Caremebot

Caremebot Caremebot is primarily intended for making online booking to see the doctor with less waiting time.

ယနေ့ကျရောက်သော "တောင်သူလယ်သမားနေ့"တွင် ကျေးဇူးရှင် တောင်သူ လယ်သမားဦးကြီးများအားလုံးကို Caremebot မှလေးစားစွာဖြင့် ဂုဏ်ပြ...
02/03/2026

ယနေ့ကျရောက်သော "တောင်သူလယ်သမားနေ့"တွင် ကျေးဇူးရှင် တောင်သူ လယ်သမားဦးကြီးများအားလုံးကို Caremebot မှလေးစားစွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ 🙏

#တောင်သူလယ်သမားနေ့

❌ကျန်းမာရေးသတိပေးချက်တွေ ရှိနေပေမယ့် လူတွေ ဘာလို့ ဂရုမစိုက်ကြတာလဲ? ❓⛔️"ဆေးလိပ်သောက်ရင် ကင်ဆာဖြစ်နိုင်တယ်" ⛔️"အချိုစားတာမ...
27/02/2026

❌ကျန်းမာရေးသတိပေးချက်တွေ ရှိနေပေမယ့် လူတွေ ဘာလို့ ဂရုမစိုက်ကြတာလဲ? ❓

⛔️"ဆေးလိပ်သောက်ရင် ကင်ဆာဖြစ်နိုင်တယ်"
⛔️"အချိုစားတာများရင် ဆီးချိုဖြစ်မယ်"
⛔️"ကိုယ်လက်လှုပ်ရှားမှုမရှိရင် နှလုံးရောဂါဖြစ်မယ်"

ဒီသတိပေးချက်တွေကို လူတိုင်းနီးပါး သိပါတယ်။
ဒါပေမယ့် လူအများစုက သူတို့ရဲ့အကျင့်တွေကို မပြောင်းလဲကြဘူး။
ဘာလို့လဲ?
အကြောင်းရင်းက စိတ်ပညာကြောင့်ပါ။

🧩 ၁။ "ငါ့မှာတော့ မဖြစ်ဘူး" ဆိုတဲ့ အတွေး
လူတွေက မကောင်းတဲ့အရာတွေဟာ သူများတွေမှာပဲ ဖြစ်တယ်လို့ ယုံကြည်တယ်။
ဆေးလိပ်သောက်သူတစ်ယောက်က ကင်ဆာအကြောင်းသိတယ်။
ဒါပေမယ့် သူ့စိတ်ထဲမှာ...
"ငါ့မှာတော့ မဖြစ်ဘူး" ဆိုတာကိုပဲတွေးပါတယ်။
ဒီအတွေးကြောင့်ပဲ အန္တရာယ်ရှိတဲ့အကျင့်တွေကို ဆက်လုပ်မိစေတယ်။

⏳ ၂။ အနာဂတ်ထက် လက်ရှိကိုပဲ ပိုအရေးထားခြင်း
စားချင်တဲ့ အစားအသောက် စားရရင် အခုလက်ရှိမှာ ပျော်တယ်။
လေ့ကျင့်ခန်းလုပ်ရင် လအတန်ကြာမှ အကျိုးရှိတယ်။
ဦးနှောက်က ဝေးတဲ့အကျိုးထက် နီးတဲ့ဆုလာဘ်ကို ရွေးတတ်တယ်။
ဒါ့ကြောင်ပဲ ကိုယ်အလေးချိန်တွေတက်လာပါတယ်။

😶 ၃။ သတိပေးချက်တွေ များလွန်းရင် အာရုံမစိုက်တော့ဘူး
ပထမဆုံးအကြိမ် စီးကရက်ဘူးမှာပါတဲ့ ကင်ဆာပုံကိုမြင်ရင် ထိတ်လန့်သွားမယ်။
အကြိမ်ရာချီမြင်ရတဲ့အခါကျတော့
သတိမထားမိတော့ဘူး။
အန္တရာယ်တွေကိုတောင် မြန်မြန်ကျင့်သားရသွားတဲ့ သဘောပါ။

👥 ၄။ လူအများနောက်လိုက်ခြင်း
သင့်ရဲ့သူငယ်ချင်းတွေက
ဆေးလိပ်သောက်ရင်
ကျန်းမာရေးစစ်ဆေးမှုမလုပ်ရင်
အစားအသောက်မဆင်ခြင်ရင်
သင်လည်း အလားတူလုပ်မိဖို့များလာပါတယ်။

Caremebot ပရိတ်သတ်ကြီးလဲ အထက်ပါအချက်လေးတွေကို သတိထားပြီး ကျန်းမာတဲ့ Life Style လေးကို ပြောင်းလဲကြဖို့ တိုက်တွန်း လိုက်ပါတယ်။

💙ကဲမီဘော့မှတစ်ဆင့် ဘ်ိုကင်တင်လိုပါက……

📍𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှ ဘိုကင်တင်ရန်
http://m.me/caremebots

📍𝐕𝐢𝐛𝐞𝐫 မှ ဘိုကင်တင်ရန်
https://ymbhub.com/2GWN

📍𝐖𝐞𝐛𝐬𝐢𝐭𝐞 မှ ဘိုကင်တင်ရန်
https://caremebot.com/Hospital

📍𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐚𝐩𝐩 ကို 𝐏𝐥𝐚𝐲𝐬𝐭𝐨𝐫𝐞 / 𝐀𝐩𝐩 𝐒𝐭𝐨𝐫𝐞 မှ ဒေါင်းလုတ်ရယူရန်
https://ymbhub.com/careme

အသုံးပြုရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက
𝐂𝐚𝐫𝐞𝐦𝐞𝐛𝐨𝐭 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫
☎️09 973 800044
☎️09 941 555955 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🏥အင်းစိန်မြို့နယ်တွင်ရှိသော “Aye Thu Kha Specialist Clinic & Pharmacy” တွင်📍အထွေထွေသမားတော်ကြီးများ၊       📍ဆီးချို၊ ဟော...
26/02/2026

🏥အင်းစိန်မြို့နယ်တွင်ရှိသော “Aye Thu Kha Specialist Clinic & Pharmacy” တွင်

📍အထွေထွေသမားတော်ကြီးများ၊
📍ဆီးချို၊ ဟော်မုန်း နှင့် လေးဖက်နာအထူးကု ဆရာဝန်ကြီးများ၊
📍ခွဲစိတ်ဆရာဝန်ကြီးများ၊
📍ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးများ၊
📍ဓာတ်ရောင်ခြည်နှင့်ကင်ဆာအထူးကုဆရာဝန်ကြီးများ၊
📍ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီးများ၏

ဆေးခန်းထိုင်ချိန်များကို ဆရာဝန်အမည်ဖြင့်ဖြစ်စေ ၊ ရောဂါဖြင့်ဖြစ်စေ Caremebot တွင် ၂၄ နာရီ အချိန်မရွေး အလွယ်တကူ ရှာဖွေကြည့်ရှုလို့ရနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်…🙏

✅”အေးသုခအထူးကုဆေးခန်း”တွင် အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ကုသခြင်းများအပြင် ခေတ်မီစက်ကြီးများဖြင့် ECG ဆွဲခြင်း(နှလုံးစစ်ဆေးခြင်း) များ ဆီးချိုစစ်ဆေးခြင်း (Blood Sugar Test) တို့ကိုလည်း နေ့စဉ် မနက် ၇နာရီမှ ည ၇ နာရီအထိ (တနင်္ဂနွေမှအပ) စစ်ဆေးလ်ို့ရနိုင်ပါပြီ..

Caremebot မှတစ်ဆင့် ဝင်ရောက်ကြည့်ရှူလိုပါက

📍Viber link 👉🏻 https://ymbhub.com/BXx77

📍Website link👉🏻https://caremebot.com/HospitalProfile?hospitalid=239

🏆ယခင်ကထက် ပိုမိုကောင်းမွန်သော ပြောင်းလဲမှုများနှင့် ထွက်ရှိလာသော 𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐀𝐩𝐩 လေးကို Download ဆွဲလိုပါက 📲
📍 https://ymbhub.com/careme

𝐂𝐚𝐫𝐞𝐦𝐞𝐛𝐨𝐭 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫
☎️09 973 800044
☎️09 941 555955 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ရင်သွေးငယ်တွေ ဘာကြောင့် ဂျီကျတတ်သလဲ❓❓📍အသက် ၁ နှစ်ကနေ ၃ နှစ်အရွယ် (Toddler အရွယ်) ဆိုတာ ကလေးတစ်ယောက်ရဲ့ ဘဝမှာ အပြောင်းအလဲ...
25/02/2026

ရင်သွေးငယ်တွေ ဘာကြောင့် ဂျီကျတတ်သလဲ❓❓

📍အသက် ၁ နှစ်ကနေ ၃ နှစ်အရွယ် (Toddler အရွယ်) ဆိုတာ ကလေးတစ်ယောက်ရဲ့ ဘဝမှာ အပြောင်းအလဲအမြန်ဆုံးနဲ့ မိဘတွေအတွက် စိန်ခေါ်မှုအရှိဆုံး အချိန်ဖြစ်ပါတယ်။ ဒီအရွယ်မှာ ကလေးတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု စတင်တည်ဆောက်နေပေမဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်သေးတဲ့အတွက် အောက်ပါပြဿနာတွေ အဖြစ်များလေ့ရှိပါတယ်။

၁။ စိတ်တို၊ စိတ်ကောက်ခြင်း (Temper Tantrums)

ဒါဟာ ဒီအရွယ်မှာ အဖြစ်အများဆုံး ပြဿနာပါ။ ကလေးက သူဖြစ်ချင်တာကို စကားလုံးနဲ့ သေချာမပြောတတ်သေးတဲ့အခါ ဒါမှမဟုတ် သူလုပ်ချင်တာကို တားမြစ်ခံရတဲ့အခါမျိုးမှာ အော်ဟစ်ငိုယိုတာ၊ ကြမ်းပြင်မှာ လူးလှိမ့်တာမျိုးတွေ လုပ်တတ်ပါတယ်။

✅ အကြံပြုချက်: ကလေး အော်ငိုနေချိန်မှာ လိုက်မအော်ပါနဲ့။ အနားမှာ ဘေးကင်းအောင် စောင့်ပေးပြီး သူစိတ်အေးသွားမှသာ ချော့မော့စကားပြောပါ။

၂။ အစားရွေးခြင်း (Picky Eating)
အရင်က အကုန်စားတဲ့ကလေးက ဒီအရွယ်ရောက်ရင် အစားအသောက် အရမ်းရွေးလာတတ်ပါတယ်။ ဒါဟာ သူ့ဘာသာသူ ရွေးချယ်ပိုင်ခွင့်ရှိကြောင်း ပြသချင်တဲ့ သဘောလည်း ဖြစ်ပါတယ်။

✅ အကြံပြုချက်: အတင်းအကျပ် မကျွေးပါနဲ့။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ နှစ်မျိုးလောက်ကို ရွေးချယ်ခွင့်ပေးပါ (ဥပမာ- "ပန်းသီးစားမလား၊ ငှက်ပျောသီးစားမလား")။

၃။ အရာရာကို "ဟင့်အင်း" (သို့) "မလုပ်ဘူး" ဟု ငြင်းဆိုခြင်း
ဒါကို "The Terrible Twos" လို့လည်း ခေါ်ကြပါတယ်။ ကလေးက သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒကို စမ်းသပ်ကြည့်နေတာ ဖြစ်ပါတယ်။

✅ အကြံပြုချက်: အမိန့်ပေးမယ့်အစား ရွေးချယ်စရာ ပေးလိုက်ပါ။ "အခု ရေချိုးတော့" လို့ ပြောမယ့်အစား "ဘဲရုပ်လေးနဲ့ ရေချိုးမလား၊ ဘောလုံးလေးနဲ့ ရေချိုးမလား" လို့ မေးကြည့်ပါ။

၄။ ကိုက်ခြင်း၊ ရိုက်ခြင်း (Aggression)
ကလေးက စိတ်လှုပ်ရှားတဲ့အခါ ဒါမှမဟုတ် ဒေါသထွက်တဲ့အခါ စကားနဲ့ မဖော်ပြတတ်လို့ ကိုက်တာ၊ ရိုက်တာ၊ ဆွဲတာတွေ လုပ်တတ်ပါတယ်။

✅ အကြံပြုချက်: "မလုပ်ရဘူး" လို့ တည်တည်ငြိမ်ငြိမ် ပြောပါ။ "သား/သမီး စိတ်တိုနေတာ သိတယ်၊ ဒါပေမဲ့ ရိုက်လို့မရဘူး" လို့ သူ့ရဲ့ ခံစားချက်ကို အသိအမှတ်ပြုပေးပါ။

📍ဒီအရွယ်မှာ ကလေးတွေဟာ တစ်နေ့နဲ့တစ်နေ့ မတူအောင် ပြောင်းလဲနေတတ်ပါတယ်။ အဓိကကတော့ မိဘတွေအနေနဲ့ စိတ်ရှည်ဖို့နဲ့ ကလေးကို အချိန်ပေးဖို့ပါပဲ

💝 အရည်အချင်းပြည့်မီ၍ စိတ်ချယုံကြည်ရသော အကူသူနာပြုများခေါ်ဆိုလိုပါက

𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐚𝐩𝐩 ကို 𝐏𝐥𝐚𝐲𝐬𝐭𝐨𝐫𝐞 / 𝐀𝐩𝐩 𝐒𝐭𝐨𝐫𝐞 မှ ဒေါင်းလုတ်ရယူရန်
📍https://ymbhub.com/careme

အသုံးပြုရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက
𝐂𝐚𝐫𝐞𝐌𝐞 𝐍𝐮𝐫𝐬𝐢𝐧𝐠 𝐂𝐚𝐫𝐞 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫
☎️ 09 987 262 284 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#အကူသူနာပြု

Caremebot မှ မျက်စိဆေးရုံကြီး အပြင် 📍ရန်ကုန်ဆေးရုံကြီး📍ကလေးဆေးရုံကြီး(ဟယ်လ်ပင်)📍ဝေဘာဂီဆေးရုံကြီး (မြောက်ဥက္ကလာ) တို့မှာလ...
24/02/2026

Caremebot မှ မျက်စိဆေးရုံကြီး အပြင်
📍ရန်ကုန်ဆေးရုံကြီး
📍ကလေးဆေးရုံကြီး(ဟယ်လ်ပင်)
📍ဝေဘာဂီဆေးရုံကြီး (မြောက်ဥက္ကလာ) တို့မှာလည်း အွန်လိုင်းကနေ အလွယ်တကူ ဘိုကင်တင်လို့ရနေပါပြီနော်…..

📍𝐂𝐚𝐫𝐞𝐦𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐚𝐩𝐩 ကို 𝐏𝐥𝐚𝐲𝐬𝐭𝐨𝐫𝐞 / 𝐀𝐩𝐩 𝐒𝐭𝐨𝐫𝐞 မှ ဒေါင်းလုတ်ရယူရန်
👉🏻 https://ymbhub.com/careme

📍ရန်ကုန်ဆေးရုံကြီးတွင် ဘိုကင်တင်ရန်
Messenger link 👉🏻 http://m.me/caremebots?ref=booking_ygh

📍ရန်ကုန်မျက်စိဆေးရုံကြီးတွင် ဘိုကင်တင်ရန်
Messenger link 👉🏻 http://m.me/caremebots?ref=booking_yeh

📍ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်လ်ပင်) တွင် ဘိုကင်တင်ရန်
Messenger link 👉🏻 http://m.me/caremebots?ref=ych_helpin

📍 ဝေဘာဂီအထူးကုဆေးရုံကြီး(မြောက်ဥက္ကလာ) တွင် ဘိုကင်တင်ရန်
Messenger link 👉🏻 http://m.me/caremebots?ref=Waibargi_hospital

အသုံးပြုရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက
📍𝐂𝐚𝐫𝐞𝐦𝐞𝐛𝐨𝐭 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫
09 973 800044
09 941 555955 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

💙လွယ်ကူလျှင်မြန် အချိန်ကုန်သက်သာ ကဲမီနဲ့ ဘိုကင်တင်ပါ၊ ဆွေးနွေးပါ...

မျက်စိရောဂါအထူးကုဆေးရုံကြီး(ရန်ကုန်)တွင် ပြသလိုပါက အွန်လိုင်းမှကြိုတင်စာရင်းသွင်းနိုင်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ နတ်မောက်လမ်းရှိ မျက်စိရောဂါအထူးကုဆေးရုံကြီး (ရန်ကုန်)တွင် ထိပ်တန်းမျက်စိအထူးကုဆရာဝန်ကြီးများမှ စက်ကိရိယာအစုံအလင်ဖြင့် (၂၄)နာရီကုသပေးလျက်ရှိကြောင်း သိရသည်။

ရုံးဖွင့်ရက်များတွင်မျက်ခွံ၊ မျက်ရည်လမ်းကြောင်းနှင့် မျက်လုံးအိမ်ပိုင်းဆိုင်ရာ မျက်စိရောဂါအထူးစမ်းသပ်ခြင်း၊ မြင်လွှာနှင့် မျက်စိနောက်ခန်းဆိုင်ရာ မျက်စိအထူးစမ်းသပ်ခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာနေ့များတွင် မျက်ကြည်လွှာဆိုင်ရာ မျက်စိအထူးစမ်းသပ်ခြင်း၊ တနင်္လာ၊ အင်္ဂါ၊ ကြာသာပတေး၊ သောကြာနေ့များတွင် ရေတိမ်ရောဂါမျက်စိအထူးစမ်းသပ်ခြင်း၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေးနေ့များတွင် ကလေးမျက်စိရောဂါဆိုင်ရာမျက်စိအထူးစမ်းသပ်ခြင်းတို့ကိုလည်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အရေးပေါ်ဌာနကိုလည်း ၂၄ နာရီဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ထို့ပြင် မျက်စိအထူးကုဆေးရုံကြီး၏ ပထမထပ်(B) ဆောင်တွင် ကလေးမျက်စိစွေရောဂါများ၊ မွေးရာပါကလေးမျက်စိရောဂါများ၊ မြင်လွှာကင်ဆာရောဂါများ၊ မွေးရာပါအတွင်းတိမ်ရောဂါ၊ ထိခို-က်အတွင်းတိမ်ရောဂါ၊ မွေးကင်းစကလေးမြင်လွှာသွေးကြောပွားရောဂါတို့ကိုလည်း စမ်းသပ်ခြင်း၊ ကုသခြင်းများ၊ ခွဲစိတ်ခြင်းများအား သက်ဆိုင်ရာဆရာဝန်ကြီးများကကုသပေးလျက်ရှိကြောင်း သိရသည်။

မျက်တွင်းမှန်ဘီလူးထည့်မရသူများ၊ မျက်တွင်းမှန်ဘီလူးဆိုင်းကြိုးပြုတ်နေသူများကိုလည်း ခေတ်မီနည်းပညာဖြင့် မှန်ဘီလူး ပြန်လည်ထည့်ပေးခြင်း၊ ကိုယ်ခံအားကျဆင်းသောရောဂါများနှင့် သွေးလေးဖက်နာရောဂါများကြောင့် နောက်ဆက်တွဲဖြစ်သော မျက်တွင်းရောင်ရောဂါများကိုလည်းကုသပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ကုသမှုခံယူလိုသော မျက်စိဝေဒနာရှင်များအနေဖြင့် Online မှတစ်ဆင့်(သို့) ဖုန်း ၀၉ ၈၈၈၆၂၉၉၅၄ ၊ ၀၉ ၇၅၅၈၉၈၀၀၈ ၊ ၀၉ ၈၈၈၆၂၉၉၄၅ ၊ ၀၉ ၈၈၈၆၂၉၉၅၄ တို့သို့ဆက်သွယ် ၍ ဘိုကင်တင်နိုင်ကြောင်း သိရသည်။

Online ကြိုတင်ဘွတ်ကင်တင်လိုသူများအနေဖြင့် 𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐀𝐩𝐩 ကို 𝐏𝐥𝐚𝐲𝐬𝐭𝐨𝐫𝐞 / 𝐀𝐩𝐩 𝐒𝐭𝐨𝐫𝐞 တို့တွင်ဒေါင်းလုခ်ဆွဲကာ ဘိုကင်တင်နိုင်ပြီး အွန်လိုင်းဘိုကင်တင်ထားကြောင်းကို ဆေးရုံရောက်ရှိပါကပြရမည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉ ၉၇၃၈၀၀၀၄၄ နှင့် ၀၉ ၉၄၁၅၅၅၉၅၅ တို့သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

“လူနာတွေအတွက် အရေးကြီးဆုံးက ဘာလဲ"   🧐 ဆေးဝါးကုသမှု ခံယူနေရတဲ့ လူနာတစ်ယောက်အတွက် ဆေးမှန်မှန်သောက်ဖို့ လိုအပ်သလို၊ မိမိရော...
23/02/2026

“လူနာတွေအတွက် အရေးကြီးဆုံးက ဘာလဲ"


🧐 ဆေးဝါးကုသမှု ခံယူနေရတဲ့ လူနာတစ်ယောက်အတွက် ဆေးမှန်မှန်သောက်ဖို့ လိုအပ်သလို၊ မိမိရောဂါနှင့် တည့်ပြီး ခံတွင်းတွေ့စေမယ့် အာဟာရပြည့်ဝတဲ့ အစားအစာတွေကလည်း အရမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ လူနာအတွက် သီးသန့်ချက်ပြုတ်ဖို့ဆိုတာ မိသားစုဝင်တွေအတွက် အခက်အခဲတစ်ခု ဖြစ်နေတတ်ပါတယ်။

💝Doc Doc - Krafted Meal က ဆရာဝန်(၂)ယောက်နဲ့ Chef ကြီးက ဝယ်ယူသူ တစ်ယောက်ချင်းစီ အတွက် အာဟာရဆိုင်ရာတွက်ချက်မှု့ နှင့် မိမိအကြိုက် စားကောင်းသောက်ဖွယ် ဟင်းပွဲလျာများကို ဖန်တီး ပို့ဆောင်ပေးကြတာပါ. တကယ်လိုအပ်နေတဲ့လူနာတွေကို အစာတွဲဖက်ကုသပေးလိုတဲ့ “Doc Doc “ရဲ့ Passion ကိုအရမ်းသဘောကျခဲ့ပါတယ်။

🤝 "ဒီလို အရည်အသွေးမြင့်ပြီး ဆေးလည်းဖြစ်၊ အရသာလည်းရှိတဲ့ အစားအစာတွေကို 𝐂𝐚𝐫𝐞 𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐀𝐩𝐩 ပေါ်က အသုံးပြုသူများဆီသို့ အရောက်ပို့ပေးနိုင်ရင် ဘယ်လောက်ကောင်းမလဲ" ဆိုတဲ့ စိတ်ကူးကနေ အာဟာရပညာရှင်တွေ၊ Chef တွေနဲ့ ပြည့်စုံတဲ့ “Doc Doc Krafted Meal”နှင့်လက်တွဲဖြစ်ခဲ့ကြပါတယ်။

🤩 “Doc Doc”နှင့် 𝐂𝐚𝐫𝐞 𝐌𝐞 ပူးပေါင်းလက်တွဲခြင်း အထိမ်းအမှတ်အနေနဲ့ Doc Doc ရဲ့ Menu များကို “Promotion”ပေးထားပါတယ်။ Promotion ပေးထားသော Menu များ အနေနဲ့

🩷ရက် (၃၀) စာ Weight Loss Package များ

💙လူနာများအတွက် သီးသန့် အာဟာရ Package များ

💚အာဟာရဆရာဝန်မှ အိမ်တိုင်ရာရောက်လူနာကို လာကြည့်ပေးတဲ့ Package

🧡အာဟာရဆရာဝန်နှင့် အွန်လိုင်းမှ ဆက်သွယ် ဆွေးနွေးတိုင်ပင်ခြင်း Package

💜ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရစီစဥ်ပေးခြင်း Package

🤎နှာခေါင်းပိုက်တပ်ထားရသော လူနာများအတွက် နှာခေါင်းပိုက်တွင်းထည့်ရသော အစားအစာများ စီစဥ်ပေးသော Package

💛ရုံးအတွက် Lunch Box စီစဥ်ပေးသော Package တို့ပါဝင်ပါတယ်။

💁‍♀️ ဒီ Promotion များကို အမိအရ ရယူဖို့ဆိုရင်
𝐂𝐚𝐫𝐞 𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐀𝐩𝐩 လေးကို Playstore သို့မဟုတ် App Store မှတဆင့် Download ပြုလုပ်ပြီး Care Me အကောင့်လေးဖွင့်လိုက်ရုံပါပဲ

🙋‍♀️ 𝐂𝐚𝐫𝐞𝐌𝐞 အကောင့်လေးဖွင့်ပြီးရင် Home page ရဲ့ Wellness ကဏ္ဍ အောက်မှာ ရှိသော Healthy Meal တွင် ဝင်ရောက်ပြီး လေ့လာလို့ရပါတယ်

📍တင်ထားသော Inquiry form များကို Home page ရှိ Wellness session တွင် History ကို နှိပ်ပြီး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။


🏆ယခင်ကထက် ပိုမိုကောင်းမွန်သော ပြောင်းလဲမှုများနှင့် ထွက်ရှိလာသော 𝐂𝐚𝐫𝐞 𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐀𝐩𝐩 လေးကို Download ဆွဲလိုပါက 📲
📍 https://ymbhub.com/careme

𝐂𝐚𝐫𝐞 𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐀𝐩𝐩 အသုံးပြု၍ ဘိုကင်တင်ရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက

𝐂𝐚𝐫𝐞𝐦𝐞𝐛𝐨𝐭 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫
☎️09 973 800044
☎️09 941 555955 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🧐လူတော်တော်များများက မနက် မိုးလင်းတာနဲ့  ဖုန်းကြည့်ခြင်းနဲ့ အစပြုတတ်ကြပါတယ်။  ✅ ဖုန်းကြည့်မယ့်အစား ကိုယ်လက်လှုပ်ရှားလေ့က...
20/02/2026

🧐လူတော်တော်များများက မနက် မိုးလင်းတာနဲ့ ဖုန်းကြည့်ခြင်းနဲ့ အစပြုတတ်ကြပါတယ်။

✅ ဖုန်းကြည့်မယ့်အစား ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနဲ့ မနက်ခင်းကိုစတင်မယ်ဆိုရင်တော့ ရနိုင်တဲ့ အကျိုး ကျေးဇူးများက မနည်းလှပါဖူး။
ဒီနေ့မှာတော့ မနက်ခင်း လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အသေးစိတ် မျှဝေပေးချင်ပါတယ်။

🌟 ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေခြင်း
မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ တစ်နေ့လုံး ကယ်လိုရီတွေ ဆက်လက်လောင်ကျွမ်းနေမှာ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ထိန်းချင်သူတွေအတွက် အကောင်းဆုံး အလေ့အကျင့်တစ်ခုပါပဲ။

⚡ လန်းဆန်းတက်ကြွခြင်း
လေ့ကျင့်ခန်းလုပ်တဲ့အခါ နှလုံးခုန်နှုန်း မြန်လာပြီး သွေးလှည့်ပတ်မှု ကောင်းမွန်လာပါတယ်။ ဒါကြောင့် ဦးနှောက်ဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပိုမိုရောက်ရှိစေပြီး အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းလာပါတယ်။
မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ သင်ဟာ အလုပ်ခွင်ထဲရောက်တဲ့အခါ တခြားသူတွေထက် ပိုပြီး အာရုံစူးစိုက်နိုင်မှာ ဖြစ်သလို ဆုံးဖြတ်ချက်တွေကိုလည်း မြန်မြန်ဆန်ဆန် ချနိုင်မှာပါ။

😊 စိတ်ခံစားချက် ကောင်းမွန်ခြင်း
လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က Endorphins လို့ခေါ်တဲ့ ပျော်ရွှင်မှုဟော်မုန်းကို ထုတ်လွှတ်ပါတယ်။ ဒါကြောင့် မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ စိတ်ခံစားချက် ကောင်းမွန်လာပြီး စိတ်ဖိစီးမှုတွေ လျော့ပါးသွားပါတယ်။
တစ်နေ့တာရဲ့အစမှာ စိတ်ဖိစီးမှုကင်းပြီး ပျော်ရွှင်နေမယ်ဆိုရင် အလုပ်ခွင်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်လာမှာပါ။
ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ကျရောဂါနဲ့ စိတ်သောကတွေကိုပါ လျှော့ချပေးနိုင်တယ်လို့ သုတေသနတွေက ဆိုပါတယ်။

😴 ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း
မနက်ခင်းမှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက အိပ်စက်ချိန်ကို ထိန်းညှိပေးပြီး ညဘက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

💪 ကိုယ်ခံအား ကောင်းမွန်ခြင်း
မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က သွေးဖြူဥတွေ ပိုမိုထုတ်လုပ်ပြီး ရောဂါပိုးမွှားတွေကို ပိုမိုတိုက်ထုတ်နိုင်ပါတယ်။
ဒါကြောင့် ရာသီတုပ်ကွေးလို အဖြစ်များတဲ့ ရောဂါတွေကနေ ကာကွယ်နိုင်ပြီး တစ်နှစ်ပတ်လုံး ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်မှာပါ။


💚ဒါကြောင့် မနက်ဖြန်မနက်ကစလို့ မနက်နိုးရင် အိပ်ရာထဲမှာ ဖုန်း မကြည့်တော့ဘဲ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ကြည့်ပါ။ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ကျန်းမာရေးနဲ့ စိတ်ခံစားချက်တွေ တိုးတက်လာတယ်ဆိုတာ ကိုယ်တိုင်ကြုံတွေ့ရမှာပါ။

💙ကဲမီဘော့မှတစ်ဆင့် ဘ်ိုကင်တင်လိုပါက……

📍𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှ ဘိုကင်တင်ရန်
http://m.me/caremebots

📍𝐕𝐢𝐛𝐞𝐫 မှ ဘိုကင်တင်ရန်
https://ymbhub.com/2GWN

📍𝐖𝐞𝐛𝐬𝐢𝐭𝐞 မှ ဘိုကင်တင်ရန်
https://caremebot.com/Hospital

📍𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐚𝐩𝐩 ကို 𝐏𝐥𝐚𝐲𝐬𝐭𝐨𝐫𝐞 / 𝐀𝐩𝐩 𝐒𝐭𝐨𝐫𝐞 မှ ဒေါင်းလုတ်ရယူရန်
https://ymbhub.com/careme

အသုံးပြုရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက
𝐂𝐚𝐫𝐞𝐦𝐞𝐛𝐨𝐭 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫
☎️09 973 800044
☎️09 941 555955 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

‼️တစ်ရက် ကို ပိုက်ဆံ ထောင်ဂဏန်း နဲ့ ဆေးခန်းတခုလုံးကို စီမံနိုင်တဲ့ EMR Software အသုံးပြုလို့ရတယ် ဆိုတာ သိပြီးကြပြီလား ?❓...
18/02/2026

‼️တစ်ရက် ကို ပိုက်ဆံ ထောင်ဂဏန်း နဲ့ ဆေးခန်းတခုလုံးကို စီမံနိုင်တဲ့ EMR Software အသုံးပြုလို့ရတယ် ဆိုတာ သိပြီးကြပြီလား ?❓

❌ထောင်ဂဏန်းဆိုလို့ ၉၉၉၉ ကျပ်လို့ မထင်လိုက်နဲ့နော်🫣

✅ကျွန်တော်တို့ရဲ့ 𝐂𝐚𝐫𝐞 𝐌𝐞 𝐂𝐥𝐢𝐧𝐢𝐜 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 လေးက တစ်ရက်ကို အသုံးပြုခ “၁၆၆၆ ကျပ်ပဲ”
ကျသင့်မှာ ဖြစ်ပါတယ်။. 💁‍♀️

💝 Software Developer များနှင့် ဆရာဝန်များကိုယ်တိုင် ဆေးခန်းသုံး လိုအပ်ချက်များအတွက် အဆင်ပြေဆုံးဖြစ်အောင်ဖန်တီး ရေးဆွဲထားတဲ့ 𝐂𝐚𝐫𝐞 𝐌𝐞 𝐂𝐥𝐢𝐧𝐢𝐜 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 ကို အသုံးပြုနိုင်ရန် အမြန်ဆုံး ဆက်သွယ်ကြဖို့ ဆရာ ဆရာမ များနှင့် ဆေးခန်းပိုင်ရှင် များကို သတင်းကောင်းပါးလိုက်ရပါတယ် ခင်ဗျာ..။🙏

𝐂𝐚𝐫𝐞 𝐌𝐞 𝐂𝐥𝐢𝐧𝐢𝐜 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 ကို စိတ်ပါဝင်စား၍ အသေးစိတ်စုံစမ်းမေးမြန်းလိုပါက

☎️09 973 800044
☎️09 941 555955 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

⛔️တစ်ယောက်တည်းကြိတ်ခံစားမနေပါနဲ့တော့ ..... 💭နေ့စဥ်နှင့်အမျှ လူတွေဟာ စိတ်ဖိစီးမှုတွေများနေပေမယ့် ရင်ဖွင့်တိုင်ပင်ဖို့ နေရ...
16/02/2026

⛔️တစ်ယောက်တည်းကြိတ်ခံစားမနေပါနဲ့တော့ .....

💭နေ့စဥ်နှင့်အမျှ လူတွေဟာ စိတ်ဖိစီးမှုတွေများနေပေမယ့် ရင်ဖွင့်တိုင်ပင်ဖို့ နေရာရှားပါးနေပါတယ်။

💥𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 နှင့်ပတ်သက်ပြီး လူတိုင်း သတိပြုမိစေရန်ရည်ရွယ်ချက်နှင့် Counselling Corner သို့ဆက်သွယ်ပြီး လက်တွဲခဲ့ခြင်း ဖြစ်ပါတယ်။

🤝𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐂𝐨𝐫𝐧𝐞𝐫 တွင် နွေးထွေးစွာ နားထောင်ပေးမယ့် Counselor များရှိသလို 𝐂𝐚𝐫𝐞 𝐌𝐞 တွင် လူတိုင်းနဲ့ အလွယ်တကူချိတ်ဆက်ပေးနိုင်တဲ့ နည်းပညာ ရှိပါတယ်။
"ဒီနှစ်ခုကို ပေါင်းစပ်လိုက်ရင် လူပေါင်းများစွာရဲ့ စိတ်နှလုံးကို ကူညီပေးနိုင်မှာပဲ” ဆိုတဲ့ တူညီတဲ့ ယုံကြည်ချက်တစ်ခုနှင့် လက်တွဲဖြစ်ခဲ့ကြပါတယ်။

🎗️𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐂𝐨𝐫𝐧𝐞𝐫 နှင့် 𝐂𝐚𝐫𝐞 𝐌𝐞 ပူးပေါင်းလက်တွဲခြင်း အထိမ်းအမှတ်အနေနဲ့ 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐂𝐨𝐫𝐧𝐞𝐫 ရှိ
❤️Consultation,
💚Individual counselling,
🩷Couple counselling,
💛Family Counselling Sessions တို့ကို Promotion များပေးထားပါတယ်။

💝ဒါ့အပြင် လုပ်ငန်းရှင်များ အနေနှင့်လည်း မိမိတို့ လုပ်ငန်းရှိ ဝန်ထမ်းများ၏ စိတ်ခံစားချက်များကို ဂရုစိုက်ပေးတဲ့အနေနဲ့ Employee Assistance Program (EAP) များကိုလည်း 𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐀𝐩𝐩 မှတဆင့် Inquiry form တင်ပြီး စုံစမ်းနိုင်ပါတယ်။

📍ဒီ Promotion များကို အမိအရ ရယူဖို့ဆိုရင်~
𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐀𝐩𝐩 လေးကို Playstore သို့မဟုတ် App Store မှတဆင့် Download ပြုလုပ်ပြီး 𝐂𝐚𝐫𝐞 𝐌𝐞 အကောင့်လေးဖွင့်လိုက်ရုံပါပဲ ….😉

✅𝐂𝐚𝐫𝐞𝐌𝐞 အကောင့်လေးဖွင့်ပြီး ရင် Home page ရဲ့ Wellness ကဏ္ဍ အောက်မှာ Mental Well-Being တွင် ဝင်ရောက်ပြီး လေ့လာလို့ရပါတယ်။
✅တင်ထားသော Inquiry form များကို Home page ရှိ Wellness session တွင် History ကို နှိပ်ပြီး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

🏆ယခင်ကထက် ပိုမိုကောင်းမွန်သော ပြောင်းလဲမှုများနှင့် ထွက်ရှိလာသော 𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐀𝐩𝐩 လေးကို Download ဆွဲလိုပါက 📲
📍 https://ymbhub.com/careme

𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐀𝐩𝐩 အသုံးပြု၍ ဘိုကင်တင်ရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက

𝐂𝐚𝐫𝐞𝐦𝐞𝐛𝐨𝐭 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫
☎️09 973 800044
☎️09 941 555955 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🚨🚨ဒီတပတ်မှာတော့ Nipah Virus အကြောင်း သိထားသင့်တာလေးတွေကို Care Me ပရိတ်သတ်ကြီးကို ဖော်ပြပေးလိုက်ပါတယ်။📍Nipah Virus (NiV)...
13/02/2026

🚨🚨ဒီတပတ်မှာတော့ Nipah Virus အကြောင်း သိထားသင့်တာလေးတွေကို Care Me ပရိတ်သတ်ကြီးကို ဖော်ပြပေးလိုက်ပါတယ်။

📍Nipah Virus (NiV) ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်တတ်သော အင်မတန်ပြင်းထန်တဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ အခု လက်ရှိ မှာတော့ Bangladesh နဲ့ India မှာ ကူးစက်မှုတွေဖြစ်ပွားနေပါတယ်။
📍ပိုးက ရှားပါးပေမဲ့ ကူးစက်ခံရလျှင် သေဆုံးနိုင်ချေ ၄၀ ကနေ ၇၀ ရာခိုင်နှုန်း ရှိတဲ့ အတွက် ကြိုတင်ကာကွယ်ဖို့ နဲ့ ကျန်မာရေး အသိ ရှိဖို့က အရေးကြီးပါတယ်။

၁။ ရောဂါကူးစက်ပုံ
📍တိရိစ္ဆာန်မှ လူသို့ ကူးစက်ခြင်း
• လင်းနို့များ သည် ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ်ကို သယ်ဆောင်နိုင်သည်။
• လင်းနို့များနှင့် တိုက်ရိုက်ထိတွေ့မှု၊ ပိုးထိတွေ့ထား သော အစားအစာများ သို့မဟုတ် ပိုးကူးစက်ခံထားရသည့် တိရိစ္ဆာန်များ ( ဥပမာ - ဝက် ) မှတစ်ဆင့် ကူးစက် နိုင်သည်။
လူမှ လူသို့ ကူးစက်ခြင်း
• ကူးစက်ခံထားရသူ ၏ ကိုယ်ခန္ဓာမှအရည်များ - သွေး၊ တံတွေး၊ ဆီး သို့မဟုတ် အသက်ရှူလမ်းကြောင်းမှ အရည်များ နှင့် ထိတွေ့မှုမှတစ်ဆင့် ဖြစ်ပွားတတ်သည်။

၂။ သတိပြုစောင့်ကြည့်ရမည့် ရောဂါလက္ခဏာများ
📍ရောဂါလက္ခဏာများသည် ပိုး ထိတွေ့ပြီးနောက် ၄ ရက်မှ ၁၄ ရက် အတွင်းတွင် ပေါ်လာတတ်ပါတယ်။
• အဖျားတက်၊ ခေါင်းကိုက်ခြင်းနှင့် ကြွက်သားများ ကိုက်ခဲခြင်း
• ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အသက်ရှူရခက်ခဲခြင်း
• အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း
• အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများ - စိတ်ရှုပ်ထွေးခြင်း၊ အိပ်ငိုက်ခြင်း၊ တက်ခြင်း
• ပြင်းထန်သော ရောဂါအခြေအနေများသည် ဦးနှောက်ရောင်ရမ်းခြင်း ကို ဖြစ်ပေါ်စေပြီး သတိလစ်ခြင်းနှင့် သေဆုံးခြင်းသို့ ဦးတည်စေနိုင်သည်။
စောစီးစွာ သိရှိခြင်းနှင့် ချက်ချင်း ဆေးကုသမှု ခံယူခြင်းသည် ရလဒ်ကို သိသိသာသာ ပိုမိုကောင်းမွန်စေပါသည်။

၃။ ကာကွယ်ရေးနည်းလမ်းများ
• ရောဂါဖြစ်ပွားသည့် ဒေသများတွင် လင်းနို့များ သို့မဟုတ် ဝက်များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
• လင်းနို့ များနှင့် ထိတွေ့ထားနိုင်သည့် သစ်သီးများကို မစားသုံးပါနှင့်။
• သစ်သီးစား လင်းနို့များ

၄။ မကြာသေးမီက ဖြစ်ပွားမှုများ
• အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် တွင် ၂၀၂၆ အစောပိုင်း တွင် ကူးစက်မှုများဖြစ်ပွားခဲ့ ပါတယ်
• COVID 19 ကဲ့သို ကမ္ဘာလုံးဆိုင်ရာ ဖြစ်နိုင်ချေနိမ့်ဆဲ ဖြစ်သော်လည်း ဒေသတွင်း ရောဂါဖြစ်ပွားမှုများသည် ပြင်းထန်နိုင်ပြီး ပြန့်ပွားခြင်းမှ ကာကွယ်ရန် အရေးကြီးပါသည်။

𝐂𝐚𝐫𝐞𝐌𝐞 ပရိသတ်ကြီးလည်း ရောဂါကပ်ဆိုးများနှင့်ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလ်ိုက်ရပါသည် ။

💙ကဲမီဘော့မှတစ်ဆင့် ဘ်ိုကင်တင်လိုပါက……

📍𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှ ဘိုကင်တင်ရန်
http://m.me/caremebots

📍𝐕𝐢𝐛𝐞𝐫 မှ ဘိုကင်တင်ရန်
https://ymbhub.com/2GWN

📍𝐖𝐞𝐛𝐬𝐢𝐭𝐞 မှ ဘိုကင်တင်ရန်
https://caremebot.com/Hospital

📍𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐚𝐩𝐩 ကို 𝐏𝐥𝐚𝐲𝐬𝐭𝐨𝐫𝐞 / 𝐀𝐩𝐩 𝐒𝐭𝐨𝐫𝐞 မှ ဒေါင်းလုတ်ရယူရန်
https://ymbhub.com/careme

အသုံးပြုရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက
𝐂𝐚𝐫𝐞𝐦𝐞𝐛𝐨𝐭 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫
☎️09 973 800044
☎️09 941 555955 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🤰🤱ကလေးယူမည့်မိခင်များဘာတွေလုပ်ဆောင်ရမလဲ ❓❓၁။ ကျန်းမာရေး ကြိုတင်စစ်ဆေးခြင်း (Pre-conception Check-up) 📍ကိုယ်ဝန်မယူခင်မှာ ...
11/02/2026

🤰🤱ကလေးယူမည့်မိခင်များဘာတွေလုပ်ဆောင်ရမလဲ ❓❓

၁။ ကျန်းမာရေး ကြိုတင်စစ်ဆေးခြင်း (Pre-conception Check-up)
📍ကိုယ်ဝန်မယူခင်မှာ ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်သင့်ပါတယ်။
• ရောဂါအခံ ရှိ/မရှိ စစ်ဆေးခြင်း: သွေးတိုး၊ ဆီးချို၊ သိုင်းရွိုက် (Thyroid) စတဲ့ ရောဂါအခံတွေရှိရင် အရင်ထိန်းချုပ်ရပါမယ်။
• မျိုးရိုးလိုက်ရောဂါများ: မိသားစုထဲမှာ သွေးရောဂါ (Thalassemia) လိုမျိုး ရှိ၊ မရှိ တိုင်ပင်ပါ။
• ကာကွယ်ဆေး: အသည်းရောင်အသားဝါ (B) ကာကွယ်ဆေး ထိုးထားပြီးပြီလားဆိုတာ စစ်ဆေးပါ။

၂။ အာဟာရနှင့် ဗီတာမင်များ
📍အရေးကြီးဆုံးကတော့ ဖောလစ်အက်ဆစ် (Folic Acid) သောက်သုံးဖို့ပဲ ဖြစ်ပါတယ်။
• Folic Acid: ကိုယ်ဝန်မယူခင် (၃) လခန့်ကတည်းက ကြိုသောက်ထားရင် ကလေးရဲ့ ဦးနှောက်နဲ့ ခါးဆစ်ရိုး မသန်စွမ်းမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။
• မျှတသောအစားအစာ: အသားဓာတ်၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို စုံလင်အောင် စားပေးပါ။
• ရှောင်ကြဉ်ရန်: ပြုပြင်ဖန်တီးထားတဲ့ အစားအစာတွေနဲ့ အချိုလွန်ကဲတာတွေကို လျှော့စားပါ။

၃။ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း
• ကိုယ်အလေးချိန် ထိန်းညှိခြင်း: ဝလွန်းတာ ဒါမှမဟုတ် ပိန်လွန်းတာဟာ ကိုယ်ဝန်ရဖို့ ခက်ခဲစေနိုင်သလို နောက်ဆက်တွဲ ပြဿနာတွေလည်း ရှိနိုင်ပါတယ်။
• လေ့ကျင့်ခန်း: ပုံမှန် လမ်းလျှောက်တာ ဒါမှမဟုတ် ယောဂဆော့တာမျိုး လုပ်ပေးပါ။
• မကောင်းတဲ့ အလေ့အကျင့်များ ရှောင်ရန်: ဆေးလိပ်၊ အရက်နဲ့ ကဖိန်းဓာတ် (ကော်ဖီ) အလွန်အကျွံ သောက်ခြင်းကို ဖြတ်တောက်ပါ။

၄။ မျိုးအောင်နိုင်စွမ်းရှိသော ရက်ကို တွက်ချက်ခြင်း
📍ကိုယ်ဝန်ရနိုင်ခြေ အများဆုံးရက် (Ovulation Day) ကို သိထားဖို့ လိုပါတယ်။
• ရာသီစက်ဝန်း ပုံမှန်ရှိသူတွေအတွက် ရာသီလာပြီး (၁၂) ရက်မြောက်ကနေ (၁၆) ရက် အတွင်းဟာ အခွင့်အရေး အများဆုံး ဖြစ်ပါတယ်။
• ရာသီမမှန်ရင်တော့ Ovulation Strip (မျိုးဥကြွေမကြွေ စစ်ဆေးတဲ့ဂွမ်းတံ) ကို သုံးပြီး စစ်ဆေးနိုင်ပါတယ်။

၅။ စိတ်ဖိစီးမှု လျှော့ချခြင်း
📍စိတ်ဖိစီးမှုများရင် ဟော်မုန်းတွေ ကမောက်ကမဖြစ်ပြီး ကိုယ်ဝန်ရဖို့ ခက်ခဲတတ်ပါတယ်။
• အိပ်ရေးဝဝအိပ်ပါ။
• စိတ်အပန်းဖြေမယ့် ဝါသနာတစ်ခုခု လုပ်ပါ။
• အမျိုးသားနဲ့အတူ နားလည်မှုရှိရှိ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။

🚨🚨မှတ်ချက်: အသက် (၃၅) နှစ်အထက် ဖြစ်ပြီး ကိုယ်ဝန်ယူဖို့ (၆) လကျော် ကြိုးစားတာတောင် မရသေးရင် ဒါမှမဟုတ် အသက် (၃၅) အောက်ဖြစ်ပြီး (၁) နှစ်ကျော် ကြိုးစားပေမဲ့ မရသေးရင်တော့ သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုလိုပါတယ်။

𝐂𝐚𝐫𝐞𝐌𝐞 𝐏𝐚𝐭𝐢𝐞𝐧𝐭 𝐚𝐩𝐩 ကို 𝐏𝐥𝐚𝐲𝐬𝐭𝐨𝐫𝐞 / 𝐀𝐩𝐩 𝐒𝐭𝐨𝐫𝐞 မှ ဒေါင်းလုတ်ရယူရန်
📍https://ymbhub.com/careme

အသုံးပြုရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက
𝐂𝐚𝐫𝐞𝐌𝐞 𝐍𝐮𝐫𝐬𝐢𝐧𝐠 𝐂𝐚𝐫𝐞 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫
☎️ 09 987 262 284 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#အကူသူနာပြု

We are urgently hiring to join Caremebot Team 💙💙
10/02/2026

We are urgently hiring to join Caremebot Team 💙💙

𝑷𝒓𝒐𝒅𝒖𝒄𝒕 𝑹𝒆𝒑𝒓𝒆𝒔𝒆𝒏𝒕𝒂𝒕𝒊𝒗𝒆 𝑴/𝑭 – (2) 𝑷𝒐𝒔𝒕

𝒀𝒂𝒎𝒎𝒐𝒃𝒐𝒕𝒔 𝑪𝒐𝒎𝒑𝒂𝒏𝒚
𝑪𝒂𝒓𝒆𝕄𝒆 𝑻𝒆𝒂𝒎
#𝑳𝒐𝒄𝒂𝒕𝒊𝒐𝒏 - No-1707, Shwe Hinn Thar condo , Tower (B), Pyay Road,
Hlaing Township, Yangon.

𝗥𝗲𝗾𝘂𝗶𝗿𝗲𝗺𝗲𝗻𝘁𝘀
• Any graduate (medical or healthcare-related educational background preferred)
• Previous experience as a Medical Representative or in Marketing within a Pharmaceutical or Healthcare-related company
• Basic computer skills and familiarity with digital tools
• Good communication and presentation skills
• Willingness to travel within Yangon for clinic and hospital visits

𝗝𝗼𝗯 𝗥𝗲𝘀𝗽𝗼𝗻𝘀𝗶𝗯𝗶𝗹𝗶𝘁𝗶𝗲𝘀

• Visit clinics and hospitals in Yangon to promote the company’s medical software products
• Build and maintain professional relationships with healthcare providers
• Provide product demonstrations and basic training to clients on the use of the software
• Collect feedback from clients and report market insights to the management team
• Support onboarding of new clinics and hospitals

𝗖𝗼𝗺𝗽𝗲𝗻𝘀𝗮𝘁𝗶𝗼𝗻 & 𝗕𝗲𝗻𝗲𝗳𝗶𝘁𝘀

• Salary: Negotiable (based on experience)
• Saturday & Sunday off
• Public holidays off
• Travel allowance provided for field visits

𝗛𝗼𝘄 𝘁𝗼 𝗔𝗽𝗽𝗹𝘆

Interested candidates should submit their resume and a cover letter to hr@yammobots.com with the subject line “Product Representative.” Please be sure to submit it by February 23, 2026.
Viber No. 09781993054

Address

No. 214, Corner Of Seikkanthar Street & Mandaing Street, Dawbon Township

11071

Telephone

+959973800044

Website

https://caremebot.com/

Alerts

Be the first to know and let us send you an email when Caremebot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Caremebot:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram