21/08/2024                                                                            
                                    
                                                                            
                                              sharing about Monkey Pox 
မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာများ
📌မျောက်ကျောက်ရောဂါဆိုတာ ဘာလဲ ?
 
မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက် (Monkeypox) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါသည်။
📌ရောဂါလက္ခဏာများ အနေဖြင့်
-ဖျားခြင်း၊ 
-ခေါင်းအရမ်းကိုက်ခြင်း၊ 
-ကြွက်သားနာကျင်ခြင်း၊
- ခါးနာခြင်း၊ 
-အားအင်ကုန်ခမ်းခြင်း၊
- ပြန်ရည်အိပ် (Lymph node) များ ရောင်ရမ်းခြင်းနှင့် -အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း (သို့မဟုတ်) အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်းတို့ကို အများစုတွေ့ရတတ်ပါသည်။ 
📍အနီကွက်များကို စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း တွေ့ရလေ့ရှိပါသည်။ ထို့နောက် အ ရေပြားပေါ်တွင် အဖုအပိန့်များအနေဖြင့်လည်းကောင်း၊ အရည်ကြည် (သို့မဟုတ် ) အဝါရောင်အရည်များပြည့်နေသည့် အရည်ကြည်ဖု၊ ပြည်ဖု အနေအထားဖြင့်လည်းကောင်း တွေ့ရှိရပါသည်။ 
ထို့နောက် ၎င်းအရည်ကြည်ဖုများသည် ပေါက်ပီး ခြောက်သွေ့ကာ အနာဖေးအနေဖြင့် ကွာကျသွားပါလိမ့်မည်။ လူနာတစ်ယောက်စီတွင် အဖုအပိန့်များကို အရေအတွက် အနည်းငယ်မှ ထောင်ပေါင်းများစွာအထိ တွေ့ရတတ်ပါသည်။ 
အဖုအပိန့်အများစုကို မျက်နှာ၊ လက်ဖဝါးနှင့် ခြေဖဝါးတို့မှာ တွေ့ရတတ်ပါသည်။ ၎င်းတို့ကို ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတွင်လည်း တွေ့ရတတ်ပါသည်။
📍အများအားဖြင့် ရောဂါလက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိ ကြာတတ်ပြီး လူနာအများစုသည် ရက်သတ္တပါတ်အနည်းငယ်အတွင်း၌ ဆေးကုသမှုခံယူရန်မလိုဘဲ ရောဂါလက္ခဏာများ ပျောက်ကင်းသွားနိုင်သလို လူတစ်ချို့မှာတော့ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်းနှင့် မျက်လုံးသို့ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်ခြင်းများ ဖြစ်စေနိုင်ပါသည်။
📍မွေးကင်းစကလေးငယ်များ၊ ကလေးများ ၊ သက်ကြီးရွယ်အိုများ နှင့် ခုခံအား/ ကိုယ်ခံအား ကျဆင်းနေသည့်သူများတွင် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနိုင်ရချေရှိပြီး အန္တရာယ်ရှိနိုင်ပါသည်။
📌ကာကွယ်ရန် နည်းလမ်းများ 
❇️ကာကွယ်ဆေးထိုးခြင်း (  The JYNNEOS vaccine is recommended for prevention of mpox. Getting both doses provides the best protection. You should get two doses 4 weeks apart. ) 
 
ကျောက်ကြီးရောဂါ (smallpox) ကာကွယ်ဆေးတော်တော်များများသည် မျောက်ကျောက်ရောဂါ ကူးစက်မှုမှ တစ်စိတ်တစ်ဒေသကာကွယ်မှု ပေးနိုင်ပါသည်။ 
ကျောက်ကြီးရောဂါကို ကာကွယ်ရန်အတွက် ထုတ်လုပ်ထားသည့် ကာကွယ်ဆေးအသစ်တစ်မျိုး (MVA-BN, Imvamune, Imvanex of Jyynneo) သည် မျောက်ကျောက်ရောဂါ ကူးစက်ခြင်းမှကာကွယ်ရန် ၂၀၁၉ ခုနှစ်တွင် ခွင့်ပြုချက်ရရှိထားသော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးပါ။ 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ၎င်းကာကွယ်ဆေးကို ပိုမိုအသုံးပြုနိုင်ရန် ကာကွယ်ဆေးထုတ်လုပ်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။
❇️ ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့မှုမှ ရှောင်ကြဉ်ခြင်း
❇️ မျောက်ကျောက်ရောဂါသံသယ ရှိသူနှင့် အသားချင်းထိတွေ့ခြင်း မှ ရှောင်ကြဉ်ခြင်း 
❇️ မျောက်ကျောက်ရောဂါသံသယရှိသူ၏ အသုံးအဆောင်များက်ို ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ခြင်း ၊ မဖြစ်မနေ ကိုင်တွယ်ရမည် ဆိုပါက နှာခေါင်းစည်းတပ်ခြင်း ၊ တခါသုံးလက်အိတ်ဝတ်ဆင်ပြီးမှ ကိုင်တွယ်ခြင်း နှင့် ကိုင်တွယ်ပြီးပါက လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးကြောခြင်း
❇️ ရောဂါပိုးရှိသူ၏ အဝတ်အထည်များက်ို ရေနွေး ၊ ဆပ်ပြာတို့နှင့် စင်ကြယ်အောင် လျှော်ဖွတ်ခြင်း ၊ ရောဂါပိုးရှိသူအား သီးသန့်နေထိုင်စေခြင်း ၊ အရေပြား အဖုအဖိမ့်များက်ို ဖုံးအုပ်သည့် အဝတ်အစားမျ်ိုး ဝတ်ဆင်ခြင်း ၊ ပါးစပ်တဝိုက်တွင် အဖုအဖိမ့် ရှိနေပါက နှာခေါင်းစည်းတတ်ဆင်ခြင်းဖြင့် အခြားသူများအား ကူးစက်စေခြင်းကို လျော့ပါးစေနိုင်ပါသည် ။
📌မျောက်ကျောက်ရောဂါကို ကုသရန် ဆေးရှိသလား 
-မျောက်ကျောက်ရောဂါလက္ခဏာတွေဟာ ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတတ်ပါသည်။ 
ဖြစ်နိုင်ပါက အရေပြားအဖုအပိန့်များကို ခြောက်သွေ့အောင်ထားခြင်း ( သို့မဟုတ် )လိုအပ်ပါက အနာများကို ဆေးထည့်ပေးခြင်းဖြင့်တို့ကလည်း အရေးကြီးပါသည်။ ပါးစပ်ထဲ (သို့မဟုတ်) မျက်လုံးထဲမှ အနာများကို ကိုင်တွယ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ စတီးရိုက်ပါဝင်သော ဆေးအမျိုးစားကို ရှောင်ရှားပြီး အခြား ပါးစပ်သန့်ဆေးရည်နှင့် မျက်စဉ်းခပ်ဆေးတို့ကို အသုံးပြုနိုင်ပါသည်။ ပြင်းထန်သောလူနာများတွင် ကာကွယ်ဆေးထိုးခြင်းမှ ပေါ်ထွက်လာသော ပဋိပစ္စည်း ပရိုတိန်းတစ်မျိုး (Vaccinia immune globulin –VIG) ကို အသုံးပြုဖို့ ထောက်ခံချက်ပေးထားပါသည်။  ကျောက်ကြီးရောဂါကုသရာတွင် အသုံးပြုသည့် ဆေးတစ်မျိုး (Tecovirimat, TPOXX) ကို မျောက်ကျောက်ရောဂါကုသရာတွင် အသုံးပြုရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ခွင့်ပြုခဲ့ပါသည်။
📌ဆောင်သင့်သည့် အချက်များ 
✅ လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောခြင်း 
✅ ကိုယ်ခံအားကောင်းအောင် နေထိုင်ခြင်း 
✅ သင့်တွင် မျောက်ကျောက်ရောဂါနှင့်တူသော လက္ခဏာများ ခံစားနေရသည်ဟု သံသယရှိပါက ကျန်းမာရေးဝန်ထမ်းများထံမှ အကြံဉာဏ်ကိုရယူခြင်း 
ကိုးကား
WHO 
https://www.who.int/myanmar/emergencies/mpox
How to Protect Yourself | Mpox | Poxvirus - CDC
  sharing about Monkey Pox
 #မျောက်ကျောက်ရောဂါ