22/02/2025
နေကာမျက်မှန်ဆိုတာ အလှသက်သက်ပဲလား?
လူတိုင်း မကြာခဏ မေးဖူးကြတဲ့ မေးခွန်းတစ်ခုပါပဲ…
သေချာဖြေပေးရမယ်ဆိုရင်တော့ “လုံးဝကို မဟုတ်ပါဘူးနော်!”
နေကာမျက်မှန်ဆိုတာ မိမိရဲ့ မျက်စိကျန်းမာရေးအတွက် တကယ်ကို အရေးကြီးတဲ့ အကာအကွယ်တစ်ခုပဲ ဖြစ်ပါတယ်။
☀️ ပူပြင်းလွန်းတဲ့ နေရဲ့ အလင်းရောင်က မျက်စိကို ဘယ်လိုထိခိုက်စေနိုင်လဲ?
☑ UV Radiation (Ultraviolet Rays) – နေရောင်ထဲမှာပါဝင်တဲ့ UVA နဲ့ UVB rays တွေက မျက်စိကို တဖြည်းဖြည်း ထိခိုက်ပျက်စီးစေပါတယ်။
☑ မျက်စိအစိုဓာတ်ခြောက်ခမ်းခြင်း (Dry Eyes) – စူးရှတဲ့ နေရဲ့ အလင်းရောင်က မျက်လုံးထဲမှာရှိတဲ့ ရေဓာတ်ကို ခမ်းခြောက်စေနိုင်ပါတယ်။
☑ မျက်စိရောင်ရမ်းခြင်း (Photokeratitis) – နေပူလွန်းတဲ့နေရာတွေမှာ မျက်မှန်မတပ်ဘဲ လျှောက်သွားမိတဲ့အခါ မျက်စိအသားအရည်ကို ရောင်ရမ်းလာစေနိုင်ပါတယ်။
☑ မျက်စိအိုမင်းမှု (Macular Degeneration & Cataracts) – UV ရောင်ခြည်တွေက မျက်စိအတွင်းထဲမှာရှိတဲ့ အရေးကြီးအစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။
😎 ဒါဆိုရင် အရည်အသွေးကောင်းမွန်တဲ့ နေကာမျက်မှန်တွေကို ဘယ်လိုရွေးချယ်ဝယ်ယူကြမလဲ?
✅ 100% UV Protection ပါမပါစစ်ပါ။ UVA ရော UVB ကိုပါ ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်မျိုးတော့ ဖြစ်ရပါမယ်နော်။
✅ Polarized Lenses – စူးရှလွန်းတဲ့ အလင်းရောင်တွေကို မျက်လုံးတိုက်ရိုက်မပေါက်စေတဲ့ Lens လေးတွေလညည်း ဖြစ်ဖို့လိုပါတယ်။
✅ Lens Color – ကာလာကို ရွေးချယ်တော့မယ်ဆိုရင်လည်း အလှအပထက် မျက်လုံးကို ကာကွယ်ဖို့အတွက် သင့်တော်တဲ့ Gray, Brown, Green စတဲ့ ကာလာတွေကို ရွေးချယ်ပါ။
✅ Size & Fit – မျက်လုံးကို အပြည့်အဝ ကာကွယ်ပေးထားနိုင်ပြီး မျက်စိထဲ အလင်းထိုးဖောက်ဝင်ရောက်မှုကို ကာကွယ်ပေးနိုင်တဲ့ အရွယ်အစားဖြစ်ဖို့ကလည်း လိုအပ်ပါသေးတယ်နော်။
🎯 ဒါကြောင့် နေအပူရှိန်ကို အပြည့်အဝ ခံစားရတော့မယ့် နွေရာသီမှာ အထာလည်းကျ၊ မျက်စိကျန်းမာရေးအတွက်လည်း အလွန်ကိုမှ အရေးကြီးတဲ့ အရည်အသွေးမြင့် နေကာမျက်မှန်တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ “နေလ” ကိုသာ လှမ်းခဲ့လိုက်ကြနော်! 😎☀️
“ အရည်အသွေးက ပထမ Sun Moon - နေလ ’’
Customer လေးတွေအနေနဲ့ မိမိပုံမှန်ပြသနေတဲ့ ဆရာဝန်နဲ့ပြသနိုင်ရန် ကြိုတင်ပြီး Booking ယူပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင့်။
Contact : 09887887683 ၊ 09887887684
Address : No.1157B-1 , (35) Ward, Pin Lon Road, North Dagon, Yangon.
#နေလ #မျက်မှန်နဲ့ဆေးခန်း #မြောက်ဒဂုံ #ပင်လုံလမ်းမ #နေကာမျက်မှန် #ကျန်းမာရေး #အလှတပ်