17/12/2023
💃🏻အဝတ်အစားဝတ်တဲ့အခါ စမတ်ကျကျ နဲ့ သက်သောင့်သက်သာ လှနေဖို့
bra size အမှန်ကိုသိဖို့လိုတယ်နော်။
👭တို့မြန်မာပြည်က မိန်းကလေးအများစုက ဘရာကို စွပ်ကြည့်လို့တော်တာနဲ့ ဝယ်လိုက်တာပါဘဲ။
🙅♀️သေချာမတိုင်းဘဲ လွယ်လင့်တကူ တော်ရင်ပြီးရော် ဆိုပြီး ဝတ်သာများတော့ အုံနေရာမကျဘဲ,
- ရင်သားဘေးကားတာ
- ရင်သားတွဲကျတာ
- ရင်သားလျှံထွက်တာ
- ချိုင်းအောက်အဆီပိုစုတာ
- ကျောနောက်အတုံးလိုက်ထွက်တာ.... စတဲ့ပြဿနာတွေကို ရင်ဆိုင်ရတတ်ပါတယ်။
👙ဘော်လီ(Bra size)မှန်အောင် ဘယ်လိုရွှေးချယ်ရမလဲ???????
👙ဘော်လီ(Bra size)မှာ inch နဲ့ cm ဆိုပြီး၂မျိုးရှိပါတယ်။
🎗️inch 〰️32/ 34/ 36/ 38/ 40/42....
🎗️cm 〰️70/ 75/ 80/ 85/ 90/ 95....
👙Bra size ဘယ်လို တိုင်းမလဲ???????
Step 1️⃣ ရင်အောက်(under burst) ကို
တိုင်းမယ်။
-ရင်အောက်ပတ်လည်ကို ပေကြိုး cm နဲ့ အရင်တိုင်းပါ။
-ပေကြိုးကို ဖြောင့်ဖြောင့် တိုင်းပါမယ်။
(ပေကြိုးစောင်းနေတာ, ခေါက်နေတာ မျိုးမဖြစ်အောင် သေချာလေးတိုင်းပါ။)
-တိုင်းလို့ရတဲ့နံပါတ်ကိုမှတ်ပြီး braရဲ့အနီးစပ်ဆုံးနံပါတ်ရအောင် ိုး/လျော့ ယူရပါမယ်။
(ဥပမာ- ရလာတဲ့နံပါတ်ကို က
၇၈ ဆိုရင် +၂ = ၈၀ ယူရပါမယ်။
၇၇ ဆိုရင် -၂ = ၇၅ ယူရပါမယ်။)
Step 2️⃣ ရင်ထိပ်(upper Bust)ကို တိုင်းမယ်။
- ဘော်လီရဲ့အမြင့်ဆုံးနေရာ (နို့သီးထိပ်နား)ပတ်လည်ကိုcm နဲ့ တိုင်းပါမယ်။
-ပုံမှာပြထားတဲ့ အတိုင်း body ကိုရှေ့အနည်းငယ် ကိုင်းထားပါမယ်။
- အတင်းအကြပ်ကြီးမတိုင်းဘဲပြေပြေလေးတိုင်းပါ။
-ရလာတဲ့ နံပါတ်ကို မှတ်ထားပြီး cupဆိုဒ် တွက်ရပါမယ်။
Step 3️⃣ အုံ(Cup)ဆိုဒ် ကိုတွက်မယ်။
-မှတ်ထားတဲ့ရင်ထိပ်အကျယ် ကို ရင် အောက်အကျယ် နဲ့ (➖)နူတ်ရပါမယ်။
- ရလာတဲ့အဖြေက cup size ဖြစ်ပါတယ်။
(ဥပမာ- (ရင်ထိပ်)၉၃ ➖(ရင်အောက်) ၇၈ =(အဖြေ)၁၅ ဆိုတော့ cup size က C ပါ)
ကို ဇယားနဲ့ ပုံမှာဖော်ပြပေးထားပါတယ်။
ကိုယ့်ဘော်လီ(Bra size) အတိုင်းမှန်မမှန်သိချင်ရင်လည်း comment မှာမေးခဲ့နိုင်ပါတယ်ရှင်။
ဒီ post ကတစ်စုံတစ်ယောက်အတွက် အကျိုးရှိမယ်လို့ ဆိုရင် Like & share လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။
💃👰🤰🤱knowledge ဖြစ်စေမယ့်အကြောင်းအရာတွေ အမြဲ တင်ပေးမှာမို့ pageကိုLikeထားဖို့မမေ့ကြနဲ့နော်🥰🥰🥰
လေးစားစွာဖြင့်
#နို့တိုက်ဘော်လီ
#ကိုယ်ဝန်ဆောင်သုံးဘော်လီ
#ကိုယ်ဝန်ဆောင်မိခင်