Myint Zu Specialist Clinic

Myint Zu Specialist Clinic အမှတ် ၈၀A ကြည်မြင်တိုင် ကျောင်းကြီးလ

🗣️🗣️သကြင်္န်ပိတ်ရက် ကြော်ငြာခြင်း📢နှစ်သစ်ကူးအခါသမယတွင် ဧပြီလ ၁၃ရက်နေ့မှ ၁၇ရက်နေ့အထိ သကြင်္န်ပိတ်ရက် ၅ရက်တိတိပိတ်မည်ဖြစ်က...
12/04/2025

🗣️🗣️သကြင်္န်ပိတ်ရက် ကြော်ငြာခြင်း📢

နှစ်သစ်ကူးအခါသမယတွင် ဧပြီလ ၁၃ရက်နေ့မှ ၁၇ရက်နေ့အထိ သကြင်္န်ပိတ်ရက် ၅ရက်တိတိပိတ်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးကြော်ငြာအပ်ပါတယ်ရှင့်🙇‍♀️🙇🏻‍♂️

မြန်မာ့နှစ်သစ်ကူးသကြင်္န်အခါသမယမှာ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းပို့သလိုက်ပါတယ်ရှင့်🙏

24/02/2025
22/02/2025

အထွေထွေရောဂါနှင့်
အရေးပေါ်ကုသမှုများအတွက်
မနက် ၈နာရီ မှ ည၈နာရီ အတွင်းပြသနိုင်ပါသည်။

22/02/2025

ကလေးအထူးကုဆရာဝန်ကြီးနေ့စဥ်ထိုင်ပါသည် ph09880015817/09880015818သို့ဆက်သွယ်bookingယူနိုင်ပါသည်

 #အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ===============================                      #အရိုး●အရိုးတွေ ချောင်လာတယ် ●ဒ...
08/12/2024

#အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ
===============================

#အရိုး

●အရိုးတွေ ချောင်လာတယ်
●ဒူးနာတတ်တယ်
●ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်
●ခါးဆစ်ရိုးတွေလည်း နာတတ်တယ်
●ချော်မလဲအောင် ဂရုစိုက်ပါ
●ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။

#ကြွက်သား

■ကြွက်သား အားမရှိတာ အမျိးသားက ၃ ပုံ ၁ ပုံနဲ့ အမျိုးသမီးက တဝက်လောက်အ
ဖြစ်များတယ် ။
■ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။
■လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ။

#အကြော_အဆစ်

●အကြော အဆစ် နာတတ်တယ်
●ဝတဲ့သူများ ပိုပြီး ဟိုနာ ဒီနားဖြစ်လွယ်တယ် ( အကြောအားဆေး သောက်ပေးပါ)
●ဦးနှောက် အာရုံကြောက ပိုမရေးကြီးတယ်
●အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ မေ့လွယ်တတ်တယ်။

#အတွင်းကလီစာများ

▪~အသက်ကြီးလာတာနဲ့အမျှ ..
ကိုယ်တွင်းကလီစာတွေက တဖြေးဖြေး အားနည်းလာတယ်။

▪~ နှလုံး. ကျောက်ကပ်. သရက်ရွက်. သည်းခြေ. အသည်း ညဖက်ဆီးခဏခဏ
သွားတာနဲ့ ဆီးမခိုင်တာတွေ ဖြစ်တတ်တယ် ။

▪~ အများအားဖြင့်ယောကျ်ားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီးတွေကအသက် ၅၀ ကျော်တွေ အဖြစ်များတယ် ။

▪~ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့ အဆီ. အပူ. အစပ်များစားလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ။

#နှလုံး

နှလုံးစဖြစ်ရင်...
●အသက်ရူမဝခြင်း
●ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်း
●ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်း အပေါ်ဖက်လည်း ညောင်းပြီး အကြော
တက်တတ်တယ်။
●အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။
●မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု ထင်းကနဲ ပေါ်တတ်တယ်။
●နှလုံးမှာ ( အဓိကကြောက်ရတာ) သွေးကြော ၃ ချောင်းရှိ အားလုံးပိတ်ရင် စက်တပ်ရတယ်။
●နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ check
သွားလုပ်ပါ။
● အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ် ရေများများသောက်ကြပါ။

#အသည်း

◆အသည်းပြဿနာဖြစ်ရင် ညာဖက် ဗိုက်ခေါက် အပေါ်ဘက်ကို နာကျင်တယ်
◆ညာခါး အနောက်ဖက် ညောင်းနာမယ်
◆ညာဖက်ပုခုံး ထုံကျင်ညောင်းနာ
◆ ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ်
◆ အသည်းမကောင်းရင် ည ကောင်းကောင်း အိပ်မပျော်ပါ
◆ ပါးစပ်ခါးပြီး သွားတိုက်ရင် သွေးထွက်လွယ်တယ်
◆အစာ အစားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ်
◆ လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်းလွယ်တယ်
◆ တကိုယ်လုံး နူံးပြီးအားမရှိသလို ခံစားရတယ်
◆ ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် / ခြေလိမ်တတ်တယ်
◆ အရက်သောက်များသူများက လျော့သောက်တာနဲ့ အရေပြားယားရင်သတိထားပါ
◆ အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ်
◆ အရေပြား ခြောက်သွေ့ လာတယ်/ နှာခေါင်းထိပ်နီလာတယ်
◆ အသား. လက်ဖဝါး . မျက်လုံးအိမ်တွေ ဝါလာမယ်
◆ အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး - ပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ် ( ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာနဲ့ကြည့်နည်းပါ)

#ကျောက်ကပ်

¤ ကျောက်ကပ်ပြဿနာကတော့ ခါးနား ကြောနာ မလန်းဆန်းဘူး
¤ ခြေသလုံး ညောင်းလွယ်တယ် အားမရှိဘူး
¤ အသားအရေ ယားယံတတ်တယ်
¤ ဆီးသွားရင် အမြုပ်ထတယ် ဆီးမခိုင်ဘူး
¤ ခြေ လက် အေးတတ်တယ်
¤ ခြေထောက်တွေ ရောင်လာတတ်တယ်
¤ အိပ်မကောင်းဘူး / ခဏခဏနိုးတတ်တယ်
¤ အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး
¤ ခြေသည်းခွံတွေ ကြမ်းလာတယ်
¤ အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာမယ် - ကြမ်းပြီးထူလာတယ်
¤ အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ - အမြဲဆေးသောက်ပါ - ဆီးချိုချိန်ပါ
¤ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ်
¤ သွေးပေါင်ကျလည်း မူးတတ်တယ် - ကျောက်ကပ်ကို အထူးဂရုစိုက်ပါ

#သရက်ရွက်

◆ သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ်
◆လည်ပင်း ဇက်ကြော တက်လွယ်တယ်
◆ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ်
◆အစာချေဖျက်မူ ကောင်းအောင် လုပ်နိုင်ပြီးဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်
◆ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး သိပ်မသောက်ပါနဲ့
◆အကိုက်အခဲပျောက်ဆေးက အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ် အူလမ်း
ကြောင်းကို ထိပြီး သွေးယိုတတ်တယ်
◆ဝမ်းသွား သွေးပါရင် သတိထားပါ ( သွေးရောင်နီတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင်
သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ် အူလမ်းကြောင်းရဲ့ နံရံပါး ( သို့ )ပေါက်ပြီး
ဖြစ်တတ်တယ်။
◆ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကိုအမြဲကြည့်ပါ (ရှောကနဲ အဖြောင့်လိုက်သွားပြီး
ဖင်မကပ်ရင်အကောင်းဆုံးပါ - ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ)
◆တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိုးက အပူတွေ
ထုတ်ပစ်တာ ကြောက်စရာမလို - ကောင်းတယ် - တရက်လုံးပန်းရင်တော့ဝမ်းလျောပြီ)
◆ အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ ( စကားပုံရှိပါတယ် ဝမ်းတလုံး
ကောင်းရင် ခေါင်းမခဲဆိုတာ)

#အူမကြီး

● အူမကြီးမကောင်းရင်ပါးစပ်ခါးပြီး တချိန်လုံးရေသောက်ချင် ရေငတ်တတ်တယ်
● နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ်
● သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ်
● လည်ပင်းရောင် ဖောင်းတတ်တယ်
● တော်ရုံ အနည်းငယ်လေးတာတောင် အလေး မ , မ နိုင်ပါ
● ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ် ( အပူများတဲ့သဘော )
● ဝမ်းချုပ်ရင် ခါးလည်း တခါတလေ နာတတ်တယ်
● အူမကြီးက ဝမ်းနဲ့ဆိုင်တယ်
● ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ်
● လူတွေက အစာတွေ စုံအာင်စားပြီး ဝမ်းအဖြစ် အညစ်အကြေးတွေကို မထုတ်ပစ်လို့
နဲနဲစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေးကနေ ကင်ဆာဖြစ်သွားတယ်
●အစာအိမ်ကနေ အူနံရံပါး. အနာဖြစ်.ပြီးသွေးယိုလဲ ကြာရင်ကင်ဆာဖြစ်တတ်တယ်
●အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ် ( အစာမခံပဲ ဗိုက်ဆာရင်စားပါ)
● အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့
●အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ
●နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ(တခါတည်းအများကြီးမစားပါနဲ့)
●တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး- ပိန်ပိန်ပဲ ဒါမျိုးကကျန်းမာရင်ပြဿနာ
မရှိပါ။
●သို့သော် ဘယ်လောက်စားစား (သို့ ) မစားနိုင်ပဲ ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါ
ထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား မကောင်းတော့ဘူး ဗီတာမင်
မယူနိုင်တော့ဘူး။( ဆရာဝန်နဲ့ သေချာပြပါ )
● ဂေါက်ရောဂါရှိရင် ဘီယာနဲ့မတဲ့ပါ
● ရေချိုးရင် မချော်တတ်တဲ့ဘိနပ်စီးပြီးချိုးပါ
● ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်း အကြောချဉ် ကိုက်တတ်
● ချော်လဲကျလွယ်တယ်
● အသက်ကြီးရင် အရိုးတွေက weak ဖြစ်နေပြီး အရိုးအားဆေးစားပါ
● ချော်မလဲကျပါစေနဲ့

#အသက် ၄၀ အရွယ်လုပ်သင့်သည့် အချက်များ✅

■ နေ့တိုင်း နံနက်စာ မှန်မှန်စားပါ
■ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ -
နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။
■ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ
■ စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ
ရောဂ. တရားထိုင်. အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ
■ငါး ကြက်သား အခွံမာစေ့များစားပေးရင် လိုအပ်သည့် ပရိုတင်းဓာတ်ကို ရရှိမယ်
စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။
■အဖော်နဲ့ ခရီးထွက်ပေးပါ
■သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ
■ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။


#အသက်ကြီးသူများလိုက်နာရန်✅

မျောက်လို လူပ်ရှား
ကြောင်လိုစား
နွားလိုရေသောက်
လိပ်လိုလျှောက်
တုတ်ထောက်မပျင်းနှင့် ..

●မျောက်လိုလူပ်ရှား - အသက်ကြီးလာလျှင် လူပ်လူပ်ရှားရှားနေပါ လူပ်ရှားမူ မရှိပါက
အကြောများဆိုင်း၍ လူမမာဖြစ်တတ်သည်။

●ကြောင်လိုစား - လူကြီးများက နည်းနည်းနဲ့ မကြာခဏအစာကို စားမှ အစာကို ကျေ
ညက်စေနိုင်သည်။ တကြိမ်တည်း များစွာမစားရ။

●နွားလိုရေသောက် - ဆီး ဝမ်းမှန် စေရန်အတွက် ရေကို များများသောက်ပေးပါ။

●လိပ်လိုလျှောက် - အသက်ကြီးလျှင် အရိုးအဆစ်များ မသန်မာသည့်အတွက် သွားလာ
လူပ်ရှားလျှင် ချော်လဲ မကျအောင် ဖြေးဖြေးနှေးနှေး သွားလာပါ။

●တုတ်ထောက်မပျင်းနှင့် - အရိုးအဆစ်များ မသန်မာအသက်ကြီးသူများ တုတ်ကောက်
ဆောင်ခြင်းသည် အားကိုးတခုဖြစ်သည် - မိမိကိုယ်ကို လဲမကျအောင် တုတ်ကောက်
က အကူရသည်။

27/09/2024

ကလေးများ အတွက် Vitamin A ကြွယ်ဝတဲ့ meal plan

မျက်စိအားကောင်းဖို့အတွက် ဖြစ်ဖြစ်

ကိုယ်ခံအား ကောင်းဖို့အတွက်ပဲ ဖြစ်ဖြစ်

ကလေးတွေ ကို vitamin A (ဗီတာမင် အေ) ကြွယ်ဝ အောင် ချက်ပြုတ် ကျွေးချင်တယ် ဆိုရင် ….

Main Dishes (အဓိက ဟင်းလျာ)

1. ကြက်သည်း/ ကြက်မြစ်
2. ဝက်အသည်း
3. အမဲသား/ ဆိတ်သား
4. ကြက်ဥ
5. နွားနို့ခဲ ဟင်း

Side dish (အရံဟင်း)

1. ဟင်းနုနွယ်/ ကန်ဇွန်းရွက်
2. မုန်လာဥနီ
3. ရွေဖရုံသီး
4. ပန်းပွင်းစိမ်း
5. ကန်ဇွန်းဥ

သတိပြုရန် အချက်များ
1. အသည်း ကို ကျက်အောင်ချက်ပါ၊ မကျက်ပါက သံထတက်သည်။
2. အသည်းမတတ်နိုင်ပါက ကြက်ဥ ချက်ပါ။ အနှစ်ကို ကျက်အောင်ချက်ပါ။
3. အရွက် တွေ ကို ဆားရည်၊ ရှာလကာရည် မိနစ်(၃၀) ခန့်စိမ်ပြီး ရေ (၃) ထပ် ဆေးပါ။
4. ဆီတော်သင့်ရုံ သာထည့်ပါ။ ထမင်းစားဇွန်း ၂-၃ ဇွန်း ခန့်သာ။
5. အသားလှီး တဲ့ ဓါး/ စဉ့်လှီတုံး နှင့် အရွက် လှီးတာကို သီးသန့်စီ ခွဲသုံးပါ

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

#အာဟာရ #ဗီတာမင်အေ #ကလေး #ကျန်းမာရေး

Myanmar Reg /FDA အသိအမှတ်ပြုစတင်ထိုးနှံနိုင်ပါပြီ
29/04/2024

Myanmar Reg /FDA အသိအမှတ်ပြုစတင်ထိုးနှံနိုင်ပါပြီ

ခွေးမကိုက်ခံရအောင် သတိပြုနေထိုင်ပါ  ခွေးကိုက်ခံရပါက ခွေးရူးပြန်ကာကွယ်ဆေးထိုးဖြစ်အောင်ထိုးပါ
20/03/2024

ခွေးမကိုက်ခံရအောင် သတိပြုနေထိုင်ပါ ခွေးကိုက်ခံရပါက ခွေးရူးပြန်ကာကွယ်ဆေးထိုးဖြစ်အောင်ထိုးပါ

၁ ။ ခွေကိုက်ခံရလျှင် ကိုက်ခံရသည့် နေရာကို အရင်ဆုံး ဆပ်ပြာနှင့်တိုက်၍ ရေစင်စင်၅မိနစ်ခန့် ဆေးပါ။

၂။ ကိုက်ခံရချိန်မှ ၂၄နာရီ အတွင်း ခွေးရူးကာကွယ်ဆေးထိုးပါ။ ၄၈နာရီထက် နောက်ကျပြီးထိုးရင် ဆေးထိုးခြင်း မထိရောက်ပါတဲ့။ ခွေးကိုက်ခံရတဲ့ နေ့မှာ ဆေးတစ်လုံးထိုးပါ။(တစ်ကြိမ်)

၃ ။ကိုက်ခံရတဲ့နေ့မှ ၃ရက်ကြာ တစ်လုံးထပ်ထိုးပါ။(၂ကြိမ်)

၄။ ကိုက်ခံရတဲ့နေ့မှ ၇ရက်ကြာရင် တစ်လုံးထပ်ထိုးပါ။(၃ကြိမ်)

၅။ ကိုက်ခံရတဲ့နေ့မှ ၁၄ရက်ကြာ တစ်လုံးထပ်ထိုးပါ။(၄ကြိမ်)

၆။ ကိုက်ခံရတဲ့နေ့မှ ၂၈ရက်ကြာ တစ်လုံးထပ်ထိုးပါ။( ၅ကြိမ်)ထိုးရပါမယ်။

၅ကြိမ် ထိုးရသော စနစ်ဖြစ်ပါသည်။
***ကာကွယ်ဆေးထိုးရမည့် နေ့ရက်ထက် (၂ရက်)ကျော်
သွားပါက အစမှ ပြန်လည်ထိုးရမည်။

'ခွေးရူး'
======

ခွေးရူး ၂မျိုး ရှိပါသည်။

၁...။ ကြမ်းတမ်းသော ခွေးရူး
••••••••••••••••••••••

လက္ခဏာများမှာ...

ခွေး၏အနေအထိုင် ပြောင်းလာခြင်း

အကြောင်းမဲ့ ပြေးလွှားနေခြင်း

တစ်နေကုန် ဟောင်နေတတ်ခြင်း

တစ်ခုခုကို ဒေါသတကြီး ကိုက်နေတတ်ခြင်း

အစာ သိပ်မစားတော့ခြင်း

ရန်လိုနေခြင်း

ပြောစကား နားမထောင်ခြင်း

ခွေးကောင်းများက ခွေးရူးနောက်မှ လိုက်ဟောင်တတ်ခြင်း

ပါးစပ်တွင် အမြှုပ်တစီစီနှင့် သွားရည်တမြားမြားဖြစ်နေတတ်ခြင်း

၂...။ လေဖြတ် / အကြောခွေးရူး
•••••••••••••••••••••

လက္ခဏာများမှာ.....

ကြွက်သားများ လေဖြတ်ခြင်းကြောင့်
ယိုင်တိယိုင်တိုင် သွားနေခြင်း

အောက်မေးရိုး ပိတ်မရပဲ သွားရေတွဲလောင်းကျကာ ပါးစပ်အဟောင်းသားနှင့် သွားတတ်ခြင်း

တိတ်ဆိတ်သော နေရာများတွင် ငြိမ်ငြိမ်လေး အိပ်နေတတ်ခြင်း

စသည်တို့သည် ခွေးရူးလက္ခဏာများဖြစ်ပါသည်။

*ခွေးကိုက်ပြီးဘယ်နှစ်ရက်အကြာမှာ ခွေးရူးပြန်တတ်သလဲ ?

သတ်သတ်မှတ်မှတ်ပြော၍ မရပါ။ ခွေးကိုက်သည့်နေရာနှင့် ဦးနှောက် အကွာအဝေးပေါ် မူတည်၍မျက်နှာ၊လည်ပင်းတို့တွင် အကိုက်ခံရပါက ရောဂါပေါ်ချိန် မြန်ပြီး ခြေ၊ လက်တို့၌ အကိုက်ခံရပါက ရောဂါပေါ်ချိန်ကြာတတ်ပါသည်။
ရောဂါဖြစ်ရန် အစောဆုံး ၅ရက်မှ ၃လအတွင်း အဖြစ်များပါသည်။ အကြာဆုံး ၆နှစ်အထိ ကြာတတ်ပါသည်။

*ခွေးကိုက်ပြီး ဘယ်အချိန်အတွင်း ဆေးထိုးသင့်သလဲ ?

ခွေးကိုက်ခံရတိုင်း ခွေးရူးကာကွယ်ဆေး ချက်ချင်းထိုးသင့်ပါသည်။
စောနိုင်သမျှ စောထိုးပါက စိတ်ချရပါသည်။ ချက်ချင်းမထိုးနိုင်လျှင်လည်း ထိုးနိုင်ချိန်တွင်အမြန်ဆုံးထိုးသင့်သည် ။
တစ်နည်းအားဖြင့် ခွေးရူးပြန် လက္ခဏာ မပေါ်သေးသမျှ ထိုးနိုင်ပါသည်။ ကုသရန် ဆေးမရှိသည့်အတွက် လက္ခဏာပေါ်မှ ဆေးထိုးပါက ဧကန်မုချ သေဆုံးနိုင်ပါသည်။

*ခွေးရူးပြန်ရောဂါ မဖြစ်အောင် မည်သို့ ကာကွယ်နိုင်ပါသနည်း ?

ခွေးရူးပြန်ရောဂါကာကွယ်ဆေးနှင့် ရောဂါပိုးအဆိပ်ဖြေဆေးဟူ၍ ၂မျိုးရှိပါသည်။ ခွေးရူးကာကွယ်ဆေးကို ထိုးသင့်သူများမှာ...

တိရိစ္ဆာန် အကိုက်ခံရသူများ၊တိရိစ္ဆာန် မွေးမြူသူများ၊တိရိစ္ဆာန်မွေး
မြူရေးခြံများတွင် တိရိစ္ဆာန်များနှင့်ထိတွေ့ အလုပ်လုပ်နေရသူများ၊တောရိုင်းတိရိစ္ဆာန်များနှင့် ထိတွေ့နေရသူများ တိမွေးကုဆရာ၀န်များ ခွေးရူးရောဂါ ဖြစ်ပွားနေသူကို အနီးကပ်စောင့်ရှောက်နေသူများ စသည်တို့ဖြစ်ကြပါသည်။

ရောဂါကာကွယ်ဆေး ကြိုတင် ထိုးလိုသူများသည် ဆေးစထိုးသည့် နေ့တွင် ၁ လုံး၊ ၇ ရက်အကြာတွင် ၁လုံး၊ ၂၁ရက်အကြာတွင် ၁လုံး၊ စုစုပေါင်း ၃လုံးထိုးရန် လိုအပ်ပါသည်။

ခွေးကိုက်ခံရပါက စောနိုင်သမျှစောစော ကာကွယ်ဆေးထိုးထားသင့်ပါသည်။ အရင် ကာကွယ်ဆေး မထိုးသူများသည် ၀၊ ၇၊ ၂၁ရက်အတိုင်း အနည်းဆုံး ၃ကြိမ်ထိုးရန်လိုအပ်ပါသည်။ ပထမရက်တွင် ဆေး၂လုံးထိုးရမည် ဖြစ်၍ စုစုပေါင်း ကာကွယ်ဆေး ၄လုံး ထိုးရပါမည်။

ကာကွယ်ဆေးထိုးဖူးသူဖြစ်ပါက အကိုက်ခံရသည့်နေ့တွင် ၁ကြိမ်၊ ၃ ရက်အကြာတွင် ၁ကြိမ်၊ စုစုပေါင်း ၂လုံး ထပ်မံဖြည့်ထိုးရပါမည်။

တိရိစ္ဆာန်အကိုက်ခံရသူများသည် ဒဏ်ရာအရွယ်အစား၊ ကိုက်သည့် တိရစ္ဆာန်ပေါ် မူတည်၍ကာကွယ်ဆေးထိုးရုံမကပဲ အဆိပ်ဖြေဆေးကိုလည်းထိုးရနိုင်ပါသည်။ထို့အပြင် မေးခိုင်ရောဂါကာကွယ်ဆေးကိုပါ ထိုးသင့်ပါသည်။

ခွေးရူးပြန်ရောဂါလက္ခဏာများ ပြပါက ပျောက်ကင်းအောင် ကုသရန် ခဲယဉ်းပါသည်။

လူနာသက်သာစေရန် နာကျင်မှုများ သက်သာစေရန် ရောဂါလက္ခဏာများ သက်သာစေရန်သာ ပြုလုပ်နိုင်ပါသည်။

ထို့ကြောင့်ခွေးရူးပြန်ရောဂါသည် ကုသရန်ထက် ကာကွယ်ခြင်းသည်သာအဓိကဖြစ်ပါသည်။

အိမ်မွေးတိရစ ္ဆာန်များကို ကာကွယ်ဆေးထိုးပေးခြင်း ခွေးရူးပြန်ရောဂါဖြစ်နေသော ၊ သံသယဖြစ်ဖွယ်ရှိသော တိရိစ္ဆာန်များကို ထိန်းသိမ်းထားခြင်း အခြားနေရာမှ သွင်းလာသော တိရစ္ဆာန်များကို သီးခြားထား၍ စောင့်ကြည့်ခြင်း အကိုက်မခံရအောင် ဂရုစိုက်ခြင်းဖြင့် ရောဂါကိုကာကွယ် နိုင်ပါသည်။

ထို့ပြင် တိရိစ္ဆာန်အကိုက်ခံရပါကလည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားသင့်ပါသည်။

𝓒𝓻𝓮𝓭𝓲𝓽 𝓣𝓸 𝓞𝓻𝓲𝓰𝓲𝓷𝓪𝓵 𝓦𝓻𝓲𝓽𝓮𝓻.

2024Flu Vaccine (ရာသီတုပ်ကွေးကာကွယ်ဆေး ၂၀၂၄ ) ထိုးနှံရန်ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ 📌ရာသီတုပ်ကွေးရောဂါဖြစ်ပွားလျှင် ...
20/03/2024

2024Flu Vaccine (ရာသီတုပ်ကွေးကာကွယ်ဆေး ၂၀၂၄ ) ထိုးနှံရန်ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ

📌ရာသီတုပ်ကွေးရောဂါဖြစ်ပွားလျှင် ရိုးရိုးတုပ်ကွေးဖျားထက် ပိုမိုပြင်းထန် တတ်ပြီး
ပြင်းထန် အဆုတ်ရောင်ရောဂါ(pneumonia) ကြောင့် နာတာရှည်ရောဂါအခံရှိသူများ (ဆီးချို၊သွေးတိုး နှင့် ကျောက်ကပ်ရောဂါ) ရှိသူများ တွင် အသက်သေဆုံးသည် အထိပြင်းထန်နိုင်ပါသည်။

📌ရာသီတုပ်ကွေး၊ရိုးရိုးတုပ်ကွေး နှင့် COVID 19 ရောဂါ လက္ခဏာများ မှာ အနည်းငယ်ဆင်တူခြင်း၊ အသက်ရှူလမ်းကြောင်း မှကူးစက်ခြင်း စသော အချက်များကြောင့် နာတာရှည်ရောဂါအခံရှိသူများ၊ ကလေးသူငယ် များကို ကြိုတင်ကာကွယ် နိုင်သော seasonal flu vaccine 💉 ကိုတနှစ်တခါ ပုံမှန်ထိုးထားသင့်ပါသည်။

📌ပုံမှန်အားဖြင့် ရာသီတုပ်ကွေး ကာကွယ်ဆေးကို တနှစ်တခါ ထိုးရပြီး တုပ်ကွေးရာသီ (မိုးရာသီ)မစခင် ၂ ပတ် မှ ၁ လ အလို ကြိုတင်ထိုးထား မှတုပ်ကွေးရာသီ အချိန်တွင် ကိုယ်ခံအားစနစ်ကောင်းမွန်နေပြီး ရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

📌အခုလက်ရှိရနိုင်သောဆေးအမျိုးအစား -
Vaxigrip TETRA 2024(လေးမျိုးစပ်) ရာသီတုပ်ကွေးကာကွယ်ဆေး ဖြစ်ပါတယ် ။

📌သွေးလွန်တုပ်ကွေး၊ COVID 19 ရောဂါများ မကာကွယ်ပါ။

📌မထိုးနှံခင် လက်တလောဖျားနာမရှိရန် နှင့် အရင်ဆေးထိုးခြင်းများတွင် ဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်မှု ရှိခဲ့ပါက ထိုးနှံပေးမည့် ဆရာဝန်ကို ကြိုတင် ပြောပြရန်လိုအပ်ပါသည် ။

📌ရာသီတုပ်ကွေးကာကွယ်ဆေး များကို (cold chain ) 2-8'C အတွင်းသယ်ယူသိမ်းဆည်းရန် လိုအပ်ပါတယ်။

(ဆေးခန်းတွင် ကာကွယ်ဆေးများကို စနစ်တကျ cold chain (အအေးခံစနစ်) ဖြစ်သယ်ယူသိမ်းဆည်းပြီး ထိုးနှံပေးပါတယ်ရှင်၊၊)

🛑ဘယ်အရွယ်တွေ ထိုးလို့ရလဲ?🛑
အသက် ၆ လမှ စတင်ပီး ထိုးပေးလို့ရပါပီ ။

🛑ဘယ်လိုလူတွေ ထိုးထားသင့်သလဲ?🛑
ဖြစ်နိုင်ရင် ၆ လအထက် အကုန်ထိုးထားသင့်ပါတယ်

ပိုပီး အထိုးသင့်ဆုံးသူတွေကတော့

💉 အသက်(၆) လ မှ (၅)နှစ်အထိကလေးများ
💉 အသက်ကြီးရွယ်အိုများ (အသက် (၆၅)နှစ်အထက်)
💉 ကိုယ်ဝန်ဆောင်မိခင်များ
💉 ရောဂါအခံရှိတဲ့ကလေး ဥပမာ နှလုံးရောဂါ ပန်းနာရင်ကြပ်ရောဂါ
💉 နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစသည်တို့)
💉 ကျန်းမာရေးဝန်ထမ်းများ

🛑ဘယ်အချိန် လောက်မှာ ထိုးသင့်သလဲ?🛑
တုပ်ကွေးကာလက ဇွန်လက စက်တင်ဘာလ လောက်ထိပါ။ ဒီမတိုင်ခင် ထိုးသင့်ပါတယ်။
စောထိုးလေးကောင်းလေးပါ

ဘယ်အချိန်ထိုးထိုး နောက်ကျတယ်တော့ မရှိပါဘူး။
expired date မဖြစ်ခင်ထိ ထိုးရပါတယ်

သတိထားဖို့အချက်က ထိုးပီးပီးချင်း ကာကွယ်တဲ့ effect မရပါဘူး ။

ကာကွယ်နိုင်အားထွက်ဖို့ အနည်းဆုံး ၂ ပတ်ခန့်လိုပါတယ် ။ စောစောထိုးလေ ကာကွယ်နိုင်လေပါပဲ။

🛑ကိုယ်ဝန်သည်တွေ ထိုးဖို့လိုသလား?🛑

အထိုးသင့်ဆုံးပါပဲ ။ ကိုယ်ဝန် ဘယ်နှပါတ်ရှိရှိ ထိုးလို့ရပါတယ်တဲ့ ။

ထိုးချင်းအားဖြင့် ကိုယ်ဝန်သည် ကိုယ်ဝန်ဆောင်တုန်းအပြင် ၊ မွေးကာစ ၆ လအောက် ကလေးတွေပါ အပြင်းအထန် တုတ်ကွေး ဖြစ်ခြင်းမှကာကွယ်ပါသတဲ့ ။

🛑ဘယ်လိုလူတွေ တုတ်ကွေးကာကွယ်ဆေး ထိုးလို့မရလဲ?🛑

တချို့သော brand တွေ ၃ နှစ်အောက် မထိုးရတာရှိပါတယ် ။

ခု မြန်မာနိုင်ငံမှာ သိပီးသား Vaxigrip tetra , Fluarix Tetra , Flu Quadri တွေကတော့ ၆ လ အထက် ထိုးလို့ရပါသတဲ့ ။
ကြက်ဥနဲ့ မတည့်တဲ့ လူတွေ
ကာကွယ်ဆေးတွေနဲ့ မတည့်တဲ့သူတွေ ကတော့ ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်
လတ်တလော ကိုယ်ပူ ၊ ချောင်းဆိုး ၊ နှာစေး လက္ခဏာ များ ခံစားနေရပါ ကလည်း ဆရာဝန် နှင့် တိုင်ပင်ပြီး မှ ထိုးသင့်ပါတယ်

🛑ဘယ်သူတွေမှာ ဆေး ဘယ်လောက် ထိုးရမှာလဲ?

အချို့ brand တွေကတော့ အသက်အရွယ်အလိုက်
- အသက်(၆)လမှ (၃)နှစ်အရွယ်အထိ ကာကွယ်ဆေးနှင့်
- အသက်(၃)နှစ်အထက် ကာကွယ်ဆေး ဟူ၍ (၂)မျိုးခွဲခြားထားပါသည်။

🛑ဆေးက ဘယ်နှကြိမ် ထိုးရမလဲ?🛑

ယခင်က တုပ်ကွေးကာကွယ်ဆေး တခါမှ မထိုးဘူးရင်
-၉ နှစ်အောက်ကလေးများ ၄ ပါတ်ခြား ၂ ကြိမ်ထိုးရပါတယ်။
-၉ နှစ်အထက် ကတော့ ၁ ကြိမ်ဆိုရပါပီ။

ယခင်နှစ်က တုပ်ကွေးကာကွယ်ဆေးကို တကြိမ်ပဲ ထိုးပီး တာဖြစ်ဖြစ် ၊ ၂ ကြိမ်ထိုးပီးတာဖြစ်ဖြစ် ဒီနှစ် မှာ ၁ ကြိမ်ထိုးဖို့ပဲ လိုပါတော့တယ်
🛑Covid ကာကွယ်ဆေး ထိုးထားရင်ရော ထိုးလို့ရလား ? ရရင် အချိန် ဘယ်လောက်ခြားပြီး ထိုးရမှာလဲ? 🛑

Covid ကာကွယ်ဆေး ထိုးထားရင် လဲ ထိုးလို့ ရပါတယ်

Covid ကာကွယ်ဆေးရော တုပ်ကွေးကာကွယ်ဆေးပါ ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်ရေး စနစ် တူတူ ပေါ်မှဘဲ အလုပ်လုပ်တာဖြစ်လို့ ရောထိုးလို့တော့ မရပါတဲ့.

ဘယ်ဆေး အရင်စထိုးထိုး၂၈ရက် ခြားပြီးမှ နောက်တမျိုးထိုးလို့ရပါမယ် 💉💉

ကာကွယ်ဆေး ကြိုတင်ထိုးထားခြင်းဖြင့် ရာသီတုပ်ကွေးဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်ပေးနိုင် သည့်အပြင် ဖြစ်ပွားလာပါကလည်း ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်ပါသည်။

Hotline - 0၉-၈၈၀၀၁၅၈၁၇/၀၉_၈၈၀၀၁၅၈၁၈သို့ဆက်သွယ် စုံစမ်းထိုးနှံ နိုင်ပါတယ်ရှင်။

📌ကြိုတင်စာရင်းပေးသွင်းထားသူများကိုဦးစားပေးထိုးပေးသွားပါမယ်ရှင်

🙏အားလုံးရောဂါဘယ ကင်းဝေးပြီးကျန်းမာကြပါစေ🙏🙏🙏


ကျေးဇူးတင်စွာဖြင့်

မဉ္ဇူအထူးကုဆေးခန်း ကြည့်မြင်တိုင်

မဉ္ဇူအထူးကုဆေးခန်းတွင်*အထူးကုဆရာဝန်ကြီးများနှင့် ပြသနိုင်ခြင်း-အထွေထွေအထူးကုသမားတော်များ-ခွဲစိတ်အထူးကုဆရာဝန်ကြီးများ-သား...
11/01/2024

မဉ္ဇူအထူးကုဆေးခန်းတွင်

*အထူးကုဆရာဝန်ကြီးများနှင့် ပြသနိုင်ခြင်း
-အထွေထွေအထူးကုသမားတော်များ
-ခွဲစိတ်အထူးကုဆရာဝန်ကြီးများ
-သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများ
-ကလေးအထူးကုဆရာဝန်ကြီးများ
-အရိုးအကြောအထူးကုဆရာဝန်ကြီးများ
-နား၊နှာခေါင်း၊လည်ချောင်း၊ဦးခေါင်းနှင့်လည်ပင်းအထူးကုဆရာဝန်ကြီးများ
-အရေပြားအထူးကုဆရာဝန်ကြီးများ

*နံနက် (၉)နာရီမှ ည(၇)နာရီအတွင်း အချိန်မရွေး 'အထွေထွေကု ဆရာဝန်များ’(GP) နှင့် ပြသနိုင်ခြင်း

*အိမ်တိုင်ရာရောက် ဆေးကုသမှုပေးခြင်း (Home visit)

#ကူးစက်ရောဂါများမှကာကွယ်နိုင်ရန် ပိုးသတ်ထားသော အခန်း၊ဆေးဝါးအထောက်အကူပြုပစ္စည်းများဖြင့်သာ လူနာကြည့်ပေးပါသည်။

#ဖုန်း - 09880015817 , 09880015818

#ဆေးခန်းဖွင့်ချိန် - နံနက် (၉)နာရီ မှ ည (၇)နာရီထိ

Address

80 A Kyaung Kyi Street, Kyi Myint Tine Township
Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959880015817

Website

Alerts

Be the first to know and let us send you an email when Myint Zu Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myint Zu Specialist Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram