မြန်မာ Covid-19 ကာကွယ်ဆေး ကောင်းကျိုး ဆိုးကျိုးများ မျှဝေရန်

  • Home
  • Myanmar
  • Yangon
  • မြန်မာ Covid-19 ကာကွယ်ဆေး ကောင်းကျိုး ဆိုးကျိုးများ မျှဝေရန်

မြန်မာ Covid-19 ကာကွယ်ဆေး ကောင်းကျိုး ဆိုးကျိုးများ မျှဝေရန် မြန်မာ Covid-19 ကာကွယ်ဆေး ကောင်းကျိုး ဆို?

03/06/2025

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(02-06-2025, 8:00 PM)

27/12/2024
27/12/2024

အမှားကင်းသူ
#တယ်လီကျန်းမာကာတွန်း

15/10/2024

ရာသီစက်ဝန်းအလိုက် လေ့ကျင့်ခန်းလုပ်ကြရအောင်

အမျိုးသမီးတွေက တစ်လလုံးလုံး ဟော်မုန်းအတက်အကျတွေ ဖြစ်နေတာကြောင့် ဒီအတိုင်းလေ့ကျင့်ခန်း လုပ်တာထက်စာရင် ရာသီစက်ဝန်းအလိုက် လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်နဲ့ ပိုပြီး လိုက်လျောညီထွေ ရှိစေပါတယ်။အမျိုးသမီးတွေအတွက်ဆိုရင် လေ့ကျင့်ခန်း လုပ်တာက ရာသီစက်ဝန်းနဲ့ ရာသီလာချိန်မှာ ခံစားရတတ်တဲ့ ဝေဒနာတွေအပေါ်မှာပါ သက်ရောက်မှု ရှိပါတယ်။ ဒီထဲမှာမှ ပိုပြီး လုပ်သင့်တဲ့သူတွေကတော့

သားဥအိမ်အရည်အိတ်တည်တဲ့ ရောဂါစု (PCOS) ရှိတဲ့သူ
အဝလွန်တဲ့သူ
အမြဲလိုလို အားမရှိဘဲ နုံးလွယ်တဲ့သူ
လိင်စိတ်နည်းသူ
ကလေးယူဖို ကြိုးစားနေတဲ့ သူတွေပဲ ဖြစ်ပါတယ်။

ရာသီစက်ဝန်းအလိုက် လေ့ကျင့်ခန်း လုပ်တာကို Cycle syncingလို့ ခေါ်ပါတယ်။ ရာသီစက်ဝန်းနဲ့ ဟော်မုန်းအပြောင်းအလဲအလိုက် လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေကတော့

(၁) Menstrual phase (ရာသီသွေးဆင်းနေတဲ့ရက်)

ရာသီလာနေတဲ့အချိန်မှာ အားနည်းပြီး သက်သောင့်သက်သာ မဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေကိုပဲ လုပ်သင့်ပါတယ်။

ဥပမာ လမ်းလျှောက်တာ၊ အကြောလျှော့တာ၊ ယောဂ၊ pilates စသဖြင့် လုပ်တာက ကိုက်ခဲနာကျင်မှုတွေကို သက်သာစေပါတယ်။ တကယ်လို့ ပင်ပန်းလွန်းလို့ မလုပ်နိုင်ရင်လည်း ပြဿနာမရှိပါဘူး။ ဒီရက်တွေမှာ နားနားနေနေ နေလို့ ရပါတယ်။

(၂) Follicular phase (Day 6-Day 14)

ရှေ့ရက်တွေကထက်စာရင် အားလည်းပြည့်လာသလို ဟော်မုန်းတွေလည်း ပြန်တက်လာပါပြီ။ ဒါကြောင့် အားသုံးရတဲ့ လေ့ကျင့်ခန်းတွေကို စပြီး လုပ်လို့ ရပါပြီ။

ဥပမာ Cardio ၊ အေရိုးဗစ်၊ ပြေးတာ၊ ရေကူးတာ၊ အလေးမတာတွေ လုပ်လို့ ရပါပြီ။

(၃) Ovulation phase (Day 15-Day 17)

ဟော်မုန်းတွေ အတက်ဆုံးအချိန်ဖြစ်တာကြောင့် အားလည်း အရှိဆုံးပါ။ ပြင်းထန်ပြီး အားသုံးရတဲ့ လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါတယ်။

ဥပမာ လက်ဝှေ့ထိုးတာ၊ အလေးမတာ စတာတွေ လုပ်လို့ ရပါတယ်။

(၄) Luteal phase (Day 18-Day 28)

ဟော်မုန်းတွေက အကျဘက်ကို ပြန်ရောက်လာတာကြောင့် အားသိပ်မသုံးရတဲ့ လေ့ကျင့်ခန်းတွေလောက်ပဲ လုပ်ပါ။ မကြာခင်မှာလည်း ရာသီပြန်လာ‌တော့မှာဆိုတော့ အားမွေးထားဖို့ လိုပါတယ်။

Cardio အလယ်အလတ်စား၊ သိပ်မလေးတဲ့ အလေးတွေမတာ၊ ကြွက်သားတက်စေမဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးနိုင်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို့ My Doctor Page ကို Like & Follow လုပ်ပေးထားဖို့ မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

15/10/2024

ကျီးကန်းပါးစပ် ဘာလို့ဖြစ်တာလဲ?

ကျီးကန်းပါးစပ် ဆိုတာ အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းဆုံရာ ပါးစပ်ထောင့်မှာ ကွဲအက်ပြီး နီရဲရောင်ရမ်းတာမျိုး ဖြစ်ပါတယ်။ တစ်ဖက်တည်းမှာဖြစ်နိုင်သလို တစ်ချိန်တည်းမှာ နှုတ်ခမ်းထောင့် နှစ်ဖက်လုံးမှာလည်း ဖြစ်နိုင်ပါတယ်။

ကျီးကန်းပါးစပ်ရောဂါဟာ တံတွေးမှတစ်ဆင့် ပိုးပေါက်ပွားပြီး infection ဝင်တာဖြစ်ပါတယ်။ နှုတ်ခမ်းခြောက်တဲ့အခါ၊ ကွဲတဲ့အခါမျိုးမှာ အဲ့နေရာကို လျှာနဲ့သပ်တတ်လေ့ရှိကြပါတယ်။ အဲဒီအခါမှာ နှုတ်ခမ်းထောင့်မှာ တံတွေးတွေ ပိုစုလာပြီး မှိုပိုးနဲ့ ဘတ်တီးရီးယား ပေါက်ဖွားရာနေရာ ဖြစ်လာပါတော့တယ်။အဖြစ်အများဆုံးကတော့ မှိုစွဲတာကြောင့်ဖြစ်ပြီး ဗီတာမင် B2 ချို့တဲ့ရင်လည်း ဖြစ်တတ်ပါတယ်။

ကျီးကန်းပါးစပ်ရဲ့ လက္ခဏာတွေကတော့
သွေးထွက်ခြင်း
အရည်ကြည်ဖု ထွက်ခြင်း
ကွဲအက်ခြင်း
ယားခြင်း၊ ပူခြင်း
စပ်ဖျဥ်းဖျဥ်း ဖြစ်ခြင်း
ပါးစပ်ဟလိုက်တိုင်း နာခြင်း
အစာစားရခက်ခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဒါ့အပြင် ကျီးကန်းပါးစပ်နာက အချို့သောရောဂါတွေရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေတတ်ပါတယ်။ ဒါတွေကတော့ သွေးအားနည်းရောဂါ၊ သွေးကင်ဆာ၊ ဆီးချိုရောဂါ၊ HIV ကဲ့သို ကိုယ်ခံအားနည်းရောဂါ၊ ကျောက်ကပ်၊ အသည်း၊ အဆုတ် အစရှိတဲ့ ကင်ဆာရောဂါတွေမှာလည်း ပါးစပ်မှာအနာဖြစ်တတ်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို့ My Doctor Page ကို Like & Follow လုပ်ပေးထားဖို့ မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

15/10/2024

လိင်ဆက်ဆံရင်း သေစေနိုင်တဲ့ အကြောင်းများ

လိင်ဆက်ဆံခြင်းကြောင့်သွေးပေါင်ချိန်ကျစေနိုင်တယ်၊ အိပ်လို့ကောင်းစေတယ်၊ ကိုယ်ခံအားစနစ်ကို မြှင့်တင် ပေးနိုင်တယ် စတဲ့ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ် လက်တွေ့မှာ အန္တရာယ်ဖြစ်စေနိုင်တာတွေလည်း ရှိပါတယ်။ အဲ့ဒါတွေကတော့

(၁) ရုတ်တရက် နှလုံးရပ်ခြင်း

ရှားပါးပေမဲ့ ဖြစ်တတ်ပါတယ်။ UKမှာလုပ်တဲ့ လေ့လာချက်မှာဆိုရင် ငယ်ရွယ်တဲ့ ဆက်ဆံသူတွေနဲ့ အမျိုးသမီးတွေမှာပါ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့စာတမ်းအရဆိုရင် အဖြစ်အများဆုံးအကြောင်းရင်းက sudden arrhythmic death syndromeလို့ ခေါ်တဲ့ နှလုံးခုန်မမှန်တဲ့ ရောဂါကြောင့်လို့ ဆိုပါတယ်။ ဒီရောဂါရှိတဲ့ လူနာတွေမှာက နှလုံးက အကောင်းအတိုင်းပဲ ရှိနေပြီး နှလုံးစည်းချက်မမှန်ရုံပဲ ဖြစ်ပါတယ်။

သူ့နောက်မှာတော့ သွေးလွှတ်ကြောမကြီးပြဲတဲ့ ရောဂါရှိနေပြီး အဲ့ဒီနောက်မှာတော့ တခြားနှလုံးရောဂါတွေ ရှိနေပါတယ်။

အသက်ကြီးရင်၊ နှလုံးရောဂါရှိရင် လိင်ဆက်ဆံတဲ့အခါ သတိထားရမယ်ဆိုတာကို လူတိုင်းသိကြပေမဲ့ ခုဆိုရင် လူငယ်တွေမှာပါ သတိထားဖို့ လိုလာပါပြီ။ အထူးသဖြင့် ကိုယ့်မှာ ဒါမှမဟုတ် ကိုယ့်အဖော်မှာ နှလုံးရောဂါအခံရှိရင် အတူနေဖို့ သင့်၊မသင့်ကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒါက ဖြစ်ခဲပေမဲ့ သတိထားတာ ကောင်းပါတယ်။

(၂) Sexual asphyxiation

ဒါကို erotic asphyxiationလို့လည်း ခေါ်ပြီး ထူးခြားတဲ့ လိင်ဆက်ဆံပုံတစ်မျိုးပါ။ ကိုယ့်အဖော် အသက်ရှူကျပ်နေတာကို ကြည့်ပြီး လိင်စိတ်သာယာမှုကို ခံစားကြတာ ဖြစ်ပါတယ်။ တချို့ကလည်း ကိုယ်ကိုယ်တိုင် အသက်ရှူကျပ်အောင်လုပ်ပြီး လိင်စိတ်သာယာမှုကို ခံစားကြတာပါ။

အသက်ရှူကျပ်‌အောင် လုပ်တာ ဖြစ်တဲ့အတွက် အခန့်မသင့်ရင် နေရာမှာတင် အသက်ရှူမရဘဲ သေဆုံးသွားနိုင်ပါတယ်။ တကယ်လို့ ကိုယ်နဲ့ ကိုယ့်အဖော်က ဒီလိုဆက်ဆံပုံကို ကြိုက်နှစ်သက်တယ်ဆိုရင် အစွန်းရောက်မသွားအောင်၊ အသက်အန္တရာယ်မဖြစ်အောင် သတိထားဖို့ လိုပါတယ်။ တစ်ဖက်ဖက်က အသက်ရှူကျပ်လာပြီ၊ မခံနိုင်တော့ဘူးလို့ အချက်ပြလိုက်တာနဲ့ ချက်ချင်းရပ်လိုက်ဖို့ လိုပါတယ်။

(၃) ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို သာယာခြင်း (B**M)

ဒါကိုလည်း တော်တော်များများသိကြမှာပါ။ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတာကို ပြုလုပ်ရတာ ဒါမှမဟုတ် ခံရတာကို နှစ်သက်ကြသူများပဲ ဖြစ်ပါတယ်။

သူတို့တွေမှာ အချင်းချင်းရိုက်နှက်တာ၊ နည်းလမ်းတစ်ခုခုနဲ့ နာကျင်စေတာ၊ ဖယောင်းစက်ချတာ စသဖြင့် ကိုယ့်ဆန္ဒကို သာယာစေမဲ့ နည်းလမ်းတွေကို အသုံးပြုကြတာ ဖြစ်ပါတယ်။

ဒီနေရာမှာလည်း Sexual asphyxiation နည်းတူ အလွန်အကျွံဖြစ်သွားခဲ့ရင် အသက်အန္တရာယ်ရှိပါတယ်။ အချင်းချင်းကြားမှာ ကိုယ်ခံနိုင်တဲ့ပမာဏကို ကျော်လွန်လာပြီ၊ အန္တရာယ်ရှိလာပြီဆိုတာနဲ့ ရပ်တန့်ဖို့ ကြိုတင်သဘောတူညီချက် ယူထားသင့်ပါတယ်။

(၄) လိင်တံထောင်မတ်ဆေးများ

Sildenafil လို့ခေါ်တဲ့ ဗိုင်ရာဂယာကို အလွန်အကျွံသောက်သုံးတဲ့သူတွေမှာ တွေ့ရပါတယ်။ လိင်တံမထောင်မတ်တဲ့ ပြဿနာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး ပမာဏကို တွက်ချက်ပြီးသောက်ရင် ပြဿနာမဟုတ်ပေမဲ့ ကိုယ့်သဘောနဲ့ကိုယ် ဝယ်သောက်ကြတဲ့အခါ အန္တရာယ်များပါတယ်။

ဒီဆေးက ပမာဏများသွားရင် သွေးပေါင်ကျသွားတတ်သလို နှလုံးရောဂါအခံရှိသူတွေ သောက်မိရင် နှလုံးထိခိုက်ပြီး အသက်အန္တရာယ်ဖြစ်နိုင်ခြေ ရှိတာကို သတိထားသင့်ပါတယ်။

ဒါကြောင့် လိင်တံထောင်မတ်စေတဲ့ ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်ဖို့၊ ညွှန်ထားတာထက် ပိုမသောက်ဖို့ လိုပါတယ်။

(၅) မူးယစ်ဆေး လွန်ကဲခြင်း

လိင်ဆက်ဆံတဲ့အခါ တချို့က မူးယစ်ဆေးသုံးပြီး ဆက်ဆံတတ်ကြတဲ့ အလေ့အထ ရှိပါတယ်။ ဒါကို Chems*x လို့ခေါပြီး လိင်တူဆက်ဆံတဲ့ အမျိုးသားတွေကြားထဲမှာပိုပြီး အတွေ့ရများပါတယ်။

လိင်ဆက်ဆံမှု ပိုမိုလွတ်လပ်အောင်၊ ခံစားမှုပိုမိုကောင်းမွန်အောင် Methamphetamine, GHB စတာတွေကို သုံးကြတာ ဖြစ်ပါတယ်။ လိင်ခံစားချက်ပိုမိုကောင်းချင်တဲ့ ရည်ရွယ်ချက်နဲ့ သုံးကြတာဖြစ်ပေမဲ့ တစ်ဖက်မှာလည်း ဆေးလွန်ပြီး (Overdose) အသက်အန္တရာယ်ဖြစ်သွားနိုင်ပါတယ်။

(၆) လိင်ဆက်ဆံရင်း ထိခိုက်ဒဏ်ရာရခြင်း

မိန်းမကိုယ်၊ စအိုထဲကို ခပ်ကြမ်းကြမ်း ဆက်ဆံတာ၊ s*x toysတွေနဲ့ ဆက်ဆံရာကနေ မိန်းမကိုယ်၊ စအိုတွေ ကွဲထွက်တာပါ။ ဒဏ်ရာကြီးရင် သွေးထွက်လွန်ပြီး အန္တရာယ်ဖြစ်နိုင်ပါတယ်။

(၇) Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း

ဒါကတော့ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေပါ။ Latex ကွန်ဒုံးနဲ့ဖြစ်ဖြစ်၊ သုက်ပိုးသတ်ဆေးနဲ့ ဖြစ်ဖြစ် ဓာတ်မတည့်တဲ့အခါ တချို့သူတွေမှာ ယားယံတာ၊ အင်ပြင်ထွက်တာလောက်ပဲ ဖြစ်ပေမဲ့ တချို့တွေမှာတော့ ရုတ်တရက် အသက်ရှူကျပ်ပြီး သွေးပေါင်ကျတာတွေ ဖြစ်တတ်ပါတယ်။ ဒါက အချိန်မီကုသမှု မခံယူရင် Shockဖြစ်ပြီး ဆုံးနိုင်ပါတယ်။ ဆေးဓာတ်မတည့်တာ၊ မြေပဲဓာတ်မတည့်တာနဲ့ အလားတူပါတယ်။ ဒီလိုဆို ကွန်ဒုံးမသုံးရဘူးလားဆိုရင်တော့ Latex free ကွန်ဒုံးတွေ သုံးလို့ရပါတယ်။

အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုဖြစ်စေဖို့ လိင်ဆက်ဆံတဲ့အခါ နှစ်ဦးနှစ်ဖက် သာယာစိတ်ဖြစ်ဖို့ အဓိကဆိုပေမဲ့ တစ်ဖက်မှာလည်း ကိုယ်နဲ့ ကိုယ့်အဖော်ရဲ့ အသက်အန္တရာယ်ကို မထိခိုက်စေဖို့ လိုပါတယ်။ ဒီအချက်တွေကို သတိပြုလိုက်မယ်ဆိုရင် ပိုပြီး ပျော်ရွှင်စရာကောင်းပြီး အန္တရာယ်ကင်းတဲ့ လိင်မှုဘဝကို ရရှိမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို့ My Doctor Page ကို Like & Follow လုပ်ပေးထားဖို့ မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

15/10/2024

ဦးနှောက်နဲ့ ကျောရိုး အာရုံကြောမကြီးမှာ ဘယ်လိုရောဂါတွေဖြစ်နိုင်လဲ?

ဦးနှောက်ရော၊ ကျောရိုး အာရုံကြောမကြီးရော၊ အာရုံကြောငယ်တွေရော ကျန်းမာနေပါမှ ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကောင်း ထိန်းချုပ်နိုင်မှာပါ။ ဒါပေမယ့် သူတိုကလည်း တခြားသော ကိုယ်တွင်းအင်္ဂါတွေလိုပဲ ရောဂါဖြစ်တတ်ကြပါတယ်။ မတော်တဆထိခိုက်မှု တစ်ခုခုကြောင့် ခေါင်းထိခိုက်မယ်ဆိုရင် အထဲက ဦးနှောက်လည်း ထိခိုက်နိုင်ပါတယ်။ ဒါကြောင့်ပဲ ဦးနှောက်အတွင်းသားကြေတာ၊ ဦးနှောက်သွေးယိုတာ၊ ဦးနှောက်တွင်းဖိအားများတာတွေ ဖြစ်လာနိုင်ပါတယ်။

ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီး မှာ အဖြစ်များတဲ့ ရောဂါတွေကတော့

ဦးနှောက်အကျိတ်
အသက်ကြီးလို့ ဦးနှောက်ဆဲလ်တွေ အိုမင်းလာပြီး ပျက်စီးခြင်း
သွေးကြောရောဂါ
ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်ခြင်း
အတက်ရောဂါ
ခုခံအား ကမောက်ကမဖြစ်ခြင်း
အိပ်စက်မှု ပြဿနာဖြစ်ခြင်း
အာရုံကြောကို ဖိမိခြင်း
အရည်အိတ်တည်ခြင်း
ကျောရိုးအာရုံကြောရောင်ရမ်းခြင်း
အလုံးအကျိတ်တည်ခြင်း
ဗီတာမင်နဲ့ သတ္တုဓာတ်ချို့တဲ့ခြင်း
ကူးစက်ပိုးဝင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

ဦးနှောက်နဲ့ အာရုံကြောထိရင် တစ်ကိုယ်လုံးပါ ထိခိုက်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်ပါ ရှိနိုင်တာကြောင့် သေချာဂရုစိုက်ဖို့ လိုပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဗဟုသုတတွေ နေ့စဉ်ဖတ်ရှုနိုင်ဖို့ My Doctor Page ကို Like & Follow လုပ်ပေးထားဖို့ မမေ့လိုက်နဲ့ဦးနော်။ 🥰🌠

အထူးသတိပြုပါ ကူးစက်လွယ်တဲ့မျောက်ကျောက်ရောဂါ
21/08/2024

အထူးသတိပြုပါ
ကူးစက်လွယ်တဲ့မျောက်ကျောက်ရောဂါ

🚨 သတိပြုဆင်ခြင်ကာကွယ်ပါ ကမ္ဘာ့ကျန်းမာရေးပြဿနာ မျောက်ကျောက်ရောဂါ (𝐌𝐨𝐧𝐤𝐞𝐲𝐩𝐨𝐱) 🚨

မျောက်ကျောက်ရောဂါဆိုတာ ဘာလဲ❓
မျောက်ကျောက်ရောဂါဆိုတာ 𝐎𝐫𝐭𝐡𝐨𝐩𝐨𝐱𝐯𝐢𝐫𝐮𝐬 ဖြစ်တဲ့ 𝐌𝐨𝐧𝐤𝐞𝐲𝐩𝐨𝐱 ဗိုင်းရပ်စ်ကနေ တစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (𝐖𝐇𝐎) ကနေ ကမ္ဘာ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ် လက်ရှိမှာ ကြေညာထားတာပဲဖြစ်ပါတယ်။

ဘယ်လိုကူးစက်နိုင်သလဲ❓
မျောက်ကျောက်ရောဂါဟာ တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်တတ်သလို လူမှ လူကိုလည်း ကူးစက်တတ်ပါတယ်။ ရောဂါကူးစက်ခံထားရသူရဲ့ အရေပြား (သို့) ပါးစပ်နဲ့ လိင်အင်္ဂါတို့မှာ ရှိတဲ့ အနာတွေကနေတစ်ဆင့် အခြားသူတွေထံကို တိုက်ရိုက်ကူးစက်တတ်ပါတယ်။

အဓိကအားဖြင့်တော့ ရောဂါရှိသူဖြင့်
- မျက်နှာချင်းဆိုင် နီးကပ်စွာ စကားပြောခြင်း (ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးလိုက်သည့် အမှုန်အမွှားများ၊ အသက်ရှူလမ်းကြောင်း၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတို့မှ တစ်ဆင့် ဝင်ရောက်ခြင်း)
- အရေပြားကို ထိတွေ့ကိုင်တွယ်ခြင်း (ရောဂါရှိသူရဲ့ ခန္ဓာကိုယ်မှ ထွက်သောအရည်များကို ထိတွေ့ကိုင်တွယ်ခြင်း)
- လိင်ဆက်ဆံခြင်း
- နမ်းရှုပ်ခြင်း
- အနီးကပ်နေထိုင်ခြင်း စသည်တို့ဖြင့် ကူးစက်တတ်ပါတယ်။

ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ❓
မျောက်ကျောက်ရောဂါရဲ့ ရောဂါလက္ခဏာတွေကို ရောဂါပိုးထိတွေ့ခံရပြီး (၁) ရက်ကနေ (၂၁) ရက်နေ့အတွင်း ကြုံတွေ့ခံစားရတတ်ပါတယ်။ ရောဂါလက္ခဏာတွေက (၂) ပတ်ကနေ (၄) ပတ်အတွင်း ရှိနေတတ်ပြီး ကိုယ်ခံအားကျဆင်းနေသူတွေမှာဆိုရင် ရက်သတ္တပတ်များစွာ ကြာမြင့်တတ်ပါတယ်။

တွေ့ရများတဲ့ ရောဂါလက္ခဏာတွေကတော့ -
📍 ယားယံ (သို့) နာကျင်သော အရည်ကြည်ဖုများ ပေါ်ထွက်ခြင်း
📍 ဖျားခြင်း
📍 လည်ချောင်းနာခြင်း
📍 ခေါင်းကိုက်ခြင်း
📍 ကိုယ်လက်ကြွက်သားကိုက်ခဲခြင်း
📍 ခါးနာခြင်း
📍 နုံးချိခြင်း
📍 ကိုယ်ခန္ဓာရှိ ပြန်ရည်ကျိတ်များ ယောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

တစ်ချို့လူတွေမှာဆိုရင် အရည်ကြည်ဖုတွေက တစ်လုံးကနေ အရေအတွက်အနည်းငယ်သာ တွေ့ရတတ်ပြီး တစ်ချို့မှာဆိုရင်တော့ အရေအတွက် ရာနှင့်ချီတွေ့ရတတ်ပါတယ်။ အဓိက တွေ့ရတတ်တဲ့ နေရာတွေကတော့
- လက်ဖဝါးနှင့် ခြေဖဝါးများ
- မျက်နှာ၊ ပါးစပ်နှင့် လည်ချောင်း
- ပေါင်ခြံနှင့် လိင်အင်္ဂါများ
- စအိုတို့ပဲ ဖြစ်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ❓
မျောက်ကျောက်ရောဂါကို ကြိုတင်ကာကွယ်ဖို့နဲ့ ကြုံတွေ့ခံစားနေရပြီဆိုရင်တော့ -
✅ တတ်နိုင်သမျှ အိမ်တွင် နေထိုင်ပါ။
✅ လက်ကို ဆပ်ပြာ (သို့) လက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောပါ။
✅ 𝐌𝐚𝐬𝐤 တပ်ပါ။
✅ အရေပြားကို ခြောက်သွေ့စွာ ထားပါ၊ အနီးနားတွင် လူမရှိပါက အရေပြားကို ဖုံးကာမထားပါနှင့်။
✅ အရာဝတ္ထုများကို မကြာခဏ ထိကိုင်ခြင်းမှ ရှောင်ကြဉ်ပါ။
✅ရောဂါပိုးရှိသော တိရစ္ဆာန်များအား ကိုင်တွယ်ထိတွေ့ခြင်းအား ရှောင်ကြဉ်ပါ။
✅ နီးစပ်ရာဆရာဝန်ဖြင့် တိုင်ပင်ဆွေးနွေးကုသပါ။
✅ ရောဂါလက္ခဏာများ ပြင်းထန်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ကုသပါ။

📢 မျောက်ကျောက်ရောဂါဟာ ကူးစက်နှုန်းမြန်ပြီး လက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်နေတာကြောင့် မိဘပြည်သူအားလုံး ကြိုတင်သိရှိကာကွယ်နိုင်ဖို့ ပန်းလှိုင်ဆေးရုံနှင့် ဆေးခန်းများက ကျန်းမာရေးဗဟုသုတအဖြစ် ဝေမျှပေးလိုက်ရပါတယ်။

#𝐌𝐩𝐨𝐱
#𝐌𝐨𝐧𝐤𝐞𝐲𝐩𝐨𝐱
#𝐏𝐮𝐧𝐇𝐥𝐚𝐢𝐧𝐠𝐈𝐬𝐀𝐥𝐰𝐚𝐲𝐬𝐇𝐞𝐫𝐞𝐅𝐨𝐫𝐘𝐨𝐮𝐫𝐇𝐞𝐚𝐥𝐭𝐡
#𝐂𝐚𝐫𝐞𝐖𝐢𝐭𝐡𝐂𝐨𝐦𝐩𝐚𝐬𝐬𝐢𝐨𝐧𝐅𝐨𝐫𝐓𝐡𝐞𝐍𝐚𝐭𝐢𝐨𝐧
#𝐘𝐨𝐮𝐫𝐓𝐫𝐮𝐬𝐭𝐞𝐝𝐂𝐡𝐨𝐢𝐜𝐞
#𝐇𝐞𝐚𝐥𝐈𝐬𝐌𝐲𝐒𝐮𝐧𝐧𝐲

အထူးသတိပြုပါ ကူးစက်လွယ်တဲ့မျောက်ကျောက်ရောဂါ
21/08/2024

အထူးသတိပြုပါ
ကူးစက်လွယ်တဲ့မျောက်ကျောက်ရောဂါ

⛔️"အထူးသတိပြုပါ ကူးစက်လွယ်တဲ့မျောက်ကျောက်ရောဂါ"⛔️

🦠မျောက်ကျောက်ရောဂါသည် ကူးစက်ပျံ့နှံ့လွယ်သော ကူးစက်ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ကျောက်ကြီးရောဂါ၏ အမျိုးအနွယ်ဝင်ကူးစက်ရောဂါတစ်မျိုးဖြစ်ပါသည်။

📣ယခုအခါမျောက်ကျောက်ရောဂါကို အရေးပေါ်ကူးစက်ရောဂါအဖြစ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကကြေငြာထားသဖြင့် အထူးသတိရှိဖို့လိုပါတယ်။

မျောက်ကျောက်ရောဂါသည်အလွန်ကူးစက်လွယ်သဖြင့်
✅အပြင်ထွက်လျှင် 𝐌𝐚𝐬𝐤 တပ်ဆင်ရန်
✅လူ၊တိရိစ္ဆာန်၊အရာဝတ္ထုတစ်ခုခုနှင့်ထိတွေ့ပြီးတိုင်း လက်ဆေးရန်အထူးပင်လိုအပ်ပါတယ်။

မျောက်ကျောက်ရောဂါကူးစက်ခံထားရပြီဆိုလျှင်
📣ဖျားနာခြင်း
📣ကိုယ်လက်ကိုက်ခဲခြင်း၊ခေါင်းကိုက်ခြင်း
📣အာသီးနာခြင်း စသည့်ဖျားနားရောဂါများအပြင်
📣ပြန်ရည်ကြောကြိတ်ကြီးခြင်း
📣အရေပြားပေါ်တွင်အရည်ကြည်ဖုများ အနည်းငယ်မှထောင်ပေါင်းများစွာထွက်ရှိလာခြင်းတို့ဖြစ်တတ်ပြီး
အချိန်ကြာလာလျှင်
📣အဆုတ်လမ်းကြောင်းပိုးဝင်ခြင်း
📣ဦးနှောက်အမြှေးရောင်ခြင်းတို့ဖြစ်လာနိုင်ပါတယ်။

ထိုကြောင့်ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုမိုထိရောက်သဖြင့် မိမိကစ အထူးသတိထားပြီးကြိုတင်ကာကွယ်ထားရန်လိုအပ်ကြောင်း မိဘပြည်သူတို့ကျန်းမာရေးရှေးရှု၍အသိပေးတင်ပြလိုက်ရပါတယ်။

𝐅𝐨𝐫 𝐦𝐨𝐫𝐞 𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 & 𝐚𝐧𝐲 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
☎️ 𝟎𝟏 𝟗 𝟔𝟔𝟔 𝟏𝟒𝟏 (𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎 𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
📱 𝟎𝟗 𝟕𝟖𝟑 𝟔𝟔𝟔 𝟏𝟒𝟏 (𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎 𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
🏥 𝐍𝐨. (𝟔𝟖), 𝐓𝐚𝐰 𝐖𝐢𝐧 𝐑𝐨𝐚𝐝, 𝟗𝐦𝐢𝐥𝐞, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
𝐅𝐨𝐥𝐥𝐨𝐰 𝐮𝐬:
𝐖𝐞𝐛𝐬𝐢𝐭𝐞: http://www.victoriahospitalmyanmar.com
𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: www.instagram.com/victoria_hospital_myanmar/
𝐋𝐢𝐧𝐤𝐞𝐝𝐈𝐧: https://www.linkedin.com/company/victoria-hospital
#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

15/08/2023

စစ်ကောင်စီက ကုမ္ပဏီ ၁၃ ခုကို နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ငွေလဲစင်တာ ၄၅ ခုအထိရှိလာ၊ ပုဂ္ဂလိကဘဏ်တချို့တွင် ထောက်ခံချက်ဖြင့် ဒေါ်လာ အနည်းအကျဉ်း အယောင်ပြ ထုတ်ရောင်းခိုင်း

ရန်ကုန်၊ ဩဂုတ် ၁၅

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ကုမ္ပဏီ ၁၃ ခုကို နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ငွေလဲစင်တာ ၄၅ ခုအထိရှိလာကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ကုမ္ပဏီ ၁၃ ခုကို နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်များ ရုပ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပြီး လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီများမှာ

(1) Prime Residence Co., Ltd
(2) West Line Co., Ltd
(3) IMA Co., Ltd
(4) Great Father Great Sons General Trading Co., Ltd
(5) Gold Foil Co., Ltd
(6) Big Lion Gems Co., Ltd
(7) Global International Investment & Development Co., Ltd
(8 ) World Fortune International Finance Group Shares Co., Ltd
(9) Myat Nan Yone Services Co.,Ltd
(10) LP Holding Co., Ltd
(11) Golden Myanmar Asia Crown Travels & Tours Co., Ltd
(12) Yangon KSA Travels & Tours Co., Ltd
(13) Balance Co., Ltd တို့ဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်းရှိ Money Changer လိုင်စင်ရ ငွေလဲစင်တာ ၄၅ ခုကို ယခုနှစ်အတွင်း အပြစ်မရှိဘဲ ဆက်တိုက်ရုပ်သိမ်းခဲ့ပြီး ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ရေးကြိုးပမ်းခဲ့သော်လည်း ဒေါ်လာ ပြင်ပစျေးကွက်မှာမူ တဖြည်းဖြည်း ပိုမိုကြီးထွားလာ နေကြောင်း ဒေါ်လာနှင့်နိုင်ငံခြားငွေ ဝယ်ရောင်းလက်လီ၊လက်ကားများထံမှ သိရှိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီ ၁၀ ခုကို ဗဟိုဘဏ်က ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များ မလိုက်နာမှုဖြင့် လိုင်စင်ရုပ်သိမ်းလိုက်သည်ဟု ကြေညာခဲ့ကြောင်း၊ ယခုနှစ် မတ်လ ၁၆ ရက်နေ့တွင်လည်း နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီ ၂၀ ခုကိုလည်း လိုင်စင်ရုပ်သိမ်းခဲ့ကြောင်း၊ ၅ လအတွင်း Money Changer လိုင်စင် ၃၀ ခုကို ဆက်တိုက် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီ ၁၂ ခုမှာ Kannan Trading Co, Ltd၊ Net Change Co, Ltd၊ Thira Aung Si Trading Co , Ltd၊ Riverwood Group Co, Ltd၊ Global Myanmar Services Co, Ltd၊ D-Gold Trading Co, Ltd၊ Aurum Image Co, Ltd၊ Hi Welcome Travel @ Tours Co, Ltd၊ Sweeties Pearls Co, Ltd၊ Chase Travels & Tours Co, Ltd တို့ဖြစ်ကြောင်း သိရှိရသည်။

မတ်လ ၁၆ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရုပ်သိမ်းခံခဲ့ရသည့် ကုမ္ပဏီ ၂၀ ခုမှာ Oake Khaung Travels & Tours Co.,Ltd၊ Senjo Royal Myanmar Co.,Ltd၊ Dawei Popular Co.,Ltd၊ Zam Myo Co.,Ltd၊ Phyo Thet (PT) Co.,Ltd၊ Sky Bound Co.,Ltd၊ Myanmar MCG Corporation Ltd၊ Htwe and Htwe Family Co.,Ltd၊ Won Won Co.,Ltd၊ United Eleven Co.,Ltd၊ Tun Yama Co.,Ltd၊ Myanmar Alinkar Hotel Group Co.,Ltd၊ Cartel Co.,Ltd၊ Super Phoneix Co.,Ltd၊ Golden Falcon Shipping Co.,Ltd၊ Fairness Travels & Tours Co.,Ltd၊ Yadanar Bon Travels & Tours Co.,Ltd၊ Myanmar National Airline Co.,Ltd၊ Dewant Financial Loan Microfinance Co.,Ltd၊ Treasure Su Co.,Ltd တို့ဖြစ်ကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များ၏ နိုင်ငံခြားငွေ ငွေလဲကောင်တာတချို့တွင် ပညာတော်သင်သွားမည့်သူများ၊ ဆေးကုသမည့်သူများ၊ ပြည်ပထွက်ခွာမည့်သူများကို အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့်အထိ ထောက်ခံချက်ဖြင့် ရောင်းချခိုင်းကြောင်း၊ သို့ရာတွင် ရောင်းချမှုမှာ အယောင်ပြသာဖြစ်ပြီး သူ့လူနှင့်သူ ပြည့်နေကြောင်း ငွေဝယ်ယူရန် ကြိုးစားခဲ့သူတစ်ဦးက ပြောဆိုသည်။

"ဒေါ်လာ ၅၀၀ လောက်ရမလားဆိုပြီး KBZ ဘဏ် ငွေလဲကောင်တာမှာ အထောက်အထားအပြည့်အစုံနဲ့ သွားဝယ်ပါတယ်။ ကုန်သွားပြီ။ မရှိတော့ဘူးချည်းပဲ ပြောပါတယ်။ ဘယ်လိုရောင်းတာလဲမသိပါဘူး။ သူ့လူနဲ့သူ ပြည့်နေတာထင်တယ်။ ရောင်းပေးတဲ့စျေးက စျေးကွက်ပေါက်စျေးထက် နည်းတော့ ကိုယ်ကလည်း ရရင်တော့ လိုချင်တာ။ မရခဲ့ပါဘူး" ဟု ရန်ကုန် ပြည်လမ်း၊ မာလာမှတ်တိုင်အနီးရှိ KBZ ဘဏ်တွင် ဒေါ်လာဝယ်ယူရန် ကြိုးပမ်း ခဲ့သော ထိုင်းနိုင်ငံထွက်ခွာမည့် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၇၀၀ ကျပ်ရှိနေပြီး ထိုင်းဘတ် တစ်ဘတ်လျှင်ငွေကျပ် ၁၀၃ ကျပ် ပေါက်စျေးရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်လေဆိပ်ရှိ ငွေလဲစင်တာတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မြန်မာ Covid-19 ကာကွယ်ဆေး ကောင်းကျိုး ဆိုးကျိုးများ မျှဝေရန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram