Myint Myat Mon Family Clinic

Myint Myat Mon Family Clinic မိသားစုကျန်းမာရေးအသိပညာမျှဝေရန်

02/09/2025

အကယ်၍ HIV ပိုးရှိသူနှင့် အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိသော်လည်းကောင်း၊ မမျှော်လင့်ဘဲ HIV ကူးစက်ခံရနိုင်တဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရသော်လည်းကောင်း—HIV ကူးစက်ခြင်းကို အရေးပေါ်ကာကွယ်ဖို့အတွက် PEP ဆေး သောက်ဖို့လိုအပ်ပါတယ်။

• PEP (Post-Exposure Prophylaxis) ဆိုတာက HIV ကူးစက်နိုင်တဲ့ အခြေအနေကို မမျှော်လင့်ဘဲ ကြုံတွေ့သည့်အခါ 72 နာရီအတွင်း စတင်သောက်ရသည့် အရေးပေါ်ကာကွယ်ဆေး ဖြစ်ပါတယ်။ ဆေးကို စသောက်ပြီးနောက် (၂၈) ရက်ပြည့်အထိ ဆက်လက်သောက်ဖို့လိုအပ်ပါတယ်။

• သို့သော် အကာအကွယ်မသုံးဘဲ PEP ကို ခဏခဏသောက်နေရခြင်းဟာ ဆေးယဉ်းပါးမှု (Drug Resistance) ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကွန်ဒုံးကို အမြဲတမ်း သေချာစွာ သုံးစွဲဖို့ လိုအပ်ပါတယ်။

• ကိုယ်က အန္တရာယ်ရှိတဲ့ အပြုအမူတွေ မကြာခဏကြုံနေရတတ်တယ်ဆိုရင် PEP ကိုအကြိမ်ကြိမ် သောက်နေမယ့်အစား HIV ကိုကြိုတင်ကာကွယ်ဖို့အတွက်👉 PrEP (Pre-Exposure Prophylaxis) ကို ရွေးချယ်တာက ပိုမိုမှန်ကန်ပါတယ်။

မှတ်ချက် –
PEP ဆေးကို ကိုယ်တိုင် သဘောကျသလို သောက်မရပါ။ သောက်ရန်လိုအပ်သည့်အချိန်တွင် ဆရာဝန်နဲ့ ကျန်းမာရေးဆွေးနွေးမှု ထည့်သွင်းရယူဖို့ အရေးကြီးပါသည်။
ကျွန်တော်တို့ လမ်းပြကြယ်ဆေးခန်း မှာလည်း PEP နဲ့ ပတ်သက်တဲ့ ကျန်းမာရေးအကြောင်းအရာများကို ဆရာဝန်များနှင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ရက်ချိန်းရယူရန် - - - https://docs.google.com/forms/d/e/1FAIpQLSefaiI6rbK4vp3KtiB299WxwvcS0y4hn3ujQosGCORyatr6KQ/viewform

ဆက်သွယ်ရန် - - - 09-979020465 ၊ 09-880005923 ၊ 09-977773428

#ကျန်းမာရေး

20/03/2025

လှိုင်သာယာမြို့နယ်ရှိ "မြင့်မြတ်မွန်" အထွေထွေရောဂါကုဆေးခန်း နှင့်အတူ လက်တွဲလုပ်ကိုင်ရန် လျှောက်ထားနိုင်ပါသည်။

ဆေးခန်းအကူ (မိန်းကလေး)- 1 position

*အသက် ၁၈-၃၀ နှစ်အတွင်းဖြစ်ရမည်၊
*ရိုးသားဖြောင့်မတ်ရမည်၊
*ရေရှည် အလုပ်လုပ်နိုင်သူ ဖြစ်ရမည်၊
*အတွေ့အကြုံထက် သင်ယူလိုစိတ်ရှိရမည်၊
*လှိုင်သာယာဗိုလ်ချုပ် အဆင့်မြင့် အနီးတဝိုက်နေသူ ဦးစားပေးမည်၊
(ဆေးခန်းနား အဆောင်ပြောင်းနေနိုင်လျှင်လဲ အဆင်ပြေမည်၊)
*လစာ+ Bonus ခံစားခွင့်ရှိမည်၊
*မနက်ပိုင်း ညနေပိုင်း တလှည့်စီ ဆင်းရမည်၊
(တပတ် {၁}ရက် နားရက်ရမည်၊)
*interview အဆင်ပြေလျှင် ချက်ချင်းအလုပ်ဆင်းနိုင်ရမည်၊

*လျှောက်ထားလိုသူသည်
-CV form + လိုင်စင်ဓာတ်ပုံ
-မှတ်ပုံတင်မိတ္တူ
-အိမ်ထောင်စုစာရင်းမိတ္တူ နဲ့အတူ ဆေးခန်းသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။

"မြင့်မြတ်မွန်"ဆေးခန်းလိပ်စာ- အမှတ်-၄၀၁/၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ၊ (၅)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်။(ဗိုလ်ချုပ်မှတ်တိုင်)
09 795726505



#ဆေးခန်းအကူ

လှိုင်သာယာမြို့နယ်ရှိ "မြင့်မြတ်မွန်" အထွေထွေရောဂါကုဆေးခန်း နှင့်အတူ လက်တွဲလုပ်ကိုင်ရန် လျှောက်ထားနိုင်ပါသည်။  ဆေးခန်းအက...
11/03/2025

လှိုင်သာယာမြို့နယ်ရှိ "မြင့်မြတ်မွန်" အထွေထွေရောဂါကုဆေးခန်း နှင့်အတူ လက်တွဲလုပ်ကိုင်ရန် လျှောက်ထားနိုင်ပါသည်။

ဆေးခန်းအကူ (မိန်းကလေး)- 2 positions

*အသက် ၁၈-၃၀ နှစ်အတွင်းဖြစ်ရမည်၊
*ရိုးသားဖြောင့်မတ်ရမည်၊
*ရေရှည် အလုပ်လုပ်နိုင်သူ ဖြစ်ရမည်၊
*အတွေ့အကြုံထက် သင်ယူလိုစိတ်ရှိရမည်၊
*လှိုင်သာယာဗိုလ်ချုပ် အဆင့်မြင့် အနီးတဝိုက်နေသူ ဦးစားပေးမည်၊
(ဆေးခန်းနား အဆောင်ပြောင်းနေနိုင်လျှင်လဲ အဆင်ပြေမည်၊)
*လစာ+ Bonus ခံစားခွင့်ရှိမည်၊
*မနက်ပိုင်း ညနေပိုင်း တလှည့်စီ ဆင်းရမည်၊
(တပတ် {၁}ရက် နားရက်ရမည်၊)
*interview အဆင်ပြေလျှင် ချက်ချင်းအလုပ်ဆင်းနိုင်ရမည်၊

*လျှောက်ထားလိုသူသည်
-CV form + လိုင်စင်ဓာတ်ပုံ
-မှတ်ပုံတင်မိတ္တူ
-အိမ်ထောင်စုစာရင်းမိတ္တူ နဲ့အတူ ဆေးခန်းသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။

"မြင့်မြတ်မွန်"ဆေးခန်းလိပ်စာ- အမှတ်-၄၀၁/၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ၊ (၅)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်။(ဗိုလ်ချုပ်မှတ်တိုင်)
09 795726505

လှိုင်သာယာမြို့နယ်ရှိ "မြင့်မြတ်မွန်" အထွေထွေရောဂါကုဆေးခန်း နှင့်အတူ လက်တွဲလုပ်ကိုင်ရန် လျှောက်ထားနိုင်ပါသည်။  ဆေးခန်းအက...
08/03/2025

လှိုင်သာယာမြို့နယ်ရှိ "မြင့်မြတ်မွန်" အထွေထွေရောဂါကုဆေးခန်း နှင့်အတူ လက်တွဲလုပ်ကိုင်ရန် လျှောက်ထားနိုင်ပါသည်။

ဆေးခန်းအကူ (မိန်းကလေး)- 2 positions

*အသက် ၁၈-၃၀ နှစ်အတွင်းဖြစ်ရမည်၊
*ရိုးသားဖြောင့်မတ်ရမည်၊
*ရေရှည် အလုပ်လုပ်နိုင်သူ ဖြစ်ရမည်၊
*အတွေ့အကြုံထက် သင်ယူလိုစိတ်ရှိရမည်၊
*လှိုင်သာယာဗိုလ်ချုပ် အဆင့်မြင့် အနီးတဝိုက်နေသူ ဦးစားပေးမည်၊
(ဆေးခန်းနား အဆောင်ပြောင်းနေနိုင်လျှင်လဲ အဆင်ပြေမည်၊)
*လစာ+ Bonus ခံစားခွင့်ရှိမည်၊
*မနက်ပိုင်း ညနေပိုင်း တလှည့်စီ ဆင်းရမည်၊
(တပတ် {၁}ရက် နားရက်ရမည်၊)
*interview အဆင်ပြေလျှင် ချက်ချင်းအလုပ်ဆင်းနိုင်ရမည်၊

*လျှောက်ထားလိုသူသည်
-CV form + လိုင်စင်ဓာတ်ပုံ
-မှတ်ပုံတင်မိတ္တူ
-အိမ်ထောင်စုစာရင်းမိတ္တူ နဲ့အတူ ဆေးခန်းသို့ လူကိုယ်တိုင် (20.3.2025)မတိုင်မီ လာရောက်လျှောက်ထားနိုင်ပါသည်။

"မြင့်မြတ်မွန်"ဆေးခန်းလိပ်စာ- အမှတ်-၄၀၁/၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ၊ (၅)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်။(ဗိုလ်ချုပ်မှတ်တိုင်)
09 795726505

19/05/2024

TOP Center Myanmar! We are a digital space dedicated to providing up-to-date HIV information.

28/04/2024

ကွန်ဒုံးပေါက်သွားခဲ့လျှင် ၊ ပလိန်း နေမိသွားခဲ့လျှင် ( ၇၂ ) နာရီအတွင်း ဘာလုပ်လို့ရလဲ ?

အကယ်၍ မိမိရဲ့လိင်ဆက်ဆံဖော်မှာ HIV ပိုးရှိနေပြီး အကာကွယ် မပါပဲ လိင်ဆက်ဆံခဲ့မိခဲ့လျှင် (သို့) မမျှော်လင့်ဘဲ HIV ပိုး ကူးစက်ခံရနိုင်တဲ့ အခြေအနေမျိုးကြုံခဲ့ရပြီဆိုရင် သင့်အနေနဲ့ ဘာလုပ်မယ်လို့ စိတ်ကူးမိပါသလဲ ?

အဖြေဟာ လုံးဝမသိထားဘူးဆိုရင်တော့ စာကိုဆက်ပြီး ဖတ်ကြည့်ပေးပါ။

အထက်မှာပြောခဲ့သလို HIV ပိုးကူးစက်ခံခဲ့ရတဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရပြီဆိုရင်တော့ အရင်ဆုံး သတိရရမှာကတော့ PEP ပါ။

- PEP(Post-Exposure Prophylaxis) ဆိုတာကတော့ HIV ကူးစက်နိုင်တဲ့အခြေအနေနဲ့ မမျှော်လင့်ဘဲ ကြုံတွေ့ရတဲ့အခါတွေမှာ HIV ပိုးကူးစက်ခံရခြင်းမှ တားဆီးနိုင်ဖို့အတွက် (၇၂) နာရီအတွင်း အရေးပေါ်သောက်ရတဲ့ ဆေးဖြစ်ပါသည်။

( အကာအကွယ်မသုံးဘဲ PEP ဆေးကို ခဏခဏသောက်နေမယ်ဆိုရင်တော့ ဆေးယဉ်ပါးတာမျိုးတွေဖြစ်နိုင်ပါတယ်။)

မှတ်ချက် ။ ။ PEP ဆေးကိုမိမိသဘောနဲ့ မိမိသောက်သုံးလို့မရပါဘူး။

PEP သောက်မယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နှင့် HIV ကူးစက်နိုင်ခြေရှိမရှိဆွေးနွေးကာ ဆရာဝန်၏ လမ်းညွှန်မှုအတိုင်းသောက်သုံးရမှာဖြစ်ပါတယ်။

#ကွန်ဒုံး

Telegram Link >> https://t.me/topcentermm

လက်ရှိအချိန်မှာ ရာသီဥတုက တအားပူနေပြီ ဖြစ်တဲ့အတွက် ဂရုစိုက်သင့်တဲ့၊ အဖြစ်များတတ်ကြတဲ့ အပူကြောင့် သတိလစ်ခြင်း (Heat stroke...
18/04/2024

လက်ရှိအချိန်မှာ ရာသီဥတုက တအားပူနေပြီ ဖြစ်တဲ့အတွက် ဂရုစိုက်သင့်တဲ့၊ အဖြစ်များတတ်ကြတဲ့ အပူကြောင့် သတိလစ်ခြင်း (Heat stroke) အကြောင်းကို ပြောပြချင်ပါတယ်နော်။

ဒီအကြောင်းကို မပြောပြခင်မှာ အပူကြောင့်ဖြစ်ရတဲ့ နာမကျန်းမှုတွေ (Heat illnesses) အကြောင်းကိုလည်း အရင်ဆုံး ​သိထားသင့်ပါတယ်။

အပူကြောင့်ဖြစ်ရတဲ့ နာမကျန်းမှုတွေ (Heat illnesses) ဆိုတာဟာ မြင့်မားတဲ့အပူချိန် (Temperature) နဲ့ စိုထိုင်းဆ (Humidity) ကြောင့် ဖြစ်လာရတဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကို ဆိုလိုတာပါ။

အဓိကအနေနဲ့ကတော့...

- မိတ်ထွက်တာ (Heat rash or miliaria)

- အပူကြောင့် ကြွက်တက်တာ (Heat cramps)

- အပူကြောင့် အားအင်ကုန်ခမ်းတာ (Heat exhaustion)

- အပူကြောင့် သတိလစ်တာ (Heat stroke) .... စတာတွေ ဖြစ်ကြပါတယ်။

ဒီလိုမျိုး ပြဿနာတွေထဲမှာ အပူကြောင့် သတိလစ်တာ (Heat stroke) ဟာ အပြင်းဆုံးနဲ့ အဆိုးဆုံးဖြစ်တာကြောင့် အခုလို နွေရာသီရဲ့ အပူပြင်းဆုံးအချိန်မှာ ကိုယ့်ရဲ့ အပြုအမူအနေအထိုင်တွေကို လုံးဝ (လုံးဝ) ဂရုစိုက်ကြရမှာပါနော်။....

အပူကြောင့် သတိလစ်ခြင်း (Heat stroke) ဟာ ခန္ဓာကိုယ်အပူချိန် လွန်ကဲလွန်းလို့ ဖြစ်ရတာဖြစ်ပြီး နှစ်မျိုးခွဲလို့ ရပါတယ်။

(၁) တအားမြင့်တဲ့အပူချိန်အောက်မှာ အားအင်စိုက်ထုတ်ရတဲ့ လှုပ်ရှားမှုတွေ လုပ်လိုက်တဲ့အခါ ဖြစ်တတ်တဲ့ Exertional Heat stroke (နာရီပိုင်းအတွင်းဖြစ်လာနိုင်တာမျိုး) နဲ့

(၂) အသက်အရွယ်၊ ရှိရင်းစွဲ‌ရောဂါနဲ့ တခြားအကြောင်း‌အရာ‌တွေကြောင့် ဖြစ်ရတဲ့/အားစိုက်ထုတ်အလုပ်လုပ်ရခြင်းကြောင့်မဟုတ်တဲ့ Non-exertional Heat stroke (ရက်ပေါင်းများစွာကြာပြီးမှ ဖြစ်လာနိုင်တာ) ဆိုပြီး ခွဲခြားလို့ရပါတယ်။....

❓အပူကြောင့် သတိလစ်တာ (Heat stroke) ကို ဘယ်လိုမျိုး သိနိုင်မလဲ....

• ခန္ဓာကိုယ်အပူချိန် မြင့်နေတာ

စအိုကနေ ထည့်သွင်းတိုင်းတာရတဲ့ အဖျားတိုင်းသာမိုမီတာ (Re**al thermometer) မှာ ခန္ဓာကိုယ်အပူချိန်ဟာ ၁၀၄ ဒီဂရီဖာရင်ဟိုက် (104°F) သို့ ၄၀ ဒီဂရီဆယ်လ်စီရက်စ် (40°C) နဲ့အထက်မှာ ရှိနေပါလိမ့်မယ်။

• စိတ်အခြေအနေနဲ့ အမူအကျင့်တွေ ပြောင်းလဲတာ

စိတ်ရှုပ်တာ၊ စိတ်လှုပ်ရှားတာ၊ စကားတွေ ဗလုံးဗထွေးပြောတာ၊ စိတ်တိုတာ၊ ကယောင်ကတမ်းဖြစ်တာ၊ တက်တာတွေအပြင် ကိုမာ (Coma) လို့ခေါ်တဲ့ နာတာရှည် သတိလစ်မေ့မြောတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။

• ချွေးထွက်တဲ့ပုံစံ ပြောင်းလဲတာ

လှုပ်ရှားမှုကြောင့် မဟုတ်တဲ့၊ အခြားအကြောင်းတွေကြောင့်ဖြစ်ရတဲ့ အပူကြောင့် သတိလစ်ခြင်း (Non-exertional Heat stroke) မှာ အရေပြားက ပူနေပေမယ့် ထိကြည့်ရင် ချွေးမထွက်ဘဲ ခြောက်သွေ့နေတာမျိုးက အဖြစ်များပါတယ်။

ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်လို့ ဖြစ်ရတဲ့ အပူကြောင့် သတိလစ်ခြင်း (Exertional Heat stroke) မှာတော့ လေ့ကျင့်ခန်းလုပ်တာ/အလုပ်လုပ်တာကို ရပ်လိုက်ပေမယ့် ချွေးက တအားထွက်နေတာမျိုးကို တွေ့ရတတ်ပါတယ်။

• အရေပြားနီရဲတာ (flushed skin)

ခန္ဓာကိုယ်အပူချိန်မြင့်လာတာနဲ့အမျှ အရေပြားကလည်း ပိုပိုပြီး နီရဲလာတာပါ။ ဒါပေမယ့် အရေပြား တအားဖြူဖျော့သွားတာ (Very pale skin) မျိုးလည်း ဖြစ်တတ်ပါတယ်။

• တခြားလက္ခဏာတွေအနေနဲ့....

- ပျို့တာ၊ အန်တာ
- အသက်ရှူမြန်လာတာ
- နှလုံးခုန်မြန်လာတာ
- ခေါင်းကိုက်တာ
- မူးမေ့လဲကျတာ/သတိလစ်တာ စတဲ့လက္ခဏာတွေ‌လည်း ဖြစ်နိုင်တာကြောင့် ဒါမျိုးတွေ ကြုံလာရတဲ့အခါ အပူကြောင့် သတိလစ်ခြင်း (Heat stroke) ဖြစ်နေပြီလို့ ယူဆသင့်ပြီး ဆေးကုသမှုကို ချက်ချင်းရယူနိုင်ဖို့ ဆောင်ရွက်ရပါမယ်။

အရေးပေါ်ဆေးကုသမှုပေးနိုင်မယ့် ဆေးရုံ/ဆေးခန်းတွေနဲ့ အရေးပေါ်ဆေးကုသဖို့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို ကြိုတင်မှတ်သားထားသင့်ပါတယ်နော်။....

✔️ ဆေးကုသမှု မခံယူနိုင်သေးခင် ဘာတွေကို ချက်ချင်း ဆောင်ရွက်ပေးနိုင်မလဲ....

- အပူကြောင့် သတိလစ်ခြင်း ခံစားနေရတဲ့သူကို အရိပ်ရတဲ့နေရာ ဒါမှမဟုတ် အိမ်အတွင်း‌ လေဝင်လေထွက်ကောင်းတဲ့နေရာ၊ ပန်ကာ/လေအေးပေးစက်ရှိတဲ့နေရာကို ရွှေ့ပေးပါ။

- ခြေရင်းကို မြှင့်ထား‌ပေးပြီး ပက်လက်အနေအထားမှာထားပါ။

- မလိုအပ်တဲ့/အပိုဖြစ်နေတဲ့ အဝတ်အစားတွေကို ဖယ်ရှားပေးပါ။

- ကောင်းကောင်းသတိရနေသေးမယ်ဆိုရင် ရေအေးအေး ဒါမှမဟုတ် ဓာတ်ဆားရည် တိုက်ပေးပါ။

- ရနိုင်တဲ့နည်းလမ်းကိုသုံးပြီး အေးအောင် လုပ်ပေးပါ။ (ဥပမာ - ရေ‌အေးအေးထည့်ထားတဲ့ ရေစိမ်ကန်ထဲမှာ စိမ်ခိုင်းတာ၊ ရေအေးအေးနဲ့ ရေချိုးပေးတာ၊ ရေပိုက်နဲ့ ဖျန်းပေးတာ၊ ရေအေးနဲ့ ရေပတ်တိုက်ပေးတာ၊ ရေအေးအငွေ့ထုတ်ပေးတဲ့ ပန်ကာရှေ့မှာထားတာ၊ ရေခဲ ဒါမှမဟုတ် ရေအေးဆွတ်ထားတဲ့ မျက်နှာသုတ်ပဝါကို နဖူး၊ လည်ပင်း၊ ချိုင်းကြားနဲ့ ပေါင်ခြံကြားတွေမှာ ထားပေးတာ စတဲ့နည်းလမ်းတွေကို လုပ်ဆောင်ရမှာပါ။)....

❗️ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ....
❗️ဘယ်သူတွေမှာ ပိုဂရုစိုက်ရမလဲ...

▪️ကလေးငယ်ငယ်လေးတွေနဲ့ အသက် ၆၅ နှစ်ကျော်တဲ့သူတွေ

လူတွေရဲ့ ခန္ဓာကိုယ်ဟာ ပြင်းထန်တဲ့အပူဒဏ်ကို လိုက်လျောညီထွေဖြစ်အောင် တုံ့ပြန်နိုင်စွမ်းရှိပြီး အဲဒီလိုတုံ့ပြန်နိုင်မှုဟာ ဗဟိုအာရုံကြောအဖွဲ့အစည်း (Central nervous system) ရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ်မှာ မူတည်ပါတယ်။ ဗဟိုအာရုံကြောအဖွဲ့အစည်း (Central nervous system) ဟာ တအားငယ်သေးတဲ့ ကလေးတွေမှာ ပြည့်ပြည့်ဝဝ မဖွံဖြိုးသေးသလို အသက် ၆၅ နှစ်ကျော်လာရင်လည်း စပြီး ပျက်စီးယိုယွင်းလာတတ်တာမို့ ဒီအသက်အုပ်စု နှစ်ခုအနေနဲ့ အပူကြောင့် သတိလစ်တာ (Heat stroke) ဖြစ်နိုင်ခြေ ပိုများပါတယ်နော်။

▪️နေပူထဲမှာ လှုပ်ရှားလုပ်ကိုင်ကြရသူတွေ

အရိပ်မရှိ၊ အမိုးအကာမရှိ၊ ပူပြင်းတဲ့ရာသီဥတုမှာ အလုပ်လုပ်ကိုင်နေကြရသူတွေနဲ့ အားကစားသမားတွေမှာလည်း အပူကြောင့် သတိလစ်တာ (Heat stroke) ဖြစ်လာနိုင်ပါတယ်။

▪️လေအေးပေးစက်မသုံးဘဲ ယပ်တောင်နဲ့ ပန်ကာကိုပဲ အသုံးပြုသူတွေ

ယပ်တောင်နဲ့ ပန်ကာတွေထက် လေအေးပေးစက်က အပူဒဏ်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်သလို စိုထိုင်းဆကိုလည်း ကျဆင်းစေပါတယ်။

▪️ဆေးဝါးတချို့ကို မှီဝဲနေရသူတွေ

တချို့ဆေးတွေက လူရဲ့ အပူဒဏ်ကိုတုံ့ပြန်နိုင်မှုအပေါ်မှာ သက်ရောက်မှုရှိကြပါတယ်။ သွေးကြောကျဉ်းဆေးတွေ (Vasoconstrictors)၊ နှလုံးခုန်နှုန်းကို လျှော့ချပေးစေတဲ့ဆေးတွေ (Beta blockers)၊ ဆီးဆေးတွေ (Diuretics) နဲ့ စိတ်ကျန်းမာရေးအတွက်ဆေးတွေ (Antidepressants or Antipsychotics) သောက်နေရတယ်ဆိုရင် သတိထားရပါမယ်နော်။

▪️နာတာရှည်ရောဂါ ခံစားနေရသူတွေ

နှလုံးရောဂါနဲ့ အဆုတ်ရောဂါရှိနေတဲ့သူတွေ၊ အဝလွန်သူတွေ စတာအပြင် အရင်က အပူကြောင့် သတိလစ်တာ (Heat stroke) ဖြစ်ဖူးခဲ့ရင်လည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

▪️အရက်၊ ဘီယာ စတဲ့ အယ်ကိုဟော (Alcohol) ပါဝင်တဲ့အရည်ကို သောက်သုံးသူတွေ၊ စိတ်ကိုလှုံ့ဆော်ပေးတဲ့ ရာဘ/မြင်းဆေးနဲ့ ကိုကင်းတို့လို့ တရားမဝင်ပစ္စည်းတွေကို သုံးစွဲသူ‌တွေမှာလည်း အပူကြောင့် သတိလစ်ခြင်း (Heat stroke) ဖြစ်နိုင်ခြေ ပိုများပါတယ်။

▪️မိမိနေထိုင်ရာနေရာထက် ပိုပြီးပူတဲ့ နေရာဒေသတွေကို ခရီးသွားရသူတွေမှာလည်း အဖြစ်များကြပါတယ်။....

🤔 အပူကြောင့် သတိလစ်ပြီးနောက် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ....

ဒါကတော့ ခန္ဓာကိုယ်အပူချိန်မြင့်တာကို ဘယ်လောက်ကြာကြာ ခံစားရခဲ့လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

အပြင်းထန်ဆုံးအနေနဲ့ကတော့ အသက်ရှင်ဖို့ အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်တာမျိုး (Vital organ damage) ဖြစ်လာနိုင်ပါတယ်။

ခန္ဓာကိုယ်အပူချိန်မြင့်လာတာကို မြန်မြန်ပြန်ပြီး မလျှော့ချနိုင်ရင် ဦးနှောက် ဒါမှမဟုတ် အသက်ရှင်ဖို့ အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ (Vital organ) ကို ရောင်ရမ်းစေပြီး ယာယီမဟုတ်တဲ့၊ ပြန်လည်ပြင်ဆင် ကုစားလို့မရတဲ့ထိခိုက်မှု (Permanent damage) တွေဖြစ်တဲ့....

- ရုတ်တရက် အဆုတ်ပျက်ဆီးခြင်းရောဂါစု (Acute respiratory distress syndrome)

- အသည်းပျက်ဆီးခြင်း (Liver failure)

- ကျောက်ကပ် ပျက်ဆီးခြင်း (Kidney failure)

- နှလုံးသွေးစီးဆင်းမှု လျော့နည်းခြင်း

- အာရုံကြောထိခိုက်ခြင်း စတာတွေကိုပါ ဖြစ်သွားစေနိုင်ပါတယ်။

** အဆိုးဆုံးအနေနဲ့ သင့်တော်ပြီး ထိရောက်တဲ့ကုသမှုကို မခံယူနိုင်ခဲ့ရင် အသက်ပါဆုံးရှုံးရနိုင်ပါတယ် **....

🔹ဒီလိုဆို ဘယ်လို ကာကွယ်ကြမလဲ....

• အဝတ်အစားကို ပေါ့ပေါ့ပါးပါး မကျဉ်းမကျပ် ဝတ်ဆင်ပါ။ အလင်းပြန်တဲ့ အဖြူရောင် ဒါမှမဟုတ် အရောင်ဖျော့ဖျော့ ချည်ထည်လိုမျိုးကို ဝတ်ပါ။ အမည်းရောင်က အပူစုပ်တဲ့အတွက် မဝတ်သင့်ပါ။

• နေလောင်တာကို ကာကွယ်ပါ။ အပြင်သွားရင်၊ နေပူထဲသွားရင် အရိပ်ကောင်းကောင်းရနိုင်မယ့် ဦးထုပ် ဒါမှမဟုတ် ထီးကြီးကြီးကို ဆောင်းတာ၊ နေကာမျက်မှန်တပ်တာ၊ နေရောင်ခြည်ကို ၁၅ ဆ ကာကွယ်နိုင်တဲ့ (SPF 15 ပါဝင်တဲ့) နေလောင်ကာခရင်မ် (Sunscreen) လိမ်းတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ နေလောင်ကာခရင်မ် (Sunscreen) ကို သေချာပျံ့နေအောင် နှစ်နာရီခြားတစ်ခါ လိမ်းသင့်သလို ရေကူးတာ ဒါမှမဟုတ် ချွေးထွက်များတာဆိုရင်တော့ ဒီထက်ပိုပြီး မကြာမကြာ လိမ်းပေးရပါမယ်နော်။

• ရေနဲ့ ဓာတ်ဆားကို လုံလောက်အောင်သောက်ပါ။

• နေပူထဲက ပြန်လာပြီး ချက်ချင်းရေချိုးတာမျိုး မလုပ်သင့်ပါ။ မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း အမိုးအကာမရှိတဲ့နေရာတွေမှာ ရေချိုးတာ၊ အဝတ်လျှော်တာမျိုးကို ရှောင်ကြဉ်ပါ။

• နေပူထဲ နေနေရာကနေ အေးတဲ့အခန်း၊ အေးတဲ့နေရာကို ရုတ်တရက် ဝင်လိုက်တာ၊ အေးနေတဲ့ အခန်းနဲ့ကားပေါ်ကနေ နေပူထဲကို ရုတ်တရက် ထွက်လိုက်တာမျိုးတွေကို ရှောင်ကြဉ်ပါ။

• ဆေးဝါးတွေကို သောက်သုံးတဲ့အခါမှာလည်း ဆရာဝန်နဲ့ သေချာပြသတိုင်ပင် ဆွေးနွေးပါ။

• ကားရပ်ထားခဲ့ရင် ဘယ်သူ့ကိုမှ ကားထဲမှာ မထားခဲ့ပါနဲ့။ အပူကြောင့် ကလေးငယ်တွေ အသက်သေဆုံးရတဲ့ထဲမှာ ဒီလိုမျိုး ကားထဲမှာထားခဲ့လို့ သေဆုံးရတာက အဖြစ်များလို့ပါ။ ကားကို နေပူထဲမှာ ရပ်ထားရင် ဆယ်မိနစ်‌အတွင်း ကားထဲကအပူချိန်ဟာ ၂၀ ဒီဂရီဖာရင်ဟိုက် (20°F) သို့မဟုတ် ၁၁ ဒီဂရီဆယ်လ်စီရက်စ်ကျော်ကျော် (11°C) မြင့်တက်လာနိုင်ပါတယ်။

• အပူဆုံးအချိန်တွေမှာ ဖြည်းဖြည်းပဲ လှုပ်ရှားပါ။ တကယ်လို့ ရာသီဥတုပူနေတဲ့အချိန်မှာ အလုပ်တွေကို ပြင်းပြင်းထန်ထန်လည်း လုပ်ရမယ်။ ရှောင်လို့လည်း မရနိုင်ဘူးဆိုရင် ရေနဲ့ဓာတ်ဆားများများ သောက်သင့်သလို အေးတဲ့နေရာ၊ အရိပ်ရတဲ့နေရာမှာ ခဏခဏ နားနားပေးပါ။ ဖြစ်နိုင်ရင်တော့ လေ့ကျင့်ခန်းလုပ်တာ၊ အလုပ်လုပ်ရတာတွေကို နေအေးတဲ့အချိန်ဖြစ်တဲ့ မနက်အစော ဒါမှမဟုတ် ညနေခင်းဘက်တွေမှာ ပြောင်းလုပ်သင့်ပါတယ်နော်။

• တကယ်လို့ ဖြစ်နိုင်ခြေများတဲ့သူ‌တွေဆိုရင်တော့ သတိထားပါ။ အရေးပေါ်ဆေးကုသမှုခံယူနိုင်မယ့်နည်းလမ်းတွေကို မှတ်သားပြင်ဆင်ထားပါ။ တအားငယ်တဲ့ကလေးတွေ၊ အသက် ၆၅ နှစ်ကျော်တဲ့သူတွေ၊ အားကစားသမားတွေ၊ နေပူထဲ အလုပ်လုပ်ရသူတွေ၊ နာတာရှည်ရောဂါခံစား‌ နေရသူတွေ၊ အဝလွန်သူတွေ၊ တချို့ဆေး‌တွေကို ပုံမှန်သောက်နေရသူတွေအနေနဲ့ ပိုသတိထားရမှာပါနော်။....

အခု ပြောပြသွားတာလေးတွေကို သေချာဖတ်ရှုမှတ်သားပြီး ဆင်ဆင်ခြင်ခြင် နေသွားကြမယ်ဆိုရင်တော့ဖြင့် နွေဂိမှာန်ရဲ့ အပူဒဏ်ကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ကြပါလိမ့်မယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေနော်....။

Credit

ယနေ့ ၁၈.၄.၂၀၂၄ ကြာသပတေးနေ့ ( နှစ်ဆန်း၂ရက်နေ့ ) ဆေးခန်းပြန်ဖွင့်ပါပြီ။
18/04/2024

ယနေ့ ၁၈.၄.၂၀၂၄ ကြာသပတေးနေ့ ( နှစ်ဆန်း၂ရက်နေ့ ) ဆေးခန်းပြန်ဖွင့်ပါပြီ။

Food Plate - ဆီးချိုသမားများထမင်းစားပုံစံ ထမင်းက ၄ ပုံ ၁ ပုံ အသားက ၄ ပုံ ၁ ပုံ အသီးအရွက်+ပဲက ၄ပုံ ၂ပုံ ဒီလိုပဲစားပါ တစ်ရ...
02/10/2023

Food Plate - ဆီးချိုသမားများထမင်းစားပုံစံ

ထမင်းက ၄ ပုံ ၁ ပုံ

အသားက ၄ ပုံ ၁ ပုံ

အသီးအရွက်+ပဲက ၄ပုံ ၂ပုံ

ဒီလိုပဲစားပါ တစ်ရက် ၂ ကြိမ် စားလို့ရပါတယ် မနက် ကို ၉/၁၀ နာရီ တစ်ကြိမ် ၊ နေ့လည် ၂/၃ နာရီ မှာ တစ်ကြိမ် ခုလ်ုစားပါ

ညစာတော့ ဆန်/ဂျုံ ပါတာ ဘာမှမစားပါနဲ့ အသား/ကြက်ဥပြုတ် /အရွက် တို့ပဲ စားပါ
ဥပမာ အရွက်သုပ်တမျိုးမျိုး သို့ တို့ဖူးသုပ် ပဲ စားပါ

ခုတလော မျက်စိနာတာတွေအရမ်းများနေလို့မျက်စိနာရောဂါ နဲ့ပတ်သတ်လို့ အမှတ်မှားနေကြတဲ့ အရာလေးတွေပြောပြမယ်နော်။👀မျက်စိနာတယ်ဆိုတာ...
30/09/2023

ခုတလော မျက်စိနာတာတွေအရမ်းများနေလို့မျက်စိနာရောဂါ နဲ့ပတ်သတ်လို့ အမှတ်မှားနေကြတဲ့ အရာလေးတွေပြောပြမယ်နော်။

👀မျက်စိနာတယ်ဆိုတာဘာလဲ?👀
👁မျက်လုံးကိုအုပ်ထား
တဲ့conjunctiva လို့ခေါ်တဲ့အမြှေးပါး ယောင်ရမ်းတာကို မျက်မြှေးယောင်တာ သို့မဟုတ် မျက်စိနာတာလို့ခေါ်ကြပါတယ်။

❌မျက်စိနာနေတဲ့လူကိုကြည့်မိရင်ကူးတတ်တယ်။
✅virus ကြောင့်ဖစ်တာဆိုပေမယ့် အဲ့ virus ဟာလေထဲမှာပျံသန်းပီး ကူးသွားတာမဟုတ်ပါဘူးနော်။လက်မှတဆင့် အရာဝတ္တုတွေမှတဆင့်သာကူးပါတယ်။

❌မျက်စိနာချိန် နေကာတတ်မှကောင်းမှာပေါ့ ။
✅နေကာတပ်ခြင်းကြောင့် မျက်စိကျိန်းတာကိုသက်သာစေပေမဲ့ ကုသနည်းတစ်ခုအနေနဲ့ဆရာ၀န် တွေက တပ်ဆင်စေတာတော့မဟုတ်ပါဘူး။

❌ကွမ်းရွက်ရည်ထည့်တာကွမ်းရွက်နဲ့မျက်စိကိုကွင်းတာဟာ မျက်စိနာ သက်သာစေပါတယ်။
✅မျက်စိနာချိန်မျက်စိကိုသန့်သန့်ရှင်းရှင်းထားသင့်တာမို့ ကွမ်းရွက်လိုပြင်ပပစ္စည်းတွေကိုမျက်စိနားမျက်စိထဲ မထည့်သင့်ပါ။

❌မျက်စိနာတာဆေးထည့်မှပျောက်မှာပေါ့။
✅အများအားဖြင့်Virus ပိုးကြောင့်နာကြတာမို့ ဆေးနဲ့ အလှမ်းဝေးနေလည်း အချိန်တစ်ခုရောက်ရင်တော့သက်သာပျောက်ကင်းသွားကြမှာပါနော်။

Crd

🚫၁၇.၅.၂၃ မှ ၁၉.၅.၂၃ ထိ ဆေးခန်း(၃)ရက် ပိတ်ပါမည်။🚫✅၂၀.၅.၂၃ (စနေနေ့) မနက်ပိုင်း မှစ၍ ဆေးခန်းပြန်ဖွင့်ပါမည်။✅
16/05/2023

🚫၁၇.၅.၂၃ မှ ၁၉.၅.၂၃ ထိ ဆေးခန်း(၃)ရက် ပိတ်ပါမည်။🚫

✅၂၀.၅.၂၃ (စနေနေ့) မနက်ပိုင်း မှစ၍ ဆေးခန်းပြန်ဖွင့်ပါမည်။✅

Address

No. 401/404, Bogyoke Aung San Street, (5)Quarter, Hlaing Thar Yar
Yangon
11

Opening Hours

Monday 08:30 - 11:30
16:00 - 20:00
Tuesday 08:30 - 11:30
16:00 - 20:00
Wednesday 08:30 - 11:30
16:00 - 20:00
Thursday 08:30 - 11:30
16:00 - 20:00
Friday 08:30 - 11:30
16:00 - 20:00
Saturday 08:30 - 11:30
16:00 - 20:00
Sunday 08:30 - 11:30
16:00 - 20:00

Telephone

+959764260015

Website

Alerts

Be the first to know and let us send you an email when Myint Myat Mon Family Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category