23/03/2026
World Tb Day March 24
2026 Them
Yes! We can end Tb! led by countries,powered by people.
Tb.တီဘီရောဂါဆိုတာ Mycobacterium Tuberculae လို့ခေါ်တဲ့ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး လေထဲမှတဆင့်ကူးစက်ပြန့်နှံသည် ရောဂါတခုဖြစ်ပါတယ်။ စကားပြောခြင်း၊ နှာချေခြင်း ၊ ချောင်းဆိုးခြင်းစသည့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် လူတစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်ပါတယ်။ လေကောင်းလေသန့် မရရှိနိုင်သည့်နေရာ အလုံပိတ်အခန်း ၊ဘတ်စ်ကား ၊စျေး ၊ကျောင်း စသည်တို့တွင်ကူးစက်နိုင်ပါတယ်။မကြာခဏဖျားနေပါသလား ချောင်းဆိုးလိုက်ပြန် ပျောက်လိုက်ဖြစ်နေသလား ၊ပိန်သွားခြင်း ၊ အစားအသောက်ပျက်ခြင်း ၊မောပန်းလွယ်ခြင်း ညဘက်တွင်ကိုယ်ငွေ့ငွေ့ပူနေခြင်း စသည့်လက္ခဏာများရှိလျှင် တီဘီရောဂါသံသယရှိပါတယ်။ အထက်ပါအချက်တွေ တွေ့ရှိခဲ့ရင် မိမိထံမှာ တီဘီရောဂါရှိမရှိအား စောစီးစွာ ရောဂါရှာဖွေပြီး စနစ်တကျကုသမှူ့ ခံယူသင့်ပါတယ်။သလိပ်တွင်ပိုးရှိမရှိစစ်ဆေးခြင်း ၊ဓာတ်မှန်ရိုက်ခြင်းစသည်တို့ ဖြင့်တီဘီရောဂါရှာဖွေနိုင်ပါတယ်။ တီဘီရောဂါသည် စနစ်တကျကုသလျှင် လုံးဝပျောက်ကင်းသည့် ရောဂါဖြစ်သည်။ ရောဂါဖြစ်လာလျှင် ကျန်းမာရေးငှာနများတွင် စောလျှင်စွာပြသ၍ အခမဲ့ကုသမှုခံ ယူနိုင်ပါတယ်။ မကုသပဲထားပါက အဆုတ်တီဘီမှတစ်ဆင့် အရိုးတီဘီ၊ အူတီဘီ ၊ ဦးနှောက်တီဘီ စသည့်ဆိုးရွားပြင်းထန်သည့် ဆေးယဥ်ပါးတီဘီဖြစ်သွားနိုင်ပါတယ်။ ထို့ပြင် တီဘီရောဂါဖြစ်လာလျှင် ဆေးကိုနေ့စဥ် အချိန်မှန်မှန်သောက်ရမည် မိမိသဘောဖြင့်ဆေးဖြတ်လိုက်ခြင်း ၊သောက်လိုက်မသောက်လိုက် လုပ်ခြင်း များပြုလုပ်ပါကလည်း ဆေးယဥ်ပါးတီဘီ ဖြစ်စေနိုင်ပါတယ်။ တီဘီရောဂါကို ကာကွယ်ရန်နည်းလမ်းအနေဖြင့် လူစုလူဝေးရှိသည့်နေရာသွားလျှင် Mask တပ်ခြင်း လေဝင်လေထွက်ကောင်းသည့် နေရာများတွင်နေထိုင်ခြင်း ကလေးငယ်များတွင် BCG ကာကွယ်ဆေးထိုးနှံရပါမည်။ ပြည်သူပြည်သားများ တီဘီရောဂါကင်းစင်ပြီး ကျန်းမာရေးဗဟုသုတ ရရှိစေကြောင်း ဒဂုံဆေးရုံကြီးမိသားစုမှ ဆုမွန်ကောင်းတောင်းပါသည်။
ကျန်းမာရေး စစ်ဆေးမှုများကို အသေးစိတ်စုံစမ်းရန် -
09-985500089
09-985500009
09-985500099 သို့ ဆက်သွယ်နိုင်ပါတယ်။
အမှတ် ၂က + ၂ခ၊ ဆရာစံလမ်း၊ ၂၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။