Reflection - Medical Health & Beauty Care

Reflection - Medical Health & Beauty Care Medical - Health & Beauty

Microneedling is a minimally invasive cosmetic procedure that involves using thin needles to create micro-injuries in th...
22/07/2025

Microneedling is a minimally invasive cosmetic procedure that involves using thin needles to create micro-injuries in the skin, stimulating collagen production and promoting skin rejuvenation. This treatment, also known as collagen induction therapy, can help reduce the appearance of various skin concerns such as acne scars, stretch marks, and wrinkles. The procedure is generally safe and can be performed on various skin types, but it may have some side effects, including redness and swelling. Overall, microneedling is popular for its ability to enhance skin texture and firmness.

Collagen Booster , 💯 Best Results Product Description👇Description Of Laroscorbine Palladium E-UF PN Vitamin C 126g - Col...
22/07/2025

Collagen Booster , 💯 Best Results

Product Description👇
Description Of Laroscorbine Palladium E-UF PN Vitamin C 126g - Collagen 54g :
Laroscorbine Palladium E UF PN Vitamin C Collagen is a booster for your collagen production to provide enough fibrous protein to help your skin in whitening treatment. With the breakdown of collagen occurring in the body after a certain age, collagen injection can replace your body's original supply of collagen. The stimulation of collagen production helps your skin to achieve the desired skin tone by reducing the dark spot and scars and makes your skin texture smooth and healthy. However, during the collagen treatment, the skin retains its elasticity and makes the skin firm.

The Vitamin ingredient in Laroscorbine Palladium E UF PN Vitamin C Collagen is a great combination for your skin to keep glowing with a healthy skin texture. It helps to reduce the aging formation and promotes a latter antioxidative property which helps to remove the fine lines and wrinkles from your skin and repair the damages like scars and breakouts which happen due to oxidative stress factors or environmental chemical exposures.

Benefits:

❤It strengthens the immune system.

❤It helps in controlling insulin levels.

❤It helps in opening skin pores.

❤It restores skin health.

❤It helps in bringing elasticity to the skin.

❤It helps in repairing and healing the cells from the inside.

❤It promotes the growth of new skin cells.

❤It helps in reducing lines and wrinkles.

🩺 What is Atorvastatin?Are you or someone you know taking medicine for cholesterol?📉 Learn how Atorvastatin works to pro...
14/07/2025

🩺 What is Atorvastatin?
Are you or someone you know taking medicine for cholesterol?
📉 Learn how Atorvastatin works to protect your heart, reduce bad cholesterol, and prevent strokes & heart attacks.

✅ Easy breakdown of its uses, side effects, dosage, and more – all in one clean poster!

📌 Save it, Share it, Stay Informed.

🔖 Educational content for pharmacy & medical students, patients & professionals.

📲 Tag your friends. Help someone today.

📍Posted by: DRx TEHSEEN MALIK

---

🔽 Call to Action:

📢 Share this post to spread awareness!
🧠 Knowledge saves lives.

---

🔖 Hashtags:



အသ၊က်အန္တရာယ်ရှိနိုင်လို့ သတိထားသင့်တဲ့ Danger Triangle Of The Face အကြောင်း // နှာခေါင်းမှာထွက်တဲ့ဝက်ခြံကို ညှစ်မိရာကနေ...
14/07/2025

အသ၊က်အန္တရာယ်ရှိနိုင်လို့ သတိထားသင့်တဲ့ Danger Triangle Of The Face အကြောင်း //

နှာခေါင်းမှာထွက်တဲ့ဝက်ခြံကို ညှစ်မိရာကနေ ဦးနှောက်ထဲပိုးဝင်ပြီး(သေ)တယ်ဆိုတဲ့ Danger triangle of the face အကြောင်း လွန်ခဲ့တဲ့ 7/8 နှစ်လောက်ကတည်းက သတင်းတစ်ပုဒ်မှာဖတ်ခဲ့ဖူးလို့ triangle နေရာဆို လုံးဝမညှစ်ရဘူးဆိုတာ သိထားဖူးတယ်

အခုလည်း အဲ့လိုဘဲ ပုံစံတူ မြန်မာပြည်မှာ triangle နေရာမှာထွက်တဲ့ဝက်ခြံကိုပွတ်မိရာကနေ ဦးနှောက်ထဲပိုးဝင်ဆုံးတယ်ဆိုတဲ့သတင်း ဒီနေ့ဘဲထပ်တက်လာပြန်တယ်

✔️အဲ့ဒါကြောင့် ဒီနေ့ Danger triangle on the face အကြောင်းပြောပြပါမယ် ၊ ဒီနေရာကို ဘယ်လိုသတ်မှတ်တာလဲဆိုရင်

•ပုံထဲမှာပါသလို နှာခေါင်းအပေါ်ဘက်ထိပ်ကနေ နှုတ်ခမ်းနှစ်ဖက်အစွန်းနေရာထိ တြိဂံပုံပေါ်နေတဲ့နေရာကို အန္တရာယ်ရှိတဲ့ zone အဖြစ် DTOTF လို့သတ်မှတ်ပါတယ်

✔️ Danger Triangle Of The Face နေရာမှာရှိတဲ့သွေးကြောတွေက ဦးနှောက်ထဲက Cavernous sinus လို့ခေါ်တဲ့ venous drainage system (သွေးလွှတ်ထုတ်မှုစနစ်)ရှိတဲ့နေရာနဲ့ တိုက်ရိုက်ချိတ်ဆက်နေလို့ပါ

[ ပုံထဲမှာပြထားပါတယ် ၊ သေချာကြည့်ကြည့်ပါ ]

အဲ့ဒါကြောင့် DTOTF နေရာမှာပေါက်တဲ့ ဝက်ခြံကိုညှစ်မိလို့ အတိမ်နက်သွားခဲ့ရင် အမြင်အာရုံကွယ်တာဖြစ်နိုင်သလို ၊ ဦးနှောက်ထဲပိုးဝင်ပြီး အသ၊က်ဆုံးနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်

🔺DTOTF ကိုအကျဉ်းချုပ်ပြန်ပြောရရင် Triangle နေရာမှာပေါက်တဲ့ဝက်ခြံတွေကို မညှစ်ပါနဲ့


 #အာရုံကြောအားနည်း နေတဲ့ လက္ခဏာ (၇) မျိုး 1. ထုံကျဉ်ခြင်း>2. ပိုချမ်းတတ်ခြင်းအရင်ကဆို မှု့လောက်မှာမဟုတ်တဲ့ အအေးဓာတ်လောက်...
13/07/2025

#အာရုံကြောအားနည်း နေတဲ့ လက္ခဏာ (၇) မျိုး

1. ထုံကျဉ်ခြင်း

>

2. ပိုချမ်းတတ်ခြင်း

အရင်ကဆို မှု့လောက်မှာမဟုတ်တဲ့ အအေးဓာတ်လောက်ကို အခုမှ အရမ်းချမ်းတတ်နေတာမျိုး၊ နည်းနည်းအေးတာနဲ့ ကိုယ်ကခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆို သွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓာတ်မလုံလောက်လို့ သွေးနီဥတွေ နည်းတာ ဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေ အေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။

3. ဦးနှောက်လုပ်ဆောင်ချက်တွေ ကမောက်ကမ ဖြစ်လာခြင်း

စိတ်ဓာတ်ကျတာ၊ အာရုံရှုပ်ထွေးတာ၊ မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေက B12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

4. အားနည်းလာခြင်း

လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်းတာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။

5. နှလုံးခုန်မြန်လာခြင်း

နှလုံးခုန်မြန်တာကလည်း အာရုံကြောအားနည်းတဲ့ လက္ခဏာထဲမှာ ပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါးတို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။ B12 ချို့တဲ့တယ်ဆိုရင် သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

6. ပါးစပ်အနာများပေါက်ခြင်း

သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေ ဖြစ်လာတယ်ဆိုရင် B12 အားနည်းတာ၊ သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါအကြောင်းရင်း တခုခုကြောင့် ဖြစ်နိုင်ပါတယ်။

7. ဝမ်းဗိုက်ပြဿနာများဖြစ်ခြင်း

ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေးထိုးသင့် ထိုးရပါမယ်။

အာရုံကြောအားကောင်းစေတဲ့အစားအစာများ

အာရုံကြော အားနည်းလာပြီဆိုရင် အာရုံကြောတွေ ပျက်စီးခြင်းတွေနဲ့ အခြားသော ခန္ဓာကိုယ်တွင် လက္ခဏာအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။

ဒါကြောင့် အာရုံကြော စနစ် အားကောင်းလာစေဖို့အတွက် အစားအစာကနေ ပြုလုပ်လို့ရပါတယ်။

ဗီတာမင် B1 (သီရာမင်း)
ခြေထိပ်လက်ထိပ်လေးတွေမှာ အာရုံခံစားမိစေဖို့ လုပ်ဆောင်ပေးပါတယ်။

ဗီတာမင် B6
အာရုံခံစားမှုတွေကို သိရှိခံစားနိုင်စေဖို့ အရေးပါတဲ့ ဓါတ်တစ်ခုပါ။

ဗီတာမင် B12
ခြေလက်တွေ ထုံကျဉ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။

ကော့ပါး
သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေပြီး အာရုံကြောကို ကျန်းမာစေနိုင်ပါတယ်။

အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ

#ဟင်းနုနွယ်ရွက်
အာဟာရနဲ့ဗီတာမင်တွေကြွယ်ဝစေတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ် ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့အာရုံကြောကိုလည်း ကျန်းမာစေနိုင်ပါတယ်။

#ဆန်လုံးညို
ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့ homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

#ကိုကိုး

ဓာတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝတာကြောင့်oxidative stressတွေကြောင့်ဖြစ်လာမယ့် အာရုံကြောထိခိုက်မှုပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

#ငါး
အထူးသဖြင့်ကတော့ ပင်လယ်ငါးပါ။ Omega- 3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။

#ငှက်ပျောသီး
ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးလေးက ဦးနှောက်နဲ့အာရုံကြောစနစ်ကို ရေဓာတ်ပြည့်အောင်ဖြည့်ပေးပြီး အာရုံကြောစနစ် ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။

#ကြက်သွန်ဖြူ

ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
ဦးနှောက်နဲ့အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အခုပြောခဲ့တဲ့ အစားအသောက်လေးတွေကိုနေ့စဉ်တခု နှစ်ခုလောက်ပါဝင်အောင်စားသုံးပေးပြီး အာရုံကြောကျန်းမာအောင်စောင့်ရှောက်လိုက်ပါနော်

ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆေးပညာတွေနေတိုင်းတင်သွားပေးမှာဖြစ်တဲ့ အတွက် ကျွန်တော်ရဲ့postလေးကို like and shareလေသွားမို့မမေ့နဲ့နော် အားလုံးဘဲကျေးဇူးတင်ပါတယ်...

ကျန်မာပျော်ရွှင်ကြပါစေ🙏🙏🙏

တချို. ၈နာရီ အိပ်စက်ကြသော်လည်းနိုးလာတဲ့အခါ အိပ်ချင်မူးတူး ဖြစ်နေသေးတယ်။ စိတ်မကြည်လင်၊ မလန်းဆန်းဘူးဖြစ်နေတယ်။ ဘာကြောင့်အဲ...
13/07/2025

တချို. ၈နာရီ အိပ်စက်ကြသော်လည်းနိုးလာတဲ့အခါ အိပ်ချင်မူးတူး ဖြစ်နေသေးတယ်။ စိတ်မကြည်လင်၊ မလန်းဆန်းဘူးဖြစ်နေတယ်။

ဘာကြောင့်အဲဒီလိုဖြစ် ရတာလည်းဆိုရင်
စိတ်မှာတင်းကျပ်မှု၊
ခန္ဓာကိုယ်တင်းကျပ်မှုတွေနဲ. အိပ်သွားလို့ဖြစ်ပါတယ်။
ဒါကြောင့်
အားပြန်ပြည့်မှု မဖြစ်နိုင်တော့ဘူး။

သတိမထားပဲ ဆက်သွားလို့ အခန့်မသင့်ခဲ့လျှင် nervous
break down ဖြစ်နိုင်ပါတယ်။

ဆေးပညာ၏လက်တွေ့စမ်းသပ်ချက်။
အမေရိကမှာ ဆေးပညာရှင် တစ်ယောက်၊ ခန္ဓာကိုယ်မှာ electronicsenser တွေ
တပ်ထားပြီ ကွန်ပြူတာနှင့် ဆက်သွယ်ကာ၊ screenမှာ
စောင့်ကြည့် နေခဲ့ပါတယ်။

ခန္ဓာကိုယ်ကို relax လုပ်လိုက် ရင် blood pressure ကျသွားတာ တွေ.ရတယ်။

စိတ်နည်းနည်း ပူတာနဲ
heart beat က တက်လာပြီး၊ စိတ်နည်းနည်းအေးသွားတာနဲ heart beat က လျော့ကြသွားတယ်။

အိပ်ပျော်နေတဲ့အချိန်မှာလည်း အနည်းငယ်သာ လျော့ကြသွားပြီး၊tension တွေရှိနေတာ တွေ.ရတယ်။
၄င်းကို residual tension
လို.ခေါ်တယ်။
" လက်ကျန် တင်းကျပ်မှု " လို.ခေါ်တယ်။

ဘယ်လို အိပ်ကြမလဲ ?

( Enough is enough )

မအိပ်ခင်မှာ အချိန်နည်းနည်း တရားရှုမှတ်ပါ။
( ထိုင်၍ဖြစ်စေ၊လှဲ၍ဖြစ်စေ )

အိပ်မှတ်တဲ့အခါ
ကိုယ့်အသက်ရှုသံကပင် အကျယ်ကြီး
ဖြစ်နေတတ်တယ်။

မှတ်ရင်း၊ မှတ်ရင်း ရှုသံက နူးညံ့လာတယ်။
နောက်ကျရင် အသက်မှ
ရှုရဲ.လားထင်မှတ် ရလောက်အောင် နူးညံ့လာပါတယ်။

စိတ်ဆိုတာက တရားမှတ်နေရင်း အလုပ်ကိစ္စတွေးလိုက်၊ ဟိုတွေးလိုက်၊ သည်တွေးလိုက် ဖြစ်နေတတ်တယ်။
တစ်နေကုန် တွေးခဲ့
လုပ်ခဲ့ပြီးပြီ။ Enough is enough.

ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားအောင် ကြိုးစားမယ်လို့ဆုံးဖြတ်၍ တရားမှတ်အိပ်လိုက်ပါ။

***အကျိုးကျေးဇူများ***

အနည်းငယ် တရားရှုမှတ်၍ အိပ်စက်ခြင်းသည်

ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားတတ်ပေသည်။

အိမ်မက်ဆိုးများ မမက်ပေ။ သောက အိမ်မက်များမမက်ပေ။
၄ နာရီခန်.အိပ်လိုက်ရလျှင် အားပြန်ပြည့်သွားပေသည်။

*** တရားရှုမှတ်ရင်းနဲ့
ခန္ဓကိုယ်ရော၊ စိတ်ကိုရော လျှော့ပြီးတော့
ငြိမ်းချမ်းသွားတဲ့အခါမှာ အိပ်ပျော်သွားလို့ရှိရင် လက်ကျန်တင်းကျပ်မှု ( residual tension )က အောက်ဆုံးအထိ
ရောက်သွားတယ်။ ၄င်း tension အကျွင်းအကျန်
မရှိမှသာ
အိပ်တဲ့အခါ ခန္ဓာကိုယ်ရော၊ စိတ်ပါ အားပြန်ပြည့်လာကြတယ်။
အိပ်တတ်ကြပါစေ။

🙏အရှင်နန္ဒမာလာဘိဝံသ ဆရာတော်ဘုရားကြီး🙏

ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏

💊 Azithromycin – A Broad-Spectrum AntibioticAzithromycin is a widely used macrolide antibiotic effective against a varie...
13/07/2025

💊 Azithromycin – A Broad-Spectrum Antibiotic
Azithromycin is a widely used macrolide antibiotic effective against a variety of bacterial infections, including those affecting the respiratory tract, skin, ears, and ge****ls. It works by stopping bacteria from growing, making it a popular choice for bronchitis, pneumonia, sinusitis, and some STDs like chlamydia.

It's also known for its long half-life, allowing for short-duration dosing (e.g., 3 or 5 days).
However, it's important to avoid misuse to prevent antibiotic resistance, a growing global health concern.

---

📣 Call to Action:
✅ Know when to use antibiotics — and when not to!
💡 Tag your friends and spread awareness about antibiotic resistance.
📤 Share this post to promote safe and responsible use of Azithromycin.

---

📌 Hashtags:

 #သွေးတိုးရောဂါ ဘာလို့ဖြစ်ရလဲ ဆိုတော့သွေးဟာ အရည် ဖြစ်တယ်အရည်ရဲ့ သဘောတရား အရ မြင့်ရာကနေ နိမ့်ရာကို စီးဆင်းတယ်ခန္ဓာကိုယ်ထဲ...
11/07/2025

#သွေးတိုးရောဂါ ဘာလို့ဖြစ်ရလဲ ဆိုတော့

သွေးဟာ အရည် ဖြစ်တယ်အရည်ရဲ့ သဘောတရား အရ မြင့်ရာကနေ နိမ့်ရာကို စီးဆင်းတယ်

ခန္ဓာကိုယ်ထဲမှာကျတော့ နိမ့်ရာကနေ မြင့်တဲ့ဦးခေါင်းလို နေရာမျိုးကို စီးဖို့လေပန့်လို ဝါယောဓါတ် လေဓါတ်က ကူညီပေးတယ်

အဲတော့ ဝါယောဓါတ်မကောင်းတဲ့ သူတွေဟာလေတွေက တအားတွန်းကန်ပြီးတော့ လေဖြတ် လေငန်း လေရောဂါတွေ ဖြစ်ရတယ်

Tik Tok မှာ မထင်မှတ်ဘဲ တွေ့လိုက်ရတဲ့ပြည်သူကို ကျန်းမာရေး အသိပေးနေတဲ့ဆရာမကြီး တစ်ယောက်ရဲ့ HE စကားတွေပါ

တကယ်တော့အဲဒါဟာ ဆောက်တလွဲပါ

သွေးထဲမှာ လေဆိုတာ ရှိလို့မရပါမယုံတဲ့သူရှိရင် လေ ၅၀ စီစီလောက် ကိုယ့် သွေးကြောထဲ ကိုယ်ထိုးထည့်ကြည့်လိုက်ပါ

သွေးတိုးဆိုတာကို ပြောရင်သွေးပေါင်ချိန်ဆိုတာ ကို ပထမ နားလည်ရပါမယ်

သွေးပေါင်ချိန်ရင် အပေါ်သွေး အောက်သွေးဆိုပြီး ပြောကြပါတယ်

နှလုံးက ဖိညှစ်နေတဲ့ အချိန်သွေးလွှတ်ကြောတွေထဲမှာ ရှိနေတဲ့ သွေးဖိအားကိုတိုင်းတာဟာ အပေါ်သွေး ဖြစ်ပြီး

နှလုံး ပြန်ဖြေလျော့တဲ့ အချိန်မှာ တိုင်းတာဟာအောက်သွေးဖြစ်ပါတယ်

ပုံမှန် သွေးပေါင်ဟာ ၁၂၀/၈၀ လို့သတ်မှတ်ပါတယ်

120-29 ကို သွေးတိုး အစ လို့သတ်မှတ်ပြီး
130-39 ကို Stage 1 Hypertension
140-180 ကို Stage 2 Hypertension လို့သတ်မှတ်ပြီး
180 အထက်ကို Hypertensive crisis လို့ သတ်မှတ်ပါတယ်

နောက်ထပ် အလွယ်ခွဲရင်

အသက်အရွယ်ကြောင့် တိုးတဲ့ သွေးတိုးနဲ့

အသက်ငယ်ငယ်နဲ့ တိုးတဲ့ သွေးတိုး ဆိုပြီး ခွဲလို့ရပါတယ်

အများအားဖြင့်
အသက်အရွယ်ရလာတဲ့ အခါ
လူတွေရဲ့ နေထိုင်စားသောက်မှုအပေါ်မူတည်ပြီး
သွေးကြောနံရံတွေမှာ CHolestrol လို့ခေါ်တဲ့
အဆီတွေ ကပ်လာတတ်ပါတဲ့

အဲဒါကြောင့် သွေးကြောနံရံတွေဟာ မာကျောလာပြီး
အတွင်း cavity ဟာ ကျဉ်းလာတဲ့ အတွက်
ကျဉ်းနေတဲ့ ပိုက်ထဲ သွေးဖြတ်စီးဆင်းဖို့အတွက်
နှလုံးဟာ ဖိညှစ်ရတာကြောင့်
သွေးဖိအား မြင့်တက်လာရခြင်း ဖြစ်တယ်

သွေးတိုးတာကြာလေ
နှလုံးက ဖိညှစ်လေ
သွေးကြောနံရံတွေကဖိအားခံရလေနဲ့
တချိန်မှာ ပြင်းထန်တဲ့ ဖိအားကြောင့် သွေးကြော
ပေါက်ထွက်သွားတဲ့အခါ ဦးနှောက်သွေးကြောပေါက်တယ်ဆိုတာတွေ ဖြစ်လာပါတယ်

အဲလိုမှ မပေါက်ဘဲ သွေးကြောနံရံက
အဆီခဲ‌တွေကြောင့် သွေးကြောပိတ်သွားပြီး
သွေးမရောက်တော့တာမျိုး

ကျဉ်းနေတဲ့ သွေးကြောမှာ
သွေးခဲလေးတွေ သွားပိတ်တာမျိုးကို
လေဖြတ် လေငန်းဆွဲတယ် လို့ ခေါ်ကြတယ်

ပြီးတော့
အသက်ငယ်ငယ်နဲ့ တိုးတဲ့သွေးတိုးတွေဟာ
‌underlying ရောဂါ
အကြောင်းအရင်းတစ်ခုခု ရှိနေတတ်ပါတယ်

မျိုးရိုးလိုက်တာ
မွေးရာပါ ကျောက်ကပ် မကောင်းတာ
ဟိုမုန်း ချို့တဲ့တာ များတာ
အဝလွန်တာ စတဲ့ ရောဂါ အခြေခံတစ်ခုခု ရှိနေတတ်ပါတယ်

သွေးတိုးအမျိုးအစားနဲ့ အဆင့်ပေါ်မူတည်ပြီး
ကုသပုံတွေ မတူသလို
သွေးတိုးဟာ ပျောက်အောင်လဲ ကုလို့မရပါ

ကိုယ်လိုချင်တဲ့ Target blood pressure
ရောက်အောင် ထိန်းညှိရင်း

သွေးတိုးရဲ့ နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့
နှလုံးပျက် လေဖြတ် ကျောက်ကပ်ပျက် တာတွေ
မြန်မြန်ဖြစ်မသွားအောင်ဘဲ ကုရတာပါ

အဲလိုကုဖို့အတွက်
လူနာဟာ ဆေးနဲ့ ဆရာတွေကိုဘဲ
အားကိုးလို့မရပါဘူး

ကျန်းမာတဲ့ စားသောက်နေထိုင်ပုံ
ကိုယ်လက်ကျန်းမာရေးလှုပ်ရှားမှုနဲ့
ဆောင်ရန် ရှောင်ရန်တွေကိုလဲ
မှန်ကန်တဲ့ source တွေကနေ
သေသေချာချာ သိထားဖို့လိုပါတယ်

ပြင်သစ်မှာ ရှိနေတဲ့ တရုတ်ခွဲစိတ် ဆရာဝန်ကြီးက
မိုင် ၃၀၀၀ အကွာမှာ ရှိတဲ့ တရုတ်ပြည်က
ဆီးကျိတ်ကင်ဆာလူနာကို
စက်ရုပ်လက် အသုံးပြုပြီး ပြင်သစ်ကနေ
အောင်မြင်စွာ လှမ်းခွဲပေးတယ်တဲ့

ပြင်သစ်က
ဆရာဝန်ကြီး လက်လှုပ်တဲ့ အတိုင်း
တရုတ်က စက်ရုပ်လက် လိုက်လှုပ်တဲ့ကြာချိန်ဟာ
မီလီစက္ကန့်ဘဲ ရှိတယ်တဲ့

အဲလောက် တိုးတက်နေတဲ့
ဆေးပညာခေတ်ကြီးထဲမှာ

အလွယ်လမ်းဘဲ
လိုက်နေရင်တော့

ခင်ဗျား
မုချ အသက် တိုမှာဘဲ။

#ကျန်းမာရေးဗဟုသုတရကြပါစေ

 #ဒညင်းသီး ထဲမှာ ပါတဲ့အက်ဆစ်ကို   လို့ ခေါ်ပါတယ်...အရပ်ထဲမှာတော့ "ရေ၅ထပ်သွန်ပြီးပြုတ်တယ်""အဆိပ်ထုတ်ပြီးပြုတ်တယ်"တို့"ထန်...
10/07/2025

#ဒညင်းသီး ထဲမှာ ပါတဲ့အက်ဆစ်ကို
လို့ ခေါ်ပါတယ်...

အရပ်ထဲမှာတော့
"ရေ၅ထပ်သွန်ပြီးပြုတ်တယ်"
"အဆိပ်ထုတ်ပြီးပြုတ်တယ်"တို့
"ထန်းလျှက်နဲ့ပြုတ်ရင်အဆိပ်ပြေတယ်"တို့
"ထိပ်ကအဆိပ်ဆံလေးထုတ်ပြီးပြုတ်ရင်
ဘာမှမဖြစ်ဘူး"တို့ စသဖြင့်
မျိုးစုံကြားရပါတယ်...

တကယ်တော့
အဆိပ်ဆံလို့သိနေတဲ့နေရာက
ဒညင်းအပင် ပေါက်မယ့်နေရာ ဖြစ်ပါတယ်

အဆိပ် နဲ့မဆိုင်ပါဘူး
အယူအဆ မှားနေတာပါ..

ဒညင်းသီး အသား တစ်ခုလုံးမှာ
အဆိပ်ဓာတ် Djenkolic acid တွေ
အပြည့် ပါပါတယ်

ဒညင်းသီးစားလိုက်တဲ့အခါမှာ
ဒီ အဆိပ်ဓာတ်က အစာအိမ် ကတဆင့်
အူ ထဲကို အရင်ရောက်ပါတယ်..

အူ ထဲကနေ စုပ်ယူပြီး
သွေး ထဲမှာရှိနေတုန်းမှာ
ပျော်ဝင်အဆင့် မှာပဲ ရှိနေပြီး
ပျောက်မသွားပါဘူး ...

ခန္ဓာကိုယ်ထဲက သွေးတွေ အားလုံးဟာ
ကျောက်ကပ် ကိုမဖြစ်မနေ
ဖြတ်သန်းရပါတယ်။

အဆိုပါအဆိပ်
ကျောက်ကပ်ထဲ ရောက်ချိန်၊
ဆီးဖြစ်လာတဲ့အချိန်၊
ဆီးက အက်ဆစ် pH ဘက်ကို
ရောက်တဲ့အချိန်မှာမှ
အချိုမှုန့်ချောင်းလေး တွေပုံစံ
Crystal အဖြစ်ပြောင်းပြီး
ကျောက်ကပ် ပြွန်သေးသေးလေးတွေ
ပေါ်မှာ စိုက်စူးစေပါတော့တယ်...

အဲဒီအချိန်မှာ
ပုံမှန်အလုပ်လုပ်နေရတဲ့ ပြွန်တွေ
ပျက်စီးပြီး
ဆီး ထဲ သွေးပါလာတာမျိုး
ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်လာပါတယ်။

ဘယ်နှစ်ရေ ပဲပြုတ်ပြုတ်
ဘာထည့်ပြီးပြုတ်ပြုတ်
အဆိပ်ဓာတ်ရှိနေတာ ပဲမို့
ဆီးချို သွေးတိုး ရှိပြီးသားသူများ
ရှောင်သင့်ပါတယ်။

စားကောင်းပေမယ့်
ဒညင်းသီးအစား အရသာတူတဲ့
မျောက်ငိုသီး လို
နှစ်တစ်ရာသီး
ပဲကော လို အသီးတွေကိ​ြ
အစားထိုးပြီး စားတာ
အကောင်းဆုံးပါ

ကျောက်ကပ်က လူ့အတွက်
တန်ဖိုး ကြီးပါတယ် ။

ကျောက်ကပ် ပျက်စီးရင်
အမြဲတမ်း ကျောက်ကပ်ဆေး နေရတာမျိုးကို
မသေမချင်း လုပ်သွားရမှာပါ

အခြေအနေပေါ် မူတည်ပြီး
နှစ်ပတ် တစ်ခါ သို့မဟုတ်
တစ်လ တစ်ခါ
ပုံမှန် ကျောက်ကပ်ဆေး ရပါတယ်၊
တစ်ခါ ဆေးရင် နှစ်သိန်းဝန်းကျင်
ကုန်ကျပါတယ်။

ကျောက်ကပ် အစားထိုး လဲဖို့ဆိုရင်လည်း
သိန်း ရာနဲ့ချီ ကုန်ပါတယ်။

မသိလို့ စားခဲ့တာကတော့
ပြင်လို့ မရတော့ပေမယ့်
ဒီအန္တရာယ်ကို သိလာတဲ့အခါ ဆင်ခြင်နိုင်ဖို့
တင်ပြလိုက်ရပါတယ်။

#မူရင်းရေးသားသူအားလေးစားစွာဖြင့်

အမျိုးသမီးများသိထားသင့်တဲ့ Dolfenal(ဒေါ်ဖန်နယ်) ဆေးဝါးအကြောင်းGeneric Name: mefenamic acid ပါ၀င်မှုပမာဏ ။ 250mg/500mgအသု...
10/07/2025

အမျိုးသမီးများသိထားသင့်တဲ့ Dolfenal(ဒေါ်ဖန်နယ်) ဆေးဝါးအကြောင်း

Generic Name: mefenamic acid
ပါ၀င်မှုပမာဏ ။ 250mg/500mg

အသုံးပြုနည်း👇👇

ဆေးကို ကာလတို ခဏတာ သာမန်နာကျင်ကိုက်ခဲခြင်းများအတွက် အသုံးပြုပါသည်။
ဓမ္မတာလာနေစဉ်ကာလတွင် နာကျင်ကိုက်ခဲမှုများ လျော့ပါးသက်သာစေရန်နှင့် သွေးဆုံးရှုံးမှု နည်းပါးစေရန်အတွက်လည်းသုံးစွဲနိုင်ပါသည်။

Dolfenal(ဒေါ်ဖန်နယ်)သည် nonsteroidal anti-inflammatory drug (NSAID) ဆေးအုပ်စုဝင် ဆေးဖြစ်သည်။

အခြားအသုံးပြုမှုများ။ ရောဂါအနေအထား အတွက်ကို အသုံးပြုမည်ဆိုလျှင် ဆရာဝန်ညွှန်ကြားချက်ရှိမှသာ အသုံးပြုသင့်သည်။

ဆေးသုံးရန်အညွှန်း💊💊

အရွယ်ရောက်ပြီးသူတွေအတွက်
၁။နာကျင်ခြင်းအတွက်

၅၀၀မီလီဂရမ်ကို ဦးစွာသောက်ပြီး ၂၅၀မီလီဂရမ်ကို ၆နာရီခြားတခါ လိုအပ်သလို ဆက်သောက်ရမည်။ ၇ရက်ထက် ပိုမသောက်ရပါ။

၂။ဓမ္မတာလာစဉ် ကိုက်ခဲခြင်းအတွက်

၅၀၀မီလီဂရမ်ကို ဦးစွာသောက်ပြီး ၂၅၀မီလီဂရမ်ကို ၆နာရီခြားတခါ သောက်ရမည်။ဓမ္မတာစလာသော ပထမဆုံးနေ့မှ စတင်ပြီးသောက်ရမည်။

ကလေးတွေအတွက်

၁။နာကျင်ခြင်းအတွက်

၁၄ နှစ်မှ ၁၈နှစ် အထိ : ၅၀၀မီလီဂရမ်ကို ဦးစွာသောက်ပြီး ၂၅၀မီလီဂရမ်ကို ၆နာရီခြားတခါ လိုအပ်သလို ဆက်သောက်ရမည်။ ၇ရက်ထက် ပိုမသောက်ရပါ။

ဘေးထွက်ဆိုးကျိုး

အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓာတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။

အောက်ပါလက္ခဏာများ ခံစားရပါက သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။

-ရင်ဘတ်အောင့်ခြင်း၊အားနည်းခြင်း၊အသက်ရှုမဝခြင်း၊စကားပီပီသသ မပြောနိုင်တော့ခြင်း၊ အမြင်အာရုံ သို့မဟုတ် ခန္တာကိုယ်ဟန်ချက်ထိန်းခြင်းဆိုင်ရာ ပြဿာသနာများ ခံစားရခြင်း။

-ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းများ သွားခြင်း။

-ချောင်းဆိုးသွေးပါခြင်း

-ဆီးနည်းသွားခြင်း သို့မဟုတ် လုံးဝ မသွားတော့ခြင်း။

-ဆီးပူ၊ဆီးကျဉ်၊ ဆီးအောင့်ခြင်း။

-ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်အပေါ်ပိုင်း နာ/အောင့်ခြင်း၊ယားယံခြင်း၊အစားအသောက်ပျက်ခြင်း၊ဆီးမည်းခြင်း၊ဝမ်းဖြူဖြူများသွားခြင်း၊မျက်စိ သို့မဟုတ် အသားဝါခြင်း။

-သွေးခြေဥခြင်း၊ပြင်းထန်စွာ ထုံနာကျဉ်နာဖြစ်ခြင်း၊ ကြွက်သားအားနည်းခြင်း။

-ဖျားခြင်း၊လည်ချောင်းနာခြင်း၊ခေါင်းကိုက်ခြင်း၊အနီစက်များထွက်ခြင်း ၊အရည်ကြည်ဖုများ ၊ပြင်းထန်စွာ ထခြင်း၊အရေခွံကွာခြင်း။

အများစုသောက်သုံးကြသော အမျိုးသမီးများအတွက်
သိထားသင့်သော ဗဟုသတများကို မျှဝေလိုက်ပါတယ်...

ဗဟုသုတများစွာ ရရှိစေရန်လည်း ထပ်မံဆေးဝါးများ ဆေးပညဗဟုသုတများကိုဖော်ပြပေးပါဦးမည် ...

🟢 About: OmeprazoleGeneric Name: OmeprazoleClass: Proton Pump Inhibitor (PPI)Omeprazole is a medication used to reduce t...
10/07/2025

🟢 About: Omeprazole

Generic Name: Omeprazole
Class: Proton Pump Inhibitor (PPI)

Omeprazole is a medication used to reduce the amount of acid produced in the stomach. It belongs to a class of drugs called Proton Pump Inhibitors (PPIs) and is commonly prescribed for conditions related to excess stomach acid.

---

🔬 Uses:

Gastroesophageal Reflux Disease (GERD)

Peptic Ulcer Disease

Zollinger-Ellison Syndrome

Erosive Esophagitis

H. pylori Infection (as part of triple therapy)

---

⚙️ Mechanism of Action:

Omeprazole blocks the H+/K+ ATPase enzyme (also called the proton pump) in the stomach lining, which is responsible for secreting gastric acid. By doing so, it lowers stomach acidity, providing relief from acid-related conditions.

---

💊 Dosage (General):

Usually 20mg to 40mg once daily

Best taken before meals

---

⚠️ Side Effects May Include:

Headache

Abdominal pain

Nausea

Vitamin B12 deficiency (with long-term use)

Risk of bone fracture (if used for prolonged periods)

---

✅ Important Notes:

Avoid long-term use without medical advice

Not recommended during pregnancy without doctor’s consultation

Do not crush or chew delayed-release capsules

---

🔖 Call to Action:

Follow this page for more medical facts, MCQs, and easy-to-understand medicine guides.

📌 Watermark: DRx Tehseen Malik

---

🔍 Hashtags (for Facebook/Instagram):

10/07/2025

အစာအိမ်ယောင် နှင့် အစာအိမ် အနာ ရှိတဲ့ သူများ အတွက် ဆောင်ရန် ရှောင်ရန်များ

ဒီရက်ပိုင်း အထူးသဖြင့် လူငယ်တွေ မှာ အစာအိမ်ယောင်တာ၊ အစာအိမ် အနာဖြစ်တာတွေ ခဏ ခဏ တွေ့လာရပါတယ်။

ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

1. အစာစားချိန်မမှန်ခြင်း
2. စိတ်ဖိစီးမှု့ များခြင်း
3. အကိုက်အခဲ ပျောက်ဆေး ကြာရှည်သောက်သုံးခြင်း
4. ဘတ်တီးရီးယား (H. pylori) ရောဂါပိုး
5. ဗိုင်းရပ်စ် ရောဂါပိုး
6. ဗိုက်အပေါ်ပိုင်း နှင့် ရင်ဘက် အောက်ပိုင်း ကို ဓါတ်ရောင်ခြည် ပေး၍ ကုသခြင်း
7. အရက်ပြန်၊ ဒီဇယ်၊ ဓါတ်ဆီ၊ ရေနံဆီ ကဲ့သို့သော အရည်များ အမှတ်မထင် ဖြစ်စေ၊ ရည်ရွယ်ချက် ရှိရှိ ဖြစ်စေ မျိုမိ၊ သောက်မိခြင်း။
8. အပြင်းအထန် နာမကျန်းဖြစ်ရင် stress များပြီး အစာအိမ်ယောင်ခြင်း အနာဖြစ်ခြင်း ဖြစ်တတ်ပါတယ်။
9. တချို့သော Autoimmune Disease များ
10. အစားအသောက် ဓါတ်မတည်တာ စားမိခြင်း စတာတွေက အစာအိမ်ယောင်၊ အစာအိမ် အနာဖြစ်စေပါနိုင်ပါတယ်။

ရှောင်ရှားသင့်တဲ့ အစားအစာများ

1. အရက်၊ ဘီယာ၊ gin၊ vodka
2. ကော်ဖီ၊ လက်ဖက်ရည်
3. အသင့်သောက် အချိုရည်များ
4. ဆီပြန်ပာင်း များ
5. ထပ်ခါထပ်ခါ ပြန်ကြော်ထားတဲ့ အစားအစာ များ
6. ဆီအများကြီး နှစ်ပြီး ကြော်ထားသော အစားအစာ များ
7. အလွန်အမင်း စပ်သော အစားအစာများ
8. အဆီများသော အသားများ၊ ဥပမာ - ဝက်သား၊ ဘဲအရေခွံ၊ ကြက်အရေခွံ၊ ဆီဗူး
9. မိမိ နှင့် ဓါတ်မတည့်သော အစား အစာ အမျိုးမျိုး။

စားသုံးသင့်သော အစားအစာများ

1. အဆီနည်းသော အသားများ၊ ဥပမာ -ကြက်သား၊ ငါး။

2. နို့နှင့် နို့ထွက် ပစ္စည်း အမျိုးမျိုး၊ ဥပမာ - အဆီထုတ်ထားတဲ့ နို့၊ ဒိန်ချဉ်၊ (Lactose intolerance ရှိရင် တော့ မသောက်သင့်ပါဘူး အစာအိမ်ယောင် တာကို ပိုဆိုးစေပါတယ်၊ ဒါကြောင့် လဲ ကျန်းမာရေး ဝန်ထမ်း တော်တော်များများ က အစာအိမ် ပြဿနာ ရှိရင် နို့ သိပ်မသောက်ခိုင်းပါဘူး။ သောကမယ် ဆိုရင် တော့ သေချာ ဆရာဝန် နဲါ တိုင်ပင် ပြီး နည်းနည်း ချင်းစီ စ သောက် တာ ပို အဆင်ပြေပါသည်)

3. အမျှင်ဓါတ် ကြွယ်ဝတဲ့အစားအစာ များ၊ ဥပမာ - ပန်းပွင့်စိမ်း၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ပန်းသီး နှင့် အခြားသော ဟင်းရွက် အမျိုးမျိုး၊ oatmeal၊ brown bread၊ ပေါင်မုန့်ကြမ်း၊

4. ပဲအမျိုးမျိုး

5. Probiotics ကြွယ်ဝတဲ့အစားအစာများ - ဒိန်ချဉ်၊ ကင်ချီ၊

6. အသီးအရွက်ကို အရောင် ငါးမျိုး ပြည့်အောင် စားပေးရပါမယ်။ အနီရောင်၊ အစိမ်းရောင်၊ အဖြူရောင်၊ အဝါရောင် သို့မဟုတ် လိမ္မော်ရောင်၊ ခရမ်းရောင် စတဲ့ အရောင် ငါးမျိုး ကို အလျင်းသင့်ရင် သင့် သလို စားသင့်ပါတယ်။ အနည်းဆုံး တရုတ် ပန်းကန်လုံး နှင့် နှစ်ခွက်(ကြော်ပြီးသား) စားပေးသင့်ပါတယ်။

7. Malt Milk စတာတွေ စားလို့ရပါတယ်။

အစာအိမ်ယောင်ခြင်း နှင့် အစာအိမ်အနာ နှင့် ပတ်သက်၍ လွဲမှားနေတဲ့ အယူအဆများ

1. အသီးတော်တော်များများ မတည့်ဖူးထင်ပြီး မစားကြခြင်း - တကယ်တော့ ကျွန်တော် တို့ အစာအိမ်ရဲ့ acid ပြင်းအား ဟာ အသီးတွေ မှာ ပါတဲ့ acid ပြင်းအားထက် များပါတယ်။ အထူးသဖြင့် လိမ္မော်သီး၊ ကျွဲကောသီး၊ ကဗ္ဗလာသီးလို နည်းနည်းချဉ်တဲ့ အသီးတွေ ကို ဆိုရင် ပိုပြီူတော့တောင် ကြောက်ပြီး မစားကြပါဘူး။ အမှန်တော့ ဒါက လွဲမှားနေပါတယ်။ အစာအိမ် ယောင်တာ အစာအိမ်အနာ ရှိနေရင် အက်ဆစ် ဓါတ်များတဲ့ အစားအစာတွေ လျှော့သင့်တယ် ဆိုပေမယ့် လုံးဝ ရှောင်စရာမလိုပါ။ ဒါပေမယ့် ဘာမှ မစားဘဲ ခုန ကပြောတဲ့ ချဉ်တဲ့ အသီးစားတာ မျိုး၊ သံပုရာရည် သောက်တာ မျိုးတော့ မလုပ်သင့်ပါဘူး။ ထမင်းစားပြီး အချိုတည်းတာ၊ အရမ်းမချဉ်တဲ့ သံပုရာရည်၊ လိမ္မော်ရည် စတာတွေ သောက်လို့ရပါတယ်။
2. ဒိန်ချဉ် မစားရဲခြင်း - အစာအိမ်ရောဂါ သည် တွေ မှာ probiotics ဆိုတဲ့ ဓါတ်တမျိုးက လိုအပ်ပါတယ်။ ဒါမှ မကောင်းတဲ့ ဘတ်တီးရီးယားတွေ မပေါက်တော့ ပဲ ကောင်းကျိုးပေးတဲ့ ဘတ်တီးရီးယားတွေ ပိုပေါက်စေပြီး အူလမ်းကြောင်း ကို ပိုမိုကျန်းမာစေပြီး အစာအိမ်လအနာဖြစ်စေတဲ့ ဘတ်တီးရီးယား ပိုးမွှားများလည်း မဝင် နိုင်တော့ပါဘူး။
3. အစာကို ဗိုက်အောင့်မှ တခါတည်း အများကြီးစားမခြင်း - အစာအိမ် ဝေဒနာရှင်တွေ အနေ နဲ့ အစားအစာ ကို နည်းနည်း နဲ့ ခဏခဏ စားပေးဖို့က အဓိက အကျဆုံး ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် တစ်နေ့ ကို ၆ ကြိမ်လောက် အထိ စားပေးသင့်ပါတယ်။

ဥပမာ အနေ နဲ့

မနက် ၇-၈ နာရီ
1. Malt Milk တခွက်
2. ခေါက်ဆွဲသုတ်/ ကြာဇံသုတ် တစ်ပွဲ
သို့မဟုတ်
1. အဆီထုတ်ထားတဲ့ နွားနို့ တစ်ခွက်
2. ပေါင်မုန့် ၂ ချပ် မှ ၃ချပ်
3. ကြက်ဥပြုတ် တစ်လုံး

မနက် ၁၀ နာရီ
1. ဘီစကွတ်၊ ပေါင်မုန့်၊ crackers

နေ့လည် ထမင်းစားချိန် (၁၂ နာရီ)
1. ထမင်း
2. အသား၊ ငါး
3. အရွက်ကြော်
4. ဟင်းချို (ပဲဟင်းချို)

နေ့လည် ၃ နာရီ
ပြောင်းဖူးပြုတ် တစ်ဖူး
(သို့မဟုတ်)
ဒိန်ချဉ် တစ်ခွက်
(သို့မဟုတ်)
မြန်မာမုန့် တစ်မျိုးမျိုး
(သို့မဟုတ်)
ပူတင်း တစ်ခွက်

ည ၆-၇ နာရီ
1. ထမင်း
2. အသား၊ငါး
3. အရွက်ကြော်
4. ဟင်းချို (ပဲဟင်းချို၊ အသီးအရွက်စုံ ဟင်းချို)

ညအိပ်ခါနီး
အဆီထုတ်ထားတဲ့ နွားနို့ တစ်ခွက်
သို့မဟုတ်
Malt Milk တစ်ခွက်

အခုဖော်ပြထားတဲ့ ပုံစံ အတိုင်း ရှောင်သင့်တာ၊ ဆောင်သင့်တာ မှတ်ပြီး မိမိ အဆင်ပြေသလို ပြောင်းစားကြည့်ပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်





Address

Yangon

Website

Alerts

Be the first to know and let us send you an email when Reflection - Medical Health & Beauty Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram