Asia Nwe Pharmacy-အာရှနွယ်ဆေးဆိုင်

  • Home
  • Myanmar
  • Yangon
  • Asia Nwe Pharmacy-အာရှနွယ်ဆေးဆိုင်

Asia Nwe Pharmacy-အာရှနွယ်ဆေးဆိုင် မြန်မာဆေး၊ အင်္ဂလိပ်ဆေးမျိုးစုံ လက်လီလက်ကားရောင်းချပေးနေပါပြီ...။

29/01/2025
အစာအိမ်နှင့်အူလမ်းကြောင်းကျန်းမာနေစေဖို့ဆိုရင် သင်တို့ စားနေကျ အစားအစာတွေကို သေချာစီစစ်ပြီးစားဖို့လိုနေပါပြီနော်ဘယ်လို အ...
27/01/2025

အစာအိမ်နှင့်အူလမ်းကြောင်းကျန်းမာနေစေဖို့ဆိုရင် သင်တို့ စားနေကျ အစားအစာတွေကို သေချာစီစစ်ပြီးစားဖို့လိုနေပါပြီနော်

ဘယ်လို အစားအစာတွေကို စားသင့်တယ် မစားသင့်ဘူးဆို‌တာတော့ အောက်မှာတစ်ချက်ပြောပြပေးပါ့မယ်နော်

စားသုံးသင့်တဲ့အရာလေးတွေကတော့
-အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ
-Probiotic အစားအစာများ( ဒိန်ချဉ်၊ cheese)
-Prebiotic အစားအစာများ(ကြက်သွန်ဖြူ၊ကြက်သွန်နီ)
-ရေဓာတ်ကြွယ်ဝသောအစားအစာများ(သခွားသီး၊ဖရဲသီး၊လိမ္မော်သီး)
-ပရိုတင်းဓာတ်ကြွယ်ဝသောအစားအစာများ(ကြက်၊ငါး၊တို့ဟူး)
-ကောင်းမွန်တဲ့အဆီဓာတ်ပါဝင်သောအစားအစာများ(ထောပတ်သီး၊သံလွင်ဆီ)

မစားသင့်တဲ့အရာလေးတွေကတော့
-ဆီပြန်ဟင်းများ
-အချိုများသော အစားအစာများ
-အငန်များသောအစားအစာများ
-အသင့်ထုတ်ထားသော အစားအစာများ

ဒီအစားအစာတွေကိုသေချာ ဆင်ခြင်ပြီးစားသုံးပေးမယ်ဆိုရင်တော့ ပိုမိုကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်ရှင့်





#ဆေးဆိုင်

ဆေးဝါးများကို ဝယ်ယူရာတွင် ကိုယ်တိုင်သွားဝယ်ရတာကို နှစ်သက်လား ဒါမှမဟုတ် online ကပဲ ဝယ်ယူဖြစ်တာလားဖုန်းတစ်လုံးတည်းရှိရုံဖြ...
25/01/2025

ဆေးဝါးများကို ဝယ်ယူရာတွင် ကိုယ်တိုင်သွားဝယ်ရတာကို နှစ်သက်လား ဒါမှမဟုတ် online ကပဲ ဝယ်ယူဖြစ်တာလား

ဖုန်းတစ်လုံးတည်းရှိရုံဖြင့် လိုအပ်တဲ့ဆေးဝါးများကို online ကတစ်ဆင့် အာရှနွယ်ဆေးဆိုင်မှာ
ဝယ်ယူအားပေးနိုင်ပါတယ်ရှင့်

လူကြီမင်းတို့ မှာယူလိုက်တဲ့ဆေးများကိုexp date များစစ်ဆေးပေးခြင်း မှန်ကန်သော ပစ္စည်းများ စျေးနှုန်းများဖြင့် ကျွန်မတို့အာရှနွယ်မှ ရောင်းချပေးနေတာဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာဝယ်ယူရရှိနိုင်ပါတယ် နော်

ဆက်သွယ်ရန် 09-450671777
09-450672777
09-450673777




#ဆေးဆိုင်

ကျွန်မတို့နေ့စဉ်ဘဝမှာ ပင်ပန်းကြတယ်၊စိတ်ပူပန်စရာတွေများကြတယ် ဒီလိုကိစ္စတွေနဲ့ လုံးပန်းပြီး ညဘက်တွေဆိုအတွေးများပြီးအိပ်မရတ...
22/01/2025

ကျွန်မတို့နေ့စဉ်ဘဝမှာ ပင်ပန်းကြတယ်၊စိတ်ပူပန်စရာတွေများကြတယ် ဒီလိုကိစ္စတွေနဲ့ လုံးပန်းပြီး ညဘက်တွေဆိုအတွေးများပြီးအိပ်မရတာမျိုးတွေကြုံဖူးကြတယ်မလား

ဒီလိုအိပ်မပျော်တဲ့ညတွေများလာတဲ့အခါ ဝိတ်တွေ မသိမသာတက်လာမယ်၊အားအင်တွေပိုပြီးနည်းပါးလာမယ်၊ မလန်းမဆန်းတွေဖြစ်ပြီး ရုပ်ပိုင်းဆိုင်ထိခိုက်တာတွေထိပါရှိလာနိုင်ပါတယ်

စိတ်မပူပါနဲ့ ဒါတွေကို ကန့်ပလူဥ၊ကုန်းထိကရုန်းနှင့်ဒဟတ်သကိုင်းအဆီအနှစ်တွေနှင့်ပေါင်းစပ်ထုတ်လုပ်ထားတဲ့ သဘာဝအိပ်ဆေး(herbal sleep) က ဖြေရှင်းပေးပါလိမ့်မယ်

Herbal Sleep က အစွမ်းထက်တဲ့သဘာဝဆေးစွမ်းကောင်းတွေနှင့်ထုတ်လုပ်ထားတာကြောင့် စိတ်ရောကိုယ်ပါ အနားယူခြင်းကိုကောင်းမွန်စေပြီး အိပ်စက်ခြင်းကိုအထောက်အကူပြုစေနိုင်ပါတယ်
ဒါ့အပြင် စိတ်ဖိစီးမှုများသူ၊အာရုံကြော ပင်ပန်းနွမ်း‌နယ်သူများနှင့် အိပ်ပျော်ရန်ခက်ခဲသူများကိုအတွက်လည်း အထူးသင့်လျော်ပါတယ်

ဒီဆေးလေးကို ပုံမှန်သောက်သုံးခြင်းဖြင့် ညဘက်များတွင်အချိန်မှန်အိပ်စက်နိုင်အောင်များစွာ အထောက်အကူပြုပေးမှာဖြစ်ပါတယ်ရှင့်

ဆေးမှာယူချင်တယ်ဆိုရင်တော့ page messenger မှဖြစ်စေ၊viberမှဖြစ်စေ၊အောက်ပါဖုန်းနံပါတ်များအားဆက်သွယ်၍ဖြစ်စေမှာယူရရှိနိုင်ပါတယ်ရှင့်

ဆက်သွယ်ရန် 09-450671777
09-450672777
09-450673777





#ဆေးဆိုင်

စိတ်ဆိုတာ တစ်စက္ကန့်အတွင်းမှာပဲ အတွေးပေါင်းသောင်းခြောက်ထောင်လောက်ကိုတွေးနိုင်ပါတယ်ဒီလိုအတွေးတွေများနေတာ မိမိရဲ့စိတ်ကိုတည...
20/01/2025

စိတ်ဆိုတာ တစ်စက္ကန့်အတွင်းမှာပဲ အတွေးပေါင်းသောင်းခြောက်ထောင်လောက်ကိုတွေးနိုင်ပါတယ်

ဒီလိုအတွေးတွေများနေတာ မိမိရဲ့စိတ်ကိုတည်ငြိမ်အောင် မထိန်းချုပ်နိုင်သေးလို့ဖြစ်ပါတယ်နော်

တရားထိုင်ခြင်းက သင်ရဲ့စိတ်ကိုတည်ငြိမ်အောင်များစွာကူညီပေးနိုင်ပါတယ်

ဒါ့အပြင်
-စိတ်ဖိစီးမှုကိုလျော့ချစေနိုင်ခြင်း
-ကောင်းမွန်စွာ အိပ်စက်နိုင်ရန်ကူညီပေးခြင်း
-အာရုံးစူးစိုက်မှုကိုပိုမိုတိုးတက်စေခြင်း
-စိတ်ဓာတ်ခွန်းအားကိုများစွာတိုးတက်စေပြီးအတွေးကောင်းတွေကိုလဲပိုမိုရရှိစေနိုင်မှာဖြစ်ပါတယ်

တရားထိုင်တဲ့အခါမှာလဲ အာရုံစုစည်းမှု ပိုရအောင် ဒီလိုနည်းလမ်းလေးတွေကို အသုံးပြုကြည့်ကြဖို့အကြံပေးချင်ပါတယ်

-တရားထိုင်ခြင်းကိုတစ်‌ေန့လျှင်အနည်းဆုံး 5မိနစ်မှ 10မိနစ်အတွင်းထိုင်ပေးပါ
-ဖြစ်နိုင်ရင်တစ်ယောက်တည်းအေးအေးဆေးဆေးနှင့်တိတ်ဆိတ်ငြိမ်သက်သောနေရာများတွင် တရားထိုင်ပေးပါ
-ဝင်လေထွက်လေ တစ်ချက်ဆီတိုင်းကို အာရုံစူးစိုက်၍မှတ်သားပါ
- နေ့စဉ်ပုံမှန် အဆက်အပြတ်ထိုင်ပေးပါ
-တရားထိုင်နေစဉ်အတွင်းမှာ အခက်အခဲ ပြဿနာတွေကိုမစဉ်းစားပါနှင့် စိတ်ကိုတည်ငြိမ်အောင်ထားပေးပါ စတဲ့အချက်လေးတွေပဲဖြစ်ပါတယ်နော်

စိတ်ချမ်းသာ ကိုယ့်ကျန်းမာစွာဖြင့် နေ့ရက်များကိုဖြတ်သန်းနိုင်ကြပါစေလို့ အာရှနွယ်ဆေးဆိုင်မှ ဆုတောင်းမေတ္တာပေးပို့ပါတယ် ရှင့်





#ဆေးဆိုင်

Herbigesic ရဲ့လျှိုဝှက်ချကိကိုမပြောပြခင် ဒီဆေးရဲ့အကြောင်းလေးကိုအရင်ပြောပြပေးပါမယ့်နော်Herbigesic က သဘာဝမှရရှိတဲ့ ဆင်တုံး...
18/01/2025

Herbigesic ရဲ့လျှိုဝှက်ချကိကိုမပြောပြခင် ဒီဆေးရဲ့အကြောင်းလေးကိုအရင်ပြောပြပေးပါမယ့်နော်

Herbigesic က သဘာဝမှရရှိတဲ့ ဆင်တုံးမနွယ်၊လင်ဇီး၊ထင်းရှူးအဆီအနှစ်တို့နှင့်ပေါင်းစပ်ဖွဲ့စည်းထားပါတယ်

ဒါကြောင့် အလုပ်လုပ်ရင်းတစ်ခုခုနှင့်ထိမိခိုက်မိလို့ အဆစ်အမြစ်တွေရောင်ခြင်း၊ကျီးပေါင်းရောဂါကြောင့် ဇက်ကြောတက်ခြင်း၊အလေးတစ်ခုခုမခြင်းကြောင့်ခါးနာခြင်း၊အုံးလွဲခြင်း စတာတွေကိုသက်သာစေနိုင်ပါတယ်

ဒါဆိုရင်ဆေးအကြောင်းလဲ သိသင့်သလောက်သိပြီ‌ဆိုတော့ လျှိုဝှက်ချက်လေးကိုပြောပြပေးပါ့မယ် Herbigesic ကိုလိမ်းလိုက်လျှင် အဝတ်အစားနှင့် အသားတွင်ဆေးရောင်များစွန်းထင်းခြင်း၊‌အရေပြားလောင်ခြင်းစသည့်ဘေးထွက်ဆိုးကျိုးတွေမရှိခြင်းပဲဖြစ်ပါတယ်

ဒီဆေးလေးကိုမှာယူချင်တယ်ဆိုရင်တော့ fb page messenger မှဖြစ်စေ viberမှဖြစ်စေ၊အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်၍ဖြစ်စေဝယ်ယူရရှိနိုင်ပါတယ်

ဆက်သွယ်ရန် 09-450671777
09-450672777
09-450673777





#ဆေးဆိုင်

သင်တို့တစ်ခါတစ်ရံခြေထောက်တွေ၊လက်တွေကိုကြာကြာထိုင်မိတာတို့ ဖိအိပ်မိတာတို့လုပ်မိတဲ့အခါ ခြေလက်ထုံကျဉ်ခြင်းကိုခံစားရမယ်ထင်ပါ...
17/01/2025

သင်တို့တစ်ခါတစ်ရံခြေထောက်တွေ၊လက်တွေကိုကြာကြာထိုင်မိတာတို့ ဖိအိပ်မိတာတို့လုပ်မိတဲ့အခါ ခြေလက်ထုံကျဉ်ခြင်းကိုခံစားရမယ်ထင်ပါတယ်

အဲ့လိုမဟုတ်ပဲ မကြာခဏဖြစ်နေပြီဆိုရင် ဖိအိပ်မိတာ၊ဖိထိုင်မိတာကြောင့်မဟုတ်ပဲ အခြားအကြောင်းတွေလဲရှိနေပါပြီနော်

အဲ့တာလေးတွေကတော့

-ဗီတာမင် 12၊ဗီတာမင် 6 သို့မဟုတ် ဗီတာမင် D ချို့တဲ့အတွက် ထုံကျဉ်ခြင်း
-သွေးတွင်းသကြားဓာတ်ပမာဏများခြင်းကလဲ အာရုံကြောကို အားနည်းစေနိုင်ပါတယ်
-ခြေ၊လက်နှင့်‌ကျောရိုး ကိုတိုက်ရိုက် ထိခိုက်ရဖူးခဲ့ရင်လဲ ထုံကျဉ်ခြင်းကိုဖြစ်စေနိုင်ပါတယ်

ဒီလိုအကြောင်းအမျိုးမျိုးကြောင့် ခြေလက်တွေထုံကျဉ်ရတဲ့အခါ အောက်ကအချက်လေးတွေကိုလုပ်ကြည့်ပါနော်

လေ့ကျင့်ခန်းလုပ်ပေးခြင်း(ထိုင်လျက်ခြေထောက်ကိုဆန့်ပြီးအကြောလျော့လေ့ကျင့်ခန်းလုပ်ခြင်း၊ခြေချင်းဝတ်ကိုလှည့်ခြင်း၊‌မတ်တပ်ရပ်တာခြေထောက်ကို ခြေဖျားထောက်လိုက်ပြန်ချလိုက်လုပ်ပေးပါ)
-Potassium ၊magnesium၊‌ေရဓာတ်ပြည့်ဝစွာပါဝင်သောအစားအစာများ၊ဆားနည်းသောအစားအစာများစသည်တို့ကိုစားသုံးပေးပါ
-တစ်နေကုန်ထိုင်နေခြင်း၊လှဲလှောင်းနေခြင်းကိုရှောင်ကြည်ကျဉ်ပါ

ယခုမျှဝေပေးလိုက်တဲ့အကြံလေးတွေက သင်တို့မိသားစုကျန်းမာရေးအတွက် အထောက်အကူပြုမယ်ဆိုတာယုံကြည်ပါတယ်ရှင့်😊





#ဆေးဆိုင်

သင်ဟာ အရက်ဘီယာကို မကြာခဏသောက်သုံးလေ့ရှိတဲ့အတွက်‌ေကြာင့်ခန္ဓာကိုယ်က ပုံမှန်ထက်မောပန်းလာခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းတွေကိုခံ...
13/01/2025

သင်ဟာ အရက်ဘီယာကို မကြာခဏသောက်သုံးလေ့ရှိတဲ့အတွက်‌ေကြာင့်ခန္ဓာကိုယ်က ပုံမှန်ထက်မောပန်းလာခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းတွေကိုခံစားနေရပြီဆိုရင် သင့်ရဲ့အသည်းကိုအားဖြည့်‌ေပးဖို့လိုနေပါပြီနော်

ဒီလိုဖြစ်နေပြီဆိုရင်တော့liverilကိုဆောင်ထားကြဖို့အကြံပေးချင်ပါတယ်နော် liverilက အသည်းရဲ့ လုပ်ဆောင်ချက်ကို ကောင်းစွာပံ့ပိုးပေးနိုင်တဲ့အပြင် ကိုယ်ခံအားကိုလဲ မြှင့်တင်ပေးနိုင်ပါတယ်

ဒီဆေးလေးကိုမှာယူချင်တယ်ဆိုရင်တော့ fb page messenger မှဖြစ်စေ viber မှဖြစ်စေ၊အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်၍ဖြစ်စေဝယ်ယူရရှိနိုင်ပါတယ်

ဆက်သွယ်ရန် 09-450671777
09-450672777
09-450673777





#ဆေးဆိုင်

အသည်း ရောဂါကိုလျော့ချနိုင်ဖို့ဆိုရင် ကနဦးစွာပြောချင်တာကတော့ အရက်သေစာသောက်သုံးခြင်းကို လျော့ပေးပါ ၊လေ့ကျင့်ခန်းများများလု...
09/01/2025

အသည်း ရောဂါကိုလျော့ချနိုင်ဖို့ဆိုရင် ကနဦးစွာပြောချင်တာကတော့ အရက်သေစာသောက်သုံးခြင်းကို လျော့ပေးပါ ၊လေ့ကျင့်ခန်းများများလုပ်ပေးပါရှင့်

ဒါအပြင် အသည်းကိုအားဖြည့်ရန်ကူညီပေးနိုင်တဲ့ အားဖြည့်စာတစ်ခုလဲရှိနေပါတယ် အဲ့တာလေးကတော့အောက်ကသုံးမျိုးထဲကတစ်ခုဖြစ်ပါတယ်နော်

ဒီသုံးခုထဲကမှ ဘယ်တစ်ခုကအမှန်ဖြစ်မလဲဆိုတာကို အားလုံးသိအောင် comment မှာမျှဝေပေးခဲ့ပါ‌အုံးနော်






#ဆေးဆိုင်

Acorama ကအဆုတ်ရောင်ခြင်း၊အဆုတ်ပွခြင်း၊လေပြွန်ရောင်ခြင်းတို့တွင် တွေ့ရသော ချောင်းဆိုးရင်ကျပ်ခြင်းကို သက်သာစေသော Actycyste...
07/01/2025

Acorama ကအဆုတ်ရောင်ခြင်း၊အဆုတ်ပွခြင်း၊လေပြွန်ရောင်ခြင်းတို့တွင် တွေ့ရသော ချောင်းဆိုးရင်ကျပ်ခြင်းကို သက်သာစေသော Actycystenine ပါဝင်တဲ့စားဆေးတမျိုးလည်းဖြစ်ပါတယ်

သောက်သုံးမယ်ဆိုရင်လဲ လူကြီး‌နှင့် အသက်ခုနှစ်နှစ်နှင့်အထက်တွေဆိုရင်တော့ ၂၀၀မီလီဂရမ် ကိုတစ်‌‌ေန့သံုးကြိမ်၊နှစ်နှစ်မှ ခုနှစ်ကြားဆိုလျှင် ၂၀၀မီလီဂရမ်ကို တစ်နေ့ နှစ်ကြိမ်၊နှစ်နှစ်အောက်ကလေးတွေဆိုရင်တော့ ၁၀၀မီလီဂရမ်ကို တစ်နေ့နှစ်ကြိမ်သောက်သုံးသင့်ပါတယ်ရှင့်

ဆေးကိုသတ်မှတ်ထားတဲ့ မီလီဂရမ်ထက်ပိုသောက်မိလျှင် ဝမ်းလျှောခြင်း၊ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ပျို့ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ် ဒီလိုဖြစ်စေတဲ့အတွက်ကြောင့် ဆေးကို သတ်မှတ်ထားတဲ့ မီလီဂရမ်အတိုင်း သောက်သုံးဖို့ရန် လိုအပ်ပါတယ် ရှင့်

ဆေးနှင့်ဓာတ်မတည့်တဲ့သူများသည်လည်း ပန်းနာရင်ကြပ်ကိုခံစားရနိုင်ပါတယ် ရှင့်

ဒီဆေးလေးကိုမှာယူချင်တယ်ဆိုရင်တော့ fb page messenger မှဖြစ်စေ၊viber မှဖြစ်စေ၊အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်၍ဖြစ်စေ ဝယ်ယူရရှိနိုင်ပါတယ်ရှင့်

ဆက်သွယ်ရန်
PH 09-450671777
09-450672777





#ဆေးဆိုင

အဆုတ်ကင်ဆာက ဆေးလိပ်သောက်လို့ဖြစ်တယ်ဆိုပေမဲ့တခြားဖြစ်စေနိုင်တဲ့အကြောင်းရင်းများစွာလည်း ရှိနေပါသေးတယ် ရှင့်အဲ့ဒီအချက်လေးတွ...
06/01/2025

အဆုတ်ကင်ဆာက ဆေးလိပ်သောက်လို့ဖြစ်တယ်ဆိုပေမဲ့တခြားဖြစ်စေနိုင်တဲ့အကြောင်းရင်းများစွာလည်း ရှိနေပါသေးတယ် ရှင့်

အဲ့ဒီအချက်လေးတွေကတော့

-ညစ်ညမ်းတဲ့လေတွေ ၊မီးခိုးမှုန်တွေကို ရှုမိခြင်း
-ဆေးလိပ်မသောက်သော်လည်း တခြားသူတစ်ယောက်သောက်သော ဆေးလိပ်ငွေ့များကို ရှုမိခြင်း

-မျိုးရိုးဗီဇလိုက်ပြီး ရောဂါဖြစ်တတ်ခြင်း

-ဓာတ်ရောင်ခြည်ကုထုံးများကို ထပ်တလဲလဲထိတွေ့ခြင်း၊CT စကင်ရ်များနှင့် မကြာခဏထိတွေ့ခြင်း

-နာတာရှည်အဆုတ်ရောဂါနှင့်တီဘီရောဂါကဲ့သို့သော အဆုတ်နှင့်ပက်သက်တဲ့ရောဂါရှိသူများသည် အဆုတ်အတွင်းအမာရွတ်များဖြစ်ပြီး ကင်ဆာဖြစိနိုင်ချေများခြင်း စတဲ့အချက်တွေက အဆုတ်ကင်ဆာဖြစ်နိုင်တယ်လို့ ဆိုထားကြပါတယ်

ဒါကြောင့် ဆေးလိပ်သောက်သုံးခြင်းကို အတတ်နိုင်ဆုံး‌‌ေလျာ့ချ‌‌ေပးခြင်း၊မိမိကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်ငွေ့များမရူရိူက်မိစေရန် ရှောင်ရှားခြင်းဖြင့် သက်ရှည်ကျန်းမာ ပျော်ရွှင်သော နေ့သစ်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ အာရှနွယ်မှ ဆုတောင်းပေးလိုက်ပါတယ် ရှင့်

ဆေးလေးတွေမှာယူချင်တယ်ဆိုရင်တော့ fb page messengerမှဖြစ်စေ၊viber မှဖြစ်စေ၊အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်၍ဖြစ်စေ မှာယူရရှိနိုင်ပါတယ်

ဆက်သွယ်ရန်
PH 09-450671777
09-450672777
09-450673777





#အဆုတ်ကင်ဆာ
#ဆေးဆိုင်

Address

အမှတ် (၄၄၈ / က ) ၊ သုမင်္ဂလာလမ်း ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ။
Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959450671777

Website

Alerts

Be the first to know and let us send you an email when Asia Nwe Pharmacy-အာရှနွယ်ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Asia Nwe Pharmacy-အာရှနွယ်ဆေးဆိုင်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram