Star Med Company Limited

Star Med Company Limited Star Med is one of the leading distribution company of medical equipments and instruments where you can get quality healthcare products with affordable price.

21/01/2026

📢 𝐖𝐞 𝐀𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠 📢

💁‍♀️လုပ်ငန်းတိုးချဲ့ရန်အတွက် အရည်အချင်းရှိပြီး တက်ကြွတဲ့ လူငယ်များအား 𝐒𝐭𝐚𝐫 𝐌𝐞𝐝 𝐂𝐨.,𝐋𝐭𝐝 မှ အမြန်လိုအပ်လျှက်ရှိပါသည် 💁‍♀️

✴️Area Sale Manager - 1 Post (Yangon)

✴️Regulatory Affair Officer - 1 Post (NPT Prefer)

✴️Product Executive - 1 Post (Yangon)

✴️Business Development Executive - 1 Post (Yangon)

✴️Medical Sale Representative Supervisor - 1 Post (Yangon)

✴️Sale Representative Supervisor - 1 Post (Yangon)

✴️Medical Representative - 1 Post (Yangon)

✴️Video Editor - 1 Post (Yangon)

✴️Digital Marketing Sr. Executive - 1 Post (Yangon)

✴️Jr. Graphic Designer - 1 Post (Yangon)

📩လျှောက်ထားရန်

🔔စိတ်ပါဝင်စားသူများအနေဖြင့် မိမိ၏ ကိုယ်ရေးအချက်အလက်(Cv Form) ကို -

📧Email - hr.manager@starzonetravel.com
📱Viber - 09 262944849 / 09 972404090 ပေးပို့၍ လျှောက်ထားနိုင်ပါသည်။

🏭Industry - Pharmaceutical & Medical Supplies
⏱️Working Hours - 9am to 5:30pm
📅Working Days - Mon to Fri (Sat/half)
✂️Off Days - Sunday and Public holidays

🏢Yangon Head Office
𝐍𝐨.𝟑𝟏𝟑/𝐁, 𝐌𝐲𝐚 𝐍𝐚𝐧𝐝𝐚𝐫 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐚𝐮𝐤 𝐇𝐭𝐚𝐰, 𝐘𝐚𝐧𝐤𝐢𝐧 𝐓𝐬𝐩, 𝐘𝐚𝐧𝐠𝐨𝐧

🏢Mandalay Branch
No 116/117, 43rd A st,Bet; 61st x 62nd st,Mahar Aung Myay (East) Tsp,Mandalay

20/01/2026

🎗️မေတ္တာတွေ ဝေမျှရင်း အားလုံးတူတူ ပြုံးပျော်ခဲ့ကြတဲ့ မိဘမဲ့ကျောင်း အလှူဒါနလေး🎗️

🌟အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေဖြစ်တဲ့ ကလေးငယ်တွေအတွက် Star Med ကုမ္ပဏီ မှ CSR လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပြီး ကလေးတွေအတွက် လိုအပ်တာလေးတွေ ဖြည့်ဆည်းလှူဒါန်းရင်း ပီတီတွေနဲ့အတူ CSR ခရီးစဉ်လေးဟာ အောင်အောင်မြင်မြင်ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

🤗နောင်လာမယ့်နှစ်တွေမှာလည်း ဒီထက်ပိုပြီး လှူဒါန်းနိုင်အောင် ကြိုးစားသွားပါမယ်လို့ ဆန္ဒပြုရင်း အားလုံးတူတူပြုံးပျော်နိုင်ဖို့ အမှတ်တရ ပုံရိပ်လေးတွေကိုပါ မျှဝေပေးလိုက်ပါတယ်။

🇲🇲(၇၈)ကြိမ်မြောက် လွတ်လပ်ရေးနေ့🇲🇲၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သော လွတ်လပ်ရေးနေ့အား တိုင်းရင်းသားညီအစ်ကို မေ...
04/01/2026

🇲🇲(၇၈)ကြိမ်မြောက် လွတ်လပ်ရေးနေ့🇲🇲

၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သော လွတ်လပ်ရေးနေ့အား တိုင်းရင်းသားညီအစ်ကို မောင်နှမများ နှင့်အတူ Star Med မိသားစုမှလည်း ဂုဏ်ပြုကြိုဆို အပ်ပါသည်။

လွတ်လပ်ရေး၏ အနှစ်သာရကို တန်ဖိုးထားပြီး မိမိတို့နိုင်ငံတော် ငြိမ်းချမ်းသာယာရေးအတွက် အတူတကွ လက်တွဲကြိုးပမ်းကြပါစို့..

“Happy New Year 2026!🎉🧨နှစ်သစ်မှာ စိတ်သစ်၊လူသစ် နဲ့ လုပ်သမျှ အရာအားလုံး အဆင်ပြေချောမွေ့ပြီး အောင်မြင်မှု အသစ်တွေနဲ့အတူ အ...
31/12/2025

“Happy New Year 2026!🎉

🧨နှစ်သစ်မှာ စိတ်သစ်၊လူသစ် နဲ့ လုပ်သမျှ အရာအားလုံး အဆင်ပြေချောမွေ့ပြီး အောင်မြင်မှု အသစ်တွေနဲ့အတူ အပြုံးပန်းများ ဝေဆာနိုင်ကြပါစေ.🧨

💝အားလုံးပဲ ပျော်ရွင်စရာ နှစ်သစ်လေး ဖြစ်ပါစေဗျာ💝

27/12/2025

🎄𝙈𝙚𝙧𝙧𝙮 𝘾𝙝𝙧𝙞𝙨𝙩𝙢𝙖𝙨 & 𝙔𝙚𝙖𝙧 𝙀𝙣𝙙 𝙋𝙖𝙧𝙩𝙮🎄

Star Zone & Star Med မိသားစုရဲ့ ခရစ္စမတ်ပါတီ အမှတ်တရ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

"Celebrating a year of hard work and big wins. 🥂"

☕️ ကော်ဖီအသောက်များနေရင် ဒီအချက်တွေကို သတိထားပါ..ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ တစ်ယောက်နဲ့ တစ်ယောက် ကဖိန်းဓာတ်ကို လက်ခံန...
26/12/2025

☕️ ကော်ဖီအသောက်များနေရင် ဒီအချက်တွေကို သတိထားပါ..

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ တစ်ယောက်နဲ့ တစ်ယောက် ကဖိန်းဓာတ်ကို လက်ခံနိုင်တဲ့ ပမာဏချင်း မတူညီကြပါဘူး။ ကဖိန်းဓာတ်က စိတ်ကို လန်းဆန်းစေတာ မှန်ပေမယ့် ခန္ဓာကိုယ်ရဲ့ လက်ခံနိုင်တဲ့ ပမာဏကို ကျော်လွန်သွားတဲ့အခါ…

(၁) နှလုံးခုန်နှုန်းမြန်လာမယ်
ကော်ဖီအသောက်များသွားတဲ့အခါ နှလုံးခုန်နှုန်းကို မြန်စေပြီး အကြောင်းအရင်းမရှိပဲ ရင်တုန်တာ၊ လူက ဘာလုပ်လို့ လုပ်ချင်မှန်းမသိ ဂဏာမငြိမ်ဖြစ်တတ်ပါတယ်။အဲ့အခါမှာ ကော်ဖီသောက်တာ ရပ်ပြီး ရေတစ်ခွက်သောက်ပေးလိုက်ပါ။

(၂)ညဘက်အိပ်မပျော်တာမျိုး ဖြစ်လာမယ်
ကဖိန်းဓာတ်က သွေးထဲမှာ ၆နာရီကနေ ၈နာရီအထိ ကြာအောင် ရှိနေနိုင်လို့ အိပ်ခါနီးမှ ကော်ဖီသောက်လိုက်တဲ့အခါ ညဘက်အိပမပျော်တာ အိပ်ရေးမဝတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ဒီမှာ တစ်ယောက်နဲ့ တစ်ယောက် ခံနိုင်ရည်ချင်း မတူတဲ့အတွက် တစ်ချို့ကတော့ ညဘက်ကော်ဖီသောက်လည်း ကောင်းကောင်း အိပ်ပျော်နိုင်ကြပါတယ်။

(၃)ဝမ်းဗိုက်မအီမသာ ဖြစ်လာပါမယ်
ကော်ဖီက အစာအိမ်အက်ဆစ် ထွက်တာကို လှုံ့ဆောင်ပေးတာကြောင့် ရင်ပူတာ၊လေပွတာ နဲ့ အစာအိမ်အောင့်တာမျိုးတွေ ဖြစ်လာနိုင်တယ်။အထူးသဖြင့် မနက်ခင်း ဘာမှမစားဘဲ ကော်ဖီသောက်သူတွေမှာ ဒီလိုလက္ခဏာတွေ ပိုအဖြစ်များပါတယ်။

(၄)စိုးရိမ်စိတ်များပြီး အာရုံကြောစနစ် ထိခိုက်လာနိုင်ပါတယ်။
ကော်ဖီအသောက်များရင် လူက High နေပြီး စိတ်ထဲမှာ တစ်ခုခုကို စိုးရိမ်ကြောင့်ကြနေသလို ခံစားရတတ်ပါတယ်။ လက်တုန်တာမျိုးပါ ဖြစ်လာရင်တော့ ကဖိန်းဓာတ်က အာရုံကြောစနစ်ကို တစ်ခုခု ဒုက္ခပေးနေပါပြီ။

(၅)ရေဓာတ်ခမ်းခြောက်ခြင်း
ကော်ဖီက ခဏ ခဏ ဆီးသွားစေတာမို့ ခန္ဓာကိုယ်ထဲက ရေဓာတ်တွေ ဆုံးရှုံးစေတယ်။ဒါကြောင့် ကော်ဖီတစ်ခွက် သောက်ပြီး ရေတစ်ခွက်သောက်ပေးဖို့ မမေ့ပါနဲ့။

☺️ ဒီစာကို ဖတ်ပြီး ကော်ဖီကို တုံးတိ ဖြတ်လိုက်ဖို့လည်း မလိုပါဘူး။တစ်နေ့ကို ၃-၄ခွက်ထက် မပိုဘဲ ထိန်းသောက်မယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရနိုင်ပါသေးတယ်။

🥰 အပေါင်းအသင်းတွေထဲမှာ ကော်ဖီကို ရေလိုသောက်နေတဲ့သူတွေရှိလည်း ဒီစာလေးကို မျှဝေပေးလိုက်ပါဦးနော်
ုက်

🎄Merry Christmas🎄🎅သာယာအေးမြတဲ့ ဆောင်းရာသီရဲ့ ခရစ္စမတ်အချိန်အခါလေးမှာ မိသားစုနဲ့အတူ ပျော်ရွင်ဖွယ် အမှတ်တရများ ဖန်တီးနိုင်...
25/12/2025

🎄Merry Christmas🎄

🎅သာယာအေးမြတဲ့ ဆောင်းရာသီရဲ့ ခရစ္စမတ်အချိန်အခါလေးမှာ မိသားစုနဲ့အတူ ပျော်ရွင်ဖွယ် အမှတ်တရများ ဖန်တီးနိုင်ကြပါစေကြောင်း 𝐒𝐭𝐚𝐫 𝐌𝐞𝐝 မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🎅

📅ခရစ္စမတ်နေ့သည် အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့အတွက် 𝐒𝐭𝐚𝐫 𝐌𝐞𝐝၏ရုံးများအားလုံး တစ်ရက်ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ကရင်နှစ်သစ်ကူးဆုတောင်း👏👏🙆‍♀️ကရင်တိုင်းရင်းသားတို့၏ နှစ်သစ်ကူး အချိန်အခါသမယမှာ ကောင်းခြင်း မင်္ဂလာအပေါင်း နှင့် ပြည့်စုံက...
19/12/2025

ကရင်နှစ်သစ်ကူးဆုတောင်း👏👏

🙆‍♀️ကရင်တိုင်းရင်းသားတို့၏ နှစ်သစ်ကူး အချိန်အခါသမယမှာ ကောင်းခြင်း မင်္ဂလာအပေါင်း နှင့် ပြည့်စုံကြပါစေကြောင်း Star Med မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

🤗ကရင်နှစ်သစ်ကူးနေ့သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သောကြောင့် ယနေ့ (19.12.25)ရက်နေ့တွင် Star Med၏ ရုံးများအားလုံး ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။🤗

#ကရင်နှစ်သစ်ကူး

🫀ဆောင်းတွင်းမှာ အဖြစ်များတဲ့ နှလုံးရောဂါ နှင့် Heart Attack အန္တရာယ်🫀⛄ဆောင်းရာသီဟာ သာယာပြီး လှပတယ်ဆိုပေမယ့် နှလုံးရောဂါ ...
18/12/2025

🫀ဆောင်းတွင်းမှာ အဖြစ်များတဲ့ နှလုံးရောဂါ နှင့် Heart Attack အန္တရာယ်🫀

⛄ဆောင်းရာသီဟာ သာယာပြီး လှပတယ်ဆိုပေမယ့် နှလုံးရောဂါ အပါအဝင် နာတာရှည်ရောဂါတွေ အဖြစ်များဆုံး ကာလလို့ ဆိုနိုင်ပါတယ်။

✳️ဆောင်းရာသီရဲ့ အအေးဓာတ်ကြောင့် အပူချိန်ကျသွားတဲ့အခါ နှလုံးသွေးကြောကျဉ်းခြင်းကို ပိုဖြစ်လွယ်စေပြီး အဲ့အခါမှာ နဂို နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူတွေ အနေနဲ့ သွေးတိုးပြီး Heart Attack ရလွယ် သွားတာပါ။

နောက်ပြီး ဆောင်းတွင်းမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေး နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကလည်း နှလုံးကို ဝန်ပိစေတာကြောင့် လူက မောဟိုက်တာ မျိုးတွေ ဖြစ်တတ်သလို
အအေးဓာတ်ကြောင့် အိမ်ထဲမှာပဲ ကွေးနေတာ၊ လှုပ်ရှားမှု မရှိတာတွေကလည်း နှလုံးရောဂါကို အမြစ်တွယ်စေပါတယ်။

💥ဒါဆို ဘယ်လိုကာကွယ်ကြမလဲ?

-ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။အိမ်တွင်းလေ့ကျင့်ခန်း အပျော့စားလေးတွေ လုပ်ပေးနိုင်ပါတယ်။

-ရေများများသောက်ပါ။အေးနေတာကြောင့် ဆောင်းတွင်းမှာ ရေသောက်ဖို့ မေ့နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

- နွေးထွေးစွာ ဝတ်ဆင်ပါ။

- ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အာဟာရဓာတ်တွေကို မျှတစုံလင်စွာ စားသောက်ပါ။

- ဆေးလိပ် နှင့် အရက်ကို ရှောင်ပါ။

- နှလုံးရောဂါ လက္ခဏာတွေဖြစ်တဲ့ ဘယ်ဘက် ရင်အုံက တင်းကျပ်ပြီး အောင့်နေတာ၊မောတာ၊ မူးဝေ ပျို့အန်တာမျိုးတွေ ဖြစ်လာရင် ဆရာဝန် နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

ဆောင်းရာသီဟာ ကိုယ့်ရဲ့ နှလုံးကျန်းမာရေးကိုလည်း အထူးသတိထားရမယ့် ရာသီပါ။ချစ်ရတဲ့သူတွေနဲ့အတူ နွေးထွေးတဲ့ဆောင်းရာသီကို ကျန်းမာစွာ ဖြတ်သန်းနိုင်ကြပါစေ….

❗️ 𝐖𝐞 𝐀𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠 ❗️လုပ်ငန်းချဲ့ထွင်တဲ့အနေနဲ့ Star Med Company Limited မှာ အောက်ပါရာထူးလေးတွေ ထမ်မံခေါ်ယူနေပါတယ်။စိန်ခေါ်...
12/12/2025

❗️ 𝐖𝐞 𝐀𝐫𝐞 𝐇𝐢𝐫𝐢𝐧𝐠 ❗️

လုပ်ငန်းချဲ့ထွင်တဲ့အနေနဲ့ Star Med Company Limited မှာ အောက်ပါရာထူးလေးတွေ ထမ်မံခေါ်ယူနေပါတယ်။စိန်ခေါ်မှု အသစ်တွေ နဲ့ အတွေ့အကြုံ ကောင်းတွေ ရရှိဖို့ အမြန်ဆုံးလာ Join လိုက်တော့ နော်..

🔸Operation In Charge (Delivery) – 1 Post (Mandalay)

🔸Warehouse Assistant – 1 Post (Mandalay)

🔸MSR Supervisor – 1 Post (Yangon)

🔸Medical Representative – 1 Post (Yangon)

🔸Delivery Staff – 2 Post (Yangon)

🔸Driver - 1 Post (Mandalay)

👉မိမိ နဲ့ ကိုက်ညီမယ့် ရာထူးတွေ့ပါက
Email - 𝐡𝐫.𝐦𝐚𝐧𝐚𝐠𝐞𝐫@𝐬𝐭𝐚𝐫𝐳𝐨𝐧𝐞𝐭𝐫𝐚𝐯𝐞𝐥𝐬.𝐜𝐨𝐦 နှင့်
Viber No - 𝟎𝟗𝟐𝟔𝟐𝟗𝟒𝟒𝟖𝟗𝟒 / 𝟎𝟗𝟗𝟕𝟐𝟒𝟎𝟒𝟎𝟗𝟎 သို့ 𝐂𝐕 𝐟𝐨𝐫𝐦 ပေးပို့၍ လျှောက်ထားနိုင်ပါပြီ။

🏭Industry - Pharmaceutical & Medical Supplies
⏱️Working Hours - 9am to 5:30pm
📅Working Days - Mon to Fri (Sat/half)
✂️Off Days - Sunday and Public holidays

🏢𝐘𝐚𝐧𝐠𝐨𝐧 𝐇𝐞𝐚𝐝 𝐎𝐟𝐟𝐢𝐜𝐞
𝐍𝐨.𝟑𝟏𝟑/𝐁, 𝐌𝐲𝐚 𝐍𝐚𝐧𝐝𝐚𝐫 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐚𝐮𝐤 𝐇𝐭𝐚𝐰, 𝐘𝐚𝐧𝐤𝐢𝐧 𝐓𝐬𝐩, 𝐘𝐚𝐧𝐠𝐨𝐧

🏢𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡
𝐍𝐨 𝟏𝟏𝟔/𝟏𝟏𝟕, 𝟒𝟑𝐫𝐝 𝐀 𝐬𝐭,𝐁𝐞𝐭; 𝟔𝟏𝐬𝐭 𝐱 𝟔𝟐𝐧𝐝 𝐬𝐭,𝐌𝐚𝐡𝐚𝐫 𝐀𝐮𝐧𝐠 𝐌𝐲𝐚𝐲 (𝐄𝐚𝐬𝐭) 𝐓𝐬𝐩,𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

မီးဖွင့်အိပ်တာ ဘာကောင်းလဲ💡💡💤အိပ်စက်တဲ့အခါ အများစုက မီးပိတ်အိပ်တတ်ကြတယ်ဆိုပေမယ့် လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုသလို မီးဖွင...
10/12/2025

မီးဖွင့်အိပ်တာ ဘာကောင်းလဲ💡💡

💤အိပ်စက်တဲ့အခါ အများစုက မီးပိတ်အိပ်တတ်ကြတယ်ဆိုပေမယ့် လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုသလို မီးဖွင့်မှ အိပ်ပျော်တဲ့သူတွေလည်း ရှိနေပြန်ပါတယ်။ လေ့လာချက်တွေအရ မီးပိတ်ပြီးအိပ်တာက ကောင်းကျိုးများစွာ ရနိုင်ပေမယ့် မီးဖွင့်ပြီးအိပ်ရင်တော့ ရေရှည်မှာ ကျန်းမာရေးအတွက် နည်းနည်းလေး ပြဿနာရှိလာနိုင်တာကို တွေ့ရတယ်။

ဘာကြောင့်လဲဆိုတော့ မီးဖွင့်ထားတဲ့အခါ အိပ်ချင်စိတ်ဖြစ်ပေါ်စေတဲ့ Melatonin ဟော်မုန်းဓာတ်ကို အလင်းရောင်က အဟန့်အတားလုပ်လိုက်သလို ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အိပ်စက်ခြင်း လုပ်ငန်းစဉ်(Sleep Cycle)ကို ပျက်ယွင်းသွားစေပါတယ်။အလင်းရောင်ထဲမှာ မီးချောင်း၊မီးသီး၊တီဗီ၊မိုဘိုင်းဖုန်း စတဲ့ လျှပ်စစ်ပစ္စည်းတွေက ထွက်တဲ့အလင်းရောင်တွေလည်း ပါဝင်ပြီးတော့ မျက်လုံးက ဒါတွေကို ခံစားမိတဲ့အခါ Sleep Cycleကို ထိခိုက်စေပြီး အိပ်ပျော်ရ ခက်စေတာပါ။🛌🛌

ဒါ့ကြောင့် အိပ်ပျော်နေတုန်း ခဏခဏ နိုးတာ၊နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်မပျော်တာများလာတဲ့အခါကျရင် စိတ်မကြည်လင်တာ၊ခေါင်းကိုက်တာမျိုးတွေဖြစ်လာမယ်။ ရေရှည်မှာဆိုရင် ကိုယ့်ရဲ့ကျန်းမာရေးကို တစ်စုံတရာ ထိခိုက်လာနိုင်ပါတယ်။😴

ဒီတော့ မီးဖွင့်ပြီးအိပ်တာက ကိုယ့်အတွက် ဘာကောင်းကျိုးမှ မရှိဘူးလို့ပဲ ပြောရမှာပါ.

🥱ဒီလိုတွေ မဖြစ်အောင် ညအိပ်ရာမဝင်ခင် နာရီဝက်လောက် အလိုတည်းက အလင်းရောင်ထွက်စေတဲ့ Electronic Device တွေ မသုံးပါနှင့်။အိပ်စက်တဲ့အခါမှာလည်း မီးပိတ်အိပ်တတ်တဲ့ အကျင့်ကို ပြောင်းပြီး ကျင့်သုံးကြည့်ပါ။

🎈အိပ်စက်ခြင်းဟာ လူသားတိုင်းအတွက် တန်ဖိုးဖြတ်မရတဲ့ စည်းစိမ်တစ်ခုဖြစ်ပါတယ်။🎈

နေ့ရက်တိုင်း ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အလေ့အကျင့်ကောင်းတွေ မွေးမြူပါ..

29/11/2025

🎉🎉လစဉ်တိုင်း ပြုလုပ်ပေးနေကြ Team Bonding Sessionအတိုင်း ဒီလမှာလည်း Star Zone & Star Med ရဲ့ ချစ်စရာ November Born လေးတွေအတွက် အမှတ်တရ မွေးနေ့ပွဲလေး ကျင်းပ ပြုလုပ်ပေးခဲ့ပါတယ်။

ပျော်စရာ ဂိမ်းတွေများစွာလည်း ဆော့ကစားခဲ့ကြပြီး အနိုင်ရတဲ့အဖွဲ့သားများကိုလည်း ဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ပါတယ်။🎁🎁

နောက်လတွေမှာလည်း အခုလိုမျိုး ပျော်ရွှင်ကြည်နူးစရာမွေးနေ့ပွဲလေးတွေကို ကျင်းပ ပြုလုပ်ပေးသွားဦးမှာပါ..

Address

No. 313/B, Mya Nandar Street, Bauk Htaw, Yankin Tsp, Yangon. Yangon
Yangon
11131

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 12:30

Alerts

Be the first to know and let us send you an email when Star Med Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Star Med Company Limited:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram