Vitamin B Complex

Vitamin B Complex It had already gotten Myannar FDA.

07/02/2023

Tiens ကထုတ်တဲ့ တကယ် ထိရောက်ကောင်းမွန်တဲ့
Vitamin B complex တွေပြန်ရောက်ပါတော့မယ်
ကြိုတင် order တွေတင်ထားလို့ရပါပီ

28/04/2022

😍ချစ်ရပါသော Plus Sense ချစ်သူတို့ရေ

💜 ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဉ်လေးတွေနဲ့အတူ ညနေ 6:00 မှာဆုံတွေ့ကြမယ်နော်...🥰🥰🥰

👉အမျိုးသမီးကျန်းမာရေးနဲ့ပတ်သက်တဲ့
အကြောင်းအရာလေးတွေနဲ့ Plus Sense
ထုတ်ကုန်အကြောင်းလေးတွေကို
Coach - Ywaye - ယွေး - Love Expert နဲ့ ရုပ်ရှင်သရုပ်ဆောင် Live Queen နှိုင်းယှဉ်မြင့်မိုရ်တို့က မျှဝေပေးသွားမှာဖြစ်ပါတယ်နော်🤩🤩🤩

🤗ဗဟုသုတရစရာအကြောင်းအရာလေးတွေနဲ့အ‌တူ ရင်ခုန်စရာအစီအစဉ်လေးတွေလည်း ပါဝင်ဦးမှာမလို့ အားလုံးကိုပါဝင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ် 🙏💜


အားလုံးမင်္ဂလာပါ🙏သီတင်းကျွတ်မှာ မိသားစုတွေနဲ့တူတူကျန်းမာပျော်ရွှင်ပါစေ🙏
18/10/2021

အားလုံးမင်္ဂလာပါ🙏
သီတင်းကျွတ်မှာ မိသားစုတွေနဲ့တူတူ
ကျန်းမာပျော်ရွှင်ပါစေ🙏

27/09/2021

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့မတူဘဲ ခံစားရနိုင်တဲ့ ရောဂါလေးတွေရှိပါတယ်။ အချို့သောရောဂါတွေ ဥပမာ ဆီးချို၊ သွေးတိုးစတဲ့ရောဂါတွေက အမျိုးသားရော အမျိုးသမီးမှာ ခံစားရနိုင်တယ်ဆိုပေမယ့် အချို့သောရောဂါတွေကတော့ အမျိုးသားတွေမှာ ဖြစ်လေ့မရှိပေမယ့် အမျိုးသမီးတွေမှာပဲ ခံစားရတာမျိုး ရှိပါတယ်။

အချို့ရောဂါတွေကတော့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များတာမျိုးပါ။ ခန္ဓာကိုယ် ဖွဲ့စည်းပုံ မတူသလို အာဟာရလိုအပ်ချက်လည်း မတူတာကြောင့် အမျိုးသမီးတွေမှာမှ ခံစားရနိုင်တဲ့ အဖြစ်များတဲ့ ရောဂါတွေက အတော်လေး များပါတယ်။

အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေလဲ

အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေက ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သွေးဆုံးတာ၊ ကိုယ်ဝန်ဆောင်တာတွေပါ။ ဒါတွေအပြင် အမျိုးသမီးတွေက အမျိုးသားတွေထက် ရုတ်တရက်နှလုံးရပ်တာကြောင့် သေဆုံးနိုင်ခြေ ပိုများနေသလို စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ကိုလည်း မကြာခဏခံစားရလေ့ရှိပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်တာက အမျိုးသားရော အမျိုးသမီးမှာပါ ခံစားရနိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ ပိုပြင်းထန်သလို လိင်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ခံစားရမှုကလည်း အလားတူပါပဲ။ အမျိုးသမီးတွေက ထိခိုက်နိုင်ခြေ ပိုများနေပါတယ်။

ဒီရောဂါတွေအပြင် အမျိုးသမီးတွေမှာ အခုလို ကျန်းမာရေးပြဿနာလေးတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။

နှလုံးရောဂါ

နှလုံးရောဂါကြောင့် အမျိုးသမီးလေးဦးမှာ တစ်ဦးနှုန်းသေဆုံးနေရပါတယ်။ နှလုံးရောဂါက အမျိုးသားတွေမှာလည်း ခံစားရနိုင်တယ်ဆိုပေမယ့် အမျိုးသမီတွေမှာ ခံစားရနိုင်ခြေနဲ့ အသက်ဆုံးရှုံးနိုင်ခြေက အမျိုးသားတွေထက် ပိုများနေပါတယ်။

ဒါတွေအပြင် အမျိုးသမီးတွေဟာ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွေးတိုးရောဂါ။ သွေးတွင်းကိုလက်စထရော များတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရမှုကလည်း ပိုများပါတယ်။

ရင်သားကင်ဆာ

ရင်သားကင်ဆာက အမျိုးသားတွေရော၊ အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အကြောင်းကတော့ ရင်သားကင်ဆာက နို့ရည်ပြွန် ဆဲလ်နံရံတွေကနေ အစပြုတာကြောင့်ပါ။ ရင်သားကင်ဆာက အမျိုးသမီးတွေကို အသက်အန္တရာယ်ခြိမ်းခြောက်နိုင်မှု အရှိဆုံး ရောဂါတစ်ရပ်ပါ။

သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ
တော်တော်များများက သားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ကင်ဆာကို ခွဲသိတာမရှိပါဘူး။ သားအိမ်ခေါင်းကင်ဆာဆိုတာက သားအိမ်အောက်ဘက်နားကနေ စတာဖြစ်ပြီး သားအိမ်ကင်ဆာဆိုတာက သားဥပြွန်တွေကနေ အစပြုလာတဲ့ ကင်ဆာအမျိုးအစားပါ။

ဒီကင်ဆာ နှစ်ခုစလုံးက လိင်ဆက်ဆံတဲ့အခါ နာကျင်မှုကို ခံစားရတာ၊ ဗိုက်အောင့်တ၊ မိန်းမကိုယ်ကနေ အကျိအချွဲတွေဆင်းတာကတော့ အတူတူပါပဲ။ ဒါပေမယ့် ကုသနည်းတွေ ကွာခြားနိုင်ပါတယ်။

မီးယပ်ပြဿနာ
မီးယပ်ပြဿနာက လေဒီလေး အတော်များများ ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာပါ။ သွေးဆင်းတာ၊ အဖြူဆင်းတာတွေက အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်း တစ်စိတ်တစ်ပိုင်းပါ။

ဒီရာသီစက်ဝန်းအတွင်းမှာ ပုံမှန်မဟုတ်တဲ့လက္ခဏာတွေခံစားရတာ ဥပမာ ရာသီလာရမယ့်ရက်မဟုတ်ဘဲ သွေးဆင်းတာ၊မကြာခဏ ဆီးသွားနေရတာတွေက အမျိုးသမီး ကျန်းမာရေးပြဿနာ ရှိနေတာဖြစ်နိုင်ပါတယ်။

ဒီလိုလက္ခဏာတွေဟာ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါပိုးတွေ ကူးစက်တာ၊ မွေးလမ်းကြောင်းကင်ဆာ၊ ဆီးပိုးဝင်၊ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးပြဿနာနဲ့ ကျောက်ကပ်ထိခိုက်တာလိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားနေရတာဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် ကျန်းမာရေးပြဿနာ
ကိုယ်ဝန်ဆောင်ချိန်မျာ အမျိုးသမီးတွေအနေနဲ့ ရှိရင်းစွဲရောဂါအခြေအနေတွေ ပိုဆိုးလာတာကို ခံစားရနိုင်ပါတယ်။ ဒီအ​ခြေအနေက မေမေ့ကိုတင်ထိခိုက်စေတာ မဟုတ်ဘဲ ဗိုက်ထဲက ဘေဘီလေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေအနေနဲ့ သွေးနီဥဆဲလ်အရေအတွက် ကျဆင်းတာ၊ သွေးအားနည်းရောဂါ၊ စိတ်ဓာတ်ကျတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အခန့်မသင့်ရင် ကိုယ်ဝန်ပျက်ကျတာ အပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုပါ ခံစားရနိုင်ပါတယ်။

Autoimmune Diseases
Autoimmune disease ဆိုတာက ကိုယ်ခံအားဆဲလ်တွေက ကျန်းမာတဲ့ ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်တဲ့ အခြေအနေတစ်ရပ်ပါ။ ဒီအခြေအနေက အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အရိုးပွ
အမျိုးသမီးတွေက အသက်ရလာလေလေ အရိုးတွေ အားနည်းလာပြီး အရိုးပွတာကို ခံစားလာရနိုင်ပါတယ်။ ဒီအခြေအနေက အရိုးတွေ အလွယ်တကူ ကျိုးတာမျိုး​ဖြစ်စနိုင်ပါတယ်။

အရိုးပွတာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

ဒါတွေအပြင် ရာသီလာချိန် စိတ်ခံစားမှုပြောင်းလဲတာ၊ သွေးဆုံးချိန်မှာ စိတ်ဓာတ်ကျတာ၊ ကိုယ်ဝန်ဆောင်ချိန် စိတ်ဓာတ်ကျတာ၊ ကလေးမွေးဖွားပြီးနောက် စိတ်အားငယ်တာတွေကို ခံစားရနိုင်ပါသေးတယ်။

Ref hellosayarwon

27/09/2021

ရာသီ လာတာနဲ့ ပါတ်သက်ပြီး သင်မသိသေးတဲ့ အချက် (၅) ချက်

(၁) သီသီ လာနေတဲ့ အချိန်လည်း ဂိုးဝင်သွားနိုင်တယ်

သီသီ လာတဲ့ အချိန်ဆို လုံးဝ ဂိုးမဝင်နိုင်ဘူး လို့ ယုံကြည်ကြတာတွေ ရှိပါတယ်။ အမှန်တော့ အဲ့ဒီလို မဟုတ်ပါဘူး။

🩸 တလ တကြိမ် မမျိုးဥ ကြွေတဲ့ အချိန်မှာ တချို့ မိန်းကလေး တွေ သွေးဆင်းတာ၊ စွန်းတာ ကြုံတတ်ပါတယ်။ အဲ့ဒီ သွေးဆင်းတာကို သီသီ လာတယ်လို့ အမှတ်မှား သွားတတ်ပါတယ်။

⚠️ မျိုးဥကြွေတဲ့ အချိန်ဟာ ကိုယ်ဝန်ရဖို့ ဖြစ်နိုင်ခြေ အများဆုံး အချိန်ပါ။

‼️ ဒီအချိန် ကို သီသီ လာနေလို့ စိတ်ချရတယ် မှတ်ပြီး မီးနီဖြတ်မောင်းမိရင် ဂိုးဝင် သွားဖို့ များပါတယ်နော်။ 🥴

📆 နောက်တချက်ကတော့ သီသီ လာပြီးနောက် ရက်ကပ်ပြီး မျိုးဥကြွေ တာ ဖြစ်နိုင်ပါတယ်။

‼️ ယွကျားလေးတွေရဲ့ သုတ်ကောင်လေးတွေက ကိုယ်အတွင်းမှာ (၃) ရက်ကနေ (၇) ရက်လောက်အထိ တွယ်ကပ်ပြီး နေနိုင်တာမို့လို့ ဒီရက်အတွင်းမှာ ပကျိလုပ်မိရင် မျိုးဥကြွေတာ နဲ့ တိုးပြီး ဂိုးဝင် သွားနိုင်ပါတယ်နော်။ 🥴

x x x x x x

(၂) စီစီ တွေ သောက်နေချိန်မှာ လာ တဲ့ “သီသီ” က “သီသီ အစစ်မဟုတ်”

🩸 စီစီ သောက်ပြီး လာတဲ့ သီသီ နဲ့ ပုံမှန် သီသီ အကြား နည်းနည်းတော့ ကွဲပါတယ်။

🚺 ပုံမှန်ဆွင် ရာသီစက်ဝန်းရဲ့ အလယ်လောက်မှာ မျိုးဥ ကြွေတယ်။

🩸 ကြွေတဲ့ မျိုးဥ က သူ့အချိန်ရောက်လို့ မျိုးမအောင်ရင် ဟော်မုန်းဓါတ်တွေ ပြုတ်ကျပြီး မလိုအပ်တော့တဲ့ သားအိမ် အတွင်းသားတွေကို ခွာချ လိုက်ပါတယ်။

👉 ဒါကို သီသီ လာတယ်ခေါ်ပါတယ်။

⛔️ စီစီ သောက်ရင် သားဥ မကြွေတော့ပါဘူး

💊 ၂၈လုံး ကိုယ်ဝန်တားဆေး (စီစီ) တွေမှာ ၂၁ လုံးက ဟော်မုန်းပါတဲ့ ဆေးဖြစ်ပြီး နောက်ဆုံး ၇ လုံးက ဟော်မုန်းမပါတဲ့ သံဓါတ်အားဆေး (သို့) ဘာအာနိသင်မှု မပါတဲ့ ဆေးပါ။

✅ စီစီ က သားဥကြွေတာ တားနိုင်ပေမယ့်လို့ သားအိမ်အတွင်းသား ထူလာတာကိုတော့ မတားနိုင်ပါဘူး

🩸 ဟော်မုန်းဓါတ်ပါတဲ့ ဆေးလုံးတွေ မသောက်တော့တဲ့ နောက်ဆုံး ၇ ရက်မှာတော့ ဟော်မုန်းဓါတ်တွေ ပြုတ်ကျသွားတဲ့ အတွက် ကိုယ်ခန္ဓာရဲ့ တုန့်ပြန်မှု အနေနဲ့ သီသီ လာသလို သွေးဆင်းရတာ ဖြစ်ပါတယ်။

x x x x x x

(၃) သီသီက တချိန်လုံး ပြောင်းလဲနေတယ်

✅ သီသီ ပထမဆုံး အချိန် စလာတဲ့ အခါ ရာသီစက်ဝန်းက ရှည်တတ်ပါတယ်။

📆 ဆယ်ကျော်သက် မိန်းကလေးတွေအနေနဲ့ ၂၁ ရက် ကနေ ၄၅ ရက် ကြား ရှိတတ်ပါတယ်။

📆 နောက်ပိုင်း မှာတော့ စက်ဝန်းက ပိုတိုလာပြီး မှန်းရတာလည်း ပိုလွယ်လာပါတယ်။ ၂၁ ရက် ကနေ ၃၅ ရက် ကြား လောက် ဖြစ်လာပါတယ်

🩸 သွေးဆုံးခါနီးမှာ ဟော်မုန်းအပြောင်းအလဲ စပါတယ်

✅ ဟော်မုန်းဓါတ်တွေ ကျဆင်းလာတဲ့ အခါ ရာသီစက်ဝန်းက တိုလာတာမျိုး ဖြစ်နိုင်သလို၊ ရှည်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်

🩸 ရေတံခွန်ကြီးလို လာတာမျိုး ဖြစ်နိုင်သလို၊ စွန်းရုံလောက် လာတာလည်း ဖြစ်နိုင်ပါတယ်

✅ ဒီအခြေအနေကို သွေးမဆုံးခင် ၁၀ နှစ်လောက်ကတည်းက ကြုံရနိုင်ပါတယ်

‼️ တဖြည်းဖြည်းချင်း မသိမသာ ပြောင်းသွားတာမျိုးက ပြဿနာ မရှိနိုင်ပေမယ့်လို့ ပုံမမှန်တဲ့ ရေတံခွန်ကြီးလို လာတာမျိုး၊ လုံးဝ မလာတာမျိုးဆိုရင် ပြဿနာ ရှိနိုင်လို့ ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေး ပြသ သင့်ပါတယ်

x x x x x x

(၄) လစဉ်သုံးပစ္စည်း (အတောင့် နဲ့ ကပ်ခွာ) တွေပဲ ရွေးစရာ ရှိတာ မဟုတ်ပါဘူး

😁 သီသီ လာချိန်မှာ တခြား ရွေးစရာ ရှိပါသေးတယ်

✅ ရာသီလာတဲ့ အခါ သုံးလို့ရတဲ့ ခွက်ကလေး ရှိပါတယ်

✅ အဲ့ဒီ ခွက်ကလေးကို ရာဘာ (သို့) ဆီလီကွန် နဲ့ လုပ်ထားပြီး ပိပိ အတွင်းထဲ နေသားတကျ ထည့်ရတာပါ။ တခါထည့်ထားရင် ၁၂ နာရီ အထိ ထည့်ထားလို့ရတယ်

✅ ခဏခဏ ဝယ်စရာ၊ လဲ စရာလည်း မလိုဘူး

✅ တခါဝယ်ပြီးရင် သွေးဆုံးတဲ့ အထိ တသက်လုံးသုံးလို့ရတော့ အရမ်းတွက်ခြေကိုက်တယ်

✅ လစဉ်သုံး ပစ္စည်း ပစ်ရတဲ့ ဒုက္ခလည်း နည်းသွားတာပေါ့နော်

x x x x x x

(၅) PMS (သို့) ရာသီမလာခင် ဝေဒနာ

⚠️ မိန်းခလေးတွေအများစု ၉၀% မှာ ရာသီမလာခင် ၁ ပါတ် ၂ ပါတ်လောက် အလိုမှာ ဖြစ်တတ်တာ ရှိပါတယ်

✅ ဒါကို Premenstrual syndrome (PMS) လို့ အတိုကောက်ခေါ်ပါတယ်။ ဗမာမှု ပြုရရင်တော့ သီသီမလာခင် ဝေဒနာစုပေါ့နော်

✅ လေတက်၊ ဗိုက်ဗိုက်နာ၊ ရင်သားရောင်၊ ဝက်ခြံ၊ အချိုတွေပဲ စားချင်တာဖြစ်၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ အသံ သို့ အလင်းစူးတာ မခံနိုင်၊ နှုံးချိ၊ ဂဏာမငြိမ်၊ အိပ်ချိန်မမှန်၊ ပူပန်၊ အားငယ်၊ ဝမ်းနည်း၊ ခံစားချက်ပြင်းထန် တာတွေက PMS မှာ ပါဝင်ပါတယ် 😥😥😥

👉 PMS ကို ထိန်းချုပ်နိုင်ဖို့ရာ အနေအထိုင် အစားအသောက်က ပဓာနကျပါတယ်

☑️ PMS သက်သာဖို့ရာ တရက်ကို မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်မည့် သင့်တော်တဲ့ နည်းလမ်းကို ရှာပါ။ အချင်းချင်း အားပေး ဖေးမပါ။ အာဟာရ ပြည့်စုံ မျှတအောင် စားပါ။ အရက်၊ ဆေးလိပ်၊ အချို၊ အငန် နဲ့ ကဖင်းဓါတ် ပါတဲ့ အစားအသောက်တွေ ကို့ လျော့ချ ကန့်သတ်ပါ။ မအိပ်ခင် ဖုန်း၊ ကွန်ပြူတာ သုံးတာ လျော့ပါ။

ဒလောက်ပါပဲနော် . . .

Dr. Angela (ဒေါက်တာ အိန်ဂျလာ)

27/09/2021

မီးယပ်သွေးဆုံးပြီး နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်သလဲ ?

မီးယပ်သွေးဆုံးပြီးနောက် အမျိုးသမီးတွေတွေဟာ အောက်ပါ ကျန်းမာရေးအခြေအနေတွေ ကြုံတွေ့ရနိုင်ပါတယ်။
အဲ့ဒါကဘာတွေလဲဆိုတော့…

နှလုံးနှင့်သွေးကြောများဆိုင်ရာရောဂါ
သွေးဆုံးသွားတဲ့အမျိုးသမီးတွေဟာ ခန္ဓာကိုယ်ထဲမှာ အီစတိုဂျင်(estrogen)ဟော်မုန်းကျဆင်းလာကျတဲ့အတွက် နှလုံးရောဂါဖြစ်လာနိုင်ချေမြင့်တက်လာပါတယ်။ ကမ္ဘာတဝှန်း အမျိုးသမီး၊အမျိုးသား သေဆုံးရသည့်အကြောင်းရင်းများကို လေ့လာရသည့်အခါ နှလုံးရောဂါကြောင့်သေဆုံးနှုန်းက ပိုများပါတယ်။ ဒါကြောင့်မို့လို့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်စားသောက်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း စတာတွေကို လက်တွေ့လိုက်နာကြဖို့အရေးကြီးပါတယ်။ ပြီးတော့ မိမိနှလုံးကျန်းမာအောင်ဘယ်လိုနေရမလဲ၊ သွေးမတိုးအောင်၊ ကိုလက်စ်ထရော(cholesterol)ကျအောင် ဘယ်လိုနေရမလဲဆိုတာကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်များနှင့် အမြဲတိုင်ပင်ဆွေးနွေးကြဖို့လိုအပ်ပါတယ်။

အရိုးပွရောဂါ
အရိုးပွရောဂါကြောင့် အရိုးပါးလာပြီး၊ အရိုးသည်ပိုမိုကြွပ်ဆပ်လာကာ ကျိုးပဲ့လွယ်ပြီး အသေးစားထိခိုက်မှု ဖြစ်လျှင်ပင် ကျိုးလွယ်လာပါသည်။ အမျိုးသမီးများ သွေးဆုံးသွားပြီးနောက်၊အစပိုင်းနှစ်အနည်းငယ်အတွင်းမှာ အရိုးသိပ်သည်းဆများဆက်တိုက်ဆုံးရှုံးလာပြီး၊ အရိုးပွရောဂါ ဖြစ်လာနိုင်ချေ မြင့်တက်လာကြပါတယ်။ အရိုးပွရောဂါခံစားနေရသည့် သွေးဆုံးပြီးအမျိုးသမီးများ၏ တင်ပါးဆုံရိုး၊ကျောရိုး၊လက်ကောက်ဝတ်ရိုး တွေဟာ ကျိုးလွယ်လာကြပါတယ်။

ဆီးမထိန်းနိုင်ခြင်း
သွေးဆုံးပြီးနောက် အမျိုးသမီးတွေဟာ ဆီးလမ်းကြောင်းနဲ့ မျိုးပွားအင်္ဂါတဝိုက်မှာရှိတဲ့ ကြွက်သားတွေ ကျုံ့နိုင်၊ဆန့်နိုင်မှုအားနည်းလာကြတဲ့အတွက် ဆီးမကြာခဏသွားချင်ခြင်း၊ဆီးအရမ်းသွားချင်လာခြင်း၊ ဆီးထိန်းမရဘဲထွက်သွားခြင်း စသည်တို့ကို တွေ့ကြုံလာရတတ်ပါတယ်။ တခါတရံ ချောင်းဆိုးခြင်း၊ ရယ်မောခြင်း၊ အလေးမလိုက်ခြင်းတို့ကြောင့်ပင် ဆီးမထိန်းနိုင်ဘဲ ထွက်သွားကြပါတယ်။ ဆီးလမ်းကြောင်းထဲလည်းပိုးတွေဝင်လာနိုင်ပါတယ်။
ဆီးခုံတဝိုက်ရှိ တင်ပါးဆုံခွက်ကြွက်သားများအား Kegel exercise လို့ခေါ်တဲ့လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ မိန်းမကိုယ်တွင် estrogen cream လိမ်းပေးခြင်း၊ စသည်တို့ကိုလုပ်ပေးခြင်းအားဖြင့် ဆီးမထိန်းနိုင်ခြင်းကို သက်သာစေပါတယ်။ သွေးဆုံးပြီးနောက် ဆီးလမ်းကြောင်းနှင့်မိန်းမကိုယ်ပြောင်းလဲလာခြင်း၊ နောက်ဆက်တွဲ ဆီးမထိန်းနိုင်ခြင်းတို့ကို ဟော်မုန်းဆိုင်ရာကုသမှုလည်း ဖြင့်လည်း ထိရောက်စွာ ကုသနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာလုပ်ငန်းများအပေါ်ထိခိုက်မှုရှိလာခြင်း
မိန်းမကိုယ်မှ အစိုဓာတ်ထုတ်လုပ်နိုင်စွမ်းကျဆင်းလာခြင်း ကြောင့်အမျိုးသမီးအင်္ဂါသည် ခြောက်သွေ့လာကာ၊ကြွက်သားများလည်းအားနည်းလာမှုတို့ကြောင့် လိင်ဆက်ဆံပါက မသက်မသာခံစားရသလို၊ သွေးဆင်းလာတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ လိင်မှုကိစ္စအပေါ်ခံစားမှုအာနည်းလာတာကြောင့် လိင်စိတ်ကုန်ခန်းလာတတ်ကြပါတယ်။

ကိုယ်အလေးချိန်တိုးလာခြင်း
အမျိုးသမီးတွေဟာ သွေးဆုံးချိန်ကာလအတွင်းနှင့် သွေးဆုံးပြီးချိန်ကာလတွေမှာ ကိုယ်တွင်းဇီဝဖြစ်စဉ်တွေ နှေးကွေးလာတာကြောင့် ကိုယ်အလေးချိန်တွေ တိုးလာပြီး ဝလာတတ်ကြပါတယ်။ အစားအစာကိုကျန်းမားရေးနှင့်ညီညွတ်စွာ သင့်တင့်ရုံစားသုံးပြီး၊ လေ့ကျင့်ခန်းမှန်မှန်လေးလုပ်သွားကာ မိမိရဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့လိုပါတယ်။

ဇာနည်ထွန်း(ဆေး-၂)
Reference

27/09/2021

Relationship ​တွေခိုင်မြဲ​နေ​အောင် ...

27/09/2021

ဆေးလိပ်​ငွေ့​တွေ ဂရုစိုက်ပါ..

Address

Padonmar
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959260097971

Website

Alerts

Be the first to know and let us send you an email when Vitamin B Complex posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Vitamin B Complex:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram