Shwe Yati Pharmacy

Shwe Yati  Pharmacy ရောင်းလဲရောင်းမည်။ဝယ်လဲဝယ်မည်။

ကစ်(ဒ်)လက်က လာဘ်ကောင်လေးလိုပဲတဲ့ သားသား၊မီးမီးတို့အတွက်ဆို ကစ်(ဒ်)လက် က ဝမ်းဗိုက်လည်းကျန်းမာ၊ ခန္ဓာကိုယ်ကျန်းမာခြင်း လည်...
04/12/2025

ကစ်(ဒ်)လက်က လာဘ်ကောင်လေးလိုပဲတဲ့
သားသား၊မီးမီးတို့အတွက်ဆို ကစ်(ဒ်)လက် က ဝမ်းဗိုက်လည်းကျန်းမာ၊ ခန္ဓာကိုယ်ကျန်းမာခြင်း လည်းပေးတာမို့၊ မေမေတို့က အဆောင်ကောင်းတဲ့ လာဘ်ကောင်လေး လို့တောင် တင်စားနေကြပြီနော်။
ကလေး ကျန်းမာ၊ ဝမ်းဗိုက်သာ၊ ပျော်ရွှင်စရာ မိသားစုဘဝကို Kidlac နဲ့အတူ ဖန်တီးလိုက်ပါ!


ကစ်ဒ်လက်သောက်၍ကျန်းမာခြင်းဝမ်းဗိုက်လေးမှာရောဂါကင်း

#ရွှေရတီဆေးဆိုင်

Shwe Yati Pharmacy
တာမွေမြို့နယ်။
ရန်ကုန်မြို့။

ဆောင်းတွင်းမှာ ချောင်းဆိုးရပ်မသွားတာ ဘာကြောင့်လဲဆောင်းတွင်းကို အေးတာကြိုက်သူတွေအတွက်တော့ ပျော်စရာရာသီပါ။ ဒါပေမယ့် ချောင်...
03/12/2025

ဆောင်းတွင်းမှာ ချောင်းဆိုးရပ်မသွားတာ ဘာကြောင့်လဲ

ဆောင်းတွင်းကို အေးတာကြိုက်သူတွေအတွက်တော့ ပျော်စရာရာသီပါ။ ဒါပေမယ့် ချောင်းဆိုးအသံနဲ့တော့ မကင်းနိုင်တာက ဆောင်းရာသီရဲ့ အမှတ်အသား တစ်ခုပါ။
အဖျားတော့ကျသွားပြီ၊ နှာစေးတော့ သက်သာသွားပြီ။ ဒါပေမယ့် ချောင်းဆိုးက တစ်ပတ်၊ နှစ်ပတ်ကြာတာတောင် မပျောက်သေးဘူးဆိုရင်... သင်တစ်ယောက်တည်း မဟုတ်ပါဘူး။

“ဘာလို့ ဆောင်းတွင်းမှာ ချောင်းဆိုးက ရှည်လာရတာလဲ?”
၁။ လေထုခြောက်သွေ့ခြင်း (အဓိကပြဿနာ)
ဆောင်းရာသီလေအေးတွေဟာ လေထုကို ခြောက်သွေ့စေပါတယ်။ ကျွန်တော်တို့ရဲ့ အသက်ရှူလမ်းကြောင်းဟာ စိုစွတ်နေဖို့လိုပါတယ်။ ခြောက်သွေ့တဲ့လေတွေက အဆုတ်နဲ့ လေပြွန်တွေကို ယားယံစေပြီး ချောင်းဆိုးစေတဲ့ ဦးတည်ချက်ကို ပို့လိုက်ပါတယ်။

၂။ ဗိုင်းရပ်စ်ပိုးများ ပိုမိုရှင်သန်ခြင်း
အေးတဲ့ရာသီဥတုက ဗိုင်းရပ်စ်ပိုးတွေ ပိုမိုရှင်သန်နိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ ဒါ့အပြင် လူတွေက အေးတဲ့အခါ အတွင်းခန်းမှာ ပိုနေတတ်ကြတော့ ရောဂါပိုးတွေ လွယ်ကူစွာ ကူးစက်နိုင်ပါတယ်။

၃။ ဓာတ်မတည့်မှုများ မြင့်တက်ခြင်း
ဆောင်းတွင်းမှာ ဖုန်မှုန့်၊ မှိုစွဲခြင်း၊ အိမ်မွေးတိရစ္ဆာန်အမွေးများနဲ့ ပိုထိတွေ့ရတတ်ပါတယ်။ ဒီအရာတွေက ဓာတ်မတည့်မှုကို ဖြစ်စေပြီး နာတာရှည်ချောင်းဆိုးခြင်းကို ဦးတည်စေနိုင်ပါတယ်။

၄။ နှာခေါင်းပိတ်ခြင်းရဲ့ အကျိုးဆက်
နှာခေါင်းပိတ်တဲ့အခါ ကျွန်တော်တို့ ပါးစပ်နဲ့ အသက်ရှူလာရပါတယ်။ ပါးစပ်ကနေရှူတဲ့လေက နှာခေါင်းကနေရှူတဲ့လေလို စိုစွတ်အောင်၊ စစ်ထားအောင် မလုပ်နိုင်ပါဘူး။ ဒီလေခြောက်တွေက တိုက်ရိုက်လည်ချောင်းထဲရောက်သွားပြီး ယားယံမှုကို ဖြစ်စေပါတယ်။

“ချောင်းဆိုးနေချိန် ရှောင်သင့်တဲ့ အစားအစာ ၆ မျိုး”
အစားအစာတွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိပါတယ်။ ချောင်းဆိုးနေချိန်မှာ ဒီအစားအစာတွေက ပိုဆိုးစေနိုင်ပါတယ်။

၁။ နို့နှင့် နို့ထွက်ပစ္စည်းများ
· ဘာကြောင့်လဲ?
နို့က သလိပ်ကို ပိုထူပျစ်စေပါတယ်။ ပျစ်ချွဲတဲ့သလိပ်တွေက ချောင်းဆိုးချင်စိတ်ကို ပိုဖြစ်စေပါတယ်။
· ဘာတွေလဲ?
နို့၊ ချိစ်၊ ရေခဲမုန့်၊ အချိုများတဲ့ဒိန်ချဉ်

၂။ အချိုကဲတဲ့အစားအစာနှင့် အချိုရည်များ
· ဘာကြောင့်လဲ?
သကြားဓာတ်က ခန္ဓာကိုယ်ထဲက ရောင်ရမ်းမှုကို ပိုဆိုးစေပါတယ်။
· ဘာတွေလဲ?
ကွတ်ကီး၊ ကိတ်မုန့်၊ ချောကလက်၊ ကိုလာအပါအဝင် အချိုရည်ဗူးများ

၃။ ကဖင်းဓာတ်များတဲ့အရာများ
· ဘာကြောင့်လဲ?
ကော်ဖီနဲ့ လက်ဖက်ရည်အချို့က ရေဓာတ်ခန်းခြောက်စေပါတယ်။
· ဘာတွေလဲ?
ကော်ဖီအများအပြား၊ လက်ဖက်ရည်ချို၊ အားဖြည့်အချိုရည်များ

၄။ ဆီကြော်စာများ
· ဘာကြောင့်လဲ?
အဆီများတဲ့အစာတွေက ခန္ဓာကိုယ်ထဲ ရောင်ရမ်းမှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။
· ဘာတွေလဲ?
ကြက်ကြော်၊ အာလူးကြော်၊ အကြော်အလှော်များ

၅။ အအေးခံထားသော အရည်များ
· ဘာကြောင့်လဲ?
ရေခဲရေလို အရာတွေက လည်ချောင်းကို ရုတ်တရက်ထိခိုက်စေပါတယ်။
· ဘာတွေလဲ?
ရေခဲရေ၊ ရေခဲအခဲထည့်ထားတဲ့ဖျော်ရည်များ

၆။ အငန်ကဲတဲ့ အစားအစာများ
· ဘာကြောင့်လဲ?
အငန်ဓာတ်များရင် ခန္ဓာကိုယ်က ရေဓာတ်ကို ပိုထိန်းထားတတ်ပြီး ချွဲသလိပ်ပိုပျစ်စေတယ်။
· ဘာတွေလဲ?
ငါးခြောက်၊ ဝက်ပေါင်ခြောက်၊ အငန်ကဲတဲ့သရေစာများ

“ဘာတွေ စားသောက်သင့်လဲ?”
၁. ပူနွေးတဲ့အရည်များ - ရေနွေးကြမ်း၊ ချင်းပြုတ်ရည်၊ ပျားရည်ခတ်ထားတဲ့ရေနွေး
၂. ဗီတာမင် စီ ကြွယ်ဝတဲ့အသီးများ - လိမ္မော်သီး၊ သံပရာသီး၊ ကီဝီသီး
၃. ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ၊ ပျားရည် - သဘာဝဆေးဘက်ဝင်ပစ္စည်းများ
၄. ဟင်းနုနွယ်ရွက်၊ မုန်လာဥနီ - ဗီတာမင်အေ ကြွယ်ဝပြီး အသက်ရှူလမ်းကြောင်းကို ကျန်းမာစေတယ်။

“အိမ်တွင်းကုထုံးလေးများ”
· ရေနွေးငွေ့ရှူခြင်း: ဇလုံထဲ ရေနွေးထည့်၊ ခေါင်းကိုတဘက်စအုပ်ပြီး ရေနွေးငွေ့ကို ၁၀ မိနစ်ခန့် ရှူပေးပါ။
· ဆားရည်ပလုတ်ကျင်းခြင်း: ရေနွေးနွေး တစ်ဖန်ခွက်၊ ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း ရောပြီး တစ်နေ့ ၂-၃ ကြိမ် ပလုတ်ကျင်းပါ။
· အိပ်ရာခေါင်းရင်း မြှင့်အိပ်ပါ: ခေါင်းအုံးနှစ်လုံးခုပြီး အိပ်တာက ညဘက်ချောင်းဆိုးတာကို သက်သာစေပါတယ်။

ဘယ်အချိန် ဆရာဝန်ပြသင့်လဲ?
· ချောင်း ၃ ပတ်ထက် ပိုကြာနေရင်
· ချောင်းဆိုးရင်းနဲ့ သွေးပါရင်
· အဖျား ၃၈.၅ ဒီဂရီထက် မကျရင်
· အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း
· ညဘက် ချောင်းဆိုးလွန်းပြီး အိပ်မရခြင်း

ဆောင်းတွင်းရဲ့ ချောင်းဆိုးဝေဒနာကို သက်သာစေဖို့ အကောင်းဆုံးနည်းလမ်းက ကာကွယ်ခြင်းပါပဲ။ လုံလောက်စွာ အနားယူပါ၊ ရေများများသောက်ပါ၊ လက်ကို မကြာခဏဆေးပါ။

Share ပေးခဲ့ပါအုန်း။သင့်ရဲ့ ချောင်းဆိုးသက်သာစေတဲ့ နည်းလမ်းလေးတွေကို comment မှာရေးခဲ့ပေးပါအုန်း။

ဒီဆောင်းပါးလေးက သင့်အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်ခံအားကောင်းပြီး ကျန်းမာပျော်ရွှင်တဲ့ ဆောင်းရာသီကို ပိုင်ဆိုင်နိုင်ကြပါစေ။
# Shwe Yati Pharmacy
#ရွှေရတီဆေးဆိုင် #တာမွေမြို့နယ်
#ရန်ကုန်မြို့ ။

#ဆောင်းတွင်း #ချောင်းဆိုး #ကျန်းမာရေး #ဆောင်းရာသီကျန်းမာရေး

Shwe Yati  Pharmacy  #ရွှေရတီဆေးဆိုင်
02/12/2025

Shwe Yati Pharmacy
#ရွှေရတီဆေးဆိုင်

အစားများများစားမှ ကိုယ်ခံအားကောင်းမယ်။ ကိုယ်ခံအားကောင်းမှ နေပြန်ကောင်းမယ်ဆိုပြီး မေမေတို့က ကလေးလေးကို တွေ့ရာအကုန်ကျွေးလိ...
02/12/2025

အစားများများစားမှ ကိုယ်ခံအားကောင်းမယ်။
ကိုယ်ခံအားကောင်းမှ နေပြန်ကောင်းမယ်ဆိုပြီး မေမေတို့က ကလေးလေးကို တွေ့ရာအကုန်ကျွေးလို့တော့ မဖြစ်ပါဘူးနော်။

ဒါဆို ကလေးငယ်တွေ ဖျားနာချိန် ဘာတွေစားသင့်လဲ? ဘာတွေကျွေးကြမလဲ?
မိခင်နို့ရည်အပြင် ရေဓာတ်များများပါတဲ့ စွပ်ပြုတ်၊ အုန်းရည် ကျွေးပေးပါ။
မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ အာလူးတို့ကို ပြုတ်ပြီး အစာပျော့ပျော့လေးတွေအဖြစ် ကျွေးပါ။
လက်ဖက်ရည်ကြမ်း (အသက် ၂ နှစ်နှင့်အထက်ဆို ချင်း/ဂျင်းရေနွေးကြမ်းကို တိုက်ကျွေးနိုင်သည်)
Vitamin C ကြွယ်ဝတဲ့ အသီးအနှံများကို ကျွေးပါ။
အဖျားမြန်မြန်ကျပြီး အစားဝင်ဖို့ Biogesic ကလေးအဖျားကျဆေးရည် တိုက်ကျွေးပါ။

ဖျားနာတဲ့အခါဖြစ်စေ ထိခိုက်ဒဏ်ရာရတဲ့အခါဖြစ်စေ ကလေးငယ်တွေကို အစားအစာမှန်ကန်စွာနဲ့ ပြည့်ဝအောင် ကျွေးမွေးပေးမယ်ဆိုရင် ဖျားနာတာကို သက်သာစေသလို အနာကျက်လည်း မြန်စေပါတယ်။

မေမေ့မေတ္တာနွေးထွေးမှုရဲ့ စီးဆင်းရာ Biogesic for Kids ပါ

Shwe Yati Pharmacy
#ရွှေရတီဆေးဆိုင်
#တာမွေမြို့နယ်
#အာယုဆေးရုံအနီး
#ရန်ကုန်မြို့
☎09798432467
&

ဉာဏ်ကောင်း၊ ကျန်းမာ၊ ဝမ်းဗိုက်ပြဿနာကင်း - Kidlac! သားသား၊မီးမီးတို့ ဉာဏ်ကောင်းလို့ ထက်မြက်လာတာ၊ နေ့ရက်တိုင်းကို ကောင်းမွ...
02/12/2025

ဉာဏ်ကောင်း၊ ကျန်းမာ၊ ဝမ်းဗိုက်ပြဿနာကင်း - Kidlac!
သားသား၊မီးမီးတို့ ဉာဏ်ကောင်းလို့ ထက်မြက်လာတာ၊ နေ့ရက်တိုင်းကို ကောင်းမွန်စွာ ကြီးပြင်းလာတာ၊ ကျန်းမာရေးလည်း ကောင်းပြီး၊ ဝမ်းဗိုက်ပြဿနာလည်း ကင်းဝေးလာတာ ဟာ မေမေတို့ ရင်အေးရတဲ့ ကစ်(ဒ်)လက် ကို နေ့စဉ်တိုက်လို့ပါပဲ
Kidlac မှာ ပါဝင်တဲ့ Probiotics, DHA, Colostrum, Zinc, Multivitamin, Prebiotics, Calcium တို့ကြောင့် ကလေးတို့အတွက် တစ်မျိုးတည်းနဲ့ ပြီးပြည့်စုံစေပါတယ်


ကစ်ဒ်လက်သောက်၍ကျန်းမာခြင်းဝမ်းဗိုက်လေးမှာရောဂါကင်း

Shwe Yati Pharmacy

#ရွှေရတီဆေးဆိုင်
#တာမွေမြို့နယ်
#အာယုဆေးရုံအနီး
#ရန်ကုန်မြို့။
☎09798432457 &Contact

 #ရွှေရတီဆေးဆိုင် #ရန်ကုန်မြို့။  #အာယုဆေးရုံအနီး  #တာမွေမြို့နယ်။  #☎☎0979843467
01/12/2025

#ရွှေရတီဆေးဆိုင်
#ရန်ကုန်မြို့။ #အာယုဆေးရုံအနီး
#တာမွေမြို့နယ်။

#☎☎0979843467

22/09/2025

လူကြီးမင်း တို့ မျက်လုံး လေးများ ကို တနေ့တာ ကြည်လင် လန်းဆန်းနေစေ ဖို့ New V.Rohto လေး ရပါပြီ။

Hello.....Hello
#ရွှေရတီဆေးဆိုင်
#တာမွေမြို့နယ်
#အာယုဆေးရုံအနီး
#☎09798432467
&

☎☎☎
09798432467

21/09/2025

Hello 📞📞📞

လူကြီး မင်းများခင်ဗျာ

မိုးလေး အေးတယ်နော် ။🥰🥰🥰
#ရွှေရတီဆေးဆိုင်
#တာမွေမြို့နယ်
#ရန်ကုန်မြို့။
#အာယုဆေးရုံအနီး
☎09798432467
&

မိုး​အေးလို့ အပြင်ထွတ် ပြီး ဆေးလေး ဝယ်ရမှာ အဆင်မပြေရင် ဖုန်းလေးသာ ဆတ်လိုက်ပါနော်။🥰🥰🥰

☎☎☎ 09798432467

Call now to connect with business.

မဂ်လာပါ... ရွှေရတီ ဆေးဆိုင် မှ... လူကြီး မင်းတို့ကို ကြိုဆိုလျှက်ပါ။နယ်ဝေး မှ လူကြီး မင်းတို့ တလစာ / သုံးလစာ / ခြောက်လစာ...
23/12/2024

မဂ်လာပါ...

ရွှေရတီ ဆေးဆိုင် မှ... လူကြီး မင်းတို့ကို ကြိုဆိုလျှက်ပါ။

နယ်ဝေး မှ လူကြီး မင်းတို့ တလစာ / သုံးလစာ / ခြောက်လစာ.သောက်သုံးနေရပြီး

ဆေးဝါးများကို လိုအပ်နေပါက ရွှေရတီမှ ဆောင်ရွက်ပေးနေပါတယ်။ ဆေးများလိုအပ်ပါက မှာယူနိုင်ပါသည်။

ရန်ကုန်မြို့တွင်း မှ တလစာ / သုံလစာ / ခြောက်လစာ ဆေးဝါးများ ဝယ်ယူသောက်သုံး နေရပါက မှာယူနိုင်ပါသည်။

လူကြီးမင်းတို့. ဝယ်ယူရ.ရှာဖွယ်ရခက်ခဲနေသော ဆေးဝါးများကိုလဲ ပို့ဆောင်ပေးပါသည်။

ရန်ကုန်မြို့တွင်း မြို့နယ်အလိုက် Delivery ခ ကျသင့်ပြီး Deliveryနဲ့ နေ့စဥ်ပို့ဆောင်ပေးပါသည်။

နယ်အဝေးများကို ငွေလွဲဝင်တာနဲ့ နီးစပ်ရာ ကားဂိတ်ကနေတဆင့်ပေးပို့ပေးပါသည်။

☎☎☎09798432467.viber
☎☎☎09779868252
☎☎☎09798771397..ဆတ်သွယ်ပြီး မှာယူနိုင်ပါသည်။

ရွှေရတီဆေးဆိုင်

အမှတ်.၇၈၅.ဇေယျာသုခလမ်း.အာယုဆေးရုံအနီး.မေတ္တာညွှန့်ရပ်ကွက်.တာမွေမြို့နယ်.ရန်ကုန်မြို့။

Address

အမှတ်.(785)ဇေယျာသုခလမ်း.အာယုဆေးရုံအနီး.မေတ္တာညွှန့်ရပ်ကွက်.တာမွေမြို့နယ်.ရန်ကုန်မြို့။
Yangon

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Shwe Yati Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Yati Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram