Minn Myanmar Traditional Clinic - Yangon

Minn Myanmar Traditional Clinic - Yangon ပန်းသေပန်းညိုးနှင့်အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း
(ကြည့်မြင်တိုင်၊လမ်းမတော်၊မန္တလေး)

27/12/2025
 #ဒီလက္ခဏာတွေခံစားနေရပြီလား၁. ဇက်ကြောတင်း၍ ထိုးခြင်း၂. ဇက်အတွင်း ဆုပ်ဆွဲထားသကဲ့သို့ ဖြစ်ခြင်း၃. ဦးခေါင်းထဲ၌ မိုက်ခနဲ မူး...
27/12/2025

#ဒီလက္ခဏာတွေခံစားနေရပြီလား
၁. ဇက်ကြောတင်း၍ ထိုးခြင်း

၂. ဇက်အတွင်း ဆုပ်ဆွဲထားသကဲ့သို့ ဖြစ်ခြင်း

၃. ဦးခေါင်းထဲ၌ မိုက်ခနဲ မူးဝေခြင်း / ချာချာလည် မူးခြင်း

၄. နောက်ကျောတင်းခြင်း / ထိုးခြင်း / အောင့်နာခြင်း

၅. ခေါင်းငုံ့လျှင် လက်ပြင်ကြော / နောက်ကြောနှင့် ဇက်ကြောများ ဆွဲထားသလိုဖြစ်ခြင်း

၆. လက်ပြင်ငုပ်ခြင်း / အောင့်နာခြင်း

၇. အုံးလွဲသကဲ့သို့ ခံစားရခြင်း

၈. ဇက် / လက်ပြင်တဝိုက် ပခုံးလက်မောင်းများ၊လက်ချောင်းများ ကိုက်ခဲနာကျဉ်ခြင်း

၉. ဇက်ခိုင်ခြင်း / ဇက်ငုံ့မရခြင်း / ဘယ်ညာ လှည့်မရခြင်း

၁၀. ခေါင်း / နားထင်ကြောများ ကိုက်ခြင်း / ဦးခေါင်းတခုလုံး အုံခဲနေခြင်း

၁၁. ပျို့အန်ခြင်း

၁၂. ခေါင်းမကြည်လင် / စိတ်မကြည်လင်ခြင်း

၁၃. သတိမေ့တတ်ခြင်း / ရုတ်တရက် သတိလစ်တတ်ခြင်း

၁၄. တကိုယ်လုံး လေးလံထိုင်းမှိုင်းနေပြီး လက်ခြေများ အားမရှိသကဲ့သို့ ခံစားရခြင်း

၁၅. ဇက် / ပခုံး လက်ပြင်တဝိုက် ရောင်နေတတ်ခြင်း / လက်မြှောက်မရခြင်း

၁၆. မျက်စိ / နား အာရုံကြောများ အားနည်းခြင်း

၁၇. အာရုံကြော ကြွက်သားများ အားနည်းနေတတ်ခြင်းစသည့် လက္ခဏာ အားလုံးသော်လည်းကောင်း / အချို့ တဝက်သော်လည်းကောင်း မိမိတွင် ဖြစ်ပေါ် ခံစားနေရလျှင် လည်ဆစ်ရိုး ကျီးပေါင်း ရောဂါဖြစ်ရန် ရာခိုင်နှုန်းများနေသည့်အတွက် နီးစပ်ရာ ကျွမ်းကျင်သော သမားတော်များနှင့် စောလျင်စွာ ဆေးကုသရန်လိုအပ်ပါသည် ။

မြန်မာ့တိုင်းရင်းဆေးစစ်စစ်နဲ့ကုသချင်ရင်တော့ ရန်ကုန်နဲ့မန္တလေး မြို့တော်များမှာ ဆေးခန်းဖွင့်ပြီးကုသပေးနေတဲ့ မင်းမြန်မာ တိုင်းရင်းဆေးခန်း မှာ လာရောက်ကုသမှုခံယူနိုင်ပါတယ်

🏢🏢 ရန်ကုန်၊ မန္တလေးက မဟုတ်ဘူးဆိုတဲ့ မိတ်ဆွေတွေအတွက်ဆိုရင်လည်း သမားတော်ကြီးတွေနဲ့တိုက်ရိုက် ဆွေးနွေး တိုင်ပင်ပြီး ကုသမှုကို ခံယူနိုင်အောင်လို့ Online ကနေ ဆွေးနွေးပေးသလို ဖုန်းကနေ ဖြစ်စေ၊ page Messenger(သို့)Viber ကနေဖြစ်စေ ဝေဒနာတွေကို အဖြေရှာပြီး သောက်ရမယ့် ဆေးဝါးတွေကိုလည်း လမ်းညွှန်ပေးပါတယ်။

📦📦 ဆေးဝါးတွေကို ညွှန်းပေးပြီးတဲ့နောက်မှာလည်း သောက်ရမယ့် ဆေးအပြည့်အစုံကို Delivery နဲ့ နယ်ကားဂိတ်တွေဆီဖြစ်စေ၊ အိမ်အရောက်ဖြစ်စေ အရောက်ပို့ဆောင်ပေးတာမို့လို့ မြန်မာပြည်တစ်ဝှမ်းလုံးမှာ ရှိတဲ့ ကျီးပေါင်း ဝေဒနာကို ခံစားနေရတဲ့ လူနာတွေအနေနဲ့ ဘာမှ စိတ်ပူနေဖို့ မလိုတော့ဘူးနော်။

✈✈ ယုံကြည်ရမှုအတွက်ဆိုရင်တော့ မင်းမြန်မာ အထူးကုဆေးခန်းဟာ ပြည်တွင်းမှာတင်သာမကဘဲ ပြည်ပနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့ သြစတြေးလျနိုင်ငံတွေအထိပါ Online Clinic အနေနဲ့ပို့ဆောင်ကုသပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒီတော့ ကျီးပေါင်းဝေဒနာရှင်တွေအတွက် မင်းမြန်မာတိုင်းရင်းအထူးကုဆေးခန်းရှိနေပြီမို့ အမြန်ဆုံးဆက်သွယ်ကုသနိုင်ပါပြီ။

🏥ဆေးခန်းလိပ်စာများ

#မင်းမြန်မာ_တိုင်းရင်းဆေးခန်း_လမ်းမတော်

✔ ဆရာမ ဒေါ်နွယ်နီဝင်း
B.M.T.M(Mdy)
တိုင်းရင်းသမားတော်

✔️ဆရာတင်သီဟဝင်း
Diploma in Traditional Medicine

၁၃ လမ်း(အပေါ်ဘလောက်)၊အနော်ရထာလမ်း၊လမ်းမတော်
☎️ 09 255 500 951(Viber)

#မင်းမြန်မာတိုင်းရင်းဆေးခန်း_ကြည့်မြင်တိုင်

ဆရာမဒေါ်စန်းစန်းမြင့်
B.M.T.M(Mdy)
တိုင်းရင်းသမားတော်

ဆရာမဒေါ်လုလုအောင်
B.M.T.M(Mdy)
တိုင်းရင်းသမားတော်

အမှတ် ၁၀၊စလင်းလမ်း၊နတ်စင်လမ်းနှင့်ဥယျာဥ်လမ်းကြား
☎️09 258 289 623(Viber)

#မင်းမြန်မာတိုင်းရင်းဆေးခန်း_မန္တလေး

ဆရာမ ဒေါ်ဇင်နွယ်စိုး
B.A(Georg;),Dip.T.Med(Mdy)
တိုင်းရင်းသမားတော်

ဆရာမဒေါ်ဇင်မင်းအေး
B.A,Dip.T.Med(Mdy)
တိုင်းရင်းသမားတော်

၅၄ လမ်း ၁၂၃×၁၂၄ ကြား၊ပြည်ကြီးတံခွန်မြို့နယ်၊မန္တလေး
☎️ 09 255 500 941(Viber)

#ပြည်သူလူထုရဲ့ကျန်းမာရေးကို_တိုင်းရင်းဆေးဖြင့်ကာကွယ်စောင့်ရှောက်ပါမည်

ခွေးလှေးယားအစွမ်း အံ့မခန်း🔥 ခွေးလှေးယားသီးဆိုတာကတော့ နာမည်ကြားရုံနဲ့တင် ဟိုနားယားတားတား၊ ဒီနားယားတားတား ဖြစ်လာသလို ခံစား...
07/12/2025

ခွေးလှေးယားအစွမ်း အံ့မခန်း

🔥 ခွေးလှေးယားသီးဆိုတာကတော့ နာမည်ကြားရုံနဲ့တင် ဟိုနားယားတားတား၊ ဒီနားယားတားတား ဖြစ်လာသလို ခံစားရစေနိုင်ပါတယ်။ ငယ်ငယ်က ဆော့ရင်လည်း တစ်ယောက်နဲ့တစ်ယောက် စနောက်တဲ့အခါမှာ ခွေးလှေးယားသီးအမှုန့်ကိုသုံးပြီး စခဲ့နောက်ခဲ့ကြတာတော့ မှတ်မိသေးတယ်။ ခွေးလှေးယားသီးမှာဆိုရင် အယဥ်နဲ့ အရိုင်း (၂) မျိုးရှိပါတယ်။ အယဥ်ကတော့ ဆေးဖက်ဝင်ပြီးတော့ အရိုင်းကတော့ ယားယံစေပါတယ် (ကျွန်တော်တို့ဆော့ခဲ့တဲ့ကောင်ပေါ့)။

💁‍♂️ ဒီနေ့ကတော့ခွေးလှေးယားအနက်စေ့အကြောင်း ပြောပြပေးချင်တာပါ။ သူ့ရဲ့ဆေးဖက်ဝင်တဲ့ အာနိသင်တွေက ဘာတွေရှိနိုင်မလဲဆိုတာကို ကြည့်လိုက်ရအောင်ဗျာ…

ခွေးလှေးယားအနက်စေ့ကို စားပေးမယ်ဆိုရင် လေဖြတ်ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ လေမဖြတ်စေရုံတင်မကဘူး လေဖြတ်ထားရင်တောင်မှ ပြန်လည်ကောင်းမွန်စေနိုင်တဲ့အထိကို စွမ်းပါတယ်။ အဆစ်မြစ်ကိုက်ခဲတာတွေကို သက်သာစေသလို အာရုံကြောပိုင်းဆိုင်ရာမှာလည်း တိုးတက်စေပြီး မြန်မြန်နာလည်ပြန်ထနိုင်စေပါတယ်။

🚩 ဒီ့အပြင် သွေးတိုးရောဂါရှိသူတွေ၊ ဆီးချိုရောဂါရှိသူတွေအတွက်လည်း ရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

🚩 နောက်တစ်ခုက အနာကျက်မြန်စေပါတယ်။ အနာတွေဘာတွေဖြစ်လို့ ခွေးလှေးယားအနက်စေ့နဲ့သာကု၊ အသားတက်တာမြန်ပြီး အနာမြန်မြန်ကျက်စေပါတယ်။

ဒါတင်ပဲလားဆိုတော့လည်း မဟုတ်သေးဘူးဗျ။

🚩 အိပ်မပျော်စားမဝင် ဆီးဝမ်းမမှန်သူတွေအတွက်လည်း ခွေးလှေးယားအနက်စေ့က ကျန်းမာရေးကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါသေးတယ်။ အစာစားချင်စိတ်လည်းဖြစ်စေသလို၊ ညဆိုလည်း အိပ်မပျော်တာတွေဘာတွေ မရှိတော့ဘဲ သူ့အချိန်နဲ့သူ အိပ်ပျော်စေပါတယ်။
အိပ်ပျော်စားဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်က ကျန်းမာပြီး ခေါင်းလည်းကြည်၊ စိတ်လည်းရွှင်စေပါတယ်။

🚩 ဆီးသိပ်မသွားတဲ့သူတွေဆိုလည်း ခွေးလှေးယားအနက်စေ့ကိုသာစားပေး။ ဆီးရွှင်ပြီး ကျန်းမာရေးက ဒေါင်ဒေါင်မြည်လာပါလိမ့်မယ်။

🚩 အခုလိုမိုးတွင်းမှာဆို မိုးအေးတာရယ်၊ ကိုယ်နေတဲ့နေရာမှာ အဲကွန်းတို့၊ ပန်ကာတို့ ဖွင့်တာကြာသွားတာရယ်နဲ့ ခြေတွေလက်တွေ အေးစက်လာတယ်၊ အအေးမခံနိုင်တာမျိုးဖြစ်တတ်တဲ့သူတွေကလည်း ခွေးလှေးယားအနက်စေ့ကို စားပေးပါ။ အရင်ကထက် အအေးဒဏ်ခံနိုင်လာမှာဖြစ်သလို ခြေတွေလက်တွေလည်း မအေးတော့ဘူးဗျ။

🚩 အိပ်ရင်သွားရည်အများကြီးကျတတ်တဲ့သူတွေအနေနဲ့ ခွေးလှေးယာအနက်စေ့ကို စားပေးသင့်ပါတယ်။ သိသာတဲ့ရလဒ်ကို ခံစားရလာပါလိမ့်မယ်။

ခွေးလှေးယားအနက်စေ့ကိုကို အစိမ်းလိုက် ဝါးစားပြီး၊ ဒဏ်ရာနေရာမှာ အရွက်ကိုဝါးပြီးထွေးထုတ်၊ အုံထားပေးမယ်ဆိုရင် မြွေတို့ ကင်းတို့ကိုက်ခံရရင်တောင် အဆိပ်ပြေတယ်ဆိုပါတယ်။ ဒီလောက်ထိစွမ်းတာကတော့အံ့မခန်းပေါ့ဗျာ။

နောက်ဆုံးတစ်ချက်ကတော့ အမျိုးသားတွေအတွက်ပါ။ ခွေးလှေးယားအနက်စေ့ဟာ သုက်ကိုပွားစေပြီး အမျိုးသားတွေရဲ့ကာမအားကို တိုးစေပါတယ်။ 💪💪

ဒီလိုအချက်တွေကြောင့် ခွေးလှေးယားအနက်စေ့က ဆရာတစ်ဆူဖြစ်နေတာပေါ့ဗျာ။

ဆရာသန့်စင်ထွန်း
B.A(Psy;),Dip.T.Med(Mdy)
တဆ - ၆၃၀၁

#မင်းမြန်မာ_တိုင်းရင်းဆေးခန်း

#အမျိုးသားကျန်းမာရေး
#မင်းမြန်မာတိုင်းရင်းဆေးခန်း
#မင်းမြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#ခွေးလှေးယားသီး
#ခွေးလှေးယားအနက်စေ့

ပဥ္စမသံဃာရတနာတင် မင်းတြားကြီးလက်ထက်က လူသိနည်းတဲ့ ကျိတ်ရယ်စရာ အဖြစ်အပျက်ကလေးတစ်ခုအကြောင်း ညီအကိုတို့သင်ခန်းစာယူဖို့ ပြောပ...
23/10/2025

ပဥ္စမသံဃာရတနာတင် မင်းတြားကြီးလက်ထက်က လူသိနည်းတဲ့ ကျိတ်ရယ်စရာ အဖြစ်အပျက်ကလေး
တစ်ခုအကြောင်း ညီအကိုတို့သင်ခန်းစာယူဖို့ ပြောပြရဦးမယ် ။

စားဘဲကြီး မြို့ဝန်ဦးသာအိုး မယားစနိုက်ကျော်ခံရတဲ့ သတင်းကြားရတဲ့နေ့က ဖင်မီးခဲခုထားရသလို ထိုင်မရ၊ ထမရ တကြွကြွနဲ့ပေါ့ ။

ဦးသာအိုးကို ကျော်သွားတဲ့သူကလည်း တစ်ခြားမဟုတ်ဘူး။သူကိုယ်တိုင်က ပညာရှိဆိုပြီး အိမ်ပေါ်ခေါ်တင်ထားတဲ့ ဘုန်းကြီးလူထွက် ၊လူပျံတော်ဦးပုည ။

မင်းတြားကြီးက မြှောက်စားထားတဲ့ စလေဦးပုည ။

အရပ်သူအရပ်သားများက မြို့ဝန်ဖြစ်နေလို့သာ ကျယ်ကျယ်မပြောရဲကြတာ ။ ကွယ်ရာမှာတော့ စားဘဲကြီးဦးသာအိုးတော့ အကျော်ခံလိုက်ရပြီဆိုတဲ့ တိုးတိုးစကားတွေက ပျံ့လို့ ။

တစ်သက်လုံးက တွေ့သမျှပတ်စားလာတာ။ အခုသူ့အလှည့်ကျ ရှက်လွန်းလို့ အိမ်ထဲကအိမ်အပြင်မထွက်ရဲတဲ့ ဦးသာအိုး နောက်ဆုံး သူ့ဆြာမင်းတြားကြီးဆီ အကြံသွားတောင်းတယ် ။

မင်းတြားကြီးကလည်း -

"ဒီကောင်တော့ သူများသားမယား ပတ်ကျော်လာတာ...
အခု ခံလိုက်ရပြီဆိုပြီး စိတ်ထဲကြိတ်ခွီတာပေါ့"

မင်းတြားကြီးက ဦးသာအိုးကိုလည်း နည်းနည်းအမြင်ကပ်သလိုရှိတာနဲ့ -

"ဦးပုညလိုပညာရှိက ရှားသမို့ မင်းကပဲသည်းခံလိုက်ပါ" ဆိုပြီးမိန့်လွှတ်လိုက်တယ် ။

တစ်ကယ်တော့ "မင်းမှာလည်း အများကြီးရှိနေတာပဲ တစ်ယောက်လောက်တော့ ပေးလိုက်ပါ" လို့
အထာနဲ့ပြောလိုက်တာ ။

နာကျင်နေတဲ့ချိဖကြီး ဦးသာအိုးခမျာလည်း စွတ်ပြောရင် ဟိုက သူစမောဆွဲနေတဲ့ကိစ္စတွေဖော်ပြီး ဆော်လွှတ်တော့မှာမို့ အသာလေးလျှောချပြီးပြန်လာရတယ် ။

ဒီအတိုင်းဆက်နေရင်လည်း အရှက်က ကွဲသထက်ကွဲမှာမို့ ဘုရင့်အမိန့်ကြောင့် ဘာညာအကြောင်းပြပြီး
ဦးပုညဆီ သူ့မယားအပ်လိုက်ရတယ် ။

စိတ်ထဲမတော့ ကျော်သွားတဲ့ မကျေနပ်ဘူး။

အခွင့်ကြုံရင်တော့ ပုညကို သုညဖြစ်အောင် တွယ်မယ်ဆိုပြီး နာကျင်နေတဲ့ချိဖကြီး ဦးသာအိုးက တေးထားတယ် ။

ဒီလိုနဲ့ မြင်ကွန်း၊မြင်းခုံတိုင် အရေးကိစ္စမှာ မင်းတြားကြီးက ဦးပုညကို အမျက်တော်ရှပြီး ဦးသာအိုးဆီ အပ်လာတယ် ။

အကွက်က ဦးသာအိုးဆီ စိုက်စိုက်ကြီး
ရောက်လာတာပေါ့ ။ ဦးသာအိုးကလည်းသူ့လက်ထဲရောက်လာတဲ့ ဦးပုညကို မယားပါအငြှိုး (မယားပါသွားလို့ငြှိုးတဲ့ အငြှိုး) နဲ့ တစ်ခါတည်း ရှော့ပစ်လိုက်တယ် ။

ဦးပုညတို့ သုညဖြစ်ကရောပဲ ။

ဒီအဖြစ်အပျက်ကို မြင်ကွန်းမင်းသားက အင်္ဂလိပ်လို မှတ်တမ်းရေးထားခဲ့တယ် ။ မြင်ကွန်းမင်းသားကွယ်လွန်ပြီး (၁၀) နှစ်အကြာ ၊ သတင်းစာထဲမှာဆောင်းပါးအနေနဲ့ပါလာမှ လူတွေက ဦးပုညရဲ့
စနိုက်ဇယားနဲ့ ဦးသာအိုးရဲ့ မယားပါအငြှိုး တွေအကြောင်းသိကြရတယ် ။

တစ်ကယ်တော့ စားဘဲကြီးဦးသာအိုးက သတိတစ်ချက်လွတ်သွားလို့ ခံလိုက်ရတာ ။

အဲ့ဒါက သူ့ဆြာမင်းတြားကြီးလို ဆေးစွမ်းကောင်း မမှီဝဲဘဲ ကိုယ့်ကိုကိုယ် ထင်တစ်လုံးနဲ့ နထင်ဟိုဟာရောက် အဲလေ သွေးရောက်နေတာ ။

အသက်လေးကလည်းရ ၊ဆေးစွမ်းကောင်းကလည်း မမှီဝဲဆိုတော့ အဝေးကွင်းကန်ပြီး အိမ်ကွင်းကျ သက်လုံက
ကျနေပြီလေ ။

ဒီတော့ ဦးသာအိုးမယား ဒေါ်ရွှေလုပ်
တို့က စော်ကြည်ဘဲကြီး အပေးကောင်းတဲ့ ဦးပုညနောက်ကောက်ကောက် ပါတော့တာပေါ့ ။

ဒါပေမယ့်လည်း ဦးပုညတို့ အစွမ်းဒဏ် ကြာကြာမခံနိုင်ရှာပါဘူး ။ ဦးပုည ခြေစွမ်းပြလွန်းလို့ လုံးပါးပါးပြီး အနိစ္စရောက်ရရှာတယ် ။

(အပေးကောင်းတယ် = ဦးပုညက ဗေဒင်တွေ ယတျာတွေမှာ တစ်ဖက်ကန်းခတ်ကိုးဗျ ၊ နောက် စာဆိုကျော်လေ ဒီတော့က ဒေါ်ရွှေလုပ်တို့ မိန်းကလေးတွေ ဘာလိုချင်တယ်ဆိုတာသိတာပေါ့ ။
ဒါကြောင့် လေပေးကောင်းတယ် အာကောင်းတယ်ပြောတာ တလွဲမတွေးနဲ့ဦး )

ဦးပုညကလည်း ဆြာကောင်းသမားကောင်းမင်းတြားကြီးအနားနေရတော့ ဆေးစွမ်းကောင်းတွေ မှီဝဲရတယ် ဆိုရမလားပဲ ။

အသက်ကသာ ကြီးတယ် သန်တယ်၊မြန်တယ်ဗျာ။

မရွှေလုပ်ကြီးသေတော့ မန္တလေး မင်္ဂလာစျေးမှာ ငါးပေါင်းကြော်ရောင်းတဲ့ ဦးကုလားရဲ့ သမီး ဆယ့်ရှစ်နှစ်
သမီး မမွှေးအုံ လေးကို ဦးပုညက ကောက်ယူလိုက်သေးတယ် ။

တယ်လည်း စွမ်းတဲ့ ဦးပုညကြီး ။
ဆေးတွေကလည်း စွမ်း မှာကိုးဗျ ။

ဘယ်လိုပဲဖြစ်ဖြစ် ယူတတ်ရင် သင်ခန်းစာတွေပဲမဟုတ်ပါလားဗျာ။

ဒီတော့ ညီအကိုတို့လည်း ဦးသာအိုးကြီးလို အကျော်မခံရဘဲ ဦးပုညနဲ့ မင်းတြားကြီးတို့လို အသက်ကြီးတဲ့ အထိ
အစွမ်းတွေထက်ပြီး အစွံထုတ်နိုင်ချင်တယ်ဆိုရင်တော့ သမားလက်စွဲဆေးစွမ်းကောင်း တစ်လက်တော့ မှီဝှဲ
ထားဖို့လိုတာပေါ့ဗျာ ။

ကဲ ရပ်ကြည့်လို့ အမြတ်မရှိဘူး ၊

ဟော့ဒီမှာ သမားလက်စွဲ

"မင်းမြန်မာ ပန်းနုအားဆေး"

မနက်တစ်ကြိမ် ညတကြိမ်သာမှန်မှန်သောက် အိမ်ကွင်း၊အဝေးကွင်း ကြိုက်သလိုသာခြေစွမ်းပြဗျာ ...

ဦးသာအိုးကြီးတော့ သတိရသဗျို့...😅

#အချိန်တိုင်းလန်းမှာမင်းမြန်မာ

#သက်လုံကောင်းကောင်းဂိုးသွင်းဖို့မင်းမြန်မာကိုသောက်ကြစို့
#ပန်းနုအားဆေး
#မင်းမြန်မာတိုင်းရင်းဆေးခန်း

21/09/2025

အမေးများတဲ့မေးခွန်းတွေ ဖြေပေးထားပါတယ်

အရှေ့တောင်အာရှမှာ တခုထဲသောတိုင်းရင်းဆေးတက္ကသိုလ် ရဲ့ ပုံရိပ်များကိုမျှဝေလိုက်ပါတယ်တလက်စထဲ တိုင်းရင်းဆေးတက္ကသိုလ်အကြောင်း...
23/07/2025

အရှေ့တောင်အာရှမှာ တခုထဲသောတိုင်းရင်းဆေးတက္ကသိုလ် ရဲ့ ပုံရိပ်များကိုမျှဝေလိုက်ပါတယ်

တလက်စထဲ တိုင်းရင်းဆေးတက္ကသိုလ်အကြောင်းလေး Knowledge Sharing လုပ်ပေးချင်ပါတယ်

တိုင်းရင်းဆေးတက္ကသိုလ်ကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှာ 2001 ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ B.M.T.M(Mdy) ကိုပေးအပ်ချီးမြှင့်ပါတယ်

မဟာဘွဲ့အနေနဲ့ မြန်မာတိုင်းရင်းဆေးပညာမဟာဘွဲ့ M.M.T.M ကိုပေးအပ်ပါတယ်

ဒီနှစ် ၂၀၂၅ မှာ ပါရဂူတန်း Ph.D ဘွဲ့သင်တန်း စတင်ဖွင့်လှစ်ပြီး ပြည်ပမှာလည်း ပါရဂူဘွဲ့အတွက် တက်ရောက်နေသူတွေ ရှိပါတယ်

တိုင်းရင်းဆေးတက္ကသိုလ်မှ ဆေးသမားတော်များကို Japan/India/China/Thailand နိုင်ငံများသို့ ပညာ​တော်သင်စေလွှတ်မှုများလည်း ရှိနေပါတယ်

တိုင်းရင်းဆေးတက္ကသိုလ်ကို ကျန်းမာရေးဝန်ကြီးဌာန / တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဖွင့်လှစ်ထားတာဖြစ်ပြီး

B.M.T.M/Dip.T.Med ဘွဲ့ရတိုင်းရင်းဆေးသမားတော်များက တိုင်းရင်းဆေးပညာရပ်များကိုသင်ကြားပို့ချပြီး

ဆရာဝန်များ၊အထူးကုဆရာဝန်ကြီးများမှလည်းဆေးသိပ္ပံ ဘာသာရပ်များကိုသင်ကြားပို့ချပေးနေပါတယ်

တိုင်းရင်းဆေးတက္ကသိုလ်ကို ဖော်ပြပါဌာနများနဲ့ ဖွဲ့စည်းထားပါတယ်

🍁Department of Traditional Medicine
🍁Department of Medicine
🍁Department of Ulcer & Sore
🍁Department of Physical Medicine
🍁Department of Gynaecology
🍁Department of Child Health
🍁Department of Pharmacology(T.M)
🍁Department of Anatomy
🍁Department of Microbiology & Pathology
🍁Department of Physiology and Biochemistry

🍁Department of Chemistry
🍁Department of Physics
🍁Department of Zoology
🍁Department of Botany
🍁Department of Myanmar
🍁Department of English
🍁Department of Pali Sanskrit
🍁Department of Computer

တိုင်းရင်းဆေးတက္ကသိုလ်နဲ့ပြည်ပဆေးတက္ကသိုလ်များ အပြန်အလှန်ချိတ်ဆက်မှုရှိပြီး တရုတ်တိုင်းရင်းဆေးတက္ကသိုလ်မှာ T.C.M ပညာရှင်များမှလည်း သင်တန်းပို့ချမှုများရှိပါတယ်

B.M.T.M မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ရ တိုင်းရင်းသမားတော်များအနေနဲ့ မြန်မာပြည်အနှံ့အပြားမှာ ဖွင့်လှစ်ထားတဲ့ မြို့နယ်တိုင်းရင်းဆေးကုဌာနပေါင်း ၂၀၀ ကျော် နဲ့ ၂၅ ကုတင်/ကုတင် ၅၀/ကုတင် ၁၀၀ တိုင်းရင်းဆေးရုံများတွင် တိုင်းရင်းသမားတော်အဖြစ် ပြည်သူလူထုရဲ့ကျန်းမာရေးကို တိုင်းရင်းဆေးဖြင့်ကာကွယ်စောင့်ရှောက်မှု ပြုနေကြသလို ကိုယ်ပိုင်ဆေးခန်းများဖွင့်ပြီးလည်း ကုသမှုပြုကြပါတယ်

မူလပထမဆေးကျောင်းဖြစ်တဲ့ Diploma ဘွဲ့ပေးတဲ့ တိုင်းရင်းဆေးသိပ္ပံကိုပါ ရပ်နားထားပြီး တိုင်းရင်းဆေးတက္ကသိုလ်တခုထဲမှသာ တိုင်းရင်းသမားတော်များကို မွေးထုတ်နေတာပဲဖြစ်ပါတယ်

တိုင်းရင်းဆေးပညာဘွဲ့ပေးအပ်ချီးမြှင့်တဲ့နေ့မှာပဲ တိုင်းရင်းဆေးကောင်စီမှ တဆ ကို ချီးမြှင့်ပါတယ်

တိုင်းရင်းသမားတော်များအနေနဲ့ ဆေးရုံဆေးခန်းများမှာ Duty Coat ဝတ်ဆင်ပြီး လူနာစမ်းသပ်စစ်ဆေးရာမှာ တိုင်းရင်းဆေးနည်းစနစ်များသာမက Stetho နဲ့ B.P Cuff လည်း သုံးပါတယ်

လိုအပ်ရင် Lab တွေမှာ ဆီး ဝမ်း သွေး Testing များလည်းလုပ်သလို X Ray CT Scan စတဲ့ ရောဂါရှာဖွေရာမှာ လိုအပ်တဲ့ Tools မှန်သမျှသုံးပါတယ်

တက္ကသိုလ်မှာ တိုင်းရင်းဆေးပညာရပ်များသာမက ဆရာဝန်ကြီးများမှ ဆေးသိပ္ပံပညာရပ်နဲ့ ရောဂါရှာဖွေတတ်အောင်လည်းစနစ်တကျ လေ့ကျင့်သင်ကြားထားပါတယ်

ဆရာဝန်နဲ့ကုသဖို့လိုအပ်တဲ့ လူနာများကိုလည်း ဆရာဝန်များဆီ ပြန်လည်လွှဲပြောင်း ကုသစေပါတယ် ဆိုတာ ရှင်းပြလိုပါတယ်

ဆရာသန့်စင်ထွန်း
B.A(Psy;),Dip.T.Med(Mdy)
တဆ ၆၃၀၁

Photo Crd Internet & Aung Aung Ir

၂ မိနစ်အမျိုးသားတွေအတွက်ကြော်ငြာ။ဟိုကို မသွားခင် ဒီကို အရင်လာပါ။ ၂ မိနစ်ကနေ အကြာကြီးအထိ ထိန်းထားနိုင်တဲ့ legend တယောက်အဖ...
12/07/2025

၂ မိနစ်အမျိုးသားတွေအတွက်ကြော်ငြာ။
ဟိုကို မသွားခင် ဒီကို အရင်လာပါ။ ၂ မိနစ်ကနေ အကြာကြီးအထိ ထိန်းထားနိုင်တဲ့ legend တယောက်အဖြစ် အရင်လာပြောင်းလိုက်ပါဦး။

မင်းမြန်မာ - အမျိုးသားများအတွက် ပန်း​ေ-သ ၊ ပန်း-ညှိုးနှင့် သု-တ်လွှတ်မြန်ခြင်းကို အထူးကုသပေးသည်။
This is an ad for 2-minute men.
Before you go there, you need to come here first.
Transform from a 2-minute man… to a last-longer legend.

ဗုဒ္ဓဘာသာဝင်တို့ရဲ့  နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့် အခါတော်နေ့မှာ ကြည်နူးစွာ ကုသိုလ်အတူပြုကြရအောင်နော်။လမြတ်ဝါဆို ကာလပ...
09/07/2025

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့် အခါတော်နေ့မှာ ကြည်နူးစွာ ကုသိုလ်အတူပြုကြရအောင်နော်။

လမြတ်ဝါဆို ကာလပတ်လုံးမှာ ဗုဒ္ဓဟောကြားခဲ့သော တရားတော်တွေကို မှတ်ကြားနာယူရင်း အေးချမ်းကြပါစေကြောင်း
မင်းမြန်မာတိုင်းရင်းဆေးခန်း မှ တောင်းဆုပြုလိုက်ပါတယ်။

#မင်းမြန်မာတိုင်းရင်းဆေးခန်း

စိတ်ထဲမှာတော့ ခရီးသွားမယ်၊ တောင်တက်မယ်၊ လျှောက်လည်မယ်ပေါ့. . . ထိုစဥ်မှာပဲ ကိုယ့်ခန္ဓာကိုယ်ပြန်ကြည့်လိုက်တာ အိမ်နဲ့ လမ်း...
03/06/2025

စိတ်ထဲမှာတော့ ခရီးသွားမယ်၊ တောင်တက်မယ်၊ လျှောက်လည်မယ်ပေါ့. . . ထိုစဥ်မှာပဲ ကိုယ့်ခန္ဓာကိုယ်ပြန်ကြည့်လိုက်တာ အိမ်နဲ့ လမ်းထိပ်တောင် အနိုင်နိုင်ပါ. . . 😢

ဒီလိုပဲ စိတ်ကသွားချင်ပြီး ကိုယ်ခန္ဓာက မလိုက်နိုင်တဲ့အခါ စိတ်ဓာတ်မကျသွားပါနဲ့နော်. . . ဘယ်သွားသွား၊ ဘာလုပ်လုပ် ဒေါင်ဒေါင်မြည် သွားနိုင်၊ လှုပ်နိုင်ဖို့ရာ “မင်းမြန်မာ” ရဲ့ဆေးစွမ်းကောင်းတွေက ကူညီပေးန်ိိုင်ပါတယ် 💯

အရင်ကလောက် စိတ်သွားတိုင်း ကိုယ်မလိုက်နိုင်တော့တဲ့အခါ “မင်းမြန်မာ” မှာ ဘယ်လို ဆေးစွမ်းကောင်းတွေကို မှီဝဲနိုင်လဲဆို

🫀 နှလုံး အားနည်းပြီး အမောမခံနိုင်ဖြစ်နေတဲ့ မိတ်ဆွေတွေ၊ ရင်ဘက်ထဲမအီမသာဖြစ်နေပြီး နေလို့ ထိုင်လို့ မကောင်းတဲ့ မိတ်ဆွေတွေအတွက်ဆို “မင်းမြန်မာ နှလုံး အားတိုးဆေး”

🛏️ အိမ်ယာဝင်ချိန်တိုင်း အားမလိုအားမရနဲ့ သိမ်ငယ်စိတ် ဝင်နေတယ်၊ စိတ်သွားတိုင်း ကိုယ်မပါနိုင်လို့ ဘာလုပ်လုပ် အာရုံစိုက်မရဖြစ်နေတယ်ဆိုရင် “မင်းမြန်မာရဲ့ အာရုံကြောအားဆေး၊ ပန်းနုအားဆေး၊ ရသာယနဆေး”

🧑‍💻 အကြောတက်၊ အထိုင်များ၊ ဝိတ်များလို့ ကျီးပေါင်းတက်တတ်တဲ့ မိတ်ဆွေတွေအတွက်ဆိုရင်တော့ “ကျီးပေါင်းကို ငယ်နိုင်” လို့ တင်စားကြတဲ့၊ အစွန်းအထင်းဖြစ်မှာလည်းစိတ်မပူရတဲ့ “မင်းမြန်မာ ကျီးပေါင်းဖျန်းဆေး” စတာတွေကို မှီဝဲနိုင်ပါတယ်။

ဒီလို ဆေးစွမ်းကောင်းတွေအပြင်၊ ဝါရင့် တိုင်းရင်းသမားတော်ကြီးကိုယ်တိုင် ကုသပေးတဲ့ တိုင်းရင်းဆေးခန်းကောင်းကောင်းမှာ ပြသချင်တယ်ဆိုရင်တော့ “မင်းမြန်မာ ဆေးခန်း” မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကုသနိုင်ပါတယ်။


🏥ဆေးခန်းလိပ်စာ

---

# **မင်းမြန်မာ_တိုင်းရင်းဆေးခန်း (လမ်းမတော်)**

၁၃ လမ်း(အပေါ်ဘလောက်)၊အနော်ရထာလမ်း၊လမ်းမတော်မြို့။

☎️ 09 255 500 951(Viber)

# **မင်းမြန်မာ တိုင်းရင်းဆေးခန်း (ကြည့်မြင်တိုင်)**

အမှတ် (၁၀)၊ စလင်းလမ်း၊ နတ်စင်လမ်းနဲ့ ဥယျာဉ်လမ်းကြား၊ ကြည့်မြင်တိုင်မြို့။

☎️ 09 258 289 623(Viber)

# **မင်းမြန်မာ တိုင်းရင်းဆေးခန်း (မန္တလေး)**

၅၄ လမ်း ၁၂၃×၁၂၄ ကြား၊ပြည်ကြီးတံခွန်မြို့နယ်၊မန္တလေး

☎️ 09 255 500 941(Viber)

#မင်းမြန်မာတိုင်းရင်းဆေးခန်း #တိုင်းရင်းဆေး #အမျိုးသား #အမျိုးသမီး #တိုင်းရင်းဆေးဝါး #တိုင်းရင်းဆေးခန်း

ကျန်းမာရေးနဲ့ပတ်သက်ရင် ဆေးကု၊ ဆေးအရောင်းပဲ လုပ်ပေးတာလား ဆိုလို့. . .တိုင်ပင်ဖော်၊ တိုင်ပင်ဖက် တစ်ယောက်လိုလည်း  “မင်းမြန်...
26/05/2025

ကျန်းမာရေးနဲ့ပတ်သက်ရင် ဆေးကု၊ ဆေးအရောင်းပဲ လုပ်ပေးတာလား ဆိုလို့. . .

တိုင်ပင်ဖော်၊ တိုင်ပင်ဖက် တစ်ယောက်လိုလည်း “မင်းမြန်မာ” က အခမဲ့ ရင်ဖွင့်၊ တိုင်ပင်ပေးတယ် ဆိုတဲ့အကြောင်းကို အသိပေးအကြောင်းကြားချင်ပါတယ်❗

တိုင်ပင်၊ ဆွေးနွေးတဲ့နေရာမှာလည်း သာမှန် ပုဂ္ဂိုလ်တစ်ယောက်နဲ့ တိုင်ပင်ရမှာမျိုးမဟုတ်. . .

“မင်းမြန်မာ” တိုင်းရင်းဆေးခန်းမှ ဝါရင့် တိုင်းရင်းသမားတော်ကြီးများကိုယ်တိုင် ဘာကြောင့်၊ ဘယ်လို ဝေဒနာတွေ ခံစားနေရတယ်ဆိုတာကို ရင်ဘက်ကြီးနဲ့ သေချာ အချိန်ပေး နားထောင်ပေးသွားမှာပါ 😊

ဂရုတစိုက်နဲ့ နားထောင်ပေးခြင်းက ဝေဒနာရဲ့ မူလအရင်းမြစ်ကို သေချာသိရှိစေနိုင်ပြီး ကုသရမယ့် နည်းလမ်းကိုပါ သိရှိစေတဲ့အတွက် ဘယ်လို ကုသမှုမျိုးအတွက်ပဲဖြစ်ပါစေ ဦးစွာ အခမဲ့ Consult လုပ်စေပြီးမှသာ စနစ်တကျ ကုသပေးပါတယ်။

ဒီတော့ “မင်းမြန်မာ” တိုင်းရင်းဆေးခန်းကို ဘယ်လို ဝေဒနာမျိုး ခံစားရလို့ပဲလာလာ ရင်ဘက်ချင်းနီးစေဖို့ရာ ဦးစွာ အရင် အခမဲ့ ရင်ဖွင့်ပါ၊ တိုင်ပင်ပါ. . . ပြီးရင်တော့ ဝါရင့် တိုင်းရင်းသမားတော်ကြီး ရဲ့ အကောင်းဆုံးဆိုတဲ့ ကုသမှုကို ခံယူပါခင်ဗျာ. . .

🏥ဆေးခန်းလိပ်စာ

မင်းမြန်မာ_တိုင်းရင်းဆေးခန်း (လမ်းမတော်)

၁၃ လမ်း(အပေါ်ဘလောက်)၊အနော်ရထာလမ်း၊လမ်းမတော်မြို့။

☎️ 09 255 500 951(Viber)

မင်းမြန်မာ တိုင်းရင်းဆေးခန်း (ကြည့်မြင်တိုင်)

အမှတ် (၁၀)၊ စလင်းလမ်း၊ နတ်စင်လမ်းနဲ့ ဥယျာဉ်လမ်းကြား၊ ကြည့်မြင်တိုင်မြို့။

☎️ 09 258 289 623(Viber)

မင်းမြန်မာ တိုင်းရင်းဆေးခန်း (မန္တလေး)

၅၄ လမ်း ၁၂၃×၁၂၄ ကြား၊ပြည်ကြီးတံခွန်မြို့နယ်၊မန္တလေး

☎️ 09 255 500 941(Viber)

#မင်းမြန်မာတိုင်းရင်းဆေးခန်း #တိုင်းရင်းဆေး #ပန်းသေပန်းညှိုး #အမျိုးသား #အမျိုးသမီး

08/05/2025

အမျိုးသားတိုင်းလိုချင်ကြတဲ့အရာ

Address

၁၃ လမ်း(အပေါ်ဘလောက်)၊အနော်ရထာလမ်း၊လမ်းမတော်မြို့နယ်
Yangon
11131

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959255500951

Website

Alerts

Be the first to know and let us send you an email when Minn Myanmar Traditional Clinic - Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category