mental heal

mental heal Home where you feel loved, appreciated & safe - Your Mental Health Service It was hosted by Myanmar Young Entrepreneur Association (MYEA) and EWC2020.

About Us

“mental heal” is a social enterprise for delivering effective mental health awareness and online/offline counseling/therapy services to university students and white-collar workers. We connect the people who need mental care with the right and trusted professionals including counselors, psychologists, psychiatrists, career, and life coaches who understand and guide them through completely confidential individual sessions. Counseling and therapy services that we currently offer are ‘PTSD, OCD, Depression, Anxiety, Stress Management, Anger Management, Relationship, Emotional Wellness, and Career’ mainly. Success Stories

We received the “Honorable Mention Award” from Myanmar Youth Technopreneurship Development Program (MYTDP) held by Myanmar Computer Federation (MCF) and MPT. In August 2020, our team also participated in the Entrepreneurship World Cup 2020 and achieved as the “National Shortlisted Applicant”.

လူတိုင်းရဲ့ ဒဏ်ရာတွေဟာ မြင်သာနေရမယ်မဟုတ်ပါဘူး။ တချို့ဒဏ်ရာတွေက အတိတ်ထဲမှာ ဖြစ်ခဲ့ပေမယ့် ဒီနေ့ထိ စိတ်ထဲမှာ ဆက်ရှိနေတုန်းပ...
29/01/2026

လူတိုင်းရဲ့ ဒဏ်ရာတွေဟာ မြင်သာနေရမယ်မဟုတ်ပါဘူး။ တချို့ဒဏ်ရာတွေက အတိတ်ထဲမှာ ဖြစ်ခဲ့ပေမယ့် ဒီနေ့ထိ စိတ်ထဲမှာ ဆက်ရှိနေတုန်းပါပဲ။ ရှိတော့ရှိနေတယ် မမြင်ရဘူးဆိုတာမျိုး။ ထိခိုက်စရာတစ်ခုခုပေါ်လာရင်တော့ ပြန်ထင်ရှားလာတာမျိုးပေါ့။ ဒါတွေက မပျောက်နိုင်တော့ဘူးလား။❓

စိတ်ဒဏ်ရာတွေပျောက်သွားဖို့ဆိုတာ အရင်ဆုံး ကိုယ့်မှာစိတ်ဒဏ်ရာရှိတယ်ဆိုတာ သိဖို့လိုပါတယ်။ ပြီးရင်တော့ အချိန်ယူကုစားဖို့လိုပါတယ်။ စိတ်ဒဏ်ရာရှိသူ၊ စိတ်ခံစားချက်လွယ်သူကို စိတ်ပျော့တယ်လို့ပြောတတ်ကြပါတယ်။ တကယ်တော့ Trauma ဆိုတာ အားနည်းချက် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ အမှတ်အသားပါ။ 🍀

ဒီ post မှာတော့ mental heal က တင်ပေးဖူးတဲ့ စိတ်ဒဏ်ရာနဲ့ဆိုင်တဲ့ content များကိုတစ်စုတည်းပြန်ပြီးမျှဝေပေးလိုက်ပါတယ်ရှင်။

(၁) စိတ်ဒဏ်ရာအကြောင်း (Trauma)
https://www.facebook.com/share/p/17udtfb7gQ/

(၂) ကြီးကြီးမားမားမဟုတ်ပါဘူး ဒါပေမဲ့ နာကျင်ရတယ်
https://www.facebook.com/share/p/18AZ6M92YB/

(၃) စိတ်ဒဏ်ရာရှိနေကြောင်းကို ဘယ်လိုသိနိုင်မလဲ
https://www.facebook.com/share/p/17zC2cwDw8/

(၄) မကြာခဏရန်ဖြစ်တတ်တဲ့မိဘတွေကြောင့် ကလေးမှာ ဘယ်လိုစိတ်ဒဏ်ရာတွေရနိုင်လဲ
https://www.facebook.com/share/p/1D8th7dGSX/

(၅) နာကျင်တတ်တဲ့ စိတ်ဒဏ်ရာ
https://www.facebook.com/share/p/1CQFY7NuzS/

(၆) သံသရာလည်နေသော စိတ်ဒဏ်ရာ
https://www.facebook.com/share/p/1DqXnRxjbv/

(၇) စိတ်ဖိစီးမှုနဲ့ စိတ်ဒဏ်ရာ ဘယ်ကွာသလဲ
https://www.facebook.com/share/p/183dLKzPYd/

(၈) စိတ်ဒဏ်ရာရဲ့ နောက်ဆက်တွဲ
https://www.facebook.com/share/p/1D1EhJvKBi/

(၉) စိတ်ဒဏ်ရာရသူ သူငယ်ချင်းကို ဘယ်လိုကူညီမလဲ
https://www.facebook.com/share/p/17mp7PuBHc/

(၁၀) Living Life with Trauma
https://www.facebook.com/share/p/18GhNRVcDg/

(၁၁) Second hand Trauma - လက်ဆင့်ကမ်းစိတ်ဒဏ်ရာ
https://www.facebook.com/share/p/1QuDdd5UCb/

(၁၂) စိတ်ဒဏ်ရာ ရနေတဲ့ကလေးငယ် (သို့မဟုတ်) ငယ်ဘဝစိတ်ဒဏ်ရာ
https://www.facebook.com/share/p/1BRMimVT15/

(၁၃) စိတ်ဒဏ်ရာဖြစ်တဲ့အချိန် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကူညီမလဲ
https://www.facebook.com/share/v/1NGXuAqync/

(၁၄) သဘာဝဘေးအန္တရာယ်နဲ့ စိတ်ဒဏ်ရာ
https://www.facebook.com/share/p/1CqT58Hc1c/

(၁၅) Relationship Trauma
https://www.facebook.com/share/p/1H8z3qqgGf/

(၁၆) Childhood Trauma
https://www.facebook.com/share/p/17v9tHiaDM/

စိတ်ဒဏ်ရာဆိုတာ လူတိုင်းမှာရှိပါတယ်။ အနည်းနဲ့အများမတူတာ၊ ကိုယ်တိုင်သိတာ၊ မသိတာပဲကွာကြတာပါ။ ကိုယ့်မှာရှိနိုင်သလို ကိုယ့်ပတ်ဝန်းကျင်ကသူတွေမှာလည်း ကုစားဖို့လိုအပ်တဲ့၊ နားလည်ထားဖို့လိုအပ်တဲ့စိတ်ဒဏ်ရာတွေရှိနိုင်တာမို့ ပြန်လည်မျှဝေပေးဖို့မမေ့ပါနဲ့နော်။ 🍀

ဖွင့်ထုတ်ပြောဆိုဖို့ခက်တဲ့ စိတ်ခံစားချက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေအတွက် ဆွေးနွေးတိုင်ပင်ဖို့အတွက် mental heal မှာ အတွေ့ကြုံရှိဆရာ၊ ဆရာမများနဲ့ counseling services များရယူနိုင်ပါတယ်ရှင်။ 🤍




ဘာကြောင့် Counseling ယူဖို့ လိုအပ်တာလဲ ❤️‍🩹Counseling ယူတာနဲ့ ပတ်သက်ပြီး အမျိုးမျိုးသောမေးခွန်းတွေ၊ ထင်မြင်ယူဆချက်တွေ ပတ...
28/01/2026

ဘာကြောင့် Counseling ယူဖို့ လိုအပ်တာလဲ ❤️‍🩹

Counseling ယူတာနဲ့ ပတ်သက်ပြီး အမျိုးမျိုးသောမေးခွန်းတွေ၊ ထင်မြင်ယူဆချက်တွေ ပတ်ဝန်းကျင်မှာ မကြာခဏ ကြားဖူးကြမယ်ထင်ပါတယ်။ ဒါတွေကြောင့်ပဲ Counseling ယူဖို့ တွေးဝေမိတာမျိုး၊ "ငါ Counseling ယူနေရတယ်ဆိုရင် လူတွေက ကိုယ့်အ‌ပေါ် အမြင်တစ်မျိုး ပြောင်းလဲသွားမလား" ဆိုပြီး စိုးရိမ်နေမိတာမျိုးတွေလည်း ဖြစ်တတ်ကြပါတယ်။

တကယ်တော့ Counseling ဆိုတာ ပြဿနာကြီးကြီးမားမားရှိမှ လုပ်ရတာမဟုတ်ပါဘူး။ ကျွန်မတို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေလုပ်ပြီး ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်ကြသလိုမျိုးပဲ Counseling ဆိုတာ စိတ်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ခြင်း တစ်မျိုးပါပဲဖြစ်ပါတယ်။

ဒါဆိုရင် Counseling က ဘာကြောင့် ဒီလောက် အရေးပါတာလဲ❓

၁။ စိတ်လုံခြုံမှုရှိတဲ့ နေရာတစ်ခု ဖြစ်လို့ပါ။

မိသားစု၊ သူငယ်ချင်းတွေကို ရင်ဖွင့်ဖို့ ခက်ခဲတဲ့ လျှို့ဝှက်ချက်တွေ၊ ခံစားချက်တွေ ရှိနေလား။ Counselor တွေဟာ ကိုယ့်ကို အပြစ်မတင်ဘဲ (Non-judgmental) ကိုယ့်အကြောင်းတွေကို လျှို့ဝှက်ထိန်းသိမ်းပေးပြီး ကိုယ့်ခံစားချက်တွေကို လေးစားစွာ နားထောင်ပေးမယ့်သူတွေ ဖြစ်ပါတယ်။

၂။ ပြဿနာကို ရှုထောင့်အသစ်က မြင်နိုင်ဖို့

ကျွန်မတို့ ပြဿနာတစ်ခုထဲမှာ နစ်မွန်းနေတဲ့အခါ ထွက်ပေါက်ကို မမြင်ရတော့ပါဘူး။ Counselor တွေက ကိုယ့်ရဲ့ တွေးခေါ်မှုပုံစံတွေ၊ အပြုအမူပုံစံတွေကို ပြန်လည်ဆန်းစစ်ပေးပြီး ကိုယ်ကိုယ်တိုင်တောင် မမြင်မိတဲ့ ရှုထောင့်အသစ်တွေကို မီးမောင်းထိုးပြပေးနိုင်ပါတယ်။

၃။ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနည်းတွေ ရရှိစေဖို့

ဘဝမှာ မမျှော်လင့်တဲ့ အခက်အခဲတွေ ကြုံလာတဲ့အခါ ဒေါသထွက်တာ၊ ဝမ်းနည်းတာ၊ စိုးရိမ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကို ကျန်းမာတဲ့နည်းလမ်းနဲ့ ဘယ်လိုတုံ့ပြန်မလဲ၊ စိတ်တည်ငြိမ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ လက်တွေ့ကျတဲ့ နည်းလမ်းတွေကို Counseling ကနေတဆင့် ရရှိနိုင်ပါတယ်။

၄။ ကိုယ်တိုင်ကို ပြန်လည်ရှာဖွေတွေ့ရှိဖို့

"ငါ ဘာဖြစ်နေတာလဲ၊ ငါ တကယ်လိုချင်တာ ဘာလဲ" ဆိုတာ ဝေဝါးနေတဲ့အခါ Counseling က ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေ၊ အားသာချက်တွေကို ပြန်လည်ရှာဖွေပေးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self-esteem) တိုးပွားလာစေပါတယ်။

💡 သတိပြုရမှာက -
Counseling ဆိုတာ မှော်ဆေးတစ်လက် မဟုတ်သလို ကိုယ့်အစား ပြဿနာတွေကို ဖြေရှင်းပေးမယ့်အရာ မဟုတ်ပါဘူး။
ဒါပေမဲ့ ပြဿနာတွေကို ကိုယ်ကိုယ်တိုင် ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ ခွန်အား နဲ့ လမ်းပြမြေပုံကို ပေးမယ့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။

Counseling ယူရတယ်ဆိုတာ ရှက်စရာအားနည်းချက်မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တတ်လာခြင်းနဲ့ ဂရုစိုက်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ 🫂

စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေအတွက် ရင်ဖွင့်တိုင်ပင်ချင်တယ်ဆိုရင် mental heal မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်။ Page Chat Box လေးကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

Counseling ဆိုတာ သင့်အတွက်ပါ ✨

မနက်ဖြန်တွေမှာ... သင် ဆက်ရှိနေဖို့ လိုပါတယ်" 🎗️တစ်ခါတလေမှာ ဘဝက အရမ်းပင်ပန်းလွန်းလို့...၊ ထွက်ပေါက်ပိတ်နေသလို ခံစားရလို့....
27/01/2026

မနက်ဖြန်တွေမှာ... သင် ဆက်ရှိနေဖို့ လိုပါတယ်" 🎗️

တစ်ခါတလေမှာ ဘဝက အရမ်းပင်ပန်းလွန်းလို့...၊ ထွက်ပေါက်ပိတ်နေသလို ခံစားရလို့... အရာအားလုံးကို ရပ်တန့်လိုက်ချင်တဲ့ အတွေးတွေ ဝင်လာဖူးကြပါလိမ့်မယ်။
ဒါမှမဟုတ် ကိုယ့်အနီးနားက လူတစ်ယောက်ယောက် ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တကယ်လို့ ဒီလိုခံစားနေရတယ်ဆိုရင် mental heal ကအတူတူရှိပေးနေတယ်ဆိုတာလေးသိစေချင်ပါတယ်။ ဒီ page က ကျိုးပဲ့နေတဲ့နေ့တွေ၊ မပြောနိုင်တဲ့ စိတ်ခံစားချက်တွေ ရှိနေသူတွေအတွက်ရည်ရွယ်ပြီး နွေးထွေးရာလေးဖြစ်စေချင်တဲ့ရည်ရွယ်ချက်နဲ့စတင်ခဲ့တာပါ။ ဒီ post မှာတော့ mental heal က တင်ဖူးတဲ့ “Suicidal prevention awareness” ဆိုင်ရာ content လေးတွေကို ပြန်စုထားပြီးမျှဝေပေးလိုက်ပါတယ်။

“ရှင်သန်မှုတစ်ခုစီတိုင်းမှာ တန်ဖိုးကိုယ်စီရှိပြီးသားပါ။ အခက်ခဲဆုံးနေ့တွေရှိနေရင်တောင် mental heal ကအတူတူရှိပေးနေပြီး အကောင်းဆုံးနေ့တွေထိအတူတူရှေ့ဆက်ကြမယ်နော်”

📌 ဖတ်ရှုလေ့လာနိုင်သော Post များ
၁။ Mental health ရှုထောင့်မှ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းအကြောင်း
https://www.facebook.com/share/p/17oCrNW7vc/

၂။ လောကကြီးကို အရှုံးပေးချင်စိတ် ပေါ်လာခဲ့ရင်
https://www.facebook.com/share/p/1CeNRxBtgg/

၃။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ လောကကြီးကို အရှုံးပေးဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ရှိရင် ဘယ်လိုလုပ်မလဲ
https://www.facebook.com/share/1AF9ezcqz6/

၄။ အဆုံးသတ်ချင်တဲ့အတွေးတွေ ဝင်လာရင် ဘာလုပ်သင့်လဲ
https://www.facebook.com/share/v/1CQgWNaPBD/

၅။ အရေးပေါ်အခြေအနေမှာ ဘယ်သူ့ကို ဆက်သွယ်ရမလဲ
https://www.facebook.com/share/v/1DbfFfADwP/

"သင် တစ်ယောက်တည်း မဟုတ်ပါဘူး" 🫂
ဒီစာစုလေးက သင့်အတွက် (ဒါမှမဟုတ်) သင်ချစ်ရတဲ့သူတစ်ယောက်ယောက်အတွက် အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်။ လိုအပ်တဲ့သူတွေဆီ ရောက်အောင်လည်း Share ပေးသွားကြပါဦးနော်။

ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲဖြစ်နေသူတွေ ရှိခဲ့ရင် အချိန်မီ ကူညီပေးနိုင်ဖို့ ဒီ Post လေးကို Save ထားပြီး လေ့လာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
mental heal မှာလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက် Counseling Service ရယူနိုင်ပါတယ်ရှင်။ 🤍


mental heal က ဇန်နဝါရီလထဲမှာ offline event နှစ်ခုဖြစ်တဲ့ “A year to Remember event“ နဲ့ “Relationship event” တို့ကို ထို...
27/01/2026

mental heal က ဇန်နဝါရီလထဲမှာ offline event နှစ်ခုဖြစ်တဲ့ “A year to Remember event“ နဲ့ “Relationship event” တို့ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်ပေးခဲ့ပါတယ်။

event ဖြစ်လာဖို့အတွက် နေရာအားဖြည့်ပေးတဲ့ “The Home Cafe” “Free Bird Cafe” နဲ့အတူ ပါဝင်ကူညီပေးသူများ၊ စိတ်ဝင်တစားလာရောက်ပေးသူများကို mental heal က ကျေးဇူးအများကြီးတင်ရကြောင်းပြောရင်း offline event ပုံရိပ်လေးတွေ အမှတ်တရပြန်တင်လိုက်ပါတယ်နော်။ event တစ်ခုမှာတော့ အိမ်လွမ်းနေမယ့် မြန်မာမောင်နှမများအတွက် မြန်မာမုန့်ဟင်းခါးနဲ့ ဧည့်ခံဖြစ်ခဲ့ပါတယ်။ 🤍

နောက်ထပ်လည်း မတူညီတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ online/offline event လေးတွေထပ်လုပ်ပေးသွားမှာဖြစ်လို့ ချင်းမိုင်မှာရှိနေတဲ့ မြန်မာမောင်နှမများလက်မလွတ်သွားရအောင်ရော၊ ကိုယ်တိုင်အပြင်မှာ မလာနိုင်ပေမယ့် mental heal ရဲ့ free event & paid training တွေကိုတက်ရောက်နိုင်ဖို့အတွက်ပါ “mental heal community” ကို join ထားဖို့ကြိုဆိုပါတယ်ရှင်။

✅ mental heal community
https://www.facebook.com/share/g/1CyBfFV2ss/?mibextid=wwXIfr





Attachment Healing Training Batch 1📣(ဆက်ဆံရေးပုံစံများ ကုစားခြင်းနှင့် ပုံစံသစ် တည်ဆောက်ခြင်း သင်တန်း)💔 အချစ်ရေး ဒါမှမဟု...
26/01/2026

Attachment Healing Training Batch 1📣
(ဆက်ဆံရေးပုံစံများ ကုစားခြင်းနှင့် ပုံစံသစ် တည်ဆောက်ခြင်း သင်တန်း)
💔 အချစ်ရေး ဒါမှမဟုတ် ဆက်ဆံရေးတွေမှာ ကိုယ်ပဲ အမြဲ အနစ်နာခံနေရသလို ခံစားနေရသလား? 💔
ကိုယ့်အပေါ် ဂရုမစိုက်တဲ့သူ၊ ဒါမှမဟုတ် စိတ်ဒဏ်ရာပေးမယ့်သူမျိုးတွေကိုပဲ ထပ်ခါထပ်ခါ ဆွဲဆောင်မိနေသလား?

ကျွန်မတို့ရဲ့ လက်ရှိဆက်ဆံရေးပြဿနာအများစုဟာ ငယ်စဉ်ကလေးဘဝ မိဘတွေနဲ့ ပတ်သက်ခဲ့ရတဲ့ "Attachment Style" (သံယောဇဉ်တွယ်ကပ်ပုံ ပုံစံများ) ပေါ်မှာ အခြေခံနေတတ်ပါတယ်။ ဒီပုံစံကို သေချာနားမလည်ရင် နာကျင်စရာကောင်းတဲ့ ပတ်သက်မှုတွေ၊ ဆက်ဆံ‌ရေးတွေကိုပဲ သံသရာလည်နေပါလိမ့်မယ်။
ဒီ Attachment Healing Training ကတော့ ဒီသံသရာကနေ ရုန်းထွက်ပြီး ကျန်းမာတဲ့ ဆက်ဆံရေးသစ်တွေ တည်ဆောက်နိုင်ဖို့ ကူညီပေးသွားမှာပါ။

🌟 ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?
•ဆက်ဆံရေးတစ်ခုမှာ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေပြီး အမြဲ စိုးရိမ်ပူပန်နေရသူများ၊
•ကိုယ့်အပေါ် စိတ်ခံစားချက်အရ အလှမ်းဝေးသူ (Emotionally Unavailable) တွေနဲ့ပဲ ဖူးစာဆုံနေရသူများ၊
•နာကျင်စရာကောင်းတဲ့ ဆက်ဆံရေးပုံစံဟောင်းတွေကိုပဲ ထပ်ခါထပ်ခါ ကြုံတွေ့နေရသူများ၊
•မိမိရဲ့ Attachment Style ကို သိရှိပြီး ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ချင်သူများအတွက်ပါ။

📘 ဘာတွေ သင်ကြားရမလဲ?
•Understanding Attachment Styles - ကိုယ့်ရဲ့ သံယောဇဉ်တွယ်ကပ်ပုံက ဘယ်လိုအမျိုးအစားလဲဆိုတာ ရိုးရှင်းစွာ ခွဲခြားသိမြင်ခြင်း
•Recognizing Relationship Patterns - ဆက်ဆံရေးတွေမှာ ကိုယ့်ရဲ့ ဆက်သွယ်ပြောဆိုပုံနဲ့ အပြုအမူတွေက ဘယ်လိုသက်ရောက်မှုရှိနေလဲဆိုတာ ရှာဖွေခြင်း
•The Magnet Effect - နာကျင်စရာကောင်းမှန်းသိရက်နဲ့ ပုံစံတူလူမျိုးတွေကိုပဲ ဆွဲဆောင်မိနေတဲ့အကြောင်းအရင်း
•Building Inner Safety - ကိုယ့်စိတ်ကို ကိုယ်ပြန်လည် နွေးထွေးလုံခြုံအောင် ဘယ်လိုစောင့်ရှောက်မလဲ
•Moving Toward Healthier Attachment - ပိုမိုခိုင်မာပြီး ကျန်းမာတဲ့ ဆက်ဆံရေးတစ်ခုဆီ ဘယ်လိုခြေလှမ်းစမလဲ…စတာတွေကို သင်ယူရမှာပါ။

✨ ဒီသင်တန်းရဲ့ ထူးခြားချက်
ဒီသင်တန်းလေးကတော့ တက်ရောက်သူတွေအတွက် နားလည်ရလွယ်ကူပြီး လက်တွေ့ဘဝမှာ တကယ်ပြန်လည်အသုံးချနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အဓိကအနေနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ဦးစားပေးထားတာမို့ ကိုယ့်ရဲ့စိတ်ဒဏ်ရာတွေကို အတင်းအကြပ် ပြန်ပြောပြခိုင်းတာမျိုး လုံးဝမရှိပါဘူး။
ဒါကြောင့် သင်တန်းပြီးဆုံးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပိုမိုနားလည်လာပြီး ယုံကြည်မှုရှိတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်လာနိုင်မှာ ဖြစ်ပါတယ်။

🗓️ သင်တန်းအသေးစိတ်
•သင်တန်းကာလ - Live Session (၃) ကြိမ် (တစ်ကြိမ်လျှင် ၂ နာရီ)
•စုစုပေါင်းကြာချိန် - ၆ နာရီ
•ရက်စွဲ - ဖေဖော်ဝါရီလ ၂၁ရက်၊၂၅ ရက်၊၂၈ ရက်
•အချိန် - ည ၇:၀၀ မှ ၉:၀၀ နာရီ (မြန်မာစံတော်ချိန်)
(Zoom နဲ့ Telegram Platform (Online) အဓိကအသုံးပြုသွားမှာပါ။)
💵 သင်တန်းကြေး: ၄၈,၀၀၀ ကျပ်
🎁 Early Bird Discount: ဖေဖော်ဝါရီလ ၇ ရက်နေ့မတိုင်ခင် အပ်နှံပါက ၄၅,၀၀၀ ကျပ် သာ ကျသင့်မှာဖြစ်ပါတယ်။

( တက်ရောက်သူတွေအနေနဲ့ Group Activities တွေမှာ ပါဝင်ရမှာဖြစ်သလို ကိုယ်တိုင်ပြန်လည်ဆန်းစစ်နိုင်မဲ့ Worksheet တွေနဲ့ လက်တွေ့လေ့ကျင့်ခန်းတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ )

Scholarship (2) posts
ပါဝင်တက်ရောက်ချင်ပေမယ့် အခက်အခဲရှိနေသူတွေအတွက် Scholarship (၂) နေရာစာ စီစဉ်ပေးထားပါတယ်။
1️⃣ Comment မှာ ဘာကြောင့် ဒီ Training ကိုတက်ချင်လဲ ရေးပေးပြီး
2️⃣ ဒီ Post လေးကို Share ပေးရမှာဖြစ်ပါတယ်ရှင့်။

📝 စာရင်းပေးသွင်းရန်
၁။ အောက်ပါ Registration Form ကို ဖြည့်စွက်ပေးပါ -
🔗https://forms.gle/C57Wxckbv7WZ4KbH6
၂။ Form ဖြည့်ပြီးပါက Mental Heal With You Page Messenger မှာ အကြောင်းကြားပေးရုံပါပဲရှင်။ 💙

စိတ်ကျန်းမာရေး၊ စိတ်ခံစားချက်ရှိတာတွေက ရှက်စရာမဟုတ်ဘဲ လက်ခံပြီးအချိန်ယူကုစားမှသာ တစ်ဘဝလုံးစာအတွက်ငြိမ်းချမ်းရာကိုရှာတွေ့နိုင်မှာဖြစ်ပါတယ်။ ကိုယ့်အနီးနားကသူလေးတွေလည်း ဒီအခွင့်အရေးမှာပါဝင်နိုင်ဖို့ မျှဝေပေးသွားပါဦးနော်။

✨ ဒီသင်တန်းလေးကို တက်ရောက်ပြီးတော့ ကိုယ်ကိုယ်တိုင်နဲ့ ဘေးနားကသူတွေကိုပါ စိတ်ပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ စနစ်တကျ သင်ယူလိုက်ပါ

ကမ္ဘာ‌ကြီးက လုံခြုံပါတယ်ဆိုတဲ့ စိတ်နဲ့ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်နဲ့ စိတ်လုံ ခြုံမှုမရတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝက အများကြီး...
25/01/2026

ကမ္ဘာ‌ကြီးက လုံခြုံပါတယ်ဆိုတဲ့ စိတ်နဲ့ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်နဲ့ စိတ်လုံ ခြုံမှုမရတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝက အများကြီးကွာခြားပါတယ်။ ကလေးအရွယ်မှာ ဖြစ်တည်လာတဲ့ စိတ်ခံစားချက်တွေက အရွယ် ရောက်လာတဲ့အခါ ဘဝနေထိုင်မှုပုံစံ၊ အတွေး အ‌ခေါ်နဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်ကို အဓိက လွှမ်းမိုးတာကြောင့်ပါ။

စိတ်လုံခြုံမှုဆိုတာ အချစ်ခံရတဲ့ စိတ်တစ်ခု တည်းမဟုတ်ပဲ ကလေးတစ်ယောက်အနေနဲ့ စိတ်ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ရရှိတာကိုလည်း ဆိုလိုပါတယ်။

Child's mental health အတွက် ဒီအချက်တွေ လိုအပ်ပါတယ် 👇🏽

🧒 စိတ်ခံစားချက်တွေကို လက်ခံပေးခြင်း
ကလေးငယ်ကို ပျော်ရွှင်အောင် ထားပေးတာ မျိုးအပြင် မကျေနပ်စိတ်၊ ဒေါသစိတ်တွေကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့် ပြုခြင်းဖြစ်ပါ တယ်။ “မငိုနဲ့၊ ဝမ်းနည်းနဲ့” လို့ အမြဲပြောတာ ထက် ငိုကြွေးခွင့်ပေးတာက သူ့ရဲ့ စိတ်ခံစား ချက်အကောင်း၊ အဆိုးတွေအကုန် လက်ခံပေးနိုင်တယ်ဆိုတဲ့ စိတ်ကို ခံစားရစေပါတယ်။

👧🏻 ယုံကြည်မှု၊ မှီခိုအားနိုင်မှုပေးခြင်း
မိဘတွေ၊ အုပ်ထိန်းသူ‌တွေနဲ့ အတူရှိနေတယ်၊၊ နေစရာအိမ်၊ စားစရာအတွက် ပူစရာမလိုသလို၊ အန္တရာယ်အတွက် ကာကွယ်ပေးမယ့်သူ ရှိတယ်ဆိုတဲ့ ခံစားချက်ပေးနိုင်ခြင်းကို ဆိုလိုပါတယ်။ ဥပမာ- လူသွားလူလာများတဲ့ လမ်းမှာ လမ်းလျှောက်တဲ့အခါ ဘေးမှာ ဂရုစိုက်ပေးမယ့်သူရှိတာကြောင့် ကိုယ်လဲကျသွားမှာ၊ လူတွေနဲ့ တိုက်မိမှာ ပူစရာမလိုပဲ Safe ဖြစ်တဲ့ ခံစားချက်မျိုးပါ။

👦🏻 အချစ်ခံရမှု
အချစ်ခံရတယ်လို့ ခံစားရအောင် ချစ်ကြောင်း ပြောပြပေးနိုင်သလို၊ ကြင်ကြင်နာနာ ဆက်ဆံ ပေးခြင်း၊ ကလေးရဲ့ စကားတွေကို သေချာ နားထောင်ပေးခြင်း၊ ထွေးပွေ့ပေးခြင်းတွေနဲ့ ဖော်ပြနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်ခံရမှုတွေက Inner Child ကို ကျမ်းမာစေပါတယ်။

🚼 စိတ်လုံခြုံမှုရရှိတဲ့ ကလေးတစ်ယောက်က အပူအပင်ကင်းပြီး၊ Safe ဖြစ်တယ်ဆိုတဲ့ ခံစားချက်ကြောင့် သတ္တိရှိခြင်း၊ ပတ်ဝန်းကျင်မှာ သက်တောင့်သက်သာ ဖြစ်ခြင်း၊ စာသင်ကြားတဲ့အခါမှာလည်း လေ့လာသင်ယူနိုင်စွမ်းမြင့်ခြင်း၊ လွတ်လပ်စွာ ပြောဆိုနိုင်ခြင်း စတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ပိုရှိကြပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာ လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း၊
ကျ‌ရှုံးမှာ မကြောက်ခြင်း၊ စွန့်ပစ်ခံရမှာ ကြောက်တဲ့စိတ်တွေ မရှိခြင်းကြောင့် စိတ်ဓာတ်ကြံခိုင်မှု ပိုမြင့်မားကြပါတယ်။ Relationship မှာလည်း Secure ဖြစ်တဲ့ Attachment ရှိနိုင်ခြေများပါတယ်။

👧🏽 Child’s mental health က Depression,ဆီးချိုသွေးချို၊ နှလုံးရောဂါ ရောဂါတွေနဲ့ ဆက်စပ်နေတတ်တာမလို့ ကလေးတွေကို စိတ်လုံခြုံမှုပေးနိုင်ဖို့က အရေးကြီးပါတယ်နော်။

Inner Child trauma၊ Child mental health နဲ့ ပါတ်သတ်ပြီး အကူအညီလိုအပ်ရင် mental heal မှာ Professional အကူအညီတွေ ရယူနိုင်ပါတယ်နော်🍀။



ကျွန်မတို့ ချစ်ရသူတစ်ယောက်ကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့အခါ အတိတ်က အမှတ်တရတွေက ပုံစံနှစ်မျိုးနဲ့ ရောက်လာတတ်ပါတယ်။ သူနဲ့...
24/01/2026

ကျွန်မတို့ ချစ်ရသူတစ်ယောက်ကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့အခါ အတိတ်က အမှတ်တရတွေက ပုံစံနှစ်မျိုးနဲ့ ရောက်လာတတ်ပါတယ်။ သူနဲ့အတူ ရယ်မောခဲ့တာတွေကို တွေးမိရင် ပြုံးမိပေမဲ့၊ အဲ့ဒီလိုအချိန်မျိုး ဘယ်တော့မှ ပြန်မရတော့ဘူးလို့ သတိဝင်လာတဲ့ခဏမှာတော့ အဲ့ဒီအမှတ်တရကပဲ ရင်ဘတ်ကို ဓားနဲ့မွှန်းသလို နာကျင်စေပြန်ရော။

ဘာကြောင့် ဒီလို ခံစားချက်နှစ်ခွ ဖြစ်နေရတာလဲ?
ဒါဟာ အလွမ်းရဲ့ သဘာဝပါ။ အမှတ်တရတွေက ပြောင်းလဲမသွားပေမဲ့ ကျွန်မတို့ရဲ့ "လက်ရှိအခြေအနေ" က ပြောင်းလဲသွားလို့ပါ။

☄️လှပတဲ့ နှိပ်စက်မှု
သူ ကြိုက်တတ်တဲ့ သီချင်းသံ ကြားလိုက်ရတဲ့အခါ၊ သူ သုံးနေကျ ရေမွှေးနံ့လေး ရလိုက်တဲ့အခါ စိတ်ထဲမှာ နွေးထွေးသွားသလိုလိုနဲ့ နောက်ဆက်တွဲ ပါလာတာက "သူမှ မရှိတော့တာ" ဆိုတဲ့ ဟာလာဟင်းလင်းဖြစ်မှုပါ။

☄️ပြန်မရနိုင်တဲ့ နောင်တ
"အဲ့ဒီတုန်းက ပိုပျော်ခဲ့သင့်တာ" ဆိုတဲ့ အတွေးမျိုးက အမှတ်တရကောင်းတွေကိုတောင် ဝမ်းနည်းစရာတွေအဖြစ် အရောင်ပြောင်းပစ်တတ်ပါတယ်။
အမှတ်တရတွေက ကိုယ့်ကို နှိပ်စက်နေပြီလို့ ခံစားရတဲ့အခါ "အမှတ်တရ ခွဲတမ်းချခြင်း” နည်းလမ်းလေးကို သုံးကြည့်ပါ။

တစ်နေ့တာလုံး အလွမ်းဒဏ် မခံနိုင်အောင် ဖြစ်နေမယ့်အစား တစ်နေ့ကို ၁၅ မိနစ်လောက် သီးသန့်အချိန်ပေးပြီး သူ့အမှတ်တရတွေကို တမင်တကာ ပြန်တွေးပါ။ ငိုချင်ရင် ငိုလိုက်ပါ။ အချိန်ပြည့်ရင်တော့ "အခုတော့ ငါ့ရဲ့ လက်ရှိအလုပ်တွေကို ပြန်လုပ်တော့မယ်" လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပြီး အာရုံလွှဲလိုက်ပါ။ ဒါဟာ ခံစားချက်တွေကို ပိတ်ပင်တာမဟုတ်ဘဲ နာကျင်မှုက တစ်နေ့တာလုံးကို ဝါးမြိုမသွားအောင် ကာကွယ်ပေးတာပါ။

အမှတ်တရတွေက ကိုယ့်ကို နှိပ်စက်နေတာက ကိုယ်တစ်ယောက်တည်း ရုန်းကန်နေရလို့လည်း ပါပါတယ်။ ဒီအမှတ်တရတွေကြားမှာ ပိတ်မိမနေဘဲ "ခွန်အား" အဖြစ် ပြန်ပြောင်းလဲနိုင်ဖို့ mental heal ရဲ့ Counseling Session မှာ -
✨အမှတ်တရတွေကြောင့်ဖြစ်တဲ့ နာကျင်မှုကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ အတူတူ ရှာဖွေပေးပါတယ်။
✨ရင်ထဲက မွန်းကြပ်မှုတွေကို တစ်ယောက်တည်း မဟုတ်ဘဲ နားလည်ပေးမယ့်သူနဲ့ အတူ မျှဝေခံစားခွင့် ရမှာပါ။
ဒီလို အတွေ့အကြုံရှိတဲ့ ဆရာ၊ဆရာမတွေနဲ့ တစ်ယောက်ချင်းစီ ဆွေးနွေးတိုင်ပင်ဖို့ mental heal Page chat box မှာမေးမြန်းနိုင်ပါတယ်နော်။ 💙

mental heal မှာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှူနဲ့ ဆိုင်တဲ့ စာလေးတွေ အမြဲတင်ပေးနေတာမို့လို့ like & follow လုပ်ထားလို့ ရပါတယ်။


‎▫️ အလုပ်မှာ ဖိအားများလာတဲ့အခါ ~‎‎လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် (ဒါမှမဟုတ်) လုပ်ငန်းရှင်ဖက်ကနေ သူတို့ရဲ့ de...
23/01/2026

‎▫️ အလုပ်မှာ ဖိအားများလာတဲ့အခါ ~

‎လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် (ဒါမှမဟုတ်) လုပ်ငန်းရှင်ဖက်ကနေ သူတို့ရဲ့ demanding တွေများလာတဲ့အခါမှာ ကိုယ့်အတွက် တာဝန်တွေ ပိုများလာတာမျိုး၊ အလုပ်တွေ ပြီးသင့်သလောက် မပြီးတဲ့အခါ စိတ်ဖိစီးမှု များလာတာမျိုး ကြုံဖူးကြပါလိမ့်မယ်။

‎💁🏻‍♀️ ဒါဟာ လုပ်ငန်းခွင်မှာ ရှိတဲ့သူတိုင်း မလွဲမသွေ ကြုံတွေ့ရမယ့် အချက်တွေပါ။ တခါတလေ အလုပ်မှာ ခွဲခြားဆက်ဆံခံရတာတွေ၊ ကိုယ် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရခဲ့တာတွေ၊ အလုပ်တွေကို တခြားလူထက် ပိုလုပ်ရပြီး အသိအမှတ်ပြု မခံရတာတွေ၊ နားရက်မရှိတာတွေ စတဲ့ ပြဿနာတစ်စိတ်တစ်ပိုင်းတွေ စုပြုံလာပြီး စိတ်ဖိစီးမှုတွေများလာတဲ့အခါမှာ လူတော်တော်များများ တွေးမိတဲ့ အတွေးတစ်ခုကတော့ "အလုပ်ထွက်တာ" ပဲဖြစ်ပါတယ်။

‎‼️ အလုပ်ထွက်လိုက်ရင် ကြုံတွေနေရတဲ့ ပြဿနာတွေ ပြေပျောက်သွားမယ်လို့ အားလုံးရဲ့ စိတ်ထဲမှာ ယုံကြည်နေကြလို့ဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ လက်ရှိအလုပ်ကထွက်ပြီး နောက်ထပ် အလုပ်တစ်ခုကို ထပ်ဝင်လုပ်ဖြစ်ရင်လည်း လုပ်ငန်းခွင်မှာ အခုလို ပြဿနာ တစ်ခုမဟုတ် တစ်ခုကတော့ ကြုံတွေ့မှာ သေချာသလောက်ပါပဲ။

‎ဒါကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့သူတိုင်း ဒီပြဿနာတွေ ကြုံတတ်ကြတာမလို့ အကုန်လုံးအတွက် အဆင်ပြေစေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

‎⭕ ကိုယ့်ကို စိတ်ဖိစီးစေတဲ့ အကြောင်းအရာကိုပဲ ထပ်ခါတလဲလဲ အာရုံစိုက်နေမိတာ

‎လုပ်ငန်းရှင်က ကိုယ့်ကို အလုပ်တွေ ပိုလုပ်ခိုင်းတဲ့အခါ "ဘာလို့ ငါ့ကိုပဲ ခိုင်းနေရတာလဲ" ဆိုနဲ့ အဆိုးဘက်က မတွေးဘဲ "ဒီလိုလုပ်တာ ငါ့ရဲ့ productivity (လုပ်နိုင်စွမ်းအား) ကို မြှင့်တက်စေနိုင်တယ်" ဆိုတဲ့ အကောင်းဘက်က ပြောင်းတွေးခြင်းအားဖြင့် ဖိအားများတယ်ဆိုတဲ့ အတွေးတွေက နည်းနည်းစီ လျော့ကျသွားပါလိမ့်မယ်။

‎⭕ ပြဿနာ အရင်းအမြစ်ကို သိအောင် လုပ်တာ

‎ကိုယ့်ကို ဖိအားများစေမယ့် ပြဿနာဖြစ်လာပြီဆိုရင် အရင်ဦးဆုံး "ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်သူ့ကြောင့် ဖြစ်တာလဲ" စတဲ့ ပြဿနာ အရင်းအမြစ်ကို အရင်ရှာကြည့်မှသာ ကိုယ့်အတွက် ဖိအားနည်းစေမယ့် နည်းလမ်းကို ရှာတွေ့ပြီး ဖောက်ထွက်နိုင်မှာဘဲ ဖြစ်ပါတယ်။

‎⭕ ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေ အလုပ် ဦးစားပေးတာ

‎လုပ်ရမယ့်အလုပ်တွေ များလာတဲ့အခါ ကိုယ့်အတွက် ဘယ်ဟာက ပိုပြီး အရေးကြီးလဲ၊ ဘယ်အပိုင်းက urgent ဖြစ်နေလဲဆိုတာကို အရင် ရွေးထုတ်ပြီး တချို့ အလျင်မလိုတဲ့ဟာတွေကို deadline တစ်ခု ထားပြီး လုပ်လိုက်တဲ့အခါ အလုပ်တွေ များတယ်လို မတွေးမိတော့ဘဲ စနစ်ကျကျ လုပ်တတ်လာပါလိမ့်မယ်။

‎လုပ်ငန်းခွင်မှာ စိတ်ဖိစီးရတဲ့ ပြဿနာတွေကတော့ အမြဲလိုလို ကြုံတွေ့ရတတ်ပါတယ်။ ဒါကို ကိုယ့်ဘက်က ဘယ်လို handle (ကိုင်တွယ်) မလဲ ဆိုတဲ့အချက်ကသာ အရေးကြီးပါတယ်။ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေကြောင့် ဖိအားများတယ်ဆိုရင်လည်း သူတို့တွေနဲ့ အတတ်နိုင်ဆုံး ခပ်ဝေးဝေးမှာနေပြီး positive energy နဲ့သာ ရှေ့ဆက်ရင်း ဖိအားနည်းတဲ့ လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်ရှင်။ 🤍

‎📮 လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအပြင် တချို့ ထုတ်ဖော်ပြောပြဖို့ ခက်ခဲတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်လည်း mental heal Chat Box ကနေတဆင့် Counselling service အကြောင်းကို စုံစမ်းမေးမြန်းလို့ရပါတယ်ရှင်။




ကျွန်မတို့ဘဝမှာ တချို့သူတွေက သူငယ်ချင်း၊ မိဘ ဒါမှမဟုတ် ချစ်သူဆိုတာထက် ပိုပါတယ်။ သူတို့က နေ့စဉ်ရှင်သန်နေတဲ့ "ကမ္ဘာငယ်လေး"...
22/01/2026

ကျွန်မတို့ဘဝမှာ တချို့သူတွေက သူငယ်ချင်း၊ မိဘ ဒါမှမဟုတ် ချစ်သူဆိုတာထက် ပိုပါတယ်။ သူတို့က နေ့စဉ်ရှင်သန်နေတဲ့ "ကမ္ဘာငယ်လေး" ရဲ့ ဗဟိုချက်မတွေပါ။ အဲ့ဒီလူကို ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့နေ့က ကျွန်မတို့အတွက်တော့ တကယ့်ကို ကမ္ဘာပျက်တဲ့နေ့ပါပဲ။

ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ?
လူတစ်ယောက် ဆုံးရှုံးသွားတယ်ဆိုတာ သူနဲ့ပတ်သက်တဲ့ အရာအားလုံး အတူပါသွားတာပါ။
🕸️အကျင့်ဖြစ်နေတဲ့ အလေ့အထများ
မနက်နိုးရင် ဖုန်းဆက်နေကျ နံပါတ်၊ အိမ်ပြန်ရင် ဆီးကြိုနေမယ့် အပြုံး၊ အတူတူ စားနေကျ ထမင်းဝိုင်း... အဲ့ဒီအရာတွေက အခုတော့ အပေါက်ကြီးဖြစ်ပြီး ကျန်ခဲ့တယ်။

🕸️အနာဂတ်ကို ပုံဖော်မရခြင်း
သူနဲ့အတူ လုပ်မယ်လို့ စိတ်ကူးထားတဲ့ အစီအစဉ်တွေအားလုံးက ပြာပုံဖြစ်သွားသလို ခံစားရပြီး "ငါ ဘာလို့ ဆက်ရှင်သန်နေရမှာလဲ" ဆိုတဲ့ အတွေးက ဝင်ဝင်လာတတ်ပါတယ်။

🕸️ပင်ပန်းလွန်းတဲ့ ပြန်လည်တည်ဆောက်ရေး ပျက်စီးသွားတဲ့ စိတ်ဓာတ်တွေကို ပြန်စုစည်းဖို့ ကြိုးစားရတာက အုတ်ခဲတစ်လုံးချင်းစီကို သွေးနဲ့ရင်းပြီး စီနေရသလို ပင်ပန်းလွန်းပါတယ်။

ဒီလိုအချိန်မှာ "အားတင်းထားပါ"၊ "အဆင်ပြေသွားမှာပါ" ဆိုတဲ့ စကားတွေက တစ်ခါတလေ နားထဲမှာ ခါးနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ တကယ်တမ်း ခံစားနေရတာက ကိုယ်တစ်ယောက်တည်းမို့လို့ပါ။ ပျက်စီးသွားတဲ့ ကမ္ဘာငယ်လေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ တစ်ယောက်တည်း ရုန်းကန်နေရတာက တကယ်ကို မလွယ်ကူတဲ့အလုပ်ပါ။

"မပို့ဖြစ်တော့တဲ့ စာတစ်စောင်"
ဒီနည်းလမ်းက နှုတ်ဆက်ခွင့်မရလိုက်လို့ ကျန်နေခဲ့တဲ့ နောင်တတွေနဲ့ စကားလုံးတွေကို စနစ်တကျ စီးဆင်းသွားစေဖို့ အထိရောက်ဆုံး နည်းလမ်းတစ်ခုပါ။
ဘယ်လိုလုပ်ရမလဲ?
၁။ နေရာရွေးပါ: ဘယ်သူမှ လာမနှောင့်ယှက်နိုင်မယ့် တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ ထိုင်ပါ။
၂။ စာရေးပါ: စာရွက်တစ်ရွက် (ဒါမှမဟုတ် ဖုန်းထဲက Notes) ထဲမှာ ဆုံးရှုံးသွားတဲ့သူကို ရည်ညွှန်းပြီး စာရေးပါ။
* "ငါ မင်းကို ဒါလေးတော့ ပြောပြချင်ခဲ့တာ..."
* "ငါ့မှာ မင်းနဲ့ပတ်သက်ပြီး ဒီလိုနောင်တတွေ ကျန်ခဲ့တယ်..."
* "ငါ မင်းကို ဒီလောက်တောင် လွမ်းနေတာ..."
၃။ အကုန်သွန်ချပါ: စာလုံးပေါင်းသတ်ပုံ၊ စာသားအချိတ်အဆက်တွေကို ဂရုမစိုက်ပါနဲ့။ ရင်ထဲမှာ ရှိနေတဲ့ ဒေါသ၊ ဝမ်းနည်းမှု၊ အားငယ်မှုနဲ့ အချစ်တွေကို အကုန်လုံး ချရေးလိုက်ပါ။
၄။ အဆုံးသတ်ပါ: ရေးလို့ဝသွားပြီဆိုရင် အဲ့ဒီစာကို သိမ်းထားချင်လည်း ရသလို၊ မီးရှို့ဖျက်ဆီးပစ်တာ ဒါမှမဟုတ် ဆွဲဖြဲပစ်တာမျိုး လုပ်နိုင်ပါတယ်။ (ဒါက ရင်ထဲက နာကျင်မှုတွေကို လွှတ်ချလိုက်တဲ့ သင်္ကေတတစ်ခုပါပဲ။)
ဒီလိုအချိန်မှာ လိုအပ်တာက "စိတ်မကောင်းမဖြစ်နဲ့" ဆိုတဲ့ အပေါ်ယံစကားလုံးတွေထက် ကိုယ့်ရဲ့ နာကျင်မှုကို နားထောင်ပေးမယ့်သူ၊ ခံစားချက်တွေကို အဖော်ပြုပေးမယ့်သူပါ။
တစ်ယောက်တည်း ထိန်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ခွဲဝေချပစ်ဖို့ လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်တယ်ဆိုရင် ကမ္ဘာသစ်ကို ပြန်လည်တည်ဆောက်တဲ့ ခရီးမှာ mental heal က အတူရှိနေပေးပါတယ်။

👩‍⚕️ Counseling Session တစ်ခုက ကိုယ့်ကို ဘယ်လိုကူညီနိုင်မလဲ?
ကိုယ့်ကိုယ်ကို ပိုနားလည်စေတယ်: ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ပိုပြီး ရှင်းလင်းစွာ မြင်စေမယ်။
လက်ခံရခက်နေတဲ့ အမှန်တရားကို အရှိအတိုင်း ရင်ဆိုင်နိုင်ဖို့ နည်းလမ်းတွေ ကူရှာပေးပါတယ်။
ရင်ထဲက ဝန်ထုပ်ဝန်ပိုးတွေကို ခွဲဝေယူပေးပြီး၊ အလင်းရောင်ရှိတဲ့ဘက်ကို တစ်လှမ်းချင်း လမ်းလျှောက်ဖို့ ကူညီပေးပါတယ်။
အခုလို အခက်အခဲတွေ၊ စိတ်ခံစားချက်တွေ relationship ပြဿနာတွေ တိုင်ပင်ဆွေးနွေးဖို့ mental heal မှာ တစ်ယောက်ချင်းစီ Counseling Session ယူလို့ ရပါတယ်။ Page chat box မှာမေးမြန်းနိုင်ပါတယ်နော်။ 💙

mental heal မှာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှူနဲ့ ဆိုင်တဲ့ စာလေးတွေ အမြဲတင်ပေးနေတာမို့လို့ like & follow လုပ်ထားလို့ ရပါတယ်။

ဘဝမှာ အဆိုးဆုံး နှုတ်ဆက်ခြင်းဆိုတာ 'နှုတ်ဆက်စကား' တောင် မပြောလိုက်ရဘဲ ဝေးကွာသွားရခြင်းပါပဲ။ မနေ့ကအထိ အတူရှိနေခဲ့တဲ့သူ၊ ဖ...
20/01/2026

ဘဝမှာ အဆိုးဆုံး နှုတ်ဆက်ခြင်းဆိုတာ 'နှုတ်ဆက်စကား' တောင် မပြောလိုက်ရဘဲ ဝေးကွာသွားရခြင်းပါပဲ။ မနေ့ကအထိ အတူရှိနေခဲ့တဲ့သူ၊ ဖုန်းဆက်ရင် ကိုင်မယ့်သူ၊ အားကိုးလို့ရတဲ့သူက ရုတ်တရက်ကြီး မရှိတော့ဘူးဆိုတဲ့ အမှန်တရားက ဘယ်လောက်တောင် ရင်နာဖို့ကောင်းလဲဆိုတာ ကြုံဖူးသူမှ သိပါတယ်။

ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ?
လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါ ကျွန်မတို့ ခံစားရတာက ဝမ်းနည်းရုံတင်မဟုတ်ဘူး၊ "ဘဝရဲ့ အစိတ်အပိုင်းတစ်ခု အဖြတ်ခံလိုက်ရသလို" ခံစားရတာပါ။

🌵Shock ဖြစ်သွားတာ
စိတ်က ဒီအဖြစ်အပျက်ကို လက်မခံနိုင်သေးလို့ "ဒါ တကယ်မဟုတ်လောက်ပါဘူး" ဆိုတဲ့ ငြင်းဆန်မှုတွေ ဖြစ်လာတယ်။

🌵အိမ်မက်ဆိုးလို ခံစားရတာ
မနက်နိုးလာရင် အားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်နေမှာပဲလို့ မျှော်လင့်နေမိတတ်တယ်။

🌵လမ်းပျောက်ခြင်း
သူရှိနေတဲ့ အနာဂတ်ကိုပဲ ပုံဖော်ထားခဲ့မိလို့ သူ မရှိတော့တဲ့ အနာဂတ်ကို ဘယ်လိုဆက်သွားရမလဲဆိုတာ တွေးမရတော့တာမျိုးပါ။

🌵နောင်တ
"အဲ့ဒီနေ့က ထွက်သွားခါနီးမှာ ငါသာ တားလိုက်ရင်..." ဒါမှမဟုတ် "ငါသာ အချစ်ပေးကြောင်း သေချာပြောလိုက်ရင်..." ဆိုတဲ့ 'What if' မေးခွန်းပေါင်းများစွာက ညအိပ်ရာဝင်တိုင်း ကိုယ့်ကို ပြန်ပြန်နှိပ်စက်နေတတ်ပါတယ်။

ခွန်အားဆိုတာ ချက်ချင်းကြီး ရလာတာမဟုတ်ပါဘူး
လက်ခံနိုင်ဖို့ ကြိုးစားနေရတဲ့ ဒီကာလမှာ စိတ်ဓာတ်ကျနေတာ၊ ငိုနေတာ၊ ဒါမှမဟုတ် ဘာမှမလုပ်ချင်လောက်အောင် ပျော့ခွေနေတာတွေဟာ "အားနည်းတာ" မဟုတ်ပါဘူး။ ဒါက နှလုံးသားက ဆုံးရှုံးမှုကို ကုစားဖို့ ကြိုးစားနေတဲ့ ဖြစ်စဉ်တစ်ခုပါ။

ဒါပေမဲ့ တစ်ခါတလေကျတော့လည်း ဒီအမှောင်ထုထဲမှာတင် အကြာကြီး ပိတ်မိနေသလို ခံစားရတတ်ပါတယ်။

ဒီလိုအချိန်မှာ လိုအပ်တာက "စိတ်မကောင်းမဖြစ်နဲ့" ဆိုတဲ့ အပေါ်ယံစကားလုံးတွေထက် ကိုယ့်ရဲ့ နာကျင်မှုကို နားထောင်ပေးမယ့်သူ၊ ခံစားချက်တွေကို အဖော်ပြုပေးမယ့်သူပါ။

👩‍⚕️ Counseling Session တစ်ခုက ကိုယ့်ကို ဘယ်လိုကူညီနိုင်မလဲ?
ကိုယ့်ကိုယ်ကို ပိုနားလည်စေတယ်: ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ပိုပြီး ရှင်းလင်းစွာ မြင်စေမယ်။
လက်ခံရခက်နေတဲ့ အမှန်တရားကို အရှိအတိုင်း ရင်ဆိုင်နိုင်ဖို့ နည်းလမ်းတွေ ကူရှာပေးပါတယ်။
ရင်ထဲက ဝန်ထုပ်ဝန်ပိုးတွေကို ခွဲဝေယူပေးပြီး၊ အလင်းရောင်ရှိတဲ့ဘက်ကို တစ်လှမ်းချင်း လမ်းလျှောက်ဖို့ ကူညီပေးပါတယ်။

အခုလို အခက်အခဲတွေ၊ စိတ်ခံစားချက်တွေ relationship ပြဿနာတွေ တိုင်ပင်ဆွေးနွေးဖို့ mental heal မှာ တစ်ယောက်ချင်းစီ Counseling Session ယူလို့ ရပါတယ်။ Page chat box မှာမေးမြန်းနိုင်ပါတယ်နော်။ 💙
mental heal မှာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှူနဲ့ ဆိုင်တဲ့ စာလေးတွေ အမြဲတင်ပေးနေတာမို့လို့ like & follow လုပ်ထားလို့ ရပါတယ်။

Together Chiang Mai ဆိုတဲ့ offline event လေးကို လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့၊ ချင်းမိုင်မှာစီစဉ်ထားတာမို့ အချိန်ရရင်လာရောက...
19/01/2026

Together Chiang Mai ဆိုတဲ့ offline event လေးကို လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့၊ ချင်းမိုင်မှာစီစဉ်ထားတာမို့ အချိန်ရရင်လာရောက်ပါဝင်ပေးကြဖို့ဖိတ်ခေါ်ပါတယ်နော်။ 🤍




🗓 ပြီးဆုံးသွားတဲ့ ၂၀၂၅ ကို ပြန်လည်သုံးသပ်ပြီး အဓိပ္ပာယ်ရှိတဲ့ ၂၀၂၆ ကို အတူတူ ဖြတ်သန်းကြရအောင် (mental heal ရဲ့ Together Chiang Mai Group မှ စီစဉ်ပါတယ်)

ချင်းမိုင်မြို့က သူငယ်ချင်းတို့ရေ... ဖြတ်သန်းခဲ့ပြီးတဲ့ ၂၀၂၅ ခုနှစ်ရဲ့ အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ပြီး၊ ပိုမိုကောင်းမွန်တဲ့ ၂၀၂၆ ခုနှစ်အတွက် ပန်းတိုင်သစ်တွေ ချမှတ်နိုင်ဖို့ Together Chiang Mai မှ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီပွဲလေးမှာဆိုရင် လူမှုဆက်ဆံရေးနဲ့ စိတ်ဒဏ်ရာ (Interpersonal relationships and trauma) ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ကုထုံးပညာရှင် နှစ်ဦးမှ ပါဝင်ကူညီ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ဘာတွေပါဝင်မလဲ?
* စိတ်ပညာအခြေခံ ကစားနည်းလေးတွေ ကစားမယ်။
* အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်မယ်။
* နောက်ဆုံးပေါ် သုတေသနတွေ့ရှိချက်တွေအပေါ် အခြေခံပြီး လက်တွေ့ကျတဲ့ အကြံပြုချက်ကောင်းတွေကို ဝေမျှပေးသွားမှာပါ။

ပွဲကျင်းပမည့် အစီအစဉ်-
📍 နေရာ: Free Bird Cafe (Nimman), Chiang Mai
🕓 အချိန်: ဇန်နဝါရီလ ၂၄ ရက်၊ စနေနေ့ (ညနေ ၄:၀၀ နာရီမှ ၆:၀၀ နာရီအထိ)
🎟 ဝင်ကြေး: မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါတယ်။ (စာရင်းပေးသွင်းရန် မလိုပါ။)
🗣️Language ကတော့ English လို ဖြစ်မှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အနာဂတ်အတွက် အသစ်သစ်သော စိတ်ကူးစိတ်သန်းတွေနဲ့အတူ ပေါ့ပေါ့ပါးပါး လာရောက်ဆုံစည်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

🔗 Facebook Event လင့်ခ်: https://www.facebook.com/share/1aD9G34hEd/

လာဖြစ်မယ်ဆို Facebook event လေးမှာ interested or going လေး လုပ်ထားပေးပါဦးနော် 💙

အကူအညီ ပေးတဲ့သူလည်း အကူအညီ လိုပါတယ်သူများရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကိုယ်ကပဲ အမြဲတမ်း ထမ်းထားရသလို ခံစားဖူးလား။ကိုယ့်ပတ်ဝန...
19/01/2026

အကူအညီ ပေးတဲ့သူလည်း အကူအညီ လိုပါတယ်

သူများရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကိုယ်ကပဲ အမြဲတမ်း ထမ်းထားရသလို ခံစားဖူးလား။
ကိုယ့်ပတ်ဝန်းကျင်က လူတွေကို စာနာနားလည်ပေးနေရသူတွေ၊ ပံ့ပိုးကူညီပေးနေရသူတွေဟာ တကယ့်ကို သူရဲကောင်းတွေပါ။ သူတို့ရဲ့ စေတနာကို လေးစားမိပါတယ်။ ဒါပေမဲ့ ဒီလို အကူအညီပေးနေရင်း ကိုယ့်ကိုယ်ကိုယ် စိတ်ကုန်သွားတယ်၊ ပင်ပန်းနွမ်းနယ်နေတယ်ဆိုရင်၊ အဲဒါကို အားနည်းချက်လို့ မမှတ်လိုက်ပါနဲ့။

ကိုယ့်ရဲ့ ခံစားချက်နဲ့ စွမ်းအင်တွေဟာ အမြဲတမ်း ပြန်ဖြည့်တင်းနေဖို့ လိုတဲ့ ဘက်ထရီ တစ်လုံးလိုပါပဲ။ သူများကို ကူညီဖို့အတွက် ကိုယ့်ဘက်ထရီ အမြဲအားပြည့်နေဖို့ လိုပါတယ်။

ဘာကြောင့် ကူညီသူတွေ ပိုပြီး ပင်ပန်းနွမ်းနယ်လွယ်တာလဲ။
သူများရဲ့ ဝေဒနာကို နားထောင်ရင်း၊ မြင်တွေ့ရင်းနဲ့ ကိုယ်တိုင်ပါ အဲဒီစိတ်ဖိစီးမှုကို တစ်စိတ်တစ်ပိုင်း ခံစားရတတ်ပါတယ်။ ဒီလိုဖြစ်တာကို စိတ်ပညာမှာ "ဒုတိယ စိတ်ဒဏ်ရာ" ဒါမှမဟုတ် "စာနာမှု ပင်ပန်းနွမ်းနယ်မှု" လို့ ခေါ်ပါတယ်။

ဒီလို လက္ခဏာတွေ မိမိမှာ စဖြစ်နေပြီဆိုရင်၊ သင် နားဖို့ လိုနေပြီဆိုတဲ့ အချက်ပြစနစ်ပါပဲ။
• စိတ်တိုလွယ်ခြင်း: အရင်လိုမဟုတ်ဘဲ အလွယ်တကူ စိတ်တိုဒေါသထွက်တာ၊ စိတ်ရှုပ်ထွေးတာ။
• အိပ်ရေးပျက်ခြင်း: ညဘက် ကူညီခဲ့တဲ့သူတွေရဲ့ အကြောင်းတွေ၊ ဒါမှမဟုတ် အခက်အခဲတွေအကြောင်းပဲ စဉ်းစားနေမိလို့ အိပ်မပျော်တာ။
• ကိုယ်လက် နာကျင်မှု: ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ ပခုံးကြွက်သားတွေ တင်းမာတာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ဖြစ်လာတာ။
• အဝေးကို ရှောင်ချင်ခြင်း: သူငယ်ချင်းတွေနဲ့ တွေ့ဖို့၊ ဒါမှမဟုတ် အပြင်ထွက်ဖို့တောင် စိတ်မပါတော့ဘဲ အထီးကျန်ချင်လာတာ။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာဟာ ကိုယ်ကျိုးရှာတာ မဟုတ်ဘူး။
"အကူအညီ ပေးတဲ့သူ" တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် နားခွင့်ပေးဖို့၊ အားဖြည့်ခွင့်ပေးဖို့က တခြားသူတွေကို ဆက်လက် ထိထိရောက်ရောက် ကူညီနိုင်ဖို့ အရေးကြီးဆုံး တာဝန်တစ်ခုပါပဲ။ ကိုယ့်ခွက်မပြည့်ဘဲနဲ့ တခြားသူကို ဘယ်လိုမှ ဖြည့်ဆည်းပေးလို့ မရပါဘူး။

ရိုးရှင်းတဲ့ အားပြန်ဖြည့်နည်းများ
1. "Stop" ခလုတ် နှိပ်ပါ: တစ်နေ့တာမှာ အနည်းဆုံး (၅) မိနစ် ဒါမှမဟုတ် (၁၀) မိနစ်လောက် ဖုန်းတွေ၊ သတင်းတွေ၊ လူမှုကွန်ရက်တွေကနေ ခဏလောက် အဆက်ဖြတ်ပြီး အနားယူပါ။

2. အသက်ရှူ လေ့ကျင့်ခန်း: စိတ်ဖိစီးလာတဲ့အခါ ဖြည်းဖြည်းချင်း အသက်ရှူသွင်းပြီး ဖြည်းဖြည်းချင်း ပြန်ထုတ်တဲ့ လေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။ ဒါဟာ ကိုယ်ခန္ဓာကို "ငြိမ်သက်ဖို့" အချက်ပြလိုက်တာပါ။

3. နယ်နိမိတ် သတ်မှတ်ပါ: "ဒီနေ့တော့ နားပြီ၊ မနက်ဖြန်မှ ကူညီမယ်" လို့ ကိုယ့်ကိုယ်ကိုယ် ပြောရဲပါ။ ကူညီပေးဖို့ ငြင်းပယ်တာဟာ အပြစ်ရှိတယ်လို့ ခံစားစရာ မလိုပါဘူး။

စိတ်ခံစားချက်ပြဿနာတွေအတွက် mental heal မှာ counseling services များရယူနိုင်ပါတယ်ရှင်။ 🤍

**ချစ်ခြင်းမေတ္တာ၊ အားပေးမှုနဲ့ လုံခြုံမှုပေးမယ့် စိတ်အေးချမ်းရာ အိမ်ကလေးထဲကို ကြိုဆိုပါတယ်!**



Address

Yangon

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Telephone

+959781201762

Website

Alerts

Be the first to know and let us send you an email when mental heal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to mental heal:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram