Hanuman Product Myanmar

Hanuman Product Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hanuman Product Myanmar, Medical and health, Yangon.

🌹ပေါ်ဆေးအကြောင်း တစ်စေ့တစ်စောင်း 🌹👱‍♀️ ဆရာမ ကျွန်မ သွေးပေါ်ဆေးလေးထိုးချင်လို့👩‍⚕️ ညီမလေးက ဘာလို့ ပေါ်ဆေးထိုးချင်ရတာလဲ?👱‍...
08/09/2025

🌹ပေါ်ဆေးအကြောင်း တစ်စေ့တစ်စောင်း 🌹

👱‍♀️ ဆရာမ ကျွန်မ သွေးပေါ်ဆေးလေးထိုးချင်လို့
👩‍⚕️ ညီမလေးက ဘာလို့ ပေါ်ဆေးထိုးချင်ရတာလဲ?
👱‍♀️( ဒီဆရာမကတော့ ပေါ်ဆေးဆိုမှတော့ သွေးပေါ်ချင်လို့ပေါ့ဟာကို 🙄) ညီမ ဒီလ ရာသီကနောက်ကျနေလို့ ။သွေးမပေါ်သေးတော့ နေလို့ထိုင်လို့သိပ်မကောင်းဘဲ အသားကလည်းမွဲခြောက်ခြောက်နဲ့ ဖြစ်နေလို့ မြန်မြန်လာအောင် သူငယ်ချင်းတွေက ဆေးသွားထိုးလိုက်ပါလားဆိုလို့ပါ။

👩‍⚕️ ဘာလို့ရာသီ နောက်ကျနေလဲကော အကြောင်းရင်းမသိချငိဘူးလား?
👱‍♀️ ဒါကတော့ဆရာမရယ် ဒီလ လက်ဖက်စားတာလည်း များသွားတယ်။ စိတ်ပင်ပန်းစရာကိစ္စလေးတွေလည်းရှိတော့ အဲ့တာကြောင့်ပဲနေမှာပါ။ ကျွန်မကအပျိုပါနော် ရည်းစားတောင်ထားဖူးတာမဟုတ်ဘူး 😏

👩‍⚕️ ဟုတ်ပါပြီရှင်၊ ဘာကြောင့်နောက်ကျလဲလည်း ညီမလေးကသိနေပြီးသားပဲ၊ ဆရာမ က ပေါ်ဆေးအကြောင်းလေး ပြောပြချင်လို့ပါ။ ဆေးထိုးရတာလွယ်ပါတယ်။ ဒါမယ့် ဆေးတစ်ခုမထိုးခင် ကိုယ်ထိုးမယ့်ဆေးရဲ့အလုပ်လုပ်ပုံကို သေချာနားလည်ပြီးမှ ထိုးမထိုးဆုံးဖြတ်တာ ပိုကောင်းတာမို့လို့ ရှင်းပြမလို့ပါ။ အချိန်ရတယ်မလား?
👱‍♀️အော် ဟုတ်ကဲ့ပြောပြပါ။ အချိန်ရပါတယ်။

👩‍⚕️ ရာသီသွေးပေါ်တဲ့ အပေါ် ညီမဘယ်လို နားလည်ခံယူထားလဲ ပြောပြပါဦး?
👱‍♀️ တစ်လတစ်ခါ ခန္ဓာကိုယ် က အညစ်အကြေး အပူအပုပ်တွေ ထွက်သွားတော့ သွေးသားသန့်စင်ပြီး အသားရည်ကြည်လင်စေတယ်လေ။ သိထားတာကတော့ သားအိမ်နံရံက သန္ဓေသားမတည်ဖြစ်တဲ့အခါ ကွာကြလို့ သွေးဆင်းတာလို့တော့ မှတ်ထားဖူးတယ်။

👩‍⚕️ ညီမပြောတာမှန်ပါတယ် ပိုပြည့်စုံအောင် ဆရာမ ထပ်ဖြည့်ပြောရရင်
👉တစ်လတစ်ခါမျိုးဥကြွေပြီးတာနဲ့ သားအိမ်နံရံက သန္ဓေသားလေးနေဖို့ စတင်ပြင်ဆင်တယ်။
👉 Corpus leuteum လို့ခေါ်တဲ့ အိမ်ငယ်လေးတစ်ခုပေါ်လာတယ် သူကနေ Progesterone hormone ကိုထုတ်ပေးပြီး အဲ့ ဟော်မုန်းက သားအိမ်နံရံကိုထူအောင်ထိန်းထားပေးတယ်။
👉 စောင့်ရင်းနဲ့ သန္ဓေသားလောင်းလေးဖြစ်မလာတဲ့အခါ အဲ့အိမ်ငယ်လေးကလည်း ရှုံ့ပြီးပျက်စီးသွားတယ်။ 😟😞
👉အဲ့အခါ hormone တွေမထွက်တော့ဘူး။ 〽 ဟော်မုန်းမရှိတော့ နံရံကဆက်မထူနိင်တော့ပဲ ကွာကြရတော့တာပေါ့။ 〽
👉 အဲ့မှာရာသီသွေးဆင်းရတာပဲ။ ဒါကပုံမှန်ဖြစ်စဥ်ပေါ့။

📍 ခုရာသီနောက်ကျရတဲ့အကြောင်းထဲမှာ ညီမလေးဖြစ်တဲ့ stress များလို့ဖြစ်တာက သားဥကြွေတာ နောက်ကျတာ ဒါမှမဟုတ် တစ်လမကြွေတော့တာ ဖြစ်တယ်။ 😉

👉 သားဥမ​ကြွေတော့ အိမ်ငယ်လေးလည်းမဖြစ်လာဘူး progesterone hormone လည်းမထွက်တော့ သားအိမ်လည်းထူစရာမရှိဘူးပေါ့။

💉 ညီမလေးထိုးချင်တဲ့ ပေါ်ဆေးဆိုတာ အဲ့ progesterone hormone လေးပဲ။ သူ့ထိုးလိုက်တော့ အဲ့hormone တွေက နံရံထူအောင်သွားလှုံ့ဆော်တော့တာပေါ့။ သောက်ဆေးလည်းရှိတာပေါ့လေ။ 💊
👉 ထိုးနေသောက်နေတုန်းတော့ သွေးဆင်းမှာမဟုတ်ဘူး ❌
ရပ်လိုက်ပြီး ရက်ပိုင်းအတွင်းမှ ဆင်းတယ်။
👉 ဆေးပညာအရ withdrawal bleeding လို့ခေါ်တယ်။ ဆေးရပ်လိုက်လို့ သွေးဆင်းတာပေါ့။
👉 ဆေးရဲ့ side effects ကိုယူသုံးတာလို့လည်းပြောလို့ရတယ်။ 😑
ပြောရရင် အဖြစ်ဆင်းတာပေါ့။
👉 သွေးပေါ်တယ်ဆိုပြီး စိတ်သက်သာရာတော့ရစေတာပေါ့လေ။ ✅
👉 ဒါမယ့်ဆရာမပြောပြသလို သဘာဝအတိုင်း သားဥကြွေလို့ဖြစ်လာတဲ့သွေးပေါ်ခြင်းမျိုး မဟုတ်တော့ ညီမလေးလိုချင်တဲ့ အာနိသင်မျိုးတော့ရချင်မှရမယ်။ 😢
ရခဲ့ရင်လည်း စိတ်ကျေနပ်သွားလို့ ရတဲ့ ပေါ့ပါးကြည်လင်မှုပဲဖြစ်မှာပေါ့။

ခုလောက်ဆို ညီမလေးလည်း သေချာနားလည်ပြီထင်ပါတယ်။ ထိုးချင်သေးတယ်ဆိုရင်တော့ ထိုးပေးမယ်။ ဆရာမ ကတော့ သိပ်အားမပေးဘူး။ ညီမလေးပဲဆုံးဖြတ်ပါ။

👱‍♀️အဲ့လိုကြီးဆိုတော့လည်း မထိုးတော့ပါဘူးဆရာမရယ်။ ညီမလည်းအမှန်ဆို ဆေးထိုးကြောက်တယ်😁။ သူများတွေပြောလို့သာလာရတာ ခက်လန့်လန့်ပဲ😁။ လိုအပ်တာသာ ညွှန်းပေးလိုက်ပါဆရာမ 😊

အမျိုးသမီး များအားလုံး ​သွေးသားမှန်၍
ကျန်းမာနုပျိုလှပစေရန် ဆန္ဒပြုရင်း
crd. Dr. Mon Myat Htun

 #လက်မောင်းကိုက်ပြီး ပခုံးဆစ်ကပ်ခြင်း #လက်မောင်းအုံတစ်ခုလုံး ကိုက်ခဲပြီး လက်မောင်းကပ်ခြင်းနှင့် ပတ်သက်၍  တိုင်းရင်းဆေး ပ...
03/07/2025

#လက်မောင်းကိုက်ပြီး ပခုံးဆစ်ကပ်ခြင်း

#လက်မောင်းအုံတစ်ခုလုံး ကိုက်ခဲပြီး လက်မောင်းကပ်ခြင်းနှင့် ပတ်သက်၍ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အသိပညာပေး စာတမ်းဖတ်ပွဲအား ဘားအံမြို့၌ ပြုလုပ်ခဲ့ကြောင်းကို သတင်းစာတွင် ဖတ်လိုက်ရသည်။ လက်ကပ်ရောဂါနှင့် ပတ်သက်ပြီး ဝမ်းသာစရာ ကြားသိရသည်မှာ ရောဂါမဖြစ်ပွားရေး ပညာပေးမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့သောကြောင့် ကရင်ပြည်နယ်တွင် လက်ကပ်သည့် လူနာအရေအတွက်မှာ ယခင်နှစ်များထက် လျော့နည်းသွားခြင်း ဖြစ်သည်။

#ထိုအချက်က ဆေးပညာရှင်များ အနေဖြင့် ဆေးကုသမှု တစ်မျိုးတည်းကိုသာ အလေးထားပြုလုပ်နေမည့် အစား ကုသရင်းပညာပေး၊ ပညာပေးရင်း ကုသဆိုသလို ကျန်းမာရေး အသိပညာပေးခြင်းပါ ပူးတွဲလုပ်ဆောင်က ပိုမိုထိရောက်မှု ရှိကြောင်း ထင်ရှားသော သာဓက တစ်ရပ်ပင်ဖြစ်ချေသည်။ အခြားတစ်ဖက်ကလည်း တိုင်းရင်းဆေးရုံများတွင် ကုသမှုများကို ပိုမိုပြည့်စုံအောင် ပြုလုပ်ပေးနိုင်သဖြင့် အတွင်းလူနာနှင့် အပြင်လူနာများ လာရောက်ပြသကုသမှု ခံယူနှုန်း များပြားလာသည်ဆို၏။

#လက်ကပ်ရောဂါ ခေါ် ပခုံးဆစ်ကပ်ခြင်းသည် ကူးစက်တတ်သော ရောဂါမဟုတ်သလို အသက်ကို ရန်ရှာနိုင်သော ရောဂါမျိုးလည်း မဟုတ်ပါချေ။ သို့တစေ ဝေဒနာ ခံစားနေကြရသူများအား ပြင်းစွာနာကျင်ကိုက်ခဲခြင်း ဖြစ်စေပြီး နေရထိုင်ရ၊ လုပ်ရကိုင်ရများစွာ အဆင်မပြေဖြစ်ကာ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ လက်ကို ပုံမှန်အတိုင်း မြှောက်မရ၊ လှုပ်ရှားမရ၊ အသုံးပြု မရသောကြောင့် တစ်စိတ်တစ်ပိုင်းအားဖြင့် ယာယီ မသန်စွမ်းမှုကဲ့သို့ ကြုံတွေ့ခံစားနေကြရလေသည်။

ဥပမာ- လက်ကိုခေါင်းနှင့်ကျောတို့၏ အနောက်ဘက်သို့ လည်းကောင်း၊ ပါးစပ်ဆီသို့ လည်းကောင်း ကောင်းစွာ မရောက်နိုင်ခြင်း။

#သို့ဖြစ်ရာ မျက်နှာသစ်ခြင်း၊ ခေါင်းဖြီးခြင်း၊ လုံချည်ဝတ်ခြင်းနှင့် ဘေးဘက်သို့ပစ္စည်း လှမ်းယူခြင်း အစရှိသည်များကို ပြုလုပ်ရန်ခက်ခဲတတ်သည်။

#ယခုစာရေးသူသည် အကြောအဆစ်ကု ပညာရှင် တစ်ဦးအနေဖြင့် ပခုံးဆစ်ကပ် လူနာများကို ဆေးရုံများတွင် ကိုယ်တိုင်ကိုယ်ကျ ကုသပေးခဲ့ရသည်။ ပခုံးဆစ်ကပ်သော လူနာအများစုသည် အသက် ၄ဝ နှစ်နှင့် ၆ဝ နှစ်အကြားတွင် ရှိတတ်သည်။

#လူနာအတော်များများမှာ ကောင်းသည့်ဘက်က လက်ဖြင့် နာသည့်ပခုံးကို ဆုပ်ထားလျက် ဆေးကုခန်း အတွင်းသို့ ဝင်လာတတ်ကြသည်။

#ပခုံးကိုလည်း ခန္ဓာကိုယ်နှင့်ကပ်ပြီး မလှုပ်ရှားဘဲ ထားလေ့ရှိ၏။ ပခုံးရောဂါ ဝေဒနာများနှင့် ပတ်သက်ပြီး အဖြစ်များသော ဝေဒနာတစ်ခုဖြစ်သည်။

#ပခုံးဆစ်ကပ်ခြင်းသည် ပခုံးဆစ်နှင့် ယင်းကိုငုံထားပေးသော အရွတ်တို့ ရောင်ရမ်းလာပြီး ကြာသောအခါ ထူထဲကာ ကျပ်လာသောကြောင့် ဖြစ်ရလေသည်။

#အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။ ရောဂါဖြစ်စဉ်ကို အဆင့်သုံးဆင့် သတ်မှတ်ပြောဆိုထား၏။ ပထမအဆင့် (freezing stage) တွင် ပခုံးဆစ်နေရာမှာ စနာတတ်ပြီး နာကျင်မှုကြောင့် လက်လှုပ်ရှားမှုများ ခက်ခဲလာသည်။

#ရက်သတ္တ ခြောက်ပတ်မှ ကိုးလအထိ ကြာနိုင်သည်။ ဒုတိယအဆင့် (frozen stage) တွင် နာကျင်မှု သက်သာလာကာ ပခုံးဆစ်ကပ်လာ၏။

လေးလမှ ကိုးလအထိ ကြာနိုင်သည်။ တတိယအဆင့် (recovery stage) တွင် ပြန်လည်ကောင်းမွန် လာတတ်ကာ ပခုံး ဆစ်လှုပ်ရှားမှုများ လုပ်နိုင်လာသည်။

ငါးလမှ နှစ်နှစ်အထိ ကြာနိုင်သည်။ ပခုံးနာကျင်မှုသည် တဖြည်းဖြည်းချင်း ဖြစ်လာပြီး လက်လှုပ်ရှားမှုပြုတိုင်း ပိုနာတတ်သည်။

အထူးသဖြင့် ပခုံးထိပ်အပြင်ဘက်ပိုင်းနေရာနှင့် လက်မောင်းရှေ့အပေါ်ပိုင်းတို့တွင် နာလေ့ရှိပြီး ညအိပ်သောအခါ ဖြစ်သည့်ဘက်သို့ ဖိလျက် မအိပ်နိုင်ပါချေ။

လက်လှုပ်ရှားမှု အခန့်မသင့်က အသည်းခိုက်အောင်ပင် နာသွားတတ်ကြောင်းကို လူနာအချို့က ပြောပြကြသည်။ ယင်းသို့နာသွားက ပခုံးနေရာအပြင် လက်ဖျံအထိပင် အောင့်ကာနာတတ်လေသည်။

#ပခုံးဆစ်ကပ်ခြင်းကို ဖြစ်စေသော အကြောင်းရင်းမြစ်ကို ယနေ့တိုင် အတိအကျ မသိရသေးဟု ဆိုသည်။

သို့သော် ဆီးချိုရှိသူများ၊ ပါကင်ဆန်ရောဂါရှင်များ၊ နှလုံးသွေးကြော ရောဂါဖြစ်သူများနှင့် သိုင်းရွိုက်ဂလင်း ရောဂါရှိသူများတွင် ဖြစ်နိုင်ခြေများကြောင်း တွေ့ရှိရသည်။

တစ်ဖန် လေဖြတ်ထားသူ အချို့တွင်လည်း ဖြစ်သည့်ဘက်မှပခုံးတွင် ပခုံးဆစ်နာခြင်းနှင့် ပခုံးကပ်ခြင်းတို့ ဖြစ်တတ်၏။

သို့ဖြစ်ရာ ဆရာဝန် သို့မဟုတ် အရိုးအကြောခွဲစိတ် အထူးကု ဆရာဝန်ကြီးများနှင့် ပြသသင့်ပါသည်။ ကုသမှုအပိုင်းမှာ ရောဂါဖြစ်နေသော အဆင့်အပေါ်တွင် မူတည်နေတတ်သည်။

သို့ဖြစ်ရာ ယခုဆောင်းပါးတွင် အကြောအဆစ်ဆိုင်ရာ ကုသမှုများနှင့် ပတ်သက်သည် တို့ကိုသာ ပြောပြပါမည်။

ယေဘုယျအားဖြင့် အကြောအဆစ်ဆိုင်ရာ ကုသမှု နှစ်မျိုးရှိသည်။

(၁) ကုသစက်များ (Electrotherapy modalities) ဖြင့် ကုသပေးခြင်း၊

(၂) လှုပ်ရှား လေ့ကျင့်နည်းများ (Therapeutic exercises)ဖြင့် ကုသပေးခြင်း၊ ကုသစက်များဖြင့် ကုသခြင်းကို တစ်နည်းအားဖြင့် electrophysical agents သုံး၍ကုသ ပေးခြင်းဟုလည်း ပြောတတ်ကြသည်။

အဓိက ရည်ရွယ်ချက်မှာ နာကျင်မှုသက်သာ စေပြီး လက်ကိုပြန်လည် အသုံးပြုနိုင်စေရန်ဖြစ်သည်။

#ပခုံးဆစ်ကပ်ခြင်းအတွက် အသုံးပြု လေ့ရှိသော ကုသစက်များမှာ အသံလွန်လှိုင်းစက် (therapeutic ultrasound)၊ လေဆာစက် (low-level laser therapy-LLLT)၊ လျှပ်စီးစက် (transcutaneous electrical nerve stimulation-TENS) နှင့် လျှပ်စစ် သံလိုက်စက် (pulsed electromaganetic field therapy-PEMF) တို့ဖြစ်ကြသည်။

#လူနာတစ်ဦးစီ၏ ရောဂါဝေဒနာအဆင့်ကို လိုက်ပြီး လှုပ်ရှားလေ့ကျင့်နည်းများကို အကြောအဆစ်ကု ပညာရှင်က စနစ်တကျ သင်ကြားပြသပေးသည်။ လေ့ကျင့်ခန်းများနှင့် အတူ လူနာများ မှတ်သားလိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ညွှန်ကြားပေးသည်။

#လှုပ်ရှားလေ့ကျင့်မှု(၁)

Pendulum Stretch ခါးကိုရှေ့သို့ အနည်းငယ် ၄၅ ဒီဂရီခန့်ကုန်းလျက် မနာသည့်ဘက်မှ လက်ကို စားပွဲပေါ် ထောက်ထားပါ။

ထို့နောက် နာသည့်ဘက်မှ ပခုံးအားဖြေလျှော့ပြီး လက်ကို လောင်းချပါ။

ပြီးလျှင် တံတောင် ဆစ်ကို ဆန့်လျက် နာရီလက်တံကဲ့သို့ လက်ယာရစ် ခုနစ်ကြိမ်(စက်ဝိုင်းပုံ) ဝှေ့ယမ်းပေးရမည်။

ပြီးသောအခါ လက်ဝဲရစ် ခုနစ်ကြိမ်လုပ်ပေးပါ။ တစ်ကြိမ်ပြီးလျှင် တစ်မိနစ်စီနားကာ နှစ်ခါထပ်လုပ်ပေးရမည်။

#လှုပ်ရှားလေ့ကျင့်မှု(၂)

Cross-bodyreach မတ်တတ်အနေအထားဖြင့် ကောင်းသောလက်က နာသည့်ဘက်မှ တံတောင်ဆစ်(ယာ)ကို ကိုင်ထားပါ။

ထို့နောက် နာသည့်လက်ကို ရင်ဘတ်ဘက်သို့ တဖြည်းဖြည်း ဆွဲပေးရမည်။ ပခုံး၏အနောက်ဘက်နှင့် ဘေးကြောများ ဖြေလျှော့ပေးရန်ဖြစ်သည်။

#လှုပ်ရှားလေ့ကျင့်မှု(၃)

Finger walk နံရံကို မျက်နှာမူလျက်ရပ်ပါ။ ထို့နောက် ခါးအပေါ်လောက်နေရာမှစပြီး နာသည့်ဘက်မှ လက်မနှင့် လက်ညှိုးတို့ကို ခြေထောက်များသဖွယ် နံရံအပေါ်ဘက်သို့ တစ်ချောင်းချင်း လျှောက်တက်ပေးပါ။

ထိုအခါ လက်မောင်းသည် တဖြည်းဖြည်းအပေါ်သို့ မြင့်တက်လာပေမည်။ အတက်အဆင်း နှစ်ကြိမ်ခန့်ပြုလုပ်ပေးပါ။

တစ်နေ့လျှင် အနည်းဆုံး သုံးခါလုပ်ပေးရမည်။ အထက်ပါ လှုပ်ရှားလေ့ကျင့်မှုများကို ပြုလုပ်ပေးခြင်းဖြင့် တင်းနေသော အကြောများ ဖြေလျှော့ခြင်း၊ အားနည်းသောကြွက်သားများ သန်စွမ်းလာစေခြင်း၊ အဆစ်လှုပ်ရှားမှု ချောင်ချိလာခြင်းနှင့် ပုံမှန်အလုပ်များ ပြန်လည်လုပ်နိုင်ခြင်းတို့ဖြစ်စေမည်။

#လှုပ်ရှားလေ့ကျင့်မှုများ မပြုလုပ်မီနှင့်ပြုလုပ်ပြီးစတို့တွင် ရေနွေးအိတ်(ခပ်နွေးနွေး)ကပ်ပေးလျက် လှုပ်ရှားမှုများကိုလည်း အလွန်မနာကျင်စေဘဲ ညင်သာစွာ ပြုလုပ်ပေးသင့်လေသည်။

ပခုံးဆစ်ကပ်နေသဖြင့် နာ၍ကိုက်၍ လှုပ်လည်းမရသောကြောင့် ငြိမ်ငြိမ်လေးနေပါက အဆစ်ကပ်သော အခြေအနေ ပိုပြီး ဆိုးရွားလာမည်ဖြစ်သည်။

သို့ဖြစ်ရာ ဆေးကုသမှု မရှိသေးသူများအနေဖြင့် နားလည်တတ်ကျွမ်းသူများနှင့် အမြန်ဆုံးပြသ သင့်သလို ကုသမှုရရှိပြီးသောသူများကလည်း လှုပ်ရှားလေ့ကျင့်မှုများကို ဇွဲကောင်းကောင်းဖြင့် မှန်မှန်လုပ်ဆောင်သွားကြရန်နှင့် အခြားတစ်ဖက်မှလည်း လက်မနာကျင်စေဘဲ လုပ်နိုင်သည်များကို မိမိတို့တတ်နိုင်သမျှ နေ့စဉ် အသုံးပြုပေးကြရန် သတိပေး တိုက်တွန်းလိုက်ရပေသည်။ ။
;
#ကျန်းမာရေးဗဟုသုတရကြပါစေ

🚨 ပါရာစီတမောဆေးနှင့် တွဲမသောက်သင့်သောအရာများ....ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သော အစားအသောက်အချို့ကို အများသိရှိရလေအောင်...
21/06/2025

🚨 ပါရာစီတမောဆေးနှင့် တွဲမသောက်သင့်သောအရာများ....

ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သော အစားအသောက်အချို့ကို အများသိရှိရလေအောင် ထပ်မံမျှဝေလိုက်ပါတယ်

၁။ ပါရာစီတမောကို ကိုကာကိုလာ၊ ပက်ပစီ စတဲ့ ဂတ်စ်ပါတဲ့ အရာများနဲ့ အချဉ်ဓါတ်ပါသော အစားအစာများနဲ့ တွဲမသောက်သင့်ပါဘူး။

၂။ ပါရာစီတမောကို ကဖင်းဓါတ်ပါတဲ့ အစားအသောက်များနဲ့ တွဲပြီး မသောက်သင့်ပါဘူး။ တကယ်လို့ သောက်မိလျှင်လည်း တစ်နေ့ကို (၂)လုံးထက် ပိုသောက်မိလျှင် အန္တရာယ်ရှိပါတယ်။

၃။ ပါရာစီတမောဟာ အရက်၊ ဘီယာ စတဲ့ မူးယစ်ဆေးဝါးတို့နဲ့လည်း မတည့်ပါဘူး။

၄။ ပါရာစီတမောကို အခြားပါရာဆေးပါတဲ့ Decolgen တို့လိုဆေးနဲ့ တွဲမသောက်သင့်ပါဘူး။

၅။ ပါရာစီတမောကို တခါသောက်ရင် အနည်းဆုံး (၄)နာရီခြားသင့်ပါတယ်။ (၂၄) နာရီအတွင်း 500 mg (၈)လုံးထက်ပိုသောက်မိလျှင်အန္တရာယ်ရှိပါတယ်။

၆။ ပါရာစီတမောကို(အခြားအချိုရေ၊အချဉ်၊စတဲ့အထက်က ဖော်ပြခဲ့တာတွေနဲ့ရောမသောက်သော်လည်းပဲ)အလွန်အကျွံ သောက်မိလျှင်ကျောက်ကပ်နဲ့ အသည်း ပျက်စီးပြီး သေတတ်ပါတယ်။

ပါရာစီတမောတင်မကပဲ အကိုက်အခဲပျောက်ဆေးများနဲ့ အင်္ဂလိပ်ဆေးတော်တော်များများဟာ ဂတ်စ်ပါတဲ့ အချိုရေများ၊ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။ ရိုးရိုးရေနဲ့သောက်ရင် အကောင်းဆုံးပါ။ပါရာစီတမောလ်ဆေးဟာ မြန်မာပြည်သူပြည်သားများ အများဆုံးသောက်သုံးနေသည့် ဆေးတစ်မျိုးဖြစ်သည့်အတွက် မသိသေးသူများအတွက် အသိပေးခြင်းဖြစ်သလို သိပြီးသူများအတွက်လည်း သတိပေးရင်း မျှဝေလိုက်ရပါတယ်။

ပို၍ တတ်သိနားလည်သူများလည်း လိုအပ်မှုများ၊ မှားယွင်းမှုများ ရှိနေပါက ထပ်မံဖြည့်စွပ်မျှဝေပေးနိုင်ပါတယ်။ အသက်ကို ဉာဏ်စောင့်ဆိုသလိုကိုယ့်အသက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့်ဆင်ခြင်ပြီး လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်

Credit original writter
#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ & Knowledge

 #ခါးနာပေါင်တန်းအာရုံကြောညပ်တင်ပါးခွက်ကိုက်Sciaticaရောဂါ            အဆိုးဝါးဆုံးရောဂါပါ…အခံရအခက်ဆုံးရောဂါပါလို့ကျနော်ပြေ...
04/06/2025

#ခါးနာပေါင်တန်းအာရုံကြောညပ်တင်ပါးခွက်ကိုက်Sciaticaရောဂါ

အဆိုးဝါးဆုံးရောဂါပါ…အခံရအခက်ဆုံး

ရောဂါပါလို့ကျနော်ပြောလျှင် ယုံနိုင်မည်မဟုတ်ပါ

ကိုယ်တိုင်မှ မခံစားဖူးတာကိုး။သင့်ပတ်ဝန်းကျင်၌
ခါးကြီးစေါင်းငန်းစေါင်းငန်းနဲ့သွားနေသူတွေ။တင်
ပါးခွက်ကလေးကို ဖိကာပွတ်ကာ သွားလာနေတဲ့

သူတွေ။ပေါင်ကိုက်ဒူးကိုက် ခြေသလုံးတလျှောက်
ထုံကျင်နေတဲ့သူတွေ တွေ့ယင် အင်တာဗျူးကြည့်
ပါ။
လေသံတခုတည်း ထွက်တာ တွေ့ရပါလိမ့်မည်
(ရောဂါ အတော်စုံအောင် ဖြစ်ဖူးပါတယ်ဗျာ…ဒီတခါ အခံရခက်ဆုံးပဲ)လို့ဖြေကြပါလိမ့်မည်။

ဒီရောဂါအကြောင်းကို ကျနော့်ဆရာသမား
(Fighter အရာရှိကြီး)တယောက် အိပ်ယာပေါ်က
မထနိုင်ပဲ ကိုက်ခဲလွန်းလို့မျက်ရည်တွေတွေကျ

ပြီး အံကြိတ်ခံနေရတာ မကြည့်ရက်လို့ကျနော်ထဲ
ထဲဝင်ဝင်လေ့လာဖူးသည်။သူ့အခြေအနေက
မတ်တပ်ပင်မရပ်နိုင်ရှာတော့။လူကခါးတစေါင်း

ကြီးဖြစ်နေပြီ။တပ်မတော်ကပင်ထွက်ရတော့မည့်
အနေအထားပါ။ကျနော်နဲ့သိကျွမ်းသောအရိုးအ
ကြောပါရဂူတွေ…Rehabilitation ပါရဂူတွေ……

Phisiotheraphist တွေ……စုံနေပါဘီ။MRI ရိုက်
ဓါတ်မှန်ရိုက်…လေ့ကျင့်ခန်းလုပ်…အကိုက်အခဲ
ပျောက်ဆေးမျိုးစုံသောက်…်ဓါတ်ကင်Vibrator

နဲ့နှိပ်……မထူးခြားတော့ဗမာဆရာတွေအကြော
ပညာရှင်တွေ……အနှိပ်ပညာရှင်တွေ ……အို- မြန်
မာပြည်တနံတလျားစုံသလောက်နီးပါးဆိုပါတော့
ကုန်လိုက်တဲ့ငွေ……သွားလိုက်ရတဲ့ခရီး……အချိန်
ကတဖြည်းဖြည်းနဲ့တနှစ်ပြည့်တော့မည်။မသက်

သာသည့်အပြင်ပို၍ပို၍ဆိုးလာပါသည်……ခြေ
ထောက်ပါထုံကျင်လာပြီးညာခြေထောက်ကအာ
ရုံခံစားမှုမရှိတော့။တင်ပါးခွက်ထဲကမချိမဆန့်
ကိုက်ခဲသည့်ဒဏ်ကိုအယင်ကလိုအံကျိတ်မခံနိုင်
တော့သဖြင့်အော်ဟစ်၍ခံစားနေရရှာသည်။

ကျနော်လည်းလက်လှမ်းမှီရာဆေးပညာ
စာစောင်တွေ။အာယုဗ္ဗေဒတွေစုံစီနဖာဖတ်သည်။
ခါးခွဲလျှင်ပျောက်နိုင်သည်။ပြန်ဖြစ်ချင်လည်းဖြစ်
မည်။အကြမ်းဖျဉ်းပြောရလျှင် လူ့ခန္ဓာကိုယ်မှာ
အကြီးဆုံးအာရုံကြောမကြီးSciatic Nerve ဟာ
ခါးရိုး L4,L5 နေရာကစထွက်ပြီးဘယ်ညာဖြာကာ
တင်ပါးခွက်မှတဆင့်ခြေထောက်တလျှောက်ကို
Supply လုပ်ပါတယ်။ခါးရိုးကျဉ်းသူ, ခါးဆစ်မှာ
အတက(်ကျီးပေါင်း)ထွက်သူ။ခါးရိုးတီဘီရှိသူ ။
ခါးဆစ်တခုနှင့်တခုကြားကDisc အပြားလေးများ
ကျွံထွက်သူ တို့မှာထိုအာရုံကြောကိုဖိမိထိမိသ
ဖြင့် မခံစားနိုင်လောက်အောင် Lကွေးနေရာဖြစ်
သောတင်ပါးခွက်မှာသွားကိုက်ခဲတာပါ။သေသေ
ချာချာသိထားရမှာတခုက ဖြစ်ထာကခါးပါနော်။
ခံစားရတာကတင်ပါးခွက်ပါနော်။ဆရာဝန်တွေက
ဘယ်ဘက်ဖြစ်ယင်Sciatica Left ညာဖက်ဖြစ်
ယင်Sciatica Right လို့ခေါ်ဆိုကြပါတယ်။
တချို့သဘောတရားနားမလည်တဲ့အနှိပ်ဆရာ
တွေကလူနာတင်ပါးခွက်ကိုက်တယ်ပြောလေ
တင်ပါးခွက်ကိုစွတ်နှိပ်လေ……ကိုက်နေတဲ့အာရုံ
ကြောကိုနှိပ်တော့လူနာကလည်းသက်သာသ
ယောင်ယောင်ပေါ့။ခဏနေယင်တော့အကြော
တွေကယောင်ကိုင်းထလာပြီးအော်ရဘီ ငိုရဘီ ပေါ့ ။ဒါကြောင့်နားမလည်တဲ့လူနဲ့မပြမိပါစေနဲ့။

ဒီရောဂါဘာကြောင့်ဖြစ်သလဲမေးယင်
အခန့်မသင့်လို့ပဲလို့ဖြေရလိမ့်မယ်ထင်ပါရဲ့ ။
ယေဘူယျအားဖြင့်အဝလွန်သူ- အထိုင်များသူ -
ဆီးချိုရှိသူ - ခါးအလုပ်များသူ လို့အယင်က ဆို
ခဲ့ကြပေမယ့်သုတေသနစစ်တမ်းအရအမေရိကန်
မှာအသက်၄၀ ကျော်ယင်ကျား ၈၄ /ံ့ မ ၇၄ /ံ့
ဖြစ်ပါသတဲ့။တနည်းပြောရယင်လူတိုင်းနီးပါးဟာ
တချိန်ချိန်မှာဖြစ်လာနိုင်တယ်လို့ဆိုလိုပါတယ်။
Cauda Equina Sydrome လို့ခေါ်တဲ့အာရုံ
ကြောမျှင်တွေဖိနှိပ်ထိခိုက်ခံရတဲ့အခါနာတာရှည်
ဖြစ်သွားပြီးဆီးဝမ်းမထိမ်းနိုင်အောက်ပိုင်းသေ
ကြာလာယင်အကြောသေလေဖြတ်တဲ့အထိမို့
ပေါ့လို့ရတဲ့ရောဂါမဟုတ်ပါဖူး။ကျနော့်ဆရာသ
မားဖြစ်သွားတာကတော့ပြောရယင် အားနာပြီး
Position Disorder ဖြစ်သွားတာပါ။တနေ့မှာ
ပြည်ကနေရန်ကုန်ကိုစစ်သုံးမာဇဒါE2000 ပိကပ်
ကားလေးနဲ့ခရီးသွားပါတယ်။ဖြစ်ချင်တော့ကား
ထွက်ကာနီးမှအရာရှိကတော်တယောက်ကသူ့
မိခင်အသည်းအသန်ဖြစ်လို့ဆိုပြီးအကြုံလိုက် ပါ
တယ်။ကားခေါင်းကကျဉ်းပါတယ်။သူကအားနာ
တတ်သူညှာတာတတ်သူမို့ခေါင်းခန်းထဲကိုခေါ်
တင်ခဲ့ပါတယ်။ခြောက်နာရီလောက်ခရီးရှည်ကြီး
မှာကျနော့်ဆရာကအလယ်ကကြပ်ကြပ်သပ် သပ်လိုက်ယင်းထိုအရာရှိကတော်နဲ့ထိမိမှာစိုးလို့
မိန်းမသါးမို့အားနာယင်းကိုယ်ကိုကျုံ့သည်ထက်
ကျုံ့ကာဟန်ချက်မညီPosition မမှန်ပဲလိုက်လာ
ခဲပါသတဲ့။ခရီးဆုံးတော့ခါးတွေကပူပြီးညောင်း
ကိုက်နေပါသတဲ့။နောက်နေ့ကျတော့ခါးနာပါသ
တဲ့။၃ ရက်လောက်နေတော့ဒီရောဂါရခဲ့တာပါပဲ။
ခါးဆစ်ရိုးတခုနဲ့တခုအကြားကကြားခ ံ inter -
vertebral Disc. ကျွံထွက်သွားတာပါ။

ဒီရောဂါဖြစ်သူဘယ်လောက်များသလဲ ?
မြန်မာထိုင်းစင်္ကာပူမလေးရှား သွားကုသူတွေရဲ့
အခြေအနေ? သောက်ရတဲ့ဆေးတွေ?ခံစားရတဲ့
အခြေအနေတွေသိချင်သပ ဆိုယင်Face Book
မှာ "ခါးနာခြင်း Back Pain Group "လို့ရှာကြည့်
ပါ။ကျနော်အပိုမပြောကြောင်းသင်ကိုယ်တိုင်တွေ့
မြင်ရပါလိမ့်မယ့် ့ ့ ့ ့ ့ ့ ့ ့ ့ ့့ကျနော့်ဆရာသမားဟာ အရိုးအထူးကု ဂုရုကြီး
လို့ခေါ်ကြတဲ့ပြင်သစ်နိုင်ငံကProfessor Alain
Patel နဲ့တောင်ကုခဲ့ဖူးပါတယ်။အခြေအနေက
မတိုးတက်ပါဖူး။အော်မြဲအော် ကိုက်မြဲကိုက်လျက်

FBမှာပလူပျံအောင်share နေကြသည့် ရေထဲ
ဆင်းထန်းလျက်ဘယ်နှစ်ခဲစား တို့။အာလူးပါးပါး
ကပ် တာ တို့။ဘဲဥပြုတ်စားတာ တို့ ။သက်ရင်း
ကြီးမိဿလင် စည်းတာ တို့ စုံစီနဖာလုပ်သော်
လည်း အော်မြဲအော်ကိုက်မြဲကိုက်လျှက်။အကိုက်
အခဲပျောက်ဆေးတွေ။လူးရတဲ့ဆေးပူ ဆေးအေး
တွေလည်းစုံလှဘီ။ရန်ကုန်မြို့မှာအသစ်စက်စက်
ဖွင့်တဲ့ဆေးရုံကြီးကပါရဂူ တယောက်က မခွဲချင်
ဖူးဆိုတော့လည်း Operation ခန်းထဲထည့်။သေ
ချာTV Screen နဲ့ကြည့်ပြီးခါးထဲကို Steroid
ဆေးထိုးထည့်ပေးပါတယ်။OK သွားပါတယ်။But
သို့သော်လည်း ၃ ရက်မြောက်မှာပြန်ဖြစ်ပြန်ပြီ။

အခုရေးချင်တဲ့နေရာရောက်ပါပြီ။
ကျနော်လည်းဆရာသမားအတွက်စိတ်မကောင်း
ပါ။ဘေးကကြည့်ပြီးဘာမှလည်းမကူညီနိုင်။ သူ
လည်းဆေးထောက်ခံစာနဲ့ထွက်ခွင့်တင်လိုက်ပါ
ပြီ။တနေ့မှာ ပြည်မြို့ မင်းကြီးတောင်ပေါ်ကဘုန်း
ကြီးကျောင်းကိုကျနော်မုန့်သွားလှူယင်း စာဖတ်
ခန်းထဲက (အထင်မသေးနဲ့မြန်မာ့ဆေး) ဆိုတဲ့
ဆရာသိန်း ပြုစုသည်…………တန်ဖိုး ၅ ကျပ်………
စာအုပ်လေးဖတ်မိပါတယ်။အဲဒီမှာ………တင်ပါး
ခွက်ကိုက်သော်မခက်လော……အိုးမှုတ်ခွက်နင်း
သော်မပျောက်လော……ဆိုတဲ့ဆောင်းပါးလေး
ဖတ်မိပါတယ်။အားရဝမ်းသာကျနော်ဖတ်ကြည့်
ပြီးချက်ချင်းပဲPhotostat မိတ္တူကူးပါတယ်။
ကျနော့်ဆရာသမားကိုပြေးပြပါတယ်။ဆရာသမားက အနာကိုက်ခဲနေတဲ့ကြားကမချိပြုံးပြုံးယင်း
(မင်းကွာ…ငါဆေးကုတာတပြည်လုံးနှံ့ရုံမက ပြင်
သစ်ကပါရဂူနဲ့တောင်မပျောက်ထာ) လို့ပြောရှာ
ပါတယ်။ဒါပေမယ့်ကျနော်လက်မလျှော့ပါ။သူ့ရဲ့
ဇနီးနဲ့အတူတူ စာအုပ်ပါလေ့ကျင့်ခန်းတွေလုပ်
ဖြစ်အောင်အတင်းတွန်းအားပေးခဲ့ပါတယ်။ပထမ
တရက် မထူးခြား။ဒုတိယတရက် ခါတိုင်းထက်
နည်းနည်းသက်သာလာသည်။ တတိယရက်
ကျတော့ ကေါင်းကေါင်းအိပ်လို့ရပါပြီ။တနှစ်တိ
တိခံစားရတဲ့ရောဂါ ၅ ရက်မြောက်တော့အရှင်း
ပျောက်။ဆယ်ရက်လေါက်နေတော့ပုံမှန်လုပ်ငန်း
ခွင်ပြန်ဝင်နိုင်ပါပြီ။အခုချိန်ထိလည်းခါးပြန်မနာ
တော့ပါ။

သူတယောက်ထဲလားဆိုတော့မဟုတ်ပါ။အလား
တူဝေဒနာရှင် ဆယ့်နှစ်ယောက်တိတိကိုကျနော်
ဒီနည်းနဲ့ကယ်ခဲ့ဖူးပါသည်။မင်းတို့တပ်ထဲမှာ
ပုံစံတူဝေဒနာသည်အဲ့သလောက်များသလားလို့
မထင်ပါနဲ့။တပ်ထဲက ၃ ယောက်ပါ။အပြင်က
ဝေဒနာသည် ၉ ယောက်ပါ။ကျနော်ဒီနည်းသိပြီး
တဲ့နောက်မှာ သွားယင်းလာယင်း ခါးစေါင်းနေတဲ့
ဝေဒနာသည်တွေ။ခြေထော့နဲ့ထော့နဲ့ဝေဒနာ
သည်တွေ။တင်ပါးခွက်လေးပွတ်ပွတ်နေတဲ့ ဝေဒ
နာသည်တွေတွေ့ယင်ကျနော်က သိသိမသိသိ
အတင်းလိုက်မိတ်ဖွဲ့ပါတယ်ဘယ်လိုဖြစ်ထာလဲ?
ပေါင်တန်းနေတယ်မဟုတ်လား?ခြေထောက်
ခြေဖျားတွေထုံကျင်နေတယ်မဟုတ်လား?
တင်ပါးခွက်ကမခံစားနိုင်အောင်ကိုက်ခဲနေတယ်
မဟုတ်လား?ခါးနာတာကစ တာမဟုတ်လား?
ဗုဒ္ဓဘာသာမြန်မာလူမျိုးပီပီ ကူညီချင်တယ်-ကယ်
တင်ချင်တယ်လေ။ဇီဝိတဒါနပေါ့…………

ကဲ ဆေးနည်းလေး - စလိုက်ကြရအောင်……

အချိန်ဆယ်မိနစ်ဆိုရပါပြီ။
အိပ်ကာနီး အိပ်ရာမဝင်ခင်အချိန် ဆိုပါတော့……
မိမိရှေ့မှာ … ခါးလောက်ရှိတဲ့ တန်း(သို့)ခုံ (သို့)
ပြူတင်းပေါက်ဘောင် တခုခုရှိပါစေ။လူက နှစ်
တောင်လောက်ခွာပြီးခြေစုံရပ်ပါ။ဘယ် (သို့)ညာ
ခြေတဖက်ကိုထိုတန်းပေါ်သို့လှမ်းတင်လိုက်ပါ။
ကျန်တဖက်ကရပ်လျက်ပေါ့။ထိုသို့တင်လိုက်ပါ
ကထိုခြေထောက်၏ပေါင်ကြောများတောင့်တင်း
နေပါလိမ့်မည်။၄င်းပေါင်ခြေသလုံးအောက်ဖက်ရှိ
ကြွက်သားများကိုမိမိလက်၂ဖက်နှင့်နှိပ်နယ်ချေ
ပေးပါ။ငါးမိနစ်ခန့်။ပြီးလျှင်နောက်တဖက်ပြောင်း
အလားတူ။

အရမ်းမချွံထက်သောအုန်းမှုတ်ခွက်(တခြမ်းစီ)
အနေတော်ကိုကြမ်းပြင်မှာချထားပါ။ဘယ်ညာ
၂ဖက်စလုံးတက်ရပ်ပါ။ပြီးလျှင်ဘယ်ညာဘယ်
ညာစည်းချက်ကျကျအချက်၁၀၀ခန့်နင်းပါ ။
နင်းသည့်အခါခြေဖဝါးအလယ်ခွက်မနင်းရပါ။
ခြေဖဝါးစေါင်းပတ်လည် ဘယ်စေါင်းညာစေါင်း
ဖနောင့်ခြေဖျားလေးများစုံအောင်နှံ့အောင်ပူထူ
လာအောင်နင်းရမည်။ပြုတ်မကျအောင်တန်းတ
ခုခုကိုကိုင်ထားပါ။

ပြီးပါပြီ။ ဒါပါပဲ။ ထိုအချိန်မှစ၍တညလုံးခြေဖဝါး
ရေမထိပါစေနှင့်။တညလုံးခြေဖဝါးကအပူတွေ
တရှိတ်ရှိတ်ထွက်သလိုခံစားရပါလိမ့်မည်။အလွန်
လွယ်ကူပါသည်။တခုပဲ သတိပြုရမည်ရောဂါကြီး
လျှင်ပထမဆုံးခါးအမြင့်လောက်ခြေထောက် ကို
မြှောက်နိုင်မည်မဟုတ်ပါ။နိုင်သလောက်အမြင့်ပဲ
လုပ်ခိုင်းပြီးတဖြည်းဖြည်းချင်းတိုးမြှင့်သွားပါလေ။
အလွန်လွယ်ကူသောနည်းမို့အထင်မသေးပါနှင့်။
ကျနော်နည်းပေး၍ပျောက်ကင်းသွားသူ ၁၂ ဦးထဲ
တွင် ဂျာမန်မှ Odee Harlan ဆိုသောဆရာဝန်
တယောက်ပါဝင်ပါသည်။

အုန်းမှုတ်ခွက်နင်းရုံနဲ့ဘာကြောင့်
ပျောက်သလဲ?ကျနော့်ကိုလာမမေးပါနှင့်။ပထဝီ
တေဇောအာပေါဝါယောကျနော်မသိပါ။ကျနော်
ဗိန္နောဆရာမဟုတ်ပါ ။အရိုးအကြောပညာရှင်
Ortho/physiotheraphy /Rehabilitation
ကျနော်ဘာမှမသိပါ။ကျနော်ဆရာဝန်လည်း
မဟုတ်ပါ။ဆေးပညာလည်းနားမလည်ပါ။သာမန်
တပ်မတော်သား စစ်သားတဦးသာဖြစ်ပါသည်။
ပျောက်ခဲ့ဖူးလို့
ပျောက်စေချင်လို့
အတွေ့အကြုံမျှဝေခြင်းသာဖြစ်ပါသည်။
ယုံကြည်လျှင်လုပ်ကြည့်ပါ။

မနေ့က ဝေဒနာရှင်တဦးနှင့်တွေ့၍…အကြံပေး
စကားပြောကြားယင်းဒီအကြောင်းရေးဖို့စိတ်ကူး
ရလာတာပါ။စေတနာရှေ့ထား သနားစာနာစိတ်
ဖြင့်အပင်ပန်းခံစာအရှည်ကြီးရေးခြင်းဖြစ်ပါသည်။

Morning ဘေးအန္တာရယ်ကင်း လိုရာဆန္ဒ ပြည့်ဝကြပါစေ🙏🙏🙏🙏
25/01/2025

Morning
ဘေးအန္တာရယ်ကင်း လိုရာဆန္ဒ ပြည့်ဝကြပါစေ🙏🙏🙏🙏

ကြက်သွန်ဖြူစားတယ် ရေနွေးသောက်တယ် ခြေသလုံးလေ့ကျင့်ခန်းလုပ်တယ် 😁***************************************** #သွေးခဲပြီး မလို...
24/01/2025

ကြက်သွန်ဖြူစားတယ် ရေနွေးသောက်တယ် ခြေသလုံး
လေ့ကျင့်ခန်းလုပ်တယ် 😁
*****************************************

#သွေးခဲပြီး မလိုလားအပ်တာတွေ မဖြစ် စေလိုပါ။

အခုတလောမှာကြုံတွေ့နေကြရတာက
သွေးခဲပြီး အသက်အန္တရယ်
ထိခိုက်စေတဲ့ အဖြစ်တွေပါပဲ။

သွေးမခဲအောင်ဆိုပြီးသွေးကျဲဆေးတွေသောက်
ကြရတယ်။ ဒါကြောင့်သွေးကျဲဆေးဈေးတွေ
မိုးပေါ်ရောက်သွားတယ်။

လူအများမေးကြတာက
သဘာဝနည်းနဲ့သွေးကျဲအောင်လုပ်လို့မရဘူးလား
တဲ့။

ရပါတယ်။

သဘာဝနည်းနဲ့သွေးကျဲအောင်လုပ်တဲ့
နည်းကိုအခုပြောပြပါမယ်။

သွေးကျဲဆေးလိုပဲသဘာဝမှာသွေးကျဲအောင်လုပ်
ပေးနိုင်တာကတော့

#ကြက်သွန်ဖြူဖြစ်ပါတယ်။

#ကြက်သွန်ဖြူဟာ သွေးကျဲဆေးထက်အများ
ကြီးပိုကောင်းပါတယ်။ပြီးတော့ကမ္ဘာ့ကပ်ရောဂါ
တစ်ခုဖြစ်တဲ့ပုလိပ်ရောဂါကိုလည်းကြက်သွန်ဖြူ
နဲ့ပဲအနိုင်ယူခဲ့ကြတာဖြစ်တယ်။ထမင်းစားရင် ကြက်သွန်ဖြူသုံးလေးတက်လောက်စားပေးသင့်တယ်။

သဘာဝမှာသွေးမခဲအောင်လုပ်ပေးနိုင်တာတစ်ခု
ရှိပါသေးတယ်။အဲဒါကတော့နနွင်းဖြစ်ပါတယ်။
နနွင်းကဆီနဲ့ဖျော်သောက်မှအူတွေကနေစုပ်ယူနိုင်
တာဖြစ်တယ်။အခုလိုအခါမှာ ဇွန်းသေးနဲ့မနက်တစ်
ဇွန်းညနေတစ်စွန်းသောက်သင့်တယ်။

နောက်တစ်ခုကတော့သံလွင်ဆီဖြစ်တယ်။ဆံချည်မျှင်
သွေးကြောလေးတွေအတွင်းထဲအထိရှင်းလင်းပေးနိုင်
တာကမ္ဘာပေါ်မှာသံလွင်ဆီတစ်မျိုးပဲရှိတယ်။နနွင်းဖျော်
သောက်ရာမှာသံလွင်ဆီနဲ့ပဲဖျော်သောက်ကြပေါ့။

သွေးခဲတဲ့သူတွေရဲ့သွေးဟာပျစ်နေလေ့ရှိတယ်။သွေးခဲ
ခြင်းရခြင်းကသွေးပျစ်နေလို့။သွေးပျစ်ရတာကရေသောက်
နည်းလို့။ရေများများသောက်မှသွေးကကျဲလာတာဖြစ်တယ်။
ဒါကြောင့်တစ်နေ့ကိုရေ၄လီတာလောက်သောက်ရမယ်။

#ရေ ခပ်နွေးနွေးသောက်တာအကောင်းဆုံးပဲ။

သွေးပျစ်တဲ့သူတွေဟာအချဉ်ကြောက်ကြသူတွေများတယ်။

အချဉ်ဓါတ်စားပေးရင်သွေးကျဲတယ်။ဒါကြောင့်သံပရာရည်
ချဉ်ချဉ်လေးသောက်ပေးဖို့ကောင်းတယ်။အနောက်နိုင်ငံက
တွေကတော့သွေးကျဲဖို့ကီဝီသီးတွေစားလေ့ရှိပါတယ်။အခုမြန်မာပြည်မှာတော့ကင်ပွန်းချဉ်ဟင်းချိုသောက်ပြီးအဆင်ပြေနေကြပါတယ်။

သွေးထဲမှာရောနေတဲ့အရည်ကြည်တစ်မျိုးရှိပါတယ်။အဲဒါကို
သွေးသည်းခြေလို့ခေါ်ပါတယ်။သွေးသည်းခြေနည်းနေရင်လည်း သွေးကပျစ်တတ်တယ်။

သွေးသည်းခြေဓါတ်အားကောင်းဖို့အတွက်
ကတော့အခါးကြွယ်ဝတဲ့ကြောင်ရှာ၊ခွေးတောက်၊ငရုတ်ခါး၊ဆင်တုံးမနွယ်၊ရဲယို၊ဒန့်ဒလွန်တွေစားပေးသင့်တယ်။အခါးစားမှလည်း ဝါယောအားကောင်းပြီးသွေးလည်ပတ်မှုမှန်မှာဖြစ်တယ်။

အထိုင်များအအိပ်များရင်သွေးလေးပြီးသွေးခဲတတ်တယ်။

ဒါကြောင့် လမ်းလျှောက်ပေးရမယ်။

လမ်းလျှောက်လို့ခြေသလုံးကြွက်သားတွေ
ညှစ်တော့မှသွေးကနှလုံးကိုတွန်းအားနဲ့ရောက်တာဖြစ်တယ်။ခြေသလုံး၂ခုဟာ ဒုတိယနှလုံးတွေဖြစ်တယ်။ခပ်ဖြေးဖြေးလျှောက်ပေါ့။

Credit
ကျန်းမာရေး ဗဟုသုတ မျှဝေကြမယ်နော်

-ဆီးသွားများလျှင်အနေခက်ဥသျှစ်ရွက်သုတ်စား-ပါးစပ် နှုတ်ခမ်း တို့၌ ရေယုံပေါက်လေးညုင်းပွင့်သွေးလိမ်း-ဝမ်းပျက် ဝမ်းလျှော အားက...
12/01/2025

-ဆီးသွားများလျှင်အနေခက်
ဥသျှစ်ရွက်သုတ်စား

-ပါးစပ် နှုတ်ခမ်း တို့၌ ရေယုံပေါက်
လေးညုင်းပွင့်သွေးလိမ်း

-ဝမ်းပျက် ဝမ်းလျှော အားကုန်ခမ်း
ဧကရာဇ်မြစ်ကို
ဆန်ဆေးရေ နဲ့ သွေးသောက် -
မကျီးခေါက်သွေးသောက်

-မုတ္တယောင် (ဝှေးဥယောင်)ကျဆေး
ဝက်ကြိမ်ရွက်နဲ့ဆနွင်းစိမ်းတက်
ရော ထောင်း အုံ၍ပတ်တီးစည်း
ရေဆွတ်ဆွတ်ပေး

-နှလုံးရောဂါ ရုတ်တရက် မော ကြပ် အောင့်
(1)ဂျင်းစိမ်းကိုဆားနဲ့တို့စား(လက်မလောက်)
(2)မိတ်သလင်ကိုဆားနဲ့တို့စား(လက်မလောက်)
ရေအေးတဝသောက်

-အိမ်မပျော်လျှင်
ဒန်ကျွဲပင်ပြုပ်သောက်
မဲဇလီရွက်ဟင်းချိုချက်သောက်
လက်သုတ် သုတ်စား

-နှာခေါင်းသွေးလျှံ
ကျောက်ချဉ်အမှုန့်ထောင်းရှူ

-ကင်းကိုက် အဆိပ်အတောက်
ကျောက်ချဉ်သွေးလိမ်း
(၃၉)သားအိမ်ကိုက် အကြောတက်
(1)သက်ရင်းကြီးမြစ်(သို့)အခေါက် (၁၀)ဇွန်း
(2)ဆင်သမနွယ်သွေးသောရည် (၂၀)ဇွန်း
ရောစပ်၍သောက်

-သွေးပျစ် သွေးခဲလွန်းလျှင်
ရှောက်ရည် သံပုရာရည် တစ်ဝသောက်
ကင်ပွန်းချဉ်ရွက်ကြမ်းကျကျကြိုသောက်

-ကျောက်တည်ရောဂါ
ကျောက်ကွဲပြုတ်သောက်
သံမနိူင်ကျောက်မနိူင်ဆေးသောက်
ကဒက်ခေါက်ကို သံပုရာရည်နဲ့သွေးသောက်
ငါးဦးခေါင်း၌ရှိသော
ကျောက်ကလေးများကို
မြေအိုးထဲထည့်၍လှော်(မီးမကျွမ်းစေရ)
နီရဲလာလျှင်သံပုရာရည်နဲ့ပက်ဖျန်း
(သို့)သံပုရာရည်ထဲသို့သွန်ထည့်
ကြေမွသွားသော
ကျောက်မှုန့်များကို ချင့်ချိန်သောက်

-ရင်ပြည့်အစာမကျေ
လေးလံ အဝလွန် အကြောတက် အဆီကျဆေး
(1)သက်ရင်းကြီးရွက်ရင့်
(2)ငုရွှေ(သီးတောင့်ရှည်)ရွက်ရင့်
(3)ပွေးကိုင်းရွက်ရင့်(အဖူး မထည့်ရ)
(4)ရှားဖြူရွက်ရင့်
(5)မကျီးရွက်ရင့်
(6)ကင်ပွန်းချဉ်ရွက်ရင့်
လေးတူဆတူကျိုသောက် (၆ ပါးဆေး)

-ချောင်းဆိုးလျှင်....
ခရေပွင့်ကိုတညလုံးရေစိမ်၊
နံနက်တွင် ထိုရေကိုစစ်၍သောက်ပါ ၊ပျောက်၏ ။

-ရင်ပြည့်ရင်ကယ် ..
ကြက်ဟင်းခါးသက်စောင့်ဆေးကို
နှမ်းဆီ --ပရုပ်ဆီဖြူ ဖြင့်ဖျော်၍
ရင်မှအသာအယာသပ်ချပါ ။

-နှာပိတ်သော်.....
ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊
ရှိန်းခိုနဲနဲထည့် ၊
ငယ်ထိပ်မှနှာခေါင်းအထိ
ဆေးအရည်နှင့်ဆွဲပေးပါ ။

-တက်လျှင်....
ဆင်ငိုမြက်ပြုပ်ရည်ကိုတိုက်ပါ ။ အတက်ချက်ချင်းကျသွားမည် ။

-ရေငတ်ဝမ်းကျ .....
ဆီးသီးအစေ့အတွင်းမှအဆန်ကို
အမှုန့်ပြု၍ နွယ်ချိုနှင့်ရောပြီးစားပေးပါ ။

-ကင်းထိုးသော်.......
ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ်သွေးလိမ်းပါ ။

-ကြို့ထိုးလျှင်......
ကြက်သွန်းနီကိုထန်းလျှက်နှင့်နိုင်းချင်း ကြိတ်၍စား ။

-ခရုသင်း.....
ကျည်းသီးဆန်ကို
ဆန်ဆေးရည်နှင့်တွဲစပ်၍
ရက်ပေါင်းများစွာစားရပါသည် ။

-ခြေတုန်လက်တုန်ဖြစ်လျှင်....
ကြိတ်မှန်ရွက်ယိုထိုးစားပျောက်၏ ။

-ခါးနာ ခါးကိုက်......
ညောင်ခြေထောက်ပင်၏ နို့စေးရည်လိမ်းပေးပါ ။

-ငှက်ဖျားထလျှင် ....
ြမြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှစီကြိတ်၍ သောက်ပါ ။

-ခံတွင်းပျက်လျှင်.....
ကြိတ်မှန်ရွက်ယိုထိုးစားပေးပါ ။

-ခေါင်းတခြမ်းကိုက်လျှင်.......
ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့်သွေးလိမ်းပေးပါ ။

-စကားထစ်လျှင်. .
နံနက်တိုင်းမြင်းခွာရွက်
တစ်ရွက်နှစ်ရွက်လောက် နေ့စဉ်စားပေးပါ ။

-စအိုယားနာ....
ကြိတ်မှန်ရွက် အရည်ညှစ်၍
စအိုဝတွင် သုံးလေးကြိမ်သုပ်လိမ်းပေးပါ ၊
ဝမ်းတွင်းရှိ ပိုးများကျဆင်းလာပါလိပ်မည် ။

-ဆီးချုပ်လျှင်....
ငုပင်၏ အနှစ်ိုကိုသွေး၍
ချက်အောက်မကြာခဏ လိမ်းပေးပါ ။

-ဆီးတစက်စက်ကျလျှင်...
ကြက်သွန်နီကိုပြုပ်၍ အရည်ကိုသောက်ပေးပါ ။

-ဆီးချုပ်လျှင် ......
ဆီးများစေရန် ကြက်သွန်နီ အစိမ်းများများ စားပေးပါ ။

-ဆီးအောင့်ကျောက်တည်လျှင်......
ကြာဟင်းရွက်ကိုနွားနို့ နှင့်သကြားရော၍ နေ့စဉ်စားပေးပါ ။

-ဆီးချိုဖြစ်လျှင် ....
ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ ။

-ဆီးအနှစ်ကျလျှင်.....
သင်္ဘော ရွက် သုံးရွက်ကို
ထန်းလျက် သုံးခဲ ၊ဆားအနည်းငယ် ထည့် ၊
သုံးခွက်တစ်ခွက်တင်ကျို၊ တနေ့လုံးသောက်ပေးပါ ။

-ဆီးပူလျှင်....
ဆီးသွားသောအခါ ပူလိုက်တာ စားပါ ဗူးသီးပြုတ်။

-ဆံပင်ပြန်ပေါက်ဆေး......
သံပုရာစေ့ကိုရေနှင့်ကြိတ် ၊
နေ့စဉ်ဆံပင်ကိုလိမ်းပေးပါ ၊ ဆံပင်ပြန်ပေါက်၏

-တင်းတိပ်....
နနွင်းနှင့် ငဖြူကြီးအစေးကိုသွေးလိမ်းပေးပါ ။

-ဓာတ်ချုပ်လျှင် ......
ထန်းလျက်နဲ့မန်ကျီး ကို ဆားမြတ်မြတ်ထည့်၍
တည်ပြီးစားလျှင် ဝမ်းသက် ဝမ်းမှန်၏ ။

-နားကိုက်လျှင်.....
ကြက်သွန်နီကိုမီးဖုတ် ၊
အရည်နွေးနွေးနားထဲထည့်
နားကိုက်ခြင်းပျောက်၏ ။

-နားအူ နားလေထွက်လျှင်....
သဘောင်္ရွက် မီးအုံး၍ အတို့အမြှုပ်လုပ်စားပေးပါ ။

-နားပြည်ယိုလျှင်....
ကျီးအာသီးကြိတ်ဖတ်ကို
အုန်းဆီနှင့်ရော၍ကြက်တောင်နှင့်ကျပ်ပေးပါ။

-နားအတွင်းပိုးကောင်ဝင်လျှင်....
ခရမ်းကစော့သီးကိုမီးရှို့ပြီး အခိုးခံ
မုန်ညင်းဆီနှင့်နားကိုကျပ်ပေးပါ ။

-နို့ကြောင်းပိတ်လျှင်....
ကြိတ်မှန်ရွက်ကို
ငါးကြင်းသားကင်နဲ့ ချက်စားပေးပါ ။

-နို့လှိုင်လှိုင်ထွက်ဆေး......
စမြိတ်စေ့ကို လှော်၍စားလျင်နို့ထွက်ကောင်း၏

-နှလုံးရောဂါဖြစ်လျှင်..
ခရေပင်၏အခေါက်ပြုတ်ရည်ကို သောက်ပါ ၊
အပွင့်ကိုရှူ ၊အသီးကို စားပေးပါ
အမြစ်ပြတ်ပျောက်၏ ။

-နှခေါင်းသွေးလျှံလျှင်......
ငှက်ပျောပင်မှ ထွက်သော အစေးကို ရှူပေးပါ ။

-နှာခေါင်းအနံ့ မရသောရောဂါ ဖြစ်လျှင်. ...
ကြိတ်မှန်ရွက် ညှစ်၍ရသောအရည်ကို ခဏ ခဏရှူပေးပါ ။

ဆေးနည်း ၁၀၀၀ စာအုပ်မှ ကူးယူမျှဝေသည်။
အနာနဲ့ဆေးတွေ့ကြပါစေ
မေတ္တာများစွာဖြင့်.........
ရှယ်ယူထားလို့ ပိုနေတယ်မရှိပါ။

ေးမြှီးတိုများ....မှတ်စု

သတိထားပါ 😅😬Ensure ဖျော်နည်း-----------En Sure..ဟာ..ဗူးအကြီး..အသေး..နဲ့သော်၄င်း..တခါသောက်ဗူးကလေးတွေနဲ့သော်၄င်း...ပုံစံအမျ...
10/08/2024

သတိထားပါ 😅😬
Ensure ဖျော်နည်း
-----------
En Sure..ဟာ..ဗူးအကြီး..အသေး..နဲ့သော်၄င်း..

တခါသောက်ဗူးကလေးတွေနဲ့သော်၄င်း...

ပုံစံအမျိုးမျိုးထုတ်ထားခဲ့ကြတာမျိုးပါ...

En Sure..ဟာအရသာမျိုးစုံလာပါတယ်..

စတော်ဘယ်ရီအရသာ..သခွားမွေးအရသာ..နဲ့

နို့အရသာအပြင်.သဘာ၀အရသာမျိုးလဲလာပါတယ်.

✅En Sure...ဆိုတာကိုသောက်တဲ့အခါ..အမှုန့် ကို

ကိုယ်လိုသလောက်ကိုယ်သောက်မဲ့ခွက်ထဲထည့်ပါ..

ပထမဦးဆုံး..အဲ့အမှုန့်ကိုရေကြက်သီးနွေးလေး..

(အနည်းငယ်သာအပူဓါတ်ရှိတဲ့ရေနဲ့ဖျော်ရပါတယ် )

ပထမဦးဆုံးရေနဲနဲမှ..နဲနဲလေးပဲထည့်ဖျော်ရတာပါ..

✅အဲ့လိုဖျော်ပီးတဲ့အခါကျမှ..

လုံး၀မပူ..လုံး၀အအေးဓါတ်မရှိတဲ့ရေနဲ့ရောပီး..

ဖျော်သောက်ရတာမျိုးပါ..

✅En Sure..ရဲ့ဓါတ်သဘာ၀ဟာ..

ရေပူမပြောနက်..ရေခဲသေတ္တာထဲကရေနဲ့လဲဖျော်လို ့

လုံး၀မရပါ....ဖျော်ပီးတဲ့အခါမှာမပူ..မအေးတဲ့..

သာမာန်အနေအထားပဲရှိနေရမှာဖြစ်ပါတယ်..

✅En Sure..ကို.အေးအောင်ဆိုပီးရေခဲသေတ္တာထဲလဲ..

ထားလို့မရပါဖူး..ကော်ဖီဖျော်သောက်သလို.

ပူနေအောင်ပဲဖစ်ဖစ်..နွေးနွေးလေးအနေအထားပဲ.

ဖစ်ဖစ်..အဲ့လိုလဲသောက်လို့မရပါ..

✅သဘာ၀အရသာကိုမကြိုက်လို့ဆိုပီး..

ကျန်တဲ့ဘယ်လိုအရာနဲ့မှရောဖျော်ပီးမသောက်ရပါ.

အချိုဓါတ်မရှိဖူး..သိတ်မချိုလို့ဆိုပီးတော့လဲ.

ဘာမှထပ်ရောလို့မရပါ..

✅En Sure..ဟာ..အေးတာ..နွေးတာ..ပူတာ.ဖြစ်ခဲ့ယင်ဖြင့်.

သူ့ရဲ့အားဖြည့်ပေးတဲ့အာနိသင်ဟာအလိုအလျှောက်..

ပျက်ပျယ်သွားတတ်တာမျိုးပါ..

အဲ့လိုဖျော်တိုက်မိတဲ့အခါ..အဆင်မသင့်ယင်..

၀မ်းပျက်..၀မ်းလျှောတတ်တာအပြင်..

ဘာအာနိသင်မှမရှိတော့ပါဖူး..

✅သူ့ကိုသောက်တဲ့အခါမှာလဲမနက်အိပ်ယာထတကြိမ်

ညအိပ်ယာ၀င်ကာနီးတကြိမ်.နှစ်ကြိမ်တိုက်မှ..

အကျိုးရှိစေတတ်သာမျိုးပါ..

စျေကြီးပေး၀ယ်ပီး..အလကားမဖြစ်ရအောင်..

ကိုယ့်လူမမာအတွက်လဲ..အကျိုးရှိရှိဖျော်တတ်အောင်..

မေတ္တာရှေ့ထားပီး..စေတနာစကားပါးလိုက်ပါတယ်.နော်

✅Ensure..ဟာ..လုံး၀...လုံး၀...

မပူရ.(နွေးနွေးလေးတောင်မသောက်ရပါ.)

လုံး၀..လုံး၀..အေးမနေရပါ..

အာနိသင်ပျက်သွားပီး.ငွေကုန်သာဖဲအဖတ်တင်မှာပါ.လို့..

Credit
ပြန်လည်မျှဝေသည်။

ကိုယ်အခု မကြိုးစားရင်၊ နောင်ကျရင် ကိုယ့်သားသမီးက ပိုကြိုးစားရမယ်။ကိုယ်အခု ပေါ့ပေါ့နေရင်၊ နောင်ကျရင် ကိုယ့်သားသမီးက ပိုရု...
21/07/2024

ကိုယ်အခု မကြိုးစားရင်၊
နောင်ကျရင် ကိုယ့်သားသမီးက
ပိုကြိုးစားရမယ်။

ကိုယ်အခု ပေါ့ပေါ့နေရင်၊
နောင်ကျရင် ကိုယ့်သားသမီးက
ပိုရုန်းကန်ရမယ်။

တာဝန်ယူစိတ်မရှိတဲ့ မိဘသာလျှင်
သားသမီးတိုင်း သူ့ထိုက်နဲ့သူ့ကံရှ်ိပြီးသား ဆိုတဲ့စကား ပါးစပ်ထဲအမြဲပြောတယ်။

သားသမီးတွေရဲ့ကံဆိုတာ
မိဘခင်းပေးတဲ့လမ်း၊
မိဘခင်းပေးတဲ့ဘဝစမှတ်ပေါ်မှာ
အများကြီးမူတည်တယ်။

** အစားမတော် တလုတ် အသွားမတော်တလှမ်း**ဆိုသလိုမဖြစ်စေဖို့  မိတ်ဆွေတွေအတွက် တင်ပေးလိုက်ပါတယ်နော် 🥰  #ဒူးရင်းသီးနဲ့ဓာတ်မတည့်...
27/04/2024

** အစားမတော် တလုတ် အသွားမတော်တလှမ်း**ဆိုသလိုမဖြစ်စေဖို့ မိတ်ဆွေတွေအတွက် တင်ပေးလိုက်ပါတယ်နော် 🥰

#ဒူးရင်းသီးနဲ့ဓာတ်မတည့်သောအစားစာများ‼️


နှုတ်စီးလိုလျှင်*************ဗန်း​မော်ဆရာ​တော်ဘုရားကြီးက မိန့်​တော်မူလိုက်ပါတယ်။                  #နှုတ်စီးလိုလျှင် တရား...
24/04/2024

နှုတ်စီးလိုလျှင်
*************

ဗန်း​မော်ဆရာ​တော်ဘုရားကြီးက
မိန့်​တော်မူလိုက်ပါတယ်။

#နှုတ်စီးလိုလျှင်
တရားစာ များများရွတ်
ပဋ္ဌာန်းကျမ်း​တွေ ရွတ်
မေတ္တာ​တွေ ပို့ပါတဲ့။

#ဘုန်းဘုန်းကြီး ဂျပန်​ရောက်ခိုက်
အမျိုးသမီးတစ်​ဦး
အခက်အခဲ အကျပ်အတည်း
ဖြစ်​နေချိန်

ဘုန်းဘုန်းကြီးက
အဆင်​ပြေ​စေသတည်း လို့
မိန့်​တော်မူလိုက်တာ ​

နောက်ရက်က​နေ စပြီး
အလုပ်အကိုင်​တွေ
အဆင်​ပြေသွား​ပါတယ်တဲ့။

#နောက်တစ်ဦးကလည်း
အဆင်မပြေဘူးတဲ့။

ဒါကို ဘုန်းဘုန်းကြီးသိပြန်တော့
အဲဒီလို ထပ်မိန့်လိုက်တယ်။

သူလည်း အလုပ်အကိုင်တွေ
အဆင်ပြေသွားပါတယ်တဲ့။

တကယ်တော့...
ဘုန်းဘုန်းက
နှစ်​ပေါင်းများစွာ ပရိတ်​တွေရွတ်
ပဋ္ဌာန်းတွေ ရွတ်​နေ​တော့
ဘုန်းဘုန်း နှုတ်က
သိဒ္ဓိပြီး​နေတာ
နှုတ်စီး​နေတာလို့ မိန့်ပါတယ်။

ဘုရားရှင် လက်ထက်ကလည်း
ရှိခဲ့တယ်​နော်...

#ရှင်သီဝလိ​ဆို လူတိုင်းသိကြမှာပါ။

ရှင်သီဝလိရဲ့မယ်​တော်
သု ပ္ပ ဝါသာ မယ်​တော်ဟာ
ခုနစ်နှစ်ကိုယ်ဝန်​ဆောင်ရတာ
ဝဋ်​​ကြွေးကြောင့်ပါ။

သုပ္ပဝါသာဟာ မြတ်စွာဘုရားရှင်ကို
သူသည်းခံ​နေပါ​ကြောင်း ​လျှောက်တဲ့အခါ

ဘုရားရှင်က...
သုပ္ပဝါသာ ​ရောဂါ မရှိမူ၍
ချမ်းသာ​စေသတည်း...

ရောဂါကင်း​သော သားကို
ဖွားမြင်​စေသတည်းလို့
နှုတ်မြွက်တော်မူတဲ့ တစ်ခဏအတွင်းမှာပဲ
သက်​တောင့်သက်သာနဲ့
ဖွားမြင်ခြင်းကိစ္စ ပြီးပါတယ်။

ဒီ​တော့ နှုတ်စီးချင်တယ်ဆို
ဘာလုပ်ရမလဲ သိ​လောက်​ရော​ပေါ့​နော်...

ဗန်းမော်ဆရာတော်ဘုရားကြီး🙏🙏🙏

Zar Zar Sky

ကျောက်စိမ်းဧကရာဇ်ပင်===================- Zanzibar Gem- အိမ်တွင်းစိုက် လေသန့်ပင်ထဲမှာပါဝင်တဲ့ကျောက်စိမ်းဧကရာဇ်ပင်ရဲ့ ရုက္...
21/04/2024

ကျောက်စိမ်းဧကရာဇ်ပင်
===================
- Zanzibar Gem

- အိမ်တွင်းစိုက် လေသန့်ပင်ထဲမှာပါဝင်တဲ့
ကျောက်စိမ်းဧကရာဇ်ပင်ရဲ့ ရုက္ခအမည်မှာ
( Zamioculcas Zamiifolia ) ဖြစ်ပြီးတော့
( Araceae ) မျိုးရင်းဖြစ်ပါတယ် ...

- သူဟာ အမြင့် ( 3 ) ပေခန့်အထိမြင့်နိုင်သော
အလှစိုက်ပင်မျိုးဖြစ်ပြီး ၊ မူရင်းဒေသကတော့
အာဖရိက ဖြစ်ပါတယ် ...

- ဒီအပင်ဟာ မြန်မာနိုင်ငံသို့ ( 1998 ) ခုနှစ်မှာ ထိုင်ဝမ်နိုင်ငံမှ စတင်ရောက်ရှိလာခဲ့ပြီး အစပိုင်းတွင် ကျောက်စိမ်းဂမုန်းပင်လို့ ခေါ်ခဲ့ကြပါတယ် ...

- အဲ့ဒီနောက် ( 2000 ) ခုနှစ်ခန့်ကစတင်ပြီး အပင်တင်သွင်းခဲ့သူက ကျောက်စိမ်းဧကရာဇ် ဟု အမည်မှည့်ခေါ်ခဲ့ပါတယ်....

- သူဟာ မိုးခေါင်သည့်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်

- မြေအောက်တွင် အာလူးကဲ့သို့ အရည်ရွှမ်းသည့် ဥ ရှိပြီး ထိုဥမှနေ၍ ဗေဒါရိုးကဲ့သို့ ရိုးတန်များထွက်လာကာ ထိုရိုးတန်များပေါ်တွင် အစိမ်းရောင်တောက်ပသော အရွက်များက စီတန်းစွာတည်ရှိပါတယ် ...

- ပန်းပွင့်မှာ ဂမုန်းပွင့် ၊ ပိန်းပန်းပွင့်နှင့် ဆင်တူပြီး ပွင့်ခဲလှပါတယ် ... ပန်းပွင့်လျှင် ၊ အရွက်များက အစိမ်းရောင်တောက်ပနေလျှင် လာဘ်ကောင်းသည် ၊ ငွေဝင်သည်ဟု ယုံကြည်ကြပါတယ် ...

- ဒါ့ကြောင့် ကျောက်စိမ်းဧကရာဇ်ပင်ကို ရုံခန်း ၊ စျေးဆိုင် ၊ ဧည့်ခန်း ၊ စားပွဲများပေါ်တွင် အလှထားလေ့ရှိကြပါတယ်....

- နေပူတွင် ထားနိုင်သလို အခန်းတွင်းမှာလည်း ကြာရှည်စွာ ထားနိုင်ပြီး အခန်းတွင်းထားလျှင် တစ်ပတ်ကို ရေ နှစ်ကြိမ်မျှသာ လောင်းရန်လိုအပ်ပါတယ် ...

- ရေများလျှင် အပင်ပုပ်၍ သေတတ်ပါတယ်

- ကျောက်စိမ်းဧကရာဇ်ပင်ဟာ စပျိုးသည့်နေ့မှစ၍ ထိုအတက်ကလေး ( 6 ) လက္မခန့် အမြင့်ရောက်ရန်အချိန်ဟာ တစ်နှစ်ခန့်ကြာမြင့်ပါတယ် ...

- သတိထားရမယ့်အချက်က ဒီအပင်ရဲ့
အစိတ်အပိုင်း တစ်ခုခုကို စားမိက
အဆိပ်သင့်နိုင်ပြီး သူ့အစေးဟာ မျက်လုံးကဲ့သို့
နုညံ့သည့် အရေပါး များကို ရောင်ရမ်းစေနိုင်ပါတယ် ...

| #ကျောက်စိမ်းဧကရာဇ်
#ကျောက်စိမ်းဂမုန်း |crd
#ကျောက်စိမ်းဧကရီ
Crd

Address

Yangon

Telephone

+959254684542

Website

Alerts

Be the first to know and let us send you an email when Hanuman Product Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram