ကံကြမ္မာရေးရာအဖြေရှာ

ကံကြမ္မာရေးရာအဖြေရှာ "oneiromancy,
Tarot Reader & Spiritual Guide for love, career, and life’s journey
For Booking
📲09952120000
(Messages me on Viber or Page Cb)

22/11/2025

Hello

13/11/2025

Check out 🔮Dreamlight By NannOoWai🔮’s post.

ဆံပင် (Hair) နှင့် ပတ်သက်သည့် ရိုးရာ Feng Shui အယူအဆများနဲ့ပတ်သက်ပြီး ကံကောင်းခြင်း၊ ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းနှင့်...
01/11/2025

ဆံပင် (Hair) နှင့် ပတ်သက်သည့် ရိုးရာ Feng Shui အယူအဆများနဲ့ပတ်သက်ပြီး ကံကောင်းခြင်း၊ ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းနှင့် စည်းစိမ်ဥစ္စာတိုးတက်စေရန် လုပ်ဆောင်နည်းများကို ဖော်ပြထားပါတယ်

Feng Shui Tips Don't Underestimate Your Hair. It Brings Good Luck.


🎀ငွေကြေးအခက်အခဲ (financial struggles) ကြုံတွေ့နေရချိန်။

· သင့်ဆံပင် အနည်းငယ်ကို မီးရှို့ပါ (burn a small piece of your hair)။
· ကံကောင်းခြင်းကို မြှင့်တင်ပေးပြီး (boost your luck) အခွင့်အလမ်းသစ်များကို ဖွင့်ပေးနိုင်ပါလိမ့်မည် (open you up to new opportunities)။

🎀 စိတ်ခံစားချက်များ မငြိမ်မသက်ဖြစ်နေချိန် (emotions are all over the place)။

· လုပ်ဆောင်ရန် အိပ်ယာနေရာ သင့်ဆံပင် အနားတွင် ကျောက်တုံး တစ်ခု သို့ခရစ်စတယ်တစ်ခုကို ထားပါ (place your hair near a large rock)။
· သင့်စွမ်းအင်ကို တည်ငြိမ်စေပြီး (stabilize your energy) စိတ်ချမ်းသာမှုကို ယူဆောင်လာပေးနိုင်ပါသည် (bring you peace)။

🎀နေထိုင်မကောင်းဖြစ်နေချိန် (feeling sick)။

· မိမိဆံပင်အနည်းငယ်ကို ညှပ်ပြီး မြစ် သို့မဟုတ်မျှောနေတဲ့ မြစ် ထဲသို့ ပစ်ချပါ (cut a small piece of your hair and throw it into a river)။
· သင့်ကို အသက် ရှည်စေနိုင်ပါလိမ့်မည်

🎀 ခွန်အားနည်းသလိုခံစားရ ပြီး မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်း (feeling weak or lacking confidence)။

· လုပ်ဆောင်ရန် သင့်ဆံပင်အနဲငယ် ကိုနုတ်ပြီး ဆူးပါသည့် အပင်တစ်ပင်မှာ ချည်ပါ (tie some of your hair to a thorny tree)။
· ပိုမိုရဲရင့်ပြီး သန်စွမ်းလာစေပါလိမ့်မည်

NannOoWai
#ကူးချခြင်းသည်းခံပါ

26/10/2025
 #ပါရမီရှင်တို့အတွက်အနှောင့်အယှက်အတားအစီး“The Dweller on the Threshold” ဂန္ဓာရီဝိဇ္ဇာလမ်းကိုလျှောက်လှမ်းကြတဲ့ အခါ အောင်မ...
04/09/2025

#ပါရမီရှင်တို့အတွက်အနှောင့်အယှက်အတားအစီး

“The Dweller on the Threshold”

ဂန္ဓာရီဝိဇ္ဇာလမ်းကိုလျှောက်လှမ်းကြတဲ့ အခါ အောင်မြင်ပေါက်ရောက်ခါနီးစပ်ကြား အမှောင်ခြမ်းရဲ့ သဏ္ဍာန် တွေက ပေါ်လာတတ်ပါတယ်။ဒါကို သီအိုဆိုဖီအသင်းက အတွေးအခေါ်ပညာရှင်က “The Dweller on the Threshold” ဆိုတဲ့ ခေါင်းစဉ် နဲ့ ဒီလို အနက်ဖွင့် ဆိုပါတယ် ။ လူတစ်ဦးဟာ ကျင့်ကြံပေါက်မြောက်ခါနီး ဂန္ဓာရီ ဝိဇ္ဇာ ခရီးလမ်းမှာ ရင်ဆိုင်ရမယ့် အတားအဆီးတစ်ခု ရှိတတ်ပါတယ်။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးတစ်ခုထက်၊ စိတ်ပိုင်းဆိုင်ရာ၊နာမ် ဝိညာဉ်ပိုင်းဆိုင်ရာ နဲ့ ကံတရားဆိုင်ရာ အတားအဆီး တွေ ဖြစ်တတ်ပါတယ်။ဒီအတားအဆီးအမှောင်ခြမ်းတွေက လူသားတစ်ဦးရဲ့ အတွင်းစိတ်က ကြောက်ရွံ့မှု၊ အားနည်းချက်တွေ၊ နဲ့ အတိတ်ကံ က ရင်ဆိုင်ရမယ့် ဝဋ်ကြွေး ကံကြွေး တွေကို ကိုယ်စားပြုပါတယ်။

ဒီအယူအဆက်ို ဘယ်ကစပြီးအတည်ပြုလာတာလဲဆိုတော့?

“The Dweller on the Threshold” ဆိုတဲ့ စကားလုံးကို ပထမဆုံးဖော်ထုတ် မိတ်ဆက်ပေးခဲ့သူကတော့ အင်္ဂလိပ်စာရေးဆရာ နဲ့ လျို့ဝှက်ဆန်းကြယ်ကိစ္စများကိုလေ့လာသူ ဆာအက်ဒွါဒ် ဘူးလ်ဝါလစ်တန် (Sir Edward Bulwer-Lytton) ဖြစ်ပါတယ်။ ၁၈၄၂ ခုနှစ်မှာ သူရေးသားခဲ့တဲ့ Zanoni ဆိုတဲ့ ဝတ္ထုထဲမှာ ဒီအယူအဆကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ဆရာဒီပံလင်းကလဲဒီစာအုပ်ကိုဘာသာပြန်ရေးသားထားတာရှိပါတယ်။ Zanoni ဆိုတဲ့စာအုပ်ထဲမှာ ဂန္ဓာရီ ဝိဇ္ဇာ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူတစ်ဦးရဲ့ အတွင်းစိတ်က အဆိုးမြင်စိတ်တွေ၊ ကြောက်ရွံ့မှုတွေ၊ နဲ့ အတိတ်က မကောင်းမှုတွေဟာ ပေါင်းစည်းပြီး ကြောက်မက်ဖွယ် ပုံရိပ်တွေ အနေနဲ့ဖော်ပြထားပါတယ်။ပြင်ပလောကမှာလဲ ၄င်း အဖြစ်အပျက် တွေနဲ့ကြုံတွေ့ရတတ်ပါတယ်။ ဒါဟာပါရမီရှင်တွေကို ပေါက်မြောက်အောင်မြင်ခါနီးအနေအထားမှာ တားဆီးဖို့ ကြိုးစားတဲ့ ဖြစ်စဥ်တစ်ခုပါပဲ။

ဒီအယူအဆကို ၁၈၇၅ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Theosophical Society ရဲ့ ဦးစီးတစ်ဦးဖြစ်တဲ့ ဟယ်လီနာ ဘလာဗတ်စကီး (Helena P. Blavatsky) က ပိုမိုတိကျစွာအနက် ဖွင့်ဆိုပေးခဲ့ပါတယ်။ သူမရဲ့ အဆိုအရ “Dweller on the Threshold” ဆိုတာ ဟာ လူတစ်ဦးရဲ့ အတိတ်ဘဝတွေက စုဆောင်းထားတဲ့ မကောင်းတဲ့ ကံတရားတွေ ဝဋ်ကြွေးတွေ (negative karma) ဒါမှမဟုတ် “မာန်မာန လောဘ ဒေါသ မောဟ တွေရဲ့ အရိပ်” (astral doubles) တွေရဲ့ ပေါင်းစည်း ဖြစ်ပေါ်လာမှု့ လို့ ဆိုပါတယ်။
ဗလာစကီးကတော့ ဒီလိုဖြစ်စဥ်ဟာ တကယ့်လက်တွေ့ လောက မှာလက်ရှိ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ ဝတ္ထုထဲမှာလို စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်မဟုတ်ဘူးလို့ ဆိုပါတယ်။

ဘာကို ကိုယ်စားပြုပြီးဖြစ်ပေါ်လာ သလဲ?

အတွင်းစိတ်က အဆိုးမြင်စိတ်များ

ဒီဖြစ်စဥ်ဟာ လူတစ်ဦးရဲ့ ကိုယ်ပိုင်ကြောက်ရွံ့မှု၊ သံသယတွေ၊ ဒါမှမဟုတ် အတိတ်က မကောင်းမှုတွေရဲ့ ပေါင်းစည်းပုံ‌ေပါ်လာမှုဖြစ်ပါတယ်။ ဥပမာ၊ လူတစ်ဦးဟာ ဂန္ဓာရီ လမ်း ဆီ လျှောက်လှမ်းတဲ့အခါ၊ သူတို့ရဲ့ အတိတ်က အမှားတွေ၊ မကောင်းတဲ့ အကျင့်တွေ၊ ဒါမှမဟုတ် မဖြေရှင်းရသေးတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ ပုံရိပ်တစ်ခုအနေနဲ့ ပေါ်ထွက်လာနိုင်ပါတယ်။

အထက်ပုဂ္ဂိုလ်တို့ရဲ့ စမ်းသပ်မှု📌

တစ်ခါတစ်လေဝိဇ္ဇာ
လမ်းကြောင်းပေါ်မှ လူတစ်ဦးရဲ့ ရဲရင့်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ နဲ့ သတ္တိကို စမ်းသပ်တဲ့ အတားအဆီးတစ်ခုလဲဖြစ်တတ် ပါတယ်။ ဒါကို ကျော်ဖြတ်နိုင်မှသာ ပိုမိုမြင့်မားတဲ့ ဂန္ဓာရီ ခရီး အဆင့်ဆီ ရောက်ရှိနိုင်မယ်လို့ ဆိုပါတယ်။

အတိတ်ကံရဲ့ အရိပ်📌

သီအိုဆိုဖီအရ၊ ဒီအရာဟာ လူတစ်ဦးရဲ့ အတိတ်ဘဝတွေက စုဆောင်းထားမိတဲ့ မကောင်းတဲ့ ကံတရားတွေရဲ့ ပေါင်းစည်းမှု့ ပုံရိပ်လဲ ဖြစ်နိုင်ပါတယ်။ လူတစ်ဦးရဲ့ အတိတ်ဘဝက ဒေါသ မာန်မာန တွေ ဒါမှမဟုတ် မကောင်းတဲ့ စိတ်ခံစားချက် ဝဋ်ကြွေး တွေရဲ့ အကြွင်းအကျန်တွေဟာ ဂန္ဓာရီခရီး ပေါက်မြောက်ခါနီး အချိန်မှာ ဝဋ်ကြွေးအကြေဆပ်ရမယ့် အနေအထားမျိုးတွေကြုံရတတ်ပါတယ်။

ဘယ်လိုပုံစံတွေ ပေါ်ထွက်လာတတ်လဲဆိုတော့?

ဒီအရာဟာ တစ်ခါတစ်ရံ ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံရိပ်တစ်ခုအနေနဲ့ (ဥပမာ၊မကောင်းဆိုးဝါးပုံစံ ဒါမှမဟုတ် အမှောင်ထုကြောက်မက်ဖွယ် ရင်ဆိုင်ဖို့ခက်တဲ့အရာ တစ်ခု)ပုံစံ နဲ့ ပေါ်ထွက်လာတတ်ပါတယ်၊ တစ်ခါတစ်ရံမှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ ဒါမှမဟုတ် အဆိုးမြင်စိတ်တွေအနေနဲ့လည်း ခံစားရတတ်ပါတယ်။ ဥပမာ၊ Zanoni ထဲမှာ ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ ဂလင်ဒန် (Glyndon) ဟာ တားမြစ်ထားတဲ့ အိုးနှစ်လုံးကို ဖွင့်လိုက်တဲ့အခါ၊ အစပိုင်းမှာ မူးယစ်ဆေးဝါးလို ခံစားမှုကို ရရှိပြီး၊ နောက်ပိုင်းမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံရိပ်တစ်ခုနဲ့ ရင်ဆိုင်ရပါတယ်။ ဒါဟာ သူ့ရဲ့ အတွင်းစိတ်က ကြောက်ရွံ့မှုတွေနဲ့ အတိတ်က မကောင်းမှုတွေရဲ့ ပေါင်းစည်းမှုကို ကိုယ်စားပြုပြီး အတွင်းစိတ်က ပုံဖော်ဖြစ်လာသလိုမျိုးပေါ့

ဒီအယူအဆမှာ ဂန္ဓာရီ ခရီးလမ်းလျှောက်လှမ်းနေသူများရဲ့ အတွင်းစိတ်နက်နဲတဲ့အပိုင်းမှာ ဖုံးကွယ်ထားတဲ့ ကြောက်ရွံ့မှုတွေ၊ အားနည်းချက်တွေ၊ နဲ့ မဖြေရှင်းရသေးတဲ့ ပြဿနာတွေကို မီးမောင်းထိုးပြထားပါတယ်။ဒါဟာမဖြစ်မနေ ခရီးပေါက်မြောက်ခါနီးသူတိုင်း မိမိကိုယ်ကိုယ် ရင်ဆိုင်ရမယ့် အခိုက်အတန့်တစ်ခုဖြစ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ နဲ့ ဝိညာဉ်ပိုင်းဆိုင်ရာအ နက်နဲဆုံး နဲ့ရင်ဆိုင်ရအခက်ဆုံးအပိုင်းလဲဖြစ်ပါတယ်။

“The Dweller on the Threshold” ကို ကျော်လွှားဖို့ဆိုတာ လွယ်ကူတဲ့အလုပ်မဟုတ်ပေမယ့်။ ပါရမီရှင်တွေရဲ့ စိတ်ဓာတ်ခိုင်မာမှု၊ သတ္တိ၊ နဲ့ မိမိကိုယ်ကိုယ် ရိုးသားစွာ ရင်ဆိုင်နိုင်မှုတို့ သာရှိခဲ့ရင် အောင်မြင် ပေါက်မြောက်မှာသာဖြစ် ပါတယ် ။

ယနေ့ခေတ်မှာလဲ ဂန္ဓာရီဝိဇ္ဇာလမ်း နယ်ပယ်ထဲမှာသာမက၊ စိတ်ပိုင်းဆိုင်ရာ နဲ့ လူမှုရေးဆိုင်ရာ အခြေအနေတွေမှာလည်း ဒီပုံစံနဲ့အလားတူတွေ ရှိနေတတ် ပါတယ်။ ဥပမာ၊ လူတစ်ဦးဟာ သူတို့ရဲ့ ဘဝမှာ အရေးကြီးတဲ့ ပြောင်းလဲမှုတစ်ခုကို ရင်ဆိုင်ရတဲ့အခါ (ဥပမာ၊ အလုပ်ပြောင်းလဲမှု၊ ဆက်ဆံရေးပြောင်းလဲမှု၊ ဒါမှမဟုတ် ကိုယ်ပိုင်တိုးတက်မှုကို ရှာဖွေတဲ့အခါ)၊ သူတို့ရဲ့ အတွင်းစိတ်က ကြောက်ရွံ့မှုတွေ ဒါမှမဟုတ် သံသယတွေဟာ ကြောက်စရာသွင်ပြင် အိမ်မက်ဆိုးအနေ နဲ့ ပေါ်ထွက်လာနိုင်ပါတယ်။ ဒါဟာ ခေတ်သစ်မှာ “Dweller on the Threshold” ရဲ့ ပုံစံတစ်မျိုးလို့လဲ ယူဆနိုင်ပါတယ်။
ဥပမာ၊ ယနေ့ခေတ်မှာ လူတွေဟာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒီအရာတွေဟာ ဘဝတိုးတက်ဖို့အတားအဆီး ခေတ်သစ်ပုံစံတွေလို့ ဖြစ်လို့၊ ဒါတွေကို ကျော်လွှားဖို့ ဆိုတာမိမိကိုယ်ကိုယ် ရိုးသားစွာ သုံးသပ်ပြီး ရင်ဆိုင်ဖို့ လိုအပ်ပါတယ်။

ေးပဲကူးချခြင်းသည်းခံပါ

ဒီနေ့မနက်စောစောမှာ ထူးခြား တဲ့ အိမ်မက်တစ်ခုကိုမြင်မက်ခဲ့တယ် အိမ်မက်ထဲမှာ ကျွန်မက မျက်လှည့်ဆရာ အမျိုးသား တစ်ဦးပါ။ အဝတ် အ...
22/08/2025

ဒီနေ့မနက်စောစောမှာ ထူးခြား တဲ့ အိမ်မက်တစ်ခုကိုမြင်မက်ခဲ့တယ် အိမ်မက်ထဲမှာ ကျွန်မက မျက်လှည့်ဆရာ အမျိုးသား တစ်ဦးပါ။ အဝတ် အနက်ရောင်ပွပွရှည်ရှည် အကင်္ျီ ကိုဝတ်ထားပြီး ဦးထုတ် လဲဆောင်းထားတယ် အရပ်လဲရှည်တယ်၊ မြင်ကွင်း တွေကပြတ်သားလွန်းလို့ အိပ်ယာကနိုးစမှာ ဇဝေဇဝါတောင်ဖြစ်သွားခဲ့ရပါတယ်။ ဒီနေ့ မနက်စာစားပြီး အိမ်ပြန်ရောက်တဲ့အခါ အမှတ်မထင် အဲ့ဒီကိစ္စကို တွေးမိပါတယ်။ တာအိုက အတွေးအခေါ်ပညာရှင်ကြီး ကျူ့အန်း ကျူးအန်းလားတော့ ကျွန်မလဲ နာမည် အသံထွက်ကိုသေချာ သိပ်မသိပါဘူး ကျု့အန်းလို့ပဲ အနီးစပ်ဆုံးခေါ်လိုက်ပါမယ်၊ Zhuang Zhou ဆိုတဲ့ အတွေးအခေါ်ပညာရှင်ကြီးက တစ်နေ့တော့ သူဟာထူးခြားတဲ့ အိမ် မက်ကို မက်သတဲ့ အိမ်မက်ထဲမှာ သူဟာပန်းခြံ ထဲ လွတ်လပ်စွာ ပျံသန်းနေတဲ့ လိပ်ပြာတစ်ကောင်ဖြစ်နေပါတယ်တဲ့။
အိမ်မက်ထဲမှာ သူဟာ လိပ်ပြာအစစ် ပါပဲ။

· သူဟာ လေပြေလေညှင်း ကိုလဲ ခံစားလို့ရတယ်၊ ပန်းပွင့် တွေရဲ့ မွှေးရနံ့ ကိုလဲ ခံစားရတယ်
·နွေးထွေးတဲ့ နေရောင်ခြည်အောက်မှာ အတောင်ပံတွေကို ဖြန့်ပြီး ပျံသန်းရတာဟာသူ့အတွက် အရမ်းကိုလွတ်လပ်ပြီး ပျော်စရာ ပကတိလို့သူကဆိုတယ်။
· သူဟာ သူ့ကိုယ်သူအိမ်မက်ထဲမှာ "လိပ်ပြာ" လို့ပဲ ခံစားမိတယ်။ "ကျု့အန်း" ဆိုတဲ့ အတွေးဟာ သူ့အိမ်မက်မှာ လုံးဝမရှိတော့ဘူး။မနက်မှာ အိမ်မက်ကနေ သူနိုးလာတယ်။ သူဟာသူ့အိပ်ယာထဲမှာ လူသားခန္ဓာကိုယ်နဲ့ပဲ ပြန်ရှိနေတယ်။

ဒီအချိန်မှာ သူ့စိတ်ထဲမှာ ကြီးမားတဲ့ ဒွိဟသံသယတစ်ခု ပေါ်လာခဲ့တယ်။ သူဟာစဉ်းစားမိတယ်...

"ငါဟာ လိပ်ပြာတစ်ကောင်အဖြစ် အိပ်မက်မက်နေတဲ့ ကျု့အန်း လား? ဒါမှမဟုတ်... ငါဟာ ကျု့အန်းဆိုတဲ့လူသားအဖြစ် အိပ်မက်မက်နေတဲ့ လိပ်ပြာတစ်ကောင်လားဆိုပြီးတော့ပေါ့ ကျု့အန်းရဲ့ Taoism ဒဿန အယူအဆတွေက ကျွန်မအခု ခံစား‌ေနရတာတွေနဲ့ ယှဉ်ကြည့်တော့တွေးစရာတွေဖြစ်လာစေတယ်၊
ဒီတွေးစရာတွေထဲကမှ အချို့ မေးခွန်း တွေကိုထုတ်ကြည့်ပါတယ်။

ဘဝမှာဘယ်ဟာကအစစ်အမှန်လဲ (Reality vs. Illusion) ?

· "စစ်မှန်တယ်" "မစစ်မှန်ဘူး" ဆိုတာရဲ့ နယ်နိမိတ် ကန့်သတ်ချက်တွေကဘာတွေလဲ ?
· ကျွန်မ တို့ ယုံကြည်နေတဲ့ "လက်တွေ့ကမ္ဘာ"ဆိုတာ ဟာ ဘဝတစ်ခု ရဲ့ အိမ်မက်အစိတ်အပိုင်း တစ်ခုလောက်ပဲ ဖြစ်နေနိုင်သလား?

အတ္တနဲ့ အနတ္တ (Self and Non-Self)?

· "ငါ" ဆိုတဲ့ ခန္ဓာကိုယ်မှာစွဲတဲ့ စိတ်ဟာ တစ်သက်လုံးရှိ‌ေနမယ့် အရာတစ်ခုလား?
· "ငါ" ဆိုတာ ဘဝတစ်ခုမှာသာ ခဏတာဖြစ်တည်မှုလား၊ နောက်ဘဝတွေမှာ အစွဲတွေ ပြောင်းလဲလာနိုင်သလား? စသဖြင့် တွေးစရာတွေများပါတယ်။
ကျု့အန်းရဲ့ အတွေးအခေါ်အချို့ ဟာ ယနေ့ခေတ် ကျွန်မတို့နေထိုင်တဲ့ကမ္ဘာကြီးဟာ (Matrix world ရဲ့ simulation တစ်ခုလားဆိုတဲ့ အယူအဆ) ရဲ့ နှစ်ပေါင်း ၂၀၀၀ ကျော် ရှေ့ပြေး version လို့တောင် ပြောလို့ရပါတယ်။

ကျွန်မအနေနဲ့ကတော့မျက်လှည့်ဆရာ အဖြစ် နေထိုင်ခဲ့ရတဲ့ ဘဝရဲ့လျို့ဝှက်နက်နဲမှု့ကို စစ်မှန်စွာခံစား ခဲ့ရတယ် ဆိုရင်
ယခု နန်းဦးဝေ အဖြစ် ခံစားရတဲ့ဘဝ ဟာလည်း စစ်မှန်တဲ့ ဘဝလို့ ယူဆရမယ်

ဒါကြောင့်၊ စစ်မှန်မှုကို အမည်တပ်ဖို့ထက်ကိုယ်ရောက်နေတဲ့ဘဝ ထဲမှာ အကောင်းဆုံးနေထိုင်ဖို့ကသာ အရေးအကြီးဆုံးပဲလို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ေးပဲကူးချခြင်းသည်းခံပါ

ဂျပန်ရိုးရာ ဒါရုမာအရုပ်ဆိုတာဟာ ဗုဒ္ဓဘာသာ တရားအားထုတ်သူ ဘုဒ္ဓဓမ္မ(Bodhidharma) ကို အခြေခံ စီရင်ထားတဲ့အရုပ် တစ်ခုဖြစ်ပြီး၊...
27/07/2025

ဂျပန်ရိုးရာ ဒါရုမာအရုပ်ဆိုတာဟာ ဗုဒ္ဓဘာသာ တရားအားထုတ်သူ ဘုဒ္ဓဓမ္မ(Bodhidharma) ကို အခြေခံ စီရင်ထားတဲ့အရုပ် တစ်ခုဖြစ်ပြီး၊ ခံနိုင်ရည်ရှိမှု၊ ဇွဲလုံ့လရှိမှု့ နဲ့ ဆုတောင်းပြည့်စေမှုကို ကိုယ်စားပြုပါတယ်။
ဒါရုမာအရုပ်နဲ့ ဆုတောင်းနည်းဆိုတာလဲ ရှိပါတယ်။
ဒါရုမာအရုပ်ကို ဝယ်ယူတဲ့အခါ၊ မျက်လုံးနှစ်ဖက်လုံးဟာ အမည်းရောင်မျက်ဆံမပါပဲ အဖြူသက်သက် ဖြစ်နေ လေ့ရှိပါတယ်။
ပထမဆုံး သင်ရည်မှန်းထားတဲ့ ပန်းတိုင် ဒါမှမဟုတ် ဆုတောင်းချက်တစ်ခုကို စိတ်ထဲမှာ သတ်မှတ်ထား ပါ။ ဥပမာ- စာမေးပွဲအောင်ဖို့၊ လုပ်ငန်းအောင်မြင်ဖို့၊ ကျန်းမာရေးကောင်းမွန်ဖို့ စသည်ဖြင့်ပေါ့ နှစ်သက်ရာတစ်ခုကို ဆုတောင်းဖို့ သတ်မှတ်ထားပါ။
ပြီးရင်စိတ်ထဲက ဆုတောင်း ပြီးတာနဲ့ အရုပ်ရဲ့ ဘယ်ဘက်မျက်လုံး ကို အနက်ရောင်ဖြည့်ပါ။ ဒါဟာ သင့်ဆုတောင်းချက်ရဲ့ စတင်မှုကို ကိုယ်စားပြုပါတယ်။

သင့်ရည်မှန်းချက်ပြည့်မြောက်တဲ့အခါ (သို့မဟုတ်) ဆုတောင်းတွေ ပြည့်စုံလာတဲ့အခါ၊ ဒါရုမာအရုပ်ရဲ့ ညာဘက်မျက်လုံး ကို အနက်ရောင်ထပ်ဖြည့်ပါ။ ဒါဟာ သင့်ဆုတောင်းချက်ပြည့်စုံပြီဆိုတာကို အမှတ်အသားပြုခြင်းဖြစ် ပါတယ်။

အရုပ်ကို ထားရှိပုံ🔽
ဒါရုမာအရုပ်ကို အိမ်မှာ ထင်ရှားတဲ့အခါ စင်အမြင့် သို့ စားပွဲခုံ မှာ ထားထားလေ့ရှိပါတယ်။

ဆုတောင်းပြည့်ပြီးနောက်🔽
ဆုတောင်းချက်ပြည့်စုံပြီးရင် ဒါရုမာအရုပ်ကို ဂျပန်မှာဆိုရင် ဘုန်းကြီးကျောင်း (သို့) ဘုရားကျောင်းမှာ ယူသွားပြီး ဒါရုမာကုယိ (Daruma burning ceremony) ဆိုတဲ့ အခမ်းအနားမှာ မီးရှို့လေ့ရှိပါတယ်။ ဒါဟာ ကျေးဇူးတင်ကြောင်းပြသပြီး အရုပ်ကို လွှတ်လပ်ခွင့် ပေးတဲ့ ဓလေ့ဖြစ်ပါတယ်။ ပြီးရင် နောက်ဆုတောင်းချက်အတွက် အရုပ်အသစ်ဝယ်လေ့ရှိပါတယ်။

ဒါရုမာအရုပ်ရဲ့ ထူးခြားချက်များနဲ့
ပုံသဏ္ဍာန်🔽
ဒါရုမာအရုပ်ဟာ များသောအားဖြင့် အနီရောင်ဖြစ်ပြီး၊ ပစ်တိုင်းထောင်လို ပြန်ထူနိုင်တဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။ ဒါဟာ ခုနစ်ကြိမ်လဲပြီး ရှစ်ကြိမ်ထ ဆိုတဲ့ ဂျပန်စကားပုံကို ကိုယ်စားပြုပြီး ခံနိုင်ရည်နဲ့ ဇွဲလုံ့လရှိတာကိုကကိုယ်စားပြုပါတယ် ။
ဒါရုမာအရုပ်ဟာ ကံကောင်းခြင်း၊ အောင်မြင်ခြင်းနဲ့ ဆုတောင်းပြည့်စေမှုကို ရစေတယ်လို့ ယုံကြည်ကြပါတယ်။

ဒါရုမာအရုပ်နဲ့ ဆုတောင်းတဲ့ အစီအရင်ဟာ ဂျပန်ယဉ်ကျေးမှုရဲ့ ထူးခြားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယုံကြည်သူတို့ရဲ့ ရည်မှန်းချက်တွေကို ပြည့်စုံလာစေဖို့ တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးတဲ့ နည်းလမ်းတစ်ခုလဲဖြစ်ပါတယ်။မိတ်ဆွေတို့လဲ ဒါရုမာအရုပ်နဲ့ ဆုတောင်းကြည့်ချင်ပါသလားဖြေပေးခဲ့ပါဦးနော် 🥰


ေးပဲကူးချခြင်းသည်းခံပါ

25.7.2025 to 31.7.2025Lenormand cards တို့နဲ့ ဒီတစ်ပတ်အတွက် ကျန်းမာရေး၊ လူမှုရေး၊ အချစ်ရေး၊ နဲ့ ငွေရေးကြေးရေးတို့အတွက် c...
25/07/2025

25.7.2025 to 31.7.2025

Lenormand cards တို့နဲ့ ဒီတစ်ပတ်အတွက် ကျန်းမာရေး၊ လူမှုရေး၊ အချစ်ရေး၊ နဲ့ ငွေရေးကြေးရေးတို့အတွက် collective message များ 🔽🔽🔽


ကျန်းမာရေးကိုယ်စားပြုကတ်

The Sun🔻 ကတ်က အောင်မြင်မှုနဲ့ ကောင်းသော စွမ်းအင်ကို ညွှန်ပြ​နေပါတယ်။ ဒီတစ်ပတ်မှာ သင့်ကျန်းမာရေးကောင်းမွန်မယ် ဝေဒနါရှိရင်ဆေးတိုးမယ် သက်သာလာမယ့် လက္ခဏာရှိပါတယ်။ အကယ်၍ သင်ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရရင်၊ အခြေအနေတွေ တိုးတက်လာဖို့ အလားအလာရှိပါတယ်။ဝေဒနာ ခံစား ဆေးစစ်ထားသူများ၃၁နေ့မှာကျန်မားရေး သတင်းကောင်းရှိပါမယ်။ လေ့ကျင့်ခန်း၊ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာစားပါ၊ နေပူစာလှုံပေးပါ အနားယူပေးပါ။ နေ့စဉ်ဘဝမှာအေးချမ်းသော စိတ်ထား ထားရှိခြင်းက သင့်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေနိုင်ပါလိမ့်မယ်။

လူမှုရေးကိုယ်စားပြုကတ်
The Tree 🔻 ကတ်က ပေါင်းသင်းဆက်ဆံ ရေး ရေရှည်တည်တံ့မှုကို ကိုယ်စားပြုပါတယ်။ လူမှုရေးအရ ဒီတစ်ပတ်မှာ သင့်ရဲ့ ဆက်ဆံရေးတွေကိုစတင် ပြုစုပျိုးထောင်ဖို့ အချိန်ကောင်းပါပဲ။ မိသားစု၊မိတ်ဆွေ သူငယ်ချင်းတွေကို အချိန်ပေးခြင်း။ ရေရှည်တည်မြဲမယ့် မိတ်ဆွေဖွဲ့​ခြင်း မိတ်ဆုံစားခြင်း။ အကယ်၍ လူမှုရေးအရ အထီးကျန်သလို ခံစားရရင်၊ အသိုင်းအဝိုင်းအသစ် ထဲမှာ ပါဝင်ဖို့ သို့မဟုတ် ပတ်ဝန်းကျင် အသစ်အဆန်းထဲ လည်ပတ်သွားလာခရီးတို၅ရက်လောက် ထွက်ဖို့ တွေကိုလုပ်သင့်ပါတယ်။ပေါင်းသင်းဆက်ဆံရေးမှာမိမိဖက်က စိတ်ရှည်သည်းခံမှု နဲ့ စတင်ပါ တစ်ခုခုဆုံးဖြတ်ရာတွင် ၅ရက် ၅လ စသဖြင့် ကြာတတ် အချိန်ပေးရတတ်ပါတယ်။

အချစ်ရေးကိုယ်စားပြုကတ်
The Anchor 🔻 ကတ်က တည်ငြိမ်မှု၊ လုံခြုံမှု၊ နဲ့ ကတိကဝတ်တည်မှု့ ကိုဆိုလို ပါတယ်။ အချစ်ရေး ဒီတစ်ပတ်မှာခိုင်မြဲ ပြီးအလွန်ကောင်းတဲ့ဆက်ဆံရေးရှိတတ်ပါမယ်။ အကယ်၍ သင်ဟာ တစ်ကိုယ်တည်းသမားဆိုရင်လဲ အနှောင့်အယှက်ကင်းစွာငြိမ်းချမ်းတည်ငြိမ်နေပါလိမ့်မယ်။ချစ်သူရှိသူတွေအတွက်ကတော့ သင့်လက်တွဲဖော်နဲ့ အရာရာ ရိုးသားပွင့်လင်းဖို့လိုပါမယ်။ စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုကို ခိုင်မာစေမယ့် အသေးစိတ်လေးတွေကအစ တစ်ဦး ပေါ်တစ်ဦး ဂရုစိုက်​ပေးပါ။

ငွေရေးကြေးရေး ကိုယ်စားပြုကတ်
The Key🔻 ကတ်က အဖြေရှာတွေ့မှု၊ အခွင့်အလမ်းသစ်များ၊ နဲ့ အောင်မြင်မှုကို ကိုယ်စားပြုပါတယ်။ ငွေရေးကြေးရေးမှာ ဒီတစ်ပတ်ဟာ သင့်ရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ သို့မဟုတ် အခွင့်အလမ်းသစ်တွေ ဖွင့်လှစ်ဖို့ အချိန်ကောင်းကိုကြုံရမှာ ပါ။ အကြွေးတွေ ဒါမှမဟုတ် ငွေကြေးအခက်အခဲတွေ ရှိနေခဲ့ရင်ဒီကာလမှာ ထွက်ပေါက်တစ်ခုကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ဒါမှမဟုတ် ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေချရာမှာ သေချာစဉ်းစားပြီး လိုအပ်ရင် နားလည်တတ်ကျွမ်းသူထံ အကြံဉာဏ်တောင်းပါ။ သင့်ရဲ့ ပင်ကိုဉာဏ်နဲ့ ဗျူဟာကျတဲ့ တွေးခေါ်မှုက အောင်မြင်မှုဆီ ဦးတည်ပေးပါလိမ့်မယ်။

အကျဉ်းချုပ်အနေနဲ့က မိတ်ဆွေတို့အတွက်ဒီတစ်ပတ်တာဟာကောင်းသော ကံကြမ္မာဖက်မှာ ရှိနေပါတယ် ။ ကျန်းမာရေးမှာ စိတ်အားထက်သန်မှုနဲ့မိမိကိုယ်ကို ဂရုစိုက်​ပေးဖို့လိုအပ်​ပြီး ၊ လူမှုရေးမှာ အကျိုးရှိစေမယ့် ရေရှည်ဆက်ဆံရေးတွေကို ပြုစုပျိုးထောင်ဖို့ အာရုံစိုက်ပါ။ အချစ်ရေးမှာ တည်ငြိမ်မှုနဲ့ တစ်ဦးပေါ်တစ်ဦး စိတ်ချယုံကြည်ရတဲ့အနေအထားကို ထိန်းသိမ်းဖို့ လိုအပ်ပြီး၊ ငွေရေးကြေးရေးမှာတော့ အခွင့်အလမ်းသစ်တွေကို ဖမ်းဆုပ်ပြီး ပြဿနာတွေကို ချက်ခြင်းအကောင်အထည်ဖော် ဖြေရှင်းဖို့ အချိန်ကောင်းပါပဲ။ သင့်ရဲ့ ပင်ကိုဉာဏ်နဲ့ စွမ်းရည်ကို ဒီတစ်ပတ်အကောင်းဆုံး အသုံးချပါ။လုပ်စရာပေါ်လာရင်ချက်ချင်းအကောင်အထည်ဖော်ပေးပါ။


ေးပဲကူးယူခြင်းသည်းခံပါ

Address

Thingaha Street
Yangon
11091

Telephone

+959796165024

Website

Alerts

Be the first to know and let us send you an email when ကံကြမ္မာရေးရာအဖြေရှာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကံကြမ္မာရေးရာအဖြေရှာ:

Share