Hanuman Foot Patch

Hanuman Foot Patch ဟာန်နုမာန်ဆေးကပ်ခွါသည်
ဒူးနာ ခါးနာ ကျီးပေါင်းဝေဒနါ များအတွက် အထူးသင့်တော်ပါသည်

 #ပူစီနံ..ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်တဲ့။ မိတ်ဆွေများ လိုသလို အသုံ...
19/05/2025

#ပူစီနံ..
ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်တဲ့။

မိတ်ဆွေများ လိုသလို အသုံးပြုနိုင်ကြပါစေ.....

အိန္ဒိယ အစားအစာတွေထဲမှာရော အတို့အမြုပ် အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံ စားရုံနဲ့ လေ့ကျင့်ခန်းတွေ ထူးထူး ထွေထွေ သိပ်လုပ်စရာ မလိုပဲ ကိုယ်အလေးချိန် ကောင်းကောင်း လျော့ချနိင်ပါတယ်။ ပူစီနံက သင့်ကို ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေ ဖြစ်စေပါသလဲ။

(၁) အစာကြေစေတယ်
- ခံတွင်းကိုလည်း ရှင်းစေတယ်၊ အစာကိုလည်း ကြေစေတယ်၊ အစာမာ စားတာ များရင်၊ ဒါမှမဟုတ် အစာမကြေ ဖြစ်နေရင် ပူစီနံ နည်းနည်းလောက် စားပေးရုံနဲ့ အစောကြေ အဆင်ပြေစေပါလိမ့်မယ်။

(၂) အာရုံကြော အားကောင်းစေတယ်၊ ခေါင်းကိုက်ပျောက်ကင်းစေတယ်
- ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက အာရုံကြော အားကောင်းစေတာ တွေ့ရသလို ခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ် ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ပျေက်ကင်းစေတာ တွေ့ရပါတယ်။

(၃) ချွဲကျစေတယ်၊ ချောင်းဆိုးပျောက်စေတယ်
- ချောင်းဆိုးပျောက်ဆေး အများစုမှာ ပူစီနံရဲ့ ဓါတ်ကို ထည့်သွင်း ထုတ်လုပ်ထားတာ တွေ့နိုင်သလို အနည်းငယ် ပူရှိန်တဲ့ ဓါတ်ကြောင့် ချွဲကျစေသလို ချောင်းဆိုလည်း ပျောက်ကင်းစေတာ တွေ့ရပါတယ်။

(၄) ပန်းနာရင်ကျပ်လည်း သက်သာစေနိုင်တယ်
- အများဆုံးသော ပန်းနာရင်ကျပ် သမားတွေရဲ့ လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်က ပူစီနံပါ၊ လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။

(၅) မိခင်များ နို့ထွက်ကောင်းစေတယ်
- နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်း ပူစီနံ အနည်းငယ် ပုံမှန် စားသုံးပေးသင့်ပါတယ်။ နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။

(၆) အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်
- ပူစီနံရွက်ထဲမှာ ပါရှိတဲ့ ပူရှိန်တဲ့ ဓါတ်ဟာ သွေးထဲက အဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၇) အသားရေစိုပြေစေတယ်
- အရွယ်ကို ပုံမှန် စားသုံးပေးခြင်းက အရေပြားကို စိုစွတ် အေးမြစေတယ်၊ စိုပြေစေတယ်၊ နေပူဒဏ် ခံနိုင်စေတယ်၊ ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြား လိမ်းဆေးတွေက အရေပြား ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၈) သတိမေ့ခြင်းကို သက်သာစေနိုင်တယ်
- အသက်အရွယ် ကြီးမားလာခြင်း အတွက်ရော စိတ်ဖိစီးမှု များခြင်းကြောင့် သတိမေ့ခြင်းကို ပူစီနံက ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာ တွေ့ရပါတယ်။

(၉) ကိုယ်အလေးချိန် မှန်စေတယ်
- အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ၊ အ၀လွန်နေသူတွေကိုလည်း သွေးထဲက အဆီတွေဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။

(၁၀) ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်တယ်
- အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်တာ မဟုတ်ပေမယ့် နောက်ဆုံး လေ့လာတွေ့ရှိချက်တွေ အရတော့ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေ ဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓါတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာတွေ့ရပါတယ်

"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ"            ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်...
18/05/2025

"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ"

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ ___________________________________ တဆင့်ပြန်လည်မျှဝေပါတယ်ရှင်

ဘယ်ဘက်နံကြားထဲကဆိုးဆိုးရွားရွားအောင့်လာလို့ သန်းခေါင်ယံလောက်ကြီးနိုးလာတယ် ။ အဆုပ်ထဲရေဝင်တုန်းကလိုအောင့်တာ စူးပြီးတဆစ်ဆစ်...
30/04/2025

ဘယ်ဘက်နံကြားထဲကဆိုးဆိုးရွားရွားအောင့်လာလို့ သန်းခေါင်ယံလောက်ကြီးနိုးလာတယ် ။ အဆုပ်ထဲရေဝင်တုန်းကလိုအောင့်တာ စူးပြီးတဆစ်ဆစ်နဲ့ကိုက်ပြီးအောင့်တာ ။ အသက်ကိုအဆုံးအထိဆွဲပြီးရှူကြည့်တော့ရတယ် ရေဝင်တာမဟုတ်ပြန်ဘူး ။ ဘယ်ဘက်ရင်ဘတ် ရင်အုံတဝှိုက်ဆို ကျိန်းပြီးစပ်နေတာ ။ နှလုံးအားနည်းလို့လား ဒီရက်ပိုင်းစိတ်ဖိစီးမှု့တွေများလို့လားထင်လို့ ခြံထဲလမ်းဆင်းလျှောက်ပြီး တရားခွေဖွင့်ပြီးပြန်အိပ်တယ် ။ အိပ်လဲမရပါဘူး မှေးလိုက် နာလွန်းလို့ပြန်နိုးလိုက်နဲ့မိုးလင်းရောပဲ ။

ဒုတိယနေ့ညကျ ပထမနေ့ထက်ပိုအောင့်လာတယ် ။ တသက်နဲ့တကိုယ် ခနခန ရောဂါ ဒဏ်ရာတွေနဲ့ နာခဲ့ဘူးပါတယ် အခုဖြစ်တာနဲ့ယှဉ်ရင် အရင်နာခဲ့ဘူးတယ်ဆိုတာ မပြောပလောက်ဘူး ။ တညလုံးအိပ်မရ နဲနဲလှုပ်တာနဲ့နာ အသက်ဆိုဖြေးဖြေးလေးရှူရတယ် ။ ချက်ခြင်းဆေးခန်းပြဖို့ကလဲ တောထဲရောက်နေတော့အဆင်မပြေတော့ တညလုံး မိုးအလင်းပဲ ငုပ်တုပ်ထိုင်လိုက် လမ်းထလျှောက်လိုက်ပဲ ။ နာတာထက်ပိုပြီး ကျိန်းစပ်နေတာဖြင့် အပေါ်ယံအရေပြားလေးတောင်အထိမခံနိုင်ဘူး စပ်ဖျင်းဖျင်းကြီး ။

တတိယနေ့ ဆေးခန်းရောက်မှ ရောဂါသိတယ် ခန္တာ ကိုယ်ထဲ အကောင်ဝင်နေတာ ( Hookworm infection) ချိတ်သံကောင် ကူးစက်ခံရတာပေါ့ ။ သံကောင်ဆိုလို့ ကျွန်တော်သိတာ ဗိုက်ထဲရှိတာလောက်သိတာ အခုက အရေပြားအလွှာထဲမှာတဲ့ ။

ကျွန်တော်က စောစောရောက်လို့တော်ပါသေးတယ် ဒါမျိုးက ကမ်းစပ် နယ်ဘက်မှာအဖြစ်များတော့ ဆေးမီးတိုနဲ့ကုပြီး တကိုယ်လုံးပွထနေမှရောက်လာကြတာများတယ်တဲ့ ။ ဒါက ဒီစာရေးရတဲ့အကြောင်းအရင်းပါ ကိုယ်ခံစားရတဲ့နာကျင်မှု့မျိုးနဲ့ တခြားလူထပ်မခံစားစေချင်ဘူး အဓိကနယ်ဘက်ကလူတွေ ခရီးသွားတဲ့လူတွေကို သတိထားစေချင်တာ ။

မြေကြီးက အပင်ကနေ ခွေး/ကြောင်တွေကိုင်တွယ်ရာက မစင်ကပါကူးတယ် ။ ပါးစပ်ကမှဝင်တာမဟုတ်ဘူး ခြေထောက်က မွှေးညှင်းပေါက်ကပါ ဝင်တာတဲ့ ။

အထဲရောက်ရင် အပေါ်ယံအရေပြားလွှာထဲကနေ လှည့်ပတ်သွားနေ စားသောက်နေတာ ပွဲစျေးပတ်နေသလိုပဲ ။ သူသွားသမျှ သူရွှေ့သမျှကိုယ်ကဒုက္ခခံရတာက သေမလိုခံရတာ ။ တကောင်ထဲလားဆိုမဟုတ် ဥချမယ် မျိုးပွားမယ်လုပ်သေးတာ ။

ဒီရောဂါရဲ့သိသာတဲ့အချက်က တနေရာထဲမအောင့် မနာဘူး အကောင်ရွှေ့သွားတဲ့နေရာလိုက်နာနေတာ ။ ကျွန်တော်ဆို ပထမရက်က ဘယ်ဘက်နံကြား နောက်ရက်ကျ ကျောချမ်း ရင်အုပ်အုပ်ပိုင်းတဝှိုက်ရောက်နေပြီ တတိယရက်ကျ ကျောကုန်းအလည်ဘက် ။

နောက်တခုက သူသွားလေရာ လမ်းကြောင်းလေးကျန်ခဲ့တယ် ။ တချို့လူတွေရက်ကြာလာရင် အကောင်ပုံစံလေးထင်းထင်းဖောင်းနေတယ် ။

အဆိုးဆုံးအခြေအနေက အာရုံကြောထဲဝင်မယ် ဦးနှောက်ထိရောက်မယ် မျက်စိထဲပါရောက်မယ်တဲ့ ။

ခရီးသွားများတဲ့ တောတိုး တောင်တက်နေတဲ့လူတွေ ကမ်းခြေသွားမယ်ဆိုသူတွေဂရုစိုက်ရမှာပဲ ။

မြက်ခင်းလေးစိမ်းနေတာပဲဆိုပြေးမလှဲနဲ့ (me)
သောင်ပြင်ပေါ်ပက်လက်အိပ်မယ်ဆိုလဲ စဉ်းစားပါဦး
ဘယ်သွားသွားဖိနပ်စီးတာအကောင်းဆုံးပဲ
ခွေး/ကြောင်တွေနဲ့ ပါးယက်နားယက်မနေနဲ့
လက်နဲ့ ခြေထောက်စင်အောင်ဆေးပါ
ညစ်ပတ်တဲ့အစားအစာတွေမစားပါနဲ့
ဆူရှီ အသားစိမ်း ငါးချဉ်ထုပ်တွေဂရုစိုက်ပါ

ကျွန်တော့လို ခံစားရလာရင် ဆေးခန်းသာပြေးပါ
တချို့က ယာနာလိုလိုဘာလိုလိုထင်ပြီး ယားနာဆေးပဲလိမ်းကြတယ်တဲ့ ။ ဒါနဲ့ပဲ နောက်ကျမှရောက်လာတော့ သောက်ဆေးနဲ့မနိုင်တဲ့အခြေအနေရောက်ကုန်တာပေါ့ ။

အခုလို စောစောသိခဲ့တာတောင် ဒီလောက်ခံရခက်တာ ။ နောက်ကျမှ ကိုယ်ထဲပွားနေမှသိရင်ဘယ်လောက်ခံစားနေရမလဲမသိပါဘူးဗျာ ။ ကျွန်တော် အခုတော့ ဆေးငါးရက်စာနဲ့သက်သာနေပါပြီ ။

ကိုယ်ဖြစ်တာ ပြန်ပြောပြတဲ့ Sharing သက်သက်ဖြစ်လို့ အမှားရှိရင်ထောက်ပြပါနော် ။ မေးသမျှဖြေပေးတဲ့ ဆရာဝိရေ ကျေးဇူးပါ ။

28/04/2025

သုံးနေကြ လိမ်းဆေးဆီတွေနဲ့လုံးဝမတူတဲ့ ရနံ့နဲ့အာနိသင်က herbal Oil မှာဘဲရှိတာပါ.

အရိုး/အကြော/အရွတ်တွေနာကျင်ယောင်ယမ်းနေသူများ..အတွက်. #တစ်စက်ဆီလို့တောင်..တင်စားခေါ်နေကြပြီး..လူကြိုက်အရမ်းများနေတဲ့..
#ဟာန်နုမာန်(ထိုင်း)တိုင်းရင်းဆေး လိမ်း​ဆေးဆီလေးသုံးကြည့်ပါ..ဆေးဖက်ဝင် အပင်အမြစ် (၁၃မျိုး)ကျော် ပါဝင်တာမို့..အရမ်းကိုကောင်းလွန်းပါတယ်

တစ်ဗူး- 23500 ks(20ml)

☎09-795294160
☎09-973085834
(or) cb သို့.အခုဘဲ မှာယူနိုင်ပါပြီ



#တိုင်းရင်းဆေ
#လိမ်းဆေးဆီ

 #အများကြီးထည့်စရာမလိုသော အမဲရောင် ဆေးဘက်ဝင်  #သွားတိုက်ဆေး  သုံးဖူးသူတိုင်းရဲ့ အရမ်းကြိူက်အသည်းစွဲလေး 😍✅ခံတွင်းနံ့နံတာအ...
27/03/2025

#အများကြီးထည့်စရာမလိုသော အမဲရောင် ဆေးဘက်ဝင် #သွားတိုက်ဆေး

သုံးဖူးသူတိုင်းရဲ့ အရမ်းကြိူက်အသည်းစွဲလေး 😍

✅ခံတွင်းနံ့နံတာအထူးလျှော့ချပေးတယ်
✅ သွားကြေလွှာကိုကြည်တောက်စေတယ်
✅သွားဖုံး သွေးယိုအထူးလျှော့ချပေးတယ်
✅သွားချေးကျောက်တွေ လျော့ချပေးတယ်

ဘယ်သူလေးတွေသုံးဖူးကြလဲရှင်

🔹တစ်ဗူး - 22500 ks(50g)
🔹 ဝါးမီးသွေး
🔹ပူစီနာ
🔹မာလကာရွက်
🔹လေးညှငိး
🔹အုန်းဆီ နဲ့အခြားဆေးဖက်ဝင် အပင်များ ပါဝငိပါတယ်

☎09-795294160
☎09-973085834(or) page cb သိူ့ဆက်သွယ်မှာယူနိုင်ပါတယ်



#သွားတိုက်ဆေး

21/03/2025

တစ်နေ့လုံး.. လှုပ်ရှားသွားလာနေရတဲ့..ခန္ဓာ ကိုယ်လေး..နာကျင်..ကိုက်ခဲနေပြီဆိုတော့..ဒီလိုလေး..ကပ်ပေးရတာပေါ့😍

#သဘာဝအတိုင်း ​ဘေးထွက်ဆိုးကျိုးကင်း​​ပြီးသက်သာစေတဲ့..နည်းလမ်းကိုသာ.ကြိုက်တာမို့.
ဆေးကို နှမျှောနေလို့မရဘူးလေ..

📌တစ်အားကြိုက်တယ်.
📌အရမ်းသက်သာလို့..

တစ်ဗူး ၂၃၅၀၀ ကျပ်
(ဆေးပလာစတာ ၁၀ခု ) ပါဝင်ပါတယ်

☎09-795294160
☎09-973085834 (or) cb သို့ မှာယူနိုင်ပါတယ်



#ဆေးကပ်ခွါ

#ကျန်းမာရေး

19/03/2025

💯% ဘေးထွက်ဆိုးကျိုး ကင်းစေတဲ့.. #ဟာန်နုမာန်တိုင်းရင်းဆေး ကပ်ခွာ....သဘာဝဆေးဖက်ဝင် ( ၅) မျိုးနဲ့ပြုလုပ်ထားတာမို့..သောက်ဆေး/ထိုးဆေးများမပြုလုပ်ချင်သူများအတွက်..အသင့်တော်ဆုံးဖြစ်ပါတယ်.

တစ်ဗူး ၂၃၅၀၀ ကျပ်
ဆေးပလာစတာ ၁၀ခု ပါဝင်ပါတယ်

နာကျင်ကိုက်ခဲ မှု့​ဝေဒနါများအတွက်..အ​ကောင်းဆုံးနဲ့အထိရောက်ဆုံး..ဆေးကပ်ခွါ..♥

☎09-795294160
☎09-973085834 (or) page cb

သို့ လိပ်စာ.ဖုန်းနံပါတ် ပေးပြီး မှာယူနိုင်ပါတယ်

မြန်မာတစ်ပြည်လုံး အိမ်ရောက်​ငွေ ခြေ Service ရတဲ့နေရာတိုင်း ပို့ပေးပါတယ်.




#တိုင်းရင်းဆေး
#ဆေးကပ်ခွါပလာစာ

17/03/2025

#တန်ဖိုးရှိတဲ့ကိုယ့်ရဲ့လက်ဖဝါးလေး.. နာကျင်ကိုက်ခဲ နေပြီဆိုရင်..ဒီလိုလေးကပ်ပေးပါ.

🍀ဟာနုမာန် တိုင်းရင်းဆေးကပ်ခွါ 🍀

တစ်ဗူး = ၂၃၅၀၀ ကျပ်
ဆေးပလာစတာ ၁၀ခု ပါဝင်ပါတယ်..

☎09-795294160
☎09-973085834 (or) cb သို့ဆက်သွယ်မှာယူနိုင်ပါပြီ..


#တိုင်းရင်းဆေး

#ဆေးကပ်ခွာ

ပလက်​ဖောင်းပေါ်မှာ..လှချင်တိုင်းလှနေတဲ့ ပန်းကလေးတွေ🌸🌼🌷🌹🌻🌺💐Photi crd.
15/03/2025

ပလက်​ဖောင်းပေါ်မှာ..လှချင်တိုင်းလှနေတဲ့ ပန်းကလေးတွေ🌸🌼🌷🌹🌻🌺💐

Photi crd.

လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေဒီလိုဈေးသည်တွေ့ရင် အားပေးပါ......
15/03/2025

လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေဒီလိုဈေးသည်တွေ့ရင် အားပေးပါ......

ဘယ်ဟာလေးပိုကြိုက်လဲ..ဖြေ🤪
14/03/2025

ဘယ်ဟာလေးပိုကြိုက်လဲ..ဖြေ🤪

တစ်စက်ဆို တစ်စက် အာနိသင်တွေနဲ့ သုံးစွဲသူတွေကို သက်သာမှုပေးနေတဲ့    Aroma Massage Body oil  ..😍ဆေးကို ၃-၄ စက်လောက်လိမ်းပြ...
12/03/2025

တစ်စက်ဆို တစ်စက် အာနိသင်တွေနဲ့ သုံးစွဲသူတွေကို သက်သာမှုပေးနေတဲ့ Aroma Massage Body oil ..😍

ဆေးကို ၃-၄ စက်လောက်လိမ်းပြီး ၅-၁၀ မိနစ်လောက်နှိပ်နယ်ပေးလိုက်ရုံနဲ့

🍀ညောင်းညာမှုတွေ ပြေလျော့မယ်
🍀 အညောင်းညာတွေပြေမယ်
🍀 ကြွက်သားတောင့်တင်းမှုတွေ ပြေပျောက်မယ်
🍀 ရောင်ရမ်းမှုတွေ လျော့နည်းသက်သာလာမယ်
🍀သွေးလည်ပတ်မှုစနစ် ကောင်းမွန်လာမယ်
🍀အရွတ် အရိုးအဆစ်ကိုက်ခဲနာကျင်တာသက်သာလာမယ်


☎09 -795294160(or)cb သို့အခုဘဲမှာယူပါ

Address

ဒေါပုံ
Yangon

Telephone

+959795294160

Website

Alerts

Be the first to know and let us send you an email when Hanuman Foot Patch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram