Nyein

Nyein We are Myanmar’s 1st meditation and life coaching app. Myanmar’s destination for a healthier mind and a happier more productive life.

ငြိမ်းဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး တရားထိုင်ခြင်းနဲ့ ဘဝလမ်းညွှန် အက်ပလီကေးရှင်း ဖြစ်ပါတယ်။

ပိုမို ကျန်းမာတဲ့ စိတ်အစဥ်နဲ့ ပျော်ရွှင်အောင်မြင်တဲ့ လူနေမှုဘဝတို့အတွက် ဦးတည်ရာ။


We are Myanmar’s 1st meditation and life coaching app.

[English below]စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများစွာကို ဖြစ်ပေါ်စေတဲ့ မမျှော်လင့်ထားသော အပြောင်းအလဲများကို ကျွန်မတို့တ...
10/03/2023

[English below]
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများစွာကို ဖြစ်ပေါ်စေတဲ့ မမျှော်လင့်ထားသော အပြောင်းအလဲများကို ကျွန်မတို့တို့ရင်ဆိုင်ခဲ့ရတာ အခုဆိုရင် နှစ်နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ များသောအားဖြင့် ဒီစိုးရိမ်ပူပန်မှုတွေကို ကျွန်မတို့ဟာ မနက်ပိုင်းမှာ အများဆုံးခံစားရလေ့ရှိပါတယ်။ တစ်နေ့တာမှာ သင်လုပ်ဆောင်ရမယ့်အရာမှန်သမျှ ဥပမာ အလုပ်ကအစ၊ လေ့ကျင့်ခန်းလုပ်ရတာနဲ့ လူမှုဆက်ဆံရေးတွေအကြောင်းကို စဉ်းစားရင်းနဲ့ မနက်ခင်းမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတတ်ပါတယ်။

မနက်ခင်းမှာ သင့်စိတ်ဖိစီးမှု ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေကို စီမံခန့်ခွဲဖို့ တရားထိုင်ခြင်းလိုမျိုး အပန်းဖြေနည်းတွေကို လေ့ကျင့်တာက အထောက်အကူဖြစ်နိုင်ပါတယ်။ ငါးမိနစ်လောက် တရားထိုင်ခြင်းကတောင် စိုးရိမ်ပူပန်မှုတွေကို လျှော့ချနိုင်ပြီး သာယာတဲ့ မနက်ခင်းတစ်ခုကို ဖန်တီးဖို့ ကူညီပေးနိုင်တယ်လို့ သုတေသနတွေက အကြံပြုထားပါတယ်။ ထို့အပြင် ကျန်းမာရေးနှင့်ညီညွတ်သော နံနက်စာစားခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနှင့် ပိုမိုကောင်းမွန်စွာအိပ်စက်ခြင်းကဲ့သို့သော လူနေမှုပုံစံပြောင်းလဲခြင်းများသည် မနက်ခင်းတွင် စိုးရိမ်သောကခံစားချက်များကို ငြိမ်သက်စေပါသည်။

It has now been over two years that we have been facing unexpected changes which contribute to lots of stress and anxiety. On a daily basis, that stress or anxiety is often felt most heavily in the morning. Thinking about everything you have to accomplish during the day, from work to exercise and even socializing, can contribute to the anxiety that you feel in the morning.

To manage your stress or anxiety in the morning, it can be helpful to practice relaxation techniques like meditation. Research suggests that even a five-minute meditation can reduce anxiety and help us create a calmer morning. Moreover, lifestyle changes like eating a healthy breakfast, exercising regularly, and getting better sleep, can all help calm feelings of anxiety in the morning.

ဒီနေ့ခေတ်ကာလမှာ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်ဖို့ ပိုလွယ်လာကြပါတယ်။ တချို့သော မျှော်လင့်ချက်တွေကို ပြည်...
09/03/2023

ဒီနေ့ခေတ်ကာလမှာ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်ဖို့ ပိုလွယ်လာကြပါတယ်။ တချို့သော မျှော်လင့်ချက်တွေကို ပြည့်မှီဖို့ မဖြစ်နိုင်လို့၊ ရုန်းကန်နေရလို့၊ ဒါမှမဟုတ် တစ်ခုခုမှာ ကျရှုံးခဲ့လို့ အစရှိတဲ့ အကြောင်းအရာတွေက သဘာဝကျတဲ့၊ တွေ့ကြုံရတတ်တဲ့ ကိစ္စတွေပဲဆိုပေမယ့် တခါတလေမှာ ဒါတွေကြောင့် ကိုယ့်ကိုယ်ကို အရှုံးသမား တစ်ဦးလို မြင်လာမိတတ်ကြပါတယ်။ ဒီနေ့ ဘဝမှာကြုံတွေ့လာရင်တောင် ကိုယ့်ကို အရှုံးသမားမဖြစ်စေတဲ့ အရာတစ်ချို့အကြောင်းကို မျှဝေသွားမှာ ဖြစ်ပါတယ်။

🌳စိတ်ကျန်းမာရေးဆိုင်ရာ အခက်အခဲများရှိခြင်း 🌳- စိတ်ကျန်းမာရေးဆိုင်ရာ ရုန်းကန်ရမှုများသည် အလွန်အဖြစ်များပြီး ကျွန်မတို့ထဲမှ 4 ယောက်တွင် 1 ယောက်သည် စိတ်ကျန်းမာရေးအတွက် ပံ့ပိုးကူညီမှုများ လိုအပ်နိုင်ပါတယ်။ ဒီလို စိတ်ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေဟာ မျိုးရိုးဗီဇ၊ လူမှုရေး၊ ပတ်ဝန်းကျင်နှင့် ကိုယ်ရေးကိုယ်တာအချက်များ ရဲ့ ရှုပ်ထွေးသော အပြန်အလှန်ဆက်စပ်မှု၏ ရလဒ်ဖြစ်ပါတယ် - မိိမိရဲ့ အရည်အချင်းကို ထင်ဟပ်နေတဲ့ လက္ခဏာတစ်ခု မဟုတ်ပါ။

🌳မိရိုးဖလာမှတ်တိုင်များ မဖြစ်မြောက်သေးခြင်း 🌳- တက္ကသိုလ်ဘွဲ့ရတာ၊ ဝင်ငွေမှန်တဲ့အလုပ်တစ်ခုရှိတာ၊ အိမ်ထောင်ပြုတာ၊ သားသမီးတွေနဲ့ ကိုယ်ပိုင်အိမ်ပိုင်ဆိုင်ခြင်းစတာတွေက သင်တန်ဖိုးထားပြီး ဖြစ်မြောက်ချင်တဲ့ အရာတွေဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဒါတွေ မဖြစ်မြောက်သေးတာ ဒါမှမဟုန် သင့်အနေနဲ့ ဒါတွေကို မလိုချင်တာကလည်း သင့်ကို ရှုံးနိမ့်သူတစ်ဦး မဖြစ်စေပါ။

🌳တစ်ခုခုမှာ ကျရှုံးခြင်း 🌳- တစ်ခုခုမှာ ကျရှုံးရုံနဲ့ သင်ဟာ ရှုံးနိမ့်သူတစ်ဦးဖြစ်သွားတာ မဟုတ်ပါဘူး။ သင်ဟာ ဘဝတစ်ခုလုံးမှာ မအောင်မြင်တာမဟုတ်ဘဲ ဒီအရာလေးတစ်ခုမှာပဲ လွဲချော်မှုလေးတွေ ရှိသွားတာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ တစ်ခုခုမှာ အဆင်မပြေခဲ့ရင်တောင် ထိုကျရှုံးမှုဟာ ခဏတာဖြစ်ပြီး ပြုပြင်၍ရနိုင်ပါတယ် ဒါမှမဟုတ် အနာဂတ်အတွက် ကောင်းမွန်တဲ့ သင်ယူမှုအတွေ့အကြုံတစ်ခုအဖြစ် သဘောထားနိုင်ပါတယ်။

[English below]အနားယူခြင်းဟာ ကျွန်မတို့ကို ပိုမိုလန်းဆန်းတက်ကြွစေပြီး လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ ဆောင်ရွက်စေနိုင်ပါ...
06/03/2023

[English below]
အနားယူခြင်းဟာ ကျွန်မတို့ကို ပိုမိုလန်းဆန်းတက်ကြွစေပြီး လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ ဆောင်ရွက်စေနိုင်ပါတယ်။ ဒါ့အပြင် အောက်ပါပုံထဲကအတိုင်း တခြားသော အကျိုးကျေးဇူးတွေလည်း များစွာရှိနေပါသေးတယ်။

Rest can make us more refreshed and able to perform tasks well. Besides, there are many other benefits as shown in the picture below.

[English below]ဖိအားတွေများလာတာနဲ့အမျှ ဘဝရဲ့အခက်အခဲ ဒါမှမဟုတ် စိန်ခေါ်မှုတွေ စုပြုံလာတဲ့အခါ၊ စိတ်ခံစားမှုတွေ နွမ်းလျပြီး...
03/03/2023

[English below]
ဖိအားတွေများလာတာနဲ့အမျှ ဘဝရဲ့အခက်အခဲ ဒါမှမဟုတ် စိန်ခေါ်မှုတွေ စုပြုံလာတဲ့အခါ၊ စိတ်ခံစားမှုတွေ နွမ်းလျပြီး ပင်ပန်းနွမ်းနယ်နေတဲ့ အခြေအနေကို ကျွန်မတို့ ရောက်သွားတတ်ပါတယ်။ ဒါကို စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုလို့ ခေါ်ပါတယ်။ လူအများစုအတွက်၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း များများလာတတ်ပါတယ်။

စိတ်ပင်ပန်းနွမ်းနယ်မှုကို လျှော့ချရန် အချို့သော နည်းလမ်းများမှာ စိတ်ဖိစီးမှုကို ဖယ်ရှားခြင်း သို့မဟုတ် လျှော့ချခြင်း၊ ကျန်းမာသော၊ မျှတသောအစားအစာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ လုံလောက်စွာအိပ်စက်ခြင်း နှင့် ပစ္စုပ္ပန်အခိုက်အတန့်တွင် အာရုံစူးစိုက်မှုတို့ကို လေ့ကျင့်ခြင်းတို့ ပါဝင်ပါတယ်။

When stress begins to accumulate from negative or challenging events in life that just keep coming, you can find yourself in a state of feeling emotionally worn out and drained. This is called emotional exhaustion. For most people, emotional exhaustion tends to slowly build up over time.

Some strategies to reduce emotional exhaustion include eliminating or minimizing the stressor when possible, eating a healthy, balanced diet, exercising, getting enough sleep, and practicing mindfulness to engage in the present moment

ကျွန်မတို့အများစုဟာ ပတ်ဝန်းကျင်ကလူတွေနဲ့ သင့်တော်တဲ့ စည်းဘောင်ကို ဘယ်လိုထားရမလဲဆိုတာနဲ့ ပတ်သက်ပြီး အခက်အခဲတွေ့ရတတ်ပါတယ်။...
02/03/2023

ကျွန်မတို့အများစုဟာ ပတ်ဝန်းကျင်ကလူတွေနဲ့ သင့်တော်တဲ့ စည်းဘောင်ကို ဘယ်လိုထားရမလဲဆိုတာနဲ့ ပတ်သက်ပြီး အခက်အခဲတွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ ကျွန်မတို့က ကိုယ့်အတွက်ကိုယ် ခိုင်ခိုင်မာမာ မရပ်တည်နိုင်သလို ဒါမှမဟုတ် အခြားသူတွေရဲ့ ဘဝတွေအတွက် ကိုယ်ကပဲ တာဝန်ယူထားရသလို ခံစားရနိုင်ပါတယ်။ တကယ်တော့ ပိုခိုင်မာပြတ်သားတဲ့ လူမှူစည်းဘောင်တွေ သတ်မှတ်တာဟာ ပိုမိုကျွမ်းကျင်လာအောင် ကျွန်မတို့အားလုံး လေ့ကျင့်နိုင်တဲ့ စွမ်းရည် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေ့မှာ စည်းဘောင်သတ်မှတ်တဲ့အခါ အသုံးဝင်စေနိုင်မယ့် အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

🌳သင့်တန်ဖိုးများကို နားလည်ပါ 🌳- သင့်အတွက် အရေးကြီးတာက ဘာတွေလဲဆိုတာကို သတ်မှတ်နားလည်ခြင်းနဲ့ စကြရအောင်ပါ။ သင်တန်ဖိုးထားတဲ့အရာတွေက အချိန်နဲ့အလိုက် ပြောင်းလဲနေနိုင်တာကြောင့် အချိန်တိုင်းမှာ ကိုယ်တန်ဖိုးထားတာ ဘာလဲဆိုတာကို သိနေဖို့လိုပါတယ်။

🌳သင်၏ ဦးစားပေးများကို သိပါ 🌳- သင့်တန်ဖိုးများကို ထူထောင်ပြီးနောက် ဒါတွေရဲ့ ဦးစားပေးများကို ခွဲခြားသတ်မှတ်ပါ။ သင့်အတွက် အရေးကြီးဆုံးက ဘာလဲ။ အရာအားလုံးက သင့်ရဲ့ နံပါတ်တစ် ဦးစားပေးမဖြစ်နိုင်တာကြောင့် ဦးစားပေးတွေကို ဘယ်လို အဆင့်သတ်မှတ်ကြမလဲဆိုတာ တွေးကြရမှာ ဖြစ်ပါတယ်။

🌳သင့်စည်းဘောင်တွေက အခြားသူတွေနဲ့ ကွဲပြားနိုင်တာကို သတိပြုပါ🌳 - ကျွန်မတို့ဟာ မတူညီသော အတွေ့အကြုံများ၊ မတူညီသောတန်ဖိုးများနှင့် မတူညီသော ကြီးပြင်းလာမှုများဖြင့် ဒီကမ္ဘာထဲသို့ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ မတူညီတဲ့ အခက်အခဲတွေကို ဖြတ်သန်းခဲ့ရပြီး မတူညီတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့ပါတယ်။ ဒါကြောင့် စည်းဘောင်တွေထားတဲ့အခါမှာလည်း တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်တာဖြစ်တဲ့အတွက် မတူညီခြင်းကို အားလုံးအပြန်အလှန်လေးစားကြရန် လိုအပ်ပါတယ်။

[English below]ပျော်ရွှင်မှုတွေ၊ အဆင်မပြေမှုတွေ အစရှိတဲ့ ခံစားချက်တွေကို ကိုင်တွယ်ကြရတဲ့အခါ အောက်ပါပုံထဲကလို ဘေးနားမှာ က...
01/03/2023

[English below]
ပျော်ရွှင်မှုတွေ၊ အဆင်မပြေမှုတွေ အစရှိတဲ့ ခံစားချက်တွေကို ကိုင်တွယ်ကြရတဲ့အခါ အောက်ပါပုံထဲကလို ဘေးနားမှာ ကိုယ့်ကို ကောင်းကောင်းလေး ပံ့ပိုးပေးနိုင်တဲ့သူရှိရင် အစစ အရာရာ ပိုအဆင်ပြေပါတယ်

When navigating through life experiences, everything is more comfortable if you have someone who can support you well like in the picture below.

[English below] စိတ်မသက်မသာဖြစ်မှုနဲ့ စိုးရိမ်စိတ်တွေလို စိတ်ဆင်းရဲစရာတစ်ခုခုနဲ့ ကြုံလာရတဲ့အခါ အမျိုးမျိုးသော ဖြေရှင်းနည...
24/02/2023

[English below]
စိတ်မသက်မသာဖြစ်မှုနဲ့ စိုးရိမ်စိတ်တွေလို စိတ်ဆင်းရဲစရာတစ်ခုခုနဲ့ ကြုံလာရတဲ့အခါ အမျိုးမျိုးသော ဖြေရှင်းနည်းတွေကို အားကိုးရတတ်ပါတယ်။ အချို့ကိစ္စတွေမှာ စိုးရိမ်ပူပန်မှုကို သက်သာစေရန် သို့မဟုတ် ရှောင်ရှားရန် ကျွန်မတို့ အသုံးပြုတဲ့ နည်းလမ်းတွေက အထောက်အကူမပြုနိုင်သလို healthy မဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အလုပ်အလွန်အကျွံလုပ်ခြင်းနဲ့ အမြဲတမ်းအလုပ်များနေခြင်းဟာ အထောက်အကူမဖြစ်နိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် အလုပ်များနေတာကို ချီးကျူးလေ့ ရှိကြပေမယ့် ကောင်းကျိုးသိပ်မပြုတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ အလုပ်တွေအများကြီးလုပ်ပြီး အတွေးတွေကို အာရုံလွှဲနေမိတယ်ဆိုတာကို သတိထားမိရင် အသက်ပြင်းပြင်းရှူပါ၊ အနားယူပါ၊ ခေတ္တရပ်ပြီး သင့်ပတ်ဝန်းကျင်က အရာလေးတွေကို အသိအမှတ်ပြုပေးပါ။

When faced with something uncomfortable and distressing like anxiety, it’s common to rely on various coping mechanisms. In some cases, the mechanisms we use to soothe or avoid anxiety can also become unhelpful and unhealthy.

Overworking and always being busy is one of those unhelpful coping mechanisms. Even though this is often glorified in today’s society, it’s not always beneficial. If you feel like you don’t have much time to spare and if you realize that you’re staying busy as a coping mechanism – take a deep breath, take a break, pause, and notice the small things around you.

[English below]ကိုယ့်အတွက် အဆိပ်အတောက်များတဲ့ ဆက်ဆံရေးတွေကို ဘာလို့ ဖြတ်ပစ်ဖို့ ခက်ကြတာလဲ?အဆင်မပြေတဲ့ ဒါမှမဟုတ် အဆိပ်အတေ...
23/02/2023

[English below]
ကိုယ့်အတွက် အဆိပ်အတောက်များတဲ့ ဆက်ဆံရေးတွေကို ဘာလို့ ဖြတ်ပစ်ဖို့ ခက်ကြတာလဲ?

အဆင်မပြေတဲ့ ဒါမှမဟုတ် အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးတွေ (toxic relationship) နဲ့ ဘယ်သူမှ မပတ်သက်ချင်ကြပေမယ့် - တခါတလေမှာ ဒီကိုယ့်အတွက် မကောင်းတဲ့ ဆက်ဆံရေးကို စွန့်ခွါဖို့ ခက်ခဲနေတတ်ကြပါတယ်။ မကြာခဏဆိုသလို၊ ဒီ relationship တွေကို စွဲလမ်းနေသလိုတောင် ခံစားရနိုင်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကို လေ့လာကြည့်ရအောင်။

🌳ဒီ relationship ဟာ ကိုယ့်အတွက် မကောင်းကြောင်းကို သတိမထားမိလို့ 🌳- အဆိပ်အတောက်များတဲ့ အမူအကျင့်များစွာကို မီဒီယာနှင့် လူ့အဖွဲ့အစည်းတချို့မှာ ရိုမန်တစ်ဆန်ပြီး ပုံမှန်အမူအရာသဖွယ် တင်ဆက်လေ့ရှိပါတယ်။ ရန်လိုမှု၊ အလွန်အမင်း မနာလိုစိတ်၊ ထိန်းချုပ်တဲ့ အပြုအမူနှင့် အခြားအရာများစွာကို အချစ် သို့မဟုတ် စိတ်အားထက်သန်မှုအဖြစ် ပုံဖော်ထားတာတွေနဲ့ ရင်းနှီးနေတဲ့ အတွက် ဒါတွေကို လက်မခံသင့်ကြောင်းကို သတိမထားမိတာလည်း ဖြစ်နိုင်ပါတယ်။

🌳ဒီလိုဆက်ဆံရေးတွေက အကျွမ်းတဝင်ရှိပြီး သက်တောင့်သက်သာရှိတယ်လို့ ခံစားရခြင်း 🌳- ကျွန်မတို့ဟာ အဆင်မပြေမှုတွေများတဲ့ ဖရိုဖရဲဆန်တဲ့ မိသားစုမှာကြီးပြင်းလာပါက ဒီ toxic ဖြစ်တဲ့ ပုံစံတွေကို ရင်းနှီးနေတာကြောင့် ပုံမှန်ဖြစ်စဉ်တစ်ခုလို လက်ခံနေတတ်ပါတယ်။ ဒါတွေက ကိုယ့်အတွက် အဆင်မပြေပေမယ့် အသားကျနေတဲ့ အရာဖြစ်လို့ သက်တောင့်သက်သာရှိပြီး လုံခြုံတယ်လို့ ထင်မှတ်မှားမိနိုင်ပါတယ်။

🌳အထီးကျန်တာထက် ပိုကောင်းတယ်လို့ ခံစားရခြင်း 🌳- သင်ဟာ အထီးကျန်ရမှာကို စိုးရိမ်တဲ့အခါမှာလည်း အဆိပ်အတောက်များတဲ့ ဆက်ဆံရေးတွေကို ဖြတ်တောက်ဖို့ ခက်နေတတ်ပါတယ်။ တစ်ယောက်တည်းနေရခြင်းက အလွန် စိတ်မသက်မသာခံစားရစေလို့ toxic relationship ရဲ့ အဆင်မပြေမှုတွေကို သတိလက်လွတ်ဖြစ်စေကာ ရုန်းထွက်ရခက်တာမျိူး ဖြစ်နိုင်ပါတယ်။

Why unhealthy relationships often feel so addictive

No one wants to be in an unhealthy or toxic dynamic - but so many of us know that it can be so tempting to keep going back to a relationship that’s ultimately harmful to us. Often, an unhealthy relationship can even feel addictive. Let’s dive into why this could be the case.

🌳You don’t recognise that it’s unhealthy 🌳- Many unhealthy dynamics and toxic behaviors are romanticized and normalised in media and society. Drastic highs and lows, aggression and extreme jealousy controlling behavior, and many other things are painted as romantic or passionate.

🌳The dynamic feels familiar and comfortable🌳 - If we grew up seeing or experiencing unhealthy, chaotic family dynamics, it can be very difficult to not repeat these patterns. Unhealthy dynamics can feel comfortable and safe because they are what we are used to - even when they are not good for us.

🌳Feeling like it’s better than being alone 🌳- Especially if you struggle with self-worth and/or if you are afraid of being alone, going back to an unhealthy dynamic might stem from those experiences. Navigating healthy relationships and being alone can feel very uncomfortable and you might romanticize your relationship, leading to going back - until you remember what it was like.

[English below]ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုမိုတိုးတက်ကောင်းမွန်စေဖို့ ပြင်ဆင်သင့်တဲ့ အကျင...
22/02/2023

[English below]
ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုမိုတိုးတက်ကောင်းမွန်စေဖို့ ပြင်ဆင်သင့်တဲ့ အကျင့်လေးတွေကို ဝေမျှလိုက်ပါတယ်။

Let’s have a look together at the habits we should unlearn for improving our mental health.

[English below]ပုံထဲမှာပါတဲ့ အချက်လေးတွေကို လုပ်မိရင် တခါတလေမှာ အပြစ်ရှိသလ်ို ခံစားရစေပေမယ့် တကယ်တမ်းတော့ ဒီအရာတွေက အပြစ...
14/02/2023

[English below]
ပုံထဲမှာပါတဲ့ အချက်လေးတွေကို လုပ်မိရင် တခါတလေမှာ အပြစ်ရှိသလ်ို ခံစားရစေပေမယ့် တကယ်တမ်းတော့ ဒီအရာတွေက အပြစ်မရှိတဲဲ့ အချက်တချို့ဖြစ်ပါတယ်။

Here are a few things that we usually feel guilty about but do not need to.

[English below]ကျွန်မတို့ဟာ စိုးရိမ်ပူပန်မှုများနဲ့  ပုံမှန်နေ့စဥ်အသက်ရှင်နေရတဲ့အခါ ခေါင်းက အမြဲရှုပ်ထွေးလေးလံနေပြီးတော့...
07/02/2023

[English below]
ကျွန်မတို့ဟာ စိုးရိမ်ပူပန်မှုများနဲ့ ပုံမှန်နေ့စဥ်အသက်ရှင်နေရတဲ့အခါ ခေါင်းက အမြဲရှုပ်ထွေးလေးလံနေပြီးတော့ ဘယ်လောက်ပဲအိပ်အိပ် စိတ်မကြည်လင်တာမျိုး ဖြစ်နေနိုင်ပါတယ်။ ကျွန်မတို့ရဲ့ စိတ်က အမြဲလေးလံထှိုင်းမှိုင်းနေပြီး မေးခွန်းတစ်ခုအတွက် အဖြေရှာတာ ဒါမှမဟုတ် လက်ဖက်ရည်တစ်ခွက်ဖျော်တာလိုမျိုး နေ့စဥ် လုပ်ဆောင်ရတဲ့အရာတွေကို မှတ်မိဖို့ကြိုးစားရတာက အလွန်အင်မတန် ပင်ပန်းစေတာမျိုး ဖြစ်နိုင်ပါတယ်။ မျက်လုံးတွေက စူးပြီး စပ်နေတာကြောင့် အမြဲပိတ်ထားချင်မိတယ်။ ဒါမှမဟုတ် ခေါင်းတွေ အရမ်းထိုးကိုက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒီလို အခက်အခဲတွေအားလုံးရှိနေပေမယ့်လည်း၊ ကျွန်မတို့အများစုဟာ ကိုယ့်ရဲ့နေ့စဥ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ ဆက်လက်ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။ ဒီအခါမှာ မပင်ပန်းနေဘူးဆိုရင် လုပ်နိုင်မယ့် အနေအထားလောက် ကျွန်မတို့ မလုပ်ဆောင်တဲ့အခါ ကိုယ့်ကိုယ်ကို စိတ်ပျက်သွားနိုင်ပါတယ်။ မကြာခဏဆိုသလို ကျွန်မတို့က ကိုယ့်ကိုယ်ကို "နည်းနည်းလေး ပိုတွန်းရမယ်" 'ပိုကောင်းအောင် ကြိုးစားသင့်တယ်" လို့ ခံစားရလေ့ရှိပါတယ်။

ကျွန်မတို့ကို ဘာက ဒီလောက်ပင်ပန်းနွမ်းနယ်စေတာကို နားလည်မှုရှိခြင်းက ကျွန်မတို့ကို ကိုယ့်ကိုယ်ကို အနည်းငယ်ပိုကြင်နာတတ်စေဖို့ ကူညီပေးနိုင်ပါတယ်။ တကယ်တော့ ကျွန်မတို့ရဲ့ မောပန်းနွမ်းနယ်မှုဟာ အားနည်းခြင်းရဲ့ လက္ခဏာမဟုတ်ပါဘူး- ဒါက ကာလ ကြာရှည်ဖြစ်နေတဲ့ စိုးရိမ်ပူပန်မှုကို ကျွန်မတို့ခန္ဓာကိုယ်ရဲ့ သဘာဝတုံ့ပြန်မှုတစ်ခုပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့မှာစိုးရိမ်စိတ်က ကျွန်မတို့ကို မောပန်းစေနိုင်တဲ့ အကြောင်းရင်းအချို့ကို မျှဝေပေးလိုက်ပါတယ်။

* "အဆင်ပြေပါတယ်" လို့ အမြဲဟန်ဆောင်ခြင်းက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကို ပင်ပန်းနွမ်းနယ်စေပါတယ်။
* စိုးရိမ်ပူပန်မှုတွေနဲ့ တွဲလာတတ်တဲ့ အတွေးလွန်ခြင်းက သင့်ကို ညဘက်ကောင်းကောင်းအိပ်မပျော်အောင် တားဆီးနိုင်ပါတယ်။
* စိုးရိမိပူပန်မှုက သင့်ခန္ဓာကိုယ်မှာ သက်သောင့်သက်သာမဖြစ်တဲ့ ကြွက်သားတင်းမာမှုတွေကို ဖြစ်စေနိုင်ပါတယ်။

[English below ]စိုးရိမ်ပူပန်မှုတွေ များနေတဲ့အချိန်မှာ ဒီခံစားချက်တွေကို လျော့နည်းသက်သာစေဖို့ ပုံထဲမှာပါတဲ့ အချက်လေးတွေက...
06/02/2023

[English below ]
စိုးရိမ်ပူပန်မှုတွေ များနေတဲ့အချိန်မှာ ဒီခံစားချက်တွေကို လျော့နည်းသက်သာစေဖို့ ပုံထဲမှာပါတဲ့ အချက်လေးတွေက အချိန်တိုလေးအတွင်းမှာ ထိထိရောက်ရောက် ကူညီပေးနိုင်ပါတယ်။

When we are feeling anxious, these little tips in the picture can effectively help in a short time to manage these feelings.

Address

Queen Palace, No(53/A) 89 Street Kandawlay, Township, Myanmar (Burma)
Yangon

Alerts

Be the first to know and let us send you an email when Nyein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nyein:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram