Tele Clinic - တယ်လီဆေးခန်း

Tele Clinic - တယ်လီဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tele Clinic - တယ်လီဆေးခန်း, Medical and health, Yangon.

08/08/2021

ကိုဗစ်ရှိမရှိ မိမိကိုယ်တိုင် စနစ်တကျ
စစ်နိုင်စေရန် လွယ်ကူရိုးရှင်းသော
သင်ကြားရေးvideo လေးတစ်ခုကို
တယ်လီဆေးခန်းမှ ဘာသာပြန်တင်
ဆက်လိုက်ပါတယ်။

⛔️သတိပြုရန် ⛔️

COVID-19 antigen အမြန်စစ်ဆေးမူ RDT
သည် တခါတရံ False Negative နှင့် False Positive ရလဒ်များ ထွက်ပေါ်တတ်သဖြင့် ၁၀၀ရာနူန်း တိကျသေချာသော စစ်ဆေးမူ
မျိုးမဟုတ်ပါ။

လူအများ သိရှိစေရန် Shareပေးခြင်းဖြင့်
ကူညီကြပါစို့။

08/08/2021

ဆရာဝန်ညွန်ကြားပါက ကိုဗစ်လူနာနှင့်
လူနာရှင်များ သွေးကျဲဆေးကို မိမိ
ကိုယ်တိုင် စနစ်ကျစွာထိုးနှံတတ်စေရန်
လွယ်ကူရိုးရှင်းသော သင်ကြားမူဗီဒီယို
အား တယ်လီဆေးခန်းမှ မြန်မာဘာသာ
ဖြင့် စာတန်းထိုးတင်ဆက်လိုက်ပါတယ်။

ဗီဒီယို၏ မူရင်းဖန်တီးသူများကို
crd ပေးပါတယ်ခင်မျာ။

မေတ္တာဖြင့် ဘာသာပြန်စာတန်းထိုး
encodeလုပ်ပေးသော ညီလေးများ
အား ကျေးဇူးအထူးတင်အပ်ပါတယ်။

နောက်ထပ် သင်ကြားမူvideo များကို
လည်း ဆက်လက်တင်ပေးသွားမှာ
ဖြစ်ပါတယ်။

⛔️သတိပြုရန်⛔️
ဆရာဝန်ညွန်ကြားထားသည့်လူနာများမှ
အပ ကိုဗစ်လူနာတိုင်း သွေးကျဲဆေးထိုး
ရန်မလိုအပ်ပါ။

လူများများသိစေရန် post ကို shareလုပ်
ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်။

တယ်လီ ဆေးခန်း (Tele Clinic) pageမှ မအားလပ်သည့်ကြားမှဖြေဆိုပေးနေသောစေတနာ့ဝန်ထမ်းဆရာဝန်များနှင့် ကိုဗစ်ဝေဒနာခံစားနေရသောလူန...
06/08/2021

တယ်လီ ဆေးခန်း (Tele Clinic) pageမှ
မအားလပ်သည့်ကြားမှဖြေဆိုပေးနေသော
စေတနာ့ဝန်ထမ်းဆရာဝန်များနှင့် ကိုဗစ်
ဝေဒနာခံစားနေရသောလူနာမိသားစု
များရဲ့ ကနဦးအလှူဒါနဖြစ်ပါတယ်။
ထပ်မံလည်း လှူဒါန်းသွားမှာဖြစ်ပါတယ်။

အိမ်တိုင်ရာရောက်ကုသမူနှင့် အွန်လိုင်း
ကျန်းမာရေးဖြေဆိုမူအချို့တွင် လူနာနှင့်
လူနာရှင်မိသားစုများမှ စေတနာအလျောက်
ထည့်ဝင်လှူဒါန်းသောငွေများ ဖြစ်ပါတယ်။

ကိုဗစ်လူနာများဟာ အချိန်ပေးကုသရ
တဲ့အတွက် တရက် လူနာလေးငါးဦးသာ
လိုက်လံကြည့်ရူနိုင်ပါတယ်။ လိုက်လံကြည့်
ရူနိုင်သူ ပြင်ပဂျီပီဆရာဝန်တစ်ဦးသာရှိနေ
သဖြင့် ရန်ကုန်မြို့အနှံ့ မရရှိသည်ကိုနား
လည်ပေးစေလိုပါတယ်ခင်မျာ။

ဤကဲ့သို့ လှူဒါန်းရတဲ့ အကျိုးကြောင့်
ကိုဗစ်ဝေဒနာရှင်လူနာများ အောင်
မြင်စွာ ဖြတ်ကျော်ပျောက်ကင်းနိုင်
ပါစေခင်မျာ🙏🙏🙏

ကိုဗစ်လူနာများအား အိမ်တိုင်ရာရောက် ကုသရေး အစီအစဉ်တစ်ခုကို Tele Clinic -တယ်လီဆေးခန်းမှ စတင်စီစဉ်နေပါတယ်။လက်ရှိအခြေအနေတွင်...
29/07/2021

ကိုဗစ်လူနာများအား အိမ်တိုင်ရာရောက် ကုသရေး အစီအစဉ်တစ်ခုကို Tele Clinic -တယ်လီဆေးခန်းမှ စတင်စီစဉ်နေပါတယ်။

လက်ရှိအခြေအနေတွင် လာရောက်ကြည့်ရှု နိုင်သော ပြင်ပဂျီပီဆရာဝန်တစ်ဦးသာ ရှိနေသဖြင့် ရန်ကုန်မြို့နေရာအနှံ့သို့လိုက်လံ မကြည့်ရူနိုင်ဘဲ လူဦးရေ အကန့်အသတ်ရှိနေခြင်းကို နားလည်ပေးစေလိုပါတယ်။

လက်ရှိအချိန်တွင် လာရောက်ကြည့်ရှု ပေးနိုင်သော မြို့နယ်များမှာ

၁။ စမ်းချောင်းမြို့နယ်
၂။ အလုံ မြို့နယ်
၃။ ကြည့်မြင်တိုင်မြို့နယ်
၄။ လမ်းမတော်မြို့နယ် တို့ဖြစ်ပါတယ်။

(က) သွေးတွင်း အောက်ဆီဂျင်ဓာတ် ကျဆင်းခြင်း
(ခ) အသက်အရွယ်ကြီးရင့်ခြင်း
(ဂ) ရောဂါအခံရှိခြင်း အစရှိသော လူနာများကို ဦးစားပေးကြည့်ရှုသွားမှာ ဖြစ်ပါတယ်။

Tele Clinic - တယ်လီဆေးခန်း page ရဲ့chat box သို့ (၃၁/၇/၂၀၂၁) နေ့မှစ၍ လာရောက် ဆွေးနွေးရင်း ဘိုကင်တင်နိုင်ပါတယ်။

အောက်စီဂျင်စက်/ စလင်ဒါအိုးများ၊ ECGဆွဲခြင်းနှင့် တန်ဖိုးကြီးထိုးဆေးများ အတွက် လက်ရှိအချိန်တွင် အခမဲ့ကူညီပေးခြင်း မပြုလုပ်နိုင်သေးသည်ကို အားနာလှပါတယ်။

သွေးစစ်လိုလျှင် အခမဲ့ဖောက်ပြီးဓာတ်ခွဲခန်းများ သို့ပို့ဆောင်ပေးနိုင်သော်လည်းသွေးစစ်ခကိုတော့ လူနာရှင်မှ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

PPEဝတ်စုံဖိုး၊ ကားလောင်စာဆီဖိုးနှင့် ဆေးပစ္စည်းဖိုးများအတွက် ဘတ်ဂျတ် အခက်အခဲ ရှိနေပါသဖြင့် လာရောက် ကြည့်ရူကုသခကို “သုံးသောင်းကျပ်” သတ်မှတ်ထားပါတယ်။ တတ်နိုင်ပါက ထပ်မံလှူဒါန်းနိုင်ပါတယ်။ ထိုလှူဒါန်းငွေများကို မတတ်နိုင်သော လူနာ မိသားစုများအတွက်သာ ပြန်လည် သုံးစွဲသွားမှာ ဖြစ်ပါတယ်။

အွန်လိုင်းဆွေးနွေးမူအတွက် မည့်သည့် ငွေကြေးမျှ ပေးစရာမလိုပါ။

ယခုထက် စေတနာရှင်ဆရာဝန် အင်အားတိုးချဲ့ရန်နှင့် အခမဲ့ဝန်ဆောင်လှူဒါန်းမှုများ ရရှိနိုင်ရန် တယ်လီဆေးခန်းအနေဖြင့် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

ကိုဗစ်လူနာကို အောက်စီဂျင်ပေးနည်းSource: MoH
17/07/2021

ကိုဗစ်လူနာကို အောက်စီဂျင်ပေးနည်း

Source: MoH

မြို့နယ်အလိုက် ကျန်းမာရေးဌာန လိပ်စာများ နှင့် ဖုန်းနံပါတ်များ__________________________________________________အရှေ့ပိုင...
12/07/2021

မြို့နယ်အလိုက် ကျန်းမာရေးဌာန လိပ်စာများ နှင့် ဖုန်းနံပါတ်များ
__________________________________________________

အရှေ့ပိုင်းခရိုင်
**************
အမှတ်(၁၀)၊ ဆေးရုံလမ်း၊ (၁၆)ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ၀၁-၅၄၂၉၄၆

အနောက်ပိုင်းခရိုင်
*****************
အမှတ်(၁၂၃)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ၀၁-၄၃၀၂၆၈

တောင်ပိုင်းခရိုင်
**************
သီဟဒီပလမ်းနှင့် ဗညားဦးလမ်း ထောင့်၊ ပဲခူးစုရပ်ကွက်၊ သန်လျင်မြို့နယ်၊ ၀၅၆-၂၃၃၈၃

မြောက်ပိုင်းခရိုင်
***************
အမှတ်(၃)လမ်းမပေါ် ကာယရပ်ကွက်၊ ပုလဲအိမ်ရာမှတ်တိုင်၊ပတ္တမြား RIIC နှင့်ကပ်လျှက်၊မင်္ဂလာဒုံမြို့နယ်၊ ၀၁-၆၃၈၄၃၅

ရန်ကင်း
********
တိုက်(၂၀၁၇ )၊ အခန်း(၁ မှ ၆ ထိ)၊ ရန်ရှင်းလမ်း၊ (၁)ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ၀၁-၅၅၆၄၈၂

တောင်ဥက္ကလာပ
****************
အင်းဝလမ်း၊ (၆)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ၀၉-၄၅၀၅၄၂၄၅၆

မြောက်ဥက္ကလာပ
****************
ခေမာသီလမ်း၊ ရုံးသစ်မှတ်တိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ၀၉-၉၆၉၉၃၆၅

သင်္ဃန်းကျွန်း
************
လေးထောင့်ကန်လမ်းမကြီး၊ ဗိုလ်ကံညွန့်ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်၊ ၀၁-၅၆၄၁၆၁

သာကေတ
**********
မြင်တော်သာလမ်း၊ ထူပါရုံ(၁)ရပ်ကွက်၊ သာကေတမြို့နယ်၊ ၀၁-၅၅၆၈၃၉

ဒေါပုံ
*****
အမှတ်(၂၃)၊ ယမုံနာလမ်းမကြီး၊ ပုသိမ်မြေရပ်ကွက်၊ ဒေါပုံမြို့နယ်၊ ၀၁-၅၅၆၈၅၂

တာမွေမြို့နယ်
*************
အမှတ်(၃၈၈ )၊ ဗညားဒလလမ်း၊ ကျောက်မြောင်း(အထက်)ရပ်ကွက်၊ တာမွေမြို့နယ်၊ ၀၁-၅၅၅၈၃၀

ပုဇွန်တောင်
***********
အမှတ်(၅၁/၅၃)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ (၁၀)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ၀၁-၂၉၁၃၀၀

ဗိုလ်တထောင်
*************
အမှတ်(၁၅၇)၊ (၄၆)လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ၀၁-၂၀၁၃၄၈

ဒဂုံမြို့သစ်(တောင်ပိုင်း)
**********************
ပုလဲရတနာလမ်း၊ (၂၆)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၀၁-၅၉၀၀၇၄

ဒဂုံမြို့သစ်(မြောက်ပိုင်း)
**********************
အနော်ရထာလမ်းနှင့် ရာဇဓိရာဇ်လမ်းထောင့်၊ (၉)ရပ်ကွက်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၀၁-၅၉၀၀၇၄

ဒဂုံမြို့သစ်(အရှေ့ပိုင်း)
*********************
(၇)ဒေသန္တရကျန်းမာရေးဌာန၊ တိမ်ကြားမင်းခေါင်းလမ်း(၇)ရပ်ကွက်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ၀၁-၅၈၅၁၉၅

ဒဂုံမြို့သစ်(ဆိပ်ကမ်း)
*********************
ကနောင်မင်းသားကြီးလမ်းနှင့် ကျန်စစ်သားလမ်းထောင့်(၈၇ )ရပ်ကွက်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၀၁-၅၉၂၂၃၁

မင်္ဂလာတောင်ညွန့်
*****************
အမှတ်(၃၂၃၄)၊ ပညားဒလလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၀၁-၂၉၀၇၅၉

ကျောက်တံတား
***************
အမှတ်(၂၀၂/၂၀၁၈)၊ ဗဟာဗန္ဓုလလမ်း (အလယ်ဘလောက်)၊ (၂)ရပ်ကွက်၊ကျောက်တံတားမြို့နယ်၊ ၀၁-၃၇၅၃၃၈

လမ်းမတော်
***********
အမှတ်(၂၆၅)၊ မော်တင်လမ်း၊ လမ်းမတော်မြို့နယ်၊ ၀၁-၂၂၂၂၇၀

လသာ
******
အမှတ်(၁၁၂)၊ စဉ့်အိုးတန်းလမ်း၊ (၄)ရပ်ကွက်၊ လသာမြို့နယ်၊ ၀၁-၂၅၀၆၃၆

ပန်းဘဲတန်း
**********
(၁၂၈/၁၃၀)၊ ကုန်ဈေးတန်းအောက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ၀၁-၃၈၀၉၁၈

ကြည့်မြင်တိုင်
*************
အမှတ်(၄၈)၊ ကျောင်းကြီးလမ်း၊ ဈေးကြီးအရှေ့ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်၊ ၀၁-၅၃၅၈98

စမ်းချောင်း
***********
အမှတ်(၁၅၂)၊ ဗားဂရာလမ်း၊ စမ်းချောင်းမြို့နယ်၊ ၀၁-၅၁၀၆၆၈

လှိုင်
*****
အမှတ်(၄၂)၊ သီရိလမ်းမကြီး၊ (၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ၀၁-၅၃၅၉၀၂

ကမာရွတ်
*********
အမှတ်(၉၂/၉၄)၊ လှည်းတန်းလမ်းမ၊ (၃)ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ၀၁-၅၃၄၂၆၂

မရမ်းကုန်း
**********
အမှတ်(၅၄)၊ ကျိုက်ဝိုင်းဘုရားအနီး၊ မရမ်းကုန်းမြို့နယ်၊ ၀၁-၆၆၀၇၂၉

ဒဂုံ
****
အမှတ်(၃၈၄၀)၊ ပန်တျာလမ်း၊ ဘုရားကြီးရပ်ကွက်၊ ဒဂုံမြို့နယ်၊ ၀၁-၃၇၅၈၆၄

ဗဟန်း
******
အမှတ်(၃၂)၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ ဗိုလ်ချုပ်(၃)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ၀၁-၅၅၄၀၈၁

အလုံ
*****
အမှတ်(၄၇)၊ သစ်တော်လမ်းနှင့် ဝေဘာဂီလမ်းမ၊ စောရန်ပိုင်ရပ်ကွက်၊ အလုံမြို့နယ်၊ ၀၁-၂၂၀၈၄၅

သန်လျင်
********
ဗိုလ်ချုပ်နေဝင်းလမ်း၊ ပဲခူးစုရပ်ကွက်၊ ဆေးရုံဝင်း၊ သန်လျင်မြို့နယ်၊ ၀၅၆-၂၁၃၂၈

ကျောက်တန်း
*************
အလယ်ပိုင်းရပ်ကွက်၊ ကျောက်တန်းမြို့နယ်၊ ၀၅၆-၂၅၅၁၁

ခရမ်း
*****
ဘုရားလမ်း၊ (၂)ရပ်ကွက်၊ ခရမ်းမြို့နယ်၊ ၀၅၆-၃၀ဝ၁၈

သုံးခွ
*****
မင်းရဲကျော်စွာလမ်း၊ (၁၁)ရပ်ကွက်၊ သုံးခွမြို့နယ်၊ ၀၅၆-၄၀၃၉၅

ဒလ
****
ဒလ-တွံတေးကားလမ်းမ၊ အောင်မင်္ဂလာရပ်ကွက်၊ ဒလမြို့နယ်၊ ၀၁-၂၆၉၁၉၃

ကော့မှူး
*******
ဆေးရုံလမ်း၊ မြို့သစ်ရပ်ကွက်၊ ကော့မှူးမြို့နယ်၊ ၀၁-၂၆၄၀၀၆

ကွမ်းခြံကုန်း
***********
ဗဟိုလမ်း၊ ခနောင်တိုအရှေ့ရပ်ကွက်၊ ကွမ်းခြံကုန်းမြို့နယ်၊ ၀၁-၂၆၅၀၂၃

တွံတေး
*******
ရွှေဆံတော်ဘုရာလမ်း၊ (၁)လမ်း၊ တွံတေးမြို့နယ်၊ ၁၄၅-၅၀၄၄၃

ဆိပ်ကြီးခနောင်တို
******************
ဗဟိုလမ်း၊ ခနောင်တို့အရှေ့ရပ်ကွက်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ၀၁-၂၆၈၀၃၆

လှိုင်သာယာ
***********
ရုံးရှေ့မှတ်တိုင်အနီး၊ အောင်ဇေယျတံတားအဆင်း၊ ကျန်စစ်သာလမ်းနှင့် ညောင်တုန်းလမ်းထောင့်၊ လှိုင်သာယာမြို့နယ်၊ ၀၁-၈၆၃၀၁၈၉

လှည်းကူး
*********
အရှေ့မင်းလမ်း၊ အောင်မင်္ဂလာရပ်ကွက်၊ လှည်ကူးမြို့နယ်၊ ၀၁-၆၂၉၀၂၅

မှော်ဘီ
*******
စုပေါင်းရုံးလမ်း၊ (၁)ရပ်ကွက်၊ မှော်ဘီမြို့နယ်၊ ၀၁-၆၂၀၀၄၁

ထန်းတပင်
**********
(၁)ရပ်ကွက်၊ ဆရာစံလမ်း၊ ထန်းတပင်မြို့နယ်၊ ၀၁-၆၁၉၀၁၄

အင်းစိန်
********
အင်းစိန်ပန်းခြံရှေ့၊ လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ၀၁-၆၄၀၂၃၉

မင်္ဂလာဒုံ
********
(၁၄)လမ်း၊ ဈေးရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်၊ ၀၁-၆၃၈၅၇၀

ရွှေပြည်သာ
***********
ဘုရင့်နောင်လမ်းမ၊ အမှတ်(၇)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ် ၀၁-၆၁၁၀၀၈

တိုက်ကြီး
*********
ဆေးရုံလမ်း၊ ဘောဓိကုန်းရပ်ကွက်၊ တိုက်ကြီးမြို့နယ်

11/07/2021

Tele Clinic - တယ်လီဆေးခန်း ဆိုတာ…..
ယခုလို ခက်ခဲကြမ်းတမ်းပြီး ကိုဗစ် တတိယလှိုင်းဒဏ် ခံနေရသောပြည်သူများ အတွက် လေလှိုင်းပေါ်က ပြည်သူ့ဆေးခန်း တစ်ခုပါ ခင်ဗျာ။

ဘာတွေ ဝန်ဆောင်မှုပေးမှာလဲ…?
ကျန်းမာရေးအတွက် သိလိုရာမေးနိုင်ပါတယ်၊ အထူးသဖြင့် ကိုဗစ် အတွက် ရည်ရွယ်ပါတယ်။

ဘယ်သူတွေပါဝင်ကူညီပေးမလဲ..?
ကိုဗစ် ရောဂါကုစင်တာများတွင် တာဝန်ထမ်းဆောင်ခဲ့သော စေတနာ့ဝန်ထမ်း ဆရာဝန်များ ပါဝင်ဆောင်ရွက် ပေးမှာဖြစ်ပါတယ်။ ပါဆင်နယ်အကောင့်များတွင် ကျန်းမာရေးအတွက် ဖြေကြားပေးနေသူများလည်း ဖြစ်ပါတယ်။ ယခုလို Page လုပ်ခြင်းဖြင့် ပိုမို စုစည်းမှုရှိရန် နှင့် အတွေ့အကြုံများ မျှဝေပြီး အကောင်းဆုံး လမ်းညွှန်မှုများ ပေးနိုင်ရန် ဖြစ်ပါတယ်။

ဘာကို ရည်ရွယ်သလဲ..?
ကိုဗစ် ပထမလှိုင်း နှင့် ဒုတိယလှိုင်းများတွင် အောင်မြင်ခဲ့သော Fever Clinic များအနေဖြင့် ယခု တတိယလှိုင်းတွင် အခြေအနေအကြောင်းကြောင်းကြောင့် အင်အားနည်းပါးလာပါတယ်။ ဒါ့ကြောင့် Fever Clinic မှသည် Tele Clinic-တယ်လီဆေးခန်း ဟူ၍ လက်ရှိမြေပြင်အနေအထားနှင့် အဆင်ပြေစေရန် ဖွင့်လှစ်ကူညီပေးခြင်းဖြစ်ပါတယ်။ ကိုဗစ် တတိယလှိုင်းဒဏ်ကို ပြည်သူများအနေဖြင့် အောင်မြင်စွာတွန်းလှန်နိုင်စေရန် တစ်ဖက်တစ်လမ်းမှ အကူအညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

အခကြေးငွေပေးရမှာပါလား..?
ကိုဗစ် အပါအဝင် ကျန်းမာရေးအတွက် တိုင်ပင်ဆွေးနွေးမှုအားလုံးကို မည်သည့် အခကြေးငွေမျှ မယူဘဲ လုပ်ဆောင်ပေးမှာပါ ခင်ဗျာ။

ဘယ်လိုဆက်သွယ်မေးမြန်းနိုင်မလဲ..?
Page ရဲ့ Messenger Chat Box မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ လိုင်းပေါ်တွင်ရှိသော သက်ဆိုင်ရာ စေတနာ့ဝန်ထမ်း ဆရာဝန်မှ ဖြေကြားပေးပါမယ်။ အကယ်၍ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရမည့် အခြေအနေကြုံလာခဲ့လျှင်လည်း Chat Box မှတဆင့် တောင်းခံနိုင်ပါတယ်။ ပြန်လည် ဖြေဆိုရာတွင် နှောင့်နှေးမှုများရှိခဲ့လျှင် သည်းခံပေးကြပါရန် တောင်းပန်အပ်ပါတယ်ခင်ဗျာ။

Address

Yangon
11101

Alerts

Be the first to know and let us send you an email when Tele Clinic - တယ်လီဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Tele Clinic - တယ်လီဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram