09/04/2024
နှလုံးကိုဖိပြီးမအိပ်ကြနဲ့ သင်အိပ်ပုံကနှလုံးကိုဖိမိနေလားဆိုတာဖတ်ကြည့်ပါ
****************
ကမ္ဘာပေါ်မှာလူတွေဆုံးနေရတဲ့အကြောင်းရင်းကိုလေ့လာကြရာမှာနှလုံးရောဂါကြောင့်ဆုံးရခြင်းဟာအများဆုံးပဲလို့ပညာရှင်များတွေ့ရှိထားပါတယ်။
နှလုံးရောဂါကတော့အမျိုးမျိုးရှိပါတယ်။
အဲဒီလိုနှလုံးရောဂါအမျိုးမျိုးဖြစ်လာရခြင်းရဲ့ cause တခုအကြောင်းကိုအခုပြောပြပေးသွားပါမယ်။
ဗုဒ္ဓမြတ်စွာဘုရားသက်တော်ထင်ရှားရှိစဥ်တုန်းကလောကီလူသားတွေဘယ်လိုနေထိုင်ရမယ်ဆိုတဲ့နည်းတွေကိုပေးခဲ့ပါတယ်။
အဲဒီထဲမှာအိပ်စက်ခြင်းနဲ့ပတ်သက်လို့လက်ယာဘက်ကိုစောင်းအိပ်ဖို့လမ်းညွှန်ခဲ့ပါတယ်။
လက်ဝဲဘက်ကိုစောင်းမအိပ်ခိုင်းတာကလက်ဝဲရင်အုံမှာအချိန်တိုင်းခုန်နေတဲ့နှလုံးရှိနေလို့ပါပဲ။
လက်ဝဲဘက်ကိုစောင်းအိပ်တဲ့အခါမှာလွတ်လပ်စွာခုန်နေတဲ့နှလုံးကိုတက်ဖိထားသလိုဖြစ်နေပါတယ်။
ကိုယ်အလေးချိန်များတဲ့သူတွေဆိုပိုဆိုးတာပေါ့။
အသက်တောင်မနဲညှစ်ရှူနေကြရတယ်မဟုတ်လား။
အဲလိုတက်ဖိထားတော့နှလုံးကအရမ်းကိုရုန်းကန်ပြီးခုန်နေရပါတယ်။
နှလုံးဟာတကိုယ်လုံးကိုသွေ:ပို့လွှတ်ဖို့ညှစ်အားကောင်းကောင်းနဲ့ pump လုပ်ပေးနေရတာဖြစ်တယ်။
သူ့ကိုတက်ဖိထားတော့ညှစ်အားမကောင်းတော့ဘူး။
တကိုယ်လုံးကိုသွေး:မရောက်နိုင်တော့ဘူး။
တညလုံးများတက်ဖိထားရင်စဥ်းစားသာကြည့်ပါတော့။
နှလုံးမှာအခန်း၄ခန်းရှိတယ်။
တခန်းကနေနောက်တခန်းကိုသွေ:ဝင်ဖို့အတွက်အဆို့ရှင်လို့ခေါ်တဲ့တံခါးပေါက်တွေရှိတယ်။
နှလုံးကိုတက်ဖိထားတော့အဲဒီအဆို့ရှင်တံခါးပေါက်တွေလည်းအလုပ်ကောင်းကောင်းမလုပ်နိုင်တော့ဘူး။
နှလုံးကိုသွေ:ဝင်လာတဲ့သွေပြန်ကြောတွေရှိတယ်၊နှလုံးကနေပြန်ထွက်တဲ့သွေလွှတ်ကြောတွေရှိတယ်။
နှလုံးကိုတက်ဖိထားရင်အဲဒီသွေးကြောတွေလည်းပိတ်တတ်ပါတယ်။
သွေလည်းတိုးတတ်တယ်။
ခန္ဓါကိုယ်မှာနှလုံးကအခရာသိပ်ကျတာဗျ။
ကိုယ်တွင်းလုပ်ငန်းအရာရာတိုင်းကိုနှလုံးကနေအားယူပြီးလုပ်နေ
ရတာဖြစ်တယ်။
နှလုံးအားမရှိရင်ကျန်တဲ့အပိုင်းတွေလည်းအလုပ်ကောင်းကောင်းမလုပ်နိုင်ဘူး။
အစာမကြေတာတွေ၊ဝမ်းချုပ်တာတွေ၊ရင်ကျပ်တာတွေ၊နွမ်းနယ်တာတွေမူးဝေတာတွေစသည်ဖြင့်ဖြစ်ကြတာတွေကနှလုံးမကောင်းတာကြောင့်ဖြစ်ရတာများတယ်။
ဆိုလိုချင်တာကတော့နှလုံးဟာ
Mainပဲ။နှလုံးကောင်းဖို့ကအခရာအကျဆုံးဖြစ်တယ်။
ဘယ်ဘက်ကိုစောင်းအိပ်တတ်တဲ့သူတွေဟာနှလုံးအဖိခံထားတဲ့အတွက်
နှလုံးရဲ့လုပ်ဆောင်ချက်တွေကျဆင်းတတ်တယ်။ကြာရင်ဒဏ်ဖြစ်ပြီးနှလုံးအားမကောင်းတော့ဘူး။အဆို့ရှင်တွေပျက်စီးလွယ်တယ်။
အိပ်နေရင်းနဲ့နှလုံးရပ်ပြီးအသက်တောင်
ဆုံးရှုံးရတတ်တယ်။ဒါကြောင့်လက်ဝဲဘက်ကိုစောင်းအိပ်တတ်တဲ့အကျင့်ရှိရင်ပြင်ဖို့လိုပါတယ်။
လက်ဝဲဘက်ကိုလုံးလုံးစောင်းမအိပ်ပါနဲ့လို့ပြောတာတော့မဟုတ်ဘူး။
အညောင်းပြေခဏတော့စောင်းအိပ်ချင်ကြမှာပဲ။ခဏစောင်းအိပ်ရပ်ဖက်လုံးလိုခေါင်းအုံးလေးနဲ့ရင်ဘတ်ကိုအသာလေးခုထားပေးသင့်ပါတယ်။
ဘယ်ဘက်စောင်းပြီးအိပ်မပျော်သွားပါစေနဲ့။အညောင်းပြေရင် positionပြန်ပြောင်းပါ။
အကောင်းဆုံးအိပ်နည်းကတော့ကမ္ဘာ့သံလိုက်စက်ကွင်းလားရာမှန်ဖို့ဦးခေါင်းကိုတောင်ဘက်ထားပြီးပက်လက်လှန်အိပ်ခြင်းဖြစ်တယ်။
အခါအားလျော်စွာလက်ယာဘက်ကိုစောင်းအိပ်နိုင်တယ်။အဲဒီလိုအိပ်ရေးဝအောင်အိပ်ဖို့ဖြစ်ပါတယ်။
+++++++++++++++++++++++++++++++
အိပ်တဲ့အခါမှာလည်းသူတော်ကောင်းအိပ်တဲ့နည်းမျိုးနဲ့အိပ်သင့်တယ်။
အလိုလောဘတွေစဥ်းစားပြီးအိပ်ရင်ပြိတ္တာအိပ်နည်း၊
မလိုဒေါသတွေစဥ်းစားပြီးအိပ်ရင်ငရဲသားအိပ်နည်း၊
ခေါင်းအုံးနဲ့ခေါင်းထိတာနဲ့အိပ်ပျော်သွားရင်တိရစ္ဆာန်အိပ်နည်းလို့ခေါ်တယ်။
အဲဒီအိပ်နည်းတွေကအိပ်ပျော်ဖို့ခက်ခဲတတ်တယ်။ပက်လက်လေးလှန်မျက်လုံးလေးမှိတ်ပြီးကိုယ်အားသန်ရာတရားအမှတ်လေးနဲ့အိပ်မှသာလျှင်ယောဂီအိပ်နည်းသူတော်ကောင်းအိပ်နည်းဖြစ်မှာဖြစ်ပါတယ်။
မိတ်ဆွေများ.....နှလုံးဟာသိပ်အရေးကြီးပါတယ်။
ခန္ဓါကိုယ်အတွက်လည်းတန်ဖိုးကြီးလှပါတယ်။
နှလုံးမကောင်းရင်အသက်မရှည်နိုင်ပါဘူး။
ဒါကြောင့်နှလုံးရောဂါဖြစ်စေနိုင်တဲ့အခြားသောအကြောင်းအရာတွေကိုလည်းဂရုစိုက်ကြရင်းနဲ့လူသိနည်းလှတဲ့အခုပြောပြတဲ့အကြောင်းအရာလေးကိုလည်းသတိထားမိကြဖို့မျှဝေပေးလိုက်ပါတယ်။
မိမိပြုသောကံမိမိထံပြန်လာမည်။
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်
+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်