Aung Gabar Clinic

Aung Gabar Clinic အထွေထွေရောဂါကုနှင့် အထူးကုဆေးခန်း

12/02/2024

Medical & health

09/06/2022
15/02/2022
★ Ultrasound. မရိုက်မီဆီးတင်းရန်လိုအပ်သူများ★ - ကိုယ်ဝန်ဆောင်လနုသူများ ( ၃ လ နှင့် ၃ လအောက် )- အမျိုးသမီးရောဂါ စစ်ဆေးလို...
20/01/2021

★ Ultrasound. မရိုက်မီဆီးတင်းရန်လိုအပ်သူများ★

- ကိုယ်ဝန်ဆောင်လနုသူများ ( ၃ လ နှင့် ၃ လအောက် )
- အမျိုးသမီးရောဂါ စစ်ဆေးလိုသူများ
- ယောင်္ကျားရောဂါ ဆီးကျိတ် ကြည့်မည့်သူများ
- ဆီးပိုက်တပ်ထားသူများ Ultrasound မကြည့်ခင် (၁) နာရီ ဆီးပိုက်ကြိုပိတ်ရန်

★ သည်းခြေကျောက် နှင့် သည်းခြေရောဂါ ကြည့်ရှုလိုသူများ (၄) နာရီ ကြိုတင် အစာမစားထားရန် လိုအပ်ပါသည်။

★ ကျောက်ကပ်ရောဂါကြည့်ရှုလိုသူများ ကြိုတင်ဆီးတင်းထားရန်မလိုပါ။

★ ★ ★ ✏ ✏ ✏ ✉ ✉ ✉ ☺ ☺ ☺ ✔ ✔ ✔★

သွေးလှူရှင်များအတွက်......
14/06/2020

သွေးလှူရှင်များအတွက်......

ဒီနေ့အတွက် သိကောင်းစရာ (၂၄)
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၄) ရက်
“ကမ္ဘာ့သွေးလှူရှင်များနေ့”
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

သွေးလှူရှင်တွေအနေနဲ့ ဘာတွေသိထားသင့်တာလဲ?

သွေးလှူမည့်သူတွေအနေနဲ့ ဒီအချက်တွေနဲ့ကိုက်ညီဖို့ လိုပါတယ်။
• အသက် (၁၈)နှစ်မှ (၅၅)နှစ် အတွင်း ဖြစ်ရပါမယ်။

• အမျိုးသားများက ကိုယ်အလေးချိန်ပေါင် (၁၁၀)အထက် ရှိရပြီး အမျိုးသမီးများအနေနဲ့ ပေါင် (၁၀၀) အထက် ရှိရပါမယ်။

• သွေးမလှူခင် အိပ်ရေးဝစွာ အိပ်စက် ထားရပါမယ်။

• အရက်သောက်သုံးခြင်း၊ လတ်တလောဓမ္မတာလာခြင်း မရှိရပါ။

• ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် မဖြစ်ရပါ။ လတ်တလောရောဂါဝေဒနာ မရှိရပါ။

• လွန်ခဲ့သော (၆) လအတွင်း ဆေးမင်ကြောင်ထိုးခြင်း၊ နားဖောက်ခဲ့ခြင်း၊ အပ်စိုက်ကုထုံး ခံယူခဲ့ခြင်း မရှိသူ ဖြစ်ရပါမယ်။

သွေးလှူရှင်များထံမှ သွေးကို မည်ကဲ့သို့ ထုတ်ယူပါသလဲ?

• လူတစ်ယောက်၏ ခန္ဓာကိုယ်မှာ ပျမ်းမျှ သွေး ၅.၆ လီတာခန့်ရှိပြီး သွေးလှူရာတွင် ၀.၄၅ လီတာ ရှိတဲ့ သွေးပမာဏကိုသာ ထုတ်ယူခြင်းဖြစ်ပါတယ်။

• ၎င်းသွေးထုထည်ပမာဏမှာ သွေးလှူပြီးနောက် (၂၄)နာရီအတွင်း ပြန်လည်ပြည့်သွားပြီး သွေးနီဥ များမှာလည်း (၃-၄)ပတ်အတွင်း သူ့အလိုလို ပြန်လည်ပြည့်သွားပါတယ်။

• ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းများကသာ သွေးထုတ်ယူခြင်းကို
ပြုလုပ်မှာဖြစ်ပြီး ကြာချိန်မှာ မိနစ် (၃၀)ခန့်သာ ရှိပါတယ်။

• ထုတ်ယူပြီးသောသွေးများကို အိတ်ချ်အိုင်ဗွီ၊ အသည်းရောင်(ဘီ)(စီ)၊
ဆစ်ဖလစ်ရောဂါ ရှိ/ မရှိ စစ်ဆေးပြီး ရောဂါပိုးကင်းစင်သော
သွေးကိုသာ အသုံးပြုတာဖြစ်ပါတယ်။

သွေးလှူပြီးနောက် သွေးလှူရှင်များအနေနှင့် ဆောင်ရန်/ ရှောင်ရန်တွေက ဘာတွေလဲ?

• သွေးလှူပြီးလျှင် (၁၀)မိနစ်ခန့် ဆက်လက်လဲလျောင်းပြီးနောက် (၁၅)မိနစ်ခန့် ထိုင်လျက်အနားယူပါ။

• အာဟာရဖြည့် အစားအသောက်များကို စားသောက်ပြီးမှ သွေးလှူဘဏ်မှ ထွက်ခွာပါ။

• သွေးလှူပြီးနောက် (၄)လပြည့်ပြီးတိုင်း သွေးပြန်လည်လှူဒါန်းနိုင်ပါတယ်။

• ပုံမှန်သွေးလှူဒါန်းနိုင်ရန် အာဟာရဓာတ်ကြွယ်ဝသည့် အစားအစာများ (ဥပမာ - ငှက်ပျောသီး၊ ကြက်ဥ၊ အသား) ကို စားသုံးပေးရပါမယ်။

"သင့်သွေးဖြင့် အသက်ကယ်ပါ"

, , , #ဒီနေ့အတွက်သိကောင်းစရာ, , #ကမ္ဘာ့သွေးလှူရှင်များနေ့

Address

အမှတ် (၁၄၅)၊ လမ်းသစ်လမ်း၊ဟောင်ကောင်ဓါတ်ပုံတိုက်ဘေး၊ ၃၃ကားဂိတ်အနီး၊ကျောက်တန်းမြို့
Yangon

Opening Hours

Monday 08:00 - 23:00
Tuesday 08:00 - 23:00
Wednesday 08:00 - 23:00
Thursday 08:00 - 23:00
Friday 08:00 - 23:00
Saturday 08:00 - 23:00
Sunday 08:00 - 23:00

Telephone

+959967677997

Website

Alerts

Be the first to know and let us send you an email when Aung Gabar Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Gabar Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram