသန့်ရှင်းမှုရှိမယ် ၊

အပူအစပ်အချဉ်တွေ ၊ လမ်းဘေးစာတွေ စားတာ ၊မသန့်ရှင်းသောလက်နဲ့ စားမိတာမျိုးတွေ ရှောင်ရပါမယ် ၊ အရာဝတ္ထုများ ကိုင်ပြီးတိုင်း လက်ကို သေချာစွာ သန့်စင်ဆေးကြောပေးပါ ၊ ဝမ်းပျက် ဝမ်းလျှော ဖြစ်နေသော လူနာများနဲ့ ခွဲ‌၍နေပါ ၊

အားလုံးပဲ ကျန်းမာကြပါစေ ☘️

သိလိုသော ကျန်းမာရေးပြဿနာတိုင်းအတွက်

Page Messenger ကနေ တိုက်ရိုက်ဆက်သွယ် ဆွေးနွေးနိုင်ပါသည် ❤️

#ဝမ်းပျက် #ဝမ်းလျှော #အော့အန် #အစာအိမ်ရောင်

Viral Infection နဲ့ Conjunctivitis ရနေတဲ့ ပြည်ပက ကိုယ့် Patient  5ရက်မြောက်‌ နေ့ အခြေအနေ ... ပြောတဲ့အတိုင်းလုပ်တယ် ၊ ပေး...
14/12/2024

Viral Infection နဲ့ Conjunctivitis ရနေတဲ့ ပြည်ပက ကိုယ့် Patient 5ရက်မြောက်‌ နေ့ အခြေအနေ ... ပြောတဲ့အတိုင်းလုပ်တယ် ၊ ပေးတဲ့ဆေးသောက်တယ် ၊ မျက်စဉ်းသေချာခပ်တယ် ၊ Consultation လုပ်ပေးရတဲ့သူကလည်း စိတ်ချမ်းသာရတယ် ၊

ခုလိုလေးကျ ပီတိပဲ... 🌝

ပြည်ပကဆို ဘတ်100/ K pay 15000 ပါ...

ကျန်းမာရေးနဲ့ သိလိုသမျှ Page ကနေ ဆက်သွယ် Booking ယူနိုင်တယ် ✅ ဆရာဝန် 3ယောက်ရှိပါမယ် ၊

Urgent သိလိုတာများကိုလည်း အချိန်နဲ့အမျှ ပြန်လည်ဖြေကြားပေးပါမယ်...

PS: ခွင့်ပြုချက်ဖြင့်တင်ခြင်းဖြစ်သည်

#ကျန်းမာရေး #ပြည်ပ #ထိုင်းနိုင်ငံ #ဆေးခန်း

 #အရေပြားတွေ_ယားပြီး_အနီပြင်ကြီးတွေ_ပေါ်လာတယ် #မျက်ခမ်းတွေတောင်_ရောင်ပြီး_မျက်စိတွေပါ_ယားလာတယ် #ဘာမှလည်း_မစားမိပါဘူး  (H...
19/10/2024

#အရေပြားတွေ_ယားပြီး_အနီပြင်ကြီးတွေ_ပေါ်လာတယ်
#မျက်ခမ်းတွေတောင်_ရောင်ပြီး_မျက်စိတွေပါ_ယားလာတယ်
#ဘာမှလည်း_မစားမိပါဘူး

(Hives လို့လည်းခေါ်ပါတယ်)
အယားဖု၊ အင်ပြင်

အရေပြားမှာ အနီပြင်ကြီးထွက်လာတယ်၊ ဘေးကအရေပြားနဲ့ယှဉ်ရင်မြင့်တတ်နေတယ်၊ ယားတယ်

ဘာလို့ဖြစ်လဲဆိုတော့ Allergy ဓာတ်မတည့်လို့ပါ။

- စားလိုက်တဲ့အစာကိုဖြစ်စေ
- ဆေးတစ်မျိုးမျိုးကိုဖြစ်စေ
- လိမ်းတဲ့အလှကုန်ပစ္စည်းတစ်မျိုးမျိုးကိုဖြစ်စေ
- အကောင်ကိုက်လို့ကိုဖြစ်စေ
- ခန္ဓာကိုယ်ထဲမှာ ပြင်ပပစ္စည်း (Foreign body) ရှိနေလို့ဖြစ်စေ (ဥပမာ- သံကောင်)

တခါတရံ ပူလို့၊ လေ့ကျင့်ခန်း လုပ်လို့တောင် ထွက်တတ်ပါတယ်။

Mucosa လို့ခေါ်တဲ့ ကိုယ်ခန္ဓာအတွင်းပိုင်းကို အုပ်ထားတဲ့ အလွှာပါ ပါလာရင်တော့ => Angiodema လို့ခေါ်ပါတယ် (အသက်အန္တရာယ်ရှိပါတယ်)
- မျက်ခမ်းတွေရောင်လာ
- နှုတ်ခမ်းတွေထူလာရင်
သတိထားရပါပြီ၊
- လေပြွန်တွေပါကျဉ်းလာရင် တရွှီရွှီမြည်ပြီး အသက်မရှူနိုင်ပဲ (အသက်အန္တရာယ်ရှိပါတယ်)

Urticaria က ဖြစ်တဲ့အကြောင်းရင်းကို ရှာပြီးဖယ်လိုက်မယ်၊ လောလောဆယ် အယားသက်သာအောင် ဆေးပေးလိုက်ရင် ပြီးသွားပါတယ်။ (ဒါပေမယ့် Angiodema ပါဖြစ်မှာ စိုးလို့ Allergic လူနာတွေလာရင် အသက်ရှူလို့အဆင်ပြေလားမေးပြီး၊ ပါးစပ်ဟကြည့်ကြပါတယ်၊ အဆုတ်နားထောင်ကြည့်ကြတာပါ)

👉👉👉
#ဘာလို့ဖြစ်ရတာလဲ ⁉️

ကျွန်တော်တို့ ခန္ဓာကိုယ်က ပြင်ပပစ္စည်း (Foreign body) ဝင်လာရင် သွေးဖြူဥတွေက ဝိုင်းဝန်းတိုက်ခိုက် ကြတယ်ဆိုတာ သိလောက်ပါပြီ။ (ကျွန်တော့ post တွေမှာ ဒါပဲရေးနေတာဆိုတော့)

Virus တို့ Bacteria တို့လို ပိုး 🦠 မဟုတ်တဲ့၊ ပစ္စည်းတွေကျတော့ သွေးဖြူဥ နဲ့ သူ့ရဲ့ဘော်ဒါတွေက ဖျက်ဆီးပစ်ရင်း နဲ့ သူတို့ဆီမှာရှိတဲ့ ဓာတ်ပစ္စည်းတွေထုတ်ကြပါတယ်။ (Degranulation လို့ခေါ်ပါတယ်)

ဥပမာ ; အင်ပြင်ထွက်ရင် (အကြောင်းရင်းရှာမရရင်) အမြဲလုပ်ကြတာက သံကောင်ကျဆေး တိုက်ကြတာပါ

သံကောင်က သွေးဖြူဥတွေနဲ့ ယှဉ်ရင် အများကြီး ကြီးပါတယ်၊ အဲ့တော့ ပိုး 🦠 တွေလို ဖမ်းစားပစ်လိုက်လို့မရပါဘူး၊
အဲ့တော့ သွေးဖြူဥတွေက သံကောင်ကြီး လူ့ခန္ဓာကိုယ်ကို ဒုက္ခမပေးနိုင်အောင်ဆိုပြီး ဝိုင်းထားလိုက်ကြပါတယ်၊ သံကောင်က သူတို့နဲ့ယှဉ်ရင် ကြီးလွန်းတော့ သွေးဖြူဥအများကြီးလိုတဲ့ အတွက် တခြား
သွေးဖြူဥတွေကို လှမ်းပြီးစစ်ကူ ခေါ်ရပါတယ် (သူတို့ကဖုန်းမဆက်တတ်သလို၊ email ပို့လို့မရတော့) ဓာတ်ပစ္စည်းတွေထုတ်ပြီး သွေးထဲမှတဆင့် တခြားသွေးဖြူဥတွေ အကြောင်းကြားတာပါ။

Allergy မှာ ပါဝင်တဲ့သွေးဖြူဥတွေက Granulocytes လို့ခေါ်တဲ့ Neutrophil, Eosinophil, Basophil နဲ့ သူတို့ရဲ့ ဘော်ဒါ Mast cells (သူတို့က ခန္ဓာကိုယ်ရဲ့ supporting tissue ထောက်ပံ့ထားတဲ့ နေရာမှာရှိတော့ တစ်ကိုယ်လုံးအနှံ့မှာရှိပါတယ်)

သူတို့ထုတ်တဲ့ ဓာတ်ပစ္စည်းတွေထဲမှာ
- Histamine
- bradykinin
- prostagladins
- leukotriene
စတာတွေပါ ပါတယ်။

အဲ့ဒီ ဓာတ်ပစ္စည်းတွေက သွေးဖြူဥအချင်းချင်း ဆက်သွယ်တာ အပြင်
- သွေးကြောတွေကျယ်စေပါတယ် #နီလာပါတယ်၊ သွေးကြောနံရံတွေကနေရေတွေစိမ့်ထွက်စေပါတယ် အဲ့တော့အရေပြားတွေ #ဖောင်းတတ်လာတာပါ
- ယားပါတယ်
- လေပြွန်တွေကို ရောင်ရမ်းစေပြီး၊ Mucus ခေါ်တဲ့ အကျိအချွဲတွေ ထွက်စေလို့ လေပြွန်ပိတ်ရတာပါ

👉👉👉
သိပ်မဆိုးရင်

အင်ပြင်ထွက်တာ၊ ယားတာလောက်ပဲဖြစ်ပေမယ့်

ဆိုးတဲ့အခါ

အသက်ရှူလမ်းကြောင်း ရောင်ပြီးပိတ်သွားပါတယ်။
သွေးကြောတွေ တရားလွန်ကျယ်သွားတဲ့ အတွက် သွေးပေါင်တွေထိုးကျပြီး Shock ရပါတယ်
(သေတတ်ပါတယ်)

👉👉👉
ဘာတွေလုပ်လဲ ⁉️

ေရင်

၁။ ဓာတ်ပစ္စည်းတွေကြောင့် သွေးကြောတွေကျယ်ပြီး Shock ရတာ ၊ လေပြွန်ကျဉ်းပြီး အသက်မရှူနိုင်တာအတွက် (Adrenaline သုံးပါတယ်)
၂။ သွေးထဲထွက်လာတဲ့ ဓာတ်ပစ္စည်းတွေ ဓာတ်ပြယ်အောင်လုပ်ရပါတယ်။ (Histamine ထွက်လို့ Anti-Histamine {Burmeton} ပေးပါတယ်)
၃။ သွေးဖြူဥတွေကနေ ဓာတ်ပစ္စည်းတွေ ထပ်မထွက်အောင် Corticosteroid သုံးပါတယ်။
(A,B,C လို့ အလွယ်ခေါ်ပါတယ်)
၄။ သွေးပေါင်ပြန်တတ်အောင်နဲ့ အဆိပ်နဲ့ဓာတ်ပစ္စည်းတွေ ခန္ဓာကိုယ်ထဲက အမြန်ထွက်သွားအောင် Drip သွင်းပါတယ် (Normal Saline)
၅။ လေပြွန်ကျဉ်းတာအတွက် လေပြွန်ကျယ်စေတဲ့ ဆေးငွေ့ရှူရပါတယ် (လေပြွန်ကျယ်စေတဲ့ဆေးက Nebuliser ပေးတာပါ၊ ဆေးတိုက်ရတာ၊ဆေးထိုးရတာ ***မဟုတ်ပါဘူး)
၆။ Oxygen ပေးပါတယ်။

👉👉👉

ရိုးရိုး အင်ပြင်ထွက်တာက

👉 ဖြစ်စေတဲ့ အကြောင်းရင်းရှာ၊ အဲ့ဒါကိုဖယ်ပြီးရင်
👉 Anti-Histamine Burmeton , Cetrizine (Zirin) , Loratidine ပေးရင်ရပါပြီ။

👉👉👉

Urticaria မှာ အရေးကြီးတာက၊ ဖြစ်စေတဲ့ အကြောင်းရင်းရှာရတာပါ။ မဟုတ်ရင်/မသိရင် အဲ့ဒီအရာနဲ့ ထိမိနေရင် ပြန်ပြန်ဖြစ်နေမှာပါ။

👉👉👉
ဥပမာလေးတွေပြရရင်

ခြင်ကိုက်တာ => လူရဲ့သွေးက သွေးကြောထဲကနေအပြင်ရောက်တာနဲ့ ခဲပါတယ်။
ခြင်က သွေးစုပ်ရင်း သွေးခဲမှာစိုးလို့ သွေးမစုပ်ခင် တံတွေးထွေးထည့်လိုက်ပါတယ် (ခြင်တံထွေးမှာသွေးကြဲစေတဲ့ ဓာတ်ပစ္စည်းပါပါတယ်)
အဲ့ဒီခြင်တံထွေးဝင်လို့ သွေးဖြူဥတွေက Degranulation ဓာတ်ပစ္စည်းတွေထုတ်လို့ 👉 ခြင်ကိုက်တဲ့နားမှာ အဖုပေါက်လာတာပါ။

ပူတာ (ရေနွေးအိတ်ကပ်တာ) => အကြောင်းတစ်ခုခုကြောင့် ရေနွေးအိတ်ကပ်ရင် ၊ အရေပြားက ပူတဲ့အတွက် Mast cells တွေကအရေပြားမှာရှိတော့ ၊ ခန္ဓာကိုယ်ကြီး တိုက်ခိုက်တာခံနေရပြီထင်ပြီး Degranulation ဓာတ်ပစ္စည်းတွေထုတ်လို့ 👉 ရေနွေးအိတ်ကပ်တဲ့ တဝိုက်မှာ တခါတလေ နီပြီး ယားလာတာပါ။

လေ့ကျင့်ခန်းလုပ်တာ (အထူးသဖြင့် လှုပ်ခါတဲ့လေ့ကျင့်ခန်း 👉 မြင်သာအောင်ပြရရင် ဗိုက်အဆီချတယ်ဆိုတဲ့ ကြိုးနဲ့ဗိုက်ကိုပတ်ထားပြီး လှုပ်ခါတဲ့စက် နဲ့ (၁၀ မိနစ်လောက်) လုပ်ပြီးရင် ဗိုက်မှာ နီရဲပြီးယားလာတာ Mast cells degranulations လုပ်လို့ပါပဲ။

ဆေးတွေ၊ ပင်လယ်စာတွေ၊ ငံပြာရည် ၊ Cosmetic တွေကတော့ မတည့်ရင် ဖြစ်မှန်းသိကြမှာပါ။

ကိုယ်ဝန်ဆောင်တွေမှာ လဲ အင်ပြင်ထွက်တတ်ပါတယ် အရေပြားခြောက်လို့ဖြစ်ရတာများပါတယ်(ရေများများသောက်ပါ) {တခြားဖြစ်စေတဲ့အကြောင်းရင်းတော့သေသေချာချာရှာပါ}

👉👉👉
ရှားရှားပါးပါး ကျွန်တော်တွေ့ဖူးတာ ပြောပြရရင်

လူနာအမျိုးသမီးတစ်ယောက် နေ့တိုင်း ယားတယ်၊ အင်ပြင်ထွက်တယ်၊ ဘာအကြောင်းမှရှာမရဘူး (ဆေးသောက်ရင် နည်းနည်းလျော့တယ်) ပြန်ဖြစ်တာပဲ

- အစားရှောင်တယ် (ဘာမှမစားရသလောက်ပဲ)
- Cosmetic ဘာမှမသုံးတော့ဘူး
- အိမ်မှာလည်း ဘာတိရိစ္ဆာန်မှ မမွေးထားဘူး
- ဖုံတွေအမှုန့်တွေလည်းရှူရတာမရှိဘူး
- သံကောင်ချဆေးလည်းတိုက်ပြီးပြီ
- ဘာရောဂါအခံမှ မရှိသလို၊ ဘာဆေးမှမသောက်ဘူး
- အိမ်ထောင်ရှိပေမယ့် ကိုယ်ဝန်တားဆေးလည်း မသုံးဘူးတဲ့

အကြံလုံးဝကုန်နေပါပြီ
(ကျွန်တော်တို့တွေ ရင်းနှီးတဲ့လူတွေကိုဆေးကုရမှာ စိတ်ညစ်တတ်ကြပါတယ်
ရောဂါက မသက်သာရင် တခြားလူနာတွေဆို ဆရာဝန်ပြောင်းပြတာတို့၊ ကိုယ်ထက်ကြီးတဲ့၊ ပိုတတ်တဲ့ ဆရာတွေကို လွှဲလိုက်လို့ရပါတယ်
အရမ်းရင်းနှီးတဲ့ လူတွေကြတော့ လွှဲလို့မရတဲ့ အပြင် မသက်သာတော့ တဂျီဂျီနဲ့ ပူဆာနေကြရောလေ 😬😬😬)

နောက်ဆုံး ပေါက်ကရအတွေး ဝင်လာပါတယ်
အိမ်ထောင်ရှိတယ် ကိုယ်ဝန်တားဆေးမသုံးဘူးဆိုတော့၊ #ကလေးများ ရှိနေလားပေါ့။

ကလေးဆိုတာ အဖေတစ်ဝက်ပါတော့၊ ၁/၂Foreign body လေ။

အဲ့ဒါနဲ့ ဓမ္မတာပေါ်တဲ့ရက်မေးပြီး ကိုယ်ဝန်စစ်ကြည့်မယ်ဆိုတော့မှ "မရွှေချော" က ကိုယ်ဝန်ကမရှိတာ ကျိန်းသေတယ်ဆရာ ကျွန်မပြောဖို့မေ့နေလို့တဲ့
သားအိမ်ထဲကိုပစ္စည်းထည့်ထားတယ်တဲ့ (IUCD)

IUCD မှာက Copper ပါတယ်လေ၊ အဲ့ဒီအချိန်က SUN clinic တွေမရှိသေးသလို၊ IUCD က ခေတ်မစားသေးဘူး (နိုင်ငံခြားက NGO အဖွဲ့တစ်ဖွဲ့လာပြီး ကလေးမလိုချင်တဲ့ အမျိုးသမီးတွေကို ထည့်ပေးသွားတာတဲ့)

အဲ့တော့မှပဲ OG နဲ့တိုင်ပင်ပြီး၊ IUCD ထုတ်လိုက်တော့မှ နေ့တိုင်းယား နေတဲ့ ပြဿနာရှင်းသွားတော့တယ်။

👉👉👉
အဲ့ဒါကြောင့် ဆရာဝန်တွေ မေးရင် မဆိုင်ဘူးထင်ပြီး ချန်မထားပါနဲ့ အကုန်ပြောပြကြပါ။

တစ်ခုသတိပေးချင်တာက ယားပြီး အင်ပြင်ထွက်လာရင် ရေချိုးပစ်ကြပါတယ်၊ Histamine စတဲ့ ဓာတ်ပစ္စည်းတွေက အရေပြားမှာပုံနေလို့ အယားဖုထွက်တာဆိုတော့၊ ရေချိုးလိုက်လို့ သွေးကြောတွေကျဉ်းသွားရင် အဲ့ဒီဓာတ်ပစ္စည်းတွေကို သွေးကမရှင်းပေးနိုင်တဲ့ အတွက် ယားတဲ့အချိန်ပိုကြာတတ်ပါတယ်။

(original post ; Nov,2020 👉 https://www.facebook.com/104993831383029/posts/127838549098557/)
Photo credit; Internet
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

Credit goes to Sayr ဘုန်းစည်သူလွင်

အပြင်မှာ လူတွေ့မကြည့်ပေးဖြစ်ပေမယ့် အကူအညီလေးတောင်းလို့ ဘန်ကောက်က ဒီညီလေးကို  Wound cleaning & dressing  လုပ်ပေးဖြစ်တာလေး...
14/10/2024

အပြင်မှာ လူတွေ့မကြည့်ပေးဖြစ်ပေမယ့် အကူအညီလေးတောင်းလို့ ဘန်ကောက်က ဒီညီလေးကို

Wound cleaning & dressing လုပ်ပေးဖြစ်တာလေးပါ

ပထမ နှစ်ကြိမ်မှာ ကိုယ်တိုင်လုပ်ပေးပြီး နောက်ပိုင်း Daily dressing ထည့်ခိုင်းပြီး Improve ဖြစ်လာတယ်
Healing လည်းကောင်းလာတယ်... ပြောတဲ့အတိုင်း ဆေးလည်းသောက်တယ် ၊ ဆေးလည်းထည့်တယ် ၊ ကျေးဇူးပါ ကိုယ်လည်းပီတိဖြစ်ရတယ် ...

ဒီလိုလေးတွေက အဖြစ်များပါတယ်...

အထိုင်များတဲ့သူတွေ ၊ မသန့်တဲ့ အဝတ်၊ လုံချည် ၊ပုဆိုး ၊ အတွင်းခံ စသဖြင့်ပေါ့...

မိမိက ယားယံလို့ ကုပ်မိလိုက်တယ် ၊ ကုပ်လိုက်တဲ့ အရေပြားက ပွန်းသွားတယ် ၊ ဝတ်ထားတဲ့ အဝတ်အစားက ပိုးမွှားတွေကပ်နေတာမျိုးဆို ပွန်းပဲ့ရာကနေ ပိုးဝင်ပြီး‌ နီလာမယ် ၊ ယောင်လာမယ် ၊ ပြည်တည်မယ် ၊ သတိမထားမိက အတွင်းထိ လှိုက်စားပြီး အ‌ေခါင်းပေါက်ဖြစ်တက်တယ်ပေါ့

I&D လုပ် အထဲက အခေါင်းပေါက်ကိုအရင်ရှင်းထုတ် ပြီးရင် ဆေးနဲ့ Bandages တွေနဲ့ ပလပ်ထည့်ပြီး တဖြည်းဖြည်း
စိတ်ရှည်ရတဲ့ အနာမျိုး....

ဒါကြောင့်မို့ အနာသေးသေးလေးဆိုပြီးလည်း မပေါ့ဆနဲ့
အနာကြီးတယ်ဆိုတိုင်းလည်း မလန့်သွားဖို့လိုပါတယ်

အားလုံးကျန်းမာချမ်းသာကြပါစေ☘️

သိလိုသော ကျန်းမာရေးပြဿနာများ ဆွေးနွေးလိုပါပ

ပြည်ပရောက် မြန်မာများအတွက်

ထိုင်းဘတ် -100 ဘတ်
မြန်မာငွေ -15000 ကျပ်

မြန်မာပြည်မှ ပြည်သူများအတွက်

မြန်မာငွေ -5000 ကျပ်ပဲ ဖြစ်ပါတယ်

Contact via Page Messenger

ယခုလို ပြောကြားပေးသွားတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ် ❤️✌️ဒီထက်ပိုပြီး လူကြီးမိဘ ၊ ညီအကိုမောင်နှမမျာ...
09/09/2024

ယခုလို ပြောကြားပေးသွားတဲ့ တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ် ❤️✌️

ဒီထက်ပိုပြီး လူကြီးမိဘ ၊ ညီအကိုမောင်နှမများရဲ့ ကျန်းမာရေးပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ဖို့လည်း ကြိုးစားသွားပါ့မယ် ....

ဆရာဝန်ကြည့်ခ အနေနဲ့ ပြည်ပနဲ့ မြန်မာပြည် ဈေးနှုန်းလေးခွဲထားလို့ နားလည်ပေးစေလိုပါတယ် ✌️✌️

ငွေကြေးအခက်အခဲရှိပါကလည်း ပွင့်လင်းပြောဆိုပြီး မေးမြန်းနိုင်ပါသည် ✅

လူတိုင်းနီးပါး အခက်အခဲတွေ့ချိန်မို့ သင့်တင့်မျှတ‌စွာ ဆောင်ရွက်ပေးပြီး ... ပေးရတာနဲ့ထိုက်တန်သော ၊ နားလည်လွယ်ကူအောင် ဆရာဝန်များမှ သေချာ ရှင်းလင်းပြမည် ဖြစ်ပါသည် ✅

အားလုံးကျန်းမာချမ်းသာကြပါစေ☘️☘️☘️

Address

Yarzaderit Street, East Dagon . Yangon
Yangon
11451

Website

Alerts

Be the first to know and let us send you an email when Hello Doctor - Online Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram