25/04/2026
❗❗❗ သတိပေးချက် ❗❗❗
အပူရှပ်ခြင်း (Heatstroke)
နေ့စဉ် ဘဝ ဖြတ်သန်းရာတွင် လက်ရှိ အတွေ့ရများ အဖြစ်များနေကြသာ အကြောင်းလေး အနည်းငယ် sharing လုပ်ပေးချင်ပါတယ်
နွေရာသီရဲ့ ပြင်းထန်တဲ့ အပူဒဏ်ကြောင့် ဖြစ်ပွားတတ်တဲ့ အပူရှပ်ခြင်း (Heatstroke) ဟာ အချိန်မီ မကုသရင် အသက်အန္တရာယ်ရှိနိုင်တဲ့ အရေးပေါ်ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်ပါတယ်။ အပူရှပ်ခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက်များကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
၁။ အပူရှပ်ခြင်းဆိုသည်မှာ အဘယ်နည်း။
ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးတဲ့စနစ် ပျက်ယွင်းပြီး ကိုယ်အပူချိန်ဟာ ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) ထက် ကျော်လွန်သွားတဲ့ အခြေအနေကို ဆိုလိုပါတယ်
🔴 နေပူထဲမှာ အလုပ်လုပ်ခြင်း
🔴 ကိုယ်လက်လှုပ်ရှားမှု အပြင်းအထန်ပြုလုပ်ခြင်းတို့ကြောင့် အများဆုံး ဖြစ်ပွားတတ်ပါတယ်
🔴 သွေတိုး၊ ဆီးချို၊ နှင့် အခြားရာဂါအခံရှိသူများမှာ ပုံမှန်လူများထက် ပိုမိုေစာလျင်စွာ ခံစားရတတ်ပါတယ်။
၂။ အပူရှပ်ခြင်း၏ လက္ခဏာများ
အောက်ပါလက္ခဏာများ ပြသလာပါက အထူးဂရုပြုရပါမည် -
🔴 ကိုယ်အပူချိန် အလွန်မြင့်တက်ခြင်း: ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက်အထက် ရှိနေခြင်း
🔴 စိတ်အခြေအနေ ပြောင်းလဲခြင်း: စိတ်ရှုပ်ထွေးခြင်း၊ စကားများ ဗလုံးဗထွေးဖြစ်ခြင်း၊ စိတ်တိုခြင်း၊ တက်ခြင်း သို့မဟုတ် သတိလစ်ခြင်း
🔴 ချွေးထွက်ပုံစံ ပြောင်းလဲခြင်း: အသားအရေများ ပူပြီး ခြောက်သွေ့နေခြင်း (သို့မဟုတ်) ချွေးအလွန်အမင်း ထွက်နေခြင်း။
🔴 ပျို့အန်ခြင်း: ဗိုက်မကောင်းဖြစ်ပြီး ပျို့အန်ခြင်း။
🔴 ခေါင်းကိုက်ခြင်း: ခေါင်းထဲမှ တဒိတ်ဒိတ်နှင့် နာကျင်ခြင်း
🔴 နှလုံးခုန်မြန်ခြင်းနှင့် အသက်ရှူမြန်ခြင်း: ခန္ဓာကိုယ်အေးစေရန် နှလုံးက အလုပ်ပိုလုပ်ရသဖြင့် နှလုံးခုန် မြန်လာခြင်း။
၃။ ရှေးဦးသူနာပြုစုနည်း
အပူရှပ်နေသူကို တွေ့ရှိပါက ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ရပါမည်။ လူနာတင်ယာဉ် မရောက်လာမီ အောက်ပါတို့ကို ဆောင်ရွက်ပါ -
လူနာကို အေးမြပြီး အရိပ်ရသောနေရာ (သို့မဟုတ်) လေအေးပေးစက်ရှိသော အခန်းထဲသို့ ရွှေ့ပါ။
အဝတ်အစားများကို ချောင်ချိအောင် ပြုလုပ်ပေးပါ။
ခန္ဓာကိုယ်ကို အမြန်ဆုံး အေးစေရန် နည်းလမ်းမျိုးစုံသုံးပါ။ (ဥပမာ - ရေအေးပတ်တိုက်ပေးခြင်း၊ ပန်ကာဖွင့်ပေးခြင်း၊ ရေစိုဝတ်ကို ချိုင်းကြား၊ ပေါင်ခြံနှင့် လည်ပင်းတို့တွင် တင်ပေးခြင်း)။
သတိရှိနေပါက ရေအေးအေး (သို့မဟုတ်) ဓာတ်ဆားရည် တိုက်ပေးပါ။
၄။ အပူရှပ်ခြင်းမှ ကာကွယ်ရန် နည်းလမ်းများ
📢 ရေများများသောက်ပါ: ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ ရေကို ခဏခဏ သောက်ပေးပါ
📢 အဝတ်အစား: ပေါ့ပါးပြီး အရောင်ဖျော့သော၊ ချောင်ချိသော အဝတ်အစားများကို ဝတ်ဆင်ပါ။
📢 အပူရှိန်ပြင်းချိန်ကို ရှောင်ပါ: နေ့လယ် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း အပြင်ထွက်ခြင်းနှင့် ပြင်းထန်သော အလုပ်များကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
📢 နေရောင်ကာပစ္စည်းများ သုံးပါ: အပြင်ထွက်ပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန်များ အသုံးပြုပါ။
📢 ကားအတွင်း ကလေးငယ်များ အိမ်မွှေးတိလေးများ မထားခဲ့ပါနှင့်: ပိတ်ထားသော ကားအတွင်း အပူချိန်မှာ အလွန်မြန်ဆန်စွာ တက်နိုင်သဖြင့် ကလေးနှင့် အိမ်မွေးတိရစ္ဆာန်များကို ကားထဲတွင် တစ်ယောက်တည်း မထားခဲ့ပါနှင့်
အထူးတိုက်ထွန်းချက် : ဓာတ်ဆား သို့မဟုတ် ရေ များများသောက်၊ အပေါ့ များများသွား များများပေါက်သော အလေ့ကျင့်ဖြင့် ခန္ဓာကိုယ် အပူချိန်ကို လျော့ချနိုင်ခြင်း
ရေပတ်တိုက်ချခြင်း၊ လေဝင်ထွက် ကောင်းနေနေရာ မပူသောနေရာများတွင် သာနေခြင်းဖြင့် ယခုနှစ် နွေရာသီ၏ အပူဒဏ်က်ု ဖြတ်ကျော်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ် ခင်ဗျာ
Dr Thant