
08/07/2022
Medroxyprogestrone ဆိုတဲ့ တားဆေးကို
😺ဘယ်လိုနေရာမှာသုံးလဲ
👉🏼ကြောင်လေး ခွေးလေးတွေ ဟိလာတဲ့အချိန်လျှော့နည်းစေးရန်
👉🏼သန္ဓေသားတားရန်
👉🏼ရန်လိုမှုလျှော့ကျစေရန် (male to male aggression)
👉🏼ကြောင်ထီးလေးတွေ ရှူရှူးလျှောက်ပန်းတာ (urine spraying) နဲ့ နယ်နိမိတ်သတ်မှတ်တာ (Marking)တွေလျှော့နည်းစေရန်
😺ဘယ်လို မြောင်လေး၊ဝုလေးတွေမှာ မသုံးသင့်ဘူးလဲ?
👉🏼သိထားပြီးသားဖြစ်ကြတဲ့ မိတ်လိုက်ထားပြီးအချိန်နဲ့ ကိုယ်၀န်ဆောင်နေစဉ်အပြင် ၊ အရွယ်မရောက်သေးချိန်နဲ့ ဟိလာပြီး ၂လအတွင်းမှာ သုံးလို့မရပါဘူး
👉🏼ဆီးချိုရှိတဲ့ ကလေးတွေ
👉🏼ဆေးမှာပါ၀င်တဲ့ Hormone နဲ့ မတည့်တဲ့ ကလေးတွေမှာ သုံးလို့မရပါဘူး
😺ဘေးထွက်ဆိုးကျိုးများ
👉🏼စားချင်သောက်ချင်စိတ်ပိုများခြင်း
👉🏼ဝိတ်တက်ခြင်း
👉🏼တက်ကြွမှုမရှိခြင်း
👉🏼 ရင်သားတစ်သျှူး ပြောင်းလဲခြင်း (အကျိတ်ဖြစ်ခြင်း..ကင်ဆာဖြစ်ခြင်း)
👉🏼 ဆီးချိုရောဂါဖြစ်ခြင်း
👉🏼 သိုင်းရွိုက်ဟော်မုန်းနည်းစေခြင်း
👉🏼 သားအိမ်ပိုး၀င်ခြင်း ၊ ပြည်တည်နာဖြစ်ခြင်း
👉🏼 သားပျက်သားလျှောစေခြင်း
တို့ပဲဖြစ်ပါတယ်
သတိထားရမှာလေးတစ်ခုက တိလေးအတွက်ထိုးဆေးနဲ့ လူထိုးဆေးက မတူပါဘူး။ အဲ့ဒါကြောင့် ဆေးထိုးမယ်ဆိုရင် တိဆရာ၀န်တွေနဲ့ တိုင်ပင်ပြီးထိုးမယ်ဆိုရင်ပိုကောင်းပါတယ်ဗျ။
၂၀၂၀ မြန်မာနိုင်ငံ ကိုဗစ်စ၀င်ကတည်းက အခုထိ အကူအညီလိုအပ်သူများကို အခမဲ့ဆွေးနွေးတိုင်ပင်ပေးနေတုန်းပါ။ အဖြစ်များတဲ့ရောဂါများနဲ့ ကျန်းမာရေးဆောင်းပါးတွေအပြင် ကိုယ်တိုင်က တိချစ်သူတစ်ဦးမို့လို့ တိလေးတွေနဲ့ ဆိုင်တဲ့ ကျန်းမာရေးအကြောင်းအရာများကိုပါ မကြာမကြာ တင်ပေးမှာဖြစ်ပါတယ်။
Like and share လေးနဲ့ ကူညီပေးပါခင်ဗျ 🙏🏻🙏🏻🙏🏻