06/05/2024                                                                            
                                    
                                                                            
                                             #ခန္ဓာကိုယ်အပူငြိမ်းအောင်
ခန္ဓာကိုယ်အပူအားကြီးပါကဆောင်ရန်
၁ ) -  #ခန္ဓာကိုယ်အပူအကြောင်း
လူ တစ်ယောက်၏ ကိုယ်တွင်း အပူချိန်သည် ပျှမ်းမျှ  ၉၆ . ၆ ဒီဂရီ ဖြစ်ပြီး ရာသီ ဥတု
ပေါ် မူတည် ၍ ၄င်း ပမာဏထက် အပူချိန် အတက်အကျ အနည်းငယ် ပြောင်းလဲ
တတ် ပါ၏ ။
ကိုယ်တွင်း အပူ များခြင်းကို ဆေးပညာ လောက၌ Heat  street ဟု ခေါ်ပြီး ကိုယ်တွင်း အပူချိန် သည် သူ့ အလိုလို အေးသွားခြင်း မျိုး မရှိ တတ်ပါ။
၂ ) -  #အပူချိန် များ ပါက ဖြစ်တတ် သော ရောဂါ များ
ခန္ဓာ ကိုယ်တွင်း လိုအပ်သည် ထက် အပူချိန် ပိုများပါက ပိန်ချုံးခြင်း , ကြွက်တက်ခြင်း ,
လျှာ  - နုတ်ခမ်းတွင် သာမက အရေပြားပေါ်တွင် အဖုအပိမ့် များ ထွက်လာခြင်း ..
ဝက်ခြံ ထွက်ခြင်း , ခေါင်းမူးဝေခြင်း , ပျို့အန်ခြင်း တို့အပြင်  ခန္ဓာကိုယ် အတွင်း
ကလီစာ များကိုပါ ပျက်စီး စေနိုင်သည် ဟု လေ့လာချက် အရ သိနိုင် သည်။
၃ ) -  #အပူရှိန် မြင့်တက် စေ၍ အထူး ရှောင်ရမည့် အစားအစာ များ
ရေခဲရေ. , ရေနွေး , စွပ်ပြုတ်  စသည့် အရည်ပူပူ များ
နေပူ ထဲ အချိန်ကြာ သွား လာခြင်း 
ငရုပ်သီး. , ချင်း ( ဂျင်း ) , မျှစ်ချဉ် , 
ငရုပ်ကောင်း. , ပတဲကော , စသော ပူပူ လောင်လောင် အစပ် များစားခြင်း
ရေသောက် နည်းခြင်း များသည် ကိုယ်တွင်း အပူချိန် မြင့်တက် လာစေ
ရှောင် ကျဉ် ရမည်။
၄ ) -  #အပူငြိမ်းအေးစေရန် 
အပူ ငြိမ်းအေး စေရန် အဓိက ဆေးအဖြစ် ရေဝဝ သောက်ပြီး တစ်နေ့ ရေ ၂ ကြိမ် ချိုးပေးပါ။
၅ ) -  #အပူ ဓာတ် များသူ အတွက်
မိုးရာသီ မှ လွဲ၍ ဆောင်းနှင့်  နွေတို့ တွင် ခန္ဓာကိုယ်တွင်း အပူဓာတ် များသူများအတွက် ယခင်ကထက် ရေကို ပိုသောက် ပြီး ရေဓာတ်ပါသော အသီးအနှံများ စားပေးသင့်သည်
   ဖရဲသီး  - ခန္ဓာကိုယ်၏ ၃ ပုံ ၂ ပုံ ကို  အရည်ဓာတ်ဖြင့် ဖွဲ့စည်း ထားပါသည်။
    ဖရဲသီးထဲမှာ ရေဓာတ် ၉၀ % ကျော် ပါဝင်၍ အပူငြိမ်း အေးစေသော အကောင်းဆုံး
အသီးအနှံဖြစ်ပါသည်။
   သခွားသီး - သခွားသီး မှာ ရေ ဓာတ် ကြွယ်ဝစွာ ပါရှိ၍  ခန္ဓာကိုယ် ကို ထိရောက်
စွာ အေးမြ စေပြီး နေ့စဉ် စားပေး သင့်ပါသည်။
  သံပုရာသီး  - နံနက် အိပ်ရာ ထ သံပုရာ ဖျော်ရည် တစ်ခွက်  သောက် ပေးခြင်း
ကလည်း ကိုယ်တွင်း အပူငြိမ်းအေး စေရုံသာမက ပေါ့ပါး လန်းဆန်းစေပြီး တစ်နေ့ကုန်
သက်လုံ ကောင်း စေပါသည်။
  ပူစီနံရွက် - ပူစီနံရွက် သည် ခန္ဓာ ကိုယ်တွင်းကို အေးမြစေ၍  မြန်မာ. အိန္ဒိယ. ဗီယက်နမ်. မကာအို. စသော ဥရောပ တခွင်ရှိ  ရှေး တိုင်းရင်းဆေး ဆရာကြီး များက ပူစီနံပင် များကို အပူ ငြိမ်းဆေး အဖြစ် ဆေးဝါး ဖော်စပ် လာခဲ့ကြ ပါ၏ ။
  မုန်လာဥ အဖြူ - အဖြူရောင် မုန်လာဥများ ထဲ၌ ဗီတာမင် စီ ပါဝင်သည့် အပြင် 
ကိုယ်တွင်း အပူရှိန်ကို တိုက်ထုတ် ပေးနိုင်သော  ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ အလုံ
အလောက် ပါဝင်နေ ၍ စားပေးသင့် ပါသည်။
  နှမ်း -  နှမ်းစေ့ များသည် အပူ ငြိမ်းအေး စေသော အိမ်တွင်း ဆေးဝါး တစ်မျိုး ဖြစ်ခြင်း ကြောင့် နှမ်းစားရင်း ရေများများ သောက်ခြင်း , နှမ်းပျစ် , နှမ်းယို လေးတွေ စားပေး လည်း  အပူ ငြိမ်းအေး စေပါ၏ ။
 စမုံစပါး - စမုန်စပါး အစေ့လေးများကို သောက်ရေခွက် ထဲ တစ်ညအိပ် စိမ်ထားပြီး
နံနက် အိပ်ရာ ထပါက ရေသောက်ရင်း အဖတ် များပါ ကုန်အောင် ဝါးစားပါက တစ်နေ့
တာလုံး. အပူငြိမ်းအေး စေနိုင်သည့် အပြင် ခံတွင်း ရနံ့ကို ပါ ရှင်းသန့် စေနိုင်ပါသည်။
  အုန်းစိမ်းရည် -  အုန်းသီးစိမ်း နုနုမှ ရသော အုန်းစိမ်း ရည် အား သင့်တင့် မျှတစွာ
ကိုယ်တွင်း အပူ ဓာတ် များသူ များနှင့် မိခင်လောင်းများ အတွက် အပူ ငြိမ်းအေး စေ
သည့် အပြင် ရေ ဓာတ် ခမ်း ခြောက်ခြင်း မှလည်း ကာကွယ် ပါသည်။
  သလဲသီး. - သလဲသီး နှင့် သလဲသီး ဖျော်ရည် ကလည်း ကိုယ်တွင်း အပူကို စုပ်ယူ
သဖြင့်  မှီဝဲ ပေးသင့် ပါသည်။
  ဘိန်းစေ့ - ဘိန်းမုန့်  , ဆနွင်မကင်း  , စသည့် သရေစာ မုန့်များ၌ အသုံး ပြုလေ့ရှိ
သော ဘိန်းစေ့ လေးများ ကလည်း ကိုယ်တွင်း အပူရှိန် ပုံမှန် ဖြစ်စေပါ၍  ည အိပ်ရာဝင်
ခါနီး ဘိန်းစေ့ လက်တဆုပ်  ဝါးစားပြီး ရေသောက် အိပ်ပါက  နှစ်ခြိုက်စွာ အိပ်မောကျ
စေသည့် အပြင် တစ်နေ့တာ လုံး အပူ ငြိမ်း စေသည်။
  ပဲနံ့သာပင် အစေ့ -  အိန္ဒိယနိုင်ငံ ၌ ရှေးယခင်က စ၍ ယနေ့ တိုင်အောင် အပူငြိမ်း
ဆေး  တိုင်းရင်း ကုထုံးဖြင့် ပဲနံ့သာပင် အစေ့များကို အသုံးပြု လျှက် ရှိပါသည်။ ဟင်း
ခပ် အမွှေးအကြိုင် အဖြစ် ချက်ပြုတ် စားသောက် နိုင်သည်။
 နွားနို့ - ကျိုချက် ပြီးသား နွားနို့ကို အအေးခံ ၍  နံနက် တိုင်း သောက်ပေး ပါက
လည်း ကိုယ်တွင်း အပူ ငြိမ်းအေး စေပါ၏ ။
                 ( နွားနို့တွင် ပျားရည် အနည်းငယ်ခပ်သောက်နိုင်သည်)။