Teacher Myo Yoga Studio

Teacher Myo Yoga Studio ယောဂကျင့်ခြင်းအားဖြင့် ရရှိလာမယ့်ကျန်းမာရေးအကျိုးကျေးဇူးများကို မျှဝေပေးသွားပါမယ်။

14/04/2026



📍🧘‍♀️ သင်တန်းပိတ်ရက်🧘‍♂️ In-Person class 9.4.2026 မှ 1.5.2026 ထိ🧘‍♂️ Online zoom class9.4.2026 မှ 24.4.2026 ထိနှစ်သစ်မှာ...
11/04/2026

📍🧘‍♀️ သင်တန်းပိတ်ရက်

🧘‍♂️ In-Person class
9.4.2026 မှ 1.5.2026 ထိ

🧘‍♂️ Online zoom class
9.4.2026 မှ 24.4.2026 ထိ

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေရှင့်။🥰🙏🏻



သမီးတို့ရေ ✍️😍ချစ်ခြင်းမေတ္တာဆိုတာ ၅၂၈ ဖြစ်စေ ၁၅၀၀ ဖြစ်စေ တစ်ဖက်ကလိုလိုလားလားမရှိတဲ့အခါကိုယ်ပေးတိုင်းလဲ သူ မရတတ်ပါဘူး။တဖ...
08/04/2026

သမီးတို့ရေ ✍️😍
ချစ်ခြင်းမေတ္တာဆိုတာ ၅၂၈ ဖြစ်စေ ၁၅၀၀ ဖြစ်စေ တစ်ဖက်ကလိုလိုလားလားမရှိတဲ့အခါ
ကိုယ်ပေးတိုင်းလဲ သူ မရတတ်ပါဘူး။

တဖက်လူက မလိုချင်တိုင်းလဲ မိမိကိုယ်ကိုယ် အပစ်မတင်ပါနဲ့နော်။
ဘာကြောင့်လဲ ဆိုတဲ့မေးခွန်းတွေ မေးပြီး ကိုယ့်ရဲ့စိတ်တွေ လေးလံမခံပါနဲ့၊ အဖြေကရှင်းပါတယ် မလိုချင်လို့ကိုမယူတာပါ။

ဒါဆိုဘာလုပ်ရမှာလဲ❓
လွှတ်ချလိုက်တော့ ကလေးတို့ရေ 🔆
ကိုယ့်မေတ္တာစေတနာတွေ မလိုအပ်တဲ့ တဖက်သူအပေါ်မှာ နှစ်ထားတဲ့စိတ်တွေ၊ ဆွဲထားတဲ့လက်တွေ၊ တစ်နေ့နေ့ ဆိုတဲ့ မျှော်လင့်ချက်တွေ လွှတ်ချလိုက်ပါတော့နော်။

ဒါဆိုဘယ်လိုနေရမှာလဲ ❓
ဆုံးဖြတ်ချက် ချပြီးပြီဆို အရင်ဆုံး Beauty salon သွား ခေါင်းစခြေဆုံး အလှဆုံးပြင်၊
ပြီးရင် သူငယ်ချင်းမိတ်ဆွေတွေနဲ့တွေ့ဆုံပါ၊
ကိုယ် ဝါသနာပါရာ ပညာရပ်တစ်ခု ရွေးချယ်သင်ယူပါ၊ ကိုယ်အကြိုက်ဆုံးသီချင်းတွေ နားထောင်ပါ ၊ ( မိမိလက်လွှတ်လိုက်သောသူ အကြောင်း လုံးဝ မတွေးမိပါစေနဲ့ ချက်ချင်း ခေါင်းထဲကပြန်ထုတ် ) မိမိဝါသနာပါသော ပညာရပ်၊ အလုပ်အကိုင်၊
မိမိအနားမှာရှိသော မိမိအား ချစ်မြတ်နိုးသောသူများနှင့် အချိန်ကုန်ဆုံးပါ။

ကလေးတို့ကို မလိုအပ်တဲ့ ရပ်ဝန်းကိုရှောင်ပါ၊
အတင်းတွယ်ကပ်၍မျှော်လင့်ချက်ထားခြင်းက
တဖက်သားမှာလဲ စိတ်အနှောက်ယှက်ဖြစ်ရသလို မိမိကိုယ်တိုင်လဲ သိက္ခာကျရတယ်နော်။

ဒါကြောင့် စစ်မှန်တဲ့ပျော်ရွှင်မှုရဖို့ ကိုယ့်ကို မလိုအပ်သော သူအနားမှ စိတ်ပြတ်သားစွာ
ထွက်ခွာနိုင်ကြပါစေလို့ ဆန္ဒပြုရင်း
နှစ်သစ်မှစ မိမိမေတ္တာကို လိုလားသူများနှင့်သာ ဆုံစည်းကြပါစေနော်။🥰😘🙏🏻

✍️🥰 Founder at Teacher Myo Yoga Studio




📍🧘‍♀️ သင်တန်းပိတ်ရက်🧘‍♂️ In-Person class 9.4.2026 မှ 1.5.2026 ထိ🧘‍♂️ Online zoom class9.4.2026 မှ 24.4.2026 ထိနှစ်သစ်မှာ...
08/04/2026

📍🧘‍♀️ သင်တန်းပိတ်ရက်

🧘‍♂️ In-Person class
9.4.2026 မှ 1.5.2026 ထိ

🧘‍♂️ Online zoom class
9.4.2026 မှ 24.4.2026 ထိ

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေရှင့်။🥰🙏🏻

တီချယ်ရေ တက်နေတာ ၂ ရက် ၃ ရက်ရှိပြီ ဒါမျိုးက ဘယ်တော့ဖြစ်လာမှာလဲ😪(ဒီလိုမေးပြီဆို - သင် ယောဂကျင့်စဉ်အကြောင်းသေချာမသိပဲ မေးတ...
07/04/2026

တီချယ်ရေ တက်နေတာ ၂ ရက် ၃ ရက်ရှိပြီ ဒါမျိုးက ဘယ်တော့ဖြစ်လာမှာလဲ😪
(ဒီလိုမေးပြီဆို - သင် ယောဂကျင့်စဉ်အကြောင်းသေချာမသိပဲ မေးတာဖြစ်ပါတယ်)

ဘယ် asana ကို ဘယ်နှရက်နေရင် လုပ်နိုင်ပါလိမ့်မယ်ဆိုတာထက်
🧘‍♀️ ယောဂကျင့်စဉ်ဆိုတာ စိတ်နဲ့ခန္ဓာ/ အသက်ရှုစနစ် ဟန်ချက်ညီအောင်ချိတ်ဆက်ရင်း ဖြေးဖြေးမှန်မှန် လေ့ကျင့်သွားရမှာဖြစ်ပါတယ်။

🫶🏻 တစ်ပတ် ၃-၄ ရက်လောက်ပုံမှန်ကြိုးစားလေ့ကျင့်သွားရင် -

- ခန္ဓာကိုယ်ညောင်းညာတောင့်တင်းနေတာတွေ ပြေလျော့ပြီး ဇာတ်ကြောတက်-ကျီးပေါင်း သက်သာကာ ပေါ့ပါးလာမယ်၊

- သက်လုံကောင်းပြီး အမောခံနိုင်လာမယ်၊

- စိတ်ဖိစီးမှု ကင်းဝေးပြီး နှစ်ခြိုက်စွာ အိပ်ပျော်လာမယ်၊

- အသက်ရှူလမ်းကြောင်းနဲ့ နှလုံးဆိုင်ရာပြဿနာတွေ နည်းပါးလာမယ်၊

- ခန္ဓာကိုယ်အဆီကျကျစ်လစ်ပြီး၊ ကိုယ့်အသက်ထက် ၅ နှစ်မကငယ်တဲ့ ရုပ်ရည်ကိုပိုင်ဆိုင်လာမယ်

- ယောဂကျင့်စဉ်နဲ့ အထိတွေ့ခင် ဘယ်တော့ရမှာလဲဆိုတဲ့ အတွေးကို လွှတ်ချခဲ့ပါ၊ ယောဂကျင့်စဉ်အပေါ် စိတ်မလောပါနဲ့ ၃-၄ ရက်နဲ့ ကျန်းမာခြင်း/စိတ်တည်ငြိမ်ခြင်း/ နုပျိုခြင်းတွေမရနိုင်ပါ။
- စိတ်ရှည်ပါ / ဇွဲရှိပါ / မိမိကိုယ်ကိုယ်ချစ်ပါ၊
လေ့ကျင့်ဖို့ အနည်းဆုံးတစ်ပတ် ၃ ရက်နဲ့ တစ်နေ့ ၁ နာရီ အချိန်ပေးပါ။

📍 ကျွန်မ ကိုယ်တိုင် တစ်ပတ် ၅ ရက်လေ့ကျင့်ပါတယ် - ကြိုးစားနေချိန် အကြောတွေမပွင့်သေးချိန် နာပါတယ်နော် လွယ်လွယ်မရပါ၊ လွယ်တယ်ထင်တဲ့စိတ်နဲ့ ယောဂကျင့်စဉ်ကို လေ့ကျင့်မိတဲ့အခါ ၃-၄ ရက်နေရင် ဘယ်တော့ရလာမှာလဲ မေးတက်ကြလို့ပါ။ ဇွဲရှိပါ/ ဘယ်အရာမှ လွယ်ကူမနေပါ။





#

Online Zoom နဲ့သင်ရင်ထိရောက်ပါ့မလား❓သမီးတို့ ဘက်က ဇွဲရှိဖို့ပဲတာဝန်ယူပေးပါ။ပုံလေးတွေပို့ပေးလို့ ကျေးဇူးပါသမီးရေ💕USA Alli...
05/04/2026

Online Zoom နဲ့သင်ရင်ထိရောက်ပါ့မလား❓
သမီးတို့ ဘက်က ဇွဲရှိဖို့ပဲတာဝန်ယူပေးပါ။

ပုံလေးတွေပို့ပေးလို့ ကျေးဇူးပါသမီးရေ💕

USA Alliance မှ 300 Hours Hatha & Ashtanga Yoga TTC ကို အောင်မြင်စွာ ပြီးမြောက်ထားသော International Certified Yoga Instructor ( Rishikul Yogshala, India )- Tr.Myo ကိုယ်တိုင် ဂရုတစိုက် စိတ်ရှည်စွာ စနစ်တကျ သင်ကြားပေးမည်ဖြစ်ပါသည်။

🧘🏻‍♀️🤍 In-person class / Online zoom class

📌 In-person class ( Regular class & Advancend level class )
📌 Online zoom class ( Regular class )
📌 သင်တန်းစုံစမ်းလိုပါက
☎️ 09755205050




📌သင့်ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းပြီး နေလို့မကောင်းဘူးလား❓📌ကျီးပေါင်းကြောင့်စိတ်ညစ်နေရတာလား❓📌ကွန်ပျူတာအသုံးများလို့ ဇာတ...
02/04/2026

📌သင့်ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းပြီး နေလို့မကောင်းဘူးလား❓

📌ကျီးပေါင်းကြောင့်စိတ်ညစ်နေရတာလား❓

📌ကွန်ပျူတာအသုံးများလို့ ဇာတ်ကြောတက်နေတာလား❓

📌အချိန်အကြာကြီး ကားမမောင်းနိုင်အောင် တင်ပဆုံကြွက်သားတွေ ညောင်းနေပြီလား❓

📌ရုံးအလုပ် / အိမ်အလုပ်တွေနဲ့ စိတ်ဖိစီးနေရပြီလား❓

🟡အရွယ်တင်နုပျို မှူကို သင်လက်ခံရရှိချင်လား❓

🧘‍♀️သင် ယောဂ ကျင့်စဉ်နဲ့ ထိတွေ့ကြည့်ဖူးပြီလား❓

မိမိခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများပြားလှတဲ့ ယောဂ ကျင့်စဉ်ကို ချစ်မြတ်နိုးဖို့ ကြိုးစားကြည့်မယ်ဆိုရင်။🧘🏻‍♀️

📌 In-person class ( Regular class & Advancend level class )

📌 Online zoom class ( Regular class )

📌 သင်တန်းစုံစမ်းလိုပါက
☎️ 09755205050




31/03/2026




31/03/2026

သင်ဟာ ခန္ဓာကိုယ်ပျော့ပြောင်းသူဖြစ်ပါက
ခေါင်းနဲ့ခြေထောက်တပြိုင်ထဲကြွားနိုင်ပါတယ်😁🥴

Address

No. 14, 4th Floor, East Baho Street, Sayr San North East Quarter, Bahan Township
Yangon
0095

Alerts

Be the first to know and let us send you an email when Teacher Myo Yoga Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Teacher Myo Yoga Studio:

Share

Category