Piti Clinic - ပီတိအထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Piti Clinic - ပီတိအထူးကုဆေးခန်း

Piti Clinic - ပီတိအထူးကုဆေးခန်း 24 hr Specialist clinic

တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)တွင် ကမ္ဘာသူကမ္ဘာသားအားလုံး ကိုယ်စိတ်နှစ်ဖြာချမ်းသာပါစေကြောင်း ပီတိအထူးကုဆေးခန်း...
15/11/2024

တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)တွင် ကမ္ဘာသူကမ္ဘာသားအားလုံး ကိုယ်စိတ်နှစ်ဖြာချမ်းသာပါစေကြောင်း ပီတိအထူးကုဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်🙏🙏🙏

🪷🕯️ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားသော သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့🪷မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်တွင် နတ်...
17/10/2024

🪷🕯️
ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားသော သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့🪷
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်တွင် နတ်သားဖြစ်နေသော မယ်တော်နှင် နတ်ပရိတ်သတ်အပေါင်းအား အဘိဓမ္မာ ၇ ကျမ်းကို ဟောတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူပြည့်သို့ ပြန်လည်ကြွမြန်းတော်မူသောနေ့ဖြစ်ပါသည်
လူပြည်မှ လူပရိတ်သတ်အပေါင်းတို့က မြတ်စွာဘုရားရှင်အား မီးပုံး၊ ဆီမီးအမွှေးနံ့သာတို့ဖြင့်ပူဇော်ကာ ဉပုသ်သီလဆောက်တည်ကြသော နေ့ထူးနေ့မြတ်ဖြစ်ပါသည်
သီတင်းကျွတ်အခါသမယတွင် ကမ္ဘာသူကမ္ဘာသား အားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေကြောင်း ပီတိအထူးကုဆေးခန်းမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်🙏🙏🙏

🌸ဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာအခါတော်နေ့🌸ဂေါတမဗုဒ္ဓဘုရားရှင်သည် ဘုရားအဖြစ်ရောက်တော်မူပြီး ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစင်္ကြာ...
20/07/2024

🌸ဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာအခါတော်နေ့🌸

ဂေါတမဗုဒ္ဓဘုရားရှင်သည် ဘုရားအဖြစ်ရောက်တော်မူပြီး ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစင်္ကြာဒေသနာတော်ကို တရားဦးအဖြစ် ဟောကြားတော်မူခဲ့ပါသည်။🙏

🎴မြတ်စွာဘုရားရှင် ပဋိသ‌န္ဓေနေတော်မူသောနေ့၊ တောထွက်တော်မူသောနေ့၊တရားဦးကို ဟောကြားတော်မူသောနေ့၊ ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူသော နေ့ထူးနေ့မြတ်လဲ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဝါဆိုလပြည့်နေ့မှ စပြီး ကမ္ဘာသူကမ္ဘာသားအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာပြီး ကပ်ကြီးသုံးပါးမှ ကျော်လွှားနိုင်ပါစေကြောင်း ပီတိအထူးကုဆေးခန်းမိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်🙏🙏🙏

💠မပေါ့ဆသင့်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ💠အချိန်မှီမကုသခဲ့လျှင် ခန္ဓာကိုယ်မှ ရေဓာတ်၊ဆားဓာတ်များဆုံးရှုံးပြီး အသက်အန္တရာယ်ထိခ...
17/06/2024

💠မပေါ့ဆသင့်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ
💠အချိန်မှီမကုသခဲ့လျှင် ခန္ဓာကိုယ်မှ ရေဓာတ်၊ဆားဓာတ်များဆုံးရှုံးပြီး အသက်အန္တရာယ်ထိခိုက်နိုင်တာကို သတိပြုရပါမယ်

💠မိုးရာသီမှာ အဖြစ်များပြီး ရာသီမရွေးဖြစ်ပွားနိုင်ပါတယ်ရှင်

🦠E coli, Rotavirus, COVID 19 ပိုးများကတော့ ဝမ်းလျှောစေတဲ့ တရားခံများပေါ့ရှင်

🍜အစားမှားရင် ဗိုက်နာတတ်တာ လူတိုင်းဖြစ်ဖူးကြမှာပါနော်

🦠မသန့်ရှင်းတဲ့အစာနဲ့ရေကို သောက်သုံးမိရင်
🥛နို့နဲ့နို့ထွက်ပစ္စည်းကို မချေဖျက်နိုင်သူများ
💊သောက်သုံးနေရတဲ့ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးများ
😧အစာအိမ်နဲ့ အူလမ်းကြောင်းခွဲစိပ်ကုသမှုခံယူထားသူများ
👉အခြားအစာအိမ်နဲ့ အူလမ်းကြောင်းရောဂါရှိသူများ
⤵️
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနိုင်ပါတယ်ရှင်

💠မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်သလို ဖြစ်လာရင်လဲ ကုသလို့ ပျောက်ကင်းနိုင်ပါတယ်ရှင်

👏မကြာခဏလက်ဆေးပါ(အဆင်မပြေလျှင် လက်သန့်ဆေးရည်သုံးနိုင်ပါတယ်)
🧉အရည်များများသောက်ပါ(ရေ၊ ဓာတ်ဆား၊ အုန်းရည်၊ ......)
🙅‍♀️(ကော်ဖီ၊ လက်ဖက်ရည်နဲ့ Gas ပါသော အချိုရည်များ ရှောင်ရပါမယ်ရှင်)
😴အိပ်ရေးဝအောင်အိပ်ပါ
👨‍⚕️👉💊ဆရာဝန်နဲ့ပြသပြီး ညွှန်ကြားထားသောဆေးများ သေချာစွာသောက်ဖို့ လိုပါမယ်ရှင်

⚠️ဘယ်လို အချက်တွေ ဖြစ်လာရင် ‌ချက်ချင်းဆေးရုံသွားဖို့လိုမလဲ
👉အရည်ဝမ်း အကြိမ်အရေအတွက်များများသွားခြင်း
👉မကြာခဏအန်ခြင်း
👉ရေအလွန်အမင်းငတ်ခြင်း
👉မျက်တွင်းချိုင့်ခြင်း
👉အရေပြားများခြောက်ခြင်း
👉ဆီးအရောင်ရင့်လာခြင်း
👉ဆီးထွက်နည်း/ လုံးဝမထွက်တော့ခြင်း

31/05/2024

သင်တန်းကြေး 👉 "အခမဲ့"
👉 ဖုန်းဘေလ်ပါ ပြန်ရအုံးမှာ
👉 certificate လည်းပေးမဲ့ သင်တန်း

💢 အသက် ၁၅-၂၄ နှစ်အတွင်း လူငယ်မည်သူမဆို

💢 Zoom ‌application ကနေ

💢 တစ်နေ့ (၂) နာရီနဲ့ (၅) ရက်

💢 မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သိသင့်သိထိုက်တဲ့အချက်တွေ
💢 ဘဝတွက်တာကျွမ်းကျင်စရာဆိုတဲ့ Life skills တွေနဲ့

⏳ သင်တန်းကာလကတော့
💢 ဇွန်လ ၁၀ရက်နေ့ မှ ဇွန်လ ၁၄ ရက်နေ့ အထိ

⏰ နံနက် ၁၀ နာရီ - နေ့လည် ၁၂ နာရီ ဖြစ်ပါတယ်

အဲ့တော့ တက်ချင်တယ်ဆိုရင်တေ့ အောက်က Link ကနေ ဝင်ပြီး စာရင်းပေးထားပါ

Link --- https://forms.gle/KAD9jNZDvRd5Xdvx6

စီမံချက်ဖက်က ပြန်ဆက်သွယ်လိုက်ပါ့မယ်….

‼️စာရင်ပေးသွင်းထားတဲ့ သူတွေကို ဦးရာလူစနစ်နဲ့ ခေါ်ယူတာမို့ မြန်မြန်လေးစာရင်းပေးထားဖို့တော့ လိုပါမယ်‌နော်… 😉

Shout out to my newest followers! Excited to have you onboard!Ei Ei, Mon Mon, Aye Myat Thu, Aye Mie, Phyu Nu, Arr Gyi
02/05/2024

Shout out to my newest followers! Excited to have you onboard!

Ei Ei, Mon Mon, Aye Myat Thu, Aye Mie, Phyu Nu, Arr Gyi

Thanks for being a top engager and making it on to my weekly engagement list! 🎉 ရွှန်းမေမေ, Såñ Lìñ Mãy, Aye Myat Thu
02/05/2024

Thanks for being a top engager and making it on to my weekly engagement list! 🎉 ရွှန်းမေမေ, Såñ Lìñ Mãy, Aye Myat Thu

Marketing staff ကျား/ မ (၂) ဦး - တက္ကသိုလ်မှ ဘွဲ့ရရှိပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။- marketing ...
22/04/2024

Marketing staff ကျား/ မ (၂) ဦး

- တက္ကသိုလ်မှ ဘွဲ့ရရှိပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
- marketing နှင့်ပတ်သတ်ပြီး လုပ်ငန်းအတွေ့အကြုံရှိထားပီးသူ ဖြစ်ရပါမည်။
- Computer သုံးနိုင်ရပါမည်။
- ရန်ကုန်မြို့တွင်းကျွမ်းကျင်စွာသွားလာတတ်သူ ဖြစ်ရပါမည်။
- စကားအပြောအဆိုချိုသာ၍ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူ ဖြစ်ရပါမည်။
- ရုပ်ရည်အသင့်အတင့်ရှိရပါမည်။
- ပေးအပ်သောတာဝန်ကို ကျေပြွန်စွာ ဆောင်ရွက်နိုင်သူ ဖြစ်ရပါမည်။
ဖော်ပြပါ အရည်ချင်းနဲ့ ပြည့်စုံသူ၊ စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။

စိတ်ဝင်စား၍ လျှောက်ထားလိုပါက
📩 pitispecialistclinic@gmail.com
☎️ 09753627693 (Viber) သို့ CV အပြည့်အစုံပေးပို့ လျှောက်ထားနိုင်ပါသည်။
👩‍💼လူကိုယ်တိုင် လျှောက်ထားလိုပါက
🏥စိန်ပန်းမြိုင်လမ်းမကြီး၊ ကမ္ဘာ့ရတနာဘဏ်အနီး၊ ၇ရပ်ကွက်၊ လှိုင်သာယာမြို့နယ်။

09/04/2024

ဒီတပတ်မှာတော့ ရာသီလာချိန်မှာ လိုက်နာရမဲ့ အချက်လေးတွေ မျှဝေပေးထားပါတယ်ရှင့်

ရာသီလာနေချိန်မှာ တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်
🛀‌နေ့စဉ်ရေချိုး၊ ကိုယ်လက်သန့်စင်ခြင်းတွေကို ပုံမှန် ဆောင်ရွက်နိုင်ပါတယ်ရှင့်

❓ရာသီလာနေစဉ်မှာ ခေါင်းလျှော်လို့ရလား?
ဆေးခန်းကို လာပြတဲ့ အမျိုးသမီးငယ်လေးတွေ မေးလေ့ရှိတဲ့ မေးခွန်းတခုပါ
‌💇‍♀️ပုံမှန်အတိုင်းပဲ ခေါင်းလျှော်လို့ရပါတယ်
ခြောက်သွေ့အောင် သုတ်တာ၊ လေမှုတ်စက်နဲ့ အခြောက်ခံတာလေးတွေတော့ လုပ်ပေးရပါမယ်ရှင့်

🍜အာဟာရပြည့်ဝအောင်စားဖို့က အရေးကြီးပါတယ်နော်
🥦🥩အသားငါး၊ ဟင်းသီးဟင်းရွက်တွေ အစုံစားရပါမယ်
❓ကျွန်မက အသားမစားတော့ ဘယ်လိုလုပ်ရမလဲ? ဘာစားရမှာလဲ?
👉အသားအစား ပဲမျိုးစုံစားလို့ရပါတယ်ရှင့်

😴 အိပ်ရေးဝအောင် အိပ်ဖို့ကလည်း အရေးကြီးပါတယ်

🥤ရေများများသောက်ဖို့လဲ မမေ့ပါနဲ့နော်

⛹️‍♀️ပုံမှန် လုပ်နေကျ ကိုယ်လက်လှုပ်ရှားအားကစားလဲ လုပ်လို့ရပါတယ်ရှင့်

🎉အမျိုးသမီးတိုင်း ကျန်းမာလှပတဲ့ ဘဝကို ပိုင်ဆိုင်ကြပါစေရှင်

🏥 103/B ၊ စိန်ပန်းမြိုင်လမ်း (၇) ရပ်ကွက်၊ မီးခွက်ဈေးအနီး ၊ ညောင်တုန်းလမ်းမကြီး ၊ လှိုင်သာယာမြို့နယ် ၊ ရန်ကုန်မြို့

📱09 754598592, 09 753627693




05/04/2024

ဧပြီလ (5) ရက်နေ့ ယနေ့မှစ၍ ဧပြီလ (8) ရက်နေ့အထိ မြန်မာနိုင်ငံကိုအပူလှိုင်း ဖြတ်နေပြီဖြစ်လို့ ရှောင်ရန်ဆောင်ရန်လေးတွေ အသိပေးပြောပြချင်ပါတယ်ရှင့်

🌞 အပူဒဏ်ကြောင့် ခန္ဓာကိုယ်အတွင်း ရေနှင့်ဓါတ်ဆားများ ဆုံးရှုံးမှု ပိုမိုများပြားပါတယ်

☀️ အပူဒဏ် အန္တရာယ်ကြောင့် မိတ်နှင့်ယားဖုတွေ ထွက်ခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ မူးဝေခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ကြွက်တက်ခြင်း ၊ ချွေးခြောက်ခြင်း ၊ ကိုယ်အပူချိန်မြင့်တက်ခြင်း ၊ သတိလစ်ခြင်းတို့ ဖြစ်ပွားနိုင်တဲ့အပြင် ပြင်းထန်စွာ ခံစားရပါက အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်ရှင့်

👶🧓 ကလေးသူငယ်လေးတွေ သက်ကြီးရွယ်အိုများနှင့် ဆီးချို သွေးတိုး နှလုံးရောဂါအခံရှိသူများအနေနဲ့ နေ့လည်နေ့ခင်းအချိန်တွေမှာ အရိပ်ရပြီး လေဝင်လေထွက်ကောင်းသောနေရာတွေမှာ နားနေပါ

🏋️ ပူပြင်းတဲ့နေရောင်ခြည်အောက်မှာ ပြင်းပြင်းထန်ထန် အလုပ်လုပ်တာ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာတွေကိုရှောင်ကြဉ်သင့်ပါတယ်

🕴️မဖြစ်မနေ သွားလာလုပ်ကိုင်ရမယ်ဆိုရင်လည်း ထီး ၊ ဦးထုပ်များနှင့် သွားလာပါ ။ အရိပ်ရအေးမြသောနေရာတွေမှာ ခဏအနားယူတာကိုလည်း မကြာခဏလုပ်ဆောင်ရပါမယ်

🥼 အလင်းပြန်သော အဖြူရောင် သိုမဟုတ် ပွပွချောင်ချောင်ခြည်ထည်တွေကို ဝတ်ဆင်သင့်ပါတယ်

🛀 နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးတာ နံနက် ဆယ်နာရီမှ ညနေငါးနာရီအတွင်း လွင်တီးခေါင်ပြင် မြစ်ကမ်းနား ရေချိုးဆိပ်တွေမှာ အမိုးအကာမရှိသော ရေကူးကန်တွေမှာ ရေချိုးခြင်း ရေကူးခြင်း အဝတ်လျှော်ဖွပ်ခြင်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်

🍻 အရက်သေစာသောက်စားခြင်းကလည်း အပူဒဏ် ပိုမိုခံစားရနိုင်ပြီး ဖြစ်ပွားပါက ပိုပိုပြင်းထန်စွာခံစားရနိုင်တာမို့လို့ ရှောင်ကြဉ်သင့်ပါတယ်

🍶 အန္ဓာကိုယ်အတွင်း ရေနှင့်ဓါတ်ဆား ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့်ဓါတ်ဆားရည်ကို လုံလောက်စွာ သောက်သုံးပါ

😳 မိတ်နှင့်ယားဖုများထွက်ပါက ရေအေးဝတ်ကပ်ခြင်း သနပ်ခါးလိမ်းခြင်းများ ပြုလုပ်နိုင်ပါတယ်

🏥 အပူဒဏ်ခံစားရတဲ့ လူနာတွေကို အရိပ်ရ၍ အေးမြသောနေရာတွင်ထားရှိခြင်း ရေနှင့်ဓါတ်ဆားရည်များသောက်သုံးစေခြင်း အပူချိန်အမြန်ကျစေရန် နဖူး ချိုင်းကြားပေါင်ကြားတို့အား ရေအေးဖတ်တိုက်ခြင်းတို့ကို ဆောင်ရွက်ပေးပြီး နီးစပ်ရာဆေးခန်း ဆေးရုံတို့ကို အမြန်ဆုံးပို့ဆောင်ပေးသင့်ပါတယ်ရှင်

🏥 ပီတိဆေးခန်းလိပ်စာကတော့ 103/ B စိန်ပန်းမြိုင်လမ်း မီးခွက်ဈေးမှတ်တိုင်အနီး (၇) ရပ်ကွက် ညောင်တုံးလမ်းမကြီး လှိုင်သာယာမြို့နယ် ပါရှင်

☎️ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်ကတော့
09 754598592 နဲ့ 09753627693 ပါ



05/04/2024

🫄လူမှုဖူလုံရေးလူနာ မမဗိုက်လေးတို့အတွက် သတင်းကောင်းလေး တစ်ခုကြေငြာပေးချင်ပါတယ်ရှင့်

📢🔔 ဧပြီလ တစ်ရက်နေ့မှစပြီး ပီတိလူမှုဖူလုံရေးဆေးခန်းမှာ မမဗိုက်လေးတို့အတွက် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများနဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အစီအစဉ်လေး စတင်လိုက်ပါပြီရှင့်

🤱 သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးနဲ့ ပြသနိုင်တဲ့အချိန်တွေကတော့ အပတ်စဉ် တနလာ် နဲ့ ကြာသပတေး ညနေ 4 နာရီနဲ့ တနဂ်နွေမှာဆိုရင်တော့ မနက်ဆယ်နာရီမှာ ပြသ ဆွေးနွေးနိုင်မှာဖြစ်ပါတယ်ရှင့်

🏥 ကိုယ်ဝန်ဆောင်များအတွက် အာထရာဆောင်းရိုက်ခြင်းကိုလည်း တနဂ်နွေမှာ ဝန်ဆောင်မှုရယူနိုင်ပါတယ်ရှင့်

📢 ပီတိလူမှု‌ဖူလုံရေးဆေးခန်းကို မနက် 8 နာရီမှ ည 8 နာရီအထိ ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်

📢 ပီတိအထူးကုဆေးခန်းဖွင့်လှစ်ချိန်ကတော့ 24 နာရီပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနေပါတယ်ရှင့်

☎️ 09 754598592 , 09 75367693 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်

🏥 ဆေးခန်းလိပ်စာကတော့ 103/B စိန်ပန်းမြိုင်လမ်း ညောင်တုန်းလမ်းမကြီး မီးခွက်ဈေးမှတ်တိုင်အနီး လှိုင်သာယာမြို့နယ် ပါရှင့်


#အမျိုးသမီးကျန်းမာရေး
#ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု

Address

103/B, Sein Pan Myaing Street, (7) Quarter, Nyaung Done Road, Hlaing Thar Yar Township
Yangon

Telephone

+959753627693

Website

Alerts

Be the first to know and let us send you an email when Piti Clinic - ပီတိအထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Piti Clinic - ပီတိအထူးကုဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram