
15/05/2022
မိုးရာသီရောက်လာတာနဲ့ တပြိုင်နက် ဖြစ်ပေါ်လာနိုင်တဲ့တုပ်ကွေးအဖျားရောဂါကို ကာကွယ်တွန်းလှန်နိုင်ဖို့အတွက် မိုးရာသီ တုပ်ကွေးကာကွယ်ဆေး “Vaxigrip Tetra” ကို ‘ကောင်း’ ဆေးခန်း မှာတရက်ကြိုတင် စာရင်းပေးသွင်းရုံနဲ့ လာရောက်ထိုးနှံနိုင်ပါပြီနော်။
👉🏻အသက် ၆လ နဲ့ ၉နှစ်ကြား ယခင်ကကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးတွေကတော့ ပထမအကြိမ်ထိုးပီး ၄ ပတ်ခြားပြီးရင် ဒုတိယ အကြိမ်ထိုးပေးရမှာပါ။
👉🏻 အသက်၉ နှစ်နဲ့ အထက်ပိုင်းတွေကတော့ တကြိမ်ထိုးရင် လုံလောက်ပါတယ် ခင်ဗျ။
👉🏻 ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် ကိုယ်ဝန် ၄လမှစ၍ စိတ်ချယုံကြည်စွာ ကာကွယ်ဆေးထိုးနှံနိုင်ပါတယ်။
👉🏻 နို့တိုက်မိခင်များ အနေနဲ့လည်း ဆိုးကျိုးများ မဖြစ်ပေါ်နိုင်တာကြောင့် စိတ်ချစွာထိုးနိုင်ပါတယ်။
👉🏻 ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိတဲ့ လူနာများ၊ သက်ကြီးရွယ်အိုများလည်း စိတ်ချစွာထိုးနိုင်ပါတယ်။
👉🏻 သတိပြုရမယ့် အချက်တွေကတော့
✅ ဆေးမထိုးခင် ဖျားနာပြီးခါစ ၂ပတ်မပြည့်သေးသော လူနာများ၊
✅ ကိုဗစ် ကာကွယ်ဆေး ထိုးပြီး ၂ပတ် မပြည့်သေးသော လူနာများ၊
ထိုလူနာများ အနေဖြင့် အဖျားပျောက်ပီး ၂ ပတ်ခြားပြီးမှသာ ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးသင့်ပါတယ်။
👉🏻 Vaxigrip Tetra ကတော့ ဆိုးကျိုးတွေက မရှိသလောက်ရှားပါတယ်ခင်ဗျာ။
မှတ်ချက်။
- Vaxigrip tetra ဆေးထိုးပီး နောက်ရက်တွေမှာ ဖျားတာ၊ ကိုယ်လက်မအီမသာ ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။
- ဆေးထိုးထားတဲ့ နေရာမှာတော့ ရောင်ရမ်းတာ၊ ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။
🚘 အိမ်အရောက် ဝန်ဆောင်မှုများလဲ ရှိတာမို့ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09758483452 သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ် ခင်ဗျ။
အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ 🙏🏼