KYAW ဆေးဆိုင်

KYAW ဆေးဆိုင် နိုင်ငံ​ခြားဆေးနှင့်မြန်မာဆေးမျို?

21/12/2022
21/12/2022
21/12/2022

အနာရောဂါများအတွက်ကျော်အနာလိမ်းဆေးရှိနေပြီနော်။ထိခိုက်ရှနာ အပူလောင်နာ ခြေဖနောင့်ကွဲစသည့်အနာအမျိုးမျိိုတို့အတွက် ကျော်အနာလိမ်းဆေးရှိနေပြီနော်.......

19/02/2022

Covid 19 မကြောက်ကြလို့ မရဘူးနော်

Covid 19နဲ့ Omicron မတူဘူးလို့ ထင်နေတဲ့လူတွေ

ရာသီတုပ်ကွေးထင်ပြီး (ဆေးခန်း)GPတွေမှာ ကျိတ်ကျိတ်တိုး ဆေးသွားထိုးပြီး လျှောက်သွားနေတဲ့လူတွေ

ဆီစားမိလို့ လည်ချောင်းကကပ်တာပါလို့ ခုထိ ရှောင်ပြောနေတဲ့လူတွေ
(ဆီစားတိုင်း အရင်က လည်ချောင်းကပ်လို့လား?)

ခေါင်းလျှော်လိုက်လို့ နှာရည်ယိုသွားတာပါလို့ ပြောတဲ့လူတွေ
(ခါတိုင်းရော ခေါင်းလျှော်တိုင်း နှာရည်ယိုလို့လား?)

အအေးလှိုင်းဖြတ်လို့ နှာစေးသွားတာပါပြောတဲ့ လူတွေ

ခုထိ လ္ဘက်ရည်ဆိုင်ထိုင်ပြီး ချောင်းလေး တဟွတ်ဟွတ် လုပ်နေတဲ့လူတွေ

အလှူတွေ ပွဲလမ်းသဘင်တွေ ကျင်းပဆဲ ကျင်းပ လတ္တံ့တွေ

ဆေးထိုးထားတာ (၂)ကြိမ်ရှိပြီ (၃)ကြိမ်ရှိပြီ (၄)ကြိမ်ရှိပြီဆိုပြီး မတ်မတပ်ဘဲ ပေါ့နေတဲ့ လူတွေ
(pfizerဆေးထိုးထားတဲ့ နိုင်ငံတွေမှာလဲ ဖြစ်နေတာဘဲ ဘယ့်နဲ့လုပ်မလဲ?)

တတိယလှိုင်းတုံးက ဖြစ်ဘူးတာဘဲ antibodyအပြည့်ရှိတယ်ဆိုပြီး ကြွားနေတဲ့ လူတွေ

လူမသေသေးလို့ ကြောက်စရာမလိုဘူးလို့ ထင်နေကြတဲ့ လူတွေ
(ဒီနေ့ MOH pageမှာ တယောက်စ သေဆုံးပါပြီ)

ရန်ကုန်က အိမ်တိုင်း အိမ်တိုင်း omicron ရောက်နေပြီဆိုတာ သိကြပါတော့။

ဖျားလဲ omicron
နှာစေးလဲ omicron
လည်ချောင်းနာလဲ omicron
ချောင်းဆိုးလဲ omicron
ဝမ်းလျှောလဲ omicron
swab (-)ve လဲ false (-)veလို့ ပြတတ်တယ်

အနည်းဆုံးတော့ (၇)ရက် isolate နေပါ
ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ(၁၀)ရက်ကျော်မှ တွေ့နိုင်ပါတယ်တဲ့

မပေါ့ဆပါနဲ့

ကိုယ့်အသိ စိတ်လေးနဲ့ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်ကို ကာကွယ်ပါ

ကိုယ့်ကြောင့် ရောဂါ မကူးပါစေနဲ့

Credit

19/02/2022

#စကား_ပြောကြည့်လိုက်ပါ
#ကိုဗစ်_ဟုတ်မဟုတ်သိသာပါလိမ့်မယ်



ညက အအေးခံလိုက်တာ အသံနည်းနည်းနာသွားတယ် တဲ့
👉 အအေးမိတာ မဟုတ်ပါဘူး ကိုဗစ်ပါပဲ။

ဘယ်လိုမှ မနေဘူး #အနံ့ပျောက်သွားတယ် အဲ့ဒါ Delta ရဲ့ သိသာတဲ့ ဝိသေသ လိုမျိုး ကျွန်တော်တို့ သတိထားမိခဲ့ကြပါတယ်

အခုလည်း January နောက်ဆုံးပတ်လောက်က စတဲ့ (Omicron ကြောင့်ဖြစ်နိုင်တဲ့) ကိုဗစ်လှိုင်းဟာ (၄) ပတ်လောက်ကြာတဲ့အခါမှာ
#အသံပြောင်းသွားရာကစတယ် ဆိုတာကို သတိထားမိလာကြပါပြီ။

လှိုင်း (၃) လှိုင်း လုံးကို ကိုဗစ်လူနာတွေကြည့်ရင်း ကိုဗစ်မဖြစ်ခဲ့တော့ "ကိုဗစ်က လေးတော့ ကိုယ့်အရပ်အထိရောက်အောင်မလာနိုင်ဘူး" ဆိုပြီး ကြီးကြီးကျယ်ကျယ်ပြောခဲ့တဲ့ ကျွန်တော်

တစ်ရက်မှာ ပုံမှန်အသံမဟုတ်ပဲ အသံဝင်ပါတယ်။ အဲ့ဒါကို သီး လို့ အသံရှရှ ဖြစ်သွားတယ်ပဲလုပ်နေရာကနေ
အသံပြောင်းပြီး (၃) ရက်မြောက်မှာ လည်ချောင်းစယားလာပြီး (၄) ရက်မြောက်နေ့မှာ ဖျားနာကိုက်ခဲချမ်းတုန်ပါတော့တယ်။
လည်ချောင်းနာတာက လွဲရင် ရှိရှိသမျှအစုံခံစား လိုက်ရင်း (၃) ရက်လောက်ဖျားပြီး သက်သာသွားပေမယ့် အသံကတော့ ၁၀ ရက်လောက်ကြာမှ ပုံမှန်ပြန်ဖြစ်ပါတယ်။

👉 အသံဝင်နေသလိုလို
👉 နှာပိတ်နေသလိုလို
👉 တစ်နေကုန် အော်ထားလို့ပဲ အသံနာနေသလိုလို နဲ့ အမျိုးစုံကို ပြောင်းပြီးဖြစ်ပါတယ်။

လူတိုင်းနီးပါးဖြစ်ပါတယ်။

"​ကိုဗစ်သံကြီး နဲ့ " လို့ ပြောရလောက်အောင် သိသာပါတယ်။

အဲ့တော့ အသံစပြောင်းပြီ ဆိုဘာလုပ်ရမလဲ
"သီးသန့်သာခွဲနေလိုက်ပါတော့"
နှာခေါင်းသွားနှိုက်ပြီး စစ်ကြည့်ရင်တော့ Positive ထွက်ချင်မှ ထွက်ပါဦးမယ်။ (စောသေးလို့ပါ)

လည်ချောင်းလေးယားပြီး ချောင်းလေ့ဟန့်လာရင်တော့ စစ်ရင် Positive ထွက်ပါပြီ (လက်ဖဝါးလေးနွေးပြီး၊ ညချွေးလေးထွက်ရင် ပိုသေချာပြီပေါ့)

ကိုဗစ် မဟုတ်ပါဘူး အတင်းငြင်းမနေကြပါနဲ့။
👉 ကာကွယ်ဆေးထိုးထားပြီး
👉 နာတာရှည် ရောဂါအခံ မရှိတဲ့
👉 လူငယ်လူရွယ်
👉 ပိန်ပိန်ပါးပါး တွေအတွက်က Omicron က တုပ်ကွေးသာသာ ပဲရှိတယ် ဆိုပေမယ့်

ကာကွယ်ဆေး မထိုးရသေးတဲ့ သက်ကြီးရွယ်အို ရောဂါသည်များအတွက်တော့ ဆင်ခြင်ကြပါဦး။

(photo credit; everydayhealth)

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

05/02/2022
28/12/2021
28/12/2021

Bioflor /Innolac/Kidlac/Bilact မျိုးစုံရပါတယ်

Address

အမှတ်၉၀ ရေတာရှည်လမ်းဟောင်း
Yangon

Opening Hours

Monday 07:30 - 19:30
Tuesday 07:30 - 19:30
Wednesday 07:30 - 19:30
Thursday 07:30 - 19:30
Friday 07:30 - 19:30
Saturday 07:30 - 19:30
Sunday 07:30 - 19:30

Telephone

+9595051704

Website

Alerts

Be the first to know and let us send you an email when KYAW ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram