Star Med Company Limited

Star Med Company Limited Star Med is one of the leading distribution company of medical equipments and instruments where you can get quality healthcare products with affordable price.

၂၀၂၅ ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် အာဇာနည်နေ့အား Star Med Company Limited မိသားစုမှ လေးစားစ...
19/07/2025

၂၀၂၅ ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် အာဇာနည်နေ့အား Star Med Company Limited မိသားစုမှ လေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုအပ်ပါသည်။

#အာဇာနည်နေ့
'_Day

1) 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞𝐌𝐚𝐥𝐞/ 𝐅𝐞𝐦𝐚𝐥𝐞 𝟑 𝐩𝐨𝐬𝐭 (ရန်ကုန် ၊ မန္တလေး)Salary + Allowance + Phone Bill + Transportation Allowan...
18/07/2025

1) 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐑𝐞𝐩𝐫𝐞𝐬𝐞𝐧𝐭𝐚𝐭𝐢𝐯𝐞
𝐌𝐚𝐥𝐞/ 𝐅𝐞𝐦𝐚𝐥𝐞 𝟑 𝐩𝐨𝐬𝐭
(ရန်ကုန် ၊ မန္တလေး)

Salary + Allowance + Phone Bill + Transportation Allowance.

Job Requirement
• ဘွဲ့ရရှိပြီးသူ ( သို့မဟုတ်) ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည် ။
• MR လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး 1 နှစ်အထက် ရှိရမည်။
• ဆေးရုံ ဆေးခန်းများသို့ ဝင်/ထွက် သွားလာနိုင်ပြီး သက်ဆိုင်ရာ ဆရာဝန်များနှင့် ဆွေးနွေးပေးနိုင်သူ ဖြစ်ရမည်။
• သတ်မှတ်ထားသောအရောင်း Target များကို ပြည့်မှီစေရန် Team Work နှင့် လုပ်ဆောင်နိုင်ရမည်။
• သက်ဆိုင်ရာ မြို့နယ်များသို့ ကျွမ်းကျင်စွာ သွားလာနိုင်ရမည်။

2) 𝐒𝐚𝐥𝐞𝐬 𝐒𝐮𝐩𝐞𝐫𝐯𝐢𝐬𝐨𝐫
𝐌𝐚𝐥𝐞/ 𝐅𝐞𝐦𝐚𝐥𝐞 1 𝐩𝐨𝐬𝐭 ( YGN)

Salary + Allowance + Phone Bill + Transportation Allowance.

Job Requirement
• ဘွဲ့ရရှိပြီးသူ ( သို့မဟုတ်) ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည် ။
• Medical Field တွင် Sales Supervisor ရာထူးဖြင့် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး 1 နှစ်အထက် ရှိရမည်။
• သတ်မှတ်ထားသောအရောင်း Target များကို ပြည့်မှီစေရန်နှင့် Team Member များအားသေချာစွာ ဦးဆောင်နိုင်သူဖြစ်ရမည် ။
• သက်ဆိုင်ရာ မြို့နယ်များသို့ ကျွမ်းကျင်စွာ သွားလာနိုင်ရမည်။

👉 စိတ်ဝင်စား၍ လျှောက်ထားလိုပါက မျှော်မှန်းလစာ နှင့်တကွ CV form များကို 09 – 262944894 Viber သို့မဟုတ် sumyathan.starmed@gmail.com သို့ ရုံးချိန်အတွင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

Address : No.313/B, Mya Nandar Street, Bauk Htaw, Yankin.
Working Day: Monday - Friday/Working Hour - 9:00AM - 5:30 PM (Saturday Half Day)
Benefit: Ferry Provide (Drop Point) +Allowance + Incentive + Attractive Bonus+ Social Welfare

MDY Location - No.87/2, Between 26th*27th, 77th st, Chan Aye Thar Zan Tsp, Mandalay .

#

ဝါဆိုလပြည့်နေ့ (မြန်မာသက္ကရာဇ် - ၁၃၈၇ ခုနှစ်)"သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လဝါဆို" ဗုဒ္ဓဘာသာဝင်တိုရဲ့ အလေး...
09/07/2025

ဝါဆိုလပြည့်နေ့ (မြန်မာသက္ကရာဇ် - ၁၃၈၇ ခုနှစ်)

"သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လဝါဆို"

ဗုဒ္ဓဘာသာဝင်တိုရဲ့ အလေးအမြတ်ထားရာ ဝါဆိုလပြည့်နေ့ အခါသမယမှာ ကောင်းမှုကုသိုလ်များ ဆထက်ထမ်းပိုးတိုးပွား၍ (၇) ရက်သားသမီးများအားလုံး ကိုယ်၊ စိတ်၊ နှလုံး ရွင်ပြုံးချမ်းသာကြပါစေလို့ "Star Med Company Limited မိသားစု" မှ တောင်းဆုမေတ္တာပို့သလိုက်ပါတယ်။

07/07/2025

𝐒𝐭𝐚𝐫 𝐙𝐨𝐧𝐞 𝐓𝐫𝐚𝐯𝐞𝐥𝐬 & 𝐒𝐭𝐚𝐫 𝐌𝐞𝐝 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ရဲ့ ဝန်ထမ်းလေးတွေအတွက် 𝐐𝐮𝐚𝐫𝐭𝐞𝐫 𝐄𝐧𝐝 𝐑𝐞𝐭𝐫𝐞𝐚𝐭🥳

𝐒𝐭𝐚𝐫 𝐙𝐨𝐧𝐞 𝐓𝐫𝐚𝐯𝐞𝐥𝐬 နဲ့ 𝐒𝐭𝐚𝐫 𝐌𝐞𝐝 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 မှ 𝐐𝐮𝐚𝐫𝐭𝐞𝐫 𝐄𝐧𝐝 𝐑𝐞𝐭𝐫𝐞𝐚𝐭 အနေနဲ့ ရန်ကုန်ရုံးချုပ်မှဝန်ထမ်းများနှင့်အတူ နေ့လည်စာသွားရောက်သုံးဆောင်ခဲ့ကြတဲ့ပုံရိပ်လေးတွေကို အမှတ်တရအနေဖြင့် မျှဝေပေးလိုက်ပါတယ်။

&BBQYangon

30/06/2025

🎉Happy Birthday June Born! 🎉

Star Med Company Limited မှာ ကျင်းပပြုလုပ်ပေးခဲ့တဲ့ June Born ဝန်ထမ်းများရဲ့ ပျော်စရာမွေးနေ့ပွဲ အမှတ်တရပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်! 🤩

ဇွန်လရဲ့ ပန်းလေးတွေလို လန်းဆန်းလှပတဲ့ မွေးနေ့ရှင်များအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဘဝရဲ့လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 🥳

19/06/2025

KBZ Quick Pay နဲ့လည်း Star Med မှာ လွယ်ကူစွာ ငွေပေးချေနိုင်ပါပြီ 📣📣📣

စိတ်ချယုံကြည်စွာနဲ့ ပေးချေနိုင်မယ့် ငွေလွဲနည်း အဆင့်ဆင့်ကို Video File လေးမှာ အဆုံးထိ ကြည့်ကြည့်လိုက်ရအောင်....

သိလိုတာလေးတွေရှိခဲ့ရင်လည်း Page Messenger မှာ အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

22/05/2025

Star Med ကို စိတ်ချယုံကြည်စွာနဲ့ ချစ်ခင်အားပေးကြတဲ့ ကာစတန်မာကြီးများကို ပိုမိုပြီး အကောင်းဆုံးသော ဝန်ဆောင်မှုပေးနိုင်ဖို့ရန် ရည်ရွယ်ပြီး Star Med မှာရှိတဲ့ အရောင်းဝန်ထမ်းများကို အသိပညာ ဗဟုသုတတွေမျှဝေပေးရင်း Training Session တွေပြုလုပ်ပေးနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ 🙌🥰

ရာသီတုပ်ကွေး (Influenza) ရော၊ ကိုရိုနာဗိုင်းရပ် (COVID-19) ရောဟာ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တဲ့ ဝေဒနာတွေဖြစ်ကြပြီး ...
21/05/2025

ရာသီတုပ်ကွေး (Influenza) ရော၊ ကိုရိုနာဗိုင်းရပ် (COVID-19) ရောဟာ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တဲ့ ဝေဒနာတွေဖြစ်ကြပြီး တချို့သော ပိုးကူးစက်ခံရတဲ့ လက္ခဏာတွေကလည်း ဆင်တူနေတာမို့ ယုန်ထင်ကြောင်ထင်နဲ့ သောကပွားစရာ အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။

ဒီတော့ အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တာချင်းကလည်းတူ၊ ကိုယ်ခံအားစနစ်နဲ့ ပတ်သက်တာလည်း တူနေတာကြောင့် တုပ်ကွေး (Influenza) နဲ့ ကိုရိုနာဗိုင်းရပ် (COVID-19) တွေရဲ့ တူမယောင်နဲ့ ကွဲပြားတဲ့ လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။

🦠 တုပ်ကွေးမိပြီဆိုရင်
-လည်ချောင်းနာမယ်
-ခေါင်းကိုက်မယ်
-နှာချေမယ်
-ချောင်းဆိုးမယ်
-ကြွက်သားတွေ နာကျင်မယ်
-မောပန်းနွမ်းနယ်မယ်
-ချမ်းတုန်မယ်
-ကိုယ်ပူမယ်
-နှာရည်ယို နှာပိတ်မယ်
-သီတင်းပတ် (၂) ပတ်လောက်အထိ နေလို့မကောင်းဖြစ်နေမယ်
-မအီမသာဖြစ်မယ်၊ အော့အန်မယ်
-ကိုယ်လက်ကိုက်ခဲမယ်

🦠 ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီဆိုရင်တော့
-ကိုယ်အပူချိန်မြင့်မယ် (၂ ရက် ၃ ရက်လောက်အထိ ကိုယ်အပူချိန်က မကျဘဲ ဖြစ်နေမယ်)
-ချောင်းခြောက်ဆိုးမယ်
-အသက်ရှူရခက်မယ်
-အသက်ရှူ မဝဖြစ်မယ်
-လည်ချောင်းနာမယ်
-ပင်ပန်းနွမ်းနယ်နေမယ်
-အစားအသောက်ပျက်မယ်
-အနံ့ အရသာခံစားမှု အာရုံပျက်မယ်
-ခြေချောင်းတွေမှာ ယားနာတွေ ပေါက်မယ်
-ကြွက်သားတွေ နာကျင်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

COVID-19 နဲ့ ရာသီတုပ်ကွေးကို အဓိက ခွဲခြားပေးတာက ရောဂါပျိုးချိန်နဲ့ ရောဂါကူးစက်နှုန်းလို့ WHO က ဆိုထားပါတယ်။ တုပ်ကွေးက အဖျားစတင်ပြီး ၃ ရက်ကနေ ၅ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေကို ပြသလေ့ရှိပြီးတော့ ကိုဗစ်ကတော့ ၂၄ နာရီ ကနေ ၄၈ နာရီအကြားကာလမှာတင် အဓိက လက္ခဏာတွေ ပြသမှာဖြစ်ပါတယ်။
တုပ်ကွေးပဲဖြစ်ဖြစ် ကိုဗစ်ပဲဖြစ်ဖြစ် ကိုယ်ခံအားစနစ် အားနည်းနေချိန်မှာ ဝင်လာတတ်တာမို့ ခုခံအားကောင်းအောင် နေထိုင်၊ စားသောက်သင့်ပါတယ်။


16/05/2025

Dagon Medicare Hospital မှာ ပြုလုပ်ကျင်းပခဲ့တဲ့ CME ပွဲလေးကို Star Med Company Limited ကလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ကူညီအားဖြည့်ခဲ့တဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

🔧 အလုပ်သမားနေ့ (World Labor Day) 🔧မေလ(၁)ရက်နေ့ တွင်ကျရောက်သော အလုပ်သမားနေ့ (World Labor Day) ကို 𝐒𝐭𝐚𝐫 𝐌𝐞𝐝 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞...
01/05/2025

🔧 အလုပ်သမားနေ့ (World Labor Day) 🔧

မေလ(၁)ရက်နေ့ တွင်ကျရောက်သော အလုပ်သမားနေ့ (World Labor Day) ကို 𝐒𝐭𝐚𝐫 𝐌𝐞𝐝 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 မှ လှိုက်လှဲစွာ ကြိုဆိုရင်း ကမ္ဘာတဝှမ်းမှ ရကာယ၊ဉာဏ အလုပ်သမားများအားလုံး လုံခြုံအေးချမ်းသာယာပြီး လုပ်ငန်းခွင်အသီးသီးမှာ ပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် …

၂၀၂၅ ခုနှစ်၊ မေလ (၁)ရက်၊ ကြာသာပတေးနေ့သည် အများပြည်သူရုံးပိတ်ရက် “အလုပ်သမားနေ့” ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် 𝐒𝐭𝐚𝐫 𝐌𝐞𝐝 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 ရုံးများပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်...


လျော့တွက်လို့မရတဲ့ 𝙃𝙖𝙥𝙥𝙮 𝙒𝙖𝙩𝙚𝙧 🫨မြို့ပြရဲ့ Night Life တွေမှာ ခေတ်စားနေတဲ့ 𝙃𝙖𝙥𝙥𝙮 𝙒𝙖𝙩𝙚𝙧 မှာ ဘာတွေပါလဲ? ကောင်းကျိုးဆိုးပြစ်...
25/04/2025

လျော့တွက်လို့မရတဲ့ 𝙃𝙖𝙥𝙥𝙮 𝙒𝙖𝙩𝙚𝙧 🫨

မြို့ပြရဲ့ Night Life တွေမှာ ခေတ်စားနေတဲ့ 𝙃𝙖𝙥𝙥𝙮 𝙒𝙖𝙩𝙚𝙧 မှာ ဘာတွေပါလဲ? ကောင်းကျိုးဆိုးပြစ်တွေကို ကိုယ်တိုင်က နားလည်ထားပြီးတော့ ချင့်ချိန် သုံးစွဲနိုင်ဖို့အတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်။

အားလုံးသိထားတဲ့အတိုင်း 𝙃𝙖𝙥𝙥𝙮 𝙒𝙖𝙩𝙚𝙧 ဆိုတာ အရောင်နဲ့ အနံ့မရှိတဲ့ အရည်ပါ။ အမှုန့်ထုတ်အနေနဲ့လည်း လာတတ်ပါတယ်။ ဒါကို ရေနဲ့ ဖျော်တာ၊ အချိုရည်၊ အရက် စတာတွေနဲ့ ရောပြီး သောက်ကြပါတယ်။

အများစု သေချာမသိထားတာက သူ့မှာ ကဖိန်း (Caffeine)၊ ကတ်တမင်း (Ketamine)၊ ဒိုင်ရာဇီပန် (Diazepam)၊ မီသမ်ဖက်တမင် (Methamphetamine)၊ အက်တက်စီ (Ecstasy) နဲ့ ထရာမာဒေါ (Tramadol) စတဲ့ စိတ်ကိုနှိုးကြားတက်ကြွစေတဲ့ ဓာတုပေါင်း (၆) မျိုးလောက်အထိပါဝင်ပါတယ်။

𝙃𝙖𝙥𝙥𝙮 𝙒𝙖𝙩𝙚𝙧 ကို အရှေ့တောင် အာရှ နိုင်ငံတော်တော်များများမှာ သတိပေးတားမြစ်ချက်တွေ ထုတ်ပြန်ထားပေမယ့် Night Life တွေမှာ ပေါ်ပေါ်တင်တင်နဲ့ အလွယ်တကူ ဝယ်ယူသုံးစွဲလို့ရနေပါတယ်။

𝙃𝙖𝙥𝙥𝙮 𝙒𝙖𝙩𝙚𝙧 ရဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာအနေနဲ့ကတော့ ခေါင်း ကိုက်စေမယ် ၊ ခံတွင်းပျက်စေမယ် ၊အစားအသောက် လုံး၀မစားချင်ဘူး ၊ သတိမကောင်းခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို စတင်ခံစားလာရမှာ ဖြစ်ပါတယ်။

ကြာကြာသုံးမယ် များများသုံးမယ်ဆိုရင်တော့ ပျော်ရွင်မှုရရှိဖို့အတွက် ခက်ခဲလာမယ်၊ အိပ်ပျော်ဖို့ခက်ခဲလာတဲ့အတွက်ကြောင့် ထပ်ခါထပ်ခါ သုံးစွဲမိလာရာကနေပြီးတော့ ဆေးစွဲတဲ့ပြဿနာတွေခံစားလာရပြီး စိတ်ကျန်းမာရေးပြဿနာတွေကိုပါ ခံစားလာရပါမယ်။ စိတ်ထင်ယောင်ထင်မှားဖြစ်တာတွေ ၊ စိတ်ကစဉ့်ကလျားဖြစ်တာတွေလည်း ကြုံတွေ့လာရမယ်။ ဒါ့အပြင် တချို့တွေမှာဆို ထိလည်း မသိ၊ နာလို့ နာမှန်းမသိနဲ့ ခန္ဓာကိုယ်ကလည်း မတ်မတ်မရပ်နိုင်ဘဲ ဟန်ချက်ပျက်နေတတ်ပါတယ်။ မှတ်ဉာဏ်ပြဿနာတွေနဲ့အတူ ဘာဖြစ်ခဲ့လဲဆိုတာကို မမှတ်မိတော့တာတွေလည်း ဖြစ်နိုင်ပါတယ်။

အဆိုးဆုံးဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ အသက်အန္တရယ်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်တဲ့ အတွက်သတိထားပြီး သုံးစွဲသင့်ပါတယ်။

အလွယ်တကူ ဝယ်ယူသုံးစွဲနေနိုင်တာမျိုးဖြစ်တဲ့အတွက် ကောင်းကျိုးဆိုးပြစ်တွေကို ကိုယ်တိုင်က နားလည်ထားပြီးတော့ ချင့်ချိန် သုံးစွဲနိုင်ဖို့အတွက် မျှဝေဖော်ပြပေးလိုက်ရပါတယ်။

🛑မည့်သည့်မူးယစ်ဆေးဝါးကိုမဆို အစပြုပြီး စမ်းသပ်သုံးစွဲခြင်း မပြုလုပ်သင့်ပါ 🛑


Address

No. 313/B, Mya Nandar Street, Bauk Htaw, Yankin Tsp, Yangon. Yangon
Yangon
11131

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 12:30

Alerts

Be the first to know and let us send you an email when Star Med Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Star Med Company Limited:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram