Win Medical Equipment

Win Medical Equipment Win Medical Equipment (WME) is the authorized medical distributor of 1300 numbers of US made medical

🍚မန္တလေးမြို့၌ ငလျင်ဘေးဒုက္ခသည်များ အခမဲ့သုံးဆောင်နိုင်သော စားသောက်ဆိုင်များ⛑️1. ရွှေကွတ်ခိုင်   ☎️ 09-953832339 | 09-43...
29/03/2025

🍚မန္တလေးမြို့၌ ငလျင်ဘေးဒုက္ခသည်များ အခမဲ့သုံးဆောင်နိုင်သော စားသောက်ဆိုင်များ⛑️

1. ရွှေကွတ်ခိုင်
☎️ 09-953832339 | 09-43016082
📍 58/36D| ရှမ်းခေါက်ဆွဲ ပြင်ဆင်ထားပါသည်။ အကူအညီလိုအပ်သူများ စိတ်ချလက်ချ အခမဲ့ သုံးဆောင်နိုင်ပါသည်။

2. Beer Prince
📍 65/108 | ထမင်းကြော်၊ ခေါက်ဆွဲကြော်နှင့် ရေသန့်များ ရရှိနိုင်ပါသည်။

3. xiaolajiao အကင်ဆိုင်
📍 63/39*40| အခမဲ့ ထမင်းဖြူ ရယူနိုင်ပါသည်။

4. chilichacha
📍 လိပ်စာဖော်ပြမထား။

5. 39° bar
📍 54/30 | အခမဲ့ ထမင်းဖြူ နှင့် ရေသန့်ရရှိပါသည်။

6. 📍007 beach bar
ကွင်းပြင်လွတ်၌ ခိုလှုံနိုင်ပြီး အခမဲ့ ထမင်းကြော်သုံးဆောင်နိုင်ပါသည်။

7. WeiDongNan အရှေ့တောင်အရသာစားသောက်ဆိုင်
📍 60/35*35A

8. IN.718 bar
☎️ 09-888599899 | 09-665713227
📍 55*56/39D| အခမဲ့ ထမင်းကြော်နှင့် ထမင်းဖြူ ရယူနိုင်ပါသည်။

Credit

20/02/2025
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း ရုံးပိတ်ရက်ရှည် (၄) ကြိမ်ရရှိစေရန် ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစ...
22/12/2024

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း ရုံးပိတ်ရက်ရှည် (၄) ကြိမ်ရရှိစေရန် ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေး

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်သည့် ရုံးဖွင့်ရက်များကို အနီးစပ်ဆုံး စနေနေ့တစ်ရက်စီဖြင့် အစားထိုးရုံးပိတ်ရက်များအဖြစ် ပြန်လည် သတ်မှတ်ထားကြောင်းလည်း သိရသည်။

ပထမရုံးပိတ်ရက်ရှည်တွင် ပိတ်ရက် ၅ ရက်ရှိမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့)နှင့် လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တို့ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်ကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်မည်ဖြစ်သည်။

ဒုတိယရုံးပိတ်ရက်ရှည်တွင် ပိတ်ရက် ၅ ရက်ရှိမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)၊ ၁၅ ရက်(စနေနေ့)နှင့် ၁၆ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ မတ် ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့ ၏ရှေ့တစ်ရက်ဖြစ်သော မတ် ၁၂ ရက်တို့ကိုလည်း ရုံးပိတ်ရက်အဖြစ်သတ်မှတ်မည်ဖြစ်သည်။

တတိယရုံးပိတ်ရက်ရှည်တွင် ပိတ်ရက် ၄ ရက်ရှိမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်(စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့)နှင့် ၄ ရက်(တန်ဆောင်မုန်း လပြည့်နေ့)တို့ကြားရှိ နိုဝင်ဘာ ၃ ရက်ကိုလည်း ရုံးပိတ်ရက်အဖြစ်သတ်မှတ်မည်ဖြစ်သည်။

စတုတ္ထရုံးပိတ်ရက်ရှည်တွင် ပိတ်ရက် ၄ ရက်ရှိမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့)နှင့် ၂၈ ရက်(တနင်္ဂနွေနေ့) တို့ကြားရှိ ဒီဇင်ဘာ ၂၆ ရက်ကိုလည်း ရုံးပိတ်ရက်အဖြစ်သတ်မှတ်မည်ဖြစ်သည်။

ထို့ကြောင့် ပိတ်ရက်ရှည်အဖြစ်သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံး စနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ်သတ်မှတ်မည်ဖြစ်ရာ ပထမရုံးပိတ် ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့သည် အစားထိုးရုံးတက်ရက်ဖြစ်သော်လည်း လွတ်လပ်ရေးနေ့ဖြစ်၍ ဇန်နဝါရီ ၁၁ ရက်(စနေနေ့)အား အစားထိုးရုံးတက်ရက်အဖြစ်သတ်မှတ်ကြောင်း သိရသည်။

ထို့ပြင် ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ် ၂၂ ရက်(စနေနေ့)နှင့် မတ် ၂၉ ရက်(စနေနေ့)၊ တတိယရုံးပိတ်ရက်ရှည်အတွက် နိုဝင်ဘာ ၈ ရက်(စ နေနေ့)၊ စတုတ္ထရုံးပိတ်ရက်ရှည်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်(စနေနေ့)တို့ကိုလည်း အစားထိုးရုံးတက်ရက်များအဖြစ်သတ်မှတ်ထားကြောင်း သိရသည်။

မိမိကစ၍ ကာကွယ်ပါ
25/08/2024

မိမိကစ၍ ကာကွယ်ပါ

🔥☀️🔥☀️အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ 🔥☀️🔥☀️ Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံ...
04/04/2024

🔥☀️🔥☀️အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ 🔥☀️🔥☀️

Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့ (ဧပရယ် ၄, ၅, ၆)။

အပူချိန် 35C - 37C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1

37C ကနေ upper 40C ထိတိုးလာရင် Level 2 danger ပါ ။

ကလေးငယ်ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။

ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖစ်အောင် သောက်ပေးသင့်တယ်။ ရေခဏခဏသတိရတိုင်းသောက်ပါ။

အိမ်ကို လိုက်ကာကာပါ။ အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။
အသောက်အစားလေးခဏလျှော့ပါ။
Gym အပြင်းအထန်လုပ်တာလျှော့။
Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မဖြစ်မနေဆောင်။
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရှိ။

အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြနော် ။

ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးကြပါ 🙏🏻🙏🏻🙏🏻

အား လုံး ဘေးကင်းကြပါစေ 🥰🥰🥰

01/04/2024

ရောင်းအားမကျအောင် Chef တစ်ယောက်ဟာ ဘယ်လို Management နဲ့ ထိန်းသလဲ ?🤔

1. ဟင်းပွဲ တစ်ပွဲ အရင်း နှင့် အမြတ်ကို သေချာတွက်ချက်ထားပြီး ကုန်ဈေးနှုန်းအတက်အကျ ရှိချိန်မှာတောင် အရင်းမတက်အောင် တွက်ချက်ထားတယ်။

2. ကောင်းသောအဖွဲ့တစ်ခု တည်ဆောက်တတ်ကမယ်။

3. Department တာဝန်များကိုစနစ်တကျ စီမံထားပြီး လူကျချိန်မှာတောင် service မပျက်ပဲ customer များကို
Satisfied ဖြစ်အောင် စနစ်ကျတဲ့ Duty Chart ရေးဆွဲနိုင်တတ်မယ်။

4. Service နှင့် Food Quality ထိန်းခြင်းအားဖြင့် ဟင်းပွဲကြန့်ကြာမှုမှ ကာကွယ်တတ်ပုံ။

နှင့် အခြားသော သင်ခန်းစာများကို
စားသောက်ဆိုင်လုပ်ငန်းရှင်များ နှင့် Chefs များအတွက် မိမိလုပ်ငန်းကိုအကောင်းဆုံးဦးစီးဦးဆောင်နိုင်ဖို့
Restaurant Management သင်တန်းကို March လတွင် စတင်ဖွင့်လှစ်သင်ကြားပေးပါမည်။

👉 သင်တန်းရည်ရွယ်ချက်
အောင်မြင်မှုနှင့် ရေရှည်ရပ်တည်နေမည့် စားသောက်ဆိုင် တစ်ခုဖြစ်ရန် ၊ အောင်မြင်မှုတိုးတက်မှုသို့ ခေါ်ဆောင်နိုင်ဖြစ်ရန် အလေးပေးသင်ကြားပေးမည့်ရည်ရွယ်ချက်ကောင်းသည့် သင်တန်းတစ်ခု။

ဘာတွေသင်မှာလည်း 🤔

သင်တန်းတွင်သင်ကြားမည့် အဓိက Modules များမှာ

• ဆိုင်ဖွင့်မည့် မြို့နယ်ဒေသအား လေ့လာခြင်း
• ရင်းနှီးမြှုပ်နှံမှုအားသတ်မှတ်ခြင်း
• စားသောက်ဆိုင်တစ်ဆိုင်အား ဖွဲ့စည်းတည်ဆောက်ခြင်း
• ဟင်းပွဲများအား Cost တွက်ခြင်း
• Food Cost ဟင်းပွဲစရိတ် နှင့် Waste Control အလေအလွင့်နည်းအောင် ထိန်းချုပ်တတ်ခြင်း
Food cost အစားအသောက်ကုန်ကျစရိတ်( အရင်း ) သက်သာပြီး အလေအလွင့်နည်းအောင်စီမံနည်း
• ကောင်းသောအသင်းအဖွဲ့ တစ်ခုတည်ဆောက်ပုံ
• တာဝန်များအား စနစ်တကျ ခွဲတတ်ရန်
• Department ဆိုင်ရာ တာဝန်ဇယားများအား စီမံရေးဆွဲတတ်ရန်
• မိမိ အဖွဲ့ဝန်ထမ်းများနှင့် connection တည်ဆောက်ပုံ
• Online / Offline Marketing ဆိုင်ရာ ပညာရပ်
• Service နှင့် Food Quality အားထိန်းပုံ
• ပြိုင်ဘက်ဆိုင်များထက် မိမိဆိုင်ဟာ ဆန်းသစ်မှုများကို customer များအားပေးတတ်ရန်
• ဟင်းပွဲကြန့်ကြာခြင်း မှကာကွယ်မှု

အောင်မြင်မှုနှင့် ရေရှည်ရပ်တည်နိုင်သော စားသောက်ဆိုင်တစ်ခုဖြစ်လာစေရန် လိုအပ်မည့် သော့ချက်များအား စနစ်တကျသင်ကြားပေးမှာဖြစ်သည့်အတွက် လုပ်ငန်းရှင်များအားလုံး ကျွမ်းကျင်စွာတတ်မြောက်သွားမည်ဖြစ်ပါသည်။

👉သင်တန်းအချိန်

On Campus
သင်တန်းအချိန်: နေ့ခင်း 9:00 မှ 2:00
( နေ့လည် ၁၂ နာရီ မှ ၁၂:၄၅ မိနစ် အထိ Break ရှိပါမည်)
သင်တန်း နေ့ရက်
သင်တန်းသင်ကြားမည့်ရက် ~ 24.3.2024 (Sunday)

Online Training
Date: 25, March 2023
Time: (6:30 pm to 9:00 pm)

🧑‍🍳 ဘယ်သူတွေသင်မှာလဲ
( 12 ) နှစ်တာ အတွေ့အကြုံရှိ ဝါရင့်စားဖိုမှူးကြီး ~
▪︎ Executive Chef - Aung Thein Zaw

🛑 သင်တန်းကြေး
သင်တန်းကြေး - တစ်‌ဦးလျှင် 150,000 ကျပ်။
( ပထမဆုံးအပ်သူ ၅ ယောက်အား 100,000 ကျပ်ဖြင့် )

✍️🛑 ဘယ်လိုလျှောက်ရပါမလဲ ?

သင်တန်းတက်ရောက်လိုပါက
👉Messanger မှတစ်ဆင့်သော်လည်းကောင်း ၊
👉09268835244 ဖုန်းနံပါတ်သို့သော်လည်းကောင်း ဆက်သွယ်စုံစမ်း မေးမြန်း သင်တန်းအပ်နံနိင်ပါသည်။

😊သင်တန်းပြီးဆုံးပါက Joseph Education University - JEU မှ Restaurant Management Certificate သင်တန်းဆင်းလက်မှတ်ချီးမြှင့်ပါမည်။ 🎉🎉🎉
🎉🎉🎉
#ဆက်သွယ်ရန်
Hotline: 09268835244, 09757756588

သင်တန်း တည်နေရာ
● No. 22, Ground Floor, Zaw Ti Ga Street, Myenigone, Yangon, Myanmar.
Website: www.jeu.edu.mm

အပူဒဏ်ကိုဘယ်လို ရင်ဆိုင်နေကြရလဲဆိုတာနဲ့ အပူရှောင်နိုင်ဖို့ ဘယ်လိုနည်းလမ်းတွေသုံးနေကြရလဲဆိုတာကို မှတ်ချက်ပေးမျှဝေပေးဖို့ဖ...
01/04/2024

အပူဒဏ်ကိုဘယ်လို ရင်ဆိုင်နေကြရလဲဆိုတာနဲ့ အပူရှောင်နိုင်ဖို့ ဘယ်လိုနည်းလမ်းတွေသုံးနေကြရလဲဆိုတာကို မှတ်ချက်ပေးမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်။

နိုင်ငံတဝန်း ဒေသအချို့မှာ ပုံမှန် မတ်လအပူချိန်ထက် ပိုပြီးမြင့်တက်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒီကနေ့ ဧပြီ ၁ ရက် နေ့လယ်ပိုင်းကထုတ်ပြန်ပါတယ်။ မတ်လ တတိယ အပတ်လောက်ကတည်းက ပိုပြီးမြင့်လာတဲ့ အပူဒဏ်ကို ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ ကမြို့အများအပြားမှာ သိသိသာသာခံစားလာရတယ်ဆိုတဲ့ ပြောဆိုမှုတွေရှိပါတယ်။

'' လျှပ်စစ်မီးမရ၊ ရေမရတော့ အပူဒဏ်ကိုကိုပိုခံရတယ်။ တိုက်ခန်းတွေက ကျဥ်းနေရာစရာကမရှိတော့ လူကြီးတွေနဲ့ကလေးတွေအတွက်တော်တော်နေရတာအဆင်မပြေကြဘူး'' လို့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

ရန်ကုန်မြို့မှာဆိုရင် နေ့လယ်ခင်း ၂ နာရီကနေ ၃နာရီအတွင်းဆိုရင် အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိကို ရှိနေပြီး မကွေးတိုင်းထဲက မြို့နယ်တွေမှာဆိုရင် အပူချိန်ဟာ ၄၃ စင်တီဂရိတ်အထိကို ရှိနေတာဖြစ်လို့ ကိန်းဂဏန်းတွေအရဆိုရင်အပူချိန်မြင့်တက်နေတာကိုဖော်ပြနေတာဖြစ်ပါတယ်။

လက်ရှိဟာ အယ်နီညိုရာသီဥတုဒဏ်ကိုခံနေရသလို လာမယ့်လတွေမှာ အပူချိန် ဆက်တိုက်တိုးလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင်တွေက ခန့်မှန်းချက်တွေရှိထားသလို မြန်မာနိုင်ငံရဲ့ အပူချိန်အမြင့်ဆုံးကာလဟာ ဧပြီလဖြစ်ပါတယ်။

မိုးဇလရဲ့ အပြောအရ ဧပြီ ၁ ရက်မှာ မန္တလေး၊ မကွေးတိုင်း၊ တနင်္သာရီ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ မတ်လရဲ့ ပျမ်းမျှအပူချိန် ထက် ၃ ဒီဂရီဆဲလ်စီးယပ်နဲ့ ၄ ဒီဂရီဆဲလ်စီးယပ်အထိမြင့်တက်ပြီး နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ကယား၊ကရင်နဲ့ မွန်ပြည်နယ်မှာတော့မတ်လရဲ့ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့တယ်လို့ ဆိုပါတယ်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရလည်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး နဲ့ ပဲခူးတိုင်းတို့မှာနေ့အပူချိန်တွေတိုးနိုင်တယ်လို့ အသိပေးထားပါတယ်။

အခုလိုအပူချိန်မြင့်တက်တဲ့ကာလမှာ အပူကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်းက ပြင်းထန်ပြီး အသက်အန္တရာယ်သေဆုံးတဲ့အထိ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်က ၃၇ ဒီဂရီဆဲစီးရပ်စ်ရှိပြီး ပြင်ပအပူချိန် မြင့်တဲ့အခါ ခန္ဓာကိုယ်ဟာ ချွေးထွက်ခြင်းနဲ့ကိုယ်တွင်းရှိသင့်တဲ့ အပူချိန်ကို ပြန်ထိန်းသိမ်းတာမျိုး လုပ်ဆောင်ပေးပါတယ်။

လူ့ခန္ဓာကိုယ်က အလိုလျောက် လိုအပ်တဲ့အပူချိန် ၃၇ ဒီဂရီဆဲစီးရပ်ရှိ အောင် ထိန်းသိမ်းရင်းက လိုအပ်တဲ့ ရေဓာတ်ခန်းခြောက်လာခြင်း၊ ချွေးထွက်နိုင်ဖို့ ရေဓာတ်မရှိတော့တာကြောင့် ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်ကို ကျအောင် မထိန်းသိမ်းနိုင်တော့ပဲ ခန္ဓာကိုယ်အပူချိန်က အပြင်အပူချိန်အတိုင်း တဖြည်းဖြည်းတက်လာနိုင်တယ်လို့ ဆရာဝန်တွေကလည်းအသိပေးပြောဆိုထားပါတယ်။

အပူချိန်မြင့်တက်တဲ့အခုလိုကာလမှာ အပြင်သွားတဲ့အခါ ထီး၊ဦးထုပ်လိုနေပူဒဏ်သက်သာမယ့် အကာအကွယ်တွေကိုဆောင်ဖို့လိုသလို သက်ကြီးရွယ်အို၊ ကလေးသူငယ်အပြင် နေပူထဲမှာ အလုပ်အကိုင်လုပ်ကိုင်ကြရသူတွေအနေနဲ့ အပူဒဏ်ကို ကာကွယ်ဖို့ ရေကိုလုံလောက်တဲ့ပမာဏအထိဆောင်ထားသင့်သလို၊ ဓာတ်ဆားရည်လည်းသောက်ဖို့လိုအပ်တယ်လို့ လည်း အသိပေးထားပါတယ်။

#ဘီဘီစီမြန်မာပိုင်း #အပူချိန် #ရေဓာတ်ခန်းခြောက် #ရန်ကုန်

အားလုံးကို
30/11/2023

အားလုံးကို

Address

House No. 739-741, Quarter No. (123), Akasar Road, East Dagon,
Yangon
11451

Website

Alerts

Be the first to know and let us send you an email when Win Medical Equipment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram