15/07/2025
🥦လေဖြတ်ပြီးနောက် ပြန်လည်ကျန်းမာလာစေဖို့နဲ့ နောက်ထပ်လေဖြတ်ခြင်း မဖြစ်အောင် ကာကွယ်ဖို့အတွက် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားသုံးဖို့က အရေးကြီးပါတယ်။
🔴 လေဖြတ်သူတို့ ရှောင်ရန် အစားအစာများ
❌ဆား ( ဆိုဒီယမ်) များသော/လွန်ကဲသော အစားအစာများ- သွေးတိုးစေနိုင်တာကြောင့် သွေးပေါင်ချိန် တက်စေပြီး လေဖြတ်နိုင်ခြေကို မြင့်တက်စေပါတယ်။
❌ဓါတုဗေဒနည်းဖြင့် ပြုပြင်ထားသော အစားအစာများ- အသင့်စားခေါက်ဆွဲခြောက်၊စည်သွပ်အစားစာများ၊ ပြုပြင်ထားသော အသားများ (ဝက်အူချောင်း၊ ဘေကွန်) ဆားများသော သရေစာများ (အာလူးကြော်), ပဲငံပြာရည်။
❌ပြည့်ဝဆီနှင့် အသွင်ပြောင်းဆီများ (Saturated and Trans Fats)- သွေးတွင်း ကိုလက်စထရော မြင့်တက်စေပြီး သွေးကြောပိတ်ဆို့မှုကို ဖြစ်စေနိုင်ပါတယ်။ ထောပတ်၊ အုန်းဆီ၊ စားအုန်းဆီ၊ ကြော်ထားသော အစားအစာများ၊ မုန့်ဖုတ်ပစ္စည်းများ။
ဆီအစားထိုးစားသုံးရန်- သံလွင်ဆီ, နှမ်းဆီ, နေကြာဆီ စတဲ့ ဆီများကို အသင့်အတင့် စားသုံးပါ။
❌သကြားဓာတ်များသော အစားအစာများနှင့် အချိုရည်များ- ကိုယ်အလေးချိန်တိုးခြင်း၊ ဆီးချိုဖြစ်ခြင်းတို့ကို ဖြစ်စေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။
ရှောင်ရန်- အချိုရည်များ, သကြားလုံးများ, ကိတ်မုန့်များ, ချောကလက်များ။
အစားထိုး သောက်သုံးရန်- သစ်သီးအစစ်ဖျော်ရည်များ၊ ရေ၊သကြားမပါသော လက်ဖက်ရည် သို့မဟုတ် ကော်ဖီ။
❌အရက်- သွေးပေါင်ချိန်ကို တက်စေပြီး လေဖြတ်ခြင်း ဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့အပြင် ဆေးဝါးတွေနဲ့ ဓာတ်ပြုနိုင်တာကြောင့် လုံး၀ရှောင်သင့်ပါတယ်။
🟢 စားသုံးသင့်သော အစားအစာများ
အမျှင်ဓာတ်များသော အစားအစာများ (ကိုလက်စထရောကို လျှော့ချပေးပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်)
စားသုံးရန်- ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ (အစေ့အဆံပါသော အသီးများ)၊ဂျုံလုံးပေါင်မုန့်၊ ဆန်လုံးညို၊ ပဲအမျိုးမျိုး။
ပရိုတင်းဓာတ် အသင့်အတင့်ပါသော အစားအစာများစားသုံးခြင်း (ကြွက်သားတွေ ပြန်လည်သန်စွမ်းဖို့ ကူညီပေးပါတယ်)
စားသုံးရန်- ငါး၊ ကြက်ရင်ပုံသား၊ ပဲအမျိုးမျိုး၊ပဲပြား၊ အစေ့အဆံများ။
ကျန်းမာရေးနှင့် ညီညွတ်သော အဆီများ (Healthy Fats) (နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်)- ထောပတ်သီး၊ သံလွင်ဆီ၊ ငါးကြီးဆီ (Omega-3 fatty acids)
ပိုတက်ဆီယမ် ကြွယ်ဝသော အစားအစာများ (သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်) - ငှက်ပျောသီး၊ လိမ္မော်သီး၊ အာလူး (အခွံမခွာဘဲ)၊ ဟင်းနုနွယ်။
ဗီတာမင်နှင့် သတ္တုဓာတ်များ (ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်)- ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးစုံ စားသုံးခြင်းဖြင့် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များကို ရရှိစေနိုင်ပါတယ်။
❗❗အစားအသောက်ပြင်ဆင်ရာတွင် ထည့်သွင်းစဉ်းစားရန်
လေဖြတ်ထားသူအများစုဟာ အစာမျိုချရတာ ခက်ခဲနိုင်တာကြောင့် အစာအမျိုးအစားကို သေချာရွေးချယ်ပြင်ဆင်သင့်ပါတယ်။ ပျော့ပြောင်းပြီး ကြေလွယ်ညက်လွယ်သော အစားအစာများကိုပြင်ဆင်ရပါတယ်။ အစားအစာပြင်ဆင်ရာမှာ လွယ်လွယ်စားလို့ရအောင် ဟင်းဆိုလည်း အတုံးသေးသေး ဖြစ်အောင်စီစဉ်ပါ။ အတတ်နိုင်ဆုံး လေဖြတ်သူတို့ကိုကျွေးတဲ့အစားအစာကိုလတ်ဆတ်ဖို့ အထူးသတိထားပေးပါ။
ရေဓာတ်ပြည့်ဝနေဖို့အတွက် ရေသောက်များများ သောက်ပါ။
တစ်နေ့တာ စားသုံးသင့်တဲ့ အစားအစာ ပမာဏကို အသင့်အတင့် စားသုံးပါ။
🔴သတိပြုရန်- အစားအသောက် ပြောင်းလဲမှုတွေ မပြုလုပ်မီ ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ပြုလုပ်သင့်ပါတယ်။ လေဖြတ်သူ တစ်ဦးချင်းစီရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး အစားအသောက် အကြံပြုချက်တွေ ကွဲပြားနိုင်ပါတယ်။ ဒီအချက်အလက်တွေက လေဖြတ်ထားသူတို့အတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။
လေဖြတ်ပြီး ပြန်လည်သန်စွမ်းဖို့ လိုအပ်တဲ့ သူတွေအတွက်လည်း ACM မှာ ...
✅လေဖြတ်ပြီး အနည်းငယ်ထိုင်နိုင်သူတွေ
✅လမ်းလျှောက်ရာမှာ အကူအညီနည်းနည်းလိုနေသေးသူတွေ
✅ခြေ၊ လက်လှုပ်ရှားမှုတွေမှာ အားနည်းနေသေးသူတွေ
✅တခြားသူအကူမလိုပဲ မိမိဘာသာ နေ့စဉ်အလုပ်တွေကို ပြန်လုပ်နိုင်ချင်သူတို့အတွက် လေ့ကျင့်ကုသနိုင်ပါတယ်။
အသေးစိတ်စုံစမ်းရန်.....
📞 09 662294562
📍 လိပ်စာ – အမှတ် ၆၀ ၊ ၆၇ ရပ်ကွက် ၊ ဆိပ်ကမ်းသာလမ်း ၊19 ကွန်ဒိုဘေး ၊ ဗေလုဝ မှတ်တိုင်အနီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
#ပြန်လည်သန်စွမ်းရေး #လေဖြတ် #လေဖြန်း