Aung Myittar Medical Laboratory

Aung Myittar Medical Laboratory Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Myittar Medical Laboratory, Medical Lab, အမှတ်၅၁ အောင်သပြေလမ်း သာကေတမြို့နယ်, Yangon.

နိုင်ငံခြားသွားဖို့ လိုအပ်နေတဲ့သွေးစစ်ချက်ကို ဘယ်မှာယူရမလဲ စဥ်းစားနေရင်တော့........?ISO အသိအမှတ်ပြုလက်မှတ်ရရှိထားပြီးကျွ...
04/08/2025

နိုင်ငံခြားသွားဖို့ လိုအပ်နေတဲ့သွေးစစ်ချက်ကို ဘယ်မှာယူရမလဲ စဥ်းစားနေရင်တော့........?

ISO အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး
ကျွမ်းကျင်သော ဓာတ်ခွဲပညာရှင်များကိုယ်တိုင်စစ်ဆေးပေးနေတဲ့ Aung Myittar ကို သတိရလိုက်ပါ။
ဒါ့ပြင် လိုအပ်သော Medical Form များကိုလည်း တစ်နေရာတည်းမှာပဲ အပြည့်အစုံလုပ်ပေးနေပါတယ်။

☎️Hotline:
09797693312
09775156506

🏣 အမှတ် ၅၁(၇)အရှေ့ရပ်ကွက် အောင်သပြေလမ်း.. ၈ ဂိတ်မှတ်တိုင် အနီး..သာကေတမြို့နယ်၊ ရန်ကုန်မြို့။

🏣 အမှတ် ၂၉၂၊ ကွမ်အပ်မင်းသားကြီးလမ်းမ၊ (၈၈)ရပ်ကွက်၊ မြေနီမှတ်တိုင်အနီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။

🏣 တိုက်(၁)၊ အခန်း (၀၀၆)၊ အောင်မြေသာစည်အိမ်ရာ၊ဆင်ရေတွင်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။






သွေးတွင်းအဆီဓာတ်များခြင်း (Hyperlipidemia)သည် ခန္ဓာကိုယ်အတွက် ဆိုးကျိုးများစွာဖြစ်စေနိုင်ပြီး နောက်ဆက်တွဲရောဂါများကို ဖြ...
03/08/2025

သွေးတွင်းအဆီဓာတ်များခြင်း (Hyperlipidemia)သည် ခန္ဓာကိုယ်အတွက် ဆိုးကျိုးများစွာဖြစ်စေနိုင်ပြီး နောက်ဆက်တွဲရောဂါများကို ဖြစ်ပေါ်စေနိုင်ပါသည်။

၁။ နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများ
- နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease - CAD) – သွေးတွင်းအဆီများခြင်းကြောင့် သွေးကြောနံရံများတွင် အဆီခဲများစုပိတ်ကာ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးအလုပ်မလုပ်နိုင်ခြင်းများ ဖြစ်စေနိုင်သည်။
- နှလုံးရုတ်တရက်ဖောက်ခြင်း (Heart Attack) – သွေးကြောပိတ်ဆို့မှုကြောင့် နှလုံးသို့သွေးမရောက်ပါက ရုတ်တရက်နှလုံးဖောက်နိုင်သည်။
- လေဖြတ်ခြင်း (Stroke) – ဦးနှောက်သွေးကြောပိတ်ဆို့ပြီး လေဖြတ်နိုင်သည်။

၂။ သွေးတိုးရောဂါ (Hypertension)
- အဆီများခြင်းကြောင့် သွေးကြောမာလာကာ သွေးဖိအားမြင့်တက်စေပြီး သွေးတိုးရောဂါဖြစ်စေနိုင်သည်။

၃။ အသည်းနှင့်ပန်ကရိယထိခိုက်ခြင်း
- အသည်းအဆီဖုံးခြင်း (Fatty Liver Disease) – အသည်းတွင် အဆီများစုပိတ်ပြီး အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းများ ဖြစ်စေနိုင်သည်။
- ပန်ကရိယရောင်ရမ်းခြင်း (Pancreatitis) – သွေးတွင်းအဆီဓာတ်အလွန်များပါက ပန်ကရိယရောင်ရမ်းခြင်းဖြစ်စေနိုင်သည်။

၄။ ဆီးချိုသွေးချိုရောဂါ (Diabetes) နှင့် ဆက်စပ်မှု
- အဆီများခြင်းသည် အင်ဆူလင်ခံနိုင်ရည်ကို ကျစေပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသည်။

၅။ ခြေထောက်သွေးကြောပိတ်ခြင်း (Peripheral Artery Disease - PAD)
- ခြေထောက်သွေးကြောများပိတ်ဆို့ပြီး နာကျင်ကိုက်ခဲခြင်း၊ အနာမကျက်ခြင်းနှင့် အချို့အခြေအနေများတွင် ခြေထောက်ဖြတ်ရနိုင်သည်။

၆။ အခြားသော ကျန်းမာရေးပြဿနာများ
- ကျောက်ကပ်ထိခိုက်ခြင်း – သွေးတွင်းအဆီများခြင်းသည် ကျောက်ကပ်သွေးကြောများကို ထိခိုက်စေနိုင်သည်။
- အဝလွန်ခြင်း (Obesity) – အဆီများခြင်းနှင့် အဝလွန်ခြင်းသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။

ကာကွယ်ရန်နည်းလမ်းများ
- ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ (ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပရိုတင်းနှင့် အမျှင်ဓာတ်များစားသုံးခြင်း)
- ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း
- အဆီနှင့်အချိုများသော အစားအစာများရှောင်ခြင်း
- ဆေးလိပ်နှင့်အရက်ရှောင်ခြင်း
- ပုံမှန်သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်း

သွေးတွင်းအဆီဓာတ်များခြင်းကို ဂရုမစိုက်ပါက နှလုံး၊ ဦးနှောက်နှင့် အခြားအင်္ဂါများကို ပြင်းထန်စွာထိခိုက်စေနိုင်သဖြင့် စောစီးစွာကုသမှုခံယူသင့်ပါသည်။

☎️Hotline:
09797693312
09775156506

🏣 အမှတ် ၅၁(၇)အရှေ့ရပ်ကွက် အောင်သပြေလမ်း.. ၈ ဂိတ်မှတ်တိုင် အနီး..သာကေတမြို့နယ်။

🏣 အမှတ် ၂၉၂၊ ကွမ်အပ်မင်းသားကြီးလမ်းမ၊ (၈၈)ရပ်ကွက်၊ မြေနီမှတ်တိုင်အနီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။

🏣 တိုက်(၁)၊ အခန်း (၀၀၆)၊ အောင်မြေသာစည်အိမ်ရာ၊ဆင်ရေတွင်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။







 #လေရှူ_လမ်းလျှောက်_ရေများများသောက်လေရှူလမ်းလျှောက်ခြင်းနှင့် ရေများများသောက်ခြင်းသည် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သော...
01/08/2025

#လေရှူ_လမ်းလျှောက်_ရေများများသောက်

လေရှူလမ်းလျှောက်ခြင်းနှင့် ရေများများသောက်ခြင်းသည် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သော အလေ့အထများဖြစ်ပါသည်။ ဤနည်းလမ်းများကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် အောက်ပါအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

လေရှူလမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ
1. နှလုံးကျန်းမာရေး တိုးတက်စေခြင်း
- နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးတိုးနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည်။

2. စိတ်ဖိစီးမှုလျော့ကျစေခြင်း
- သဘာဝလေကောင်းလေသန့်ရှူရှိုက်ရခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်ရခြင်းက စိတ်ဖိစီးမှုဟော်မုန်းများကို လျော့ကျစေကာ စိတ်ခံစားမှုကို ကောင်းမွန်စေသည်။

3. ဇီဝကမ္မဖြစ်စဉ်များ မြှင့်တင်ပေးခြင်း
- ပုံမှန်လမ်းလျှောက်ခြင်းက ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေသည်။

4. ကြွက်သားနှင့် အရိုးများ သန်မာစေခြင်း
- လမ်းလျှောက်ခြင်းက ကြွက်သားများနှင့် အရိုးများကို သန်မာစေပြီး အရိုးပွရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည်။

ရေများများသောက်ခြင်း၏ အကျိုးကျေးဇူးများ
1. ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်တင်းပေးခြင်း
- ရေသည် ခန္ဓာကိုယ်၏ အဓိကလိုအပ်ချက်ဖြစ်ပြီး ဆဲလ်များ၊ တစ်ရှူးများနှင့် အစိတ်အပိုင်းများ ကောင်းစွာအလုပ်လုပ်နိုင်ရန် ကူညီပေးသည်။

2. အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း
- ရေများများသောက်ခြင်းက ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဆီး၊ ချွေးနှင့် အညစ်အကြေးများမှတစ်ဆင့် ဖယ်ရှားပေးသည်။

3. အသားအရေစိုပြေလှပစေခြင်း
- ရေဓာတ်ပြည့်ဝခြင်းက အသားအရေကို စိုပြေတင်းရင်းစေပြီး ဝက်ခြံနှင့် အရေးအကြောင်းများကို လျော့ကျစေသည်။

4. အစာခြေစနစ်ကို ကောင်းမွန်စေခြင်း
- ရေသည် အစာခြေဖျက်မှုကို အားပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသည်။

အကြံပြုချက်များ
- လေရှူလမ်းလျှောက်ခြင်း
- တစ်နေ့လျှင် မိနစ် ၃၀ မှ ၄၅ မိနစ်ခန့် လမ်းလျှောက်ပါ။
- သဘာဝပတ်ဝန်းကျင်ကောင်းသော နေရာတွင် လမ်းလျှောက်ပါ (ဥပမာ - ပန်းခြံ၊ သစ်တောလမ်း)။
- နံနက်စောစော (သို့) ညနေခင်းတွင် လမ်းလျှောက်ပါ။

- ရေသောက်ခြင်း
- တစ်နေ့လျှင် ရေ ၈ ခွက် (၂ လီတာခန့်) သောက်ပါ။
- ရေကို တစ်ခါတည်း အများကြီးမသောက်ဘဲ တစ်နေ့တာလုံး ဖြည်းဖြည်းချင်း သောက်ပါ။
- ကော်ဖီ၊ လက်ဖက်ရည် သောက်ပါက ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ရန် ရေပိုသောက်ပါ။

ဤအလေ့အထများကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ကိုယ်နှင့်စိတ် နှစ်ပါးလုံး ကျန်းမာပျော်ရွှင်စေမည်ဖြစ်ပါသည်။

☎️Hotline:
09797693312
09775156506

🏣 အမှတ် ၅၁(၇)အရှေ့ရပ်ကွက် အောင်သပြေလမ်း.. ၈ ဂိတ်မှတ်တိုင် အနီး..သာကေတမြို့နယ်။

🏣 အမှတ် ၂၉၂၊ ကွမ်အပ်မင်းသားကြီးလမ်းမ၊ (၈၈)ရပ်ကွက်၊ မြေနီမှတ်တိုင်အနီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။

🏣 တိုက်(၁)၊ အခန်း (၀၀၆)၊ အောင်မြေသာစည်အိမ်ရာ၊ဆင်ရေတွင်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။





*ကျန်းမာပျော်ရွှင်သောနေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ဖို့အောင်မေတ္တာရဲ့ Diamond Package (Medical Check-up Package) ကို(၆)လ...
30/07/2025

*ကျန်းမာပျော်ရွှင်သောနေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ဖို့
အောင်မေတ္တာရဲ့ Diamond Package (Medical Check-up Package) ကို
(၆)လတစ်ကြိမ် စစ်ဆေးကြစို့…………..*

Diamond Package မှာ ဘာတွေပါမလဲဆိုရင်
1.Doctor Consulation
2.Pyisical Examination
3.ECG
4.X-Ray
5.CP(Auto)
6.ESR
7.ABO&Rh
8.Blood Sugar
9.HbA1c
10.Lipid Profile
11.Urea
12.Creatinine
13.eGFR
14.ASO
15.RA
16.Uric Acid
17.Liver Function Test
18.Calcium
19.Magnesium
20.CA 125
21.CA 153
22.CEA
23.AFP
24.TSH
25.Urine RE
26.Stool RE စသည်တို့ပါဝင်မှာ ဖြစ်ပါတယ်။

*ကျန်းမာရေးအတွက် အဖြေရှာ
စိတ်ချရမှာ အောင်မေတ္တာ*

☎️Hotline:
09797693312
09775156506

🏣 အမှတ် ၅၁(၇)အရှေ့ရပ်ကွက် အောင်သပြေလမ်း.. ၈ ဂိတ်မှတ်တိုင် အနီး..သာကေတမြို့နယ်။

🏣 တိုက်(၁)၊ အခန်း (၀၀၆)၊ အောင်မြေသာစည်အိမ်ရာ၊ဆင်ရေတွင်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။





အသည်းရောင်အသားဝါဘီပိုး ရောဂါကူးစက်ခံရပြီး ဘာဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲ?(၁) အသည်းရောင်အသားဝါရောဂါကူးစက်ခံရပြီး ၁-၄ လအတွင...
29/07/2025

အသည်းရောင်အသားဝါဘီပိုး ရောဂါကူးစက်ခံရပြီး ဘာဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲ?

(၁) အသည်းရောင်အသားဝါရောဂါ
ကူးစက်ခံရပြီး ၁-၄ လအတွင်း လက္ခဏာပြလာနိုင်သည်။
(လက္ခဏာများ- အသားဝါ၊ မျက်လုံးဝါ၊ အားနည်းခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင်ခြင်း(အထူးသဖြင့် အသည်းနေရာ)၊ အဖျားတက်ခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း)

(၂) နာတာရှည်ဘီပိုးကူးစက်မှု (Chronic Hepatitis 😎
ကူးစက်ခံရသူ ၅-၁၀% တွင် နာတာရှည်ရောဂါဖြစ်နိုင်ပြီး အောင်ပါဆိုးကျိုးများ ဖြစ်စေနိုင်သည်။
- အသည်းခြောက်ခြင်း (Liver Cirrhosis)
အသည်းဆဲလ်များ ပျက်စီးကာ အမာရွတ်သဖွယ်ဖြစ်လာခြင်း။
(လက္ခဏာများ- ဗိုက်ဖောင်းခြင်း(အရည်များစုခြင်း)၊ ခြေထောက်ဖောခြင်း၊ သွေးအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ဦးနှောက်ထိခိုက်ခြင်း(သတိလစ်ခြင်း))

- အသည်းကင်ဆာ (Liver Cancer/Hepatocellular Carcinoma)
နာတာရှည်ဘီပိုးရှိသူများတွင် အသည်းကင်ဆာဖြစ်နိုင်ခြေ ၁၀၀% မြင့်မားနိုင်သည်။

- အသည်းအလုပ်မလုပ်ခြင်း (Liver Failure)
အသည်းပျက်စီးသွားပါက အသက်အန္တရာယ်ရှိသည်။

(၃) အခြားဆိုးကျိုးများ
- ကျောက်ကပ်ရောဂါ
- သွေးနီဥပျက်စီးခြင်း
- သွေးကြောရောင်ခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။

ဒီလိုရောဂါမျိုးတွေမခံစားရလေအောင် ISO(9001:2015)အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး တိကျမှန်ကန်သော သွေးအဖြေများရရှိဖို့ အောင်မေတ္တာဓါတ်ခွဲခန်းမှာ သွေးစစ်ပြီး ဘီပိုးကာကွယ်ဆေးထိုးကြစို့………….။

☎️Hotline:
09797693312
09775156506

🏣 အမှတ် ၅၁(၇)အရှေ့ရပ်ကွက် အောင်သပြေလမ်း.. ၈ ဂိတ်မှတ်တိုင် အနီး..သာကေတမြို့နယ်။

🏣 တိုက်(၁)၊ အခန်း (၀၀၆)၊ အောင်မြေသာစည်အိမ်ရာ၊ဆင်ရေတွင်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။



“အာဇာနည်နေ့ တို့မမေ့”၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့နံနက် (၁၀)နာရီ (၃၇)မိနစ် အချိန်တွင် ကျဆုံးသွားသောလွတ်လပ်ရေးဖခင်ကြီ...
19/07/2025

“အာဇာနည်နေ့ တို့မမေ့”

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့
နံနက် (၁၀)နာရီ (၃၇)မိနစ် အချိန်တွင် ကျဆုံးသွားသော
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား
“Aung Myittar Medical Laboratory” မိသားစုမှ ရိုသေစွာ ဦးညွတ်ဂါရဝပြုအပ်ပါသည်။



19/05/2025

🦠နှစ်စဉ် တုပ်ကွေးကြောင့် ဘယ်လောက်အတိုင်းအတာအထိ အသက်ဆုံးရှုံးနေရသလဲ ❓🦠

တုပ်ကွေးကြောင့် အသက်ဆုံးရှုံးမှုလို့ ပြောလိုက်လို့ တုပ်ကွေးဖြစ်ရင် သေလို့လား …… တုပ်ကွေးက အဲ့လောက် ကြောက်စရာကောင်းလို့လား…. လို့ ထင်နေစရာ ရှိပါတယ်။ တုပ်ကွေးကလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ပြင်းထန်ပါတယ်။ သေဆုံးနိုင်ခြေလည်း ရှိပါတယ်။ပြီးခဲ့တဲ့ နှစ်တွေမှာ လူတွေက တုပ်ကွေးထက် COVID-19 ကို စိုးထိတ်နေခဲ့ကြပါတယ်။ ဒီလို စိုးထိတ်မှုတွေကြောင့် အပြင်ထွက်တဲ့အခါ ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်တာ၊ လက်ကို သေချာ ဂရုတစိုက်ဆေးကြောတာ၊ ကျန်းမာစေတဲ့ အလေ့အထတွေကို လိုက်နာတာကြောင့် တုပ်ကွေး ဖြစ်ပွားမှုက ရှေ့နှစ်တွေကထက် ကျဆင်းခဲ့ပါတယ်။

🦠နှစ်စဉ် တုပ်ကွေးကြောင့် ဘယ်လောက်ထိ သေဆုံးမှုတွေရှိနေလဲ ……❓🦠

ဒီအဖြေကို တိတိကျကျ ပြောပြဖို့က ခက်ပါမယ်။ နှစ်စဉ် တုပ်ကွေးကြောင့် ကမ္ဘာတလွှားမှာ လူဦးရေ များစွာ သေဆုံးနေကြပါတယ်။ တုပ်ကွေးက ဖြစ်တိုင်း သေဆုံးတာလားဆိုတော့ မဟုတ်ပါဘူး။

သေချာ ကုသမှု ခံယူမယ် ကိုယ်တိုင်ကလည်း ကျန်းမာမယ် ရောဂါအခံမရှိဘူးဆိုရင် သေဆုံးနိုင်ခြေ နည်းပါတယ်။ ကိုဗစ် ဖြစ်ပွားခဲ့တဲ့ နှစ်တွေမှာတော့ တုပ်ကွေးကြောင့် သေဆုံးမှု အရေအတွက်က နည်းနည်းလောက် ကျဆင်းခဲ့ပါတယ်။ ဒါကလည်း ခုနကပြောသလို နှာခေါင်းစည်းတွေ တပ်တာ၊ တုပ်ကွေးကာကွယ်ဆေးတွေ ထိုးတဲ့သူများလာတာကြောင့်ပါ။

CDC ရဲ့ စစ်တမ်းအရကတော့ ၂၀၁၉ ခုနှစ် နဲ့ ၂၀၂၀ ခုနှစ်အတွင်း တုပ်ကွေးကြောင့် ဖျားနာသူ ဦးရေ ၃၈ သန်း ရှိခဲ့ပြီး ၄၀၀၀၀၀ လောက်က ကုသမှု ခံယူပြီး သက်သာခဲ့ပါတယ်။ သေဆုံးသူဦးရေက ၂၂၀၀၀ ရှိခဲ့ပါတယ်လို့ သိရပါတယ်။

🦠တုပ်ကွေးက ဘာကြောင့် သေဆုံးသည်အထိ ပြင်းထန်ရတာလဲ……..❓🦠

တုပ်ကွေးက ကူးစက်လွယ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှု တစ်မျိုးပါ။ တုပ်ကွေး ဗိုင်းရပ်စ်က နှာခေါင်း၊ လည်ချောင်း၊ အဆုတ်တွေကို ဝင်ရောက်ကူးစက်ပါတယ်။

တုပ်ကွေးဆိုတဲ့နေရာမှာ influenza A နဲ့ influenza B ဆိုပြီးရှိပါတယ်။ တစ်နှစ်နဲ့ တစ်နှစ်ဖြစ်တာလည်း မတူပါဘူး။ တုပ်ကွေးက လူတွေအများကြီးကို ကူးစက်နိုင်ပြီး ဖျားနာတဲ့အခါ တော်တော် ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ သေချာကုသမှု ခံယူရပြီး ပြန်လည် သက်သာလာတာတွေ ရှိပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေလည်း ရှိပါတယ်။

တုပ်ကွေးက လူကို သေစေနိုင်တဲ့အထိ ပြင်းထန်သလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ တုပ်ကွေးက အရမ်းပြင်းထန်မယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ အဆုတ်ရောင်တာကို ခံစားရနိုင်ပါတယ်။ ဒါတွေအပြင် တုပ်ကွေးကြောင့်
🦠နှလုံးရောင်တာ
🦠ဦးနှောက်ရောင်တာ
🦠ကြွက်သားတစ်ရှူးတွေ ရောင်တာ
🦠အင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးတာ ( အသက်ရှူလမ်းကြောင်း၊ ကျောက်ကပ် ပျက်စီးတာ)
🦠မေးခိုင်ပိုး ဝင်တာလိုမျိုး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

🦠💉တုပ်ကွေးကြောင့် ဘယ်သူတွေက သေဆုံးနိုင်ခြေ အမြင့်ဆုံးလဲ ……🦠❓

အခုပြောပြမယ့်သူတွေက တုပ်ကွေးဖြစ်တဲ့အခါ ပြင်းပြင်းထန်ထန် ခံစားရနိုင်သလို သေဆုံးနိုင်ခြေလည်း မြင့်ပါတယ်။

👨‍🦳အသက် ၆၅ နှစ်အထက် ဖြစ်မယ်
🤰ကိုယ်ဝန်ဆောင် ဖြစ်မယ်
👶၅နှစ်အောက် ကလေးငယ်လေး ဖြစ်မယ်
👶အာရုံကြောရောဂါ ခံစားနေရတဲ့ ကလေးငယ်လေး ဖြစ်မယ်ဆိုရင် တုပ်ကွေးကြောင့် သေဆုံးနိုင်ခြေများပါတယ်။
ဒါတွေအပြင် အခုလို ရောဂါအခံတွေ ရှိမယ်ဆိုရင်လည်း တုပ်ကွေးကြောင့် သေဆုံးနိုင်ခြေ များပါတယ်။

💊ပန်းနာရင်ကျပ်
💊နှလုံးရောဂါ
💊လေဖြတ်ထားတာ
💊ဆီးချို
💊HIV/AIDS
💊ကင်ဆာ
💊နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရမယ်။
တုပ်ကွေးက အသက်အရွယ်တိုင်းမှာ ပြင်းထန်စွာ ခံစားရနိုင်သလို သေဆုံးနိုင်ခြေလည်း ရှိပါတယ်။ ဒါပေမယ့် အသက်အရမ်းကြီးလွန်းမယ်။ ငယ်လွန်းမယ်။ ရောဂါအခံ ရှိမယ်ဆိုရင်တော့ တုပ်ကွေးကြောင့် သေဆုံးနိုင်ခြေက ပိုများပါတယ်။

🛡️💉တုပ်ကွေးကို ဘယ်လို ကာကွယ်မလဲ 🛡️💉

တုပ်ကွေးက ကာကွယ်လို့ ရတဲ့ ရောဂါတစ်မျိုးပါ။ နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေး ထိုးတာက တုပ်ကွေးကို ကာကွယ်ဖို့အတွက် ကိုယ်ခံအားကို ကြံ့ခိုင်နေအောင် အားဖြည့်ရာ ရောက်ပါတယ်။ တုပ်ကွေးကာကွယ်ဆေး ထိုးတာအပြင် အခုလို နည်းလမ်းလေးတွေကို လိုက်နာ လုပ်ဆောင်တာက တုပ်ကွေးကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာပါ။

💡ဖျားနာနေတဲ့လူနဲ့ နီးနီးကပ်ကပ် ထိတွေ့မှုကို ရှောင်ပါ
💡လက်ကို မကြာခဏ ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာ ဆေးကြောပါ
💡ရေနဲ့ဆပ်ပြာ မရနိုင်တဲ့ နေရာမျိုးမှာ အယ်လ်ကိုဟောပါတဲ့ လက်ဆေးဆပ်ပြာရည်သုံးပြီး လက်ကို ဆေးကြောပါ
💡မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို ကိုင်တွယ်ထိတွေ့တာမျိုး ရှောင်ပါ။
💡အိပ်ရေး ဝဝအိပ်ပါ။
💡အာဟာရ ပြည့်ဝအောင် စားပါ။
💡သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

နှစ်စဉ် တုပ်ကွေးကြောင့် ကမ္ဘာတလွှားမှာ လူဦးရေများစွာ ကျန်းမာရေး ထိခိုက်တာ အသက်ဆုံးရှုံးတာတွေ ရှိနေတာကြောင့် သေချာလေး ဂရုစိုက်တာက အကောင်းဆုံး ဖြစ်မှာပါ။

🛡️💉လူကြီးမင်းတို့ချစ်ရတဲ့မိသားစုအတွက်နှင့်လူကြီးမင်းတို့ကိုယ်တိုင်ရာသီတုပ်ကွေးကူးစက်ခြင်းမှကင်းဝေးဖို့ကာကွယ်ဆေးထိုးနှံခြင်းဝန်ဆောင်မှုကို ကျွန်တော်တို့Aung Myittar Diagnostics Center and Health Care Services မှာ ထိုးနှံလို့ရနေပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ခမျာ….💉🛡️

☎️Hotline:
09797693312
09775156506

🏣 အမှတ် ၅၁(၇)အရှေ့ရပ်ကွက် အောင်သပြေလမ်း.. ၈ ဂိတ်မှတ်တိုင် အနီး..သာကေတမြို့နယ်။

🏣 တိုက်(၁)၊ အခန်း (၀၀၆)၊ အောင်မြေသာစည်အိမ်ရာ၊ဆင်ရေတွင်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။

‼️ WE ARE HIRING ‼️Aung Myittar Diagnostic center and Health Care Services တွင် အလုပ်လုပ်ကိုင်ရန် အောက်ပါဝန်ထမ်းများအလို...
23/04/2025

‼️ WE ARE HIRING ‼️

Aung Myittar Diagnostic center and Health Care Services တွင် အလုပ်လုပ်ကိုင်ရန် အောက်ပါဝန်ထမ်းများအလိုရှိပါသည်

✅Marketing Staff- 1 posts ( F / M)
✅Office Staff - 1 posts (Female)

Marketing Staff : 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭 ✅

◻️သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ 2years နှင့်အထက်ရှိရပါမည်(ဆေးရုံဆေးခန်းနှင့်ဓာတ်ခွဲခန်းများတွင် Sale and Marketing အတွေ့အကြုံရှိသူဦးစားပေးမည်။)

◻️အလုပ်တွင်သွက်လက်စွာလုပ်ဆောင်နိုင်ရပါမည်

◻️စကားအပြောအဆိုအထူးပြေပြစ်ပီး Customers များကို စိတ်ရှည်စွာသေချာရှင်းပြနိုင်ရမည်

◻️အသက် 28 - 35 အတွင်းရုပ်ရည်အသင့်အတင့်ရှိရမည်။

Office Staff (Typist): 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭 ✅

◻️ဓာတ်ခွဲခန်းနှင့်ပတ်သတ်သော Results များအားတိကျမှန်ကန်စွာရိုက်နိုင်ရမည်

◻️Computer Basic (Excel,Word)(Email)ကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရပါမည်

တပတ်လျင် တရက်နားခွင့်ရှိပါသည် (လုပ်ငန်းအတွေ့အကြုံပေါ်မူတည်ပီး လစာကိုညှ်ိနှိုင်းနိုင်ပါသည် )

လျောက်ထားလိုပါက Viber 09775156506 09797693312 သို့ Cv Form ပေးပို့ပီး လျှောက်ထားနိုင်ပါသည်

☎️Hotline:
09797693312
09775156506

🏣 အမှတ် ၅၁(၇)အရှေ့ရပ်ကွက် အောင်သပြေလမ်း.. ၈ ဂိတ်မှတ်တိုင် အနီး..သာကေတမြို့နယ်။

🏣 တိုက်(၁)၊ အခန်း (၀၀၆)၊ အောင်မြေသာစည်အိမ်ရာ၊ဆင်ရေတွင်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။

နှစ်သစ်ဆုတောင်း   မြန်မာ့နှစ်သစ်ကူး အချိန်အခါသမယမှာ အေးချမ်းပျော်ရွှင်အောင်မြင်ပါစေကြောင်း Aung Myittar မိသားစုမှ ဆုမွန်...
17/04/2025

နှစ်သစ်ဆုတောင်း

မြန်မာ့နှစ်သစ်ကူး အချိန်အခါသမယမှာ အေးချမ်းပျော်ရွှင်အောင်မြင်ပါစေကြောင်း Aung Myittar မိသားစုမှ ဆုမွန်ကောင််းတောင်းလိုက်ပါတယ်ရှင့် 🙏🙏🙏

✨ဘာကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း(Routine Medical Check-Up) လုပ်သင့်တာလဲ?⁉️🔵ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းဟာ လူတစ်ဦး...
07/04/2025

✨ဘာကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း(Routine Medical Check-Up) လုပ်သင့်တာလဲ?⁉️

🔵ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းဟာ လူတစ်ဦးချင်းစီ၏ ကိုယ်အလေးချိန်၊ အရပ်၊ သွေးပေါင်ချိန်မှစလို့ သွေးစစ်ဆေးခြင်း၊ အသက်အရွယ်/လိင်အမျိုးအစားအလိုက် ရောဂါများရှာဖွေခြင်း၊ ရှိနေပြီးသား ရောဂါများအတွက် ရောဂါအခြေအနေစစ်ဆေးခြင်း အစရှိသဖြင့် အမျိုးအစားများစွာပါဝင်တဲ့ စစ်ဆေးခြင်းပဲဖြစ်ပါတယ်။

🔵ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းက အသက်အရွယ်အားလုံးမှာ အကျိုးရှိပြီး အထူးသဖြင့် သက်လတ်ပိုင်း (၄၀)ဝန်းကျင်ကစလို့ ပုံမှန်ပြုလုပ်သင့်ပါတယ်။

🔵နေမကောင်း မကျန်းမာမှမဟုတ်ဘဲ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းကနေ အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
✅ ရောဂါများကို စောစီးစွာ သိရှိ ကုသမှုခံယူနိုင်ခြင်း
✅ အချို့သော (အဝလွန်ခြင်း၊ သွေးတွင်း ကိုလက်စထရောများခြင်း ကဲ့သို့သော) ရောဂါများကို ကြိုတင်ကာကွယ်နိုင်ခြင်း
✅ နောက်ဆက်တွဲဆိုးကျိုးများမဖြစ်လာအောင် အချိန်မီတားဆီးနိုင်ခြင်း
✅ ရောဂါကြိုတင်ကာကွယ်ခြင်း/ကနဦးအဆင့်တွင် သိရှိခြင်းအားဖြင့်
✅ နောက်ဆက်တွဲများအတွက် ကုန်ကျစားရိတ် ချွေတာသက်သာခြင်း
✅ ရှိနေပြီးသား ရောဂါများ၏ အခြေအနေကို စစ်ဆေးသိနိုင်ခြင်း
✅ မိမိနှင့် သင့်လျော်သော ကုသမှုများ၊ ကျန်းမာရေးအကြံဉာဏ်များ ရရှိနိုင်ခြင်း
✅ ကျန်းမာပျော်ရွှင်သော လူနေမှုဘဝ (Quality of Life) ရရှိနိုင်ခြင်း တို့ပဲဖြစ်ပါတယ်…

ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့Aung Myittar Diagnostics Centerကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါပြီခမျာ..🤍
🔵လူကြီးမင်းတို့အတွက် ချိုသာသောစျေးနှုန်းများ နှင့် တိကျမှန်ကန်သောစစ်ဆေးချက်အဖြေများကိုဝန်ဆောင်မှုပေးရန်အတွက် ကျွန်တော်တို့ Aung Myittar Diagnostics Center မှအသင့်ရှိနေပါတယ်🔵
🩵ကျန်းမာရေးအတွက် အဖြေရှာ စိတ်ချရမှာ အောင်မေတ္တာ🩵

☎️Hotline:
09797693312
09775156506

🏣 အမှတ် ၅၁(၇)အရှေ့ရပ်ကွက် အောင်သပြေလမ်း.. ၈ ဂိတ်မှတ်တိုင် အနီး..သာကေတမြို့နယ်။

🏣 တိုက်(၁)၊ အခန်း (၀၀၆)၊ အောင်မြေသာစည်အိမ်ရာ၊ဆင်ရေတွင်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။

📌📌သကြင်္န်ပိတ်ရက် ကြော်ငြာခြင်း 📌📌နှစ်သစ်ကူးအခါသမယတွင် ဧပြီလ ၁၂ရက်နေ့မှ ၁၈ရက်နေ့အထိ ကျွန်တော်တို့Aung Myittar Diagnostic...
06/04/2025

📌📌သကြင်္န်ပိတ်ရက် ကြော်ငြာခြင်း 📌📌

နှစ်သစ်ကူးအခါသမယတွင် ဧပြီလ ၁၂ရက်နေ့မှ ၁၈ရက်နေ့အထိ ကျွန်တော်တို့Aung Myittar Diagnostics center အားသကြင်္န်ပိတ်ရက် ၇ ရက်တိတိပိတ်မည်ဖြစ်ကြောင်း ချစ်ရတဲ့ customer များအား ကြိုတင်အသိပေးကြော်ငြာအပ်ပါတယ်ခမျ👋👋👋

၁၉ရက်နေ့ မှ စ၍ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်သွားပါမယ်ခမျာ

မြန်မာ့နှစ်သစ်ကူးသကြင်္န်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း ဘေးအန္တရာယ်တွေကင်းရှင်းပါစေကြောင်း ကျွန်တော်တို့Aung Myittar Diagnostics Center မိသားစုမှ
နှစ်သစ်ဆုမွန်ကောင်းပို့သလိုက်ပါတယ်ခမျာ🙏🙏🏻🙏🏻🙏🏻

✅ ဝန်ထမ်းများအတွက်ယုံကြည်စိတ်ချရသော
✅Medical Checkup
✅Health Care Services
များပေးနိုင်တဲ့နှင့်AMTနဲ့အတူလက်တွဲချင်တယ်ဆိုရင်တော့

🔰 ခေတ်မီတဲ့ International စက်ကိရိယာများနဲ့ နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိထားတဲ့ Aung Myittar Diagnostic Centre နဲ့

အတူ Business Collaboration ( အကျိုးတူ) လုပ်ကိုင်ဆောင်ရွက်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ✨

📞 Hotline
09797693312
09775156506

🏣 အမှတ် ၅၁(၇)အရှေ့ရပ်ကွက် အောင်သပြေလမ်း.. ၈ ဂိတ်မှတ်တိုင် အနီး..သာကေတမြို့နယ်။

🏣 တိုက်(၁)၊ အခန်း (၀၀၆)၊ အောင်မြေသာစည်အိမ်ရာ၊ဆင်ရေတွင်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။

မိသားစုဝင်သဖွယ်စောင့်ရှောက်ပေး House Helper ရဲ့ကျန်းမာရေး ✨လူကြီးမင်းတို့နဲ့ အတူနေပြီးအိမ်မှုကိစ္စအဝဝကို ဆောက်ရွက်ပေးမယ့...
03/01/2025

မိသားစုဝင်သဖွယ်စောင့်ရှောက်ပေး House Helper ရဲ့ကျန်းမာရေး ✨

လူကြီးမင်းတို့နဲ့ အတူနေပြီးအိမ်မှုကိစ္စအဝဝကို ဆောက်ရွက်ပေးမယ့် House Helper လေးတွေရဲ့ ကျန်းမာရေးအတွက် ဆေးစစ်ဖို့ လိုအပ်နေပြီလား ?

ဒါဆိုရင်တော့ Aung Myittar Diagnostic Centre ရဲ့ House Helper Checkup Package ရှိပါတယ်ရှင့်။✅

House Helper Check Up Package တွင်ပါဝင်သော ဝန်ဆောင်မှုများ

History Examination.

Physical Examination. (ပဏမကျန်းမာရေးစစ်ဆေးပေးခြင်း)

HIV Ab( HIV ပိုး)

HBsAg( အသည်းရောင်အသားဝါ B ပိုး)

Anti - HCV ( အသည်းရောင်အသားဝါ C ပိုး)

VDRL( ကာလသားရောဂါပိုး)

Chest Xray for TB. (အဆုတ် TB ရောဂါ)

Urine UCG ( Female).( ကိုယ်ဝန်ရှိမရှိ)

Aung Myittar Diagnostic Centre ရဲ့ House Helper Checkup Package ဈေးနှုန်းလေးတွေကတော့
💵 Female- 54000Ks
💵 Male - 52000Ks

💁 ဆက်သွယ်စုံစမ်းရန်

📞 Hotline
09-775156506
09-797693312

🏣 အမှတ် ၅၁(၇)အရှေ့ရပ်ကွက် အောင်သပြေလမ်း.. ၈ ဂိတ်မှတ်တိုင် အနီး..သာကေတမြို့နယ်။

🏣 တိုက်(၁)၊ အခန်း (၀၀၆)၊ အောင်မြေသာစည်အိမ်ရာ၊ဆင်ရေတွင်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့။



#ကမာရွတ်
#သာကေတ

Address

အမှတ်၅၁ အောင်သပြေလမ်း သာကေတမြို့နယ်
Yangon

Telephone

+959779694664

Website

Alerts

Be the first to know and let us send you an email when Aung Myittar Medical Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Myittar Medical Laboratory:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category