28/03/2024
💞ကရမက် စစ်စစ်လေး
#ကရမက် အကြောင်းသိကောင်းစရာ
ခေါင်းတစ်ခြမ်းကိုက်ခြင်း၊
မီးတွင်းခေါင်းကိုက်ခြင်း၊ ဇက်ကြောထိုးခြင်း၊
မျက်ရိုးကိုက်၍ ခေါင်းအုံ၊
ခေါင်းမကြည်လင်ခြင်းအတွက်
ကရမက်အမှုန့် သို့မဟုတ် ကရမက် ခုတ်စကို
နနွင်းမှုန့်နှင့် ရော၍ မီးခဲပေါ်တင်ပြီး
အငွေ့မှိုင်းကိုရှူပေးလျှင် ချက်ခြင်းသက်သာ၏
ခန္ဓာကိုယ် အနံ့ဆိုးခြင်းအတွက်
ကရမက်၊ ဥပသကာမြစ် (၂) မျိုး သွေးရည်
ဟင်းစားဇွန်း(၁) ဇွန်းတွင်
သံပုရာရည် ဇွန်းတစ်ဝက် စပ်၍
တနေ့(၂)ကြိမ် စွဲသောက်ပါ။
ရင်တုန်၊ နှလုံးခုန်၊ မူးဝေ၍ အိပ်မပျော်သူများ အတွက်
ကရမက်၊ ဇီးစေ့အဆန်၊ သကြား ဆတူရော အမှုန့်ပြု၍
ကော်ဖီဇွန်း(၁) ဇွန်း တစ်နေ့(၂) ကြိမ်၊
ရေကျက်အေးဖြင့်သောက်ပါ။
ဆီးအိမ်တွင် ဆီးရှိပြီး၊ ဆီးခုံရောင်တင်း၍
ဆီးပူ၊ဆီးအောင့်၊ ဆီးမသွားနိုင်ခြင်းအတွက် ကရမက်ကို ဆန်ဆေးရည် ( ပထမအရည် ) နှင့် ရောသွေးပြီးလျှင်
ဆီးခုံနှင့် ဆီးသွားအင်္ဂါတွင် နိုင်နိုင်လိမ်းအုံပေးပါက
ချက်ခြင်းဆီးသွားနိုင်ပါမည်။
ဆီး ( ပူ၊နည်း၊ဝါ) ၊
ကျောက်ကပ်တွင်း အပူအောင်းပြီး
ခါးနာခြင်း၊ ဆီးအရောင်နောက်ခြင်း၊
ဆီးတွင်သွေးပါခြင်း အတွက် ကရမက်ကို
ဆန်ဆေးရည် ( ဒုတိယရေကြည် ) နှင့် ရောသွေး၍
ဟင်းစားဇွန်း(၁) ဇွန်းခန့်၊
တစ်နေ့(၃) ကြိမ် တစ်ပတ်ခန့် သောက်ပါရန်။
ဓာတ်မတည့်မှုကြောင့် သွေးယားခြင်း၊
အရေပြား၌အဖု၊ အပိန့်ထွက်ခြင်းအတွက်
ကရမက်၊ ဧကရာဇ်မြစ်(၂) မျိုးရောသွေး
သကြားကော်ဖီဇွန်း(၁) ဇွန်း ရောစပ်၍
ဟင်းစားဇွန်း(၁) ဇွန်း နံနက်၊ ည သောက်ပေးပါ။
သွေးစုနာ၊ အနာစာဥ၊ အဖုအကျိတ်နာ အတွက်
ကရမက်၊ နံ့သာဖြူ၊ ဇာတိပ္ဖိုလ်သီးအဆန်(၃) မျိုး ရောသွေး၍
တစ်နေ့(၄) (၅) ကြိမ် လိမ်းပေးပါ။
မီးယပ်သွန်၊ မီးယပ်လွန်၊
သားအိမ်တွင် အနာချို့ယွင်းချက်ရှိသူများအတွက်
ကရမက်သွေးရည် ဟင်းစားဇွန်း(၁) ဇွန်းတွင်
နနွင်းမှုန့်စစ်စစ် ကော်ဖီဇွန်း(၁) ဇွန်းရောစပ်ပြီး
တစ်နေ့(၃) ကြိမ် ရေကျက်အေးဖြင့်သောက်ပါ။
မီးယပ်ဖြူဆင်းလျှင်
ကရမက်ကို ဆန်ဆေးရည် ဒုတိယအရည်နှင့် ရောသွေး
ဆေးရည် ဟင်းစားဇွန်(၁) ဇွန်းတွင်
သကြားဇွန်းတစ်ဝက်, သံပုရာရည်ဇွန်းတစ်ဝက်
ထို(၃) မျိုးပေါင်းပြီး ဟင်းစားဇွန်း(၂) ဇွန်းခန့်အား
နံနက်၊ညသောက်ပါ။
အနာရွတ်ဖြူခြင်း၊ မီးယပ်ကွက်ပေါ်ပြီး အဖြူကွက်၊
ကြက်ဖင်ကွက်၊ ညှင်းပေါက်ခြင်းအတွက်
ကရမက်၊ နံ့သာနီ ရောသွေး၍ တစ်နေ့(၃) ကြိမ်ခန့် လိမ်းပေးပါ။
အပူဝမ်းသွားခြင်း၊ သွေးဝမ်းသွားခြင်းအတွက်
ကရမက်သွေးရည် ဟင်းစားဇွန်း(၁)ဇွန်းတွင်
မီးကွင်းဂမုန်းသတ္တုရည် ဟင်းစားဇွန်း(၁) ဇွန်း
သကြား ဟင်းစားဇွန်း(၁)ဇွန်း ရောစပ်ကာ
တစ်နေ့(၃) ကြိမ် တိုက်ပေးပါ။
အပူလောင်နာများအတွက်
ကရမက် ပျစ်ပျစ်သွေးပြီး
တရော်ကင်ပွန်းရည်နှင့် စပ်၍ မကြာခဏလိမ်းပေးပါ။
အမျိုးသမီးကိုယ်အင်္ဂါပူခြင်း၊
အညှော်မိ၊ မန်းဝင်၊အနာရောင်ခြင်းအတွက်
ကရမ က်၊ ဇာတိပ္ဖိုလ်သီးအဆန်ကို ရောသွေးပြီး
နိုင်နိုင်လိမ်းပေးပါက ယူပစ်သလိုသက်သာပါမည်။
ကလေးများ အနာမီး၊ အနာစက်ရောဂါများအတွက်
ကရမက် ၊ သြဇာသီးအခြောက်၊ အုန်းဆီနှင့်ရောသွေးပြီး
အနာကို မကြာခဏလိမ်းပေးက သက်သာ ပျောက်ကင်း၏
ကလေး၊ လူကြီး အဖျားကြီး၍ ကိုယ်ပူကြီးခြင်းအတွက်
ကရမက်၊ နံ့သာဖြူ(၂) မျိုး ရောသွေး၍
နဖူးကို(ပထမ) စလိမ်းပါ။
(၅) မိနစ်ခန့်စောင့်ပါက အပူများထွက်ပါမည်။
(ဒုတိယ) နဖူးနှင့် ချိုင်းနှစ်ဖက် လိမ်းပါ။
(၅) မိနစ်ခန့်စောင့်ပါ။
(တတိယ) ခန္ဓာကိုယ် တစ်ကိုယ်လုံး
ဆေးရည်နိုင်နိုင်လိမ်းခြင်းအားဖြင့်
အပူများ ပြင်ပသို့
လမ်းကြာင်းသင့်စွာ ထွက်ခွာနိုင်ပါလိမ့်မည်။
မှတ်ချက်
**********
အပူကြီးသောသူများ
ဆေးရည်ကို ခန္ဓာကိုယ်အနှံ့သို့ တစ်ခါထဲ မလိမ်းရန်။
ခန္ဓာကိုယ်၏ အပူနှင့်
ပြင်ပမှဆေးရည် ဆေးငွေ့တို့ ရုတ်တရက်ထိတွေ့ပါက
ရေနွေးပူထည့်သောဖန်ခွက်ကို
ရုတ်ခြည်းရေအေးထည့်သကဲ့သို့
အပူအအေး ဝိရောဓိဓာတ်ပြင်းထန်ပြီး
ဖန်ခွက်လန့်၍ ကွဲသကဲ့သို့
ခန္ဓာကိုယ်သည်လည်း ရုတ်တရက် ရှော့ခ်ဖြစ်ပြီး
ဦးနှောက်အာရုံကြောထိခိုက်ခြင်း၊
သတိမလည်ခြင်းများဖြစ်တတ်ပါ၍
ဦးနှောက်နှင့် အနီးဆုံးနေရာဖြစ်သည့် နဖူးမှစ၍
အပူဓာတ်ကို စတင်ထွက်ခွာစေခြင်းပင် ဖြစ်ပါ၏
သို့ပါ၍ အမျိုးသမီးများ
မီးယပ်ရောဂါအမျိုးမျိုးနှင့်မီးယပ်ဆုံးချိန်တွင်
ကျန်းမာ၍ သွေးသားသန့်စင်စေရန်၊
ကရမက်စစ်စစ်အား ဆောင်ထားကာ
နေ့စဉ် ဟင်းစားဇွန်းတစ်ဇွန်းခန့်
ကရမက်သွေးရည် ပုံမှန်သောက်ပေးသင့်ပါကြောင်း
ဖတ်မိသမျှ ပြန်လည်မျှဝေလိုက်ပါသည်။
_________________________________________
ကရမက်မှာ အရောင်အားဖြင့်
ဝါညိုနုရောင် , ညိုနုရောင်, အမဲရောင် ရှိပါတယ်။
အသားကတော့ အကျစ် နဲ့ အပွ ရှိပါတယ်။
ကရမက်က အတုံးဟောင်းလေ အနံ့ မွှေးလေပါပဲ။
ဟောင်းလေ ကောင်းလေပဲဖြစ်သည်မို့
အတုံးသစ် နဲ့ အတုံးဟောင်းဆိုရင်တောင်မှ
အတုံးဟောင်းကိုပဲ ရွေးချယ် ဝယ်ယူသင့်ပါတယ်။
ကရမက်က နံ့သာဖြူ, နံ့သာနီ,
တောင်တန်ကြီး, တောင်တန်ကတိုးတွေလို
မလှပပါဘူး။ အရုပ်ဆိုးပါတယ်။
အရွယ်မတိုင်ခင် ဆံပင်မဖြူချင်ရင်
သွေးဆုံးချိန်မှာ ဝေဒနာတွေ မခံစားချင်ရင်
အရိုးအဆစ်တွေ တဆစ်ဆစ်နဲ့ နာကျင်ကိုက်ခဲတာ
အသားတွေ ထုံကျင်တာတွေ မဖြစ်ချင်ရင်
ကရမက်ကို အမြဲ သုံးပေးရပါတယ်။
အချို့က ကရမက်ကို ရာသီဥတုပူတဲ့
နွေရာသီမှာပဲ လူးသင့်တယ်လို့ ထင်ကြပါတယ်။
အမှန်တော့ ကရမက်ဟာ
နွေ မိုး ဆောင်း သုံးရာသီလုံး လူးပေးသင့်ပါတယ်။
သုံးရာသီလုံး ဘာလို့ ကရမက် လူးပေးသင့်တာလဲဆိုတော့
နေရောင်ခြည်ရဲ့ အပူဓါတ်
မီးချောင်း, မီးသီးစသော လျှပ်စစ်မီးတွေရဲ့ အပူဓါတ်
ထမင်း , ဟင်းတွေ ချက်တဲ့အခါမှာ
မျက်နှာကိုဟပ်တဲ့ အပူဓါတ်
ဖုန်းတွေက ရရှိစေတဲ့ အပူဓါတ်, TV မီး စသော
အပူဓါတ်များကို နေ့စဉ် ကြုံတွေ့နေရခြင်း
ဝမ်းထဲကို ထည့်လိုက်တဲ့ အပူအစပ် အစားအစာများ
ရေခဲရေ သောက်ခြင်း,
အစားအသောက်မှားခြင်း
အနေအထိုင်မှားခြင်းစတဲ့
အပူဓါတ်တွေကို ကရမက်သည် နိုင်ပါတယ်။
မျက်နှာမှာ တင်းတိပ်, မှဲ့ခြောက်, အမဲကွက်တွေ
ထွက်နေတာဟာလည်း အပူဓါတ်ကြောင့်ပါ။
အပူဖြစ်တဲ့ တင်းတိပ်ကို အနိုင်ဆုံးဟာ ကရမက်ပါ။
တင်းတိပ်အတွက် အကောင်းဆုံးကတော့
အအေးဓါတ်ဖြစ်တဲ့ ကရမက်ဖြစ်ပါတယ်။
ကရမက်က အအေးဓါတ် နဲ့ အခါးဓါတ်ရှိတဲ့အတွက်
အပူက အအေးဓါတ် နဲ့ အခါးဓါတ် မနိုင်ပါဘူး။
အပူဓါတ်များရင် ဆံပင်ဖြူမြန်ပါတယ်။
ကရမက်သည်
ဒွါရ အားလုံးရဲ့ အပူကို ငြိမ်းစေနိုင်ပါတယ်။
ဆံပင်ဖြူမြန်တာ
အသားပိုတွေထွက်တာ, ညှင်း ပေါက်တာ, ခရုသင်းပေါက်တာ
ပါးစပ်ကွဲ နှုတ်ခမ်း ဟက်တက် ကွဲတာ
လျှာကွဲ, အာခေါင်ကွဲ စသော ခံတွင်းအနာများပေါက်တာ
လျှာတွေ ဖြူနေတာ, ဖနောင့်ကွဲတာတွေအားလုံးဟာ
ခန္ဓာကိုယ်တွင်းမှာ အပူများလို့ပါ။
နေ့စဉ် ကရမက်လိမ်းပေး, ကရမက် စားပေးပြီး
အစားအသောက် အနေအထိုင်တော့ ဆင်ခြင်မယ်ဆိုရင် ခန္ဓာကိုယ်တွင်းမှာ အပူများလို့ ဖြစ်တတ်တဲ့
ရောဂါတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
ရောဂါမဖြစ်သေးရင်တောင်မှ
ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။
ကရမက်က
ဘယ်လောက်ထိ အအေးဓါတ်ရှိလဲဆိုရင်
ကရမက် အပွင့်လေးကို ရှုရှိုက်ရုံနဲ့တင်
ကရမက်အပွင့်လေးကို သောက်ရေမှာ စိမ်သောက်ရုံနဲ့တင်
ခန္ဓာကိုယ်တွင်း, ခန္ဓာကိုယ်ထဲက အပူကိုငြိမ်းစေနိုင်ပါတယ်။
ဝမ်းတွင်းကို အေးစေနိုင်တဲ့ သတ္တိရှိပါတယ်။
ကရမက်ကိုသွေး၍ ဆားအနည်းငယ် ခတ်ပြီး
အိပ်ရာဝင်ခါနီးတိုင်း ဟင်းခပ်ဇွန်း တဇွန်း သောက်ပေးမယ်ဆိုရင်
ဆံပင်များ အထွေးလိုက် ကျွတ်ခြင်း
အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းများမှ ကာကွယ်နိုင်ပါတယ်။
ပြည်ပန်းညိုရွက်လေး ဟင်းချိုချက်သောက်
မယ်ဇလီဖူးလေး ဟင်းချိုချက်သောက်
ကရမက်ကို တစ်ကိုယ်လုံးလိမ်းပြီး
တစ်ကော် လျက်သောက်မယ်ဆိုရင်
အိပ်ဆေး မလိုဘဲ အိပ်ပျော်မယ်လို့
ဆရာကြီး ဦးရန်အောင်က ပြောထားပါတယ်။
ဒါကြောင့် မိမိ အိမ်ခြံဝန်းလေးထဲမှာ
ပြည်ပန်းညို , မယ်ဇလီပင်လေး စိုက်ထား
ကရမက်တုံး အမြဲဆောင်ထားသင့်ပါတယ်။
#ကရမက် လိမ်းနည်း
******************
အမျိုးသမီး အသက် ကရမက်ဟု တင်စားထားသော်လည်း
အမျိုးသားများပါ ကရမက် လိမ်းနိုင်ပါတယ်။
ကရမက်လိမ်းတဲ့အခါ
ဘယ်ခြေ ညာလက်,
ညာခြေ ဘယ်လက်နည်း ပုံစံနဲ့ လိမ်းရပါတယ်။
ကရမက်ကို မပျစ်မကျဲလေး သွေးလိမ်းရပါမယ်။
ဘယ်ခြေဖမိုးကနေ ပေါင်ရင်းအထိ ဆွဲပြီး လူးပါ။
ညာလက်ဖမိုးကနေ လက်မောင်းရင်းအထိ ဆွဲပြီး လူးပါ။
ညာခြေဖမိုးကနေ ပေါင်ရင်းအထိ ဆွဲပြီး လူးပါ။
ဘယ်လက်ဖမိုးကနေ လက်မောင်းရင်းအထိ ဆွဲပြီး လူးပါ။
ပြီးမှ
ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ပွတ်လိမ်းပေးရပါမယ်။
တင်းတိပ်ကိုလူးရင်တော့
ခြေ လက် လူးသလို ပွတ်ပြီး မလိမ်းရပါဘူး။
အသားထဲ စိမ့်ဝင်အောင် အသာအယာ ဖိလူးပေးရပါတယ်။
ခန္ဓာကိုယ်ထဲမှာရှိတဲ့ အပူဓါတ်တွေ ငြိမ်းအောင်လည်း
ကရမက်ကို လက်နဲ့ တစ်ကော် စားပေးရပါမယ်။
စားတာကတော့ ခပ်ပျစ်ပျစ်လေး စားလို့ရပါတယ်။
ကရမက်လူးရင်
တစ်နေရာတည်းကို ကွက်ပြီး မလိမ်းရပါဘူး။
တစ်နေရာတည်းကိုပဲ ကွက်ပြီး လိမ်းမယ်ဆိုရင်
အဲဒီ့နေရာလေးပဲ ကွက်ပြီး အေးသွားတဲ့အတွက်
တစ်ကိုယ်လုံးမှာ ရှိတဲ့ အပူက
အေးသွားတဲ့နေရာလေးကို လာစုပါတာမို့
တစ်ကိုယ်လုံး လူးပေးရပါတယ်။
လေးဖက်နာဖြစ်ပါက
နာကျင်သောခန္ဓာကိုယ်အနှံ့ကို
နေ့ဘက်တွင် သနပ်ခါး နှင့် ဂွေးတောက်ရွက် သွေးလူး,
ညဘက်တွင် ကရမက် သွေးလူး
ဤသို့ စွဲလူးပါက အရှင်းပျောက်၏ဟု
မြန်မာတိုင်းရင်းဆေးဆရာကြီး များက ဆိုမိန့်ပါတယ်။
အစားအသောက် ဆင်ခြင်ရန်
***************************
အပူအစပ်, အဆီအအိမ့် , အချိုအဆိမ့် , အဆိမ့်အအိမ့်များ
ကျွတ်နေအောင် ကြော်ထားတဲ့ ဆီကြော်များ
အသားကို အမဲရောင် ဖြစ်အောင်
အရောင်ပြောင်းအောင် ကင်ထားသော အကင်များ
( ဒါတွေကို တတ်နိုင်သမျှ လျှော့စားပါ )
အသီးအရွက်လေးတွေ ပြုတ်ပြီး
သံပုရာရည်, မန်ကျည်းရည်လေးနဲ့ သုပ်စားရင်တော့
ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။
ကြက်ဥကြော်နဲ့ ကြက်ဥပြုတ်သုပ်ဆိုရင်
ကြက်ဥပြုတ်ပြီး သုပ်စားတာ
အရွက်ကြော်နဲ့ အရွက်ပြုတ်သုပ်ဆိုရင်
အရွက်ပြုတ်ပြီး သုပ်စားတာက
_________________________________________
#ဆေးဖက်ဝင်သတ္တိ
*****************
အရသာ အေး၏ ခါး၏
ချိုပြီး မွှေးစေသည့် သတ္တိကြောင့်
နှလုံးပူပန်ခြင်းကို ငြိမ်းစေ၏
နှလုံးခုန် စည်းချက်ကို ပုံမှန်ဖြစ်စေသော သတ္တိရှိ၏
အပူကို ငြိမ်းစေ၏
ရနံ့သည် စိတ်နှလုံးကို ကြည်လင်စေ၏
အမျိုးသမီးများ မီးယပ်နှင့်ပတ်သက်သည့်
မီးယပ်နည်းခြင်း၊ များခြင်း၊
မီးယပ်ဆုံးချိန် သွေးခိုးပူမှုတ်၍ ခန္ဓာကိုယ် တစ်ကိုယ်လုံး
(သို့) အစိတျအပိုငျးအလျိုကျ ပူခြင်း၊ချွေးထွက်များခြင်း၊
ညအိပ်မပျော်ခြင်း၊ မီးယပ်ကွက်၊ မီးယပ်အရေပြားရောဂါ၊
မီးယပ်ချမ်းထ၊ သားအိမ်တွင်း အခိုးအပူအောင်းခြင်း၊
သားအိမ်နာ၊ အလုံး၊ အကျိတ်ဖြစ်ခြင်းကို
ကရမက်က ကာကွယ်ပေးနိုင်၏
ဦးမင်းဇင်( ရွှေနဝင်း) ရေးသားသော
မိန်းမတို့အသက် ကရမက် ဆောင်းပါးမှ
_________________________________________
#အဓိကအသုံးဝင်ပုံ
****************
ခန္ဓာကိုယ်အသားအရေ ပူလိုက်အေးလိုက်ဖြစ်ခြင်း၊
ရာသီဥတုဒဏ်မခံနိုင်ခြင်း၊
ကိုယ်သားကိုယ်ရေ ခြောက်ခန်း ခြင်း၊
အရေပြားတွဲကျခြင်း၊
အမျိုးသမီးများ မီးယပ်ချမ်းထခြင်း၊
မီးယပ်ကွက်ထခြင်း၊
ကိုယ်လက်လေးလံခြင်း များအတွက် အသုံးများသဖြင့်
မိန်းမတို့ အသက် ကရမက်ဟု အဆိုရှိသည်။
ကရမက်သည် မြန်မာတိုင်းရင်းဆေးလောကတွင်
နံ့သာဖြူ၊ နံ့သာနီ၊ အကျော်၊ စမ္ပာ၊ ကရမက် ဟူ၍
နံ့သာမျိုးငါးပါးတွင် ကရမက်သည် တစ်ပါးအပါအဝင် ဖြစ်သည်။
ကရမက်ကို ခန္ဓာကိုယ်တွင် သွေးလိမ်းရန်သာမက
တန်ဖိုးကြီးသောသွေးဆေး၊ သည်းခြေဆေး များတွင်လည်း
ထည့်သွင်းဖော်စပ်သည်။
နာမည်ကျော် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၅)
သည်းခြေဆေးတွင် ကရမက်ပါဝင်သည်။
အဖိုးတန် အပင်ထွက် ဆေးပစ္စည်းမျိုး ဖြစ်ပါသည်။
၄င်းအပင်သည် အပင်ကြီးမျိုးဖြစ်ပြီး
အင်ရွက်ကဲ့သို့ အရွက်ကြီးပြီး ရွက်ခြားထွက်၏
ကရမက်အပင်၌
လူသတ်ပင်နှင့် နတ်သတ်ပင်ဟူ၍ နှစ်မျိုးရှိပြီး
နတ်သတ်ပင်က သဘာဝအတိုင်း သက်တမ်းရင့်၊
သဘာဝအတိုင်းသေ၊ လွန်စွာမွှေးကြိုင်သည့်
နံ့သာအနှစ် ကရမက်အစစ်ဖြစ်ပြီး
ဆေးဖက်ဝင်၍ တန်ဖိုးကြီးပြီးအလွန်ရှား၏
၄င်းအသားကိုလိမ်းပြီး ရေချိုးလျှင်တောင်
ခန္ဓာကိုယ်၌ ရနံ့စွဲနေသဖြင့်
ရှေးမြန်မာ အဖွား၊အမေများက
ရေချိုးခံကရမက် ဟု ညွှန်းဆိုကြ၏
ကရမက်အစအနလေးကို မီးခဲတွင်တင်ကြည့်လျှင်
တစ်အိမ်လုံး မွှေးကြိုင်သွားခြင်းသည်
နတ်သတ်ကရမက်၏အစွမ်း ဖြစ်ပါသည်။
လူတို့ ခုတ်လှဲသတ်ထားသည့် ကရမက်သည် သက်တမ်းနု၍
အပင်အား နံ့သာအနှစ်အောင်းပြီး ခြောက်သွေ့လာအောင်
(၁) နှစ် (၂) နှစ်မထားပဲ ကရမက်တုံးအဖြစ် ထုတ်ယူမှုကြောင့်
အသားမှာ ကျစ်လျစ်မှုနည်းပြီး မွှေးရနံ့နည်းပါး၏
#အပင်ပုံသဏ္ဌာန်
****************
အပင်ကြီးမျိုးဖြစ်သည်။
အမြင့်ပေ ၄၀ ကျော်ထိ ရှိနိုင်သည်။
အပင်လုံးပတ်မှာ ၅ ပေ၊ ၆ ပေ အထိရှိသည်။
အညိုရောင်ရှိ၍ မာကျောသော အနှစ်ပါသည့် အပင်မျိုးဖြစ်သည်။
သစ်သားသည် စန္ဒကူးနှင့်တူသည်။
အရွက်သည် ရွက်ပြားကြီး၍ ထီးပုံသဏ္ဌာန်ရှိသည်။
အပွင့်သည် ညိုဝါရောင်ရှိသည်။
ကတ္တီပါအမွေးနု များရှိ သည်။ အနံ့အလွန်မွှေးသည်။
အသီးသည် အတောင့်ပါသီးဖြစ်၍ တစ်လက်မခန့်ရှည်သည်။
အစေ့တစ်ခုတည်း သာရှိသည်။
ရင့်သောအခါ အက်ကွဲသည်။
#ပေါက်ရောက်သည့်နေရာ
***********************
တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်
ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်နိမိတ်တစ်လျှောက်ရှိ
တောင်ကုန်း များပေါ်တွင်
အမြဲစိမ်းလန်းသော သစ်တောများရှိသည်။
ထိုသစ်တောများတွင် ကရမက်ပင်များ
သဘာဝ အလျောက်ပေါက်ရောက်သည်။
နောက်ပိုင်းတွင် ဥယျာဉ်ခြံမြေပိုင်သူများက
အစေ့မှမျိုးပွားပြီး စိုက်ပျိုးမှုများ လည်းရှိသည်။
#ဆေးဖက်ဝင်အာနိသင်
***********************
ကရမက်ပင်၏အမြစ်၊ ပင်စည်၊ အသား၊ အပွင့်အားလုံး
ဆေးဖက်ဝင်အဖြစ် အသုံးပြုနိုင်သည်။
မြန်မာ့ ဆေးကျမ်းများအလိုအရ
ခါး၍အေးသော အရသာရှိသည်။
သလိပ်ကိုဖြစ်စေသည်။
လေကိုပွားစေသည်။
ဝမ်းမီးကိုတောက်စေသည်။
ထိုအပင်၏ အနှစ်အသားသည် မွှေး၏။
သွေး၍ လိမ်းခြင်းဖြင့်
စိတ်ကိုကြည်လင် စေသော အာနိသင်ရှိသည်။
ကရမက်ကိုသွေးပြီး
ဟင်းစားဇွန်းတစ်ဇွန်းစာမျှ သောက်ပေးခြင်းဖြင့်
နှလုံးရောဂါကိုသက်သာစေသည်ဟု ဆိုသည်။
သလိပ်ကြေပြီး အစာကိုစားချင်စိတ် ဖြစ်စေသည်။
အချို့ဆရာများက ရေလဲအဖြစ်သုံးသည်။
အပူလွန်နာ၊ သည်းခြေနာ၊
စိတ်မငြိမ် ရောဂါများအတွက် ဆေးဖက်ဝင်သည်။
#ကရမက်ပင်နှစ်မျိုး
******************
ကရမက်ပင်ကို ဆေးဆရာများက
လူသတ်-နတ်သတ် ဟူ၍ နှစ်မျိုးခွဲခြားကြသည်။
ကရမက်ပင်သည် နံ့သာမျိုးဆိုသည့်အတိုင်း
အနှစ်အသားသည် မွှေးရမည်ဖြစ်သည်။
သို့သော် ကရမက်အပင်တိုင်း မမွှေးပေ။
အထူးသဖြင့် လူတို့ကရောင်းချရန်အတွက်
ခုတ်လှဲသောအပင်၊
အပင်သက်မရင့်သေးဘဲ ခုတ်လှဲသော အပင်များသည်
ထင်သလောက်မမွှေးချေ။
ထိုအပင်မျိုးကို လူသတ်သောအပင်ဟု ခေါ်သည်။
နှစ်ရာကျော် သက်တမ်းထိရှိသော
နှစ်ရှည်ခံ အပင်ကြီးမျိုးဖြစ်သည်။
အပင်သက်တမ်းကြီးရင့်သောအခါ
ကရမက်ပင်သည် သူ့အလိုလို သေသွားတတ်သည်။
ထိုအပင်မျိုးကို နတ်သတ်သော အပင်ဟုခေါ်သည်။
ထိုအပင်မျိုး၏ အနှစ်အသားသည် အလွန်မွှေးကြိုင်သည်။
သွေး၍ လိမ်းခြင်းဖြင့်ပင် အပူနာရောဂါ၊ အမောရောဂါ၊
နှလုံးရောဂါတို့ကို ပျောက်ကင်းစေနိုင်သည်ဟု ဆိုသည်။
သွေး၍သောက်ခြင်းဖြင့်လည်း
အမျိုးအမည်မဖော်ပြနိုင်သော ကိုယ်တွင်းရောဂါ၊
ငုပ်လျှိုးသောရောဂါများ ပျောက်ကင်းနိုင်သည်ဟု
ရှေးဆရာကြီးများက ညွှန်းဆိုကြသည်။
ထို့ကြောင့် ကရမက်ဝယ်လျှင်
သဘာဝ မွှေးကြိုင်သောနတ်သတ်ပင်ကို
ရွေးချယ်ဝယ်ယူလျှင် အကောင်းဆုံးဖြစ်သည်။
_________________________________________
#ကရမက် ( မိန်းမအသက် ကရမက်အစွမ်း )
***************************************
ကရမက်က အေးခါး အရသာနဲ့
အပူကိုစုပ်ယူပေးနိုင်တဲ့ဆေးပါ။
ကရမက်က ကြာလေမွှေးလေ ကြာလေအရောင်ရင့်လေပါပဲ။
ဒါကြောင့်ဝယ်ရင် သက်တမ်းကြာတာက ပိုမွှေးပါတယ်။
ယခုခေတ်အဖြစ်များတဲ့ အာပေါသမုဌာန်ရဲ့ လက္ခဏာဖြစ်တဲ့
ရေဓါတ်ခမ်းခြောက် အပူများလို့ဖြစ်လာတဲ့
ခန္ဓာကိုယ်တွင်းအောင်း အပူတွေဟာ
အသွင်သဏ္ဌာန် အမျိုးမျိုးနဲ့ ပြကြတယ်။
တစ်ချို့က
အပူအစပ်စားပြီး
အအေးသောက်လို့ မထွက်ရတဲ့အခိုးတွေစုဖွဲ့
တစ်ချို့က
ကံ စိတ်ဥတုအာဟာရ တစ်မျိုးမျိုးကြောင့်သော်၎င်း
တစ်မျိုးထက်ပို၍သော်၎င်း
ဝေးစွာသောအကြောင်း
နီးစွာသောအကြောင်း တွေကြောင့်
ဖြစ်လာကြတာတွေ။
အကြိတ် အဖုရည်ကြည်အိတ် နဲ့
ဆီးအိမ်နားက စုဖွဲ့ပူလို့
ခြေဖဝါးက စူးလို့ပူတာမျိုး
ရာသီသွေးဆုံးခါနီးဖြစ်တဲ့
အရေပြားပေါ်က အကွက်တွေ စသဖြင့်ပေါ့။
ရေမချိုးခင် ခြေဖဝါးကစ ဒူးခေါင်းထိ
တတ်နိုင်ရင် အချိန်ရရင်
တစ်ကိုယ်လုံး ဆားနဲ့ မန်ကျည်းရည်ကျဲလေး ပွတ်
ရေဝအောင်ချိူးပြီးရင် ကရမက်လေးလိမ်းပါ။
အပူ ထွက်တယ်။
အပူအောင်းတာသက်သာတော့
အဖုအကြိတ် အရည်ကြည်အိတ် စတာတွေ သက်သာတယ်။
ကရမက်ကိုသွေးပြီး လျက်ပေးရင်ရင်လည်း
လျှာကနေ တစ်ကိုယ်လုံးကအကြောတွေဆီ ရောက်ပြီး
ကျန်းမာသက်ရှည် အပူအခိုး ကင်းစေပါတယ်။
ရှေးမြန်မာများ
အသက်ရှည်အနာကင်းခဲ့ကြတာတွေ မြင်ခဲ့ဖူးပါတယ်။
ရေချိူးပြီး ကရမက်ခြေဆုံးခေါင်းဆုံး လိမ်းခဲ့တဲ့ မိခင်ဆို
တစ်သက်လုံးအသက်ရှစ်ဆယ်ကျော်ထိ
သွေးတိုး ဆီးချို ကင်ဆာ နှလုံး ဘာရောဂါမှမရှိခဲ့ဘူး။
ခုခေတ် ကံစိတ်ဥတု အာဟာရပူတွေက
အရင်ခေတ်ကထက် အများစွာပိုပူနေပါပြီ။
ဒါကြောင့် ရောဂါတွေမဖြစ်အောင်
မိမိကိုယ်တွင်းရောဂါဖြစ်နိုင်မယ့်အခြေအနေ မဖြစ်အောင်
နေထိုင်တတ်ဖို့ ပြုပြင်နေထိုင်ကြရမှာဖြစ်ပါတယ်။
ခုခေတ်ရေလဲသုံးရမယ့် ဓါတ်စာတွေကတော့
မန်ကျည်း ကရမက် ဆားတို့ပါပဲ။
ကရမက်နဲ့ မတည့်တာကတော့ ထန်းညက်ပါ။
ကရမက်လျက်ပြီး တစ်နာရီအတွင်း
ထန်းညက် မစားသင့်ပါဘူး။
ကရမက်ကို မျက်နှာလိမ်းလို့ ရပါတယ်။ ပိုလိမ်းရတယ်။
ခန္ဓာကိုယ်ကို တစ်ကိုယ်လုံးကိုလည်း လိမ်းပါ။
ကရမက်က အေးလည်းအေးတယ်။
ရှိတဲ့အပူတွေကို စုပ်ထုတ်နိုင်တယ်။
ကရမက်က မည်းတော့
လိမ်းရင် မည်းမယ်လို့ထင်ကြတယ်။
မည်းနေတဲ့အသားဆို ညိုမယ်။
ညိုတဲ့အသားဆို ဖြူသွားပါမယ်။
ကရမက်လိမ်းလို့
တင်းတိတ်ထွက်တယ်ဆိုတာဟာ မဟုတ်ပါဘူး။
တင်းတိပ်တောင် ပျောက်ပါတယ်။
အစားအသောက် အနေအထိုင်တွေကြောင့်သာ
တင်းတိပ် ပေါ်တာပါ။
ဒန်ပေါက်, ကြက်ဆီထမင်း, အုန်းနို့ခေါက်ဆွဲ
မြေပဲတို့ စားရင် တင်းတိတ်ပေါ်ပါတယ်။
သူပျောက်နိုင်တာက
ရေမချိုးမီ မန်ကျည်းရည်ပွတ်၊
ရေချိုးပြီး ကရမက်လိမ်း
ကရမက်က ရှိနေတဲ့အပူကို စုပ်ထုတ်တာ။
ဓာတ်တွေက မျိုးတူရာ မျိုးတူရာပေါင်းတယ်။
အမဲအမဲ ချင်းပေါင်းပြီး စုပ်ထုတ်သွားမှာဖြစ်ပါတယ်ခင်ဗျာ...........
မှာယူလိုချင်တော့ဖြင်
စိန်ပန်းခိုင်တိုင်းရင်းဆေးကုခန်း
အမှတ် (၂၀)မြေညီ၊ မေဏ္ဍကလမ်း၊ တာမွေမြို့နယ်၊
ရန်ကုနမြို့တွင်မှာယူရရှိနိူင်ပါပြီခင်ဗျာ
ဖုန်း 09799245246 သို့လဲဖုန်းဆက်မှာကြာနိူင်ပါတယ်ခင်ဗျာ
#ကရမက်