Yangon Medical Network

Yangon Medical Network Aims to ensure that everyone can access healthcare in a free and equitable manner https://youtube.com/channel/UCf36SDrqeUcT0Jg82iBVi0A

15/02/2026

ဆရာ၊ဆရာမ များအားလုံး မင်္ဂလာပါရှင်

“Impact of Nutrition on Environmental Health” ခေါင်းစဉ်ဖြင့် February, 20 ရက်နေ့တွင် ဆွေးနွေးမည်ဟု ကြေညာထားသော Nutrition Course အား Cancel ကြောင်းနှင့် ပို့ချမည့်ရက်အား ထပ်မံကြေညာ ပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Yangon Medical Network

ဆရာ၊ ဆရာမ အားလုံးမင်္ဂလာပါ 📖Yangon Medical Network မှအခုတစ်ခေါက် စီစဥ်ထားတဲ့ course ကတော့ "Mental Health & Psychosocial ...
14/02/2026

ဆရာ၊ ဆရာမ အားလုံးမင်္ဂလာပါ

📖Yangon Medical Network မှအခုတစ်ခေါက် စီစဥ်ထားတဲ့ course ကတော့ "Mental Health & Psychosocial Support" course -3rd batch ဖြစ်ပါသည်။

🧩၁၀ ရက်နေ့တွင် introduction session 1 ပြီးသွားပြီး ကျန် ၈ရက်အတွက် အချိန်နှင့်ရက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

🧩🧩🧩10th Feb မှာလုပ်ခဲ့သော "What is MHPSS:Introduction နေ့တွင် register လုပ်ခဲ့သော email များကို Zoom link များပို့ပေးသွားမည်ဖြစ်ပါသည်။ (Register ထပ်လုပ်ရန်မလိုပါ) Register မလုပ်ရသေးသော ဆရာ ဆရာမ များအနေနှင့် အောက်ပါ link တွင် register လုပ်နိုင်ပါသည်။

https://forms.gle/2hbDfWHbueXj4qt79

Platform: Zoom

📌 18.2.26 (6:00 pm)
Topic: MHPSS Session 2 (Psychological First Aid)

📌 19.2.26 (6:00 pm)
Topic: MHPSS Session 3 (Active Empathetic Listening)

📌 21.2.26 (6:00 pm)
Topic: MHPSS Session 4 (Su***de and self-harm)

📌 23.2.26 (6:00 pm)
Topic: MHPSS Session 5 (Depression, Anxiety, Psychosis)

📌 24.2.26 (6:00 pm)
Topic: MHPSS Session 6 (Alcohol and substance use disorder)

📌 25.2.26 (6:00 pm)
Topic: MHPSS Session 7 (Relaxation and Emotional Regulation)

📌 27.2.26 (6:00 pm)
Topic: MHPSS Session 8 (Stress and Grief reaction, Traumatic response and PTSD)

📌 28.2.26 (6:00 pm)
Topic: MHPSS Session 9 (Stress management and self care)
......................

▶️ယခင် YMN Tele-educationမှ စီစဉ်ပြုလုပ်ထားခဲ့ courseများနှင့် CME များကိုလဲ အောက်ဖော်ပြပါ YMN Tele Education YouTube channel မှာ ပြန်လည်နားထောင်နိုင်ပါတယ်ရှင်။
https://youtube.com/-education5812?si=utMP7FjeROXoHM0l

Medical personal တိုင်း
ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်နိုင်စေရန်
ရည်သန်လျှက်
Yangon Medical Network

ဆရာ၊ ဆရာမ အားလုံးမင်္ဂလာပါ 📖Yangon Medical Network မှ အခုတစ်ခေါက် စီစဥ်ထားတဲ့ course ကတော့ "Nutrition in Emergency" ဖြစ်...
11/02/2026

ဆရာ၊ ဆရာမ အားလုံးမင်္ဂလာပါ

📖Yangon Medical Network မှ အခုတစ်ခေါက် စီစဥ်ထားတဲ့ course ကတော့ "Nutrition in Emergency" ဖြစ်ပါသည်။

🧩အရေးပေါ်အခြေအနေများတွင် အဓိကအားဖြင့် ထိခိုက်လွယ်သောလူဦးရေတွင် အာဟာရချို့တဲ့ခြင်းကြောင့် ဖျားနာမှုနှင့် သေဆုံးမှုနှုန်းများ တိုးလာကြသည်။

🧩ထို့ကြောင့် အရေးပေါ်အခြေအနေ သို့မဟုတ် သဘာဝဘေး အန္တရာယ်အချိန်အခါတွင် ပြင်းထန်သော အာဟာရချို့တဲ့မှုကို တားဆီးနိုင်ရန် ထိခိုက်လွယ်လူဦးရေ၏ အာဟာရအခြေအနေကိုတိုင်းတာခြင်း၊ ကုသခြင်းနှင့် ကာကွယ်ခြင်း စသည်တို့ကိုဆွေးနွေးရန်အောက်ပါအတိုင်းစီစဥ်ထားပါသည်။

📌 13.2.26 (7:30 pm)
Topic: Nutrition in Emergency
Platform : Zoom

🩺ဒီ course‌ လေးကိုတက်‌ ရောက်နိုင်ရန်အတွက်အောက်ဖော်ပြပါ Link မှာ Register လုပ်ထားနိုင်ပြီဖြစ်ပါတယ်။
စာရင်းပေးထားတဲ့ email တွေကိုသာ Zoom link ပေးပို့မှာ ဖြစ်ပါတယ်။ Limited Seat ဖြစ်တာမို့ အမြန်လေး register လုပ်ဖို့တော့ လိုမယ်နော်။

https://forms.gle/3aQs48S3c8B6VJnP9
......................

▶️ယခင် YMN Tele-educationမှ စီစဉ်ပြုလုပ်ထားခဲ့ courseများနှင့် CME များကိုလဲ အောက်ဖော်ပြပါ YMN Tele Education YouTube channel မှာ ပြန်လည်နားထောင်နိုင်ပါတယ်ရှင်။
https://youtube.com/-education5812?si=utMP7FjeROXoHM0l

Medical personal တိုင်း
ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်နိုင်စေရန်
ရည်သန်လျှက်
Yangon Medical Network

CA stomachအစာအိမ်​ကင်ဆာ​အကြောင်း​သိကောင်းစရာအစာအိမ်​ကင်ဆာ​သည်​ ကမ္ဘာ​ပေါ်တွင်​ ပဉ္စမ​မြောက်​အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး ...
09/02/2026

CA stomach
အစာအိမ်​ကင်ဆာ​အကြောင်း​သိကောင်းစရာ

အစာအိမ်​ကင်ဆာ​သည်​ ကမ္ဘာ​ပေါ်တွင်​ ပဉ္စမ​မြောက်​အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး နေရာဒေသအလိုက်ပြောင်းလဲမှု ရှိပါသည်။

🤔ဘယ်လို​လူမျိုးတွေ​မှာ အစာအိမ်ကင်ဆာ အဖြစ်များသလဲ။
👉အသက်​50 ကျော်​
👉အမျိုး​သားများ​
👉ဆေးလိပ်သောက်သူများ၊ V**e သောက်သူများ
👉ဆေးရွက်ကြီးပါဝင်သော ပစ္စည်း​များစားသုံးသူများ
👉အရက်သောက်သူများ
👉အစာအိမ်ရောင်ခြင်းမကြာခဏဖြစ်သူများ
👉H​elicobacter pylori အစာအိမ်ပိုးရှိသူများ
👉မိဘမျိုးရိုးထဲတွင် အစာအိမ်ရောဂါရှိသူများ
👉ဆားနယ်ထားခြင်း၊အချဥ် ဖောက်ထားခြင်း၊
ကြာရှည်ခံအောင်ဆိုးဆေးများသုံးထားသည့် အစားအစာများစားသုံးခြင်း
👉မီးခိုး၊ ကျပ်ခိုးဖြင့် ကင်ထားသောအစားအစာများ၊နိုက်ထရိတ် ( နိုက်ထရိုစမင်း) ဓါတ်များသောအစားအစာများစားသုံးခြင်းစသည်တို့တွင်​အဖြစ်များပါသည်။
ထို​နိုက်ထရိတ်ဓါတ် (Nitrates) ပါဝင်သောအစားအစာများသည်အစာအိမ်နံရံရှိ ဘက်တီးရီးယားပိုး တစ်မျိုး​နှင့် ဓါတ်ပြုရာမှ ကင်ဆာဖြစ်စေနိုင်သောဓါတ်ပေါင်းစုများ ( N-nitroso-compounds) များဖြစ်ပေါ်လာပါသည်။
အစာအိမ်ကင်ဆာရောဂါ၏ 70 ရာခိုင်နှုန်းမှာ အစာအိမ်ရောဂါပိုး H.pylori နှင့် ဆက်စပ်လျက်ရှိပါသည်။

🤔အသက်ငယ်ငယ်နဲ့ အစာအိမ်​ကင်ဆာ​ရောဂါဖြစ်နိုင်သလား။
🧑‍⚕️မျိုးရိုးဗီဇ၊ နေထိုင်စားသောက်မှုပုံစံနှင့် အစာအိမ်ရောဂါပိုး​ H.pylori ရှိမရှိပေါ်မူတည်၍အသက်ငယ်ငယ်နှင့်လည်း အစာအိမ်ကင်ဆာရောဂါဖြစ်နိုင်ချေရှိပါသည်။

🤔အစာအိမ်ကင်ဆာရောဂါရဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။
👉အများစုမှာ အစောပိုင်းတွင်ရောဂါလက္ခဏာမပြပဲရှိတတ်သည်။
ရောဂါရင့်လာသည်နှင့်အမျှ​
👉ကင်ဆာလူနာ​သုံးပုံ နှစ်ပုံခန့်တွင် ကိုယ်အလေးချိန်ကျသွားခြင်း
👉50% ခန့်တွင် ဗိုက်အောင့်ခြင်း
👉အစာမကြေဖြစ်ခြင်း
👉အစားအသောက်ပျက်ခြင်း
👉ပျို့ချင်၊အန်ချင်သလိုဖြစ်ခြင်း
👉အနည်းငယ်စားရုံနှင့်ဗိုက်ပြည့်ခြင်း
👉ကော်ဖီရောင်၊ အညိုရောင် အန်ခြင်း
👉ဝမ်းအမဲရောင်သွားခြင်း
👉သွေးအားနည်း၍ ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း
👉အစာမျိုချခက်ခြင်း
စသည်တို့တွေ့ရတတ်သည်။
👉ကင်ဆာ၏ နောက်ဆက်တွဲပြဿနာ​များအဖြစ်အခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့​သွားခြင်း
ဥပမာ​
🔺အသည်းကိုပျံ့သွားခြင်းကြောင့် အသားဝါ လာခြင်း၊🔺ရေဖျဥ်းစွဲ၍ ဗိုက်ဖေါင်းလာခြင်း
🔺အဆုတ်ကိုပျံနှံ့သွားခြင်း
🔺ပြန်ရ​ည်ကြိတ်များကြီးလာခြင်း
🔺သားဥအိမ်သို့ပျံ့နှံ့သွားခြင်း
စသည်​တို့​ဖြစ်တတ်​သည်။

🤔အစာအိမ်ကင်ဆာမှန်းဘယ်လိုသိနိုင်မှာလဲ။
🧑‍⚕️အထက်ပါ​ရောဂါ​လက္ခဏာ​များရှိပါက
ဆရာဝန်တွေက​ရောဂါ​ရာဇဝင်​ကိုမေးမြန်းခြင်း၊စမ်းသပ်​စစ်ဆေးခြင်းအပြင် လိုအပ်ပါက
👉Ultrasound ရိုက်ကြည့်ခြင်း၊
👉အစာအိမ်အူလမ်းကြောင်းကို မှန်ပြောင်းကြည့်ခြင်း
👉ကွန်ပျူတာ​ဓါတ်မှန်ရိုက်ကြည့်ခြင်း
👉သွေးစစ်ကြည့်ခြင်း၊ကင်ဆာ​ညွှန်ကိန်းများစစ်ဆေးခြင်း စသည်တို့ပြုလုပ်စစ်ဆေးရန်လိုအပ်ပါသည်။

🤔အစာအိမ်​ကင်ဆာ ရောဂါ​က​ကုသလို့ပျောက်ကင်းနိုင်သလား။
🧑‍⚕️အစာအိမ်ကင်ဆာရောဂါ သည်စောစောသိပြီးစောစောကုသမှုခံယူပါက ပျောက်ကင်းနိုင်ချေများပါသည်။ ခွဲစိတ်ခြင်း၊ ကင်ဆာဆေးများသွင်းခြင်း၊ဓါတ်ကင်ခြင်း​စသည်​တို့​ပြုလုပ်ရန်လိုအပ်ပါသည်။
ကုသ၍ ပျောက်ကင်းနိုင်ခြင်းရှိမရှိသည်
🔺ဖြစ်ပေါ်​သော​ကင်ဆာ​ဆဲလ်​အမျိုးအစား​ ( ဥပမာ​ adenocarcinoma, squamous cell carcinoma)
🔺အခြားကိုယ်တွင်းအင်္ဂါများသို့ ပျံ့နေခြင်းရှိမရှိ
🔺အသက်အရွယ်​
🔺နဂိုရောဂါအခံ ရှိမရှိစသည်တို့အပေါ်တွင်မူတည်နေပါသည်။

🤔အစာအိမ်ကင်ဆာရောဂါမဖြစ်အောင် ဘယ်လို​ကာကွယ်​ရ​မလဲ။
👉ဆေးလိပ်​သောက်​ခြင်း၊ ဆေး​ရွက်​ကြီးပါဝင်သော ပစ္စည်း​များကို​စားသုံး​ခြင်းမှာ​ရှောင်ကြဥ်ခြင်း
👉အစာအိမ်ရောဂါပိုး ရှိပါက​ကုသမှုခံယူခြင်း
👉မကြာခဏ​အစာအိမ်ရောင်ခြင်း၊အစာအိမ်အနာဖြစ်ခြင်းရှိပါက​စောစောကုသခြင်း
👉ကျန်းမာရေး​နှင့် ညီညွတ်​သော​အစားအစာများစားသုံးခြင်း
👉Vitamin A နှင့် Vitamin C ပါဝင်သော အသီးအရွက်များစားသုံးခြင်း
👉ကင်ဆာဖြစ်စေသော နိုက်ထရိုစမင်းဓါတ်ပေါင်းများ၊ ကြာရှည်ခံဆိုးဆေးပါသော အစားအစာများကို ရှောင်ကြဥ်ခြင်း
👉V**e သောက်ခြင်းမှ ရှောင်ကြဥ်ခြင်း
👉အကင်များ၊ဆားနယ်ထားသောအစားအစာများကို အလွန်အကျွံ​စားသုံး​ခြင်းမှရှောင်ကြဥ်ခြင်း
👉အစာအိမ်​ကင်ဆာ​ဖြစ်နိုင်ချေရှိသောရောဂါလက္ခဏာများရှိပါက စောစောကုသမှု ခံယူခြင်း
စသည်ဖြင့် ကာကွယ်နိုင်ပါသည်။

လူတိုင်း​ကျန်းမာရေးကို လက်လှမ်း မှီ စေရန်
ရည်သန်လျက်
Yangon Medical Network

References
Davidson's Principles and Practices of Medicine
https://www.mayoclinic.org/diseases-conditions/stomach-cancer/symptoms-causes/syc-20352438
https://my.clevelandclinic.org/health/diseases/15812-stomach-cancer

ဆရာ၊ ဆရာမ အားလုံးမင်္ဂလာပါ 📖Yangon Medical Network မှအခုတစ်ခေါက် စီစဥ်ထားတဲ့ course ကတော့ "Mental Health & Psychosocial ...
08/02/2026

ဆရာ၊ ဆရာမ အားလုံးမင်္ဂလာပါ

📖Yangon Medical Network မှအခုတစ်ခေါက် စီစဥ်ထားတဲ့ course ကတော့ "Mental Health & Psychosocial Support" course -3rd batch ဖြစ်ပါသည်။

🧩အရင်တစ်ခေါက် စီစဥ်ခဲ့သော MHPSS course ကို registration မလုပ်မိလို့ဖြစ်စေ, လုပ်ပြီး Zoom limit ပြည့်လို့မတက်လိုက်ရလို့ဖြစ်စေ ပြန်လည်တက်ရောက်လိုသော ဆရာ၊အမတို့အတွက် ယခုလတွင်တတိယတစ်ခေါက်ပြန်ဆွေးနွေးသွားမည်ဖြစ်ပါသည်။

📌 10.2.26 (6:00 pm)
Topic: MHPSS Session 1 (What is mhpss: introduction)
Platform : Zoom

ကျန်ရက်များ၏ ရက်နှင့်အချိန်ကို ပြန်လည်ကြေငြာသွားမည်ဖြစ်သည်။

🩺ဒီ course‌ လေးကိုတက်‌ ရောက်နိုင်ရန်အတွက်အောက်ဖော်ပြပါ Link မှာ Register လုပ်ထားနိုင်ပြီဖြစ်ပါတယ်။
စာရင်းပေးထားတဲ့ email တွေကိုသာ Zoom link ပေးပို့မှာ ဖြစ်ပါတယ်။ Limited Seat ဖြစ်တာမို့ အမြန်လေး register လုပ်ဖို့တော့ လိုမယ်နော်။

https://forms.gle/2hbDfWHbueXj4qt79

▶️ယခင် YMN Tele-educationမှ စီစဉ်ပြုလုပ်ထားခဲ့ courseများနှင့် CME များကိုလဲ အောက်ဖော်ပြပါ YMN Tele Education YouTube channel မှာ ပြန်လည်နားထောင်နိုင်ပါတယ်ရှင်။
https://youtube.com/-education5812?si=utMP7FjeROXoHM0l

Medical personal တိုင်း
ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်နိုင်စေရန်
ရည်သန်လျှက်

Yangon Medical Network

Diabetes Emergencyဆီးချိုအရေးပေါ်အခြေအနေများ🤔ဆီးချို​အရေးပေါ်​အခြေအနေ​တွေက​ဘာတွေလဲ။🧑‍⚕️ဆီးချို ရောဂါသည်​များတွေ့ကြုံရသော...
06/02/2026

Diabetes Emergency
ဆီးချိုအရေးပေါ်အခြေအနေများ
🤔ဆီးချို​အရေးပေါ်​အခြေအနေ​တွေက​ဘာတွေလဲ။
🧑‍⚕️ဆီးချို ရောဂါသည်​များတွေ့ကြုံရသော ဆီးချို အရေးပေါ်​အခြေအနေ​များမှာ
🚨ဆီးချို​အလွန်အကျွံ​တက်သွားခြင်း
🚨ဆီးချို​သာမန်​အောက်​အလွန်ကျသွားခြင်းတို့ဖြစ်ပါသည်။
💢ဆီးချို အလွန်အကျွံ​ကျသည်ဖြစ်စေ၊ တက်သည်ဖြစ်စေ အသက်အန္တာရာယ်ရှိသောကြောင့် အရေးပေါ်ကုသမှုလိုအပ်ပါသည်။
ထို့ကြောင့်ဆရာဝန်တွေကဆီးချိုရောဂါသည်တစ်ဦးဆေးခန်းလာပြသည်နှင့်
👉ဆီးချို ရောဂါရှိတာဘယ်လောက်ကြာပြီလဲ။
👉ဆီးချို ကြောင့်အရေးပေါ်ဆေးရုံတက်ရဖူးလား။
👉ဆီးချို​ပမာဏ​ဘယ်လောက်ထိအများဆုံးတက်ဖူးသလဲစသည်ဖြင့်မေးမြန်းကြခြင်းဖြစ်ပါသည်။

🚨ဆီးချို​အလွန်အကျွံ​တက်သွားခြင်း
🧑‍⚕️ဆီးချို​အလွန်အကျွံ​တက်​သွားခြင်း​ကို​ဆေးပညာ​အရ​
🔷Diabetes Ketoacidosis (DKA)
🔷Hyperosmolar Hyperglycemic Syndrome (HHS)
ဟူ၍နှစ်မျိုးခွဲခြား​နိုင်ပါသည်။
💢DKA​ ကို​အမျိုးအစား​(1) ဆီးချိုရောဂါသည်များတွင် အတွေ့ရများပြီး HHS ကို​အမျိုးအစား​(2) ဆီးချို​ရောဂါသည် များ​တွင်အတွေ့ရများပါသည်။
💢DKA​ နှင့် HHS နှစ်မျိုးလုံးတွင် အင်ဆူလင်ထိုးဆေးလိုအပ်ပြီး အရေးပေါ်​ဆေးရုံတင်ကုသရန်လိုအပ်ပါသည်။

🤔ဆီးချို အလွန်အကျွံ​တက်​ခြင်း​ရဲ့ရောဂါလက္ခဏာတွေက ဘာတွေ လဲ။
🧑‍⚕️ဆီးချို​အလွန်အကျွံ​တက်လာပါက
👉ဆီးခဏခဏသွားခြင်း
👉ရေငတ်ခြင်း
👉ကိုယ်အလေးချိန်ကျသွားခြင်း
👉အားမရှိသလိုခံစားရခြင်း၊လူနုံးနေခြင်း
👉ပျို့ခြင်း၊အန်ခြင်း၊ဗိုက်အောင့်ခြင်း
👉ခြေထောက်ကြွက်တက်ခြင်း
👉မျက်စိအမြင်ဝါးခြင်း
👉နှလုံးခုန်နှုန်းမြန်ခြင်း
👉ခြေဖျားလက်ဖျားအေးခြင်း
👉အသက်ရှုနှုန်းမြန်ခြင်း
👉ကယောင်ချောက်ခြားဖြစ်ခြင်း၊သတိကောင်းစွာမရခြင်း
👉ပါးစပ်မှချဥ်စူးစူးအနံ့ရခြင်း ( smell of acetone)
👉သတိလစ်​သွားခြင်း
👉ခေါင်းကိုက်ခြင်း​စသည်တို့တွေ့ရတတ်သည်။

🔷 DKA​ ( Diabetes​ Ketoacidosis ) တွင်ဆီးချိုဖောက်ကြည့်ပါက ( 200​ mg/dL သို့မဟုတ်​ 11.1 mmol/L) ထက်များနေနိုင်သည်။
🚨သတိပြုရန်မှာ DKA တွင်​ဆီးချိုပမာဏအများအပြားတက်နေခြင်းမရှိတတ်ပဲ သွေးထဲရှိ ကီတုန်းပမာဏနှင့် အက်စစ်ဓါတ်များနေခြင်းဖြစ်သည်။
💢ပြင်ပအခြေအနေများ​( stressful condition) ၊ခွဲစိတ်မှုများ၊ပိုးဝင်နာဖျားခြင်းများက DKA​ကိုဖြစ်စေနိုင်ပါသည်။

🔷HHS​ ( Hyperosmolar Hyperglycemic Syndrome) တွင်​ ဆီးချို တိုင်းကြည့်ပါက ပမာဏ​ ( 30 mmol/L သို့မဟုတ်​ 540 mg/dL) ကျော်တတ်ပြီး
သက်ကြီးရွယ်အိုများနှင့် အမျိုးအစား​(2) ဆီးချိုရောဂါရှိသူများတွင်တွေ့ရပါသည်။

🤔ဘယ်လိုလူတွေမှာ​ဆီးချို​အလွန်​အကျွံတက်ခြင်းဖြစ်တတ်သလဲ။
ဆီးချိုရောဂါရှိပြီး​အခြားပြင်ပဖိစီးမှုအခြေအနေများဖြစ်သည့်
🚨ခွဲစိတ်မှုများ
🚨ဖျားနာမှုများ
🚨နှလုံးသွေးကြောပိတ်ခြင်း
🚨ဆီးပိုးဝင်ခြင်း၊အဆုတ်ရောင်ခြင်း
🚨စတီးရွိက်ဆေးများသောက်ရခြင်းစသည်တို့နောက်တွင်ဖြစ်လေ့ရှိသည်။

🤔ဆီးချို​အလွန်အကျွံ​ကျသွားခြင်းရဲ့ ရောဂါ​လက္ခဏာ​တွေက ဘာတွေ လဲ။
🧑‍⚕️ဆီးချို အလွန်အကျွံ​ကျသွား ခြင်းကို​အဆင့်( 3) ဆင့်ဖြင့်သတ်မှတ်ထားသည်။
🔷အဆင့်​( 1) ( 3.0 mmol/L နှင့် 3.9mmol/L ကြား​သို့မဟုတ်​54 mg/dL နှင့် 70 mg/dL ကြား)
🔷အဆင့် ( 2) ( 3.0 mmol/L သို့မဟုတ်​ 54 mg/dL အောက်)
🔷အဆင့် ( 3) ( ဆီးချိုကျခြင်းနှင့်အတူ သတိလစ်သွားခြင်း ၊တက်​သွားခြင်း​စသည်​ လက္ခဏာ​များပါရှိခြင်း)
ဟူ၍သတ်မှတ်ထားပါသည်။

🤔ဆီးချိုကျသွားခြင်းရဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။
👉ချွေးစီးပြန်ခြင်း
👉ကတုန်ကယင်ဖြစ်ခြင်း
👉ရင်တုန်ခြင်း
👉ဆာလောင်​လာခြင်း
👉ကယောင်ခြောက်ခြားဖြစ်ခြင်း
👉ခေါင်းမူးခြင်း
👉စိတ်တို​ဒေါသ​ထွက်​လွယ်ခြင်း
👉အာရုံစူးစိုက်မှုနည်းလာခြင်း
👉ခေါင်းကိုက်ခြင်း
👉ခြေလက်လေးလံခြင်း
👉စကားပြောခက်ခြင်း
စသည်တို့ဖြစ်လာတတ်သည်။

🤔ဆီးချိုအရေးပေါ်အခြေအနေမှန်းဘယ်လိုသိနိုင်မှာလဲ။
🧑‍⚕️လူနာ​တွင်​အရင်က​ဆီးချိုရှိသည်ဟုသိထားပြီး
🚨သတိလစ်သွားခြင်း​
🚨ဆီးချိုဖောက်စစ်ပါက အလွန်များ နေခြင်း၊ သို့မဟုတ်​နည်းနေခြင်း
🚨ချွေး​စီး​ပြန်ခြင်း
🚨ကတုန်ကယင်​ဖြစ်ခြင်း ၊နှလုံးခုန်နှုန်းမြန်ခြင်း
🚨တက်သွားခြင်း
🚨ပါးစပ်မှ အနံ့စူးစူးရခြင်း
🚨ဗိုက်အောင့်ခြင်း၊အန်ခြင်း
🚨ဆီး​ခဏခဏ​သွားခြင်း၊ရေငတ်ခြင်း
🚨ခြေလက်များလေးလံခြင်း
စသည်​တို့​ရှိပါက​နီးစပ်​ရာ​ကျန်းမာရေး​ဌာန သို့​အမြန်သွားရောက်ပြီးကုသမှုခံယူသင့်ပါသည်။

လူတိုင်း​ကျန်းမာ​ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
Davidson's Principles and Practices of Medicine
https://www.mayoclinic.org/diseases-conditions/diabetic-coma/symptoms-causes/syc-20371475
https://my.clevelandclinic.org/health/diseases/16628-diabetic-coma
https://www.diabinfo.de/en/living-with-diabetes/treatment/in-an-emergency.html

Vitamin D and HealthVitamin D နှင့်ကျန်းမာရေး​🤔Vitamin D ဆိုတာ​ဘာလဲ။🧑‍⚕️Calciferol လို့ခေါ်​တဲ့​ဗီတာမင်​ D ဟာ​အဆီမှာ ပျေ...
02/02/2026

Vitamin D and Health
Vitamin D နှင့်ကျန်းမာရေး​

🤔Vitamin D ဆိုတာ​ဘာလဲ။
🧑‍⚕️Calciferol လို့ခေါ်​တဲ့​ဗီတာမင်​ D ဟာ​အဆီမှာ ပျော်ဝင်လွယ်သော ဗီတာမင်တစ်မျိုးဖြစ်ပြီး အစားအသောက်နှင့် ဖြည့်စွက်စာများတွင်တွေ့ရပါသည်။
👉နေရောင်ခြည်နှင့် အရေပြားထိတွေ့မှုမှလည်း ခန္ဓာကိုယ်မှ Vitamin D ကိုထုတ်လုပ်နိုင်ပါသည်။
💢နေရောင်ခြည်၊အစားအသောက်နှင့် ဖြည့်စွက်စာများမှရရှိသော ဗီတာမင်​D သည်​ခန္ဓာကိုယ်​အတွင်း​တွင်အသုံးဝင်သော ပုံစံ​ ( active form) သို့ရရှိစေရန် အသည်းတွင်တစ်ကြိမ်၊ ကျောက်ကပ်​တွင်​တစ်ကြိမ်​ ဓါတ်ပြုမှု​ ( Hydroxylation) ပြုလုပ်ရပါသည်။
🚨ဒီအချက်ကြောင့် အသည်းနှင့် ကျောက်ကပ်ရောဂါ ရှိ​တဲ့သူတွေမှာ ဗီတာမင်​ဒီ​ဖြည့်စွက်စာတွေအလွန်အကျွံသောက်ရင် အသုံးမဝင်တဲ့ ပုံစံ​များ​(biologically inert forms) စုပုံလာပြီး ဗီတာမင်ဒီအဆိပ်သင့်ခြင်း (Vitamin D toxicosis) ဖြစ်လာနိုင်ပါသည်။
🚨ဒါကြောင့်"တန်ဆေးလွန်ဘေး"ဟုဆိုကြခြင်းဖြစ်ပါသည်။

🤔ဗီတာမင်​ဒီ​ရဲ့လုပ်ဆောင်ချက်တွေက ဘာတွေလဲ။
🧑‍⚕️Vitamin D သည်လူရဲ့​ခန္ဓာကိုယ်​မှာအစာလမ်းကြောင်းအူသိမ်မှကယ်ဆီယမ်လို့ခေါ်တဲ့သက်စောင့်ဓါတ်စုပ်ယူမှုကိုအားပေးပါသည်။
👉ထို့​အပြင်​ခန္ဓာကိုယ်​မှာ​ကယ်ဆီယမ်နှင့် ဖော့စဖိတ်ဓါတ်များသမမျှတစေရန်ဆောင်ရွက်ခြင်းဖြင့် ကြွက်တက်​ခြင်း ၊အကြောဆွဲခြင်း၊ကြွက်သားများအားနည်းခြင်းမဖြစ်အောင်ကာကွယ်ပေးပါသည်။
👉အရိုးဆဲလ်များဖြစ်ပေါ်မှု၊ အရိုးတည်ဆောက်မှုမှာ​ ကယ်ဆီယမ်နှင့်​ဗီတာမင်ဒီလိုအပ်ပါသည်။ ထိုဓါတ်များချို့တဲ့ပါက အရိုးပွခြင်း၊အရိုးများကျိုးလွယ်ခြင်း စသည်တို့ဖြစ်နိုင်ပါသည်။
👉ဗီတာမင်ဒီသည်ရောင်ရမ်းမှုကိုလျော့ကျစေခြင်း၊ ဆဲလ်များတည်ဆောက်ခြင်း၊အာရုံကြောနှင့်ကိုယ်ခံအားစနစ်တွင်လည်းပါဝင်ပါသည်။

🧑‍⚕️အစားအစာ​များတွင်ပါဝင်သော ဗီတာမင်ဒီသည်အဓိကအားဖြင့်ပုံစံနှစ်ခု​ D2 (Ergocalciferol)နှင့် D3 (Cholecalciferol) စသည်ဖြင့် တည်ရှိပါသည်။

🤔လူတစ်ယောက်​အတွက်တစ်ရက်တွင် Vitamin D ပမာဏဘယ်လောက်လိုအပ်သလဲ။
🧑‍⚕️လူတစ်ယောက်​အတွက်တစ်ရက်လိုအပ်သောဗီတာမင်ဒီပမာဏမှာ အသက်​အရွယ်​အလိုက်ကွာခြားပါသည်။
မွေးကင်းစနဲ့ ကလေးငယ်​များတွင်​ 400 IU မှ​ 600 IU (10 - 15 micrograms)
အရွယ်ရောက်​ပြီး​လူကြီးများတွင် 600 IU မှ​ 800 IU ( 15 - 20 micrograms) လိုအပ်ပါသည်။
သွေးတွင်းဗီတာမင်ဒီပမာဏ 25 nmol/L သို့မဟုတ်​ 10 ng/ml အောက်လျောနည်းပါက ဗီတာမင်ဒီချို့တဲ့သည်ဟုသတ်မှတ်ထားပါသည်။
25​ မှ​ 50​nmol/L ကြား(10 မှ​20​ng/mL ကြား)​ကိုမူ ဗီတာမင်ဒီလုံလောက်စွာမရှိသူများဟုသတ်မှတ်ထားပြီး​လူဦးရေ၏ 50 ရာခိုင်နှုန်းခန့်ရှိသည်ဟု မှတ်တမ်း​များအရသိရပါသည်။

🤔ဗီတာမင်​ဒီ​ကို​သဘာဝ​အတိုင်းဘယ်လိုရနိုင်သလဲ။
🧑‍⚕️လူ၏ ခန္ဓာကိုယ်​အတွင်း​ရှိ​ဗီတာမင်ဒီ ပမာဏ​စုစုပေါင်း၏ (30)​ရာခိုင်နှုန်းကို အစားအသောက်​များမှလည်းကောင်း၊ (70) ရာခိုင်နှုန်းကို နေရောင်ခြည် နှင့်ထိတွေ့သောအရေပြားထုတ်လုပ်မှုမှ လည်းကောင်းရရှိပါသည်။
ဗီတာမင်ဒီ​ကြွယ်ဝသောအစားအစာများမှာ
🔷ကြက်ဥအကာ
🔷ငါးကြီးဆီ၊ အဆီများသောငါးများဖြစ်သည့်ဆယ်လမွန်၊ငါးသေတ္တာ​ငါးစသောငါးများ
🔷နို့နှင့်နို့ထွက်ပစ္စည်းများ
🔷အသားနှင့်​အသည်းများ
စသည်တို့ဖြစ်သည်။
💢လုံလောက်သောနေရောင်ခြည်ထိတွေ့မှုမှလည်း ဗီတာမင်ဒီရရှိနိုင်သည်။

🤔ဗီတာမင်ဒီချို့တဲ့ရင် ဘာရောဂါတွေဖြစ်တတ်သလဲ။
💢အရိုးပျော့ရောဂါ (Ricket and Osteomalacia)
💢ကိုယ်ခံအားစနစ်ဖေါက်ပြန်ခြင်းကြောင့်နောက်ဆက်တွဲ Autoimmune​နှင့်ဆိုင်သောရောဂါများ
💢ကယ်ဆီယမ်ဓါတ်လျော့နည်းခြင်း
💢အရိုးပွခြင်း
💢အရိုးအဆစ်များနာခြင်း
💢ကြွက်သားအားနည်းခြင်း၊ကြွက်တက်​ခြင်း
💢ပင်ပန်းလွယ်ခြင်း၊စိတ်ကျရောဂါ များ
စသည်တို့ဖြစ်နိုင်သည်။
သို့သော် တခါတရံတွင် မည်သည့်ရောဂါလက္ခဏာမျှ မရှိပဲ သွေးစစ်ကြည့်မှသာတွေ့ရသည်လည်းရှိသည်။

🤔ဗီတာမင်ဒီဖြည့်စွက်စာတွေ၊ဆေးတွေ​ကို​လိုအပ်တာထက်ပိုသောက်ရင် ဘာရောဂါတွေဖြစ်တတ်သလဲ။
🚨သွေးတွင်းကယ်လ်ဆီယမ်ဓါတ်များခြင်း
🚨ဆီး​ထဲတွင်​ကယ်လ်ဆီယမ်ဓါတ်များခြင်း၊ဆီးကျောက်တည်ခြင်း
🚨ကျောက်ကပ်ပျက်စီးခြင်း
🚨နှလုံးစည်းချက်မမှန်ခြင်း
🚨ဗိုက်အောင့်ခြင်း၊အန်ခြင်း
🚨လိုအပ်သည်ထက်ပို၍ဓါတ်ပြုရသဖြင့်အသည်းထိခိုက်ပျက်စီးခြင်း
🚨အစားအသောက်​ပျက်ခြင်း၊ရေဓါတ်ခန်းခြောက်ခြင်း
🚨ဝမ်းချုပ်ခြင်း
🚨ကယောင်ချောက်ခြားဖြစ်ခြင်း (confusion)
🚨လမ်းလျောက်ပုံမမှန်ခြင်း (gait ataxia)
စသည်တို့ဖြစ်နိုင်သည်။

🧑‍⚕️မည်သည့်အရာမဆို 'တန်ဆေးလွန်ဘေး'​ဖြစ်သည့်အတိုင်းလူ၏ ခန္ဓာကိုယ်​ကျန်းမာရေး​အတွက်​ဗီတာမင်ဒီသည်နည်းလွန်းလျင်လည်းမကောင်း၊များလွန်းလျင်လည်းမကောင်းဖြစ်သောကြောင့် သင့်တင့်မျှတသောပမာဏဖြင့်သာ စားသောက်နေထိုင်သင့်ပြီးဖြည့်စွက်စာဆေးများကိုလည်းလိုအပ်မှသာသောက်သင့်ပါသည်။

လူတိုင်း​ကျန်းမာ​ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
Davidson's Principles and Practices of Medicine
https://ods.od.nih.gov/factsheets/VitaminD-HealthProfessional/
https://my.clevelandclinic.org/health/diseases/15050-vitamin-d-vitamin-d-deficiency
https://my.clevel

31/01/2026

ပြည်သူတွေ တစုတစည်းထဲ ဖတ်ရှုလေ့လာနိုင်ဖို့ January လမှာ မျှဝေပေးခဲ့တဲ့ ကျန်းမာရေးအသိပညာပေးဆောင်းပါးတွေကို စုပေးထားပါတယ်။

လူတိုင်းကျန်းမာရေးကို လက်လှမ်းမှီစေရန် ရည်သန်လျှက်
Yangon Medical Network

သွေးလေးဘက်နာရောဂါ
https://www.facebook.com/share/p/1XBt3pXHyi/?mibextid=wwXIfr

အင်ပြင်ထခြင်း
https://www.facebook.com/share/p/1P57uxhsmT/?mibextid=wwXIfr

A*O နှင့် ပိုးလေးဘက်နာရောဂါအကြောင်းသိကောင်းစရာ
https://www.facebook.com/share/p/17icG4C6bH/?mibextid=wwXIfr

သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါ
https://www.facebook.com/share/p/17AXYjWuso/?mibextid=wwXIfr

နီပါး ဗိုင်းရပ်စ်ပိုး
https://www.facebook.com/share/p/1N46zqH9fP/?mibextid=wwXIfr

Nipah Virusနီပါး​ဗိုင်းရပ်စ်ပိုး🤔Nipah Virus ဆိုတာဘာလဲ။🧑‍⚕️Nipah Virus နီပါးဗိုင်းရပ်စ်ဆိုတာကတော့ Henipaviruses အမျိုးအစ...
26/01/2026

Nipah Virus
နီပါး​ဗိုင်းရပ်စ်ပိုး

🤔Nipah Virus ဆိုတာဘာလဲ။
🧑‍⚕️Nipah Virus နီပါးဗိုင်းရပ်စ်ဆိုတာကတော့ Henipaviruses အမျိုးအစား​ဖြစ်ပြီး​တိရစ္ဆာန်​မှတဆင့်​ကူးစက်​တတ်သော​ရောဂါ​ပိုးတစ်မျိုးဖြစ်ပါတ​ယ်။
Nipah ဆိုတဲ့​အဓိပ္ပါယ်ကတော့ဗိုင်းရပ်စ်ကိုစတင်တွေ့ရှိရာဒေသဖြစ်တဲ့ မလေးရှား​နိုင်ငံ​က​ Nipah မြစ်ကိုအစွဲပြုခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။
ပထမဆုံးစတွေ့တာကတော့​ 1998 ခုနှစ်​ထဲကပါ။
မလေးရှား​နိုင်ငံ​မှာ​ဝက်မွေးမြူရေးခြံများမှတဆင့်ကူးစက်သူဦးရေ 265 ယောက်ရှိခဲ့ပြီး 108 ယောက်သေဆုံးခဲ့ပါတယ်။ ထိုကူးစက်မှုသည် စင်ကာပူ​နိုင်ငံ​သို့ပါပျံ့နှံ့ခဲ့ပြီး ကူးစက်ခံရသော 11 ယောက်တွင် 1 ယောက်သေဆုံးခဲ့ကြောင်းသိရပါတယ်။
2001 မှ​ 2026​ အထိ​အိန္ဒိယ​နိုင်ငံ​မှာကူးစက်ခံရသူ 100 ကျော်ရှိခဲ့ပြီး အဲဒီထဲက ထက်ဝက်ခန့်သေဆုံးခဲ့တယ်လို့သိရပါတယ်။
ဒီအချက်ကပဲ Nipah​virus ကိုကြောက်စရာကောင်းတဲ့သေနှုန်းမြင့်ရောဂါ​(40-75%)တစ်ခုအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။
2026 ခုနှစ်​ဇန်နဝါရီလ​အတွင်း​မှာတော့​အိန္ဒိယ​နိုင်ငံမှာ​ကူးစက်ခံရသူ 5 ဦးရှိခဲ့ပြီးကျန်းမာရေးဝန်ထမ်းများပါပါဝင်ခဲ့ကြောင်းသိရပါတယ်။ထို့ကြောင့်​ သတိထားစရာ ရောဂါတစ်ခုဖြစ်လာပါတယ်။

🤔Nipah Virus ကဘယ်လိုကူးစက်တတ်သလဲ။
🧑‍⚕️အစပိုင်းမှာတော့ ဒီဗိုင်းရပ်စ်ကိုသစ်သီးစားတဲ့​လင်းနို့တွေမှာသယ်ဆောင်ထားပြီး အခြားကြားခံတိရစ္ဆာန်များ​(ဥပမာ​မြေခွေးများ၊ရှဥ့်များ၊ဝက်များ) မှတဆင့်သော်လည်းကောင်း၊တိုက်ရိုက်သော်လည်းကောင်းကူးစက်ပါတယ်။
ဒါ့အပြင်​
👉ကူးစက်ခံရသော​လင်းနို့သို့မဟုတ် တိရစ္ဆာန်​များစားထားသော သစ်သီးဝလံ​များကိုစားမိခြင်း
👉တိရစ္ဆာန်​များ၏ သွားရည်များ၊ အညစ်အကြေး​များနှင့်​ထိတွေ့မိခြင်းမှလည်းကူးစက်နိုင်ပါတယ်။

🤔Nipah​ Virus ကြောင့်​ဖြစ်တဲ့​ရောဂါ​လက္ခဏာ​တွေက ဘာတွေ လဲ။
🧑‍⚕️အာရုံကြော​နှင့်​အသက်ရှု လမ်းကြောင်းရှိဆိုင်ရာရောဂါလက္ခဏာများဖြင့်တွေ့ရတတ်တယ်လိုဆိုပါတယ်။
👉ဖျားနာ​ခြင်း
👉ခေါင်းကိုက်ခြင်း
👉ကိုယ်လက်ကိုက်ခဲခြင်း
👉အန်ခြင်း
👉လည်ချောင်းနာခြင်း
စတာ တွေနဲ့​အစပျိုးတတ်ပြီး
👉ခေါင်းမူးခြင်း ၊
👉သတိကောင်းစွာမရခြင်း၊ သတိလစ်သွားခြင်း
👉တက်​သွားခြင်း​(Seizures)
👉ဦးနှောက်ရောင်ခြင်း၊
👉အဆုတ်ရောင်ခြင်း
👉ပြင်းထန်သော နမိုးနီးယားလက္ခဏာများဖြစ်ခြင်း
စသည်​တို့​ဖြစ်တတ်​ကာ​အသက်သေဆုံးနိုင်သည်အထိပြင်းထန်ပါတယ်။

🤔Nipah​ Virus ကိုဘာရောဂါတွေနဲ့မှားတတ်သလဲ။
🧑‍⚕️အစောပိုင်းမှာ
ဂျပန်​ဦးနှောက်အမြှေးရောင်ရောဂါ (Japanese B encephalitis)
ငှက်ဖျား​ရောဂါ (Malaria)​
စတာတွေနဲ့ရောဂါလက္ခဏာဆင်တူတာကြောင့် မှားယွင်းခဲ့ကြပါတယ်။

🤔Nipah​ Virus က​ကုသလို့ပျောက်ကင်းနိုင်သလား။
🧑‍⚕️ပြင်းထန်တဲ့ အခြေအနေ​မျိုးမှာ​တော့​သေနှုန်းမြင့်ရောဂါတစ်မျိုး (40 - 75%) ဖြစ်ပါတယ်။
လောလောဆယ်​မှာတိကျသောကုသမှု (Definitive treatment) မရှိသေးပါ။

🤔Nipah​ Virus အတွက်​ကာကွယ်​ဆေးပေါ်နေပြီလား။
🧑‍⚕️ကာကွယ်​ဆေးမပေါ်သေးပါ။ ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်​သည့်အနေဖြင့်
👉လင်းနို့များကိုက်ထားသော သစ်သီး​ဝလံများကိုတတ်နိုင်သမျှစားသုံးခြင်းမှရှောင်ကြဥ် ခြင်း
👉သစ်သီးများကိုစနစ်တကျဆေးကြောသန့်စင်ပြီးမှစားသုံးခြင်း
👉အသားများကိုကျက်အောင်ချက်ပြီးမှ စားသုံးခြင်း
👉လင်းနို့အပါအဝင် တောရိုင်းတိရစ္ဆာန်များနှင့်တိုက်ရိုက်ထိတွေ့ခြင်းမှရှောင်ကြဥ်ခြင်း
👉လူနာ​ကို​ကိုင်တွယ်​ရာတွင်​လက်အိတ်များသုံးခြင်း၊ နှာခေါင်းစီးတပ်ခြင်း
👉လက်ကိုမကြာခဏဆပ်ပြာဖြင့်ဆေးခြင်း
👉ရောဂါ​ကူးစက်​ခံရ​သည်ဟုသံသယရှိပါက စောစောကုသမှုခံယူခြင်း
ဖြင့်ကာကွယ်နိုင်ပါတယ်။

လူတိုင်း​ကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
https://www.cdc.gov/nipah-virus/about/index.html
https://share.google/x2d6f21r8js9SzkgK

Iron Deficiency Anaemiaသံဓါတ် ချို့တဲ့သော သွေးအားနည်းရောဂါမြန်မာနိုင်ငံတွင် သံဓါတ်ချို့တဲ့မှုကြောင့်ဖြစ်သော သွေး​အားနည်း...
23/01/2026

Iron Deficiency Anaemia
သံဓါတ် ချို့တဲ့သော သွေးအားနည်းရောဂါ

မြန်မာနိုင်ငံတွင် သံဓါတ်ချို့တဲ့မှုကြောင့်ဖြစ်သော သွေး​အားနည်း​ရောဂါ​သည်အတွေ့ရများသောရောဂါတစ်ခုဖြစ်ပါသည်။

💢လူ၏ ခန္ဓာကိုယ်​တွင်​သွေးဖြူဥ၊သွေးနီဥ ၊သွေးဥမွှာ စသည်ဖြင့်သွေးဆဲလ်များရှိကြသည်။
ထိုသွေးဆဲလ်များအနက် သွေးနီဥ​ပမာဏ​လျော့နည်းနေခြင်း၊သို့မဟုတ်​ဟေမိုဂလိုဘင်ဓါတ်​ပမာဏ​လျော့နည်းနေခြင်းကို သွေးအားနည်းခြင်းဟုခေါ်ပါသည်။
💢သံဓါတ်သည်ထိုသွေးနီဥဆဲလ်များတည်ဆောက်ရာတွင်ဖော့လစ်အက်ဆစ်နှင့် ဗီတာမင်​B12 ဓါတ်များနှင့်အတူလိုအပ်ပါသည်။
💢ပုံမှန်​အားဖြင့်​ဟေမိုဂလိုဘင်ဓါတ် သည်​အသက်အရွယ်၊ ယောကျ်ား​မိန်းမ​စသည်​တို့​အပေါ်​တွင်​မူတည်၍ ကွာခြားပါသည်။
👉ပုံမှန်​လူတစ်ယောက်တွင်​ဟေမိုဂလိုဘင်ဓါတ် မှာ
အမျိုးသားများတွင် 135 g/L မှ​175 g/L အကြား
အမျိုးသမီး​များ​တွင်​ 115 g/L မှ​155g/L အကြား
တွင်ရှိပါသည်။

🤔သံဓါတ်​ချို့တဲ့ခြင်းကိုဘယ်လိုခွဲခြားထားသလဲ။
🧑‍⚕️သံဓါတ်ချို့တဲ့ခြင်းတွင် အဆင့် (3) ဆင့်ရှိပါသည်။
👉ပထမအဆင့် သည်​ခန္ဓာကိုယ်​တွင်​သိုလှောင်​ထားသောသံဓါတ်များလျော့နည်းလာခြင်းဖြစ်သည်။
👉ဒုတိယအဆင့်သည် ရိုးတွင်းခြင်ဆီထဲတွင် သွေးနီဥဆဲလ်​များ​ထုတ်လုပ်​ရန်​သံဓါတ်​မလုံလောက်တော့ခြင်းဖြစ်သည်။
👉တတိယအဆင့်သည်​ သွေးနီဥဆဲလ် များအလုံအလောက်မရှိသဖြင့် ခန္ဓာကိုယ်တွင်သွေးအားနည်းခြင်းရောဂါလက္ခဏာ​များပေါ်ပေါက်လာခြင်းဖြစ်သည်။

🤔သံဓါတ်ချို့တဲ့မှုကြောင့်ဖြစ်သော သွေး​အားနည်း​ခြင်းရဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။
🧑‍⚕️သံဓါတ်ချို့တဲ့မှုကြောင့်ဖြစ်သော သွေး​အားနည်း​ရောဂါ​ကြောင့်
💢ပင်ပန်းလွယ်ခြင်း
💢ခေါင်းကိုက်ခြင်း
💢ဂနာမငြိမ်ဖြစ်ခြင်း​(irritability)
💢ကြွက်တက်ခြင်း (muscle cramps)
💢အသားအရေ​ဖြူဖတ်ဖြူရော်ဖြစ်ခြင်း
💢မြေကြီး၊ပြာ၊မြေဖြူ၊ကြက်ဥ​ခွံ၊ကြိုးစ၊ဆံပင်​စသည်​စားစရာ​မဟုတ်သော အရာများကိုစားချင်နေခြင်း(pica)
💢အသက်ရှုကျပ် လာခြင်း၊ မောခြင်း
💢လျှာတွင်အနာများဖြစ်ခြင်း( tongue sores)
💢နှလုံးခုန်နှုန်းမြန်ခြင်း
💢သွေးအားနည်းခြင်းကြောင့်နှလုံးမောခြင်း
💢ခြေသည်းလက်သည်းများကျွတ်ဆတ်၍ ကျိုးလွယ်ခြင်း၊ဇွန်း​ပုံသဏ္ဍာန်​ခွက်နေခြင်း
💢ဆံပင်ကျွတ်​ခြင်း
စသည်တို့ဖြစ်နိုင်သည်။

🤔သံဓါတ်ချို့တဲ့ခြင်းက ဘာကြောင့်ဖြစ်နိုင်သလဲ။
🧑‍⚕️အဓိကအားဖြင့်
🔷နေ့စဉ်​စားသုံးသောအစားအစာများတွင် သံဓါတ် လုံလောက်စွာမပါခြင်း
🔷အစားအစာ​များတွင်​ပါဝင်သောသံဓါတ်ကို အစာအိမ်​နှင့် အူလမ်းကြောင်းမှကောင်းစွာ မစုပ်ယူနိုင်ခြင်း၊အစာအိမ်အနာဖြစ်ခြင်းနှင့်​အူလမ်းကြောင်းခွဲစိတ်ထားခြင်း
🔷အမျိုးသမီးများတွင်ရာသီသွေးဆင်းမှုများခြင်း၊အစာအိမ်​နှင့်​အူလမ်းကြောင်းတွင် အနာဖြစ်ပြီးသွေးယိုစိမ့်ခြင်း အပါအဝင်​ခန္ဓာကိုယ်ရှိတနေရာရာမှ သွေးထွက်နေခြင်း၊
စသည်တို့ကြောင့်ဖြစ်နိုင်သည်။

🤔ဘယ်လို​လူမျိုးတွေ မှာ သွေးအားနည်းရောဂါဖြစ်တတ်သလဲ။
👉ကိုယ်ဝန်​ဆောင် များ၊ မွေးဖွား​ပြီးစအမျိုးသမီးများ၊နို့တိုက်မိခင်များ
👉အစားရှောင်သူများ
👉မကြာခဏသွေးလှူနေသူများ
👉အကြီးစားခွဲစိတ်မှုခံယူထားသူများ တွင်အဖြစ်များပါသည်။

🤔သံဓါတ်ချို့တဲ့ခြင်းကိုဘယ်လိုသိနိုင်မလဲ။
🧑‍⚕️အထက်ပါရောဂါလက္ခဏာများရှိသည့်အပြင် သွေးဖေါက်စစ်ဆေးခြင်းဖြင့်သိနိုင်သည်။

🤔သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သောသွေးအားနည်းခြင်းက​ ကုသလို့ပျောက်ကင်းနိုင်သလား။
🧑‍⚕️သံဓါတ်လျော့နည်းခြင်းပြင်းထန်မှုအနည်းအများပေါ်မူတည်၍ သောက်ဆေး၊ ထိုးဆေးများဖြင့်ကုသ၍ရနိုင်ပါသည်။
👉ထို့​အပြင်​နေ့စဥ်စားသုံးသောအစားအသောက်များတွင် သံဓါတ်ပြည့်ဝသောအစားအစာများဖြစ်သည့်အသား၊ငါးအမျိုးမျိုး၊ကြက်ဥ၊ ဘဲဥ၊ပဲအမျိုးမျိုး၊ဟင်းနုနယ်၊ပန်းမုန်လာ​၊ဂျုံ၊တို့ဟူး စသည်တို့ကိုစားသုံးပေးသင့်သည်။
🚨သွေးအားနည်းခြင်းသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်သဖြင့် သံဓါတ်ချို့တဲ့ခြင်းရှိမှသာ သံဓါတ်ပါသောအားဆေးများကိုသောက်သင့်ပါသည်။
🚨အဘယ်ကြောင့်ဆိုသော်သာလာဆီးမီးယား​(Thalassemia) ခေါ်မျိုးရိုးလိုက်သောသွေးအားနည်းရောဂါများတွင် သံဓါတ် ပါသောအားဆေးများလုံးဝမသောက်သင့်သောကြောင့်ဖြစ်ပါသည်။

လူတိုင်း​ကျန်းမာ​ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network
References
https://my.clevelandclinic.org/health/diseases/22824-iron-deficiency-anemia

A*O and Rheumatic FeverA*O နှင့် ပိုးလေးဘက်နာ ရောဂါ​အကြောင်းသိကောင်းစရာ🤔 A*O ဆိုတာဘာလဲ။🧑‍⚕️ ပြင်ပ​က​ဘက်တီးရီးယားပိုး​တစ်...
19/01/2026

A*O and Rheumatic Fever
A*O နှင့် ပိုးလေးဘက်နာ ရောဂါ​အကြောင်းသိကောင်းစရာ

🤔 A*O ဆိုတာဘာလဲ။
🧑‍⚕️ ပြင်ပ​က​ဘက်တီးရီးယားပိုး​တစ်မျိုး​ဖြစ်တဲ့​( Group​A Streptococcus) ဆိုတဲ့​ဘက်တီးရီးယားပိုး​တစ်မျိုး​ဟာ​အသက်ရှုလမ်းကြောင်းကတဆင့် လူ​ရဲ့​ခန္ဓာကိုယ်​အတွင်း​ဝင်ရောက်လာ တဲ့အခါမှာ​ ထို​ဘက်တီးရီးယားပိုး ကိုတိုက်ထုတ်ဖို့ လူရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်ခံအားစနစ်က ပဋိပစ္စည်း(antibody)​တွေကိုထုတ်ပေးပါတယ်။
👉A*O ( Antistreptolysin O) ဆိုတာ​ကတော့​သွေးအတွင်း​ရှိ​အဲဒီပဋိပစ္စည်းတစ်မျိုး (antibody) ပမာဏ​ကိုတိုင်းတာခြင်းဖြစ်ပါတယ်။

🤔 A*O တက်နေတိုင်းလေးဘက်နာဖြစ်နေတာလား။
🧑‍⚕️A*O ဆိုတာ​ ပဋိပစ္စည်းပမာဏ (Antibody level) သာဖြစ်လို့​ A*O​ များနေတိုင်းတော့လေးဘက်နာရောဂါရှိနေတာမဟုတ်ပါ။

🤔ဘယ်လိုအခြေအနေတွေမှာ A*O တက်နေတတ်သလဲ။
🧑‍⚕️မြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရှတွင်​လူဦးရေအများစုမှာ Group A Streptococcus ဘက်တီးရီးယားပိုး နှင့်ထိတွေ့မှုရှိထားသူများပါသည်။
ထို့ကြောင့်​ထိုရောဂါပိုးကိုတိုက်ဖျက်သော ပဋိပစ္စည်းများကိုလည်းခန္ဓာကိုယ်မှ ထုတ်လုပ်​ထားပြီး​သွေးထဲတွင်ရောက်ရှိနေပြီးဖြစ်ပါသည်။
ထို့ကြောင့်​ရောဂါ​လက္ခဏာ​မရှိသူများကိုစစ်ကြည့်ရင်လည်း အနည်းနဲ့အများတော့ A*O တက်နေတာကိုတွေ့ရမှာ​ဖြစ်ပါတယ်။
ထို့အပြင်
👉လတ်တလော​လည်ချောင်းနာနေသူများ(2 ပတ်မှ 4 ပတ်အတွင်း)
👉ဖျားနာနေသူများ
👉ကျောက်ကပ်ရောင်သည့်လက္ခဏာရှိသူများ
👉အာသီးရောင်ခြင်း ရှိသူများ
👉အဆစ်အမြစ်များနာကျင်ကိုက်ခဲနေသူများ၊
👉ဖျားနာနေသူများ
👉နှလုံးရောင်သည့် လက္ခဏာ​ရှိသူများ
👉အရေပြား​ပေါ်တွင်​အနီစက် အကွက်များရှိသူများ
တွင်လည်း​ A*O​ တက်နေကြောင်းတွေ့ရတတ်ပါတယ်။

🤔A*O​ တက်နေတိုင်း ဆေးစားဖို့လိုသလား။ (Rheumatic Fever)​ပိုးလေးဘက်နာဖြစ်နေပြီလား။
🧑‍⚕️ဘာရောဂါလက္ခဏာမှ မရှိပဲ A*O တက်နေရုံ​နဲ့တော့​ပိုးလေးဘက်နာရောဂါမဟုတ်ပါ။ ဆေးသောက်စရာမလိုအပ်ပါ။

🤔( Rheumatic​ Fever) ပိုးလေးဘက်နာရောဂါဆိုတာဘာလဲ။
🧑‍⚕️ဘက်တီးရီးယားပိုး တစ်မျိုး ဖြစ်တဲ့ Group A Streptococci ကြောင့် ဖြစ်သောရောဂါဖြစ်ပါတယ်။
အသက်​ 5 နှစ်​ကနေ​ 15​နှစ်ကြားကလေးတွေမှာအဖြစ်များပါတယ်။ မြန်မာ​နိုင်ငံ​အပါအဝင်​အရှေ့တောင်​အာရှ​နိုင်ငံတွေ​မှာ​အတွေ့ရများပါတယ်။ Streptococcus​ ပိုး​ဝင်ခြင်းကြောင့် အရေပြား၊အဆစ်​များ​နှင့် နှလုံးကိုပါထိခိုက်ခြင်းဖြစ်စေတတ်ပါတယ်။

🤔ပိုးလေးဘက်နာ (Rheumatic Fever) ရဲ့ရောဂါ​လက္ခဏာ တွေက ဘာတွေ လဲ။
🧑‍⚕️အသက်ရှု လမ်း ကြောင်း မှတဆင့်​ကူးစက်​ပိုးဝင်ပြီးနောက်​ 2 ပတ်​မှ​ 4 ပတ်အတွင်း
💢လည်ချောင်းနာခြင်း
💢ဖျားခြင်း
💢ဒူးဆစ်၊တံတောင်ဆစ်​၊လက်ကောက်ဝတ်စသည့် အဆစ်အမြစ်များရောင်ခြင်း၊ကိုက်ခဲခြင်း၊
💢ရင်ဘတ်အောင့်ခြင်း
💢လူနုံးပြီး ပင်ပန်းလွယ်ခြင်း
💢အရေပြားအောက်တွင် အကြိတ်ကလေးများပေါ်ခြင်း (subcutaneous nodules)
💢အရေပြား​ပေါ်မှာ​အနီရောင်​အကွက်များပေါ်ခြင်း (erythema marginatum)
💢3 လထက်ပိုပြီးကြာလာပါက ဦးနှောက်အတွင်း ထိခိုက်​မှုကြောင့်​အကြောဆွဲရောဂါဖြစ်ခြင်း ( Sydenham 's chorea)
စသည့်ရောဂါလက္ခဏာများနှင့်အတူ
💢လတ်တလောသွေးစစ်ခြင်း၊ ချွဲသလိပ်ပိုးမွေးခြင်းများတွင် Streptococcus ဘက်တီးရီးယားပိုး တွေရခြင်း၊သို့မဟုတ်​ A*O တက်နေခြင်း
စတာတွေဖြစ်ပါတယ်။
A*O ( Antistreptolysin O) ဆိုတာ​သွေးအတွင်း​ရှိ​ရောဂါကာကွယ်သောပဋိပစ္စည်းတစ်မျိုး (antibody) ပမာဏ​ကိုတိုင်းတာခြင်းဖြစ်ပါတယ်။

🤔ဘယ်အချိန်မှာ ပိုးလေးဘက်နာ ရောဂါအတွက်ဆေးသောက်ဖို့လိုလာပြီလဲ။
🧑‍⚕️အထက်ပါရောဂါလက္ခဏာများရှိလာရင်တော့ ပိုးလေးဘက်နာ​ရောဂါ​အတွက်​ပင်နီဆီလင်​ပိုးသတ်ဆေး သောက်ဆေး၊ ထိုး​ဆေး​ (Penicillin V, Phenoxymethylpenicillin, Benzathine benzylpenicillin) စတာတွေနဲ့စနစ်တကျကုသမှုခံယူဖို့လိုအပ်ပါတယ်။

🤔ပိုးလေးဘက်နာ ရောဂါရဲ့နောက်ဆက်တွဲပြဿနာတွေကဘာတွေလဲ။
🧑‍⚕️ပိုးလေးဘက်နာ ရောဂါကိုပိုးသတ်ဆေးနှင့်စနစ်တကျမကုသခဲ့ရင်
👉နှလုံးအဆို့ရှင် ထိခိုက်ပျက်စီးခြင်း
👉နှလုံးရောင်ခြင်း
👉နှလုံးမောခြင်း၊နှလုံးစည်းချက်မမှန်ခြင်း
👉အဆစ်အမြစ်ကိုက်ခြင်းများဖြစ်လိုက်ပျောက်လိုက်ဖြစ်ခြင်း
👉ဦးနှောက်အတွင်း ထိခိုက်ခြင်းကြောင့် အကြောဆွဲရောဂါဖြစ်ခြင်း ( Sydenham 's chorea)
စတာတွေဖြစ်တတ်ပါတယ်။

လူတိုင်း​ကျန်းမာ​ရေးကို​လက်လှမ်း​မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
https://www.mayoclinic.org/diseases-conditions/rheumatic-fever/symptoms-causes/syc-20354588
Davidson's Principles and Practices of Medicine

Urticaria or Hivesအင်ပြင်ထခြင်း🤔အင်ပြင်ထခြင်းဆိုသည်မှာ ဘာလဲ။ 🧑‍⚕️အရပ်ထဲတွင်​တစ်ခုခုနှင့် ဓါတ်မတည့်ခြင်း ကြောင့် အရေပြား​...
12/01/2026

Urticaria or Hives
အင်ပြင်ထခြင်း

🤔အင်ပြင်ထခြင်းဆိုသည်မှာ ဘာလဲ။
🧑‍⚕️အရပ်ထဲတွင်​တစ်ခုခုနှင့် ဓါတ်မတည့်ခြင်း ကြောင့် အရေပြား​ပေါ်မှာ​ကြွတက်နေသောအကွက်များဖြစ်ကာ​အလွန်အမင်းယားယံခြင်းကို အင်ပြင်ထသည်ဟုခေါ်ဆိုကြသည်။

🤔အင်​ပြင်ထခြင်းကို​ ဘယ်လိုအမျိုးအစားခွဲခြားနိုင်သလဲ။
🧑‍⚕️အင်ပြင်ထခြင်းသည်အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါသည်။ အချိန်ကာလပေါ်မူတည်၍
👉( Acute Hives ) ခဏတဖြုတ်အင်ပြင်ထခြင်း
( 6 ပတ် အတွင်း​ပျောက်​သွားခြင်း)​
👉( Chronic Hives) ဖြစ်လိုက်ပျောက်လိုက် ကြာရှည်နေသော အင်ပြင်ထခြင်း
( 6 ပတ်​ထက်ပို၍ ကြာရှည်​ခြင်း)​
စသည်ဖြင့် ခွဲခြားနိုင်ပါသည်။

🤔အင်ပြင်ထခြင်းဘာကြောင့်ဖြစ်သလဲ။
🧑‍⚕️ပတ်ဝန်းကျင်လှုံ့ဆော်မှု တစ်ခုခု၊ သို့မဟုတ်​ဓါတ်မတည့်ခြင်း တစ်ခုခုကြောင့်ခန္ဓာကိုယ်​အတွင်း​ရှိ​ကိုယ်ခံအားတုံ့ပြန်မှုစနစ် ( immune system) မှ​ ဟစ္စတာမင်း( histamine) ခေါ်​ဓာတုပစ္စည်းတစ်မျိုးကို သွေး​ထဲသို့​ထုတ်လွှင့်ခြင်းကြောင့် အရေပြား​ယားယံခြင်း၊အကွက်ထခြင်း၊မျက်နှာနှင့် နှုတ်ခမ်းများဖူးယောင်လာခြင်းတို့ဖြစ်ပါသည်။
ပတ်ဝန်းကျင်လှုံ့ဆော်မှုများမှာ
🔺အပူ​သို့မဟုတ်​အအေး၊နေရောင်ခြည်နှင့်ထိတွေ့ခြင်း
🔺ပျားအပါအဝင် ပိုးမွှားအင်းဆက်များအကိုက်ခံရခြင်း
🔺ကြက်ဥ​၊နို့၊ဂျုံ၊ မြေပဲ၊ ပင်လယ်စာအစရှိသော မတည့်သောအစားအစာတစ်ခုခု စားသုံးမိခြင်း
🔺မြက်ခင်းများ၊သစ်ပင်များ၊ တိရစ္ဆာန်​အမွှေးများ၊တိရစ္ဆာန်​သားရည်များနှင့်ထိတွေ့ခြင်း
🔺တုံခါမှုများ (ဥပမာ​ မြက်ရိတ်စက်၊ဖုန်စုပ်စက်)​စသည်တို့နှင့်ထိတွေ့ခြင်း
🔺အရေပြား​ပေါ်တွင်​လက်ပတ်၊ လက်ကောက်​စသည်​ပွတ်တိုက်​မှုများ၊ နီကယ်စသည့် သတ္တု​များနှင့်​ဓါတ်မတည့်ခြင်း များ၊
🔺ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုးနှင့် အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးဝင်ခြင်း
🔺ပန်နီဆီလင် အပါအဝင်​ပိုးသတ်ဆေးများ၊အကိုက်အခဲပျောက်ဆေးများ၊ ကာကွယ်ဆေး​များနှင့်​ဓါတ်မတည့်ခြင်း
🔺သိုင်းရွိက်ရောဂါများ၊ဟော်​မုန်း​ပြောင်းလဲမှုများ၊
🔺ကင်ဆာရောဂါများ
🔺သွေးကြော​များရောင်ရမ်းခြင်း( vasculitis) အပါအဝင်​ (autoimmune) ရောဂါများ
🔺စိတ်ဖိစီးမှုများ၊စိတ်လှုပ်ရှားမှုများ
စသည်​ဖြင့်ရှိနိုင်သည်။

🤔ဘယ်​အချိန်မှာ​ဆရာဝန်နဲ့ပြဖို့လိုလာပြီလဲ။
🧑‍⚕️အင်ပြင်ထခြင်းအများစုသည် ခဏတစ်ဖြုတ်ဖြစ်တတ်ပြီး 24 နာရီ​အတွင်း​ပျောက်ကင်းသွားတတ်သည်။ သို့ရာတွင်​အချို့သောလူနာများတွင် အိပ်ရေးပျက်ခြင်း၊ နေ့စဥ်လုပ်ငန်းဆောင်တာများကိုထိခိုက်စေခြင်း၊စိတ်အနှောင့်အယှက်ဖြစ်စေခြင်း​စသည်တို့ဖြစ်စေသည်။
🚨အချို့သော ကာလရှည်​ (6 ပတ်)​ထက်ပို၍ ဖြစ်လိုက်ပျောက်လိုက်​ဖြစ်​နေသော​အင်ပြင်ထခြင်းများတွင် ဖြစ်စေသော အကြောင်း ရင်း ကိုလိုက်ရှာရန်လိုအပ်ပါသည်။
🚨အချို့သောဓါတ်မတည့်မှုများမှာမူ ယားခြင်း၊အရေပြားအကွက်ထခြင်းများသာမက
💢မျက်နှာနှင့် နှုတ်ခမ်းများဖူးယောင်လာခြင်း
💢သွေးပေါင်ကျလာခြင်း
💢တရွှီရွှီ​အသံမြည်ကာအသက်ရှု ကျပ်၍မောလာခြင်း
💢သွေးလန့်၍ anaphylaxis shock ရသည့် လက္ခဏာ​များရှိ​လာပါ​က​ နီးစပ်ရာကျန်းမာရေးဌာနတွင် စနစ်တကျ​ကုသမှု ခံယူ သင့်ပါသည်။
ဆရာဝန်တွေက
👉ဘယ်အချိန်​မှာစဖြစ်တာလဲ၊ ဘယ်လောက်​ကြာ​နေပြီ​လဲ၊
👉ဘယ်လိုအရာတွေနဲ့ထိတွေ့ရင်ဖြစ်တတ်သလဲ၊
👉နဂိုရောဂါအခံ ဘာရှိလဲ၊ တခြားဘာတွေဖြစ်သေးလဲ
စသည့်ရောဂါရာဇဝင်မေးမြန်းမှုများအပြင်
👉လူနာအားစမ်းသပ်စစ်ဆေးခြင်း
👉လိုအပ်ပါ​က​သွေးဖေါက်စစ်ဆေးခြင်း​များပြုလုပ်ရန်လိုအပ်ပါသည်။

🤔အင်​ပြင်ထခြင်းက​ကုသလို့ပျောက်နိုင်သလား။
🧑‍⚕️အင်ပြင်ထခြင်းအများစုမှာ ( Antihistamines) ခေါ်ဆေးများပေးခြင်းဖြင့် ( 24) နာရီအတွင်းပျောက်ကင်းနိုင်ပါသည်။
💢အဓိက​ကုသမှု​မှာ​ဖြစ်စေသောအကြောင်းတရား၊ပတ်ဝန်းကျင်လှုံ့ဆော်မှု​ကို​ တတ်နိုင်သလောက်ရှောင်ရှားခြင်းဖြစ်ပါသည်။
👉သို့ရာတွင်​မကြာခဏ​ဖြစ်နေသော အင်ပြင်ထခြင်းများ ဖြစ်စေသော ရောဂါအခံ ကိုပါ​ရှာဖွေကုသရန်လိုအပ်ပါသည်။
🚨ထို့​အပြင်​အရေးပေါ်​ဓါတ်မတည့်ခြင်း​ရောဂါ​လက္ခဏာ​များရှိ​ပါက​နီးစပ်​ရာ​ဆေးရုံ​ဆေးခန်း​တွင်​စနစ်တကျ​ကုသမှုခံယူသင့်ပါသည်။

လူတိုင်း​ကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
https://my.clevelandclinic.org/health/diseases/8630-hives
https://www.mayoclinic.org/diseases-conditions/chronic-hives/symptoms-causes/syc-20352719
Kumar and Clarks clinical medicine 10th edition

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yangon Medical Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Yangon Medical Network:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram