အလင်းတန်း စိတ်ကျန်းမာရေးဆေးရုံ - Alinn Tann Mental Hospital

  • Home
  • Myanmar
  • Yangon
  • အလင်းတန်း စိတ်ကျန်းမာရေးဆေးရုံ - Alinn Tann Mental Hospital

အလင်းတန်း စိတ်ကျန်းမာရေးဆေးရုံ - Alinn Tann Mental Hospital စိတ်ကျန်းမာရေးပြဿနာများကို သက်သာပျောက်ကင်းစေပြီး မိမိကိုယ်ကို ယုံကြည်မှုရှိရှိဘဝကို တည်ဆောက်နိုင်စေမည်။

“စိတ်ကျရောဂါနဲ့ ကြုံတွေ့ခဲ့ရဖူးတယ် လို့ပြောလာတဲ့ ထင်ရှားတဲ့ အနုပညာရှင် သူတို့တတွေ”ဟောဒီလောကကြီးထဲမှာ လူတိုင်း ကြုံတွေ့ရလ...
11/12/2023

“စိတ်ကျရောဂါနဲ့ ကြုံတွေ့ခဲ့ရဖူးတယ် လို့ပြောလာတဲ့ ထင်ရှားတဲ့ အနုပညာရှင် သူတို့တတွေ”

ဟောဒီလောကကြီးထဲမှာ လူတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲတွေနဲ့အတူ စိတ်ညစ်စရာ,
စိတ်ဓာတ်ကျစရာတွေနဲ့ သောကတွေကဖြင့်
အများသားနဲ့.။
ငွေကြေး၊ အောင်မြင်ကျော်ကြားမှုတွေနဲ့
ပြည့်စုံနေပစေအုံးလေ။
စိတ်ကျရောဂါဆိုတာ သူတို့လို
အောင်မြင်ကျော်ကြား ပြည့်စုံသူတွေတောင်
ပြေးမလွတ်ခဲ့ပါဘူး.။

တပုံချင်းစီ နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
*****************
ခင်ဗျားမှာလဲ စိတ်ကျန်းမာရေးပြဿနာတွေ
ရှိနေမယ်ဆိုရင် “ကိုယ်က တယောက်တည်း
မဟုတ်ဘူး” ဆိုတာ အမြဲသတိရပါနော်။
လိုအပ်တဲ့ အချိန်မှာ ထိုက်သင့်တဲ့ အကူအညီရယူဖို့လဲ မရွံ့ပါနဲ့။

#အလင်းတန်းစိတ်ကျန်းမာရေးဆေးရုံ

11/12/2023

💫 ကောင်းမွန်သော ဘ၀သစ်၊ နေ့သစ်တိုင်းအတွက် အလင်းတန်း 💫

💁🏻‍♂️ နေ့စဉ်ဘ၀တွေမှာ အဓိပွာယ်ရှိအောင်ပုံဖော်ဖို့ စိတ်ကျန်းမာခြင်းက အလွန်အရေးကြီးပါတယ်။ စိတ်ကျန်းမာ မှ ကိုယ် ကျန်းမာပြီး မိမိဘ၀မှာ လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

စိတ်ကျန်းမာရေးပြဿနာတွေမှာ
✅ အရက်နှင့် မူးယစ်ဆေးဝါးကြောင့် ဖြစ်တဲ့ ပြဿနာတွေ
✅ စိတ်ခံစား‌ချက်ကြောင့် ဖြစ်ပေါ်တဲ့ စိတ်ကျရောဂါတွေ
စတဲ့ ဝေဒနာတွေကို "အလင်းတန်း" က စိတ်ကျန်းမာ‌ေရးအထူးကုဆရာ၀န်ကြီးများ၊ ကျွမ်းကျင်သူနာပြုများနှင့် သူနာထိန်း ၀န်ထမ်းများဖြင့် စနစ်တကျ ပြုစုကုသပေးလျက်ရှိပါတယ်။

တာ၀န်ကျ ဆရာဆရာမများဖြင့် လူနာကို အနီးကပ်ပြုစုစောင့်ရှောက်ပေးရုံသာမက ကျန်းမာရေး ကောင်းမွန်စေရန် သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်စေချင်း စိတ်တည်ငြိမ်စေရန် ဘုရားဝတ်ပြု တရားထိုင်ခြင်း များ နေ့စဉ် ပြုလုပ်ရန် ဆောင်ရွက်ပေးခြင်း၊ အချိန်မှန်ဆေးတိုက်ခြင်း တို့ကို နွေးထွေးပြူငှာစွာပြုစုဆောင်ရွက်လျက်ရှိပါတယ်။🥰

သေသပ်ပြီး လေ၀င်လေထွက်ကောင်းတဲ့ အခန်းများဖြင့် လူနာကို စနစ်တကျ ထားကာ ကျန်းမာ သန့်ရှင်းသော ပတ်၀န်းကျင်များဖန်တီးထားရှိပါတယ်။

💯စိတ်ကျန်းမာရေးအပြင် တခြားလိုအပ်တဲ့ ‌ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလဲ ကုသပေးတာကြောင့် မိသားစုကဲ့သို့ နွေးထွေးတဲ့ ခံစားချက်မျိုးရရှိစေမှာ အမှန်ပါ။💯

🍲 ကျန်းမာသန့်ရှင်သော အစားအစာများကို နေ့စဉ် အာဟာရပြည့်၀အောင် စီမံ ကျွေးမွေးခြင်း
အချိန်တိုအတွင်း လူနာ၏ results ကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

🌟 အထူး promotion အနေဖြင့် 🌟November လမှစပြီး 31-December လကုန်ထိpromotion ကာလအနေဖြင့် ကမ်းလင့်လက်ဆိုတဲ့ အစီဉ်လေးရှိပါတယ်
မူးယစ်ဆေး ကို ဖြတ်မရဖြစ်နေသူများထဲမှ မိမိကိုယ်တိုင် မိမိ ဆန္ဒအလျောက် မူးယစ်ဆေးဖြတ်ချင်သူများကို အလင်းတန်းဆေးရုံမှ(50% )off အစီအစဉ်လေးလဲ ပြုလုပ်ပေးထားပါသေးတယ်။✨
"အလင်းတန်း" က ဈေးနှုန်းချိုသာပြီး ကောင်းမွန်တဲ့ ပြုစုဆောင်ရွက်မှုဖြင့် ကုသလျက်ရှိပါတယ်။

ဆေးရုံသို့လာ‌ရောက် ကုသဖို့ စုံစမ်းချင်တယ်ဆိုရင်

☎️09 400783010
☎️09 984570528
☎09 400824755
အလင်းတန်းစိတ်ကျန်းမာရေးဆေးရုံ
အမှတ် (၅၃၃ )၊ ဇေယျာသုခလမ်း၊ မြောက်ဒဂုံမြို့နယ် (၃၁)ရပ်ကွက် ၊ ရန်ကုန်မြို့။
ဆေးရုံသို့လာရောက်ရန်အခက်အခဲရှိလျှင်လဲ အိမ်တိုင်ရာရောက် ခေါ်ဆောင်သော ၀န်ဆောင်မှုလည်း ရှိပါတယ်။

✅ ပြင်ပလူနာအနေနဲ့ ပြချင်တဲ့လူနာတွေကိုလည်း
နေ့စဉ် ညနေ ၅ နာရီမှ ၆ နာရီအထိ စိတ်ကျန်းမာရေးဆရာဝန်ကြီးကိုယ်တိုင် ကြည့်ရှုပေးနေပါတယ်ရှင့်။
(ဖုန်းဆက်ပြီး booking ယူပေးဖို့တော့ မမေ့ပါနဲ့နော် 🤗🤗)

အားလုံး စိတ်ရော၊ကိုယ်ရော ကျန်းမာပျော်ရွှင်ကြပါစေ🙇

စိတ်ကျရောဂါ (Depression) ဆိုတာ… (ဖတ်ရန်ကြာချိန် ၃ မိနစ်)▪️Depression လို့ ခေါ်တဲ့ စိတ်ကျရောဂါ ဟာ ကမ္ဘာပေါ်မှာ အဖြစ်များတ...
17/06/2023

စိတ်ကျရောဂါ (Depression) ဆိုတာ…
(ဖတ်ရန်ကြာချိန် ၃ မိနစ်)

▪️Depression လို့ ခေါ်တဲ့ စိတ်ကျရောဂါ ဟာ ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ စိတ်ရောဂါ တွေထဲက တစ်ခု ဖြစ်တယ်။
သုတေသန ပြုလုပ်ထားတဲ့ အချက်အလက် များအရ ဆို ရင်တော့ ကမ္ဘာလူဦးရေ ရဲ့ ၃.၈ ရာခိုင်နှုန်း ခန့်က စိတ်ကျရောဂါ ကို ခံစားနေရတယ် ဆိုပြီး ဖော်ပြထားတာတွေ ရှိပါတယ်။

▪️အဲ့တော့ စိတ်ရောဂါ ပေါ့နော်…နားလည်လွယ်အောင်ပြောရရင် “စိတ်” မှာ ဖြစ်တဲ့ ရောဂါတစ်ခု…တချို့အတွက် ဆို နားလည်ရခက်သော/ ရှင်းပြရခက်သော အခြေအနေ တစ်ခု ဖြစ်နေတာပေါ့။
ဟုတ်လည်း ဟုတ်ပါတယ်။ ဥပမာ- ကျွန်တော်/ကျွန်မ က တော့ ဖြင့် သွေးတွင်းအဆီ များ တဲ့ရောဂါရှိနေပါတယ် ဆိုရင် သွေးစစ်ကြည့် လိုက်တာနဲ့ သွေးထဲ မှာ cholesterol level တွေ တက်နေတဲ့ ဓာတ်ခွဲခန်း အဖြေ က သက်သေပြနေပါလိမ့်မယ်။

◾️နောက်တစ်ခု က စိတ်ကျရောဂါ ဟာ စိတ်ညစ်တယ် ဆိုတဲ့ feeling တစ်ခုနဲ့ တူမလိုလိုနဲ့ မတူနေပါဘူး။
ဒီ မတူဘူး ဆိုတဲ့ အချက်လေးကလည်း အရေးကြီးပါတယ်။
ပြောရမယ်ဆိုရင် ကျွန်တော်တို့ တွေဟာ စိတ်ညစ်တယ် ဆိုတဲ့ feeling ကို နေ့စဉ်နှင့်အမျှ ၊အချိန် နှင့်အမျှ ခံစားဖူးကြပါတယ်။
ဥပမာ -လျှပ်စစ်မီးကမမှန်၊ ရာသီဥတုကလည်းမြိုက်နေအောင်ပူ လို့ စိတ်ညစ်ရတာမျိုး၊ အလုပ်မှာ အဆင်မပြေတာလေးတွေ ရှိလို့ စိတ်ညစ်ရတာမျိုး၊ ကားတွေကပိတ် လို့ ရောက်ချင်တဲ့ နေရာ ကို မြန်မြန်မရောက်နိုင် လို့ စိတ်ညစ်ရတာမျိုးတွေ စသဖြင့် နေ့စဉ် သောကလေးတွေ ကြောင့် စိတ်ညစ်တာမျိုးတွေတော့ အနည်းနဲ့ အများ ရှိတတ်ကြတာပါပဲ။

🍂တခါတလေကျပြန်တော့လည်း ဘာမှ မယ်မယ်ရရ မရှိပဲ အမှိုင်းလေးတစ်ဖြတ် စိတ်ညစ်သွားတာမျိုးလည်း ရှိတတ်ကြတယ်။ ဒါပေမယ့် အခြေအနေတစ်ခု ပြောင်းလဲ သွားရင် သို့မဟုတ် တခြား ကောင်းတဲ့ အာရုံ ပြောင်းလိုက်ရင် ဒီစိတ်ညစ်တဲ့ ခံစားချက်လေးက ပျောက်သွားရော…

◾️စိတ်ကျရောဂါ ကျတော့ အဲ့လို မဟုတ်ဘူးရယ်။
ကိုယ် မတွေးချင်တော့တိုင်း ကိုယ် မေ့ပစ်လိုက်ယုံ နဲ့ သူဟာ ထွက်မသွားပါဘူး။ သင်နဲ့ အတူ အနည်းဆုံး ၂ ပတ် ဆက်တိုက် အတူ ရှိနေပြီး နောက်ပိုင်း သင့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ပါ ထိခိုက်လာစေနိုင်တဲ့ အထိ ကို ဖြစ်စေနိုင်တယ်။

◼️သူတို့ ဘာတွေ ပြောတတ်ကြလဲ…

စိတ်ကျရောဂါ ခံစားနေရတဲ့ သူတွေ ပြောလေ့ရှိတာတွေ က တော့-

👉🏼နေရတာမပျော်ရွှင်ဘူး…

👉🏼ဘဝ ကြီး က လည်း အဓိပ္ပာယ် မဲ့ လိုက်တာ…

👉🏼ကိုယ့်ကိုကိုယ် ပဲ အပြစ်တွေ တင်နေမိတယ်…

👉🏼အရင် ကိုယ် စိတ်ဝင်စားတဲ့ အလုပ်လေးတွေ တောင် လုပ်ဖို့ စိတ်မပါတော့ပါဘူး…

👉🏼ဘာမှ လုပ်ချင်ကိုင်ချင် စိတ် မရှိ၊ အားအင်တွေလည်း မရှိတော့ပါဘူး…

👉🏼အိပ်လို့လည်း မပျော်၊ ခံတွင်းတွေလည်း ပျက်၊ အစားအသောက်တွေလည်း မကောင်း နဲ့…

👉🏼အလုပ်မှာလည်း အာရုံ စိုက်မရ အကုန် အလွဲလွဲ အချော်ချော် ချည်း ဖြစ်နေတာပဲ…

🔺အဆိုးဆုံး နဲ့ အရေးကြီးဆုံး ပြောလေ့ရှိတာကတော့ “ငါ အသက်မရှင်ချင်တော့ပါဘူး/ သေလည်း မထူးတော့ပါဘူး/သေသွားတာပဲ ကောင်းမယ် ထင်ပါတယ်နော်” စတဲ့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မယ့် အကြောင်းတွေ ခဏခဏ တွေးမိလာပြီ၊ ပြောမိလာပြီ ဆိုရင်တော့ ဒါဟာ စိတ်ကျရောဂါ အတွက် ကုသမှု ခံယူဖို့ လိုအပ်လာပါကြောင်း ပြတဲ့ warning ပဲ ဖြစ်ပါတယ်။🔺

▪️စိတ်ကျရောဂါ ဟာ လူတိုင်းမှာ ဖြစ်နိုင်ချေရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ကိုယ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်း ခြင်း ခံရတဲ့ သူတွေ၊ နောက်ပြီး ကိုယ်တန်ဖိုးထားတဲ့ အရာ၊ ကိုယ် ချစ်တဲ့သူ ကို ဆုံးရှုံးလိုက်ရတဲ့ သူတွေ အစရှိတဲ့ လောကဓံရဲ့ ရိုက်ချက်တွေ ကို ခံစားရ တဲ့ သူတွေ မှာ ဆို စိတ်ကျရောဂါ ပိုပြီး အဖြစ်များကြပါတယ်။ တခြား ဖြစ်စေတဲ့ အကြောင်းတွေလည်း ရှိပါသေးတယ်။
နောက် လာမယ့် post တွေ မှာ လည်းရှင်းပြပေးသွားဦးမှာပါ။

▪️စိတ်ကျရောဂါ ဖြစ်တာဟာ ရှက်စရာ မဟုတ်သလို “ငါဘာလို့ဒီလောက်ပျော့ညံ့ရတာလဲ” ဆိုတဲ့ အတွေးတွေ နဲ့ ကိုယ့်ကိုကိုယ် အပြစ်တင် ဖို့ မလိုအပ်ပါဘူး။ ဝေဒနာ ခံစားနေရတဲ့ လူ တစ်ယောက်ကိုလည်း သူပျော့ညံ့လို့ ဒီလို ဖြစ်တာ ဆိုပြီး ပြောလို့ မရပါဘူး။

▪️စိတ်ကျရောဂါ ခံစားနေရတဲ့ သူ ဒါမှမဟုတ် သူတို့ရဲ့ မိသားစုဝင်တွေ၊ ရင်နှီးကျွမ်းဝင် တဲ့ သူတွေ မေးတတ်ကြတာကတော့ - “ကျွန်တော်/ကျွန်မ (သို့မဟုတ်) သူ ဘာဖြစ်တာလဲဟင်၊ ဘယ်လို လုပ်ရမလဲ၊ ပြန်မှ ကောင်းပါ့မလား” စသဖြင့် မေးခွန်းများ မေးတတ်ကြပါတယ်။
တကယ်လည်း စိတ်ကျနေတဲ့ အချိန် မှာ အပျက်သဘော ဆောင်တဲ့ negative thoughts တွေ က တအားများတော့ ဒီလိုတွေ မေးတယ်၊ မပျောက်မှာ စိုးရိမ်တယ် ဆိုတဲ့ အရာတွေကို နားလည်လို့ ရ ပါတယ်။

▪️ဒါပေမယ့် သိရမှာက စိတ်ကျရောဂါဟာ ကာယကံရှင်တွေ စိုးရိမ်သလိုမျိုး ကုသလို့ မရတော့တဲ့ ရောဂါကြီး မဟုတ်ပါဘူး။ ဝေဒနာ ခံစားနေရတဲ့ သူကို သူ နဲ့ သင့်တော်မယ့် ဆရာဝန်၊ သင့်တော်မယ့် ကုထုံး၊ ကာယကံ ရှင်ရဲ့ ရောဂါ ပျောက်ကင်းချင်တဲ့ စိတ် အပြင် မိသားစု ရယ် လူမှုအသိုင်းအဝန်းရယ် ရဲ့ ဖေးမ ကူညီ မှုနဲ့ ဆို ရောဂါ သက်သာလာဖို့ အသေချာပဲ ဖြစ်ပါတယ်။

🚫အရေးကြီးတာ တစ်ခု က တော့ စိတ်ကျရောဂါ ခံစား နေရသူကို သွားပြီး အပြစ်တင် ဝေဖန်တာမျိုးတို့၊ ဂရုမစိုက်ပဲ လစ်လျူရှုတာမျိုး တို့ မလုပ်မိစေဖို့ပါပဲ။ နောက်ပြီး အဲ့လို ဝေဖန် အပြစ်တင် လစ်လျူရှု တတ်တဲ့ ပတ်ဝန်းကျင် (သို့မဟုတ်) မိသားစု နဲ့ သာဆိုရင်တော့ မီးလောင်ရာ လေပင့် သလို မျိုး ဖြစ်ပြီး ရောဂါ သက်သာ ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

▪️ခု ဒီ topic လေးကတော့ စိတ်ကျရောဂါ နဲ့ ပတ်သက်တဲ့ အကြောင်းအရာများ ကို ခြုံငုံ ပြီး နားလည်လွယ်အောင် ဖော်ပြရေးသားထားပါတယ်။ တကယ် တော့ စိတ်ကျရောဂါ နဲ့ ပတ်သက်တဲ့ အကြောင်းအရာ ဆိုတာ ရေးရင် ရေးသလောက်၊ ပြောပြရင် ပြောပြသလောက် စိတ်ဝင်စားဖို့လည်း ကောင်းသလို ကျယ်လည်း ကျယ်ပြန့် ပါ တယ်။

ဒါပေမယ့် အပေါ်က အချက်တွေကို သိနားလည်ပြီး ကိုယ့် အတွက်ပဲ ဖြစ်ဖြစ်၊ တခြားသူ အတွက်ပဲ ဖြစ်ဖြစ် အထောက်ကူ ပြုပြီး ကူညီ ဖေးမ ပေးနိုင်မယ် ဆိုရင်တော့ တော်တော်လေး ကို အကျိုးရှိလှပါပြီ။

👨‍⚕️ခုတော့ စာလေးလည်း နဲနဲရှည်သွားပြီ ဆိုတော့ ဒီမှာ ပဲ ရပ်လိုက်ပါဦးမယ်။ နောက်လာမယ့် topic တွေမှာ စိတ်ကျရောဂါ ဟာ ဘာကြောင့် ဖြစ်သလဲ ဆိုတာနဲ့ ပတ်သက် ပြီး သိသင့်တာလေးတွေရယ်၊ ကုသမှုပိုင်းနဲ့ ဆိုင်တဲ့ အကြောင်းအရာလေးတွေရယ် ကို ဆက်လက် ဖော်ပြပေးသွားဦးမှာပါ။

👨‍⚕️တကယ်လို့ စာဖတ်သူတို့ ခံစားနေရတဲ့ အကြောင်းတွေ၊ ကိုယ့် အတွေ့ အကြုံတွေ ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့ သူ / ကိုယ်မိသားစုဝင် တစ်ဦးဦး အကြောင်း တွေ ကို ဆွေးနွေးချင်တယ်၊ တိုင်ပင်ချင်တယ်၊ ဝေမျှ ပေးချင်တယ် ဆိုရင်တော့ comment မှာ ဒါမှမဟုတ် chat box မှာ လာရောက်ပြောပြ နိုင်ပါတယ်။
နောက်ထပ်သိချင်တဲ့ အကြောင်းအရာတွေ ရှိရင်လည်း မေးမြန်းနိုင်ပါတယ်။

😊အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။

အလင်းတန်း စိတ်ကျန်းမာရေးဆေးရုံ

လိပ်စာ - အမှတ် (၅၃၃)၊ ဇေယျာသုခလမ်း၊ ၂၈ ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ် (၃၁)ရပ်ကွက်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် ဖုန်း -
09400783010



အလင်းတန်း စိတ်ကျန်းမာရေးဆေးရုံမိသားစု (ဆရာဝန်များ၊ သူနာပြုများ နှင့်လူနာများ) မှအဟာရဒါန အလှူ ပေးဝေလှူဒါန်း12.5.24
15/05/2023

အလင်းတန်း စိတ်ကျန်းမာရေးဆေးရုံမိသားစု
(ဆရာဝန်များ၊ သူနာပြုများ နှင့်လူနာများ) မှ

အဟာရဒါန အလှူ ပေးဝေလှူဒါန်း

12.5.24

Outdoor programအလင်းတန်းစိတ်ကျန်းမာရေး ဆေးရုံဝန်ထမ်းမိသားစုလူနာများဆရာဆရာမများ ပြင်ပလေ့လားရေးအစီအစဥ်  #အလင်းတန်းစိတ်ကျန်...
25/02/2023

Outdoor program
အလင်းတန်းစိတ်ကျန်းမာရေး ဆေးရုံဝန်ထမ်းမိသားစု
လူနာများဆရာဆရာမများ
ပြင်ပလေ့လားရေးအစီအစဥ်
#အလင်းတန်းစိတ်ကျန်းမာရေးဆေးရုံ

မဂ်လာပါ ရှင် အလင်းတန်း စိတ်ကျန်းမာရေး ဆေးရုံတွင် ⭐️ဆေးရုံဆေးခန်းသို့ လာရောက်ရန်အခက်အခဲရှိနေသော နယ်ဝေးမှ လူနာများ⭐️စိတ်ဖိ...
21/01/2023

မဂ်လာပါ ရှင်
အလင်းတန်း စိတ်ကျန်းမာရေး ဆေးရုံတွင်
⭐️ဆေးရုံဆေးခန်းသို့ လာရောက်ရန်အခက်အခဲရှိနေသော နယ်ဝေးမှ လူနာများ
⭐️စိတ်ဖိဆီးမှုများ စိတ်ဓာတ်ကျ မှုခံစားနေရ၍ လူကိုယ်တိုင် မလာရောက်နိုင်ပေမယ့်
စိတ်ကျန်းမာရေးအတွက် တိုင်ပင်ဆွေးနွေးကုသရန် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်များနှင့် ကိုယ်တိုင် လာရောက် ဆွေးနွေး သကဲ့သို့ online ဖြင့်လည်း​ကောင်း၊ တယ်လီဖုန်း ဆက်၍သော်လည်းကောင်း ဆွေးနွေး ပြသနိင်ပါတယ်ရှင့်

📶Online
☎️ Phone တို့ ဖြင့် ဆွေးနွေးလိုပါက ကြိုတင် booking လေးတော့ လုပ်ပေးဖို့လိုပါတယ် ရှင့်
Ph 09400783010 သို့ ဆက်သွယ် စုံစမ်းပြီး booking တင်လို့ ရပါတယ် ရှင့် 🙏

လူနာများအားလုံး အခက်အခဲများအဆင်ပြေ၍ စိတ်ကျန်းမာ ကိုယ်ကျန်းမာ ရှိနိုင်ကြပါစေ🙏🙏🙏

“စိတ်ဖိစီးမှုသက်သာအောင်လုပ်သင့်တဲ့ နည်းလမ်းများ” ✳️ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ပါ။➡️အချို့လူတွေက စိတ်ဖိစီးတာကိုလျော...
22/12/2022

“စိတ်ဖိစီးမှုသက်သာအောင်လုပ်သင့်တဲ့ နည်းလမ်းများ”
✳️ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ပါ။
➡️အချို့လူတွေက စိတ်ဖိစီးတာကို
လျော့သွားချင်လို့ အရက်သောက်တယ်။
အစားများများ စားတယ်။
ဒီလို လုပ်တာဟာ အချိန်ခနမှာတော့
အကူအညီဖြစ်နေလိမ့်မယ်။
တကယ်တမ်း ရေရှည်မှာတော့ စိတ်ဖိစီးမှု
ပိုဖြစ်စေပါတယ်နော်။
ကဖင်းဓာတ်ဟာ စိတ်ဖိစီးမှုရဲ့
အကျိုးသက်ရောက်မှုကို ပိုဖြစ်စေပါတယ်။
✳️လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။
➡️လေ့ကျင့်ခန်းလုပ်တာဟာ
စိတ်ဖိစီးမှုကို သက်သာစေတာကို သိကြမှာပါ။
အေရိုးဗစ်လေ့ကျင့်ခန်းတွေ၊ ယောဂကျင့်တာတွေကခန္ဓာကိုယ်မှာရှိတဲ့ Endorphins ( happy hormones )ကို ထုတ်လွှတ်ပေးပါတယ်။
✳️Relaxation techniques တွေ လေ့လာပြီး
လိုက်လုပ်ကြည့်ပါ။
➡️နေ့ရက်တိုင်းမှာ အနားယူဖို့ အချိန်သီးသန့်ပေးပြီး ကောင်းကောင်း အနားယူပစ်လိုက်တာဟာ
စိတ်ဖိစီးတာကို လျော့ချပေးတဲ့အပြင်
စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ အကျိုးသက်ရောက်မှု
တွေကိုပါ ကာကွယ်ပေးပါတယ်။
အသက်ပြင်းပြင်းရှူသွင်းခြင်း၊ တရားထိုင်ခြင်း နဲ့ ကြွက်သားဖြေလျော့ခြင်း စတာတွေလုပ်ရင်း
အနားယူလိုက်တာဟာ စိတ်ဖိစီးမှုကို အများကြီး သက်သာစေမှာပါ။
✳️စိတ်ဖိစီးမှုကို လျော့ချပါ။
➡️ဟုတ်ပါတယ်။ စိတ်ဖိစီးမှုတွေ နည်းသွားအောင်
လျော့ချပစ်ရပါလိမ့်မယ်။
ကျနော်တို့တတွေရဲ့ ဘဝဟာ လိုအပ်ချက်
တောင်းဆိုမှုတွေများပြီး အနားယူဖို့
အချိန်နည်းနည်းလေးပဲ ရှိပါတယ်။
တောင်းဆိုမှု အတော်တော်များများကတော့
ကျနော်တို့ကိုယ်တိုင်သာ ရွေးချယ်ယူထားတာ
ဖြစ်ပါတယ်။ ဆိုတော့ ဘာလုပ်ရမလဲ။
အချိန်ကို စီမံခန့်ခွဲရပါမယ်။
လိုအပ်တဲ့အချိန်၊ သင့်တော်တဲ့အချိန်မှာ
အကူအညီတောင်းတာမျိုး၊ ဦးစားပေးအလုပ်တွေကို
သတ်မှတ်ထားပြီး လုပ်တာမျိုး။ စသဖြင့်
ကိုယ့်ကိုယ်ကို ပြန်ဂရုစိုက်နိုင်ဖို့အတွက်
လုပ်ရပါမယ်။
✳️အားမနာပါနဲ့။ ငြင်းပါ။
➡️တခါတလေ အားနာလို့ ဆိုပြီးလုပ်ပေးလိုက်ရတာတွေများလာတဲ့အခါ စိတ်ဖိစီးမှုတွေ တိုးလာတော့တာပဲ။ ဒါကြောင့်မလို့ပဲ ကိုယ်အနားယူတဲ့အချိန်မှာ
တခုခုတောင်းဆိုလာခဲ့ရင် ငြင်းသာငြင်းလိုက်ပါ။
တဖက်လူရဲ့ expectations တွေကို
အမြဲလိုက်ဖြည့်လုပ်ပေးနေဖို့ မလိုပါဘူး။
✳️ရည်မှန်းချက်တွေအပေါ် realistic expectation တွေထားပါ။
➡️ဘာလို့ဒီလိုပြောရသလဲ။
ကျနော်တို့ ရည်မှန်းချက်တွေဟာ တချိန်ထဲမှာပဲ အကုန်လုံးကို ရာနှုန်းပြည့်မအောင်မြင်နိုင်ဘူးဆိုတာ လက်ခံရပါလိမ့်မယ်။
အလုပ်မှာ ကိုယ် control လုပ်နိုင်တဲ့အကြောင်းအရာတွေရှိသလို control လိုက်လုပ်လို့မရတဲ့ အရာတွေလဲ
ရှိတယ်ဆိုတာကို လက်ခံထားနိုင်ရင် စိတ်ဖိစီးမှုတွေဟာ များလာစရာ မရှိနိုင်ပါဘူး။
အားလုံးပဲ စိတ်ဖိစီးမှုကင်းပြီး သာယာတဲ့
ဘဝနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ..။ 🙏

အလင်းတန်း စိတ်ကျန်းမာရေးဆေးရုံ

လိပ်စာ -အမှတ်(၁၀၄၁)၊ အောင်သိဓိလမ်း၊ ၂၈ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် ဖုန်း

09400783010
09789789166

#စိတ်ဖိစီးခြင်း



စိတ်ထွက်​ပေါက်ရ​စေဖို့ ​အရက်အလွန်အကျွံ​သောက်မိ​နေပြီလားစိတ်ထွက်ပေါက်ရစေဖို့ အရက်အလွန်အကျွံသောက်မိနေပြီလား?နေ့စဥ်လူမှုဘဝမ...
16/12/2022

စိတ်ထွက်​ပေါက်ရ​စေဖို့ ​အရက်အလွန်အကျွံ​သောက်မိ​နေပြီလား

စိတ်ထွက်ပေါက်ရစေဖို့ အရက်အလွန်အကျွံသောက်မိနေပြီလား?

နေ့စဥ်လူမှုဘဝမှာ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး စသဖြင့် အဖက်ဖက်ကနေ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေ အများအပြားကြုံတွေ့ကြရနိုင်ပါတယ်။

အဲ့သည်လို ကြုံတွေ့ကြရတဲ့အခါ စိတ်ထွက်ပေါက်ရနိုင်ဖို့အတွက် သီချင်းဆိုတာ၊ ကခုန်တာ၊ အရက်သောက်တာ စသဖြင့်အမျိုးမျိုးပြုလုပ်ကာ စိတ်ကိုဖြေလျှော့လေ့ရှိကြပါတယ်။

✅ သီချင်းဆိုတာ၊ ကခုန်တာတွေက မိမိကျန်းမာရေးအတွက် မထိခိုက်စေနိုင်ပေမယ့် အရက်သောက်ခြင်းကို စိတ်ထွက်ပေါက်အဖြစ်ရွေးချယ်ပြီး နေ့စဥ်ရက်ဆက်သောက်မိနေတဲ့အခါ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကိုပါ ရင်ဆိုင်လာရနိုင်ပါတယ်။

ပထမပိုင်းမှာတော့ အရက်ကို စိတ်ထွက်ပေါက်ရာရဖို့ သောက်သုံးခဲ့ကြပေမယ့် စွဲလမ်းသွားတဲ့အခါ အရက်ဖြတ်ဖို့ လုံးဝခက်ခဲသွားပြီး နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်း၊ အစာအိမ်ရောင်ခြင်း၊

အစာအိမ်သွေးကြောပေါက်ခြင်း စတာတွေကို ခံစားလာနိုင်ပါတယ်။

အရက်ကိုသောက်သင့်တဲ့ပမာဏထက်မကျော်လွန်ဘဲ အနည်းငယ်စီသောက်သုံးတာက ပြဿနာမရှိတတ်ပေမယ့် အလွန်အကြူးစွဲစွဲလမ်းလမ်းသောက်သုံးတဲ့အခါမှာတော့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော စိတ်ကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိလာစေနိုင်ပါတယ်။

ဒီနေ့မှာတော့ အရက်သောက်ခြင်းကြောင့်ဖြစ်လာနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို ပြောပြပေးသွားပါမယ်။

✅ အရက်သောက်ပြီး တစ်ခဏအတွင်း ဘာတွေခံစားလာရနိုင်လဲ။

အရက်သောက်ပြီးပြီးချင်းမှာတော့ စိတ်ထဲသာယာသလို၊ ယုံကြည်မှုရှိသလို၊ စိတ်ညစ်စရာတွေအားလုံးပြေပျောက်သွားသလိုမျိုး ခံစားကောင်းခံစားရနိုင်ပါတယ်။

သို့ပေမယ့် အရက်သောက်ပြီး အချိန်အနည်းငယ်အကြာမှာတော့ စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ ဒေါသထွက်ခြင်း၊ ရန်လိုခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဓါတ်ကျခြင်း စတာတွေကို အရက်မ

သောက်ခင်ကထက် ပိုမိုဆိုးရွားစွာ ခံစားလာရတတ်ပါတယ်။

✅ ရေရှည်မှာဘာတွေခံစားလာရနိုင်လဲ။

အရက်ကို နေ့စဥ်မသောက်ရမနေနိုင်ဘဲ စွဲစွဲလမ်းလမ်း၊ အလွန်အကျွံသောက်မိနေပြီဆိုရင်တော့-

လေဖြတ်နိုင်ခြေမြင့်မားလာခြင်း၊
ဦးနှောက်သွေးလည်ပတ်မှုနှေးကွေးလာခြင်း၊
သတိမေ့တတ်လာခြင်း၊
စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်း၊
စိတ်ကစဥ့်ကလျားဖြစ်လာခြင်း၊
စိုးရိမ်ကြောင့်ကြဖြစ်ခြင်း၊
အမူအကျင့်များပြောင်းလဲလာခြင်း၊
မိမိကိုယ်ကိုအဆုံးစီရင်လိုစိတ်ဖြစ်လာခြင်း၊
စတာတွေကို ကြုံတွေ့လာရနိုင်ပါတယ်။

ဒါ့အပြင် မှတ်ဥာဏ်ဆုံးရှုံးခြင်း၊ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ခြင်း စတာတွေကိုပါ ခံစားလာရနိုင်ပါတယ်။

✅ အရက်သောက်ခြင်းကြောင့် ဦးနှောက်ဆဲလ်တွေကိုပျက်စီးစေနိုင်သလား။

အရက်သောက်ခြင်းကြောင့် ဦးနှောက်ဆဲလ်တွေကိုတော့ တိုက်ရိုက်မပျက်စီးစေနိုင်ပါဘူး။ သို့ပေမယ့် ဦးနှောက်အာရုံကြောအတွင်း သတင်းပို့ပေးတဲ့ ဓါတုပစ္စည်းလေးတွေဖြစ်တဲ့ neurotransmitters လေးတွေကိုတော့ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် နောက်ဆက်တွဲအနေနဲ့ ဦးနှောက်နဲ့အာရုံကြောစနစ်ဟာ ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘဲ စိတ်ကျန်းမာရေးပြဿနာတွေကို ခံစားလာရတာဖြစ်ပါတယ်။

✅ အခုဆိုရင်တော့ အရက်သောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို သိရှိသွားကြပြီလို့ မျှော်လင့်ပါတယ်။

မိမိက အရက်အလွန်အကျွံစွဲလမ်းနေပြီဆိုရင် စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးပါ များစွာထိခိုက်စေနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ရှိစေနိုင်ပါတယ်။ ဒါကြောင့် မိမိကျန်းမာရေးအတွက်ရော မိမိမိသားစုအတွက်ပါ စဥ်းစားပြီး အချိန်မီအရက်ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။

✅ အရက်စွဲလမ်းနေသူတစ်ယောက် အရက်ဖြတ်တော့မယ်ဆိုရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ

စနစ်တကျကုသမှုခံယူပြီး အရက်ကို တဖြည်းဖြည်းချင်းဖြတ်တောက်ပစ်ရမှာဖြစ်ပါတယ်။

မိမိကိုယ်တိုင် အိမ်မှာချက်ချင်းအရက်သောက်ခြင်းကို ရပ်လိုက်တဲ့အခါ လက်တုန်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ စိတ်ပူပန်ကြောင့်ကြဖြစ်ခြင်း၊ ညအိပ်မပျော်ခြင်း၊ ချွေးစီးပြန်ခြင်း စတာတွေကို ခံစားရနိုင်တာကြောင့် အရက်ဖြတ်တဲ့အခါ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စနစ်တကျလုပ်ဆောင်ဖို့လိုပါတယ်။

ဒါကြောင့် အရက်အလွန်အကျွံသောက်သုံးခြင်းဟာ မိမိအသက်အန္တရာယ်ကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် အချိန်မီဖြတ်တောက်ဖို့ ကြိုးစားသင့်ပါတယ်နော်။

ဤကဲ့သို့သောအခက်အခဲနှင့်ရောဂါဝေဒနါရှင်များအတွက်

👉👉👉💛💛

♦️အရက်မူးယစ်စွဲလန်းခြင်းကြောင့် ဖြစ်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ၊ စိတ်ကျရောဂါ၊ စိတ်ကြွစိတ်ကျရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါ အကြောင်းတစ်စုံတစ်ခုကြောင့် စိတ်ဒဏ်ရာ ရရှိထားခြင်း အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာ အမျိုးမျိုးတို့ကို “အလင်းတန်း စိတ်ကျန်းမာရေးဆေးရုံ” တွင် ချိုသာသောဈေးနှုန်းများ၊ အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများဖြင့် လွယ်ကူလျင်မြန်စွာ တက်ရောက်ကုသနိုင်ပါပြီရှင်။

♦️ကျွန်မတို့” အလင်းတန်း စိတ်ကျန်းမာရေး ဆေးရုံ”တွင် ဝါရင့် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီးများ၊ ကျွမ်းကျင် သူနာပြုဆရာမများ၊ အကူသူနာပြုများ၊ ၂၄ နာရီ တာဝန်ကျ ဝန်ထမ်းများဖြင့် လူနာတစ်ယောက်ချင်းစီတိုင်းကို နွေးထွေးစွာ ပြုစုကုသ ပေးလျက်ရှိပါတယ်။ စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီးမှ နေ့စဉ်အနီးကပ် ကြည့်ရှုကုသပေးသည့်အပြင် တာဝန်ကျ ဆေးရုံဝန်ထမ်းများမှလည်း အချိန်မှန် ဆေးတိုက်ပေးခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှုပြုလုပ်ရာတွင် ကူညီပေးခြင်း၊ လေ့ကျင့်ခန်း ကူလုပ်ပေးခြင်း၊ ဂရုတစိုက် အနီးကပ်စောင့်ကြပ်ပေးနေခြင်းတို့ကြောင့် မိသားစုမှလည်း လူနာစောင့်စရာ မလိုအပ်ပဲ စိတ်ချလက်ချ အပ်နှံထားနိုင်ပါတယ်ရှင့်။

♦️လူနာတွင် စိတ်ကျန်းမာရေးအပြင် တစ်ခြားသော ကျန်းမာရေးပြဿနာများ ပေါ်ပေါက်လာပါကလည်း လိုအပ်သည့်ဆေးစစ်ချက်များပြုလုပ်ပေးပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ပြသနိုင်ရန် စီစဉ်ပေးထားပါတယ်ရှင့်။

♦️နေရာထိုင်ခင်းအတွက်လည်း ဆေးရုံတက်နေတယ်လို့ မထင်ရအောင် သပ်ရပ်သန့်ရှင်းပြီး ကျယ်ဝန်းသော အခန်းများဖြင့် ( air conနှင့်တကွ) ထားရှိပေးထားပါတယ်။ ပတ်ဝန်းကျင်အနေအထားကိုလည်း လူနာများအတွက် စိတ်ရောကိုယ်ပါ သက်တောင့်သက်သာ နေနိုင်အောင် စီမံပေးထားပါတယ်။

🧑‍🍳အစားအသောက်အတွက်လည်း ကျွမ်းကျင်သော စားဖိုမှူးများဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို သီးသန့်ထမင်းစားခန်းတွင် တစ်နေ့သုံးကြိမ် ချက်ပြုတ်ပြင်ဆင်ကျွေးမွေးလျက်ရှိပါတယ်။ ဒါ့အပြင် ဒိုဘီစနစ်ပါ ထားရှိပေးထားတာမို့ ဘာမှထပ်မလိုအပ်တော့အောင် ပြည့်စုံပါတယ်ရှင်။

🌟🌟🌟ထူးခြားချက်အနေနဲ့ကတော့
ကျွန်မတို့ “ အလင်းတန်း စိတ်ကျန်းမာရေးဆေးရုံ”မှ စိတ်မကျန်းမာသော လူနာများကို အမြန်ဆုံး သက်သာပျောက်ကင်းပြီး ပုံမှန်လုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်သည်အထိ တာဝန်ယူ ကုသပေးလျက်ရှိပါတယ်ရှင်။ ယခုအချိန်တွင် လူနာများပိုအဆင်ပြေစေရန်အတွက် တစ်လစာ package စျေးနှုန်းများကိုလည်း ယခင်ထက် ၃၀ ရာခိုင်နှုန်း လျော့ချပေးထားပါတယ်ရှင့်။ 🌟🌟🌟
(တစ်လစာ package ထဲမှာ တစ်လစာ ဆေးဖိုး+ ဆရာဝန်ကြည့်ခ+ အခန်းခ+ထမင်းစားရိတ်( တစ်နေ့ ၃ ကြိမ်) + ဒိုဘီအပ်ခ+ပြုစုစောင့်ရှောက်ခ အားလုံးပါဝင်ပြီးသားပါရှင့် ။ ဒါကိုမှ 30% discount ထပ်လျော့ပေးထားတာနော် 🤗🤗)

♦️ဒါ့အပြင် ဖုန်းဆက်ပေးရုံနဲ့ အိမ်အရောက် လာကြိုပေးတဲ့ ဝန်ဆောင်မှုလည်း ရှိတာမို့ အခုပဲ ဖုန်းခေါ်လိုက်ပါနော်💁‍♀️💁‍♀️
☎️09 400783010
☎️09 984570528
အလင်းတန်းစိတ်ကျန်းမာရေးဆေးရုံ
အမှတ် (၁၀၄၁ )၊ အောင်သိဒ္ဓိလမ်း
(၂၈ )ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ်
ရန်ကုန်မြို့။

♦️ပြင်ပလူနာအနေနဲ့ ပြချင်တဲ့လူနာတွေကိုလည်း
နေ့စဉ် ညနေ ၅ နာရီမှ ၆ နာရီအထိ စိတ်ကျန်းမာရေးဆရာဝန်ကြီးကိုယ်တိုင် ကြည့်ရှုပေးနေပါတယ်ရှင့်။
(ဖုန်းဆက်ပြီး booking ယူပေးဖို့တော့ မမေ့ပါနဲ့နော် 🤗🤗)

အားလုံး စိတ်ရော၊ကိုယ်ရော ကျန်းမာပျော်ရွှင်ကြပါစေရှင် 💛💛💛

ပြောပြချင်မိတဲ့ WY (အသီး) အကြောင်းWY လို့လူသိများတဲ့ စိတ်ကြွရူးသွပ်ဆေးပြားကို (ရာမ၊ ရာဘ၊ ရပ်ကွက်အခေါ် အသီး၊ ကြယ်သီး) ဆို...
07/12/2022

ပြောပြချင်မိတဲ့ WY (အသီး) အကြောင်း

WY လို့လူသိများတဲ့ စိတ်ကြွရူးသွပ်ဆေးပြားကို
(ရာမ၊ ရာဘ၊ ရပ်ကွက်အခေါ် အသီး၊ ကြယ်သီး) ဆိုပြီး နာမည်မျိုးစုံနဲ့ လူသိများကြတယ်။
အဓိက ပါတဲ့ ပစ္စည်းတွေကတော့ Methamphetamine နဲ့ Caffeine ဖြစ်ပြီး လူသိနည်းတဲ့ အချက်တခုကတော့ Lithium ပါတယ် ဆိုတာပါပဲ။
Lithium ဆိုတာက ဘထ္ထရီတွေမှာ သုံးတဲ့ သတ္ထုတခုပါ။

ပုံလေးတွေနှိပ်ပြီး ဖတ်သွားပေးကြနော်..။

#အလင်းတန်းစိတ်ကျန်းမာရေးဆေးရုံ

တစ်နေ့တာဘုရားရှစ်ခိုး တရားနာ🙏🙏🙏🙏
03/12/2022

တစ်နေ့တာဘုရားရှစ်ခိုး တရားနာ🙏🙏🙏🙏

မူးယစ်​ဆေးစွဲလမ်းမှုကို ဘယ်လိုစနစ်တကျဖြတ်​တောက်ကြမလဲ❓1 / 3မူးယစ်ဆေးစွဲလမ်းမှုကို ဘယ်လိုဖြတ်တောက်ကြမလဲ❓  မူးယစ်ဆေးတွေကို ...
29/11/2022

မူးယစ်​ဆေးစွဲလမ်းမှုကို ဘယ်လိုစနစ်တကျဖြတ်​တောက်ကြမလဲ❓

1 / 3

မူးယစ်ဆေးစွဲလမ်းမှုကို ဘယ်လိုဖြတ်တောက်ကြမလဲ❓

မူးယစ်ဆေးတွေကို အထူးသဖြင့် လူငယ်သဘာဝစမ်းသပ်လိုစိတ်နဲ့ စမ်းသုံးကြည့်ရာကနေ စွဲလမ်းသွားတတ်ကြတာများပါတယ်။ အချို့ကလည်း စိတ်ညစ်နေတာတွေ ဖြေဖျောက်ဖို့၊ high ဖြစ်တဲ့ခံစားချက်ကိုလိုချင်လို့ဆိုပြီး သုံးမိတတ်ကြပါတယ်။

စိတ်ကြွမူးယစ်ဆေး၊ ထုံထိုင်းမူးယစ်ဆေး၊ ဘိန်းဖြူ၊ No4 ၊ WY စတဲ့မူးယစ်ဆေးတွေဟာ စသုံးမိပြီးစွဲလမ်းသွားတဲ့အခါ ဖြတ်ရအလွန်ခက်ခဲတတ်ပါတယ်။

ဆေးစွဲနေတဲ့အခါ ကိုယ့်ရဲ့ကျန်းမာရေးရော ကိုယ့်မိသားစုပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတာကြောင့် ဆေးဖြတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။

✅ ဘယ်လိုအခြေအနေတွေဆို လုံးဝဆေးဖြတ်သင့်နေပြီလဲ။
• မနက်နိုးတာနဲ့ ဆေးသုံးမိနေရင်
• မိသားစုဝင်တွေက ကိုယ့်ကိုအလွန်အမင်းစိတ်ပူနေပြီဆိုရင်
• ဆေးသုံးတဲ့အကြောင်းကို လျှို့ဝှက်ထားမိရင်
• ဆေးသုံးဖို့ ပိုက်ဆံတွေခိုးမိနေရင်
• ဆေးကိုအသိစိတ်လွတ်ပြီး မထိန်းနိုင်ဘဲသုံးစွဲမိနေပြီဆိုရင်

2 / 3

စတာတွေထဲမှ အချို့ကိုမိမိခံစားနေရပြီဆိုရင် အချိန်မလွန်ခင် ဆေးဖြတ်တောက်ဖို့ ကြိုးစားသင့်ပါပြီ။

✅ မူးယစ်ဆေးစွဲလမ်းမှုကို ဖြတ်တောက်နိုင်ဖို့အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့စိတ်ဆန္ဒဘဲဖြစ်ပါတယ်။ ကိုယ်ကဆေးဖြတ်လိုတဲ့ ဆန္ဒမရှိရင် အခြားသူက ဘယ်လောက်လုပ်ပေးပေးမရပါဘူး။

✅ ဆေးဖြတ်တော့မယ်ဆိုရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး စနစ်တကျကုသမှုခံယူဖို့လိုပါတယ်။ ကိုယ့်ဘာသာအိမ်မှာ ရုတ်တရက်ဖြတ်လိုက်တာ၊ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဆေးတွေဝယ်သောက်တာမျိုးက အန္တရာယ်ရှိစေနိုင်ပါတယ်။

စနစ်တကျကုသမှုမခံယူဘဲ ဆေးဖြတ်မယ်ဆိုရင် ပျော့ခွေခြင်း၊ အားနည်းခြင်း၊ အန်ခြင်း၊ တုန်ရီနေခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်ခြင်း စတဲ့ withdrawal symptoms တွေကို ဆိုးဆိုးရွားရွားခံစားရတတ်ပါတယ်။

ဒါကြောင့် ဆေးဖြတ်နေစဥ်အတွင်းမှာ ဆရာဝန်ရက်ချိန်းအတိုင်း မှန်မှန်သွားရောက်ပြသဖို့လိုပါတယ်။

3 / 3

✅ ဆေးဖြတ်ပြီး ပြန်လည်ထူထောင်နေစဥ်အတွင်းမှာ

• ဆေးသုံးတတ်တဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ဝေးဝေးနေတာ၊
• စိတ်ဖိစီးမှုတွေကို ဆေးမသုံးဘဲ ဖြေလျော့နိုင်မယ့် နည်းလမ်းမျိုးကိုရှာဖွေတာ (ဥပမာ- သီချင်းနားထောင်တာ၊ တရားထိုင်တာ)
• ကိုယ်လက်လှုပ်ရှားမှုများများလုပ်ပေးတာ၊
• ဆေးပြတ်သွားတဲ့အခါ ရရှိမယ့်ကောင်းကျိုးတွေကို အမြဲတွေးတောနေတာမျိုး စတာတွေကို လိုက်နာနေထိုင်သင့်ပါတယ်။

ဒါ့အပြင် စိတ်ကျန်းမာရေးပြန်လည်ကောင်းမွန်လာစေဖို့ ကိုယ့်ကိုချစ်ခင်တဲ့ မိသားစုဝင်၊ သူငယ်ချင်းတွေနဲ့ နွေးနွေးထွေးထွေးနေထိုင်တာ၊ စျေးဝယ်ထွက်တာ၊ ခရီးတိုလေးတွေထွက်တာ စသဖြင့်ပြုလုပ်ပေးသင့်ပါတယ်။

✅ ဒါကြောင့် ဆေးဖြတ်ဖို့ဆန္ဒရှိနေတယ်ဆိုရင် ဖြတ်ဖို့အချိန်လွန်နေပြီလား၊ ရပါ့မလားလို့မတွေးဘဲ စိတ်ကျန်းမာရေးဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ဆွေးနွေးကာ ဆေးဖြတ်နိုင်ဖို့ကြိုးစားကြမယ်ဆိုရင် ပုံမှန်လူကောင်းတစ်ယောက်အတိုင်း ကျန်းကျန်းမာမာ နေထိုင်လာနိုင်မှာဖြစ်ပါတယ်။

Address

ဒဂုံရိပ်မွန်အိမ်ယာ၊အမှတ် (၂၁၆ )၊ဧကရာဇ်လမ်း၊အရှေ့ဒဂုံမြို့နယ်၊ရန်ကုန်မြို့။
Yangon
1111

Telephone

+959400783010

Website

Alerts

Be the first to know and let us send you an email when အလင်းတန်း စိတ်ကျန်းမာရေးဆေးရုံ - Alinn Tann Mental Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share