သိရီမင်္ဂလာမဟာစည်ရိပ်သာ

  • Home
  • Myanmar
  • Yangon
  • သိရီမင်္ဂလာမဟာစည်ရိပ်သာ

သိရီမင်္ဂလာမဟာစည်ရိပ်သာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from သိရီမင်္ဂလာမဟာစည်ရိပ်သာ, Meditation Center, Myawaddy Min Gyi 1 Street, North Dagon, Yangon.

🙏ဆွမ်း၊သင်္ကန်း၊ ကျောင်း၊ဆေး      ထာဝရပစ္စည်းလေးပါး အလှူတော်🙏🌹 သီရိမင်္ဂလာမဟာစည်ရိပ်သာ ပစ္စည်းလေးပါးထာဝရငွေပဒေသာပင်ဆက်ကပ...
12/09/2023

🙏ဆွမ်း၊သင်္ကန်း၊ ကျောင်း၊ဆေး
ထာဝရပစ္စည်းလေးပါး အလှူတော်🙏

🌹 သီရိမင်္ဂလာမဟာစည်ရိပ်သာ ပစ္စည်းလေးပါးထာဝရငွေပဒေသာပင်ဆက်ကပ် လှူဒါန်းကုသိုလ်တော်.... အမှတ်စဥ် ( ၁၃၄ )🌹

🏘 သီရိမင်္ဂလာမဟာစည်ကျောင်းတိုက် အရှည် တည်တံ့ခိုင်မြဲစေရန်အတွက်လိုအပ်လျက်ရှိသောပစ္စည်းလေးပါးထာဝရငွေပဒေသာပင်အလှူတော်အတွက် .... 🏘

🌹🌹ဦးအောင်ကျော်+ ဒေါ်သန်းသန်းအေး မိသားစု၊ Sanfrancisco , USA. တို့မှ ဒကာမကြီး ဒေါ်သန်းသန်းအေး၏မွေးနေ့ကိုအကြောင်းပြု၍ ထာဝရပစ္စည်းလေးပါးပဒေသာပင် ( ၃၅ )ပင်အတွက် ထာဝရပဒေသာပင်အလှူတော် သိန်း ( ၃၅၀၀၀၀ ) ကျပ် တို့ကို နိဗ္ဗာန်ရည်မှန်းကာလှူဒါန်းကုသိုလ်ယူကြပါသည်။ 🌹🌹

♦️မွေးနေ့ရှင် ဒကာမကြီးလည်း မွေးနေ့မှစ သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုအင်ဆန္ဒတွေထာဝရ ပြည့်စုံပါစေ ........♦️♦️

♦️အလှူရှင်မိသားစု သက်ရှည်ကျန်းမာပီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ..... ♦️

🌹လိုအင်ဆန္ဒကြံစည်သမျှပြည့်ဝကြပါစေ . . . .🌹

🌺သာသနာ့အကျိုးဆထက်တိုးပံ့ပိုးလှူဒါန်းနိုင်ကြပါစေ........🥀🥀🥀🥀🥀

Sep.12. 2023
သိရီမင်္ဂလာမဟာစည်ရိပ်သာ
အကျိုးတော်ဆောင်အဖွဲ့

မဟာစည် ဆရာတော်ဘုရားကြီးနှင့် မင်းကွန်ဆရာတော်ဘုရားကြီးတို့၏ကြည်ညိုဖွယ်စိတ်ထားများ     မင်းကွန်းဆရာတော်ဘုရားကြီး၏ ရဟန်းဒကာ...
21/07/2023

မဟာစည် ဆရာတော်ဘုရားကြီးနှင့်
မင်းကွန်ဆရာတော်ဘုရားကြီးတို့၏
ကြည်ညိုဖွယ်စိတ်ထားများ

မင်းကွန်းဆရာတော်ဘုရားကြီး၏
ရဟန်းဒကာက ဆာဦးသွင်။

မဟာစည်ဆရာတော်ဘုရားကြီးကို
ရွှေဘိုမှရန်ကုန်သာသနာ့ရိပ်သာသို့
ပင့်ဆောင်ကိုးကွယ်သူကလည်း ဆာဦးသွင်။

တိပိဋကစာမေးပွကျင်းပရန်
စတင်ကြံစည်သူကလည်း
ဆာဦးသွင်။

ပထမဆုံး တိပိဋကကလည်း
သူဌေးကြီးဆာဦးသွင်ရဟန်းဖြစ်သူ
မင်းကွန်းဆရာတော်လောင်းလျာ
အရှင်ဝိစိတ္တသာရ။

သံဂါယနာတင်တော့
အမေးပုစ္ဆက မှာ
မဟာစည်ဆရာတော်ဘုရား။

အဖြေဝိသဇ္ဇက
အရှင်မြတ်မှာ
မင်းကွန်းတိပိဋက ဆရာတော်။

မဟာစည်ဆရာတော်ဘုရားကြီးက
( ၁၂၆၆ ခု ) ဖြား ။

မင်းကွန်းဆရာတော်ဘုရားက
(၁၂၇၃ ခုဖြား ။
မဟာစည်ဆရာတော်ကြီးက
၇ နှစ်ခန့် ကြီးသည်။

တစ်ပါးက
တိပိဋကအရှင်မြတ်။

တစ်ပါးကတော့
တိပိဋက မဟုတ်သော်လည်း

သီဟိုဠ်မှ ကြွလာသည့်
ဆရာတော်ကြီးတစ်ပါးက

မြန်မာပြည်မှာ
တိပိဋက နှစ်ပါးတွေ့ခဲ့တယ်ဟု
ချီးမွမ်းရလောက်အောင် စာပေနှံ့စပ်ကျွမ်းကျင် သူဖြစ်သည်။

သို့သော်
မဟာစည်ဆရာတော်ကြီး၏
ဂုဏ်သတင်းသည်
ပရိယတ်ဖြင့်
ကျော်ကြားသည်မဟုတ်ဘဲ
ပဋိပတ်ဖြင့်
ကျော်ကြားခြင်းဖြစ်သည်။

သံင်္ဂါယနာခေတ်ကျမှ
ဆရာတော်ကြီး၏
ပရိယတ်စွမ်းရည်ကို

တအံ့တသွ
သိခွင့်ရခဲ့ကြခြင်းဖြစ်သည်။

သာမာန် ပရိယတ်
ပဋိပတ်ကျွမ်းကျင်ရုံမျှဖြင့်
တို့ထိရန်မလွယ်သော
ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယကို
ပြုစုတော်မူနိုင်ခြင်းကပင်
ဆရာတော်ကြီး၏ ပရိယတ်ပဋိပတ်စွမ်းရည်ကို
ဖော်ပြလျက်ရှိတော့သည်။

သက်တော်ရှည်
မစိုးရိမ်ဆရာတော်ကြီးပင်လျှင်
(မိမိထက်များစွာ
ငယ်ရွယ်သည်ဖြစ်ပါလျက်)

မဟာစည်ဆရာတော်က
တို့များထက်သာတယ်၊

ဒီကရှေ့
မဟာစည်ဆရာတော်ထက်
သာသူမပြောနဲ့
တန်းတူတွေ့ရဖို့ကို မလွယ်ဘူးဟု
မိန့်တော်မူဖူးသည်။

ထိုစံတော်ဝင်
အရှင်မြတ်ကြီးနှစ်ပါး၏

ချစ်ခင်ရင်းနှီးမှုက
အံ့သြကြည်နူးစဖွယ်ပင်။

၁၉၇၈ -၇၉ ခုနှစ်ခန့်က
ရက်တစ်ရက်။

ဥက္ကဋ္ဌ ဦးပွင့်ကောင်းက
မဟာစည်ဆရာတော်ကြီးထံ
လျှောက်ထားဖွယ်ရှိ၍ သွား၏။

အောက်ထပ်စောင့်သည့်
ဦးဇင်းတစ်ပါးက

မင်းကွန်းဆရာတော်ကြီး
ရောက်နေကြောင်း
ပြောပြနှင့်သည်ဆို၏။

အချိန်မေးကြည့်တော့
တစ်နာရီခွဲခန့် ကြာပြီဟူ၏။

အပေါ်တက်သွားပြီး
ဧည့်ခန်းတံခါးဝမှ
ဝပ်ချပြီး လှမ်းကြည့်တော့
တွေ့မြင်ရသည်မြင်ကွင်းက
အံ့သြဝမ်းမြောက်စဖွယ်။

မဟာစည်
ဆရာတော်ကြီးက
ဆုံလည် ကုလားထိုင်ပေါ်
ခြေစုံချထိုက်လျက်။

မင်းကွန်းဆရာတော်ကြီးက မဟာစည်ဆရာတော်ကြီး၏
ဒူးနှစ်ဖက်ပေါ်
လက်နှစ်ဖက်ယှက်တင်ပြီး မေးလေးတင်ထားသည်။

အလွန်ချစ်ခင်ရင်းနှီးကြသည်

အကိုကြီးကို ညီငယ်က
ဆက်ဆံသည့်အသွင်။

မင်းကွန်းဆရာတော်ကြီးက လက်ပေါ်မေးတင်မော့ကြည့်ရင်း ၊

မဟာစည်ဆရာတော်ကြီးက
ပြုံးလျက်ငုံ့ကြည့်ရင်း
စကားပြောဆိဆွေးနွေးနေကြသည်။

ဆရာတော်ဘုရားကြီးနှစ်ပါး၏ အသွင်ကိုမြင်ရတော့
ဦးပွင့်ကောင်းရင်ထဲ
အလွန်အံ့သြခြင်း၊
ဝမ်းသာခြင်းဖြစ်ပြီး
ဖရဏာပီတိ
ဂွမ်းဆီထိသကဲ့သို့
လွန်စွာ
ကြည်ညိုဝမ်းမြောက်ဝမ်းသာ
ဖြစ်မိပါသည်တဲ့။

ဆရာတော်ကြီးနှစ်ပါးဟာ
ဘဝဆက်တိုင်း ပါရမီပြုဘက်များ
ဖြစ်ခဲ့လိမ့်မည်ထင်သည်ဟုလည်း
တွေးမိသည်ဆို၏။

တွေးကြည့်ရုံမျှဖြင့်
လှိုက်လှဲဝမ်းမြောက်စိတ်ကို
ဖြစ်စေနိုင်သော
ဆက်ဆံရေးဖြစ်ပါပေ၏။

ဦးပွင့်ကောင်းရောက်ပြီး
သာသနာရေးကိစ္စ

သုံးလေးခုလောက်
ဆက်လက်ဆွေးနွေးပြီး
တိပိဋကဆရာတော်ကြီး
ပြန်ကြွတော်မူသည်။

တိပိဋကဆရာတော်ကြီးအား
လိုက်ကြို၍
ပြန်လာသောအခါ
မဟာစည်ဆရာတော်ကြီးက

ဆရာတော်ဦးဝိစိတ္တသာရကတော့
အလွန်မှတ်ဥာဏ်လည်းကောင်း၊
အပြောအဟောလည်း
ကောင်းပါတယ်။

မန္တလေးနဲ့
ရန်ကုန်လာခဲ့တဲ့
အကြောင်းလေးတစ်ခု
အပေါ်မူတည်ပြီး
လမ်းမှာတွေ့ကြုံခဲ့
ဆုံခဲ့ ပြောခဲ့သမျှတွေကို
ပြောသွားတာဟာ
အတော့်ကိုနားထောင်လို့ကောင်းတာပဲ၊

ဘုန်းကြီးတို့မှာ
ဦးဝိစိတ်တသာရာဘိဝံသရဲ့
အရည်အချင်းမျိုးမရှိပါဘူး။

ဦးဝိစိတ္တသာရာဘိဝံသကတော့ဖြင့်
ဗုဒ္ဓသာသနာနဲ့
ပရိယတ်ဘက်မှာ
တကယ်ခေါင်းဆောင်ပြီး
ထူးထူးခြားခြားဆောင်ရွက်နိုင်တဲ့
ပုဂ္ဂိုလ်ကြီးဖြစ်လာမှာပါပဲ၊

ပရိယတ်သာသနာမှာတော့
အလွန်ရှားပါး
ထင်ရှားကျော်စောတဲ့
ပုဂ္ဂိုလ်တစ်ပါးပါပဲ ဟု
မိန့်တော်မူသည်။

မင်းကွန်းဆရာတော်ကြီးသည်
ရန်ကုန်ရောက်လျှင်
မဟာစည်ရိပ်သာရှိ
သိမ်တော်၌
အမြဲတည်းခိုလေ့ရှိ၏။

သိမ်တော်အလှူရှင်က
ရဟန်းဒကာကြီးဆာဦးသွင်။

ဆရာတော်ပို၍
အဆင်ပြေစေရန်
ဦသိန်း ၊ ဦးဖေစိန်စသောဒကာများက
သိမ်တော်တွင်
ရေချိုးခန်း ကုဋီထည့်ချင်၏။

ထိုအကြောင်း
မဟာစည်ဆရာတော်ကြီးအား
သွားရောက်
လျှောက်ထားကြသောအခါ
ကန့်ကွက်စရာမရှိပါဘူး ဟု
မိန့်တော်မူသည်ဆို၏။

ဥက္ကဋ္ဌ
ဦးပွင့်ကောင်းကိုယ်တိုင်
ထပ်မံ လျှောက်ထားသောအခါ
ဘုန်းကြီးအနေနဲ့ကတော့
ဘယ်လိုမှ မပြောလိုဘူး။

ဆရာတော်ဦးဝိစိတ္တကို
သွားလျှောက်ပါ။

ဆရာတော်ဦးဝိစိတ္တရဲ့
သဘောအတိုင်းဆောင်ရွက်ပါဟု
မိန့်တော်မူသည်သတတ်။

မင်းကွန်းဆရာတော်ဘုရားကြီးထံ
ရောက်သောအခါ

ဘုန်းကြီးအတွက်
ရေချိုးခန်း ကုဋီထည့်မယ်ဆိုရင်
ဘုန်းကြီးလုံးဝ သဘောမတူပါဘူး။

ဒကာကြီးဆာဦးသွင်က
သိမ်မှာကုဋီနဲ့ရေချိုးခန်းမထည့်ချင်လို့
မထည့်တာဘဲ၊

သိမ်မှာကုဋီနဲ့
ရေချိုးခန်း ထည့်ဖို့ မလိုပါဘူး။
ဒီနားရှိတဲ့
တစ်ထပ်ကျောင်းလေးမှာ
ကုဋီရေချိုးခန်းတွေ
နီးနီးလေးပဲ၊ ခြေလှမ်း ၂၀၊
၃၀ လှမ်းသွားရင်
ရောက်နိုင်ပါတယ်၊

ဒီလိုသွားရတာ
ဘာမှ အပန်းမကြီးပါဘူး။

ဒါကြောင့်
ကုဋီရေချိုးခန်း ထည့်ဖို့

သ ဘောမတူပါဘူး ဟု
အပြတ် မိန့်တော်မူသည်။

ထိုကိစ္စ၌
မဟာစည်ဆရာတော်ဘုရားကြီး၏

ရပ်တည်ချက်သည်
လွန်စွာအတုယူ
ကြည်ညိုဖွယ်ပင်ဖြစ်ပါ၏။

သင်္ကန်းကျွန်း
၁၆ ရပ်ကွက်တွင်
ဇာလီတောင်ဆရာတော်ဘုရားကြီးက မဟာစည်ဆရာတော်ကြီးနှင့်
မင်းကွန်းဆရာတော်ကြီးနှစ်ပါးအား
ပူဇော်ပွဲနှင့် တရားပွဲ ကျင်းပ၏။

ပထမ ည
မင်းကွန်းဆရာတော်ဘုရားကြီး
အရင်ရောက်၏။

ရှေးဦးစွာတရားဟောတော်မူ၏။ တစ်နာရီခွဲခန့်ကြာ၏။

မင်းကွန်းဆရာတော်ကြီး
တရားဟောတော်မူစဉ်

မဟာစည်ဆရာတော်
ဘုရားကြီးက

ပက်လက်ကုလားထိုင်ပေါ်တွင်
ထိုင်လျက် တရားနာတော်မူသည်။

မဟာစည်ဆရာတော်ဘုရားကြီး
တရားဟောတော်မူသောအခါ

မင်းကွန်းဆရာတော်ဘုရားကြီးက ထိုင်ရန်ပြင်ဆင်ထားသည့်

ကြိမ်ကုလားထိုင်ပေါ်တွင်မထိုင်ဘဲ မဟာစည်ဆရာတော်ဘုရားကြီး

တရားဟောတော်မူသည့်
ဘေးနား တွင်
ဆရာတော်ထိုင်နေကျ
အခင်းလေးကိုချပြီး

ကော်ဇောပေါ်တွင်ထိုင်လျက်
တရားနာတော်မူသည်။

ဒကာများက
လက်တင်ခေါင်းအုံး
နှစ်လုံးချပေးသည့်အခါ

ခေါင်းအုံးပေါ်
တထောင်ဆစ်နှစ်ဖက်ထောက်ပြီး

ဆရာတော်ကြီးရှိရာ
မျက်နှာမူရှိခိုးလျက်

တရားပြီးဆုံးသည် အထိ
မလှုပ်မရှက် နာတော်မူသည်။

မင်းကွန်းဆရာတော်ကြီးက
သီလ သမာဓိ ပညာကို
မကျဉ်းမကျယ်ဟောသွားပြီး
မဟာစည်ဆရာတော်ကြီးက
ထိုသီလ သမာဓိ ပညာတွင်
ဝိပဿနာလုပ်ငန်းစဉ်သွင်းလျက် ရိုးရှင်းစွာဟောကြားတော်မူသည်။

သီလ သမာဓိ ပညာကို
လုပ်ငန်းစဉ်သွင်းလျက်
ဟောကြားနေတော်မူသည်က မဟာစည်ဆရာတော်ဘုရားကြီး
ဘေးမှ လက်အုပ်ချီလျက်
မလှုပ်မရှက် တရားနာနေသည်က
တိပိဋက မင်းကွန်းဆရာတော်။

တရားနာပရိသတ်များကား
ကြည်ညိုလွန်းလှ၍

အထပ်ထပ်ပင်
သာဓုခေါ်ကြသည်ဆို၏။

ဇာလီတောင်ကျောင်းမှ
အရှင်သူမြတ်များကလည်း
အားရကျေနပ်လွန်း၍
ဘုန်းကြီးတို့တော့ဖြင့်
ခုချက်ချင်း နိဗ္ဗာန်ဝင်တံခါး
ရောက်နေတယ်လို့
အောက်မေ့တယ်
ဦးပွင့်ကောင်းအား
မိန့်ကြားတော်မူကြသည်ဆို၏။

ဝမ်းမြောက်
ကြည်ညိုဖွယ်ကောင်းလှပါပေ၏။

၁၉၇၇ -၇၈ နေ့တစ်နေ့တွင်
ဦးပွင့်ကောင်းထံ
စာတစ်စောင်ရောက်လာသည်။
မင်းကွန်းဆရာတော်ဘုရားကြီးထံမှ
ဖြစ်သည်။

ထိုစဉ်က
မင်းကွန်းဆရာတော်ဘုရားကြီးကား

မဟာစည်ရိပ်သာ
သိမ်တော်ပေါ်မှာရှိနေသည်။

ဖခင် ဥက္ကဋ္ဌကြီး
(ဗုဒ္ဓသာသနာအဖွဲ့ချုပ်)သိသာရန်

(မင်းကွန်းဆရာတော်ကြီးက
ရဟန်းဒကာဆာဦးသွင်နှင့်
ဦးပွင့်ကောင်းကို
ဖခင်ဟုခေါ်သတတ်)

သိမ်ပရဝုဏ် အတွင်း
ထားရှိသော သွပ်ရေတိုင်ဂီ
အဟောင်းနှစ်လုံးမှာ

သာသနာရိပ်သာတွင်
အသုံးမလိုပါက
ဦးပဉ္ဇင်းအားလှူပါ။

အထက်မြင်းခြံ ကျောင်းတွင်
ရေလှောင်ကန်
လိုနေသည့်အတွက်
သုံးရန်ဖြစ်သည် ဟူ၏။

မဟာစည်ရိပ်သာစည်းမျဉ်းအရ ရိပ်သာတွင်းပစ္စည်းများကို

မိမိအလိုဆန္ဒဖြင့်
လှူဒါန်း၍ မရ။

ထို့ပြင်
ထိုတိုင်ဂီအဟောင်းများက

ပြုပြင်သုံးလျှင်ပင်
၆ - ၇ နှစ်သာအသုံးခံမည်။

ထို့ကြောင့်
ထိုအကြောင်း
မင်းကွန်းဆရာတော်ကြီးအား
လျောက်ထားလျက်
ဦးပွင့်ကောင်းကပင်
အသစ်နှစ်လုံး
လှူဒါန်းလိုက်သည်။

ထိုအကြောင်းကို ကြုံ၍
နောင်အခါတွင်
မဟာစည်ဆရာတော်ဘုရားကြီးအား
လျှောက်ထားသောအခါ

ဦးဝိစိတ္တအနေနဲ့
အလိုရွိလို့
အလှူခံလာရင်
သင့်သလို လှူဒါန်းနိုင်ပါတယ် ဟု
ဆရာတော်ကြီးက
ခွင့်ပြု မိန့်ကြားတော်မူသည်။

ဆရာဓမ္မာစရိယ ဦးဌေးလှိုင်၏
စကားနှင့်ပြောရလျှင်

တာဝန်နှင့်လာသော
အရှင်မြတ်ကြီးနှစ်ပါးဟု
ဆိုရပါမည်။

ဘဝအဆက်ဆက်ကလည်း
ပါရမီပြုဘက်များ
ဖြစ်ပုံပေါ်၏။

နေအသွင်
လအသွင်
ထင်ရှားတော်မူကြသည့်

ဆရာတော်ကြီးနှစ်ပါး၏
နွေးထွေးလှသော
ဆက်ဆံရေးကား

ဝမ်းမြောက်
ကြည်နူးဖွယ်ကောင်းလှပါပေ၏။

အထူးသဖြင့်
မင်းကွန်းဆရာတော်ဘုရားကြီးသည်
မဟာစည်ဆရာတော်ဘုရားကြီးအား
အထူးအလေးအမြတ်ပြုတော်မူ
ပေသည်။

ဆရာတော်ဘုရားကြီး၏
ရှေ့မှောက်တော်၌

ဆေးလိပ်သောက်ခြင်းစသည်တို့ကိုပင် ရှောင်ကြဉ်တော်မူသည်ဆို၏။

သီလဂုဏ်
သမာဓိဂုဏ်
ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြသည့်

ဆရာတော်ဘုရားကြီးတို့အား
အစဉ်ဦးညွှတ်ရှိခိုးပါ၏။

Credit-
မင်းကွန်းဂန္ဓဝင်ထေရ်အရှင်

♦️သီရိမင်္ဂလာမဟာစည်ရိပ်သာကျောင်းတိုက်မှာ ယနေ့ နံနက် တော်သလင်းလဆန်း (၁၀)ရက်နေ့၊ တနင်္ဂနွေနေ့၊ ဥပုသ်သီလပေး တရားအလှူတော် ဟေ...
04/09/2022

♦️သီရိမင်္ဂလာမဟာစည်ရိပ်သာကျောင်းတိုက်မှာ ယနေ့ နံနက် တော်သလင်းလဆန်း (၁၀)ရက်နေ့၊ တနင်္ဂနွေနေ့၊ ဥပုသ်သီလပေး တရားအလှူတော် ဟောကြားပေးပြီးကုသိုလ်ယူပါသည်။♦️♦️♦️

🌹ဆရာလေးပြုလုပ်ပီးသော ကုသိုလ်တွေ မိမိနှင့်အတူကုသိုလ်ထပ်တူရကြပါစေ ......🙏🙏🙏

ဆရာလေး မသောဏထေရီ 🙏🙏🙏

Sep. 4. 2022
သီရိမင်္ဂလာမဟာစည်ရိပ်သာ

30/08/2022
30/08/2022
30/08/2022
ကမ္ဘာသူ ကမ္ဘာသားများအားလုံး ဘေးရန်အပေါင်းကင်းဝေးကြပါစေ။ 🙏🙏🙏
30/08/2022

ကမ္ဘာသူ ကမ္ဘာသားများအားလုံး ဘေးရန်အပေါင်းကင်းဝေးကြပါစေ။ 🙏🙏🙏

Address

Myawaddy Min Gyi 1 Street, North Dagon
Yangon

Telephone

+9595414996

Website

Alerts

Be the first to know and let us send you an email when သိရီမင်္ဂလာမဟာစည်ရိပ်သာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to သိရီမင်္ဂလာမဟာစည်ရိပ်သာ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram