Smart OET Training Centre

Smart OET Training Centre Useful and reliable Notes and Exam approach techniques for Myanmar Medical Professionals who are goi

🔈 Listening Exam Tips 🔈✳️ OET Listening Test မှာ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်တွေကို ပြောပေးလိုက်ပါတယ်ဗျ
27/02/2026

🔈 Listening Exam Tips 🔈
✳️ OET Listening Test မှာ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်တွေကို ပြောပေးလိုက်ပါတယ်ဗျ

✳️ Reading Skill တိုးတက်အောင် လေ့လာနည်း ✳️✳️ ဒီနေ့ Post မှာတော့ OET Reading အကြောင်း ပြောပြပေးချင်ပါတယ်🔹 သေချာလေ့ကျင့်ထာ...
23/02/2026

✳️ Reading Skill တိုးတက်အောင် လေ့လာနည်း ✳️

✳️ ဒီနေ့ Post မှာတော့ OET Reading အကြောင်း ပြောပြပေးချင်ပါတယ်

🔹 သေချာလေ့ကျင့်ထားရင် Reading Test က Grade - B (အမှတ် -350 အထက်) ရဖို့ လွယ်ပေမယ့် တစ်ချို့ကတော့ အတော်ကြိုးစားဖြေရပါတယ်

🔹ဒီနေရာမှာ ကိုယ့် English Reading Skill ကို တိုးတက်အောင် လေ့ကျင့်နိုင်တဲ့ နည်းလမ်းတစ်ခုကို ပြောပေးချင်ပါတယ်

🔹Reading အမှတ်ကောင်းဖို့ ဆိုရင် OET Exam Format နဲ့ပဲ လေ့ကျင့်နေလို့ မလုံလောက်ပါဘူး

🔹စာမေးပွဲ မှာမေးတဲ့ စာပိုဒ်တွေက ပုံမှန် English စာဖတ်ဝါသနာပါတဲ့သူကတော့ စာပိုဒ်တွေ ဖတ်ရတာ ကိစ္စမရှိပေမဲ့ စာလုံးရေ များတဲ့ စာပိုဒ်အရှည်တွေ သိပ်ဖတ်လေ့မရှိသူအတွက်ကတော့ ခက်ပါလိမ့်မယ်

✳️ကိုယ့်ရဲ့ Reading Skill တက်လာအောင် လုပ်ဖို့ အရေးအကြီးဆုံးကတော့ -

✳️စာပုံမှန်ဖတ်ပါ

🔸တစ်ပတ်ကို စာလုံးရေ (၅၀၀-၈၀၀) လောက်ပါတဲ့ စာ အနည်းဆုံး (၄/၅) ပုဒ်လောက်ဖတ်ပါ

🔸ဘာတွေ ဖတ်ရမလဲဆိုတော့ စာမေးပွဲအတွက်ပါ အထောက်အကူဖြစ်မယ့် ဆေးပညာရပ်နဲ့ ပတ်သက်တဲ့ Medical articles တွေ၊ Journals တွေ ဖတ်သင့်ပါတယ်

🔸ဖတ်တဲ့အခါမှာလဲ စာလုံးတစ်လုံးချင်းစီကို နားလည်ဖို့ ကြိုးစားတာထက် စာကြောင်းလိုက်၊စာပိုဒ်လိုက် အဓိပ္ပာယ်ကို နားလည်အောင် ဦးစားပေးဖတ်ပါ

🔸နားမလည်တဲ့ စာလုံးတွေကို တစ်လုံးတွေ့လိုက် dictionary ကြည့်လိုက်လုပ်တာထက် မှန်းဆကြည့်ပါ၊ အားလုံးဖတ်ပြီးမှ မသိတဲ့ စာလုံးတွေကို စုပြီး ပြန်ရှာ ကိုယ်မှန်းတာနဲ့ တိုက်ကြည့်ပါ

🔸ဒီလို ပုံမှန်လေ့ကျင့်သွားရင် တဖြည်းဖြည်းနဲ့ စာဖတ်နှုန်းနဲ့ Comprehension skill နားလည်နိုင်စွမ်းတက်လာပါလိမ့်မယ်

🔸ဒီ Link တွေမှာ Medical field နဲ့ဆိုင်မယ့် နေ့စဉ်ဖတ်လို့ ရမယ့် ဆောင်းပါးတွေရှိပါတယ်

🔸Save ထား၊ Share ထားပြီး လေ့လာလို့ ရပါတယ်

➡️ https://www.abc.net.au/news/health/
➡️ https://www.mja.com.au/
➡️ https://www.bmj.com/
➡️ http://www.freemedicaljournals.com/
➡️ https://www.omicsonline.org/free-medical-journals.php

🔸 Smart OET Training Centre



🔸Special Weekly Live Lecture ("Smart Listening Lab")✳️ ဒီည Weekly Live (Listening) အတန်းချိန် ရှိပါမယ်✳️ ဒီည Weekly Live...
22/02/2026

🔸Special Weekly Live Lecture ("Smart Listening Lab")
✳️ ဒီည Weekly Live (Listening) အတန်းချိန် ရှိပါမယ်
✳️ ဒီည Weekly Live က Listening skill ကို အချိန်တိုအတွင်း တိုးတက်အောင် လေ့ကျင့်နည်းတွေကို ဆွေးနွေးပေးမှာမို့ Listening skill အားနည်းတဲ့သူတွေ သေချာ တက်သင့်ပါတယ်
✳️ Weekly Live အတန်းကို တက်ချင်တဲ့ SMART Candidate တွေ ကိုယ့် Group မှာ တင်ထားတဲ့ Post မှာ Detail ကို ကြည့်လို့ရပါတယ်





📣 OET New Class  (March Class)🔸 ဒီ EES အတန်းက OET  ဖြေဖို့ အတွက် လိုအပ်တဲ့ Essential English 4 Skills ကို ထိရောက်အောင် သ...
21/02/2026

📣 OET New Class (March Class)
🔸 ဒီ EES အတန်းက OET ဖြေဖို့ အတွက် လိုအပ်တဲ့ Essential English 4 Skills ကို ထိရောက်အောင် သင်ပေးမယ့် အတန်းပါ

🔸 OET ကို အခြေခံ မပိုင်လို့ အဆင်မပြေ မဖြစ်ရအောင် 4 Skills အခြေခံကို အချိန်ယူလေ့လာချင်ရင် တက်နိုင်ပါတယ်

Essential English 4 Skills for OET Course (2/2026)
========================================
🔸 Starting Date = 2.3.26
🔸 Duration = 6 weeks
🔸 Teaching platform = Zoom Live class + Smart Website Exercises
🔹 သင်တန်း Lecture တွေကို မတက်ဖြစ်တဲ့ ရက်ရှိရင်လဲ Website မှာ Recording အားလုံးပြန်လေ့လာလို့ ရပါတယ်

📣 ကြိုအပ်ထားတဲ့ သူများရှိလို့ သင်တန်းသားဦးရေ ပြည့်တာနဲ့ Registration ပိတ်ပါမယ်ဗျ📣
.
🔸သင်တန်း Detail အတွက် Page messenger ကနေ စုံစမ်းလို့ရပါတယ်

"OET Speaking: SMART Way"ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လုပ်ပေးခဲ့တဲ့ Zoom Webinar လေးကို Website course ထဲမှာ ပြန်ကြည့်လို့ ရ...
20/02/2026

"OET Speaking: SMART Way"

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လုပ်ပေးခဲ့တဲ့ Zoom Webinar လေးကို Website course ထဲမှာ ပြန်ကြည့်လို့ ရပါပြီ

Speaking Practice အတွက် သိသင့်တဲ့ Update တွေကို ပြည့်ပြည့်စုံစုံ ပြောထားပေးလို့ မတက်ဖြစ်ခဲ့ရင် ပြန်ကြည့်လို့ ရပါပြီ

🎉 February  လထဲ ဖြေထားတဲ့ နောက်ထပ် Candidate Result တွေ ထပ်သိရပါပြီတခြား candidates တွေလည်း Exam Result တွေသိရရင် ဆရာ့ဆီ...
19/02/2026

🎉 February လထဲ ဖြေထားတဲ့ နောက်ထပ် Candidate Result တွေ ထပ်သိရပါပြီ

တခြား candidates တွေလည်း Exam Result တွေသိရရင် ဆရာ့ဆီ အကြောင်းကြားပေးပါဦးဗျ 😊


🎉 February First Week က Computer Exam ဖြေထားတဲ့ Candidate တွေ Result တွေ ထွက်နေပါပြီExam Result တွေသိရရင် ဆရာ့ဆီ အကြောင်...
16/02/2026

🎉 February First Week က Computer Exam ဖြေထားတဲ့ Candidate တွေ Result တွေ ထွက်နေပါပြီ

Exam Result တွေသိရရင် ဆရာ့ဆီ အကြောင်းကြားပေးပါဦးဗျ 😊


✳ Special Sunday Webinar ✳✳"OET Speaking: SMART Way"✳ "OET Speaking ကို လေ့ကျင့်တဲ့အခါ လိုချင်တဲ့ အမှတ်ရဖို့ ဘယ်အချက်တွေ...
15/02/2026

✳ Special Sunday Webinar ✳

✳"OET Speaking: SMART Way"

✳ "OET Speaking ကို လေ့ကျင့်တဲ့အခါ လိုချင်တဲ့ အမှတ်ရဖို့ ဘယ်အချက်တွေကို မသိမဖြစ် သိထားရမလဲ"

"စာမေးပွဲမှာ တကယ်ပြောတဲ့အခါ ဘယ်လိုအချက်✳တွေကြောင့် အမှတ်နည်းလေ့ရှိတာလဲ"

"OET Speaking ကို ဘယ်အပိုင်းတွေ သေချာ လေ့ကျင့်ထားမှ လိုချင်တဲ့ Grade ကို ရဖို့ သေချာမှာလဲ"

စတဲ့ ‌မေးခွန်းတွေအပြင် Speaking နဲ့ပတ်သက်လို့ သိသင့်တာတွေကို ဒီ Webinar မှာ တစ်ခါထဲ ပြည့်ပြည့်စုံစုံ ပြောပေးသွားမှာပါ

Smart OET Candidate exclusive Webinar မို့ တကယ်လို့ အချိန်ရရင် မဖြစ်မနေတက်စေချင်ပါတယ်

ဒီ ညရှစ်နာရီမှာ ကိုယ့်ရဲ့ Facebook group or Telegram group တွေမှာ Meeting Link ကို တင်ပေးသွားမှာမို့ တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျ



✳✳✳Reminder for Sunday Webinar "OET Speaking: SMART Way"မနက်ဖြန်တနင်္ဂနွေနေ့မှာ Zoom Webinar လေးတစ်ခု လုပ်ပေးဖို့ရှိပါတယ...
14/02/2026

✳✳✳Reminder for Sunday Webinar

"OET Speaking: SMART Way"

မနက်ဖြန်တနင်္ဂနွေနေ့မှာ Zoom Webinar လေးတစ်ခု လုပ်ပေးဖို့ရှိပါတယ်

Smart OET candidate တွေ တကယ်လို့ အချိန်ရရင် မဖြစ်မနေတက်စေချင်ပါတယ်။

ဒီတစ်ခေါက် Webinar မှာ Speaking နဲ့ပတ်သက်လို့ သိသင့်တာတွေကို တစ်ခါထဲ ပြည့်ပြည့်စုံစုံ ပြောပေးသွားမှာပါ

မနက်ဖြန် ညရှစ်နာရီမှာ ကိုယ့်ရဲ့ Facebook group or telegram group တွေမှာ Meeting Link ကို တင်ပေးသွားမှာပါ



OET Writing Tip=============================================🔸ဒီ Post မှာတော့ OET စာမေးပွဲမှာ ရေးဖြေရတဲ့ Letter မှာ အသုံး...
12/02/2026

OET Writing Tip
=============================================
🔸ဒီ Post မှာတော့ OET စာမေးပွဲမှာ ရေးဖြေရတဲ့ Letter မှာ အသုံးဝင်မယ့် အချက်လေးတစ်ခုကို ပြောပေးချင်ပါတယ်

🔸Letter ရေးတဲ့အခါ အဆုံးသတ်မှာ Sincerely, တို့ Regards, တို့လို Leave-taking word ရေးရပါတယ်

🔸ဒီလို Leave-taking word ရေးတဲ့အခါ
- Sincerely,
- Thank you,
- Regards, တို့လို အဆုံးသတ်တွေက Informal ဆန်လို့ စာမေးပွဲမှာ မသုံးသင့်ပါဘူး

🔹အများစု ရေးလေ့ရှိကြတာက Yours sincerely, ဆိုပြီး အဆုံးသတ်ကြပါတယ်
🔹ဒါပေမဲ့ အဲဒီတစ်မျိုးထဲကိုပဲ တစ်သမတ်ထဲ ရေးလို့ အဆင်မပြေတဲ့ အခါတွေရှိပါတယ်
🔹ဘယ်လိုအချိန်မှာ Yours sincerely, လို့ မရေးဘဲ Yours faithfully, လို့ ရေးသင့်လဲဆိုတာလေးကို မှတ်ထားသင့်ပါတယ်

➡️ Letter အစမှာ ကိုယ်စာရေးမယ့်သူ နာမည်ကို သိရင် Letter အဆုံးသတ်မှာ Yours sincerely, လို့ ရေးသင့်ပါတယ်

➡️ Letter အစမှာ ကိုယ်စာရေးမယ့်သူ နာမည်ကို မသိခဲ့ရင် Letter အဆုံးသတ်မှာ Yours faithfully, လို့ ရေးသင့်ပါတယ်

e.g.
Dear Ms. Clarke , > Yours sincerely,
Dear Dr. Smith, > Yours sincerely,
Dear Sir/ Madam, > Yours faithfully,
Dear Doctor, > Yours faithfully,

✳️မပြောပလောက်တဲ့ အချက်လေးလို့ ထင်ရပေမဲ့ ကိုယ့် Writing Skill ကို စစ်တဲ့အခါ တကယ် အမှတ်လိုလာပြီဆိုရင် ဒီလို အသေးအဖွဲလေးတွေက အစ စကားပြောလာပါလိမ့်မယ်

✳️OET အတွက် ဒီလို အသုံးဝင်မယ့် အကြောင်းအရာလေးတွေကို ပုံမှန်တင်ပေးသွားပါဦးမယ်ဗျ

Smart OET Training Centre

✳️ ဒီနေ့တော့ OET Writing မှာ အသုံးဝင်မယ့် Tip တစ်ခုကို ပြောပြပေးပါမယ် ✳️ အဲဒါကတော့ word count ကို ဘယ်လိုရေလဲ ဆိုတာပါပဲ🔸 ...
10/02/2026

✳️ ဒီနေ့တော့ OET Writing မှာ အသုံးဝင်မယ့် Tip တစ်ခုကို ပြောပြပေးပါမယ်

✳️ အဲဒါကတော့ word count ကို ဘယ်လိုရေလဲ ဆိုတာပါပဲ

🔸 Letter ကို ရေးတဲ့အခါ Word limit ကို 180-200 ကြားရေးသင့်တယ်လို့ Official OET က ပြောထားပါတယ်

🔸 အဲဒီ Limit အတွက် Letter ရဲ့ ဘယ်နေရာကနေ ဘယ်နေရာအထိ Word count ကို ရေတွက်လဲဆိုတာကို ရှင်းရှင်းလင်းလင်းသိထားမှ ကိုယ်ရေးတဲ့ Letter ကို စနစ်တကျရေးနိုင်မှာပါ

🔸 Letter ရဲ့ အပေါ်ပိုင်းမှာရေးတဲ့ Recipient ရဲ့ နာမည်၊ လိပ်စာတွေအပါအဝင် Re: (patient's name and date of birth) အထိကို Word count မရေပါဘူး

🔸 အောက်ဆုံးမှာဆိုရင်လဲ Closing sentence ကိုလဲ Word count ထဲထဲ့မရေပါဘူး

🔸 ဒါကြောင့် ကိုယ်ရေးတဲ့ Word count အတိအကျကို သိချင်ရင် ပထမဆုံးစာပိုဒ်ကနေ Closing sentence မတိုင်ခင်အထိ အကျုံးဝင်ပါတယ်

🔹 ဒါကတော့ OET letter ရေးရင် သိထားသင့်တဲ့ Word count အကြောင်းကို ပြောပေးခဲ့တာပါ

🔹 နောက်ကို Letter တွေရေးတဲ့အခါ Word count တွေကို မှန်မှန်ကန်ကန်ရေတွက်နိုင်ပါလိမ့်မယ်ဗျ


Ref:OET

📣Reading Mastery Class📣✳️ Smart Premium အတန်းသားများအနေနဲ့ Weekly Live class တွေကို စာမေးပွဲဖြေချိန်ထိ အကန့်သတ်မရှိပဲ တက...
08/02/2026

📣Reading Mastery Class📣
✳️ Smart Premium အတန်းသားများအနေနဲ့ Weekly Live class တွေကို စာမေးပွဲဖြေချိန်ထိ အကန့်သတ်မရှိပဲ တက်နိုင်ပါတယ်
✳️ ဒီည Weekly Live Lecture အတန်းကတော့ OET Reading ကို Grade B ရဖို့ လက်တွေ့ အသုံးချနိုင်မယ့် နည်းလမ်းတွေကို သင်ပေးမယ့် အတန်းပါ
✳️ Weekly Live အတန်းကို တက်ချင်တဲ့ SMART Candidate တွေ ကိုယ့် Facebook and telegram Group မှာ တင်ထားတဲ့ Post မှာ Detail ကို ကြည့်လို့ရပါတယ်

✳️ Live class တွေရဲ့ Date တွေကို SMART Monthly Lesson Calendar မှာလဲ ကြည့်ထားလို့ရပါတယ်ဗျ



Address

Yangon
11111

Alerts

Be the first to know and let us send you an email when Smart OET Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Smart OET Training Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

OET Preparation for Myanmar Medical Professionals

PLAB ဖြေမှာလား❓

AMC အတွက်လား ❓

✳️✳ ဘာပဲဖြေဖြေ English Language အတွက် OET ရှိနေပါပြီ

✳️ OET စာမေးပွဲဆိုတာ ....