
27/07/2025
ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် (၂၃-၇-၂၀၂၅) ရက်နေ့၌ ဒဂုံမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့မှတာဝန်ရှိပုဂ္ဂိုလ်များသည် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ရုံးဝင်းအတွင်းရှိ ရေသိုလှောင်ထားသော ရေစည်၊ ရေအိုးများအတွင်း ပိုးလောက်လန်းနှိမ်နင်းဆေး(Abate)ခပ်ခြင်းကိုဆောင်ရွက်ပြီး ဝန်ထမ်း အိမ်ရာနှင့် ရုံးဝင်းပတ်ဝန်းကျင်များတွင် Fogging မှုတ်ခြင်းများကိုဆောင်ရွက်ခဲ့ကြပါသည်။ဆက်လက်၍ တုပ်ကွေးရောဂါကာကွယ်ဆေး (GC FLU Quadrivalent Influenza vaccine) ကို အသက် ၅၆ နှစ်အထက် အရာထမ်း/အမှုထမ်းဝန်ထမ်း (၄၄) ဦးတို့အား ထိုးနှံပေးခဲ့ပါသည်။
“ကျန်းမာရေးဝန်ကြီးဌာနမှ လူကြီးမင်းများနှင့် မိသားစုများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေကြောင်း #𝐆𝐂𝐅𝐋𝐔 မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏
#ရာသီတုပ်ကွေး #ရာသီတုပ်ကွေးကာကွယ်ဆေး