MSC Specialist Clinic and Medical Laboratory

MSC Specialist Clinic and Medical Laboratory Specialist clinic, pharmacy and medical laboratory

✅ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ စစ်လိုက်ရတယ်ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ မသိဘူးဆိုပီးလာမေးထားလို့@ ECG (Electro Card...
03/09/2025

✅ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ စစ်လိုက်ရတယ်
ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ မသိဘူးဆိုပီး
လာမေးထားလို့

@ ECG (Electro Cardiogram )- နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)

> EST (exercise stress test ) - ပြေးစက်ပေါ် နှလုံးစမ်းသပ်တာ

@ Urine test - ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )
> Urine RE - ဆီးစစ္​တာ

@ HbA1c - ( 3လအတွင်း ဆီးချိုရောဂါ ထိန်းသိမ်းမှုအတွက် စစ်ဆေးတာ )

>Blood Sugar - သွေးတွင်းသကြားပမာဏ စစ်ဆေးတာ(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် အစစ်များ )
>FBS (fasting Blood Sugar )- အစာရပ်ပီး ဆီးချိုစစ်တာ

@ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကိုစစ်တာ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ အစစ်များ)

> Alkaline Phosphates - အသည်းစစ်တာ
>AFP - အသည်းကင်ဆာစစ်တာ

@ Blood urea and Serum Creatinine. - သွေးတွင်းယူရီးယား,ခရီယေတနင်းဓာတ်ကိုစစ်တာ(ကျောက်ကပ်စွမ်းဆောင်ရည်သိရှိ အကဲဖြတ်ဖို့အတွက် )

> Creatinine GFR - ခရီယေတနင်းဓာတ်ကို စစ်တာ
> BUN (Blood Urea Nitrogen) - ကျောက်ကပ်စစ်တာ

@ Lipid Profile - သွေးတွင်းအဆီ ပမာဏက်ိုစစ်တာ (ကောင်းကျိုးပေးသောအဆီနဲ့ မကောင်းတဲ့အဆီတွေကို ကြည့်ပီးနှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်အတွက် )

> Cholesterol - သွေးထဲရှိ ကိုလက်စထရောစစ်တာ
>Triglyceride - ထရိုင်ဂလီစရိုက်ဓာတ်ကိုစစ်တာ
> HDL Cholesterol- သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာ
> LDL Cholesterol -အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကို
စစ္​တာ

@ Haemogram - (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)
> CP Auto - သွေးဖြူဥ သွေးနီဥ စစ်တာ

@ HBs Antigen ,HCV Antibody- အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာ
>HBsAg -အသည်းရောင်အသားဝါ Bပိုးစစ်တာ
>Anti HBS - Bပိုး ကိုယ်ခံအားစစ်တာ
> Anti HCV - C ပိုးစစ္​တာ

@( X -ray )- ဓာတ်မှန်ရိုက်တာ (ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)
(Chest X-ray)
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာ

@ USG (Ultrasound) - အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်း
သည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အစစ်များ

@ Thyroid Function Test - လည်ပင်းကြီးဟော်မုန်းစစ်တာ
> T3,T4,TSH - သိုင်းရွိုက် ဟော်မုန်းစစ်တာ

@> HIV - HIV ပိုးစစ္​တာ
@> VDRL - ကာလသားရောဂါ ပိုး စစ်တာ
@> Vitamin D (total ) - အရိုးပွရောဂါအတွက်စစ်တာ
@>Uric acid (Gout ) - အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာ
@> RA -သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာ
@> ESR - သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်ကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာ
@>PSA/CA 125/CA 153 -ကင်ဆာဖြစ်နိုင်ခြေရှိမရှိ
စစ်ဆေးတာ
@> PSA - ဆီးကျိတ်ကင်ဆာ စစ်တာ
@> CEA - အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာ
@> AFP - အသည်းကင်ဆာ စစ်တာ
@> faecal Occoult Blood - ၀မ်းတွင်းသွေးပါမပါ စစ်တာ
@> Digital Mammogram - ရင်သားဓာတ်မှန် ရိုက်တာ
@> CRP ( C Reactive Protein) - သွေးကြောရောင်
ကိုင်းတာကို စစ်တာ


Credit..... Original Uploader

28/08/2025


Individualized Approach to the Management of T2DM and Comorbidities : discover how to enhance patient outcomes with tailored strategies for type 2 diabetes management.

22/08/2025

#စီးပွါးတက်ချင်ကြိုတင်ပြင် 🍀❤️

၁။ မိုးလင်းလာရင်ဆူပူနေသောအိမ်မျိုးမဖြစ်ရဘူး။

၂။ ဟိုဟာမရှိဘူး ဒီဟာမရှိဘူး ကုန်ပြီလို့ ခနခနမပြောရဘူး။

၃။ ပွစိပွစိလုပ်တတ်တဲ့အကျင့်ကိုသတိထားပြုပြင်ပါ။

၄။ ကလေးအော်ဟစ်ငိုသံမကြားရအောင် ဂရုစိုက်ပြီးကြိုတင်ပြင်ဆင်ပေးပါ။

၅။ မနက်ည ပုံမှန်မြတ်စွာဘုရားရှင်အား သောက်တော်ရေ ကပ်လှူပေးပါ။ သက်ရှိထင်ရှားဘုရားရှင်ကိုရည်ရွယ်စိတ်ညွတ်ပြီး ဆွမ်းတော်ကပ်လှူပါ။

၆။ မိမိစိတ်ကို အမြဲဆန်းစစ်ပါ။

၇။ နေ့စဉ်စိတ်ငြိမ်းချမ်းအောင် တရားဓမ္မတို့ကို နာကြားပါ။

၈။ ဖိနပ်အစုတ်၊ ထီးအစုတ် ၊ ကျိုးပဲ့နေသော ပစ္စည်းများကို စွန့်ပစ်ပါ။ မလိုအပ်တာတွေကို အိမ်မှာမထားပါနှင့်။

၉။ လင်မယားစောစောစီးစီးစကားများရန်ဖြစ်မလုပ်မိပါစေနှင့်။

၁၀။ မနက်မိုးလင်းမှာကုသိုလ်တရားနဲ့အစပြုပါ၊ ညအချိန်မှာကုသိုလ်တရားနဲ့အိပ်ရာဝင်ပါ။

#မှတ်သားစရာများ

10/08/2025

"ရေရှည်မှာ ဘာဖြစ်မလဲ?" – လုပ်ငန်းခွင်နဲ့ လက်တွေ့ဘဝမှာ ဆုံးဖြတ်ချက်ကောင်းချင်ရင်
​+++++++++++++++++++++++

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ဘဝမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တစ်ခုခုချတော့မယ်ဆိုရင် လူတိုင်းမှာ ရှိတတ်တဲ့ စိတ်တစ်ခုရှိပါတယ်။ အဲဒါကတော့ "အခုချက်ချင်း အဆင်ပြေစေချင်တဲ့စိတ်" ပါပဲ။ ဥပမာ- ပင်ပန်းလာတဲ့အခါ အလုပ်ကနေ ထွက်လိုက်ချင်တာ၊ ပိုက်ဆံပေါ်လာရင် ကြိုက်တာဝယ်လိုက်ချင်တာမျိုးပေါ့။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်တွေက ရေရှည်မှာ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကို တစ်ခါတလေ ကောင်းကောင်း မတွေးမိကြပါဘူး။

တကယ်တော့ အောင်မြင်တဲ့သူတွေရဲ့ လျှို့ဝှက်ချက်က "ရေရှည်အကျိုးဆက်ကို ကြိုတွေးပြီး ဆုံးဖြတ်နိုင်တာ" ပါပဲ။ အခုချက်ချင်း အဆင်ပြေအောင် လုပ်လိုက်တာထက် အနာဂတ်အတွက် ပိုကောင်းမယ့် လမ်းကိုရွေးချယ်နိုင်ဖို့ ဒီအတွေးအခေါ်ကို လက်တွေ့ဘဝနဲ့ လုပ်ငန်းခွင်မှာ ဘယ်လိုအသုံးချရမလဲဆိုတာ ဥပမာတွေနဲ့ ပြောပြပေးချင်ပါတယ်။

၁။ "ရေရှည်မှာ ဘာဖြစ်မလဲ?" ဆိုတဲ့ မေးခွန်းက ဘာကြောင့် အရေးကြီးတာလဲ?

ဆုံးဖြတ်ချက်တစ်ခုချတိုင်း "ဒီဆုံးဖြတ်ချက်က နောက် ၁ လ၊ ၆ လ၊ ၁ နှစ်နေရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာမလဲ?" ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ် အရင်မေးပါ။ ဒီမေးခွန်းက ကိုယ့်ကို ရေတိုအဆင်ပြေမှုကို ကျော်လွန်ပြီး ရေရှည်မှာ ဖြစ်လာမယ့် ကောင်းကျိုး၊ ဆိုးကျိုးတွေကို သေချာစဉ်းစားနိုင်အောင် ကူညီပေးပါလိမ့်မယ်။

ဥပမာအားဖြင့်-

• ​အလုပ်မှာ အချိန်ပို အလွန်အကျွံလုပ်ခြင်း → ရေတိုမှာ ပိုက်ဆံပိုရမယ်၊ အလုပ်ပြီးမယ်။ ဒါပေမဲ့ ၆ လလောက်ကြာတဲ့အခါ Burnout ဖြစ်ပြီး စိတ်ရော၊ ကိုယ်ပါ ပင်ပန်းနွမ်းနယ်လာမယ်။ နောက်ဆုံး အလုပ်စွမ်းဆောင်ရည် ကျဆင်းပြီး အလုပ်ထွက်ချင်စိတ် ဖြစ်လာနိုင်တယ်။

• ​လစဉ်လတိုင်း လစာကုန်တဲ့အထိ သုံးခြင်း → ရေတိုမှာ ပျော်ရွှင်ရမယ်။ ဒါပေမဲ့ ၁ နှစ်ကြာတဲ့အခါမှာတော့ ငွေကြေးစုဆောင်းမိတာ ဘာမှမရှိဘဲ ရုတ်တရက် အရေးပေါ်ငွေလိုတဲ့အခါမျိုးမှာ အခက်တွေ့နိုင်တယ်။

ဒါကြောင့် ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုပဲချချ "ရေရှည်မှာ ဘယ်လိုဖြစ်မလဲ?" ဆိုတာကို မေးဖို့ အရေးကြီးပါတယ်။

၂။ လုပ်ငန်းခွင်မှာ ဒီနည်းလမ်းကို ဘယ်လိုသုံးမလဲ?

(က) ပရောဂျက်အသစ်တစ်ခုကို လက်ခံ/ငြင်းပယ်တဲ့အခါ
​သင်က မန်နေဂျာတစ်ယောက်ဆိုပါစို့။ ရေတိုမှာ အမြတ်အစွန်းကောင်းကောင်း ရနိုင်မယ့် ဖောက်သည်အသစ်တစ်ခုကနေ ပရောဂျက်တစ်ခု ကမ်းလှမ်းလာတယ်။ ဒီအခါ "Yes" လို့ ချက်ချင်းမပြောဘဲ ဒီမေးခွန်းလေးတွေနဲ့ စဉ်းစားကြည့်ပါ။

• ​"ဒီဖောက်သည်နဲ့ ၁ နှစ်ဆက်လုပ်ရင် ကျွန်တော်တို့ရဲ့ လုပ်ငန်းပုံရိပ် (Brand Image) ကို ထိခိုက်နိုင်သလား?"

• ​ဖောက်သည်က နာမည်ကောင်းရှိပြီး လုပ်ငန်းအချင်းချင်း ယုံကြည်မှုရှိတယ်ဆိုရင် Yes ပြောသင့်တယ်။

• ​ဒါပေမဲ့ ဖောက်သည်က စျေးသက်သာအောင်ပဲ တောင်းဆိုပြီး အလုပ်ရဲ့ အရည်အသွေး (Quality) ကို အမြဲတမ်း ညှိနေမယ်ဆိုရင် ရေရှည်မှာ သင့်ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကျဆင်းနိုင်တယ်။ ဒါဆို No ပြောတာက ပိုကောင်းတယ်။

• ​"ဒီပရောဂျက်က အချိန်ကြာလာတာနဲ့အမျှ တန်ဖိုးပိုတက်လာမယ့် ပရောဂျက်မျိုးလား၊ ဒါမှမဟုတ် နောက်ပိုင်းမှာ ပြန်ပြင်ရမယ့် အလုပ်တွေ များနိုင်လား?"

• ​ပရောဂျက်က ရေရှည်မှာ အသစ်အသစ်တွေ ထပ်တိုးလို့ရမယ့် အလားအလာရှိလား၊ ဒါမှမဟုတ် အခုချက်ချင်း ပြီးသွားပြီး ဘာမှဆက်လုပ်စရာ မရှိတော့တာမျိုးလား ဆိုတာကို စဉ်းစားရမယ်။

(ခ) ဝန်ထမ်းခန့်တာ၊ ထုတ်တာမျိုးမှာ

​သင်က HR ဒါမှမဟုတ် Manager တစ်ယောက်အနေနဲ့ ဝန်ထမ်းတစ်ဦးရဲ့ စွမ်းဆောင်ရည် (Performance) မကောင်းလို့ အလုပ်ထုတ်ဖို့ စဉ်းစားနေတယ်ဆိုရင်...

• ​"ဒီဝန်ထမ်းကို အလုပ်ထုတ်လိုက်ရင် နောက် ၃ လအတွင်း ဝန်ထမ်းအသစ်ရှာဖို့၊ အင်တာဗျူးဖို့၊ လေ့ကျင့်ပေးဖို့ ကုန်ကျမယ့် အချိန်နဲ့ ငွေက ဘယ်လောက်ရှိမလဲ?"

• ​"ဒီဝန်ထမ်းကို နောက် ၆ လ Training ပေးရင် ပိုကောင်းလာနိုင်တဲ့ အလားအလာရှိမလား?"

​ဒီလိုမေးခွန်းတွေနဲ့ စဉ်းစားပြီးမှ ဆုံးဖြတ်တာက အကျိုးရှိပါတယ်။ ဥပမာ- အလုပ်စွမ်းဆောင်ရည် နည်းတဲ့ ဝန်ထမ်းကို ချက်ချင်းမထုတ်ဘဲ နောက်ထပ် ၃ လလောက် Training အစီအစဉ်တစ်ခုပေးပြီး စောင့်ကြည့်လိုက်တာက ရေရှည်မှာ ဝန်ထမ်းအသစ် ထပ်ခန့်ရမယ့် ကုန်ကျစရိတ်တွေထက် အများကြီး သက်သာနိုင်တယ်။

၃။ ကိုယ်ပိုင်ဘဝမှာ ဒီနည်းလမ်းကို ဘယ်လိုအသုံးချမလဲ?

(က) ငွေကြေးသုံးစွဲမှု ဆုံးဖြတ်ချက်များ

​လစာတစ်သိန်းရတဲ့အချိန်မှာ ဖုန်းအသစ် ၂ သိန်းတန်တစ်ခုကို အရစ်ကျနဲ့ ဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်...

• ​"ဒီဖုန်းကို အရစ်ကျနဲ့ ဝယ်လိုက်ရင် နောက် ၃ လအတွင်း ကိုယ့်ရဲ့နေ့စဉ်စားသောက်ရေးအတွက် ငွေကြေးဖိစီးမှုတွေ ဖြစ်လာနိုင်မလား?"

• ​"တစ်နှစ်ကြာရင် ဒီဖုန်းက ငါ့အတွက် တကယ်လိုအပ်နေသေးလား၊ ဒါမှမဟုတ် အသစ်ထပ်ဝယ်ချင်စိတ် ဖြစ်နေဦးမလား?"

​ဒီမေးခွန်းတွေက သင့်ကို ရေတိုဆန္ဒကို ထိန်းချုပ်ပြီး ငွေရေးကြေးရေး ပိုမိုတည်ငြိမ်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

(ခ) အလုပ်ပြောင်းဖို့ ဆုံးဖြတ်တဲ့အခါ

​လက်ရှိအလုပ်က ပင်ပန်းပြီး အဆင်မပြေလို့ အလုပ်ပြောင်းဖို့ စိတ်ကူးနေတယ်ဆိုရင်...

• ​"ဒီအလုပ်ကနေ နောက် ၁ နှစ်နေရင် ငါ့ရဲ့ ကျွမ်းကျင်မှု (Skill Set) တွေ တိုးတက်လာနိုင်သေးသလား၊ ဒါမှမဟုတ် တစ်နေရာတည်းမှာပဲ ရပ်နေမှာလား?"

• ​"အခုပြောင်းလိုက်မယ့် အလုပ်အသစ်က လက်ရှိအလုပ်ထက် ရေရှည်မှာ ပိုကောင်းတဲ့ အခွင့်အလမ်းတွေ ပေးနိုင်မလား၊ ဒါမှမဟုတ် အလုပ်ရဲ့သဘောသဘာဝက အခုလက်ရှိအလုပ်နဲ့ အတူတူပဲလား?"

ဒီလိုမေးခွန်းတွေနဲ့ သေချာဆန်းစစ်ပြီးမှ အလုပ်ပြောင်းတာက သင့်အတွက် ပိုကောင်းတဲ့ အလုပ်အကိုင်လမ်းကြောင်းကို ရွေးချယ်နိုင်စေပါလိမ့်မယ်။

နိဂုံး- ရေရှည်အတွက် တွေးပြီး အလေ့အကျင့်လုပ်ပါ။

အလုပ်မှာပဲဖြစ်ဖြစ်၊ ဘဝမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တစ်ခုချတိုင်း "၁ နှစ်ကြာရင် ဒီဆုံးဖြတ်ချက်က ငါ့အတွက် အကျိုးရှိနေဦးမလား?" ဆိုတာကို ကိုယ့်ကိုယ်ကိုယ် အမြဲပြန်မေးပါ။

ရေတိုမှာ သက်သောင့်သက်သာဖြစ်ပေမဲ့ ရေရှည်မှာ ဒုက္ခပေးနိုင်တဲ့ အရာတွေကို ရှောင်ကြဉ်ပြီး ရေရှည်မှာ အကျိုးရှိစေမယ့် ဆုံးဖြတ်ချက်တွေသာ ချမှတ်နိုင်အောင် အလေ့အကျင့်လုပ်ပါ။ ဒါဆိုရင် သင်ဟာ အနာဂတ်အတွက် ပိုပြီး တည်ငြိမ်ပြီး အောင်မြင်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လာပါလိမ့်မယ်။

---

"ဒီဆောင်းပါးက မိတ်ဆွေအတွက် အကျိုးရှိရင် Like, Follow & Share ပေးဖို့ မမေ့နဲ့နော်" 😊

Zar Ni Kyaw - Soft Skill Trainer

Be the Better You.



စကားလက်ဆောင် ၁၀ ခွန်း 1. ကိုယ် မကျွမ်းတဲ့တောကို အရမ်းမဝင်နဲ့ "2. ကိုယ် မသိတဲ့သူကို အရမ်းမယုံနဲ့ "3. ကိုယ် မပိုင်တဲ့ကိစ္စ...
08/08/2025

စကားလက်ဆောင် ၁၀ ခွန်း

1. ကိုယ် မကျွမ်းတဲ့တောကို အရမ်းမဝင်နဲ့ "

2. ကိုယ် မသိတဲ့သူကို အရမ်းမယုံနဲ့ "

3. ကိုယ် မပိုင်တဲ့ကိစ္စတွေကို ခေါင်းမခံနဲ့ "

4. ကိုယ့်မှာ မရှိသေးရင် အရမ်းမသုံးနဲ့ "

5. ကိုယ့်ကို မချစ်တဲ့သူကို ကပ်တွယ် မနေနဲ့ "

6. ကိုယ် မပျော်တဲ့အလုပ်မှာ တစ်သက်လုံး မလုပ်နဲ့ "

7. ကိုယ့်ကို မနာလိုသူတွေကို ဂရု မစိုက်နဲ့ "

8. ကိုယ့်ရဲ့ မိသားစုကို အချိန်ပေးဖို့ မမေ့နဲ့ "

9. ကိုယ့်ကို မယုံကြည်သူတွေကို အလုပ်နဲ့သာ
သက်သေ ပြလိုက် "

10. ကိုယ့်ဘဝကို ကိုယ်သာပိုင်ပြီး ကိုယ်ရောက်ချင်တဲ့
ပန်းတိုင်ကို ကိုယ်တိုင်ပဲ ရောက်အောင်သွားရမယ်
ဆိုတာ ဘယ်တော့မှ မမေ့နဲ့ "

လေးစားစွာဖြင့်

မွန်မြတ်စေတနာ အထူးကုဆေးခန်းတွင်ဝါရင့်ကျွမ်းကျင်သောဆရာဝန်ကြီးများနှင့်အလှအပရေးရာဆိုင်ရာHealthy Skin TreatmentGlow Skin Tr...
05/06/2025

မွန်မြတ်စေတနာ အထူးကုဆေးခန်းတွင်

ဝါရင့်ကျွမ်းကျင်သောဆရာဝန်ကြီးများနှင့်

အလှအပရေးရာဆိုင်ရာ

Healthy Skin Treatment
Glow Skin Treatment
Acne Treatment
Anti-aging Treatment
PRP Treatment
Exosome Treatment
Body Whitening Treatment
Body Slimming Treatment
Skin Boosting Treatment

များကို ဆွေးနွေးတိုင်ပင် ကုသမှုများ ခံယူနိုင်ပါသည်။

❤️❤️❤️

ကြိုတင် Booking ရယူရန်

Phone Number - 09750225527
Viber Number - 09798909999





မွန်မြတ်စေတနာ အထူးကုဆေးခန်းတွင်အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးကိုအိမ်တိုင်ရာရောက်ထိုးနှံပေးခြင်း (Home Service)လည်းရှိ...
30/05/2025

မွန်မြတ်စေတနာ အထူးကုဆေးခန်းတွင်

အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးကို

အိမ်တိုင်ရာရောက်ထိုးနှံပေးခြင်း (Home Service)

လည်းရှိပါတယ်ရှင့် ❤️

လိပ်စာ - အမှတ် (၆၉) အထက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်ဘူတာမှတ်တိုင်နှင့် ညစျေးမှတ်တိုင်ကြား၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။


04/05/2025
စိန်လည်း ကာဗွန်ပဲမီးသွေးလည်း ကာဗွန်ပါပဲကာဗွန်ချင်း တူပေမဲ့တန်ဖိုးချင်းကတော့ မတူဘူးအဖိနှိပ်ခံ အပူပေးခံရတာများတော့မလောင်ကျ...
26/04/2025

စိန်လည်း ကာဗွန်ပဲ
မီးသွေးလည်း ကာဗွန်ပါပဲ

ကာဗွန်ချင်း တူပေမဲ့
တန်ဖိုးချင်းကတော့ မတူဘူး

အဖိနှိပ်ခံ အပူပေးခံရတာများတော့
မလောင်ကျွမ်းပဲ
တောင့်ခံနိုင်တဲ့ သူက
စိန် ဖြစ်သွားတာပါပဲ

အပူနဲ့ ဖိအားကြောင့်
ကာဗွန်ဟာ စိန်ဖြစ်သွားတာပါ

အဲဒါကြောင့် အပူတွေ
ဖိအားတွေ လာရင်
စိတ်မပျက်ပါနဲ့

ငါ့ကို စိန်ဖြစ်အောင်
လုပ်ပေးမဲ့ အရာတွေပဲလို့
ပြုံးပြုံးလေး တောင့်ခံလိုက်စမ်းပါ

မကြာခင်ကာလမှာပဲ
စိန်ဖြစ်သွားပါလိမ့်မယ်

လိုက်ပြီး ခံစား
လောင်ကျွမ်း နေရင်တော့
မီးသွေးပဲ ဖြစ်သွားမှာပေါ့။


#စိတ်ခွန်အား

03/04/2025

❝ထိုင်းကို ဘယ်လိုလာလာ ဆိုက်ရောက်ကတ်ဖြည့်ရမည့် အစီအစဥ် မေ (၁) ရက်နေ့စမည်❞

ထိုင်းနိုင်ငံလာရောက်တဲ့ အမျိုးတို့အနေနဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေးဘယ်လိုပဲ အကြောင်းပြချက်မျိုးနဲ့ပဲလာလာ မေလ (၁) ရက်နေ့ကစပြီး ဆိုက်ရောက်ကတ်ကို အွန်လိုင်းကနေ ဖြည့်သွင်းရမယ်လို့ သတင်းထုတ်ပြန်လာပါတယ်။ ဒီအချက်အလက်တွေကိုတော့ ထိုင်းကို မလာခင် (၃) ရက်ကြို ဖြည့်ရမှာဖြစ်ပြီး အွန်လိုင်းကနေပဲ အချက်အလက်တွေဖြည့်ရမှာဖြစ်ပါတယ်။

1-ပထမဦးဆုံး https://tdac.immigration.go.th ကိုသွားပါ။
2-ဝက်ဆိုဒ်ထဲရောက်ပြီဆိုရင် အရေးကြီးအချက်အလက် (မိမိ နာမည်၊ နိုင်ငံ၊ လူမျိုး၊ ဖုန်းနံပါတ်၊ အီးမေလ်လိပ်စာ၊ Passport အချက်အလက်များနဲ့ ထိုင်းကိုသွားရောက်မဲ့အချက်အလက် (လေယာဥ်နံပါတ်၊ သွားရောက်မည့်အကြောင်းအရင်း၊ ထိုင်းတွေနေထိုင်မည့်လိပ်စာ) အစရှိသည်ကို ဖြည့်သွင်းပါ။
3-အချက်အလက် မှန်မှန်ကန်ကန် ဖြည့်သွင်းပြီးပြီဆိုရင်တော့ အခုနက ဖြည့်လိုက်တဲ့ အီးမေလ်လိပ်စာကို ဖြည့်သွင်းမှုအောင်မြင်ကြောင်း အီးမေးလ်ပေးပို့လာမှာဖြစ်ပါတယ်။
4-ထိုင်းလေဆိပ်ရောက်လို့ Immigration ဖြတ်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ Thai Digital Arrival Card နဲ့ အခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေကို အာဏာပိုင်တွေကိုပြပြီး အလွယ်တကူ လည်ပတ်နိုင်ပါပြီနော်။

အရေးကြီးတဲ့ အချက်အလက်မို့လို့ မေ (၁) ရက်နေ့ကစပြီး နောက်ပိုင်း ထိုင်းလာမယ့်သူတိုင်း TDAC လုပ်ခဲ့ဖို့မမေ့နဲ့နော်။

Ref: KhaoSod English

#ထိုင်းရောက်မြန်မာ

https://youtu.be/9iv2OqnWjJY?si=7AcStMCCnGIO78EG
03/04/2025

https://youtu.be/9iv2OqnWjJY?si=7AcStMCCnGIO78EG

ရန်ကုန်မြို့ကငလျင်အနေနဲ့ဆိုအရှေ့ဘက်မှာရှိတဲ့စစ်ကိုင်းပြတ်ရွေ့ က အင်အားရစ်(ခ်)တာစကေး(၇) လောက်ထိလှုပ်နိုင်.....

01/04/2025

Address

Upper Kyee Myin Dine Road, Myanmar, Burma (Myanmar)
Yangon
11101

Telephone

+959750225527

Website

Alerts

Be the first to know and let us send you an email when MSC Specialist Clinic and Medical Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MSC Specialist Clinic and Medical Laboratory:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category