Surge Myanmar

Surge Myanmar We supply durable medical equipment to those who need it.

Oxygen Concentrator စက်အားပိုးသန့်စင်ခြင်း=======================================Oxygen concentrator မှာ ပိုးသန့်စင်ရန်စ...
23/07/2021

Oxygen Concentrator စက်အားပိုးသန့်စင်ခြင်း
=======================================

Oxygen concentrator မှာ ပိုးသန့်စင်ရန်စဉ်းစားဖို့ (၁) စက်အပြင်ပိုင်း၊ (၂) လေစစ်ဇကာ filters များ၊ (၃) mask နဲ့ လေရှုပြွန် cannula and tubing (၄) ရေအိုး water trap humidifiers (၅) စက်အတွင်းပိုင်း ဆိုပြီး (၅) ပိုင်းခွဲစဉ်းစားပါမယ်။
ပထမတစ်ယောက်သုံးပြီး နောက်တစ်ယောက်မသုံးခင်မှာဖြစ်စေ၊ အခြားနေရာကသယ်ယူလာတာဖြစ်စေ #ပိုးသတ်ပြီးမှသုံးစွဲသင့်ပါတယ်။
ပိုးသန့်စင်မယ့်သူဟာ #လူနဲ့ဝေးရာမှာ mask နဲ့လက်အိတ်သေချာဝတ်ပြီးမှ ပိုးသန့်စင်သင့်ပါတယ်။
(၁) စက်အပြင်ပိုင်းကို အစွန်းချွတ်ဆေးမပါတဲ့ဆပ်ပြာရည်စိမ်ထားတဲ့အဝတ်နဲ့သုတ်နိုင်ပါတယ်။ ပြီးတာနဲ့ kitchen tower စက္ကူလိပ်နဲ့ရေပြန်သုတ်နိုင်ပါတယ်။
စက်ကိုအသုံးပြုနေစဉ်မှာ ရေစိုအဝတ်နဲ့သန့်စင်ခြင်း #မပြုလုပ်ပါနဲ့။
အဓိကကလက်ကိုင်တွေ၊ setting ချိန်တဲ့နေရာတွေ လက်နဲ့ထိတွေ့နိုင်တဲ့နေရာတွေမှာ ပိုးသန့်စင်ပစ်ရမှာဖြစ်ပါတယ်။
(၂) Filters လေစစ်စကာတွေကို ဖြုတ်ထုတ်ပါ။ ဖုန်ခါသန့်စင်ပြီး ချွတ်ဆေးမပါတဲ့ဆပ်ပြာရည်ထဲမှာ ၂ မိနစ်ခန့်စိမ်ပါ။ ပြီးရင်ပိုက်ခေါင်းအောက်ကရေနဲ့ပြန်ဆေးပစ်ပါ။
တတ်နိုင်ရင် UV light ခရမ်းလွန်ရောင်ခြည်ဖြစ်ဖြစ်၊ နေရောင်ထဲမှာ မိနစ် ၂၀ လောက်ထားပြီးဖြစ်ဖြစ် ပိုးသတ်ပါ။
လေသလပ်ခံကာ #လုံးဝခြောက်သွေ့သွားမှပြန်လည်တပ်ဆင်သုံးစွဲပါ။ မခြောက်သွေ့လို့ စက်အတွင်းသို့ရေမှုန်ရေမွှားပါသွားတာ မကောင်းပါ။
ဆေးရုံလိုနေရာများမှာသုံးဖို့ filter အပိုဝယ်ထားသင့်ပါတယ်။
အထဲမှာ HEPA လို့ခေါ်တဲ့ လေစစ်ဇကာပါပါတယ်။ အဲ့ဒါကိုသေချာဖြုတ်ပြီး ဘရပ်ရှ်လေးနဲ့သန့်စင်ရပါတယ်။
ဖုန်ထဲမှာလူနာကရှုထုတ်ထားတဲ့ #ဗိုင်းရပ်စ်ပိုးတွေကပ်နေနိုင်တာကြောင့် mask နဲ့ goggles 🥽 တပ်ပြီးမှဖုန်သန့်စင်သင့်ပါတယ်။
(၃) လေရှုပြွန် cannula and tubing နဲ့ mask ကို နောက်တစ်ယောက်ပြန်သုံးရန် သန့်စင်ဖို့က #လက်တွေ့မကျပါဘူး။ နောက်တစ်ယောက်သုံးရင် #အသစ်လဲပါ။
Cannula ထိပ်နဲ့ mask ကို တစ်ယောက်တည်းသုံးရင်တောင်မှ ❌ ကြမ်းပြင်၊ စားပွဲခုံ၊ အိပ်ရာပေါ်စသည်တို့အပေါ်မှာမချမိဖို့ ဂရုစိုက်ပါ။ အဲ့လိုချမိရင် ရောဂါပိုးကိုဒါရိုက်ရှုမိသလိုဖြစ်စေပါတယ်။
မျက်နှာပြင်တစ်ခုခုပေါ် ချမိတယ်ဆိုရင် ဆပ်ပြာရည်ပါတဲ့ရေနွေးထဲမှာစိမ်ပါ။ ပြီးရင်ရေနဲ့ဆေးပါ။ ပြီးရင် (white vinegar ၁ ဆ - ရေ ၃ ဆ) ပါတဲ့ရေနွေးထဲ မိနစ် ၂၀ စိမ်ပြီးခြောက်အောင်သုတ်ပြီးမှ သုံးပါ။
အကယ်လို့ antiseptic solution ပိုးသတ်ဆေးရည်ရှိရင် အဲ့ဒီအထဲမှာမိနစ် ၃၀ စိမ်ပါ။
UV အလင်းရောင် (သို့မဟုတ်) နေရောင်ထဲထားပြီးလည်း ပိုးသတ်နိုင်ပါတယ်။
ဒါက cannula ထိပ်နဲ့ mask ကိုသာဆေးကြောသန့်စင်ဖို့ပြောတာဖြစ်ပြီး tubing ပြွန်ရှည်ကိုလုံးဝရေမစိမ်ရပါ။ ❌
ပြွန်ထဲရေဝင်သွားရင် ခြောက်သွေ့အောင်လုပ်ရတာအရမ်းခက်ပါတယ်။
လူနာတစ်ယောက်တည်းသုံးတာတောင်မှ လူနာကနေမကောင်းဖျားနာမှုရှိခဲ့ရင် cannula နဲ့ mask ကိုအသစ်လဲလှယ်သင့်ပါတယ်။
(၄) ရေအိုး water trap humidifiers ကိုလည်း အပေါ်ကနည်းအတိုင်းဆေးကြောနိုင်ပါတယ်။ လူနာပြောင်းရင် ကျိန်းသေပိုးသတ်ဖို့လိုပါတယ်။ လူနာမပြောင်းရင်တောင် ၅ ရက်တစ်ခါလောက်ဆေးပေးပါ။
အကယ်လို့ antiseptic solution ပိုးသတ်ဆေးရည်ရှိရင် အဲ့ဒီအထဲမှာမိနစ် ၃၀ စိမ်ပါ။
အဲ့ဒီ humidifier ပလတ်စတစ်ဘူးလေးထဲထည့်တဲ့ရေဟာ ရေသန့်ဖြစ်ရပါမယ်။ ကြိုချက်ထားတဲ့ရေသန့်ဖြစ်ရင်ပိုကောင်းပါတယ်။ အဲ့ဒီရေကို ထပ်ထပ်ဖြည့်တာထက် #နေ့စဉ်အသစ်လဲလှယ်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။
ရေမသန့်ခဲ့ရင်၊ ဘူးမသန့်ခဲ့ရင် mucormycosis လို့ခေါ်တဲ့ Covid လူနာမှာနောက်ဆက်တွဲမှိုနက်ရောဂါဖြစ်တတ်ပါတယ်။
ဟုတ်ပြီ။ အပေါ်က အဆင့် (၄) ဆင့်နဲ့စက်အပြင်လည်းသန့်ပြီ။ လေစစ်ဇကာတွေလည်းသန့်ပြီ။ လေရှုပြွန်ကလည်းအသစ်သုံးထားပြီးပြီ။ ရေဘူးကိုလည်းသေချာဆေးပြီးရေအသစ်လဲလှယ်ပြီးပြီ။
ဒါဆိုရင် လူနာတစ်ယောက်နဲ့တစ်ယောက်မကူးစက်ဘူးလို့ ၁၀၀ % သေချာပြီလား❓
Filter ဘယ်လောက်ကောင်းသလဲပေါ်မှာမူတည်ပါတယ်။ ကျနော့်အယူအဆကိုပြောပါမယ်။
အရင်လူနာရှုထုတ်သမျှလေဟာ စက်ပတ်ဝန်းကျင်ကိုရောက်သွားမှာပါ။ စက်ကအဲ့ဒီလေကိုစုပ်ယူပြီး နိုင်ထရိုဂျင်ဖယ်ထုတ်ကာ အောက်ဆီဂျင်ကိုစုစည်းပေးလိုက်တာပါ။
အဲ့ဒီတော့ စက်ရဲ့ Filter တွေက ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားကိုမစစ်ထုတ်ပေးနိုင်ဘူးဆိုရင် စုပ်ယူတဲ့လေနဲ့အတူအထဲကိုဝင်သွားမှာဖြစ်ပါတယ်။
စက်ထဲက ဇီယိုလိုက်ဇကာနဲ့ပိုက်ထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိရှိကောင်းရှိနေနိုင်ပါတယ်။ စက်အထဲပိုင်းကိုသန့်စင်ဖို့မဖြစ်နိုင်ပါ။
အဲ့လိုပါသွားခဲ့ရင်တော့ အနည်းဆုံး (၅) ရက်ခန့်ထားပြီးမှသုံးသင့်ပါတယ်။

Richard Myo Thant
12-July-2021

Oxygen Safety Precaution=======================================ဒီကာလမှာ အိမ်တိုင်းလိုလို အောက်ဆီဂျင်အိုးတွေ ဆောင်ထားကြတေ...
23/07/2021

Oxygen Safety Precaution
=======================================

ဒီကာလမှာ အိမ်တိုင်းလိုလို အောက်ဆီဂျင်အိုးတွေ ဆောင်ထားကြတော့ လိုက်နာဆောင်ရွက်သင့်တဲ့ Oxygen Safety Precaution တွေ မျှဝေပေးချင်ပါတယ်
အောက်ဆီဂျင်ဟာ မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင် safe, non-explosive gas ဖြစ်ပါတယ်
သို့သော် ကိုယ်တိုင် မီးမလောင်ပေမဲ့ မီးလောင်ခြင်းကို အားပေးပါတယ်
ဒါကြောင့် နေအိမ်မှာ အောက်ဆီဂျင် သုံးမယ်ဆိုရင် အောက်ပါ အချက်များကို သတိပြုပါ
⚠️ အောက်ဆီဂျင်ကို မီးတောက်မီးဖိုရှိရာနဲ့ အနည်းဆုံး ၃ မီတာ (၁၀ ပေ) ခန့် ခွာထားပါ
⚠️ Oxygen equipment အနီး ဆေးလိပ်မသောက်ရ
⚠️ အောက်ဆီဂျင်အနီး မီးလောင်လွယ်တဲ့ပစ္စည်းများ (petrol, cleaning fluid, aerosol cans or sprays such as fresheners or hairspray) မသုံးရ
⚠️ Oxygen supply device ကို alcoholic solutions, oil or grease ဖြင့် မထိပါစေနဲ့
⚠️ အောက်ဆီဂျင် ပေးနေစဉ် လျှပ်စစ်ပစ္စည်းများ (hairdryers, razors) မသုံးရ
⚠️ Oxygen concentrator ကို grounded electrical outlet မှာပဲ တပ်ပါ (extension cord သို့မဟုတ် power board ဖြင့် ဘယ်တော့မှ မသုံးပါနဲ့)
⚠️ Oxygen equipment ကို ဖုန်မတက်အောင် သန့်သန့်ရှင်းရှင်း ထားပါ
⚠️ Oxygen concentrator ကို ခန်းဆီး၊ လိုက်ကာနဲ့ ဝေးပြီး လေကောင်းလေသန့်ရတဲ့နေရာမှာ ထားပါ
⚠️ Oxygen cylinder တွေကို မီးတောက်မီးဖိုနဲ့ ဝေးပြီး နေရောင်ခြည်လည်း တိုက်ရိုက်မကျဘဲ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထောင်လျက် ထားပါ
⚠️ Cylinder တွေ မပျက်စီးအောင် oxygen equipment ကို သတိထား ကိုင်တွယ်ပါ
⚠️ မှန်ကန်တဲ့ pressure gauge နဲ့ regulator ကို သုံးပါ
⚠️ ကုန်ခါနီးရင် valve ကို ပိတ်ပါ
⚠️ တစ်ရက် ၂၄ နာရီ အောက်ဆီဂျင် ရှူနေရရင် back-up oxygen cylinder ဆောင်ထားပါ

Covidဖြစ်ရင်🏠အိမ်မှာ ဘယ်လိုနေသင့်လဲ?💁‍♀️အောက်စီဂျင် ဘယ်ချိန်လိုအပ်လဲ?🤒ဖျားလျှင် ဘာတွေလုပ်ပေးဖို့လိုလဲ?🙇‍♀️ဝမ်းလျောလျှင် ...
23/07/2021

Covidဖြစ်ရင်
🏠အိမ်မှာ ဘယ်လိုနေသင့်လဲ?
💁‍♀️အောက်စီဂျင် ဘယ်ချိန်လိုအပ်လဲ?
🤒ဖျားလျှင် ဘာတွေလုပ်ပေးဖို့လိုလဲ?
🙇‍♀️ဝမ်းလျောလျှင် ဘာသောက်ဖို့လိုလဲ?
🏩ဘယ်အချိန် ဆေးရုံတက်သင့်လဲ?
⏰ဘာတွေ Monitor လုပ်ဖို့လိုလဲ?
ပုံလေးတွေနဲ့ဆိုတော့ ပိုမှတ်မိလွယ်မယ်လို့ ထင်ပါတယ်…
အားလုံးအကြောက်မလွန်ပဲ အတူတကွ ကျော်ဖြတ်ကြပါစို့…💪👍

Source: World Health Organization (WHO)

Oxygen Concenterator တလုံးဝယ်မယ်ဆိုရင် ဘာတွေ သိထားသင့်ပြီး. . သတိထားကြည့်ရမလည်း. . . . Concenterator ဆိုတာ O2 ထုတ်တဲ့စက်...
23/07/2021

Oxygen Concenterator တလုံးဝယ်မယ်ဆိုရင်
ဘာတွေ သိထားသင့်ပြီး. . သတိထားကြည့်ရမလည်း. . . .


Concenterator ဆိုတာ O2 ထုတ်တဲ့စက်ဖြစ်ပြီး အိုးတွေနဲ့မတူတာက O2 မကုန်သွားဘဲဖြည့်စရာမလိုဘဲသုံးနိုင်ပါတယ်
စက်ထဲမှာ regulator ပါပြီးဖြစ်တဲ့အတွက် water tank ကိုတပ်ပြီး တိုက်ရိုက်သုံးနိုင်ပါတယ်. .
medical grade O2 concenterator တလုံးမှာ . . .
_ အရေးကြီးဆုံးက oxygen purity ပါ. . စက်ကထွက်တဲ့ သန့်စင်တဲ့ O2 % ပါ . . medical grade O2 concenterator တလုံးရဲ့ O2 purity ဟာ 90%ထက် မနည်း 96% ထက်မများသင့်ပါဘူး. .
_ flow rate မှန်ကန်ဖို့ _ outlet pressure stable ဖြစ်ဖို့ အရေးကြီးပါတယ်. . O2 စက်တွေမှာ 1-10L per minute ပေးလို့ရပါတယ်. . flow meter ပြတဲ့ အတိုင်း flow အမှန်တကယ် ထွက်နေဖို့အရေးကြီးပါတယ်. . အထူးသဖြင့် covid မှာ high flow O2 ပေးတဲ့အခါကိုယ် flow meter မှာတင်သလောက်ထွက်ဖို့အရေးကြီးပါတယ်. . flow range များတဲ့ စက်ကိုရွေးချယ်သင့်ပါတယ် (eg: 1-10L/min)
3/5/7/8/10 L စသည်ဖြင့် ရွေးချယ်မယ်ဆို 10L ထိပေးနိုင်တာကို covid ကာလမှာဝယ်သင့်ပါတယ်
_ service and spare parts အရေးကြီးပါတယ် air filter/ bacterial filter တွေ parts ရှိရပါတယ်. . လဲကိုလဲရပါတယ်. . သုံးတဲ့ပါတ်ဝန်းကျင်ပေါ်မူတည်ပါတယ်. . များသောအားဖြင့် 6-12 လကြာရင် filter တွေလဲရပါတယ်. . ဆေးပြီးပြန်သုံးလို့ရတာရှိသလို မရတဲ့ filter တွေရှိပါတယ်. . pressure sensor/ O2 sensor တွေလိုအပ်လာရင် လဲဖို့ပစ္စည်းလိုပါတယ်. . စက် error တက်ရင် ဘာဖြစ်လည်း ကြည့်ပေးနိုင်တဲ့ service ရှိရင်ကောင်းပါတယ်. . အသုံးပြုပြီး အချိန်တခုကြာရင် O2 purity/ flow sensor နဲ့ pressure တွေပြန် maintenance check/ calibrate လုပ်ပေးနိုင်တာရှိရင်ကောင်းပါတယ်. .
_ Single or double inhalation လာပါတယ်
single ဆို တယောက်တည်းရှုလို့ရမှာဖြစ်ပြီး double ဆိုနှယောက်တချိန်တည်းသုံးနိုင်ပြီး/ 2 line inhalation လည်းသုံးနိုင်ပါတယ်. . ခုလို shortage ဖြစ်ချိန် double ပိုရွေးသင့်ပါတယ်
_ noise level _ db နဲ့ပြပါတယ် 37~50 db လောက်ရှိကြပါတယ်. . စက်တိုင်းအသံထွက်တယ်ဆိုပေမယ့် သေချာနားထောင်ကြည့်ရင်ကွာပါတယ်. . စက်အတူတူကို 5L စက်နဲ့ 10L စက်နဲ့ noise ကွာပါတယ်. . အချိန်အကြာပြီး patient နားကပ်ပြီးဖွင့်ထားမှာ ဖြစ်တဲ့အတွက် ညအချိန်နဲ့ နေမကောင်းချိန်ဆို အသံငြိမ်လေကောင်းလေးပါဘဲ
_ alarm; Oxygen percent ကျသွားရင် alarm ပေးတာပါသင့်ပါတယ်. . power failure alarm/ high pressure low pressure alarm/ over heat/ SpO2 alarm တို့စသည်ဖြင့်ပါပါတယ်
_ SpO2 monitor (သွေးတွင်း O2 level တိုင်းတာ) ပါရင်ပိုကောင်းပါတယ်. . မပါလည်း pulse oximeter နဲ့တိုင်းရပါတယ်. . SpO2 စက်အသေးလေးတွေက spot check ဖြစ်ပြီး monitor ကတော့ continuous monitoring ဖြစ်ပါတယ်. . O2 ပေးထားတဲ့အချိန်မှာ SpO2 ကို check လုပ်ကိုလုပ်နေရပါမယ်
_ other features တွေ nebulizer/ integrated UPS/ battery back up/ monitor display စတာတွေပါလာတာတွေပေါ်မူတည်ပြီးလည်းစျေးကွာပါတယ်
_ ISO/ FDA / FAA/ EC/ CE certificate တွေရှိတဲ့စက်မျိုးကိုရွေးချယ်သင့်ပါတယ်. .
_ နောက်တခုသိထားသင့်တာက catalogue တွေ specification တွေဆိုတာက စာရွက်ပေါ်ကကိုယ်ရေးချင်သလိုရေးရပါတယ်. . စက်က တကယ့် spec data နဲ့ကိုက်ဖို့အရေးကြီးပါတယ်. . O2 analyser တို့/meter တို့နဲ့ စစ်ဆေးနိုင်ပေမယ့် စက်တိုင်းမလွယ်ပါဘူး. .
အဲ့တော့ အသုံးများတဲ့ စက် service နဲ့ spare partsပေးနိုင်တာမျိုးကို ရွေးသင့်ပါတယ်. . မဟုတ်ရင် filter လေးဝယ်မရလို့ O2 purity မကောင်းတာ သုံးလည်းမထူးတာတွေဖြစ်နိုင်ပါတယ်. .
အခုအချိန် something is better than nothing ဆိုပေမယ့်လည်း တကယ်အသုံးတည့်ဖို့လည်းလိုအပ်တာမို့
လိုအပ်တာလေးတွေ ယေဘုယျသိထားသင့်ပါတယ်. .
oxygen concenterator ဆောင်ထားသင့်လားဆိုရင်
အရင်တုန်းကတော့ မလိုပေမယ့် ခုခြေနေနဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးမကောင်းသူတွေ ရောဂါအခံရှိသူတွေကတော့ ဆောင်ထားသင့်ပါတယ်.

# Credit : Dr. Phone

သွေးတွင်းအောက်စီဂျင်တိုင်းကိရိယာအကြောင်းသိကောင်းစရာPulse Oximeter(SpO2)===============================================ဒီ...
23/07/2021

သွေးတွင်းအောက်စီဂျင်တိုင်းကိရိယာအကြောင်းသိကောင်းစရာ
Pulse Oximeter(SpO2)
===============================================
ဒီနေ့page ကနေသွေးတွင်းအောက်စီဂျင်တိုင်းတဲ့ကိရိယာလေး-Pulse oximeter(SpO2) အကြောင်းလေးကို အသေးစိတ်ပြောပြပေးပါ့မယ်။
🔍Pulse oximeter(SpO2) ဆိုတာဘာလဲ?
SpO2-saturation of peripheral Oxygenဖြစ်ပါတယ်။စက်လေးက
သွေးတွင်းထဲမှာရှိနေတဲ့အောက်စီဂျင်ပမာဏကိုညွှန်ပြပေးတာဖြစ်တယ်။စက်နာမည်ကိုတော့သွေးတွင်းအောက်စီဂျင်တိုင်းစက်-Pulse Oximeterလို့ခေါ်ပါတယ်။Medical terms အနေနဲ့တော့ SpO2လို့ခေါ်လေ့ရှိပါတယ်
🔍သူ့ကိုဘယ်လိုတိုင်းလဲ?
အဲ့စက်ကလေးကို လက်ချောင်း တစ်ခုတွင်ညှပ်ပြီးတိုင်းလိုက်ရင် စက္ကန့်ပိုင်းအတွင်း အဖြေထုတ်ပေးပါတယ်။
တိုင်းလို့ရတဲ့နေရာတွေကတော့-လက်ချောင်း၊ခြေချောင်းတို့တွင်အများဆုံးတိုင်းပါတယ်။
🔍အဖြေဘယ်လိုဖတ်လဲ?
အဖြေကို သူကရာခိုင်နှုန်းနဲ့ပြပါတယ်(%)
ပုံမှန်က 95%-100%ဆို Normal အဖြေဖြစ်ပါတယ်။
အောက်စီဂျင်level နဲ့အတူသူက နှလုံးခုန်နှုန်းကိုပါဖော်ပြပေးပါတယ်။
PR(pulse rate)ဆိုတာ နှလုံးခုန်နှုန်းဖြစ်ပါတယ်။
🔍ဘယ်လိုလူတွေမှာဆောင်ထားသင့်လဲ??
1မွေးရာပါနှလုံးရောဂါရှိသူတွေ
2.နာတာရှည်အဆုတ်လေပြွန်ရောင်သူတွေ
3.ပန်းနာရင်ကျပ်ရှိသူတွေ
4.နှလုံးအားနည်းသူတွေ
5.အမောဖောက်တတ်သူတွေ
6.ကျောက်ကပ် မကောင်းသူတွေ
🔍SpO2 တိုင်းရင်သတိထားရမည့်အချက်များ
1.လက်ချောင်းထဲသေချာဝင်အောင်တိုင်းပါ-လွတ်နေလျော့နေပါကအဖြေမှားတတ်သည်
2.အသားမာရှိတဲ့လက်ချောင်း၊လက်သည်းနီဆိုးထားသောလက်ချောင်းများတွင်မတိုင်းရ
3.လက်ခြေချောင်းများအရမ်းအေးနေလျှင် နွေးအောင်လုပ်ပြီးမှတိုင်းရမည်။အေးနေတဲ့အချိန်တိုင်းလျှင် အဖြေမှာနည်းခြင်း၊မပေါ်ခြင်းတို့ဖြစ်တတ်သည်။
4.နှလုံးခုန်းနှုန်းအရမ်းမြင့်နေသူ၊စီးချက်မမှန်သူများတွင်တိုင်းရင် အဖြေမှားတတ်သည်။
5.ကျောက်ကပ်ဆေးဖို့အကြောမွေးထားသူတွေကတော့ အကြောမွေးထားတဲ့ဘက်ကိုမတိုင်းရပါ။
🔍SpO2 ဘယ်လောက်ဆို အန္တာရယ်ရှိလဲ???
တကယ်တော့ Spo2 တစ်ခုထဲနဲ့ လူနာအခြေအနေကိုဆုံးဖြတ်လေ့မရှိပါဘူး။
🔴သို့သော် ရောဂါအခံလည်းရှိတယ်တကယ်လည်းမောနေတယ်ဆိုရင် SpO2-

23/07/2021

Address

No 26, Padonmar Street, Sanchaung Township
Yangon
11111

Telephone

+959757585620

Website

Alerts

Be the first to know and let us send you an email when Surge Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Surge Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram