ဒေါက်တာ ဗက်ဆင်း

ဒေါက်တာ ဗက်ဆင်း We strive to provide the best immunization service in Myanmar for all ages.

ဒေါက်တာဗက်ဆင်းဟာ ကာကွယ်ဆေးထိုးသီးသန့်ဆေးခန်းဖြစ်ပါတယ်။ ကလေး၊ လူကြီးအရွယ်မရွေးအတွက် ကာကွယ်ဆေးမျိုးစုံကို တစ်နေရာတည်းမှာ ရရှိအောင် ဆောင်ရွက်ပေးနေပါတယ်။ လူသူထူထပ်တဲ့ ဆေးရုံ၊ ဆေးခန်းများကို မသွားချင်သူများအတွက် တစ်ဦးချင်း Appointment System ဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။ “ စိတ်ချရတဲ့ ကာကွယ်ဆေး” ဖြစ်ဖို့ကတော့ ဒေါက်တာဗက်ဆင်းဆေးခန်းရဲ့ အဓိက Gold Standard ဖြစ်ပါတယ်။ ဒီလို စိတ်ချရတဲ့ ကာကွယ်ဆေးများဖြစ်အောင် အအေးလမ်းကြောင်းထိမ်းသိန်းမှုစနစ် (cold chain system) ကို WHO standard များနှင့်အညီ ထိန်းသိမ်းထားပါတယ်။ ဒါအပြင့် ကာကွယ်ဆေးများနှင့်ပတ်သတ်၍ သိလိုသည်များကိုလည်း တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များဖြင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
“ကာကွယ်ဆေးဆိုရင်ဒေါက်တာ ဗက်ဆင်းကို သတိရလိုက်ပါ။”

အများပြည်သူရုံးပိတ်ရက် မတ်လ(၂၇) ရက်နေ့မှာဒေါက်တာဗက်ဆင်းဆေးခန်းကို တစ်ရက်ပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။  ✅💉
22/03/2026

အများပြည်သူရုံးပိတ်ရက် မတ်လ(၂၇) ရက်နေ့မှာဒေါက်တာဗက်ဆင်းဆေးခန်းကို တစ်ရက်ပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။ ✅💉

ကာကွယ်​ဆေးကို ထိုးနှံရမဲ့အချိန်ကျော်လွန်ပြီးမှထိုးနှံလို့ရသလား?ဒီမေးခွန်းက လူတ်ိုင်းလိုလိုသိချင်လေ့ရှိတဲ့ မေးခွန်းတစ်ခုဖ...
20/03/2026

ကာကွယ်​ဆေးကို ထိုးနှံရမဲ့အချိန်ကျော်လွန်ပြီးမှထိုးနှံလို့ရသလား?
ဒီမေးခွန်းက လူတ်ိုင်းလိုလိုသိချင်လေ့ရှိတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်…❗️

ကာကွယ်ဆေးကို ထိုးနှံရမဲ့အချိန်ကျော်လွန်ပြီးမှလည်း ထိုးနှံလို့ရပါတယ်နော်။ 💉✅

ကာကွယ်ဆေးထိုးနှံရမဲ့အချိန်ကျော်လွန်သွားခဲ့ရင်တောင်မှ အစအဆုံးပြန်ထိုးနှံစရာမလိုဘဲ ကျွမ်းကျင်တဲ့ဆရာဝန်တွေပြောကြားပေးတဲ့ Catch-up schedule အတိုင်း ဆက်လက်ထိုးနှံသွားနိုင်ပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေးအပြည့်မထိုးနှံဘဲ အချိန်ကြာသွားမယ်ဆိုရင် အထူးသဖြင့် ကလေးငယ်တွေမှာ ရောဂါပိုးကူးစက်နိုင်နှုန်း ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။

ဒါကြောင့်-
✔️သတ်မှတ်ထားတဲ့အချိန်ကျော်လွန်သွားမယ်ဆိုရင်လည်း အရမ်းစိတ်ပူပန်တာမျိုးမဖြစ်ပါနဲ့။
✔️ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှထိုးနှံပါ။
✔️ကျန်နေတဲ့အကြိမ်ရေအတိုင်းပြည့်မီအောင်ဆက်လက်ထိုးနှံသွားပါ။
ကာကွယ်ဆေးကို အကြိမ်ရေပြည့်အောင် လုံးဝမထိုးနှံတာထက်စာရင် အချိန်ကျော်လွန်သွားလည်း အကြိမ်ရေအပြည့်ထိုးနှံကြဖို့ ဒေါက်တာဗက်ဆင်းဆေးခန်းမှ တိုက်တွန်းလိုပါတယ်။ 💚

မိုးရာသီမှာအဖြစ်များလေ့ရှိတဲ့ တုပ်ကွေးရောဂါအတွက် တုပ်ကွေးကာကွယ်ဆေးထိုးနှံပြီးကာကွယ်ထားကြဖို့ ကြိုတင်စာရင်းပေးသွင်းထားနို...
18/03/2026

မိုးရာသီမှာအဖြစ်များလေ့ရှိတဲ့ တုပ်ကွေးရောဂါအတွက် တုပ်ကွေးကာကွယ်ဆေးထိုးနှံပြီးကာကွယ်ထားကြဖို့ ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါပြီ…💉☔️

တုပ်ကွေးရောဂါကာကွယ်ဆေးကို တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးမကူးစက်ချင်သူများနဲ့ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုနဲ့ နာတာရှည်ရောဂါသည်တွေအနေနဲ့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေမဖြစ်စေဖို့အတွက် ကြိုတင်ထိုးနှံထားကြဖို့ တိုက်တွန်းလိုပါတယ်။✅

ဒေါက်တာဗက်ဆင်းဆေးခန်းက အရည်အသွေးပြည့်မီကောင်းမွန်တဲ့အပြင် ယုံကြည်စိတ်ချရတဲ့ကာကွယ်ဆေးတွေကိုပဲ ထိုးနှံပေးလေ့ရှိတာကြောင့် အခုပဲစာရင်းပေးသွင်းလိုက်ပါနော်…💚😇

အခုလိုသွားရေးလာရေးခက်ခဲနေတဲ့အချိန်ကာလမှာ ကာကွယ်ဆေးထိုးနှံချင်သူတိုင်းအတွက် အဆင်ပြေစေဖို့ ဒေါက်တာဗက်ဆင်းဆေးခန်းမှ Home Se...
16/03/2026

အခုလိုသွားရေးလာရေးခက်ခဲနေတဲ့အချိန်ကာလမှာ ကာကွယ်ဆေးထိုးနှံချင်သူတိုင်းအတွက် အဆင်ပြေစေဖို့ ဒေါက်တာဗက်ဆင်းဆေးခန်းမှ Home Service အနေနဲ့ အိမ်တိုင်ရာရောက်လိုက်လံထိုးနှံပေးနေပါပြီနော်…✅🚚

ကလေးငယ်လေးတွေအတွက် ကာကွယ်ဆေးထိုးနှံပေးချင်တဲ့ ဖေဖေမေမေတို့အနေနဲ့လည်း အရည်အသွေးပြည့်မီတဲ့ ကာကွယ်ဆေးတွေကို ဒေါက်တာဗက်ဆင်းကနေတစ်ဆင့် ယုံကြည်စွာနဲ့ ထိုးနှံပေးနိုင်ပါပြီ။ 💉❤️

တနင်္လာနေ့တစ်ရက်ကလွဲပြီး ကျန်တဲ့ရက်တိုင်းမှာ Home Service လေးရရှိနိုင်တာဖြစ်လို့ အခုပဲ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာလေးဖြင့် ကြိုတင် booking တင်လိုက်တော့နော်။ 🥰

ရေကျောက်ရောဂါ နဲ့ပက်သတ်ပြီး မေမေတို့ အမေးများတဲ့ အချက် ၂ ချက်၁။ ရေကျောက်ပေါက်ပြီးရင်ကော ကာကွယ်ဆေး ထပ်ထိုးဖို့လိုလား?ကလေး...
09/03/2026

ရေကျောက်ရောဂါ နဲ့ပက်သတ်ပြီး မေမေတို့ အမေးများတဲ့ အချက် ၂ ချက်

၁။ ရေကျောက်ပေါက်ပြီးရင်ကော ကာကွယ်ဆေး ထပ်ထိုးဖို့လိုလား?

ကလေး အသက် ၁ နှစ် အထက်မှာ ရေကျောက်ပေါက်ထားပြီးရင် ခန္ဓာကိုယ်က ကာကွယ်နိုင်စွမ်းက တသက်တာ ရသွားမှာဖြစ်လို့ ကာကွယ်ဆေး ထိုးဖို့ မလိုအပ်တော့ပါဘူး။ ဒါပေမဲ့ အသက် ၁ နှစ်အောက်မှာ ရေကျောက် ပေါက်ထားတာဆိုရင်တော့ တသက်တာ ကာကွယ်နိုင်စွမ်း မရနိုင်သေးတာဖြစ်နိုင်တဲ့ အတွက် ကာကွယ်ဆေးကို အသက် ၁ နှစ်ကျော်ရင် ပုံမှန်အတိုင်းထိုးသင့်ပါတယ်။ ငယ်ငယ်က ရေကျောက် ပေါက်ထားတာ အသက်သေချာမမှတ်မိလို့ ဆေးထပ်ထိုးလိုက်ရင်လည်း ကလေးအတွက် အန္တရာယ်မရှိနိုင်ပါဘူး။

၂။ ကာကွယ်ဆေးမထိုးရသေးတဲ့ ကလေးက ရေကျောက်ရောဂါဖြစ်နေတဲ့သူနဲ့ အနေနီးတာ၊ ထိတွေ့ထားတာဖြစ်ရင် ဘာလုပ်လို့ရမလဲ?

ရေကျောက်ရောဂါက ကူးစက်ခံရပြီး ၁၀ ရက်ကနေ ၂၁ ရက်အတွင်း ရောဂါလက္ခဏာ စပြလေ့ရှိပါတယ်။
ကာကွယ်ဆေးမထိုးရသေးတဲ့ ကလေးက ရေကျောက်ရောဂါဖြစ်နေတဲ့သူနဲ့ ထိတွေ့မိတာရှိခဲ့ရင် ရေကျောက် ကာကွယ်ဆေးကို တတ်နိုင်သမျှ မြန်မြန် (၅ ရက်) အတွင်း စထိုးနိုင်ရင်တော့ ရောဂါလုံးဝ မဖြစ်တော့တာ (သို့) ဖြစ်ခဲ့ရင်လည်း ပြင်းထန်မှု နှုန်းကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။
ဒါကြောင့် ရေကျောက်ရောဂါရှိသူနဲ့ ထိတွေ့မိခဲ့ရင်တော့ ကာကွယ်ဆေးအမြန်ဆုံး ထိုးပြီး အထိုက်အလျောက် ကာကွယ်လို့ရပါသေးတယ် ဆိုတဲ့ အကြောင်း လေး ဖော်ပြလိုက်ရပါတယ်။

ကျေးဇူးရှင် တောင်သူဦးကြီးများရဲ့ အထိမ်းအမှတ်နေ့ ၂၀၂၆ မတ်လ(၂)ရက်နေ့ (တောင်သူလယ်သမားနေ့) အတွက် တောင်သူလယ်သမားများအားလုံး က...
02/03/2026

ကျေးဇူးရှင် တောင်သူဦးကြီးများရဲ့ အထိမ်းအမှတ်နေ့ ၂၀၂၆ မတ်လ(၂)ရက်နေ့ (တောင်သူလယ်သမားနေ့) အတွက် တောင်သူလယ်သမားများအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ၊ ရောဂါဘယကင်းရှင်းစွာနဲ့ စီးပွါးရေးမှာ ဒီရေအလားတိုးတက်ကြပါစေကြောင်း ဒေါက်တာဗက်ဆင်းဆေးခန်းမှ ဂုဏ်ပြုဆုတောင်းပေးလိုက်ပါတယ်။🙏🏻💚

နာတာရှည်ကျောက်ကပ်ရောဂါသည်တွေအနေနဲ့ ရောဂါအခြေအနေကောင်းမွန်သက်သာအောင် ထိန်းသိမ်းနိုင်ဖို့အတွက်ဆိုရင် ကာကွယ်ဆေးထိုးနှံထားဖိ...
23/02/2026

နာတာရှည်ကျောက်ကပ်ရောဂါသည်တွေအနေနဲ့ ရောဂါအခြေအနေကောင်းမွန်သက်သာအောင် ထိန်းသိမ်းနိုင်ဖို့အတွက်ဆိုရင် ကာကွယ်ဆေးထိုးနှံထားဖို့ လိုအပ်ပါတယ်နော်။

အထူးသဖြင့် ကျောက်ကပ်ဆေးနေရတဲ့သူတွေနဲ့ ကျောက်ကပ်အစားထိုးထားတဲ့သူတွေမှာ ကိုယ်ခံအားစနစ်ကျဆင်းနေလျက်ရှိတာကြောင့် ကာကွယ်ဆေးက အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်နေပါတယ်။

ကျောက်ကပ်ရောဂါသည်တွေအနေနဲ့-
🚫ကာကွယ်ဆေးကရောဂါဖြစ်စေတယ်။
✅ကာကွယ်ဆေးဆိုတာ ခုခံအားစနစ်ကိုကြိုတင်လေ့ကျင့်ပေးရုံသာဖြစ်ပြီး ရောဂါမဖြစ်စေနိုင်ပါဘူး။ ကာကွယ်ဆေးထိုးနှံထားမယ်ဆိုရင် ပိုးလုံးဝမကူးစက်နိုင်တော့တာမဟုတ်ပေမဲ့ ကူးစက်လာတယ်ဆိုရင်တောင် ခံနိုင်ရည်ရှိရှိနဲ့ခုခံအားတုံ့ပြန်နိုင်အောင် လေ့ကျင့်ပေးထားနာဖြစ်ပါတယ်။

🚫ကျောက်ကပ်ရောဂါဆေးတွေသောက်နေရပြီးကျောက်ကပ်ဆေးခြင်းတွေပြုလုပ်နေရတာကြောင့် ကာကွယ်ဆေးဓါတ်မတည့်တာတွေ ဖြစ်လာနိုင်တယ်။
✅ကာကွယ်ဆေးအများစုက ဘေးကင်းတတ်ပေမဲ့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့အတူ ဓါတ်မတည့်မှုတွေမဖြစ်လာအောင် အချိန်ခြားပြီး ချိန်ညှိထိုးနှံထားနိုင်တာဖြစ်တဲ့အတွက်ကြောင့် စိုးရိမ်စရာမလိုပါဘူး။

🚫ကျောက်ကပ်ရောဂါရှိလည်း ဂရုစိုက်နေထိုင်မယ်ဆိုရင် ကာကွယ်ဆေးထိုးနှံဖို့မလိုအပ်ဘူး။
✅နာတာရှည်ကျောက်ကပ်ရောဂါတွေက ကိုယ်ခံအားစနစ်ကို ထိခိုက်စေတာကြောင့် သာမန်လူတွေနဲ့မတူဘဲ ကူးစက်ရောဂါပိုးတွေပိုမိုကူးစက်ဝင်ရောက်နိုင်တာကြောင့် စိတ်ချရအောင် ကာကွယ်ဆေးထိုးနှံထားသင့်ပါတယ်။

နာတာရှည်ကျောက်ကပ်ရောဂါခံစားနေပြီး ကျောက်ကပ်ဆေးနေရတဲ့(သို့) ကျောက်ကပ်အစားထိုးနေရတဲ့လူနာတွေအတွက် CDC (Centers of Disease Control and Prevention)ရဲ့ထုတ်ပြန်ချက်အရ ထိုးနှံသင့်တဲ့ကာကွယ်ဆေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁)ရေကျောက်ရောဂါကာကွယ်ဆေး(Chickenpox, varicella)
(၂)ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Covid-19)
(၃)တုပ်ကွေးရောဂါကာကွယ်ဆေး(Influenza)
(၄)အသည်းရောင်အသားဝါဘီပိုးရောဂါကာကွယ်ဆေး(Hepatitis B)
(၅)ကြွက်နို့ရောဂါကာကွယ်ဆေး(Human Papilloma Virus)
(၆)ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင်ရောဂါကာကွယ်ဆေး(Mump,Measles,Rubella)
(၇)ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ်ဆေး(Pneumococcal vaccine)
(၈)အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ပိုးကာကွယ်ဆေး(Respiratory syncytial virus)
(၉)ရေယုန်ရောဂါကာကွယ်ဆေး(Shingles)
(၁၀)ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုးရောဂါကာကွယ်ဆေး(Diptheria, Tetanus, Pertussis)

နာတာရှည်ကျောက်ကပ်ရောဂါသည်တွေအနေနဲ့ ကျောက်ကပ်ရောဂါအထူးကုဆရာဝန်ရဲ့ ညွှန်ကြားချက်(recommendation)အတိုင်း ဒေါက်တာဗက်ဆင်းဆေးခန်းမှာ ဒီကာကွယ်ဆေးတွေကို လာရောက်ထိုးနှံနိုင်ပါတယ်။

ကာကွယ်ဆေးမထိုးနှံခင်မှာ ကာကွယ်ဆေးထိုးနှံပေးမဲ့သူဆီမှာ ကျောက်ကပ်ဆေးနေရကြောင်း၊ ကျောက်ကပ်အစားထိုးခြင်း(သို့) အခြားအစားထိုးကုသမှုခံယူထားကြောင်းနဲ့ ကာကွယ်ဆေးနဲ့ဓါတ်မတည့်တာတွေဖြစ်ခဲ့ဖူးသလားဆိုတာတွေကိုလည်း အသေးစိတ် ဆွေးနွေးပြောပြပေးထားဖို့ မမေ့ပါနဲ့နော်။ 😇

ဖေဖေမေမေတို့အနေနဲ့ ရင်သွေးလေးတွေကို ကာကွယ်ဆေးထိုးနှံပေးရတော့မယ်ဆိုရင် စိုးရိမ်သနားတတ်ကြတာ သဘာဝပါပဲနော်…❤️ဒေါက်တာဗက်ဆင်းဆ...
19/02/2026

ဖေဖေမေမေတို့အနေနဲ့ ရင်သွေးလေးတွေကို ကာကွယ်ဆေးထိုးနှံပေးရတော့မယ်ဆိုရင် စိုးရိမ်သနားတတ်ကြတာ သဘာဝပါပဲနော်…❤️

ဒေါက်တာဗက်ဆင်းဆေးခန်းမှာ ကလေးငယ်ရဲ့ ဘေးကင်းလုံခြုံမှုရှိစေဖို့ကို ဦးစားပေးပြီး အရည်အသွေးပြည့်ဝတဲ့ ကာကွယ်ဆေးတွေကိုသာ ထိုးနှံပေးလျက်ရှိတယ်ဆိုပေမဲ့ ဖေဖေမေမေတို့အနေနဲ့ သင့်လျော်တဲ့ပြင်ဆင်မှုလေးတွေကို ကြိုပြီးလုပ်ခဲ့မယ်ဆိုရင် ပိုပြီးစိတ်ချရနိုင်ပါတယ်။ 😇

(၁) ကလေးငယ်ရဲ့ကျန်းမာရေးအခြေအနေကို ကြိုတင်စစ်ဆေးပါ။
သိပ်မပြင်းထန်တဲ့ ချောင်းဆိုး၊ နှာစေး၊ အအေးမိတာလောက်ပဲဆိုရင်တော့ ကာကွယ်ဆေးထိုးနှံပေးမဲ့ဆရာဝန်ကို ပြောပြထားလို့ရပေမဲ့ အရမ်းအဖျားကြီးနေမယ်၊ အခြားပြင်းထန်တဲ့ရောဂါတွေဖြစ်နေမယ်ဆိုရင်တော့ ထိုးနှံချိန်ကို ရွှေ့ဆိုင်းဖို့တိုင်ပင်သင့်ပါတယ်။

(၂) ကလေးငယ်ရဲ့ကာကွယ်ဆေးထိုးမှတ်တမ်းကို ယူဆောင်လာပေးပါ။
ကာကွယ်ဆေးထိုးနှံတဲ့အကြိမ်ရေမပြည့်ခြင်း၊ တူညီတဲ့ကာကွယ်ဆေးတွေကို ထပ်မံထိုးနှံမိခြင်းတွေ မဖြစ်အောင် ယခင်ကထိုးနှံခဲ့ဖူးတဲ့ကာကွယ်ဆေးတွေကို မှတ်သားထားတဲ့မှတ်တမ်းလည်းယူဆောင်လာဖို့ လိူအပ်ပါတယ်။

(၃) ရင်သွေးလေးရဲ့ဖြစ်ခဲ့ဖူးတဲ့ကျန်းမာရေးပြဿနာမှန်သမျှကို ပြောပြထားပေးပါ။
ယခင်က ကာကွယ်ဆေးဓါတ်မတည့်ဖြစ်ခြင်းနဲ့ကာကွယ်ဆေးထိုးနှံပြီးနောက်ပိုင်း အဖျားကြီးတာ၊ တက်တာတွေဖြစ်ဖူးလားဆိုတာကိုလည်း ပြောပြပေးထားရမဲ့အပြင် ပန်းနာရင်ကြပ်၊နှလုံးရောဂါစတဲ့ နာတာရှည်ရောဂါတွေအကြောင်းလည်း ပြောပြထားပေးဖို့ လိုအပ်ပါတယ်။ဒါ့အပြင် သောက်လက်စဆေးနဲ့အားဆေးတွေအကြောင်းကိုလည်း ပြောပြထားသင့်ပါတယ်။

(၄) ကာကွယ်ဆေးမထိုးခင်မှာ ကောင်းစွာအနားယူစေပြီး ဗိုက်ပြည့်အောင်နို့တိုက်(သို့) ကျွေးမွေးထားပါ။
ကလေးငယ်က အနားရပြီး ဗိုက်ပြည့်​နေမှသာ စိတ်ကြည်လင်စွာနဲ့ မူးဝေအားနည်းခြင်းတွေမရှိဘဲ ကာကွယ်ဆေးထိုးနှံခြင်းကို ခံယူနိုင်မှာဖြစ်ပါတယ်။

(၅) သက်သောင့်သက်သာရှိတဲ့အဝတ်အစားတွေကို ဝတ်ဆင်ထားပေးပါ။
ပွရောင်းပြီး သက်သောင့်သက်သာရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားပေးမှသာ ကလေးလည်းနေရတာသက်သာတဲ့အပြင် ကာကွယ်ဆေးထိုးနှံရာမှာလည်း လွယ်ကူစေမှာဖြစ်ပါတယ်။ ဒါ့အပြင် လက်မောင်းမှာဆေးထိုးဖို့အတွက် အင်္ကျီလက်ပင့်တင်တဲ့နေရာမှာ ခက်ခဲနေတာမျိုးတွေမဖြစ်အောင်၊ကာကွယ်ဆေးထိုးနှံထားတဲ့နေရာမှာ ကလေးငယ်အနေနဲ့ အဝတ်နဲ့ထိတွေ့မှုကြောင့် အရေပြားယားယံတာ၊ နာကျင်တာနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရတာတွေမဖြစ်ရလေအောင် လက်ပြတ်ဝတ်ဆင်ပေးထားဖို့ အကြံပြုလိုပါတယ်။

(၆) မကြောက်လန့်စေအောင် ကြိုတင်ပြောပြထားပေးပါ။
မိဘတွေကိုယ်တိုင်က စိတ်လှုပ်ရှားနေတာမျိုးမဖြစ်ဘဲ စိတ်တည်ငြိမ်စွာနဲ့ ကလေးတွေကို ကာကွယ်ဆေးထိုးနှံနိုင်အောင် ချော့မော့ပြောပြထားပေးဖို့ အရေးကြီးပါတယ်။

ဒီအချက်လေးတွေကို ရင်သွေးလေးတွေကာကွယ်ဆေးမထိုးနှံခင်မှာ ဖေဖေမေမေတို့အနေနဲ့ လိုက်နာပြင်ဆင်ထားမယ်ဆိုရင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းစဉ်က စိုးရိမ်ပူပန်စရာမရှိလဲ အဆင်ပြေချော့မွေစွာနဲ့ပြီးဆုံးနိုင်မှာဖြစ်ပါတယ်။ 💚✨

ယနေ့ ဖေဖော်ဝါရီလ၁၂ရက်နေ့မှာကျရောက်တဲ့ (၇၉)မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို ဒေါက်တာဗက်ဆင်းမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ✨
12/02/2026

ယနေ့ ဖေဖော်ဝါရီလ၁၂ရက်နေ့မှာကျရောက်တဲ့ (၇၉)မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို ဒေါက်တာဗက်ဆင်းမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ✨

Hand, Foot and Mouth Disease ဆိုတာ ၁၀နှစ်အောက် ကလေးငယ်လေးတွေမှာ အဖြစ်များတဲ့ ဗိုင်းရပ်ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်မ...
11/02/2026

Hand, Foot and Mouth Disease ဆိုတာ ၁၀နှစ်အောက် ကလေးငယ်လေးတွေမှာ အဖြစ်များတဲ့ ဗိုင်းရပ်ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။
ရောဂါပိုးရှိတဲ့ကလေးငယ်ကနေတစ်ဆင့် အခြားကလေးငယ်ဆီကို ကူးစက်တတ်တာကြောင့် မူကြို၊ နေ့ကလေးထိန်းကျောင်းတွေမှာ အများဆုံးကူးစက်တတ်ပါတယ်။

➡️ရောဂါပိုးကူးစက်ခံရပြီး သုံးရက်ကနေခြောက်ရက်အကြာမှာ ရောဂါလက္ခဏာတွေစတင်ပေါ်လာတတ်ပါတယ်။

➡️ကလေးငယ်က အစောပိုင်းရက်တွေမှာ ဖျားနာခြင်း၊ လည်ပင်းနာခြင်း၊ အစားမဝင်တော့ခြင်းနဲ့ မအီမသာဖြစ်ခြင်းတွေကို ခံစားရတတ်ပါတယ်။

➡️ဖျားပြီးတစ်ရက်နှစ်ရက်အတွင်းမှာတင် လျှာ၊ သွားဖုံး၊ အာခေါင်နဲ့ ပါးစပ်အတွင်းပိုင်းတွေမှာ အရည်ကြည်ဖုအနာတွေ စတင်ပေါက်လာတတ်ပါတယ်။

➡️လက်၊ ခြေထောက်နဲ့ တင်ပါးတွေမှာ အနီပြင်တွေထလာတတ်ပြီး တစ်ခါတရံအရည်ကြည်ဖုတွေလည်းဖြစ်တတ်ပါတယ်။

HFMDရောဂါမှာ အများဆုံးကူးစက်တတ်တဲ့ဗိုင်းရပ်စ်ပိုးက အမေရိကန်နိုင်ငံမှာဆိုရင် Coxsackievirus A16ဖြစ်ပြီး အရှေ့တောင်အာရှမှာဆိုရင် Enterovirus 71 ဗိုင်းရပ်စ်ကြောင့် အဖြစ်များတတ်ပါတယ်။

ဒီကူးစက်ဗိုင်းရပ်စ်ပိုး၂မျိုးထဲမှာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာဖြစ်တတ်တဲ့ Enterovirus 71က ပိုပြီးရောဂါပြင်းထန်တတ်ပါတယ်။🦠
အသက်၅နှစ်အောက်အရွယ်ကလေးတွေမှာ အများဆုံးကူးစက်တတ်ပြီး ပါးစပ်ကနေတစ်ဆင့်အဓိကကူးစက်တတ်ပါတယ်။

ရောဂါပိုးရှိသူရဲ့
-နှာရည်၊ နှပ်ချေး (သို့) အာခေါင်မှထွက်သောအရည်များ
-တံတွေး
-အရည်ကြည်ဖုမှထွက်သောအရည်များ
-မစင်နဲ့
-နှာချေချောင်းဆိုးလိုက်တဲ့အချိန် လေထဲသို့ရောက်သွားတဲ့ အမှုန်တွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။

HFMD ရောဂါရဲ့ အဓိကနောက်ဆက်တွဲဆိုးကျိုးကတော့ ရေဓါတ်ခမ်းခြောက်ခြင်း(Dehydration)ဖြစ်ပါတယ်။
ပါးစပ်နဲ့ အာခေါင်အတွင်းပိုင်းကအနာတွေကြောင့် ကလေးငယ်မှာစားမဝင်သောက်မဝင်ဖြစ်တတ်ပြီး ခန္ဓာကိုယ်ကအရည်သောက်သုံးတာထက် ရေဓါတ်ဆုံးရှုံးမှုကပိုများနေတတ်ပါတယ်။

ဒါကြောင့် ကလေးငယ်ဖျားပြီးမအီမသာဖြစ်နေရင်တောင်မှ ရေဓါတ်ဝင်အောင်ဂရုစိုက်တိုက်ပေးသင့်ပါတယ်။

အများအားဖြင့် HFMDရောဂါမှာ ဆိုးဝါးပြင်းထန်တဲ့နောက်ဆက်တွဲရောဂါတွေမဖြစ်တတ်ပေမဲ့ အလွန့်အလွန်နည်းပါးတဲ့လူတွေမှာသာ ဦးနှောက်ရောင်ရောဂါ(Encephalitis)နဲ့ ဦးနှောက်အမြှေးရောင်ရောဂါ(Viral meningitis)တွေ ဖြစ်နိုင်ပါတယ်။

HFMD ရောဂါကို ကာကွယ်ဖို့အတွက်-
🟢လက်ကိုမကြာခဏစနစ်တကျဆေးကြောပေးပါ။
🟢ကလေးငယ်တွေကို တစ်ကိုယ်ရည်သန့်ရှင်းမှုရှိအောင်သင်ကြားပေးပါ။
🟢မူကြိုနဲ့ ကျောင်းတွေမှာ ပိုးသတ်ခြင်းလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပေးပါ။
🟢ဖျားနေတဲ့ကလေးငယ်တွေကို ကျောင်းမလွှတ်ပါနဲ့။

ဒါ့အပြင် ကလေးငယ်လေးတွေကို ရောဂါပိုးမကူးစက်နိုင်အောင်အတွက် ကာကွယ်ဆေးလည်းထိုးနှံထားနိုင်ပါတယ်။

ကာကွယ်ဆေးကို အသက်၆လမှ၅နှစ်အတွင်းကလေးငယ်တွေမှာ ပထမအကြိမ်ထိုးနှံပြီး နောက်တစ်လအကြာမှာ ဒုတိယအကြိမ်အနေနဲ့စုစုပေါင်း၂ကြိမ်တိတိ ထိုးနှံရမှာဖြစ်ပါတယ်။✅

အရည်အသွေးပြည့်ဝပြီး စိတ်ချရတဲ့ကာကွယ်ဆေးကိုသာ ကလေးငယ်အတွက်ထိုးနှံပေးချင်တယ်ဆိုရင်တော့ ဒေါက်တာဗက်ဆင်းဆေးခန်းကိုသာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်။ ✨

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ ပြည်ထောင်စုနေ့ရုံးပိတ်ရက်ဖြစ်တာကြောင့် ဒေါက်တာဗက်ဆင်းဆေးခန်းတစ်ရက်ပိတ်မည်ဖြစ်ပါကြောင်း ပြောကြားလ...
10/02/2026

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ ပြည်ထောင်စုနေ့ရုံးပိတ်ရက်ဖြစ်တာကြောင့် ဒေါက်တာဗက်ဆင်းဆေးခန်းတစ်ရက်ပိတ်မည်ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်ရှင်။ 💚😇

စက်ရုံ၊ ကုမ္ပဏီ၊ ကျောင်း၊ ဆေးရုံ၊ ပုဂ္ဂလိကအဖွဲ့အစည်း၊ စီးပွါးရေးအသင်းအဖွဲ့တွေအနေနဲ့ အဖွဲ့သားတွေရဲ့ကျန်းမာရေးကောင်းမွန်အေ...
06/02/2026

စက်ရုံ၊ ကုမ္ပဏီ၊ ကျောင်း၊ ဆေးရုံ၊ ပုဂ္ဂလိကအဖွဲ့အစည်း၊ စီးပွါးရေးအသင်းအဖွဲ့တွေအနေနဲ့ အဖွဲ့သားတွေရဲ့ကျန်းမာရေးကောင်းမွန်အောင် ဂရုစိုက်ကာကွယ်ထားပေးဖို့ အရေးကြီးပါတယ်နော်…⚠️

ဒီနေ့ခေတ်မှာ ကူးစက်ရောဂါတွေက ပိုပြီးမြန်မြန်ဆန်ဆန်ကူးစက်ပြန့်ပွါးလာလျက်ရှိတာကြောင့် လုပ်ငန်းခွင်နဲ့ လူစုဝေးရာနေရာတွေမှာ အချိန်ကုန်ရတဲ့သူတွေအနေနဲ့ ကာကွယ်ဆေးထိုးနှံထားဖို့ လိုအပ်ပါတယ်။❗️
�အသင်းအဖွဲ့အလိုက်ကာကွယ်ဆေးထိုးနှံတော့မယ်ဆိုရင် စျေးနှုန်းတိကျမှန်ကန်ပြီး ဘေးကင်းယုံကြည်ရတဲ့ ဒေါက်တာဗက်ဆင်းကာကွယ်ဆေးထိုးဆေးခန်းကိုသာ စိတ်ချလက်ချ ရွေးချယ်လိုက်ဖို့ အကြံပြုလိုပါတယ်နော်။✨✅

နွေးထွေးပျူငှါတဲ့ ဝန်ဆောင်မှုနဲ့ အရည်အသွေးမီတဲ့ကာကွယ်ဆေးတွေထိုးနှံနိုင်တဲ့နေရာ…ဒေါက်တာဗက်ဆင်းဆေးခန်းပါ။ 💚

Address

(Shwe Bargayar Condo) No. 127, 7A, Bargayar Road, Near Chin Baptist Mission Center, Sanchaung
Yangon
11111

Opening Hours

Tuesday 09:00 - 12:00
13:00 - 17:00
Wednesday 09:00 - 12:00
13:00 - 17:00
Thursday 09:00 - 12:00
13:00 - 17:00
Friday 09:00 - 12:00
13:00 - 17:00
Saturday 09:00 - 12:00
13:00 - 17:00
Sunday 09:00 - 12:00
13:00 - 17:00

Telephone

+959408552233

Website

Alerts

Be the first to know and let us send you an email when ဒေါက်တာ ဗက်ဆင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဒေါက်တာ ဗက်ဆင်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram