18/01/2025
ဆီးချိုရောဂါရဲ့ ရှေ့ပြေးလက္ခဏာများ ⚠⚠⚠
✅မကြာခဏဗိုက်ဆာနေခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း ✅
စားသုံးလိုက်သမျှကို ခန္ဓာကိုယ် ကစွမ်းအင်အဖြစ်ရယူနိုင်အောင် သကြားအဖြစ်ပြောင်းလဲပစ်ပါတယ်။ ထွက်လာတဲ့သကြားဓာတ်ကိုသုံးစွဲဖို့ အင်ဆူလင်ဓာတ်လိုအပ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာတော့ အင်ဆူလင်ဓာတ်ကိုမထုတ်လုပ်နိုင်တော့တာ (ဒါမှမဟုတ်) မသုံးစွဲနိုင်တော့တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင် မရတော့ပါဘူး။ဒါကြောင့်မို့ ဆီးချိုရောဂါရှိသူတွေဟာ အမြဲလိုလို ပင်ပန်းနွမ်းနယ်နေသလို ခံစားရပြီး မကြာခဏဗိုက်ဆာနေတာလည်းဖြစ်ပါတယ်။
✅ဆီးသွားများလာခြင်း၊ အမြဲလိုလိုရေဆာနေခြင်း ✅
ပုံမှန်ဆိုရင် သွေးတွင်းသကြားဓာတ်များနေတဲ့အခြေအနေမျိုးမှာ ကျောက်ကပ်တွေက ပိုလျှံတဲ့သကြားဓာတ် ကိုသွေးထဲကစစ်ထုတ်ပေးပါတယ်။ ဒါပေမဲ့ ဆီးချိုကြောင့်သွေးတွင်းသကြားဓာတ်အရမ်းတက်နေရင်တော့ ပိုအလုပ်လုပ်ဖို့လိုအပ်လာတဲ့အတွက် ဆီးခဏခဏသွားပါတယ်။ ဆီးသွားများလေ ရေဓာတ်ခန်းခြောက်လေ ဖြစ်တာမို့ သာမန်ထက်ရေပိုသောက်ဖို့လိုအပ်လာပါတော့တယ်။
✅အနာကျက်နှေးခြင်း ✅
သွေးတွင်းသကြားဓာတ်များလာခြင်းက အာရုံကြောတွေနဲ့ သွေးကြောတွေကိုလည်းထိခိုက်စေတဲ့အတွက် သွေးလည်ပတ်မှုစနစ်ကို တဖြည်းဖြည်းယိုယွင်းလာစေပါတယ်။ သာမန်ထိခိုက်ရှနာဒဏ်ရာလေးတွေတောင် အနာကျက်ဖို့ လနဲ့ချီကြာတဲ့အထိ ဆိုးရွားလာစေပါတယ်။ အနာကျက်နှေးလာတဲ့အတွက် ပြင်ပကနေလည်း ပိုးမွှားတွေပိုဝင်ရောက်လာနိုင်ပါတယ်။
✅ကိုယ်အလေးချိန်ကျသွားခြင်း ✅
ဆီးချိုဝေဒနာရှင်တွေမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့သကြားဓာတ်ကိုလိုသလိုအသုံးမပြုနိုင်တော့ပါဘူး။ စွမ်းအင်ရရှိဖို့ သကြားဓာတ်အစား သိုလှောင်ထားတဲ့အဆီဓာတ်တွေကို ဖြိုခွဲအသုံးပြုရတာကြောင့် တဖြည်းဖြည်းနဲ့ ကိုယ်အလေးချိန်ကျဆင်းသွားတာကိုတွေ့ရပါတယ်
Pharmacy