The Ears

The Ears "မွန်းကျပ်မှုတွေအတွက် . . . . .

. . . . . . The EARS for you"

Positive Affirmations Meditation ကောင်းသော စကားတွေ နဲ့ မိမိကိုယ်ကို ပြောပေးနေခြင်း နှင့် အသက်ရှုလေ့ကျင့်ခန်း တရားထိုင်ခြ...
10/11/2021

Positive Affirmations Meditation
ကောင်းသော စကားတွေ နဲ့ မိမိကိုယ်ကို ပြောပေးနေခြင်း နှင့် အသက်ရှုလေ့ကျင့်ခန်း တရားထိုင်ခြင်းတို့သည် ကျွှန်ုပ်တို့၏ စိတ်ခွန်အားကို ပိုပြီး ရရှိလာစေပြီး နေ့ရက်တိုင်းက ပိုပြီး ယုံကြည်မှုတွေ ၊ စိတ်လုံခြုံမှုတွေကို ရရှိစေပါတယ်။ မိတ်ဆွေတို့လည်း The Ears အတူတူ လုပ်ကြည့်ရအောင်နော်။
“ I have the POWER to create ALL the success and prosperity that I DESIRE.” Breathe …..
The biggest problem is that a lot of people are listening to random sleep affirmations meditation videos without realising that the vibrational frequency of the source (the persons behind the voice and vibration) is equally as important. Example: if you listen to a broke person and absorb their vibrational frequencies while you think the words are guiding you through visualization to attract more wealth or money in your life. This does not work. As everything is vibration.
Credit to Master Sri Akarshana

https://youtu.be/fPzCL6aBCKA



If you want to manifest while you sleep then you are in the right place. Our mind is most calm and vibrational frequencies are at it's highest first thing in...

Me Time💜လူတိုင်းက တစ်ချိန်ချိန်မှာ ကိုယ်စီသယ်ပိုးထားရတဲ့တာ၀န်တွေကြောင့် စိတ်ပင်ပန်း လူပင်ပန်းဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျ...
22/10/2021

Me Time
💜လူတိုင်းက တစ်ချိန်ချိန်မှာ ကိုယ်စီသယ်ပိုးထားရတဲ့တာ၀န်တွေကြောင့် စိတ်ပင်ပန်း လူပင်ပန်းဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ်တိုင် စိတ်နှင့် ခန္ဓာကိုယ် ကို သတိထားပြီး ပြန်လည် အားဖြည့် ပေးမှရှေ့ဆက်ရမဲ့ နေ့တွေအတွက်ခွန်အားတွေပြန်ဖြည့်နိုင်မှာဖြစ်ပါတယ် ။ ဒီလို ကိုယ့်ကိုကိုယ် ချစ်ခင်ပေးတဲ့ ဂရုစိုက်ပေးတဲ့ အချိနခလေးတွေကို Me Time လို့ခေါ်ပါတယ်။ Me time က လူတစ်ဦးနှင့်တစ်ဦး ပုံစံအမျိုးမျိုးမတူညီဘဲ ပြောင်းလဲနိုင်ပါတယ်။ ရေချိုးခြင်း၊ စာဖတ်ခြင်း၊ လမ်းလျှေက်ခြင်း ၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ ယောဂ လုပ်ခြင်း၊ ဆံပင် နှင့် လက်သည်း စတိုင် အသစ်ပြောင်းခြင်း၊ချည်ထိုးခြင်း၊‌ ခွေးကလေး၊ ကြောင်‌ကလေးများနှင့်‌ေဆာ့ခြင်း ၊ ခရီးထွက်ခြင်း ၊ မိမိ လုပ်ချင်သော အရာများကို အချိန်ပေးခြင်း စတာတွေအကုန်လုံးက ME Time, ကိုယ် စိတ်ပေျာ်ရာတွေလုပ်ရင်း ကိုယ့်ကိုယ်ကို အချိန်ပေးခြင်း ကိုဆိုလိုပါတယ်။

💜Why Me Time is important?

စိတ် နှင့် ခန္ဓာကိုယ် သည် အပြန်အလှန် မှီခိုပြီး ဆက်သွယ်နေတဲ့အရာဖြစ်ပါတယ်။ တစ်ခုနှင့် တစ်ခု အဆက်အသွယ် ပြတ်တောက်လာတဲ့အခါ နှစ်ခုစလုံး ပြောင်းလဲမှုတွေ ၊ဆုတ်ယုတ်မှုတွေ( ဥပမာ- ခန္ဓာကိုယ် နာကျင်မှုတွေ၊ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်တာမျိုး) ကို မြင်တွေ့ရမှာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို Me time လေးပေးပြီး ကိုယ်နဲ့စိတ်ကို connect လုပ်ဖို့ အချိန်ပေးမယ်ဆိုလျှင် သင်ကိုယ်တိုင် စိတ်ကျန်းမာ ပျော်ရွှင်နေဖို့ နေထိုင်နိုင်မဲ့ နည်းလမ်းတွေကို တွေ့ရမှာ အမှန်ပါပဲ။

💜 How to be mindful?

လူတွေက ကျွှန်တော်တို့၏ နေထိုင်မှု ပုံစံအပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ပစ္စပ္ပန်ကို မြင်ပုံခြင်းက ကွဲပြားပါတယ်။ အသက်ပြင်းပြင်း ရှုခြင်း နှင့် သတိဖြင့်နေထိုင်ခြင်းက
ခန္ဓာကိုယ်မှာ အောက်စီဂျင် ကို အပြည့်အဝ စီးဆင်းစေပြီး စိတ်ဖိစီးမှုတွေကို မသိစိတ်ထဲကနေ လျှော့ကျ‌သွားစေပြီး စိတ်ကို အနားယူမှု ဖြစ်ပေါ်လာစေပါတယ်။
ထို့အပြင် စိတ်ထဲမှာ ကိုယ်မနှစ်သက်တဲ့ အတွေးတွေလည်း ပေါ်လာတတ်ပါတယ်။ ပေါ်နေတာလေးကို ဖယ်ရှားဖို့ မလုပ်ပဲ ဘာလို့ ဒီအကြောင်းအရာက ပေါ်လာရတာလဲလို့ သေချာလေးကြည့်နေပေးပါ။ ဒီအရာက ဘယ်လိုအကျိုး‌ တွေကိုဖြစ်ဖို့ ပေါ်လာတာလဲလို့ မိမိကိုယ်လည်းမေးကြည့်ပါ။ ကိုယ်မဖြေရှင်းနိုင်တဲ့အရာတွေ ဖြစ်ခဲ့ရင်လည်း စိတ်မပင်ပန်းပါနဲ့။ အဖြေတွေ မသိပေမယ့် စိတ်ထဲကမေးခွန်းတွေကို လက်ခံလိုက်ခြင်းက ကိုယ့်အတွက်ထူးခြားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။ ရှာ‌ဖွေနေတဲ့ အဖြေတွေက တနေရာရာကနေ အမှတ်မထင် ပေါ်လာ‌တတ်ပါတယ်။
ဒါကြောင့် စိုးရိမ်ကြောင့်ကျမှုတွေကို လျော့ပါးအောင်
Me Time မှာ ပျော်ပျော်ရွှင်ရွှင် စိ‌တ်ရော လူရော အနားယူနိုင်ဖို့ကြိုးစားကြရအောင်နော်။
Credit to Direction Psychology


💕



ခွင့်လွှတ်ခြင်းနှင့် ထိုက်တန်တဲ့သူ🌹 ခွင့်လွှတ်ခြင်းဆိုတာ နှလုံးသားထဲမှာ တင်းကျပ်နေတဲ့ မိုးသားမဲမဲတိမ်တိုက်ကို ‌မေတ္တာ သေ...
10/10/2021

ခွင့်လွှတ်ခြင်းနှင့် ထိုက်တန်တဲ့သူ

🌹 ခွင့်လွှတ်ခြင်းဆိုတာ နှလုံးသားထဲမှာ တင်းကျပ်နေတဲ့ မိုးသားမဲမဲတိမ်တိုက်ကို ‌မေတ္တာ သော့နဲ့ ဖွင့်ချလိုက်သလို မိုးသားတိမ်‌တိုက်တွေကို 🌧️မိုး တွေအဖြစ် ရွာသွန်းခွင့်ပေးလိုက်သလို စာဖတ်တဲ့ မိတ်ဆွေကရော .............

လူ့အသိုင်းအဝိုင်း၏ စံသတ်မှတ်ချက်အရ မှန်တာ ဆိုရင် အသိအမှန်မပြုကြဘူး၊ မှားတာဆိုရင် လက်ညှိုး တွေ အများကြီးက မဖိတ်ခေါ်ဘဲရောက်လာကြတယ်။ ကလေးတစ်ယောက်၏ မွေးတဲ့အချိန်ကစ၍ အသက်7 နှစ်အထိ မိဘ နှင့် ပတ်ဝန်းကျင်က မသင်ဘဲ နဲ့ သူ့ မှတ်ဉာဏ်မှာ အလိုလို စွဲမှတ်ပြီးသားဖြစ်သွားခဲ့တာတွေ။ ချီးကျူးမှု ရခဲ့တဲ့သူအနည်းငယ်တော့ ရှိကောင်းရှိပါလိမ့်မယ်။

🌹အသက်အရွယ်ရလာတဲ့အခါ ဘယ်လောက်ရင့်ကျက်တယ် ဆိုပေမယ် ကလေးတစ်ယောက်၏ စရိုက်အသွင်က ပေါ်လာစမြဲမဟုတ်လား။ အကြောင်းအရာ အမျိုးမျိုး ပြောင်းလဲသွားပေမယ့် မိမိကိုယ်တိုင် တစ်ခုခု လုပ်တိုင်း အဆင်မပြေခဲ့ရင် အပြစ်တင်ခြင်းကစ မိမိကိုယ်ကို ခွင့်မလွှတ်နိုင်ဘဲ ဖြစ်နေတဲ့ တိမ်တိုက်တွေ🌫️ ရနေသေးလား။ တိမ်တိုက်တွေ အရည်ပျော်ဖို့က အပြောလွယ်သလောက် အလုပ်ကတော့ တကယ် ခက်တယ်နော်။ စာရေးသူလည်း ဒီထဲက တစ်ယောက်ပါ။ စပြီး လုပ်တဲ့အချိန်က ကြောင်တောင်တောင်နိုင်လိမ့်မယ်။ ကိုယ်က တခြားသူတွေတောင် ခွင့်လွှတ်ဖို့ကြိုးစားရသေးတာ ကျွှန်တော်တို့တွေက ခွင့်လွှတ်ဖို့ မထိုက်တန်လို့လားဟင်။

🌹ဘဝ သင်ခန်းစာတွေထဲက ဒီအလေ့ကျင့်လေးကို မိတ်ဆွေတို့ထံ ဝေမျှချင်လိုပါ။ ဒီနေ့ကစပြီး ဘာပဲ လုပ်ခဲ့လုပ်ခဲ့ အမှန်တွေပဲဖြစ်ဖြစ် အမှားတွေပဲဖြစ်ဖြစ် ခွင့်လွှတ်ခြင်း အနုပညာ ကို စတင်လေ့ကျင့်ကြရအောင်။
I truly forgive myself with compassion of love. We deserve the forgiveness.

2028 Love ဒီနေ့ကစပြီး ကျွန်တော်တို့  မိမိကိုယ်ကို မှန်ကြည့်ရင်း ဒီလို စိန်ခေါ်ကြည့်ရအောင်။ Mirror Exercise လေးလုပ်ရင်း မ...
22/09/2021

2028 Love
ဒီနေ့ကစပြီး ကျွန်တော်တို့ မိမိကိုယ်ကို မှန်ကြည့်ရင်း ဒီလို စိန်ခေါ်ကြည့်ရအောင်။ Mirror Exercise လေးလုပ်ရင်း မိမိကိုယ်ကို 2028 အချစ်တွေပေးဖို အသင့်ဖြစ်ပြီလား။ 2028ဆိုတာ 528 နဲ့ 1500 အချစ်တွေကို ပေါင်းပြီး တစ်ဦးတည်းအပိုင် ပေးထားတဲ့ self-love ကိုပြောတာပါ။ အကုန်လုံးကိုမျှဝေချစ်ပေးပြီး ကိုယ့်ကိုကိုယ်‌ေတာ့ 2028 အချစ်တွေနဲ့ အပိုင် မ ပေးမိလိုက်ဘူးဆိုရင်တော့ နှမြောစရာကြီးနော်😂။ ငါက ရုပ်ဆိုးတာ၊ သူများတွေလို မဟုတ်ဘူးဆိုတာ၊ ငါက မပြည့်စုံဘူးဆိုတာတွေကို များသောအားဖြင့် 100% နီးပါး ကျွန်တော်တို့လည်းတွေးခဲ့ပါတယ်။ အဲဒီအတွေးတွေကို ကျွန်တော်တို့အတူတူ Mirror Exercise လုပ်ရင်း 2028 အချစ်တွေကို ပေးလိုက်ကြရအောင်။ ကိုယ့်ကိုယ်ကို နူးညံ့တဲ့စကားလေးတွေ အသုံးအနှုန်းလေးတွေနဲ့ခေါ်ကြည့်လိုလည်း ရပါတယ်‌။ Let's do this challenge together!

Fear ( ကြောက်စိတ် )Fear ကြောက်စိတ် ဆိုတာ ကျွန်တော်တို့နေ့စဉ်ဘဝမှာ very common ဖြစ်နေတဲ့အရာပါဒီကြောက်စိတ်ကိုဘယ်လိုကျော်လွ...
05/09/2021

Fear ( ကြောက်စိတ် )

Fear ကြောက်စိတ် ဆိုတာ ကျွန်တော်တို့နေ့စဉ်ဘဝမှာ very common ဖြစ်နေတဲ့အရာပါ

ဒီကြောက်စိတ်ကိုဘယ်လိုကျော်လွှားမလဲ
ဒီကြောက်စိတ်ကပဲ ဘဝကို ဟိုးအဆုံးထိကျရှုံးသွားအောင်လုပ်နိုင်သလို ဒီကြောက်စိတ်ကြောင့်ပဲ
ကိုယ့်အိမ်မက်တွေကို အကောင်ထည်ဖော်နိုင်ပီး
အောင်မြင်မှု့ကိုစွမ်းဆောင်နိုင်စေတယ်

Fear ရလာပီဆိုရင် primary negative emotions တွေဖြစ်တဲ့ Loss , Anxiety and out of confident
တွေ ခံစားလာရပါမယ်

1 ) ပုံမှန်စိတ်ကနေ အကြောက်တရားစိုးမိုးသွားတဲ့အခါကျတော့ မဖြစ်သေးတာတွေကိုပဲထပ်ခါထပ်ခါတွေးတောလာပီး loss ဆုံးရှုံးမှု့ တွေကိုပဲ focus ထားလာကြတယ်အက်မှာပဲ ဘဝကပိတ်မိသွားတတ်ကြတယ် ငါတော့ သွားပါပီဒီအလုပ်သစ်က အခုထက်ပိုကောင်းပါ့မလား ငါ စီးပွါးရေးအသစ်မလုပ်ရဲဘူးစုထားတဲ့ငွေလေးတွေဆုံးရှုံးသွားရင်ဘယ်လိုလုပ်မလဲ ရင်ဆိုင်လို့ဆုံးနိမ့်ခဲ့ရင်ဆိုတဲ့ အတွေးကပိုပီးကြောက်စိတ်တိုးလာပီး အသက်ရူရတာတွေတောင် အဆင်မပြေတော့ပဲ Anxiety တဖြည်းဖြည်းရလာပါတယ်

2 ) Anxiety ဆိုတဲ့ negative emotion က မဖိတ်ခေါ်ပဲ ကိုယ့်ရဲ့မသိစိတ်ကနေကော သိစိတ်ကနေကော တချိန်လုံး ကိုယ့် brain မှာရော heart မှာရော အတွေးတွေထဲကို လွှမ်းမိုးချုပ်ကိုင်ပစ်လိုက်တယ် ကြာလာတော့လုံးဝကို control မလုပ်နိုင်ပဲ Black hole ထဲမှာပဲပိတ်မိသွားတယ်

3 ) Anxiety နောက်ဆက်တွဲအနေနဲ့ နဂိုရှိရင်းစွဲ
Confidence ပါ ပျောက်သွားပီး ကိုယ့်ကိုယ့်ကိုယ်
လုပ်နိုင်ပါ့မလား ငါမလုပ်နိုင်လောက်ဘူးဆိုပီး
လက်လျှော့အရှုံးပေးဖို့ပဲ တွေးတောနေမိတယ်
ကိုယ်ဟာဘာဆိုဘာမှမစွမ်းဆောင်နိုင်တဲ့သူအဖြစ် ကိုယ့်ကိုယ့်ကိုယ် သတ်မှတ်လိုက်ကြတယ်

ဒီကြောက်စိတ်ကြီးကို ဘယ်လိုကျော်လွှားကြမလဲ

1 ) နံပါတ်တစ်အနေနဲ့ အတွေးတွေကို သတိထားပီးကြောက်စိတ်ကနေ gain focus ထားပီး ကျော်လွှားရမှာ ဒီနေရာမှာ အရမ်းကောင်းတဲ့ quote တခု ဥပမာပေးရရင် what if I fail but what if I fly တခုခုကြောက်စိတ်ဖြစ်ပေါ်လာရင်အက်ဒီကနေ potential gain ကိုပဲတွေးရပါမယ်

2 ) ပကတိပြသာနာ ကိုလက်တွေ့ကျကျ အကောင်းဆုံးရင်ဆိုင်ဖြေရှင်းပါ

3 ) Anxiety level ကို လျှော့ချဖို့အတွက် self care / self -love activities တွေလုပ်ဖို့လိုအပ်ပါတယ်



Su***de ၏ လွတ်မြောက်ရာကျွှန်တော်တို့သည် လွတ်မြောက်မှုကို နှစ်သက်ကြသော သူများ ဖြစ်ပါသည်။ ဘယ်လောက်ပဲ စည်းကမ်းထားထား ခဏတာတေ...
01/09/2021

Su***de ၏ လွတ်မြောက်ရာ

ကျွှန်တော်တို့သည် လွတ်မြောက်မှုကို နှစ်သက်ကြသော သူများ ဖြစ်ပါသည်။ ဘယ်လောက်ပဲ စည်းကမ်းထားထား ခဏတာတော့ လွတ်လပ်ခွင့်ကို လိုချင်ကြပါသည်။ မိတ်ဆွေတို့ ရော ဘယ်လို လွတ်လပ်မှုကို လိုချင်ပါသနည်း ။ အခုတလော ကျွှန်တော် တို့သည် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကြီးမားစွာ ရင်ဆိုင်နေရပါသည် ။ Covid ၏ စမ်းသပ်ချက်ကို ရင်ဆိုင်ရင်း နှင့် Coup တော်လှန်ရေး ဟူသော စာမေးပွဲကြီးကို ဖြတ်သန်း ရင်ဆိုင်နေကြရပါသည်။ ထိုကြောင့် ကျွှန်တော်တို့၏ စိတ်အခြေနေက ဟာတာတာ၊ ရည်မှန်းချက်တွေ ပျောက် ၊ ဘဝမှာ ဘာလုပ်လို့ ဘာလုပ်ရမှန်း မသိ ၊ အဲလိုနဲ့ တချို တွေက လွတ်မြောက်မှုကို ရှာလာကြပါတယ်။

စိတ်ပိုင်းဆိုင်ရာမူမမှန်မှုများ (စိတ်ကျရောဂါ၊ စိတ်ကြွရောဂါ၊ autism ရောင်စဉ်မူမမှန်ခြင်း၊ schizophrenia၊ ကိုယ်ရည်ကိုယ်သွေးချို့ယွင်းခြင်း၊ စိုးရိမ်သောကမူမမှန်ခြင်း)၊ nihilistic ယုံကြည်ချက်များ၊ နာတာရှည်ပင်ပန်းနွမ်းနယ်ရောဂါကဲ့သို့ရုပ်ပိုင်းဆိုင်ရာချိုယွင်းမှုများနှင့် အရက်သုံးစွဲမှုပုံမမှန်ခြင်း (အရက်သုံးစွဲမှုမူမမှန်ခြင်းနှင့်ဆေးသုံးခြင်းအပါအ ၀ င်) benzodiazepines သည် အန္တရာယ်အချက်များဖြစ်သည်။ အချို့သတ်သေမှုများက စိတ်ဖိစီးမှုကြောင့် (ဥပမာငွေကြေး (သို့) ပညာရေးအခက်အခဲများ)၊ ဆက်ဆံရေးပြသနာများ (ရင်းနှီးမှုပြတ်တောက်ခြင်း (သို) ရင်းနှီးသူများသေဆုံးခြင်းကဲ့သို) သို့မဟုတ် ကျောင်းရော ၊ အိမ်မှာရော နှောင့်ယှက်ခြင်း/အနိုင်ကျင့်ခြင်း တို့သည် Su***de ၏ အတွေးတစ ရှင်သန်လာရသော သစ်ပင် အမြစ် သဖွယ် ဖြစ်လာခဲ့ ပါသည်။

အထက်ပါ အကြောင်း အရာများ သည် မိမိပတ်ဝန်းကျင် နှင့် အကျိုးသက် ရောက် မှု ကြောင့် ဖြစ်ပေါ်လာရသည် မှာ အမှန်ပါပဲ။ အဓိကအချက်မှာ ကျွန်တော်တို့သည် မိမိ၏ အုပ်ထိန်းသူများထံမှ နွေးထွေးကြင်နာမှု ၊ ချစ်ခင်မှု ၊ မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ဖို့ မသင်ကြားခဲ့ရခြင်း နှင့် ဆိုးရွားလှသော နှစ်ထပ်ကွမ်း ဘဝရုပ်ရှင်တွင် ကိုယ်တိုင် သရုပ်မဆောင်နိုင် တော့လို အရှုံးပေး လက်မြောက် ရင်းတို့ကနေ Su***de လုပ်ဖို လွတ်မြောက်ရာကို အလိုလို ဦးတည်ပြီးသား ဖြစ်သွားပါတော့သည်။

ဘဝတစ်ခု ရလာဖို့လည်း မလွယ်သလို လိုချင်သော ရည်းမှန်းချက်တွေကို တည်ဆောက်ဖို့ လည်း မလွယ်ကူပါ။ ပေးဆပ်ရတဲ့ အရင်းအနှီး တွေက များလွန်းလှပါသည်။ နေ့ရက်တိုင်း မှာ အသက်ရှင်ဖို့ မိမိကိုယ်ကို တနေ့တာ မှာ ဘယ်လို မျိုး စတင် နေလဲ ဆိုတာ သင်ကိုယ်တိုင် အခြားသော စာဖတ်သူများ ထံမျှဝေပေးစေလိုပါတယ်။ တနေ့တာ အတွက် အိပ်ရာမှ နိုးတဲ့ အချိန်ကစ၍ မိမိကိုယ်ကို အသက်ရှုနိုင်တာကို စတင်ပြီး ကျေးဇူးတင်ခြင်းကနေ စာရေးသူက နှိုးထဖြစ်ပါတယ်။ ကိစ္စ သေးသေးလေးတွေကနေ မိမိကိုယ်ကို ချီးကျူးရင်း ဆုချပါတယ်။ မိမိကိုယ်ကို တကယ် ချစ်ရဲလားလို မေးပြီး ချစ်တယ်ဆိုတဲ့ အဖြေကို ရတာနဲ့ ကိုယ်တိုင် တနေ့တာလေးကို ဘယ်လိုမျိုး စတင်ချင်လာတဲ့ စိတ်ကူးရလာမယ်ဆိုရင် Su***de ဆိုတဲ့ အတွေးလေး ကို ကိုယ်တိုင် ၁၀၀ ရာခိုင်နှုန်း တွေးဖြစ်ဖို့ နည်းပါးလာမှာပါ။ သင်ရော မိမိကိုယ်တိုင်အတွက် ဘယ်လို အတွေးမျိုးကို စတင်ချင်ပါသလဲ။

Art by

Loneliness (အထီးကျန်ခြင်း) 💧အထီးကျန်ခြင်းဆိုတာကို အနက်ဖွင့်ကြတဲ့အခါ ကိုယ့်ဘာသာသီးခြားနေတတ်တဲ့ Personality type လူအမျိုးအ...
26/08/2021

Loneliness (အထီးကျန်ခြင်း)
💧အထီးကျန်ခြင်းဆိုတာကို အနက်ဖွင့်ကြတဲ့အခါ ကိုယ့်ဘာသာသီးခြားနေတတ်တဲ့ Personality type လူအမျိုးအစားနဲ့ မတူဘူးဆိုတာ ကွဲကွဲပြားပြားသိထားသင့်ပါတယ်။
အထီးကျန်ခြင်းဆိုတာ ခံစားနေရတဲ့သူအတွက် တကယ်ကို သက်တောင့်သက်သာဖြစ်မနေပါဘူး။ ပြီးတော့အထီးကျန်ခြင်းဟာ လူတိုင်းလိုလို ခံစားဖူးတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်မှရယ်လို့ ထူးထူးခြားခြား မဟုတ်တာကြောင့် စိတ်အလွန်အမင်း ဆင်းရဲခြင်းမရှိပဲ အလျင်အမြန် Recovery လုပ်သင့်တဲ့အရာတခုပါပဲ။ ဒီနေရာမှာ သိထားသင့်တာတခုကတော့ အခြေနေတွေကြောင့် ပုံမှန်အထီးကျန်နေခြင်းမျိုးလား ? လူတွေ၊ အခြေနေတွေ ပြောင်းလဲခြင်းမရှိပါပဲ အများနဲ့၊ မိသားစုတွေနဲ့ နေထိုင်နေပါလျက် တယောက်တည်းလို့ နာတာရှည်ခံစား အထီးကျန်နေတာမျိုးလား ? ဆက်လေ့လာကြည့်ကြမယ်နော် ....

💧လူတွေဘာကြောင့် အထီးကျန်ခြင်းခံစားကြတာလဲ?
အထီးကျန်ခြင်းဟာ တခုထက်မကတဲ့အကြောင်းရင်းတွေအများကြီးကြောင့် ဖြစ်နိုင်ပေမဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့အရာလေးတွေရွေးထုတ်ပြောပြချင်ပါတယ်။
၁။ အလုပ် သို့ ကျောင်း ပြောင်းလဲလိုက်ရတဲ့အချိန်
၂။ ယခုလက်ရှိတွေ့ကြုံနေရတဲ့ Work from home အခြေအနေ
၃။ နေရာသစ်တခုဆီပြောင်းရွေ့နေထိုင်ရတဲ့အချိန်
၄။ Relationship တခုအဆုံးသတ်ပြီးတဲ့နောက်ပိုင်းအခြေအနေ
၅။ ပထမဆုံးအကြိမ် တယောက်တည်း သီးခြားနေထိုင်ရတဲ့အချိန်
၆။ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူရှိနေပါလျက် တယောက်တည်းလို့ခံစားကာ ကွဲထွက်သီးသန့်နေတတ်ချိန်
၇။ မိမိကိုယ်အရေးတယူဂရုစိုက်မှု့မခံရတဲ့အချိန်နဲ့အခြေအနေ
၈။ ငြင်းပယ်ခံရသောအခြေနေအချိန်အခါ

စတဲ့ နေရာသစ်၊ လူသစ်၊ အခြေနေသစ်တွေကို အပြောင်းအလဲရင်ဆိုင်ကြရတဲ့အခါ Lonelinessလို့ခေါ်တဲ့ အထီးကျန်ခြင်းကို စတင်ခံစားတတ်လေ့ရှိကြသလို ကိုယ့်ခံစားချက်အရင်းအမြစ်တွေပေါ်မူတည်ပြီးနာတာရှည် အထီးကျန်နေတတ်ခြင်းတွေလည်း ရှိတတ်ပါတယ်။
💧အထီးကျန်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ?
- ဝမ်းနည်းမယ်
- Empty (ဗလာ) feeling ခံစားမယ်
- စွမ်းဆောင်ရည်ပိုင်းမှာ ကျဆင်းလာမယ်( ဘာပဲလုပ်လုပ်ကိုယ့်ကိုကိုယ်စိတ်တိုင်းမကျတော့ဘူး)
- အာရုံစူးစိုက်မှု့အားနည်းလာမယ်
- Insomnia လို့ခေါ်တဲ့ အိပ်မပျော်ခြင်းကို လနဲ့ချီပြီးခံစားလာမယ်
- မိမိကိုမိမိသံသယတွေဝင်လာမယ်၊ အသုံးမကျတဲ့သူ၊ အကူညီကင်းမဲ့နေတဲ့ ခံစားချက်များ မကြာခဏခံစားလာမယ်
- စိုးရိမ်ပူပန်နေတတ်ပြီး အားငယ်လွယ်နေမယ်
- စိတ်အလိုလိုက်ပြီးနေထိုင်မိတယ် ( မလိုအပ်ပဲစျေးဝယ်ထွက်နေတာ ၊ စားတာသောက်တာ သွားတာလာတာ ကိုယ်ပိုင်စည်းမျဉ်းတွေမရှိတော့ဘူး)
- ခန္ဓာကိုယ်နွေးထွေးအောင်ကိုယ့်ကိုကိုယ်ဖန်တီးယူရာကနေစိတ်အနွေးဓာတ်ရမလား ရှာဖွေတတ်လာမယ်
- လူတွေအပေါ် အနှုတ်လက္ခဏာ ခံစားချက်မြင့်တင်လာမယ် ( ငါ့ကို မချစ်ဘူး၊ သူတို့ချည်းပဲ အပေါင်းဖော်လုပ်နေတော့တာပဲ ... )

💧အထီးကျန်ခြင်းကို စောစီးစွာ အချိန်ပေးမကုသရင် depression, anxiety နဲ့ su***de တွေအထိ ဖြစ်နိုင်တာကြောင့် ကုသကျော်လွှားပေးတတ်ဖို့ အရမ်းအရေးကြီးပါတယ်။
💧ဒါဆို အထီးကျန်ခြင်းကို ဘယ်လိုကျော်လွှားကြမလဲ ?
၁။ မိမိကိုယ်မိမိကြင်နာပေးပါ။
စိတ်ပိုင်းဆိုင်ရာ အထီးကျန်ခြင်းအတွက် မိမိကိုယ်မိမိအားပေးစကားပြောဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုကိုယ် ပြစ်တင်နေခြင်းမျိုးက အကူညီဖြစ်မနေပါဘူး။ ဖြစ်နိုင်ရင် ခံစားချက်ဆိုးတွေကို စာရွက်ပေါ် ချရေးပီး ထိုစာကို ပစ်လိုက်တာမျိုး၊ ဖျက်ဆီးတာမျိုးလုပ်ကာ နောက်တရွက်နဲ့ကိုယ့်ခံစားချက်တွေကို Positive အမြင်နဲ့ပြန်ရေးတာမျိုးက တကယ်ထိရောက်တဲ့ ကုသခြင်းတမျိုးပါပဲ ။
Self kindness အခြေနေထဲပြန်ရောက်ရှိသလိုခံစားမှု့ပြန်ပေးပါတယ်။

၂။ အိမ်ရဲ့အပြင်ဘက်ထွက်ပေးပါ။
အထီးကျန်တဲ့ခံစားချက်ထဲမှာ အိမ်တွင်းအောင်းနေရတဲ့အခြေနေတွေပေါ်လည်း မူတည်နေပြန်ပါတယ်။ အိပ်လိုက်၊စားလိုက်၊ စာဖတ်လိုက်၊ TV ကြည့်လိုက်လုပ်တာ လိုတာထက်များသွားခဲ့ရင် အလိုလိုအထီးကျန်တတ်လာပါတယ်။ အိမ်ပြင်ပက လေညှင်းရှူရှိက်တာ၊ ပန်းခြံကစားကွင်းမှာ ကလေးလေးတွေ ဆော့နေတာကိုကြည့်တာ ၊ ကြိုက်နှစ်သက်တဲ့အစားအစာကို ဆိုင်တခုခုမှာထိုင်စားလိုက်တာ၊ လမ်းလျှောက်ပြီးအိမ်ပြန်လာတာ လေးတွေ လုပ်ကြည့်သင့်ပါတယ်။

၃။ ကိုယ့်ကို လိုအပ်တဲ့သူတွေအတွက် အချိန်ပေးပါ။
အထီးကျန်တာကို တွန်းလှန်ဖို့အကောင်းဆုံးနည်းလမ်းလို့ကျွန်မက ပြောချင်ပါတယ်။ လူအားလုံးအတွက်မဟုတ်ပေမဲ့ တစုံတယောက်အတွက် သင်ဟာလိုအပ်လျက်ရှိနေပါတယ်။ တဦးတယောက်အတွက် အချိန်ပေးဖြစ်တဲ့၊ ကူညီပေးဖြစ်တဲ့အခါ သင့်ရဲ့ဦးတည်ချက်နဲ့ စိတ်ကို အပြောင်းအလဲတွေဖြစ်ပေါ်စေပါတယ်။ သူတပါးကိုကူညီရာက ကိုယ်တိုင်လည်း အရေးပါတဲ့သူဖြစ်ကြောင်းခံစားစေလာပါတယ်။ ဒါကြောင့် လိုအပ်တဲ့သူတွေအတွက် အချိန်ပေးကြည့်ပါနော်။

၄။ Social Media ပေါ်မှာ အဖြေမရှာမိပါစေနဲ့။
တိုးတက်လာတဲ့ခေတ်မှာ လူမှု့ကွန်ယက်ဟာလူတွေရဲ့စိတ်ထွက်ပေါက် ဖြစ်လာခဲ့တယ်။ လူတွေရဲ့ ဘဝမှန်က ပြင်ပမှာပဲရှိတာကြောင့် လူမှု့ကွန်ယက်ပေါ်ကနေ လူတွေအကြောင်းလေ့လာမိရင် မိမိကိုယ်မိမိ အားငယ်တာ၊ သိမ်ငယ်တာ၊ အထီးကျန်တာ၊ တပါးသူတွေကို အားကျနေတာ စတဲ့ အပြုသဘောမဆောင်တဲ့ စိတ်တွေဖြစ်စေတာမို့ သတိပြုသင့်ပါတယ်။ လူမှု့ကွန်ယက်ပေါ်က အကူညီရတယ်၊ မိတ်ဆွေကောင်းရတာရှိတတ်ပေမဲ့ အပြင်မှာ တရင်းတနှီး ပေါင်းဖော်တာလောက်တော့ ပိုမကောင်းနိုင်ပါဘူးလေဆိုတာ လက်ခံထားဖို့လိုအပ်ပါတယ်။

၅။ သူငယ်ချင်းတွေကို ကိုယ်ကအရင်ဆက်သွယ်ပါ။
အထီးကျန်ခြင်းဟာ ကိုယ့်မှရယ်လို့ ဖြစ်နေတမဟုတ်ပဲ လူတော်တော်များများလည်း ခံစားနေရကြောင်းသိရင် အံ့ဩသွားမလား ...ဒါကြောင့် ကိုယ်တိုင်အထီးကျန်နေတဲ့ခံစားချက်ကိုခံစားရင် သူငယ်ချင်းတွေကိုစဆက်သွယ်ကြည့်ပါ။ အွန်လိုင်းပေါ်ကထက် အပြင်မှာလူချင်းတွေ့ဆုံမှု့ပြုခြင်းကပိုကောင်းပါတယ်။ကိုယ်တိုင်သူတို့ဆီမသွားနိုင်ဘူးဆိုရင် သူတို့ကိုကိုယ့်ဆီဖိတ်ခေါ်ပါ။ အတူစားသောက်ပါ။ စကားတွေပြောရင်း တသားတည်းဖြစ်သွားတဲ့ခံစားချက်တွေရနိုင်ပါတယ်။
(ယခုလို Social distancing ကာလအတွက်တော့ Video call ခေါ်ပြီးစကားပြောတာလေးတွေ လုပ်နိုင်ပါတယ်)

၆။ Mentalပိုင်း Emotionalပိုင်း တတ်ကျွမ်းနားလည်သူတွေနဲ့ဆွေးနွေးရင်ဖွင့်ပါ။
နှစ်ရှည်အထီးကျန်ခြင်း၊ ပြီးတော့ အထီးကျန်ခြင်းကို ကျော်လွှားဖို့အရမ်းခက်ခဲနေရင်၊ ကြောက်ရွံ့နေရင် တတ်ကျွမ်းသူတွေရဲ့အကူအညီလိုအပ်ပါတယ်။ ကူညီတောင်းခံခြင်းဟာ အားနည်းခြင်းတရပ်မဟုတ်သလို သင့်ကိုကူညီမဲ့သူတွေရှိကြောင်းလည်း သတိရဖို့အရေးကြီးပါတယ်။ ခံစားရသူကာယကံရှင်ရဲ့ အထီးကျန်ခြင်းဆိုတာ တခဏတည်းနဲ့ မပျောက်ပျက်နိုင်တဲ့ အခြေနေမျိုးဆို အချိန်တခုယူရင်း တတ်ကျွမ်းနားလည်သူတွေနဲ့ ကျော်ဖြတ်တဲ့အခါ ပျော်ရွှင်မှု့တွေရရှိစေပါလိမ့်မယ်။



#

  Insomnia ဆိုတာက Sleep disorder ဖြစ်ခြင်း၊ အိပ်ချိန်တွေ နေ့ညလွဲမှားပြီး နေ့စဉ်ရက်ဆက် ညပိုင်းမှာ အိပ်မပျော်တော့ခြင်းပါပဲ...
13/08/2021



Insomnia ဆိုတာက Sleep disorder ဖြစ်ခြင်း၊ အိပ်ချိန်တွေ နေ့ညလွဲမှားပြီး နေ့စဉ်ရက်ဆက် ညပိုင်းမှာ အိပ်မပျော်တော့ခြင်းပါပဲ။

ဒီဖြစ်စဉ်ဟာ တစ်ညလောက်ကနေ ရက်သတ္တပတ်လောက်ရက်အနည်းငယ်အတွင်းဆိုရင် ကိစ္စမရှိပေမဲ့ လနဲ့ချီပြီး အိပ်မပျော်တာ ၊ တပတ်မှာ သုံးလေးရက် အိပ်မပျော်တာမျိုးဆိုရင်တော့ နာတာရှည်ဖြစ်ဖို့ပိုလွယ်ကူသွားတယ်လို့ ဆိုရပါမယ်။

Insomnia မှာ Primary နဲ့ Secondary ဆိုပြီး Stage ၂ခုရှိပါတယ်။Primary Insomnia က ဘဝရဲ့ အပြောင်းအလဲတခုခုအပေါ်ကနေ ဖြစ်ပေါ်လာတာကြောင့်အိပ်မပျော်ခြင်းမျိုးပါ။ ဥပမာအနေနဲ့ အရေးခင်းအခြေနေတွေကြောင့်စိတ်ပူပန်မှု့ရှိခြင်း၊ နေရာ၊ဒေသအပြောင်းအလဲကြောင့်နေသားမကျခြင်း၊ ညချိန်အလုပ်ဆက်တိုက်သွားရာကနေ အကျင့်ပါကာညဘက်အိပ်မပျော်ခြင်း စတာတွေကြောင့်ဖြစ်တတ်ပါတယ်။ Secondary Insomnia ကျတော့ Depression ဝင်လာတာ၊ အရက်၊မူးယစ်ဆေးတခုခုကြောင့်၊ medical conditionsတွေ ကြောင့်ဆေးဝါးမှီဝဲနေရတဲ့အခါ Sleep disorder ဖြစ်သွားတာမျိုးပါ။

Common sleep disorder ကိုလည်း ပုံမှန်
ပြန်ဖြစ်အောင်လုပ်ဆောင်ဖို့လိုသလို Secondary Insomnia ဖြစ်နေရင် ကာယကံရှင်ရဲ့ ကျန်းမာကြံ့ခိုင်ရေး၊ အလုပ်ပေါ် စွမ်းဆောင်နိုင်ရည် နဲ့ ဘဝစံနှုန်းသတ်မှတ်မှု့တွေကိုထိခိုက်လာနိုင်တာကြောင့် သတိပြုကာ
ကွယ်ဖို့အရေးကြီးပါတယ်။ လိုအပ်လာရင်တော့ Psychiatrist နဲ့ကုထုံးခံယူသင့်ပါတယ်။

အိပ်စက်ချိန်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ဖို့ ဘယ်လိုနည်းလမ်းလေးတွေကိုဂရုစိုက်ကြမလဲ?

✅အိပ်ချိန်၊ ထချိန်များကို စနစ်တကျ သတ်
မှတ်ပါ။
နေ့လည်၊ နေ့ခင်း အိပ်တတ်လျှင် ကြာမြင့်စွာ မအိပ်မိဖို့ သတိပြုပါ။ ညဘက်အိပ်ချိန်ကို မထိခိုက်မှသာ Sleep disorder ဖြစ်ခြင်း အခြေအနေကို ကာကွယ်ရာရောက်ပါမယ်။

✅ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပေးပါ။
ခန္ဓာကိုယ်ရဲ့ ကြွက်သားများကို ဖြေလျော့
ခြင်းဟာ ညဘက်နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို များစွာထောက်ကူပေးပါတယ်။ အိပ်ရာ
ဝင်ချိန်နှင့် အချိန်ခြားပြီးမှ လေ့ကျင့်ခန်း
လုပ်ပါ။

✅Social media
ယနေ့ခေတ်မှာ Social media နှင့် Information ဟာ ဒွန်တွဲနေတာမို့ အိပ်ရာဝင်ခါနီး Social media ပေါ်မှ အနုတ်လက္ခဏာ
ဆန်သော အရာများထက် စိတ်ကိုလန်းဆန်းစေမည့် အရာများကိုသာရှာဖွေပါ။

✅အိပ်ရာအပြင်အဆင်
ကောင်းမွန်စွာ အိပ်ပျော်နိုင်ဖို့ရန် အတွက် အိပ်
မယ့်နေရာဟာ သက်သောင့်သက်သာဖြစ်ဖို့ အရေးကြီးပါတယ်(တန်ဖိုးကြီးအသုံးအဆောင်များ သုံးစွဲရမယ်လို့ မဆိုလိုပါ)။

✅အလုပ်နှင့်ဆိုင်သောအရာများ
အိပ်ရာပေါ်မှာ အလုပ်ကိစ္စများ ဆက်မတွေးဖို့လည်း လိုအပ်ပါသေးတယ်။ လုပ်စရာ
အလုပ်တွေကို ခေါင်းထဲထည့်ထားတာထက် စာရင်းပြုစု ရေးသားခြင်းက ပို၍ထိရောက်ပါတယ်။

✅အိပ်ရာဝင်ခါနီး ရေနွေးဖြင့်ရေချိုးခြင်း၊ ကဖင်းဓာတ်ပါသော အရာများထက် နွားနို့ပူပူလေး သောက်သုံးပေးပြီး အိပ်ရာဝင်တာက
လည်း အလွန်ကောင်းပါတယ်ရှင့်။

✅ မိမိယုံကြည်သက်ဝင်ရာ ဘာသာရေးခံယူချက်တွေအပေါ် Mediation ပြုလုပ်ပြီးအိပ်စက်ခြင်းကလည်း အိပ်ပျော်ယုံသာမက စိတ်နှလုံးကြည်လင်စွာနဲ့ ပြန်လည်နိုးထစေပါတယ်။

~အပေါ်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ရင်း ကောင်းမွန်စွာအိပ်စက်နိုင်ကြပါစေ။



Grief 🥀(ဆုံးရှုံးခြင်းကြောင့်ဖြစ်လာတဲ့၀မ်းနည်းပူဆွေးခြင်း)လူတိုင်းရဲ့ဘ၀တကွေ့မှာတော့ grief လိုခေါ်တဲ့ ဆုံးရှုံးခြင်းကြောင...
24/07/2021

Grief 🥀(ဆုံးရှုံးခြင်းကြောင့်ဖြစ်လာတဲ့၀မ်းနည်းပူဆွေးခြင်း)

လူတိုင်းရဲ့ဘ၀တကွေ့မှာတော့ grief လိုခေါ်တဲ့ ဆုံးရှုံးခြင်းကြောင့်ဖြစ်လာတဲ့၀မ်းနည်းပူဆွေးမှုကိုခံစားကြရစမြဲပါ။
ကိုယ်လေးစားချစ်ရတဲ့သူတဦး၊ကိုယ့်မိသားစု၀င်၊ ကိုယ့်ချစ်သူ(သို့) အိမ်ထောင်ဖက် သေဆုံး၊ပျောက်ကွယ်သွားတဲ့အခါ၊ ဒါမှမဟုတ်လဲ ကိုယ့်ကိုစွန့်ပစ်လမ်းခွဲသွားတာမျိုးနဲ့ကြုံရရင် ၀မ်းနည်းပူဆွေးမှုခံစားရတာက သဘာ၀ဖြစ်စဉ်ပါပဲ။

🥀 Grief is universal but it is also very personal

လူတိုင်းကတော့ ဆုံးရှုံးမှုကြောင့်ကနေရလာတဲ့ ဒီ grief ကိုခံစားဖူးတော့ Grief is universal ပါပဲ။ ဒါပေမဲ့ လူအမျိုးမျိုးဆီမှာ မတူညီတဲ့ခံနိုင်ရည်တွေရှိတာကြောင့် ဒီဆုံးရှုံးမှုက ဘယ်လောက်ထိကိုယ့်အပေါ်ရိုက်ခတ်မှု (intensity) ပြင်းမလဲ၊ ဘယ်လောက်ကြာကြာ(time) ခံစားရမလဲဆိုတာတော့ကွဲပြားတတ်လို့ grief is also personal ပါ။

Grief အကြောင်းပြောကြရင် များသေားအားဖြင့် Kuber-Ross model ရဲ့ အဆင့်(phase) ၅ဆင့်ကိုဘယ်လို ဖြတ်သန်းရတယ်ဆိုတာကိုညွှန်းပြီးပြောကြပါတယ်။

အဆင့်တွေကိုရှင်းပြရရင် ပထမဆုံး ▪️Denial လာတယ်။ ငြင်းဆန်နေမိတာမျိုး။ သူမရှိတော့ဘူး၊ထွက်သွားပြီဆိုတာ မယုံကြည်၊လက်မခံချင်တာ။ နောက်တော့ ▪️Anger and Guilt - ထားသွားရက်ရလားဆိုပြီးသူကိုဒေါသထွက်သလိုဖြစ်လိုက် ဒါမှမဟုတ်လဲ ကိုယ့်ကိုယ်အပြစ်ပုံချပြီး survivor’s guilt နဲ့ ဒေါသစိတ်၀င်လာလိုက်၊ မဟုတ်ရင်လဲဘေးကလူကိုပတ်ရမ်းရန်လုပ်တာ။ ပြီးရင်တော့ ▪️Bargaining- ဘာပေးရင်သူကိုယ့်ဆီပြန်လာမလဲဆိုပြီး စျေးဆစ်ကြည့်တာ၊။နောက်တခုကတော့ ▪️Depression - စိတ်ဓါတ်ကျလာတာ။
အဒီလိုနဲ့ နောက်ဆုံးမှာတော့ ▪️Acceptance ဒီဆုံရှုံးမှုကို လက်ခံပေးလိုက်ရတာ။

ဖြတ်သန်းတဲ့နေရာမှာ အဆင့်လိုက်တိုင်း အဆင့်၁၊၂၃ဆိုပြီးအစဉ်လိုက်ဖြစ်ချင်မှလဲဖြစ်မယ် အဆင့်၃၊ ၄၊၁၊၂၊ ၅ဆိုပြီးလဲဖြစ်သွားနိုင်ပါတယ်။ လူတချို့က တချို့အဆင့်တွေ မခံစားရပဲကျော်သွားတာလဲရှိမယ်။ ဒါကြောင့် grief က တကယ့်ကို personal လို့ပြောတာပါ။

🥀 ထွက်ပေါက်ရှာရင်းနဲ့ လမ်းပျောက်သွား

မထင်မှတ်ဘဲ (သို့) ပြင်ဆင်ထားပေမဲ့လဲတကယ်တန်းရင်ဆိုင်ရတဲ့အခါမှာ များသောအားဖြင့် အရမ်းနာကျင်တာကိုခံစားရတော့ ဒီGrief ဆိုတဲ့ ခံစားချက်ကြီးဆီက ရှောင်ပြေးချင်လို့ပြေးပေါက်(escape) ရှာချင်လာပါတယ်။အစားအစာတွေအလွန်အကျွန်စားပစ်လိုက်တာမျိုး၊ အလုပ်တွေကြီးဖိလုပ်၊ တခြားကိုအာရုံလွှဲရင်းနဲ့ ခံစားချက်တွေနဲ့ဝေးရာကိုရှောင်ထွက်ကြည့်ကြပါတယ်။ ဒါမဟုတ်လဲ ခံစားချက်တွေကို “ထုံ” သွားအောင် အရက်ဆေးဝါးအကူညီယူမိတာမျိုးပေါ့။ တကယ်တမ်းကျတော့ အဲဒိအရာတွေက နာကျင်သောကတွေကို အလွှာတခုနဲ့အုပ်ရင်းဖုံးပစ်၊ပိတ်ပစ်လိုက်တဲ့သဘောပါ။ အဲဒီလိုတွေလုပ်မိတာက ပူဆွေး၀မ်းနည်းမှုလို့ခေါ်တဲ့ grief ပျောက်သွားတာ မဟုတ်ဘဲ ကိုယ်ကသူ့ကိုဖွက်ထားမိလိုက်သလိုဖြစ်သွားပါတယ်။ အဲဒီအခါ grief ကတအုံ့နွေးနွေးနဲ့ အတွင်းမှာလှိုက်စားလာပါတယ်။

🔳 ဒါဆိုရင်ဒီပူဆွေးရတဲ့ခံစားချက်ကို ဘယ်လိုရင်ဆိုင်ကိုင်တွယ်မလဲ။

🌿ခံစားချက်တွေကိုပိတ်မချပစ်ပါနဲ့။

ခံစားချက်တွေဆီက ထွက်မပြေးပါနဲ့။ Grief ကရလာတဲ့ယူကြုံးမရဖြစ်ခြင်းတွေ၊ သူ့အသံလေးပဲဖြစ်ဖြစ်ကြားရရုံ၊ဟိုး..အတိတ်ကပုံရိပ်တွေ ပြန်လိုချင်တောင့်တစိတ်တွေ၊ မိမိကိုယ်ကိုယ်အပြစ်ရှိလာသလိုခံစားချက်တွေ အစရှိတာတွေကို ကြည့်ရင်း ငါဘာကိုခံစားနေရတာလဲဆိုတာမျိုးကိုအပြင်ကနေ ကိုယ့်ကိုယ်ကို တခြားတယောက်ကြည့်နေတဲ့ ပုံစံမျိုးနဲ့ (observer view)ကြည့်ကြည့်ပါ။ ကိုယ်ကိုယ်ကိုပိုသိပြီး self-awareness ရလာအောင် ရှောင်မပြေးပဲနဲ့ တက်လာတဲ့ ခံစားချက်တွေရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြု(acknowledge) ပေးပါ။

🌿Find a way to express your grief.

When you can talk about your feelings, they become less overwhelming, less upsetting and less scary. -Fred Rogers

ကိုယ့်ဘေးနားကသူတွေကို ခံစားရတာတွေကိုပြောပြပါ။ နားထောင်ခိုင်းပါ။ အဲဒီလိုပြောပြတတ်တဲ့သူမဟုတ်လဲ Journaling လိုစာချရေးတာမျိုးလုပ်ပါ။ ဘယ်ကိုမှဖွင့်မထွက်ပဲ ခံစားချက်တွေကို က်ိုယ့်အတွင်းထဲပိတ်ထားရင် stuck ဖြစ်ပိတ်မိနေပြီးကိုယ့်ဘ၀ရဲ့ တခြားကဏ္ဌနေရာတွေပါမှာဆိုးကျိူးသက်ရောက်မှုတွေဖြစ်လာတတ်တော့ အတွင်းကကိုယ့်ခံစားချက်တွေဖော်ပြအန်ထုတ်(purge) ပေးဖို့လိုပါတယ်။ လိုအပ်ရင် Mental support group တွေနဲ့ join ပါ၊ Therapy နဲ့ counseling ခံယူပါ။

🌿အချိန်ပေးပါ။

အချိန်က အရာတိုင်းကို ကုသမပေးနိုင်ဖို့ အာမ မခံနိုင်ပေမဲ့ ခံစားချက်ဒဏ်ရာရဲ့ပြင်းထန်မှုတွေကိုတော့လျှော့ချပေးစေပါတယ်။ ကိုယ့်ကိုယ်ကိုရော ဖြစ်နေတဲ့ ခံစားချက်တွေကိုပါအချိန်ပေးပါ။ Give yourself time and walk through your emotions . .

🌿Moving forward with Grief

ပတ်၀န်းကျင်မှာပြောလေ့ပြောထ “သေသောသူ…ကြာရင်မေ့” ဆိုတဲ့စကားရှိပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်ရင် ထွက်သွားသူ၊သေဆုံးသွားသူကို တကယ်ကမေ့ပစ်စရာမလိုသလို မေ့သွားမှာလဲမဟုတ်ပါဘူး။ တကယ်တမ်းကျတော့ ကျန်ခဲ့သူတော်တော်များက ဘယ်တော့မှပြန်မလာနိုင်တော့သူနဲ့ပတ်သတ်တာတွေဘာမှမကျန်တော့မှာကြောက်လာရင်း သူနဲ့ပတ်သတ်ရင်နောက်ဆုံးလိုဖြစ်ပြီးကျန်ခဲ့တဲ့ grief ကိုပိုမိုတင်းကျပ်အောင် မသိစိတ်ကပိုဆွဲထားချင်တတ်ပါတယ်။

ဒီနေရာမှာ သတိရစေချင်တာက လူ့ဘ၀က စာအုပ်တအုပ်ဆိုရင် ကိုယ်ကသူမပါတော့တဲ့ စာမျက်နာနောက်တခန်း(chapter) တခုကိုပဲရောက်သွားတာပဲရှိပါတယ်။ ဒါပေမဲ့ သူပါ၀င်ခဲ့တဲ့ဘ၀ရဲ့ ရှေ့အခန်းစာမျက်နှာတွေမှာ သူကအမြဲရှိနေမှာပါပဲ။ memory (မှတ်ဉာဏ်ပုံရိပ်)တချို့ကိုဖျက်ချင်သလိုဖျက်နိုင်ဖို့ လူတွေမှာ “စိတ်ခဲဖျက်” မှမပါလာတာ။physical connection မရှိတော့ပေမဲ့ သူနဲ့ရှိခဲ့တဲ့ chemical connection ကအမြဲရှိနေပါတယ်။ ဒါကြောင့် မေ့ပစ်မယ် ၊သူဟာကိုယ်ဆီမှာဘာမှမကျန်ခဲ့တော့ဖူးလို့တွေးတာထက် ကိုယ့်ဘ၀ရဲ့ တစိတ်တနေရာ၊ ဒါမှမဟုတ်လဲ ဘ၀တခုနီးပါးလုံးမှာသူပါခဲ့တဲ့အတွက် သူမရှိတော့တဲ့အခါ လစ်သွားတဲ့နေရာကွပ်လပ်(empty space) ကြောင့်ဖြစ်လာတဲ့အပြောင်းအလဲ( new normal )နဲ့ ဘယ်လိုနေထိုင်မလဲက ပိုလက်တွေ့ကျပါတယ်။

💐💐ထွက်သွားတဲ့ နောက်ဆုံးအခိုက်အတန့်တွေ၊ ပုံရိပ်တွေ၊ grief တွေကနာကျင်စရာကောင်းပေမဲ့ သူနဲ့ပတ်သတ်ရင် စကားလုံးနဲ့ဖော်ပြလို့မလောက်တဲ့ ပျော်ရွှင်မှုတွေလဲကျန်ခဲ့ပါသေးတယ်။ ဥပမာသူနဲ့စသိပုံ၊ကိုယ့်ဘ၀ထဲသူစစရောက်လာတုန်းက ပျော်ရွှင်ရပုံတွေလေ။ အရာရာ အကောင်းအဆိုးဒွန်တွဲနေတဲ့လောကမို့ ကောင်းတာတွေကို ပို focus လုပ်ရင်း၊ပြန်ပြောင်းတွေးရင်းနဲ့ သူမပါတော့မဲ့ စာမျက်နှာအသစ်မှာအပြောင်းအလဲတွေကို positive view နဲ့ ရှင်သန်ပါ။ အမှောင်မိုက်ဆုံးအချိန်ရောက်လာတာဟာ အလင်းလာတော့မယ်ဆိုတာသိတဲ့မျှော်လင့်ချက်လိုပေါ့။ မျှော်လင့်ချက်အပြည့်နဲ့ ကိုယ့်ကိုယ်ကိုကြင်နာမှုအပြည့်နဲ့ရှင်သန်ပေးပါ💐💐



20/07/2021

ဆုံးရှုံးခြင်းကြောင့်ဖြစ်လာတဲ့၀မ်းနည်းပူဆွေးမှု (grief) အကြောင်းကိုရှင်းပြထားတာပါ။ နောက်ပြီး ဒီခံစားချက်ကို ဘယ်လိုကိုင်တွယ်မလဲ ၊ ဒီgrief နဲ့ဘယ်လို ရှင်သန်နေထိုင်မလဲဆိုတဲ့အကြောင်းကိုပြောပြထားပါတယ်။ 🥀

ဝေး သွား တဲ့ အခါ….



17/07/2021

📅 နောက်တပတ်ကြာသပတေးနေ့(၂၂.၀၇.၂၀၂၁) အထိ counselor ၈ယောက်လုံး fully booked ဖြစ်သွားတာမို့ booking ရက်ချိန်းက သောကြာနေ့ (၂၃.၀၇.၂၀၂၁) မှစပြီးရမယ့်အကြောင်းအသိပေးအပ်ပါတယ်ရှင်။

🌻 Appointment booking (ရက်ချိန်း) ကိုလည်း အနည်းဆုံးတရက်ကြိုယူပေးဖို့ အကြံပြုချင်ပါတယ်။

🌻Bookingတင်တာနဲ့ပတ်သက်ပြီး သိလိုတာများကိုလည်း The ears messenger မှတဆင့်အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🌻 counselor တွေဖက်က အကောင်းဆုံး၀န်ဆောင်မှုပေးချင်တဲ့အတွက်ကြောင့် အတတ်နိုင်ဆုံး ကြိုးစားပေးနေပေမဲ့ အကယ်ရျ်ချက်ခြင်းလိုချင်တဲ့ရက်ချိန်းမရခဲ့လျှင်လဲ နားလည်ပေးပါလို့ မေတ္တာရပ်ခံပါတယ်ရှင်။

စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ🌿
မေတ္တာဖြင့်
The Ears Team

🌿ဘယ်သူတွေက ဘယ်အချိန်မျိုးမှာ Counselling ခံယူသင့်ပါသလဲ ....➡️ Relationship ပြဿနာရင်ဆိုင်နေရသူများ ➡️ စိုးရိမ်စိတ်လွန်ကဲန...
16/07/2021

🌿ဘယ်သူတွေက ဘယ်အချိန်မျိုးမှာ Counselling ခံယူသင့်ပါသလဲ ....
➡️ Relationship ပြဿနာရင်ဆိုင်နေရသူများ
➡️ စိုးရိမ်စိတ်လွန်ကဲနေသောသူများ
➡️ ငယ်စဉ်က စိတ်ဒဏ်ရာ(Trauma) အပြင်းအထန်ရရှိခဲ့ဖူးသူများ
➡️ မိသားစုချင်းအိမ်တွင်းရေးအဆင်မပြေ၍ဆက်သွယ်ဆက်ဆံရေးခက်ခဲနေသူများ(မိဘ+သားသမီး၊ ခင်ပွန်း+ဇနီး)
➡️ မူးယစ်ဆေးစွဲ၊ အရက်စွဲသူများ
➡️ လူမှု့ပတ်ဝန်းကျင်ဆက်ဆံရေး အဆင်မပြေသူများ
➡️ စိတ်ကြွ၊ စိတ်ကျ ‌လက္ခဏာရပ်ခံစားသူများ
➡️ အမြဲလိုလို အထီးကျန်ခြင်းခံစားရသူများ
➡️ ချစ်ရတဲ့မိသားစုဝင်တဦးဦး၊ ချစ်ရသောသူဆုံရှူံးလိုက်ရခြင်းကြောင့် နှစ်သိမ့်အဖြေရှာမရဖြစ်နေသူများ
➡️ မိမိကိုယ်မိမိ အကောင်းမမြင်နိုင်ခြင်းကြောင့်ဝမ်းနည်းအားငယ်နေရသူများ
➡️ စိတ်ပိုင်းဆိုင်ရာ(Mental) ၊ ခံစားချက်ပိုင်းဆိုင်ရာ(Emotion) များကြောင့် စိတ်ဖိစီးမှု့ခံစားနေရသောသူများ
➡️ခွင့်မလွှတ်နိုင်ခြင်းကြောင့် နာကျည်းမုန်းတီးမှု့စိတ်ဖြင့် စိတ်၊ ခန္ဓာ၊ဝိညာဉ် ပင်ပန်းနေသူများ
➡️ လူမှု့ပတ်ဝန်းကျင်နှင့် မိသားစုတွင်း၌ ဦးစားပေးမခံရပဲငြင်းဆိုမှု့ခံရခြင်း‌ကြောင့်စိတ်အားငယ်နေသူများ
➡️ မိမိဖြစ်တည်မှု့ကြောင့် Society ကိုရင်ဆိုင်ရန်ကြောက်ရွံနေသူများ

🌿 အထက်မှာဖော်ပြခဲ့တဲ့ခံစားချက်များ တခုခုရှိနေရင် ယခု The Ears page လေးမှာ Counselling အမြန်ဆုံးခံယူဖို့ဖိတ်ခေါ်ပါတယ်ရှင်။ ‌ အရည်ချင်းပြည့်မှီတဲ့ Counselor များက ဝေဖန်မှုမပါပဲခံစားသမျှအပြည့်အဝ နားထောင်ပေးနေပါတယ်။ အသေးစိပ်သိရှိလိုပါက Messenger ကနေ မေးမြန်းလို့ရပါတယ်ရှင်။
https://www.facebook.com/theearscounseling/


ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးခြင်းက အရာရာတိုင်းပါပဲ။ မိတ်ဆွေတို့ရော.............
10/07/2021

ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးခြင်းက အရာရာတိုင်းပါပဲ။ မိတ်ဆွေတို့ရော.............





“Don’t let your mental issues empty your strength”🌿
03/07/2021

“Don’t let your mental issues empty your strength”🌿


Let’s grow happily together ❤️အချိန်နဲ့အတူ ကုန်ဆုံးပျောက်ပျယ်သွားတဲ့အထဲမှာငယ်ရွယ်နုပျိုမှုတွေ လုပ်နိုင်စွမ်းအားတွေပါသွား...
27/06/2021

Let’s grow happily together ❤️

အချိန်နဲ့အတူ ကုန်ဆုံးပျောက်ပျယ်သွားတဲ့အထဲမှာ
ငယ်ရွယ်နုပျိုမှုတွေ လုပ်နိုင်စွမ်းအားတွေပါသွားတယ်

ကိုယ့်ဘ၀အတွက်
တကယ်အရေးကြီးတဲ့အရာတွေ
တကယ်လုပ်ရမယ့်အလုပ်တွေ
တကယ်ချစ်ရမယ့် သူတွေအပေါ်မှာ
တကယ်တန်ဖိုးထားရမယ့် သူတွေအပေါ်မှာ
ဘာမှထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပဲ
ဘဝကို ကျောခိုင်းထွက်ခွါသွားတော့မှာလား

တကယ်တော့အသက်ရှင်ရမယ့်
ဘဝခရီးတိုတိုလေးမှာ
ကိုယ့်ခရီးမှာ၀န်ပိစေမယ့် အရာတွေဘာလို့များထမ်းပိုးပီး အလေးခံသယ်သွားချင်ရတာလဲ

ဒီည သင်သေမသွားဘူးလို့ ဘယ်သူများပြောနိုင်မလဲနော်

ကိုယ့်ကိုယ်ကိုချစ်ဖို့ အမြဲသတိရပေးပါ
ကိုယ့်အတွက်အရေးကြီးတာတွေလုပ်ပေးပါ
ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်ပေးပါ
အသိပညာအတွေ့ကြုံသစ်တွေရှာဖွေပါ
ကိုယ့်ကို ဆွဲချနေတဲ့ အကျိုးမရှိစေတဲ့အတွေးတွေ
တွေးမိနေရင် Acknowlege လုပ်ပီး ကိုယ့်အတွက်အကျိုးရှိစေမယ့်အတွေးနဲ့အစားထိုးပေးပါ
အသိပညာအတွေ့ကြုံတွေရှာဖွေပေးပါနော်


ရှင်သန်နိုင်ခြင်းဆိုတာ ...  ~မိမိဘဝမှာရောဘယ်လိုစကားစုလေးက စိတ်ဓာတ်ခွန်အားတွေတိုးမြှင့်ပေးလဲဆိုတာ ရေးခဲ့ပေးပါဦးနော်။
26/06/2021

ရှင်သန်နိုင်ခြင်းဆိုတာ ...

~မိမိဘဝမှာရောဘယ်လိုစကားစုလေးက စိတ်ဓာတ်ခွန်အားတွေတိုးမြှင့်ပေးလဲဆိုတာ ရေးခဲ့ပေးပါဦးနော်။


🥺I am Sorry 😔 ငါနင့်ကို လေးလေးနက်နက် တောင်းပန်ပါတယ်။စာဖတ်သူတို့ကရော တစ်စုံတစ်ယောက်ကို (သို့) မိမိကိုယ်ကိုယ်ကို တောင်းပန်...
25/06/2021

🥺I am Sorry 😔
ငါနင့်ကို လေးလေးနက်နက် တောင်းပန်ပါတယ်။

စာဖတ်သူတို့ကရော တစ်စုံတစ်ယောက်ကို (သို့) မိမိကိုယ်ကိုယ်ကို တောင်းပန်ဖို့ လိုအပ်တယ်လို့ ထင်ခဲ့ဖူးလား??
လောက၏ နိယာမတစ်ခုအရ အမှားတစ်ခုလုပ်ရင် တောင်းပန်တာဟာ ပုံမှန်ပါပဲ။ ကိုယ်ကတစ်စုံတစ်ယောက်အပေါ်ကို ပြောမှား၊ ဆိုမှား ရှိခဲ့ရင် တောင်းပန်တာလည်း ရှိသလို၊ မတောင်းပန်ဖြစ်တာလည်း ရှိပါတယ်။ ဥပမာအနေနဲ့ ကျောင်းနေရွယ် ကလေးဘဝမှာ အချင်းချင်း အ ပြောင်အလှောင်တွေ၊ စတာ၊ Bully လုပ်ခဲ့၊ လုပ်ခြင်းခံခဲ့ရ တာ တွေက ပျော်အောင်ဖြစ်ပေမယ့် တကယ်တန်း ကျွှန် တော်တို့ ၏ သိစိတ်ကော၊ မသိစိတ်ကပါ နာနာကျင်ကျင် ခံစားရတာပါ၊ Extrovert တွေက ပြန်လည်ပြီး ချေပနိုင်ပေမယ့် Introvert တွေဆို ရင်ထဲက တနုံနုံနဲ့ ပိုပြီးဆိုးရွားစွာ ခံစားရပါတယ်။

အဲဒီအဖြစ်အပျက်တွေက ကိုယ်အသက်အရွယ်ရလာတဲ့အထိ Trauma တွေ အဖြစ်ရှိနေကြပါတယ်။ အဲဒါတွေကို ခံခဲ့ရတဲ့သူတွေက မိမိကိုယ်ကို ကုသမှု (Non Healing) မလုပ်ခဲ့ရင် ကိုယ်က ထိုအဖြစ်အပျက်တွေကို မေ့နေတတ်တယ်။ ပြီးသွားခဲ့တဲ့အဖြစ်အပျက် ဆိုပေမယ့် ကျွှန်တော်တို့ ကိုယ်တိုင်မကြိုက်တဲ့အရာ၊ ပေါက်ကွဲစရာတွေ ဖြစ်လာတဲ့အခါကျ ကိုယ်မသိလိုက်ဘဲ သူ့အလိုလိုအရင်က trauma တွေက ထွက်လာပါတယ်။ အခုအချိန်ကပြီး စာဖတ်သူတို့ ကိုယ့်အရင်လုပ်ရပ်လေးတွေကို သတိထားမိခဲ့ရင် ကိုယ်က တခြားတယောက်ယောက်ကို စတာပဲဖြစ်ဖြစ်၊ မကောင်းတာလုပ်ခဲ့တာပဲဖြစ်ဖြစ် သွားပြီး တောင်းပန်ဖို့ မနှောင့်နှေးပါနဲ့။ တောင်းပန်ဖြစ်ရင် လည်း လူချင်းတွေ့တာ အကောင်းဆုံးပါ၊ လူချင်းမတောင်းပန်နိုင်ခဲ့ရင်တော့ Journalling စာရေးပြီးတောင်းပန်ပါ။ အင်တာနက်ကနေ ဖုန်းဆက်ပြီး message ပို့ပြီး တောင်းပန်ပါ။
🚫အရေးကြီးဆုံးအချက်ကတော့ ဒီအဖြစ်တွေကို အခုအချိန်ထိ သယ်လာခဲ့ပြီး ကိုယ့်ကိုယ်ကို ပင်ပန်း‌ အောင်လုပ်မိလို့မိမိကိုယ်ကို တောင်းပန်လိုက်ပါ။မိမိကိုယ်ကို တောင်းပန်တဲ့ အလေ့အကျင့်က အပြောလွယ်ပေမယ့် တကယ်ခက်ပါတယ်။ အရင်ပို့စ်မှာ မိမိကိုယ်ကို 😘ချစ်တယ်လို့ ပြောပြီးပြီဆိုရင် ဒီတစ်ခါ The Ears နဲ့ အတူတူ အဖိုးတန်လူသားလေးကို 🥺 I Am Sorry လို့ မှန်ရှေ့မှာရေရွတ်ရင်း ကိုယ့်အသည်းနှလုံးထိ မြင်အောင်ကြည့်ပြီး တောင်းပန်ဖို့ အခွင့်အရေးကို ပေးရအောင်နော်..................

‌အချစ်များစွာဖြင့်
The Ears




The Narcissistic Abuse Cycle  ⚠️Narcissist ဆိုတာဘာလဲ❓❓❓လူတိုင်းဟာကိုယ့်နည်းကိုယ့်ဟန် တကိုယ်ကောင်းဆန်ကြပေမဲ့ narcissist ဆ...
20/06/2021

The Narcissistic Abuse Cycle

⚠️Narcissist ဆိုတာဘာလဲ❓❓❓

လူတိုင်းဟာကိုယ့်နည်းကိုယ့်ဟန် တကိုယ်ကောင်းဆန်ကြပေမဲ့ narcissist ဆိုတာကတော့ အရှင်းဆုံးနဲ့ အတိုဆုံးပြောရရင် အစွန်းရောက် အတ္တမာနဝါဒီ သမားမျိုးပေါ့။ဆိုရရင် မိမိအရေးပါကြောင်းနဲ့ အောင်မြင်မှုတွေကို ပုံကြီးချဲ့ပြီး လွန်လွန်ကြူးကြူးသူ့ကိုသာအာရုံစိုက်ခံရမှုကိုလိုချင်တာ၊ တဖက်သားကို အလွန်အမင်းထိန်းချုပ်ပြီး သူတဖက်သားခံစားချက်ကို နားလည်မှု၊ ကိုယ်ချင်းစာစိတ်လုံး၀မရှိဘဲ သူ့အတွက်အကောင်းဆုံးဆိုတာလိုချင်၊ရချင်ဖြစ်နေတဲ့သူမျိုးလို့နားလည်နိုင်ပါတယ်။

တနည်းပြောရရင် သူနဲ့သူ့အတ္တ၊သူ့ဆန္ဒကိုသာ ကမ္ဘာကြီးက ဗဟိုပြုလည်ပတ်နေတာမျိုးလိုချင်သူပါ။ ဒါကလည်း Personality disorders တွေထဲက type တခုပါ။

🔄ဒါဆို Narcissistic abuse cycle ဆိုတာဘာလဲ 🔄

Narcissist တယောက်နဲ့ပတ်သက်မိရင်သူတို့တည်ဆောက်ထားတဲ့ idealization, devaluation and rejection စတာတွေနဲ့ လည်ပတ်နေတဲ့ Narcissist Abuse Cycle ထဲရောက်သွားပါတယ်။

🛑Stage 1 - idealization ( Entry Point)

ယေဘူယျပြောရရင် Relationship တွေစစခြင်းတိုင်းမှာတော့ ပျော်စရာတွေ အချစ်တွေနဲ့ ပြည့်နေကြတာထုံးစံပါပဲ။ ဒါပေမဲ့ Narcissist တွေနဲ့ relationship စတဲ့အခါ အစမှာတင် အလွန်မြန်မြန်ကို future plans တွေနဲ့ ရှိသမျှattention အကုန်ပေးပြီး love bombလို့ ခေါ်ရလောက်အောင်ကို အချိန်တိုအတွင်း မယုံကြည်နိုင်လောက်အောင်ချစ်ကြောင်းပြပါတော့တယ်။ တဖက်က သူ့ရဲ့love bomb ကြောင့် Right one ဆိုတာထက် the perfect one, The Prince Charming ကိုတွေ့ရတဲ့ခံစားချက်မျိုးခံစားရတတ်ပါတယ်။ ဒီအဆင့်မှာ narcissist ဖက်ကနေ ကောင်းစေချင်လို့လမ်းပြပေးတာ၊ ဦးစီးဦးဆောင်လုပ်ပေးတာမျိုးမဟုတ်ဘဲ ဖြေးဖြေးခြင်းနဲ့ သူ့စိတ်ကြိုက်ပုံစံခွက်ထဲထည့်ပြီး ပုံသွင်း(groom)တာမျိုးလုပ်ပါတယ်။ တဖက်partner က ချစ်နေတော့ ကိုယ့် personal boundaries ကိုပါထည့်မတွက်ဘဲ ကိုယ့်အပြုအမှု၊ ရည်ရွယ်ချက်၊ စိတ်ဆန္ဒတွေကို narcissist ရဲ့ အလိုအရ လိုက်လျောပေးမိကြပါတယ်။

🛑Stage 2 - Devaluation ( Fall from the grace)

Relationship စပြီးနည်းနည်းအထိုင်လာတဲ့အခါ သာမန်သူတွေဆို တဦးနဲ့တဦးရဲ့ အားနည်းချက်၊ အားသာချက်၊ သူ့ဆီက ကိုယ်မကြိုက်တဲ့အချက်၊ ကိုယ့်ဆီက သူမကြိုက်တဲ့အချက်စတာကို ပိုသိ၊ ပိုနီးစပ်လာကြပြီးအချင်းချင်းဖေးမလိုက် ရန်ဖြစ်ပြန်ချစ်ရင်းပြန်လည်ညှိနှိုင်းလက်ခံပြီး team ပုံစံမျိုးဖြစ်လာကြပါတယ်။

ဒါပေမဲ့ narcissist တွေက ဒီအဆင့်မှာ သူ့ စိတ်နည်းနည်းလေးတွေမတွေ့တာနဲ့ သူ့partner ကိုဘာတန်ဖိုးမှမရှိတဲ့သူလို အမြဲတမ်းအပြစ်တင်၊စိတ်တိုင်းမကျဖြစ်ကာ နစ်နစ်နာနာတွေပြောပြီး abuse စလုပ်ပါပြီ။ ကိုယ့်မှာ ဘာပဲလုပ်လုပ်စိုးတထိပ်ထိပ်နဲ့ သူ့အရိပ်ကြည့်နေရတဲ့အခြေအနေမျိုးပါ။ “The narcissist (He/she) treats you like an absolute garbage in this stage “. ဆိုသလိုပါ။ နှိပ်စက် (abuse ) လုပ်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ(physically) လိင်ပိုင်းဆိုင်ရာ (sexually)၊ စိတ်ပိုင်းဆိုင်ရာ(mentally) abuse လုပ်ကြပါတယ်။

သူ့အမှားကို ကိုယ့်အမှားလိုမြင်လာအောင်၊ ကိုယ့်ရဲ့မှတ်ဉာဏ်တွေ၊ ဆုံးဖြတ်နိုင်စွမ်းရည်တွေအစား သူပြောသမျှအမှန်ထင်လာပြီးတော့ ကိုယ့်မှာဘာတန်ဖိုးမှမရှိဘူးဆိုပြီး ထင်ယောင်ထင်မှား manipulate လုပ်၊သူကသာခံရသူပုံမျိုး(victimized) ၊ သူကသာကယ်တင်ရှင်လိုမျိုးတွေလုပ်တတ်တာတွေက narcissist တွေကျွမ်းကျင်လှတဲ့ mind game ပါ။ ခံရသူက သူဒါလုပ်လို့ ငါကဒီလိုတုန့်ပြန်တာဆိုကို မမြင်တော့ဘဲ ငါသာမတုန့်ပြန်ရင် သူငါ့ကိုရိုက်မှာမဟုတ်ဘူး၊ ဆဲမှာမဟုတ်ဘူး။ လူတွေရှေ့ ဒီလိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံမှာမဟုတ်ဘူးဆိုပြီး အရင်းမြစ်ပြဿနာအစား ကိုယ့်ကသာ ပြဿနာအရင်းခံ (I am the problem one )လို့မြင်လာပါတယ်။

🛑Stage 3 - Rejection (Abandonment)

Narcissist က သူအတ္တတွေကို အစာကျွေးနေဖို့ Narcissist supplies အမြဲလိုအပ်ပါတယ်။ ဒီအဆင့်ရောက်လာတဲ့အခါ သူ့လိုအပ်ချက်တွေကိုဖြည့်ပေးဖို့ အသစ် (new supply)ကိုလိုလာပါတယ်။ အဲဒီအခါ လက်ရှိ partner ကိုစွန့်ခွါပြီး cycle အသစ်စဖို့ supplyအသစ်ကိုရှာပါတော့တယ်။

မဟုတ်ရင်လဲ လက်ရှိ လက်တွဲဖော်ကိုပဲ stage 1 ပြန်စပြီး cycle ပြန်စပါတယ်။ လက်ရှိ partner ကလဲ သူရဲ့အရင် stage 1 ကသူချစ်ခဲ့ဖူးတဲ့သူကိုပြန်ရပြီ၊ my prince charming is back ထင်ပြီး narcissist cycle ထဲပြန်၀င်သွားတတ်ပါတယ်။ နောက်တော့သူ့စရိုက်ကိုသိလို့ cycle ကို ပြောင်းဖို့ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကြာလာလေ ကိုယ်သာအဲဒီ abuse cycle ထဲမှာသာချာချာလည်နေတော့တာပါပဲ။

Cycle ထဲရောက်နေပြီ…ဘာဆက်လုပ်ရမလဲ🆘

⛔️It continues until you break the chain!

🔲သူ့အတွက်ခုခံကာကွယ်ပေးပြီးတနေ့ပြောင်းလဲလာမယ်ဆိုတဲ့အထင်တွေနဲ့မစောင့်နေပါနဲ့။ ကိုယ်မှာရှိတဲ့ကိုယ့်ရဲ့ inner power ကိုပြန်ရှာဖွေပြီး လုံး၀အဆက်အသွယ်ဖြတ်ရုန်းထွက်လိုက်ပါ။

🔲သူကိုယ်တိုင်ဟာလည်း narcissist personality disorder ရဲ့သားကောင်ဖြစ်နေတာမို့ သူ့ကိုရောမိမိကိုယ်ကိုရောပါ အပြစ်တင်မနေဘဲ ဖြစ်နေတဲ့အခြေအနေကို အမှန်မြင်လက်ခံပြီးအဲဒီအခြေအနေက ထွက်လာခဲ့ပါ။

🔲ကိုယ့်မှာTrauma-Bond ရှိနေလား (သို့မဟုတ်) ရနေပြီလား ဆိုတာကိုလည်းမြင်အောင်ကြိုးစားကြည့်ပေးပါ၊Trauma bond ဆိုတာ ဉပမာ Stockholm syndrome လိုကိုယ့်ကို abuse လုပ်တဲ့သူကို မှစွဲလမ်းပြီး သူ့ရဲ့အသိအမှတ်ပြုမှုကိုသာမျှော်လင့်နေတဲ့စွဲလမ်းနေတာမျိုးပါ။

🔲အဆက်အသွယ်ဖြတ်ရုန်းထွက်ဖို့ ခက်ခဲပေမဲ့Mental support group တွေနဲ့ဆက်သွယ်ပြီး support system ရှာပြီး စိတ်အားမွေးပါ။

🍀Cycle ထဲကထွက်လာကြသူတော်တော်များများ မှာ ▪️boundaries issue, ▪️trust issue and ▪️anxiety PTSD စတဲ့ Trauma တွေရတတ်ပါတယ်။ဒါကြောင့်ကိုယ့်အခြေအနေအရ လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုခံယူပါ။ ကိုယ့် စိတ်ချမ်းသာပျော်ရွှင်မှုအတွက် self care and self love and gratitude စတာတွေကိုမွေးယူပြီး အကောင်းမြင်စိတ်နဲ့ နေထိုင်ပါ။

☘️🍀ကိုယ်ရဲ့ စစ်မှန်တဲ့ချစ်မေတ္တာတရားက ကိုယ်နဲ့အထိုက်တန်ဆုံးဆိုတာ သတိရပေးပါ။☘️🍀

🌿🌿Trust me, you have the power to heal yourself! Always remember that you are strong and capable!🌿🌿




Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Ears posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to The Ears:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram