Tarot Angel

Tarot Angel တားရော့ အစီရင် အဆောင်

07/04/2026

ကိုယ့်ကို တကယ်ချစ်တဲ့သူကလေ နာကျင်အောင်မလုပ်ဘူး။

အဲ့ဒါ ဘယ်သူ့ကိုမှ သွားမကြည့်နဲ့။ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ကြည့်။ ငါတို့ တကယ်ချစ်တဲ့သူအပေါ် နာကျင်စေချင်လို့လား။ သူတို့ မျက်နှာလေးပဲ အရိပ်တကြည့်ကြည့် ကြည့်လို့ သူတို့ ပျော်ရွှင်မှုကိုပဲ အမြဲ လိုလားခဲ့တာမလား။

ငါချစ်တဲ့သူကတော့ ဘာလေးဆို ကြိုက်တယ်၊ ဘယ်အကျီလေးဆို သူနဲ့လိုက်မှာကအစ အကုန် တွေးပေးတတ်တယ်မလား။ ကိုယ်ချစ်တဲ့သူအတွက် စိတ်လုံခြုံမှုဆိုတဲ့ အရာကိုပေးဖို့ လူမှုရေးအရ မလုပ်သင့်တာတွေ၊ ရှောင်သင့်တာတွေကို တောင်းဆိုစရာတောင် မလိုဘဲနဲ့ ငါတို့ စောင့်ထိန်းခဲ့ကြတာမဟုတ်လား။ အေး အဲ့ဒါတွေ အားလုံးဟာ ငါတို့ တကယ် ချစ်ခဲ့ကြလို့ပေါ့။ ချစ်လို့ ကိုယ်ချစ်တဲ့သူ စိတ်ထိခိုက်မဲ့ အရာတွေကအစ ရှောင်ကြဉ်ခဲ့ကြတာပေါ့။

အကယ်၍သာ ကိုယ့်ရဲ့ relationshipမှာ အမြဲတ​စေ နာကျင်နေရရင် သေချာပြန်စဉ်းစား။ relationshipတိုင်းမှာ challengingဖြစ်တဲ့အရာတွေ ရှိတယ်ဆိုတာ မှန်ပေမဲ့ တစ်ပတ်မှာ ရှစ်ရက်လောက်က မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေရရင် မဟုတ်သေးဘူး။ ခဏခဏကိုယ့်ကို နာကျင်စေတဲ့သူဟာ ကိုယ့်ကို မချစ်လို့၊ တန်ဖိုးမထားလို့။ တကယ်ချစ်ရင် မျက်ရည်တောင် အကျမခံဘူး။

တကယ်ချစ်တဲ့လူကလေ သူ့ကြောင့် နာကျင်စေခဲ့ဖူးရင်တောင် အဲ့ဒီအမှားအတွက် တာဝန်ယူ၊ တာဝန်ခံတဲ့စိတ်ရှိတယ်။ မျက်ရည်တွေကို သုတ်ပေးတယ်။ ဘဝအတွက် လုံခြုံမှု၊ စိတ်လုံခြုံမှုဆိုတဲ့အရာကို ပေးတယ်။

အဲဒါတွေ ဘာတစ်ခုမှ မရဘဲ ပါးစပ်က ချစ်တယ်ဆိုတဲ့ စကားဟာ အလကား။ Actionမပါတဲ့ စကားလုံးတွေဟာ လူတိုင်းပြောတတ်တယ်။ ကိုယ့်ရဲ့ စကားလုံးတိုင်း၊ လုပ်ရပ်တိုင်းအတွက် တာဝန်ယူ၊ တာဝန်ခံတတ်ကြတာကတော့ လူစိတ်ရှိတဲ့သူတွေပဲ လုပ်နိုင်ကြတဲ့အရာပါ။

အဲ့ဒါကြောင့်လေ ဆင်းရဲတာ၊ ချမ်းသာတာ၊ ရုပ်ချောတာ၊ မချောတာတွေထက် လူစိတ်ရှိတဲ့ လူကိုပဲ ရွေး၊ ကိုယ့်ကို မျက်ရည်မကျစေတဲ့ လူကိုပဲ ရွေးချယ်ပါ။

လောကကြီးမှာ အရေးကြီးဆုံးအရာဟာ ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာ မဟုတ်လား။ အေး အဲ့လောက် တန်ဖိုးရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို အပေါစားဆန်တဲ့ လူတွေလက်ထဲ လျှောက်မအပ်မိစေနဲ့။

#စူးရှမေ

အခြေအနေမသိဘဲ စော်ကားမော်ကား မပြောကြပါနဲ့ရှင် 🙏​ စေတနာနဲ့ အချိန်ပေးပြီး အားလုံးအတွက် Free တင်ပေးနေတာပါ။ အဖြေတင်ဖို့ နောက်...
05/04/2026

အခြေအနေမသိဘဲ စော်ကားမော်ကား မပြောကြပါနဲ့ရှင် 🙏

​ စေတနာနဲ့ အချိန်ပေးပြီး အားလုံးအတွက် Free တင်ပေးနေတာပါ။ အဖြေတင်ဖို့ နောက်ကျသွားတဲ့အပေါ် အခုလိုမျိုး Comment တွေ မြင်ရတာ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။

​တကယ်တော့...
​Wifi မီးနီနေတာ ၃ ရက်ရှိပါပြီ အိမ်ထဲမှာ Data လိုင်းလည်း လုံးဝမမိဘဲ Internet က E ပဲ တက်နေလို့ အိမ်ပြင်ထွက်ပြီး လိုင်းသုံးနေရတဲ့ အခြေအနေပါ။

Free reading ဖြစ်တဲ့အတွက် အဆင်ပြေတဲ့အချိန် တင်ပေးဖို့ ကြိုးစားနေတာပါ။ ဘယ်နေ့၊ ဘယ်အချိန် တင်ပေးမယ်လို့လည်း ကတိမပေးထားမိပါဘူး။

​ ပိုက်ဆံပေးပြီး မေးတဲ့သူတွေတောင် အင်တာနက် အခက်အခဲကြောင့် ရက်ရွှေ့တာကို နားလည်မှုအပြည့်နဲ့ စောင့်ပေးကြတာပါ။

​ဟောလည်း ဟောပေးရသေး၊ ကိုယ့်ဘက်က အခက်အခဲကြောင့် မအားလို့ မတင်နိုင်သေးတာကို အခုလို အပြောအဆို ခံရတာကတော့ free reading တင်ပေးရတဲ့သူအတွက် တော်တော်လေး အဆင်မပြေပါဖူးရှင်

​ကိုယ်ချင်းစာတရားလေး ထားပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အဖြေတွေကိုလည်း လိုင်းရတာနဲ့ချက်ချင်း တင်ပေးထားပါတယ် သည်းခံပြီး စောင့်ပေးကြသူတွေကိုတော့ ကျေးဇူးအထူးတင်ပါတယ်ရှင်။ ❤️

သူ၏ အမြင်မှန်ရမှု 🤪
05/04/2026

သူ၏ အမြင်မှန်ရမှု 🤪

" ရည်းစား ဘယ်တော့ရမလဲ ရည်းစားလေးက ဘယ်လိုလူမျိုးဖြစ်မလဲ "အဖြေတင်ပေးလိုက်ပြီနော် 💁‍♀️ ​🌺 Pile 1 ​ ကိုယ့် ဆီကို ရောက်လာမယ့်...
05/04/2026

" ရည်းစား ဘယ်တော့ရမလဲ ရည်းစားလေးက ဘယ်လိုလူမျိုးဖြစ်မလဲ "

အဖြေတင်ပေးလိုက်ပြီနော် 💁‍♀️

​🌺 Pile 1

​ ကိုယ့် ဆီကို ရောက်လာမယ့် အချစ်ကတော့ တည်ငြိမ်ပြီး အေးချမ်းတဲ့ အချစ်မျိုး ဖြစ်ပါတယ်နော် ။ ဒီလူဟာ စိတ်ရင်းစေတနာကောင်းပြီး ကိုယ့်ကို ဂရုစိုက်ယုယမယ့်သူမျိုး ဖြစ်ပါလိမ့်မယ်။ သင့်ရဲ့ စိတ်ဒဏ်ရာဟောင်းတွေကို ကုစားပေးမယ့်သူလည်း ဖြစ်နိုင်ပါတယ်။ "ဘယ်တော့ရမလဲ" ဆိုတဲ့ မေးခွန်းအတွက်ကတော့ - သင်ဟာ စိတ်ပိုင်းဆိုင်ရာအရ အချစ်သစ်ကို လက်ခံဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန်၊ ဒါမှမဟုတ် သင့်ဘဝရဲ့ ကဏ္ဍသစ်တစ်ခု စတင်နေတဲ့အချိန်မှာ (ဥပမာ - အလုပ်သစ်၊ နေရာသစ်) ဒီလူကို တွေ့ရပါလိမ့်မယ်။ အချိန်ကာလအားဖြင့် နောက်ထပ် (၃) လ ကနေ (၆) လ အတွင်း ဖြစ်နိုင်ခြေ အများဆုံးပါပဲ။ သင်ကိုယ်တိုင်ကလည်း ပွင့်လင်းမြင်သာစွာ နေထိုင်ပြီး လူမှုဆက်ဆံရေးနယ်ပယ်မှာ ပါဝင်လှုပ်ရှားဖို့ လိုအပ်ပါတယ်။

​🌾 Pile 2

​ သင့်ရဲ့ ရည်းစားသစ်ကတော့ သင့်ကို စိတ်လှုပ်ရှားမှုနဲ့ ဆွဲဆောင်မှုအပြည့် ပေးစွမ်းနိုင်မယ့်သူမျိုး ဖြစ်ပါလိမ့်မယ်။ သူဟာ ထက်မြက်ပြီး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကာ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို နားလည်ပေးနိုင်မယ့်သူမျိုး ဖြစ်နိုင်ပါတယ်။ ဒီအချစ်ရေးဟာ မြန်ဆန်ပြီး စိတ်လှုပ်ရှားမှုတွေနဲ့ ကြုံတွေရမယ့် ဆက်ဆံရေးမျိုး ဖြစ်နိုင်ပါတယ်။ "ဘယ်တော့ရမလဲ" ဆိုတဲ့ မေးခွန်းအတွက်ကတော့ - သင်ဟာ သင့်ရဲ့ ပန်းတိုင်တွေ၊ ဝါသနာတွေကို စိတ်အားထက်သန်စွာ လုပ်ဆောင်နေတဲ့အချိန်မှာ (ဥပမာ - အနုပညာအလုပ်၊ ပညာရေး) ဒီလူနဲ့ ဆုံတွေ့ရပါလိမ့်မယ်။

အချိန်ကာလအားဖြင့် နောက်ထပ် (၁) လ ကနေ (၃) လ အတွင်း သင့်ဆီကို ရောက်လာဖို့ အခွင့်အလမ်း အများဆုံး ရှိပါတယ်နော်

​🌸 Pile 3

သင့်ရဲ့ အချစ်ရေးကံကြမ္မာကတော့ နူးညံ့ပြီး ကြင်နာတတ်တဲ့ အချစ်မျိုးကို ညွှန်ပြနေပါတယ်။ ဒီလူဟာ စာနာနားလည်မှုရှိပြီး သင့်ကို ကာကွယ်ပေးချင်တဲ့ စိတ်ရှိမယ့်သူမျိုး ဖြစ်ပါလိမ့်မယ်။ သင်ဟာ ဒီလူနဲ့အတူတူ ရှိနေတဲ့အချိန်မှာ ဘေးကင်းလုံခြုံမှုကို ခံစားရပါလိမ့်မယ်။ "ဘယ်တော့ရမလဲ" ဆိုတဲ့ မေးခွန်းအတွက်ကတော့ - သင်ဟာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး စိတ်အေးချမ်းသာယာမှုကို ရရှိနေတဲ့အချိန်မှာ (ဥပမာ - အနားယူနေတဲ့အချိန်၊ သဘာဝတရားနဲ့ ထိတွေ့နေတဲ့အချိန်) ဒီလူကို တွေ့ရပါလိမ့်မယ်။ အချိန်ကာလအားဖြင့် နောက်ထပ် (၂) လ ကနေ (၅) လ အတွင်း ဖြစ်နိုင်ခြေ ရှိပါတယ်။

​မှတ်ချက် - General reading လေးဖြစ်လို့ energy ကိုက်ကြပါစေနော် ပျော်ရွှင်စရာ အချစ်ရေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်! ❤️

" ရည်းစားဘယ်တော့ရမလဲ ရည်းစားလေးက ဘယ်လို လူမျိုးဖြစ်မလဲ "  Pick a pile 💁‍♀️​ စိတ်လေးကို အေးအေးထား၊ မျက်လုံးမှိတ်ပြီး ကိုယ...
02/04/2026

" ရည်းစားဘယ်တော့ရမလဲ ရည်းစားလေးက ဘယ်လို လူမျိုးဖြစ်မလဲ "

Pick a pile 💁‍♀️

​ စိတ်လေးကို အေးအေးထား၊ မျက်လုံးမှိတ်ပြီး ကိုယ့်ဆီကို အဆွဲဆောင်နိုင်ဆုံး Pile လေးတစ်ခုကို ရွေးချယ်ကြည့်ပေးပါနော်။

​🔮 Pile 1
🔮 Pile 2
🔮 Pile 3 ဘာလေးရွေးထားလဲ မန့်ပေးသွားနော် 🤗

အဖြေကို မကြာခင်တင်ပေးပါမယ်ရှင်




"ကိုကို့ထက် ဆရာမကို ပိုအားကိုးတဲ့သူ ရှာတွေ့ပြီ! 😉 ၁၀၀၀ မှာ ၁ ယောက်ဆိုတဲ့ ရှားပါး မျိုးနွယ်စုလေးပါပဲ 😂"
01/04/2026

"ကိုကို့ထက် ဆရာမကို ပိုအားကိုးတဲ့သူ ရှာတွေ့ပြီ! 😉 ၁၀၀၀ မှာ ၁ ယောက်ဆိုတဲ့ ရှားပါး မျိုးနွယ်စုလေးပါပဲ 😂"

သူများတွေ လစာ ကိုယ်စီ ထုတ်နေကြတဲ့အချိန်တစ်စုံတစ်ယောက်  ကတော့ရင်ဘတ်ထဲကလူကို ထုတ်နေရတယ် 😌Crd
01/04/2026

သူများတွေ လစာ ကိုယ်စီ ထုတ်နေကြတဲ့အချိန်
တစ်စုံတစ်ယောက် ကတော့
ရင်ဘတ်ထဲကလူကို ထုတ်နေရတယ် 😌

Crd

😒
01/04/2026

😒

"ဒီအပတ်အတွင်း Universe က သင့်ကို ပေးချင်တဲ့ Message"အဖြေတင်ပေးလိုက်ပြီနော် Pile 1 - 🌌 (The Celestial Clock & Lapis Lazul...
31/03/2026

"ဒီအပတ်အတွင်း Universe က သင့်ကို ပေးချင်တဲ့ Message"

အဖြေတင်ပေးလိုက်ပြီနော်

Pile 1 - 🌌 (The Celestial Clock & Lapis Lazuli)

​"အရာရာဟာ အချိန်ကိုက်ပါပဲ စိတ်လောမနေပါနဲ့တော့ "
​ဒီအပတ်မှာ Universe က သင့်ကိုပေးချင်တဲ့ အဓိက message ကတော့ "Timing" ပါပဲ။ သင်ဖြစ်ချင်နေတဲ့ မျှော်လင့်နေတဲ့ ကိစ္စတစ်ခုက အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေတတ်ပါတယ်။ ဒါဟာ မရတော့လို့ မဟုတ်ဘဲ အချိန်မကျသေးလို့ပါ။ စိတ်တို၊ စိတ်လောနေမယ့်အစား အခုလက်ရှိ သင်လုပ်စရာရှိတာတွေကိုပဲ အကောင်းဆုံး အာရုံစိုက်ထားပါ။

​လက်တွေ့လုပ်ဆောင်ရန်: ဒီအပတ်ထဲမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ရှိရင် အလျင်စလို မလုပ်ပါနဲ့။ ပညာရှိရှိနဲ့ သေချာစဉ်းစားပါ။ သင့်ရဲ့ အသိဉာဏ်နဲ့ ဆင်ခြင်တုံ့တရားက အခုအချိန်မှာ အရမ်းအရေးကြီးပါတယ်။ အပြာရောင် သို့မဟုတ် နက်ပြာရောင် အဝတ်အစား အသုံးအဆောင်လေးတွေ သုံးပေးတာက သင့်ရဲ့ စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်မှု ကောင်းစေပါလိမ့်မယ်။ အချိန်က အားလုံးကို ကုစားပေးပါလိမ့်မယ်။

​Pile 2 - 🌳 (The Tree of Life & Amber)

​"သင့်ရဲ့ အမြစ်တွေကို ခိုင်မာအောင်လုပ်ပါ။ အသီးအပွင့်တွေက လိုက်လာပါလိမ့်မယ်။"

​သင်ဟာ အခုအချိန်မှာ အောင်မြင်မှုတွေ၊ ရလဒ်ကောင်းတွေကို အရမ်းလိုချင်နေပုံရပါတယ်။ ဒါပေမဲ့ Universe က သင့်ကို သတိပေးနေတာက "အခြေခံအုတ်မြစ်" ခိုင်မာဖို့ပါ။ အပင်တစ်ပင်လိုပါပဲ၊ အမြစ်မခိုင်ရင် အသီးမသီးနိုင်သလို၊ သီးရင်တောင် လေတိုက်ရင် လဲကျသွားနိုင်ပါတယ်။ အခုအချိန်ဟာ သင့်ရဲ့ အရည်အချင်းတွေကို မြှင့်တင်ရမယ့်အချိန်၊ အလုပ်မှာ အခြေခံကအစ သေချာပြန်လုပ်ရမယ့် အချိန်ပါ။

​လက်တွေ့လုပ်ဆောင်ရန်: အလုပ်မှာဖြစ်ဖြစ်၊ ပညာရေးမှာဖြစ်ဖြစ် လိုအပ်ချက်ရှိနေတဲ့ အခြေခံပိုင်းတွေကို ပြန်နွှေးပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် တည်ဆောက်ပါ။ ငွေကြေးနဲ့ ပတ်သက်ရင်လည်း ဖြုန်းတီးတာမျိုးထက် စုဆောင်းတာ၊ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံတာမျိုးကို ဦးစားပေးပါ။ မြေကြီးရောင်၊ အဝါရောင်၊ လိမ္မော်ရောင်လေးတွေက သင့်ကို စွမ်းအင်သစ်တွေ ပေးပါလိမ့်မယ်။ နည်းနည်းချင်းစီနဲ့ မှန်မှန်ကြိုးစားသွားရင် ကြီးမားတဲ့ အောင်မြင်မှု ရပါလိမ့်မယ်။

​Pile 3 - 💜 (The Cosmic Heart & Amethyst)

​"သင့်ရဲ့ စိတ်ဝိဉာဉ်ကို ကုစားပါ။ အချစ်စစ်က သင့်ဆီ လာနေပါပြီ။"

​ဒီ Pile ကို ရွေးချယ်တဲ့သူဟာ အတိတ်က ဒဏ်ရာတွေ၊ စိတ်ပျက်စရာတွေကြောင့် စိတ်ဓာတ်ကျနေတာ၊ ဒါမှမဟုတ် နှလုံးသားတံခါးကို ပိတ်ထားတာမျိုး ရှိနိုင်ပါတယ်။

Universe က သင့်ကို "Healing (ကုစားခြင်း)" လုပ်ဖို့ တိုက်တွန်းနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ပါ၊ ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကို အသိအမှတ်ပြုပြီး ကုစားပါ။ သင်ဟာ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်တဲ့သူတစ်ယောက်ပါ။
​လက်တွေ့လုပ်ဆောင်ရန်: ဒီအပတ်ထဲမှာ မိမိကိုယ်ကို ဂရုစိုက်တဲ့အချိန် (Me Time) များများပေးပါ။ တရားထိုင်တာ၊ စာဖတ်တာ၊ ဒါမှမဟုတ် ကိုယ်ဝါသနာပါတဲ့အရာတစ်ခုခုကို လုပ်ပါ။ အတိတ်ကကိစ္စတွေကို တွေးပြီး ဝမ်းနည်းမနေပါနဲ့။ ခရမ်းရောင် သို့မဟုတ် ပန်းရောင်လေးတွေ သုံးပေးတာက သင့်နှလုံးသားကို နွေးထွေးစေပြီး အချစ်သစ်၊ ရေစက်ဟောင်းတွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။ သင့်နှလုံးသားကို ပြန်ဖွင့်လိုက်တဲ့အခါ မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုတွေ ရောက်လာပါလိမ့်မယ်။

31/03/2026

"Situationship - အမည်တပ် မရတဲ့ ပတ်သတ်မှုများ အကြောင်း"

ခုနောက်ပိုင်း ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာ က အစ Situationship ဆိုတဲ့ စကားလုံးက အရမ်းကြီး hot လာပြီ။

Relationship ကို Lite version လို့တောင် ပြောရမလား…. လူနှစ်ယောက်ကြားထဲက နာမည်တပ်လို့ မရတဲ့ ပတ်သတ်ဆက်နွယ်မှုကို Situationship လို့ ခေါ်ြကတယ်…။ သူက Friendzone လည်း မက Relationship လည်း မကျ။ ဘယ်လိုမှန်း မသိ တဲ့ ဆက်ဆံရေးပေါ့…။

ခုနောက်ပိုင်း Dating Culture က ရွေးချယ်စရာ Option တအား များသွားပြီလေ။ အဲ့လိုဖြစ်နေတော့ တစ်ခုခုအပေါ်မှာ ပုံအောပြီး ရင်းနှီးမြှုပ်နှံဖို့ အရမ်းခက်သွားစေတယ်…။

"ဒီတစ်ယောက်ထက် ပိုကောင်းတာ နောက်မှာ ရှိဦးမှာပဲ" Next one can be better ဆိုတဲ့ အိုင်ဒီယာကြီးကို dating app တွေက ပေးနေတယ်…။

ဒါကြောင့်ပဲ တစ်ယောက်တည်းကို Commitment ပေးဖို့ ဝန်လေးလာကြတယ်။

Situationship ဆိုတာ "ငါ မင်းကိုတော့ သဘောကျတယ်၊ ဒါပေမဲ့ မင်းထက်သာတဲ့သူ ပေါ်လာရင်လည်း ငါ့မှာ ထွက်ပေါက်ရှိရမယ်" ဆိုတာမျိူး။

တစ်ဖက်က ခြေတစ်လှမ်း ရှေ့တိုးကြည့်လိုက်တာနဲ့ တခြားတစ်ဖက်က ခြေလှမ်းတစ်ရာလောက် နောက်ဆုတ်ပစ်မှာ ဆိုတာမျိူး။

Relationship လို တစ်ဖက်နဲ့ တစ်ဖက် ညှိယူတာတွေ၊ နားလည်တာတွေ၊ ပြသနာဖြေရှင်းတာတွေ တစ်ခုမှ မပါဘူး…။

အသီးအပွင့်တွေကို စားသုံးနိုင်ပေမဲ့ အပင်စိုက်ရမယ့် တာဝန်ကိုတော့ ယူစရာ မလိုသလိုမျိူးပေါ့။

ဒါပေမယ့် လိုရာဆွဲရေး သလိုဖြစ်မှာ စိုးလို့ Bias ကင်းကင်းနဲ့ပဲ ပြောရအောင်ဗျာ။

Situationship မှာလည်း သူ့အားသာချက်နဲ့သူ ရှိပါတယ်။ ဒီဘက်ခေတ်မှာ လူတွေ ဘာကြောင့် ဒီလမ်းကို ရွေးကြလဲ ဆိုရင်… သူ့အားသာချက်နဲ့ သူ ရှိလို့ပေါ့…။ ရှင်းပါတယ်…။


၁)- Situationship ရဲ့ အားသာချက်

Situaionship ရဲ့ အကောင်းဆုံး အားသာချက်က - "Single လို နေခွင့်ရပြီး Taken ရဲ့ အရသာကို ခံစားလို့ရနေတာပဲ။

ဘယ်သွားသွား Report လုပ်စရာ မလိုဘူး၊ တစ်ဖက်လူရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဝင်ဆံ့အောင် ပေါင်းပြစရာ မလိုဘူး။ ချစ်သူရည်းစားတွေလို ချွဲနွဲ့၊ ဂရုစိုက်ခံရတဲ့ အချိန်တွေရှိသလို၊ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် နေချင်တဲ့ အချိန်မှာလည်း "ငါတို့က ချစ်သူတွေမှ မဟုတ်တာ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အေးဆေး ရှောင်ထွက်သွားလို့ ရတယ်။

ရှေ့တိုးချင်လည်း ရသလို… နောက် ဆုတ်ချင်လည်း အိုခေနေတာမျိူးလေ…။

ပြီး ဒုတိယ အချက်က - Relationship တစ်ခုရဲ့ အလေးအပင်တွေကို ထမ်းစရာလည်း မလိုနေဘူး။ "ငါတို့ ရှေ့ဆက် ဘာလုပ်ကြမလဲ" ဆိုတဲ့ ခေါင်းကိုက်စရာ မေးခွန်းတွေ မရှိဘူး။ တစ်ဖက်လူရဲ့ Emotional Dump လုပ်တာတွေကို ဖြေရှင်းပေးစရာ မလိုဘဲ၊ သူနဲ့ကိုယ်ကြားထဲမှာ ပျော်စရာကောင်းတဲ့ အပိုင်းလေးတွေကိုပဲ select လုပ်ပြီး ရွေးချယ်ခံစားခွင့် ရတယ်။

ဒီလိုဖြစ်တာကလည်း ခေတ်ကြောင့်ပဲ လို့ ပြောရင်လည်း မှားတော့ မနေဘူး။

ဒီဘက်ခေတ် လူငယ်တွေဟာ Career တည်ဆောက်ဖို့၊ ပိုက်ဆံရှာဖို့နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ အတွက် အပြင်းအထန် ရုန်းနေရတာပါ။

Relationship တစ်ခုကို တရားဝင် တည်ဆောက်တယ်ဆိုတာ - တစ်ဖက်လူရဲ့ ခံစားချက်ကို ဂရုစိုက်ရမယ်၊ အချိန်ပေးရမယ်၊ ပြဿနာတွေကို ဖြေရှင်းရမယ်။ စိတ်ဆိုးစိတ်ကောက်ရင်ချော့ရမယ်… ဗိုက်ဆာရင် မုန့်ဝယ်ကျွေးရမယ်… လက်ဆောင်ပေးရမယ်… စသည်ဖြင့် စသည်ဖြင့် အများကြီး ရှိတယ်…။

ဒါပေမယ့် တချိူ့ကျတော့ သူတို့ရဲ့ energy ကို အလုပ်နဲ့ ကိုယ်ပိုင်ဘဝ တိုးတက်ရေးအတွက်ပဲ သုံးချင်ကြတာ။

Situationship ကျတော့ ready-made ဗိုက်ဆာလား သုံးမိနစ်ပဲ စောင့် ဆိုတဲ့ instant ခေါက်ဆွဲပြုတ်သလို မိနစ်အနည်းငယ်အတွင်း ပြုတ်စားလို့ရတဲ့ Plug-and-play သဘောမျိူးပဲ။

လိုအပ်တဲ့ အချိန်လေးမှာ အဖော်ပြုမယ်၊ အားပေးစကားပြောမယ်၊ ပြီးရင် ကိုယ့်ဘဝနဲ့ကိုယ် ပြန်နေမယ်။ Drama တွေ၊ ရှင်းရခက်တဲ့ Heavy ပြဿနာတွေ အတွက် အချိန်ပေးစရာ မလိုတဲ့အတွက် ဒါက အကြိုက်တွေ့ စရာတစ်ခု ဖြစ်လာတာလည်း ဖြစ်နိုင်တယ်…။


၂)- ဘဝရဲ့ အစိတ်အပိုင်းလေးတွေ

ကျွန်တော်တို့တွေ ကိုယ်တိုင်သာ သတိမထားမိရင် မထားမိမယ်…။ ကိုယ့် ဦးနှောက်ထဲမှာ ဘဝကို အခန်းလေးတွေ ကန့်ထားတတ်ကြတယ်။

အလုပ်အတွက် တစ်ခန်း၊ မိသားစုအတွက် တစ်ခန်း၊ ကိုယ်ပိုင် ဝါသနာတွေအတွက် တစ်ခန်း…. စသည်ဖြင့်ပေါ့လေ…။

Situationship မှာ ပျော်နေသူတွေဟာ ဒီလို အခန်းကန့်နိုင်စွမ်း အရမ်းမြင့်ကြတယ်။ သူတို့က အချစ်ကို Major ဘာသာရပ်တစ်ခုလို မသတ်မှတ်တော့ဘူး။ အပျင်းပြေ ကာယချိန်လောက်ပဲ သဘောထားတာ။

Weekend မှာ ကော်ဖီတူတူသောက်မယ်၊ ရုပ်ရှင်ကြည့်မယ်၊ ပြီးရင် တနင်္လာနေ့မှာ ဘာမှမဖြစ်ခဲ့သလို ကိုယ့်အလုပ်ကိုယ် ပြန်လုပ်မယ်။ ဒီလို ကန့်သတ်ထားနိုင်တဲ့ သူတွေအတွက်တော့ Situationship က အလုံခြုံဆုံးနဲ့ အသက်သာဆုံးပဲ။

လူတိုင်းကတော့ ကိုယ့်ကို နားလည်ပေးမယ့်၊ ထာဝရ လက်တွဲမယ့်သူကို လိုချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ စောစောကလို Relationship ကို Minor နေရာမှာပဲ ထားကြတဲ့လူတွေ ကျတော့ အကြောင်းပြချက်လှလှလေးနဲ့ Situaionship အောက်ထဲကို ဝင်ကြတယ်…။

"ငါက အခုချိန်မှာ အလုပ် ကိုပဲ Focus လုပ်ချင်တာ"၊ "ငါက လွတ်လွတ်လပ်လပ်ပဲ နေချင်တာ" ဆိုတဲ့ အကြောင်းပြချက်တွေနဲ့… သံယောဇဥ◌်တွေ၊ မျှော်လင့်ချက်တွေရဲ့ ဝေးဝေးမှာ နေကြတာပါပဲ။ ဒါမှ ကိုယ့်လုပ်လက်စ အလုပ်တွေကိုလည်း မထိခိုက်စေဘဲ တစ်ဖက်မှာလည်း လူတစ်ယောက်နဲ့ ဘာ commitment မပါဘဲ ပတ်သတ်ခွင့် ရမှာကိုး။

ဒါပေမယ့် အဲ့ဒါကလည်း ရေရှည်တော့ ကောင်းတဲ့ ကိစ္စမဟုတ်ဘူး။


၃)- ရေရှည်မှာ ကောင်းတဲ့ ကိစ္စ မဟုတ်တာ

ပြဿနာတစ်ခု တက်လာတိုင်း ဖြေရှင်းရမယ့်အစား အဆက်အသွယ်ပဲ ဖြတ်လိုက်မယ်… အဆင်မပြေတာရှိရင် Ghost လိုက်မှာပေါ့…. ဆိုတဲ့ ထွက်ပြေးတဲ့ အကျင့် ရသွားနိုင်တယ်…။ ရေရှည်မှာ လူတစ်ယောက်နဲ့ နက်နက်ရှိုင်းရှိုင်း နားလည်မှုတည်ဆောက်တဲ့ Deep Connection တွေ ပျောက်ဆုံးသွားပြီး၊ အမြဲတမ်း အပေါ်ယံ ဆက်ဆံရေးတွေမှာပဲ သံသရာလည်နေပါလိမ့်မယ်။

ဆိုတော့ Situationship ဆိုတာက -ဆော့ဖ်ဝဲ တစ်ခုကို free trial သုံးရတာနဲ့တောင် တူသေး။ အစပိုင်းမှာတော့ ပိုက်ဆံမပေးရဘဲ Feature တွေ အကုန်သုံးလို့ရနေမယ်…။ သုံးနေရင်း တန်းလန်းနဲ့ သိပ်မကြာခင်မှာ Ads တွေ ဝင်လာမယ်။ တကယ် အရေးကြီးတဲ့ ယုံကြည်မှု၊ လုံခြုံမှု၊ တည်ငြိမ်မှု တွေကိုတော့ Lock ချထားမယ်။ အဲဒီအခါ ကျတော့မှ premium feature တွေကို လိုချင်လို့ Upgrade မလုပ်နိုင်ရင် App ကို‌ delete လုပ် ပစ်ရုံကလွဲလို့ ရွေးချယ်စရာ မရှိပါဘူး။


၄)- Situationship က ကောင်းသလား? ဆိုးသလား?

Situationship က တကယ်တမ်း ကောင်းကျိုးပေးနိုင်တာ မပေးနိုင်တာတွေ ခဏထား။ သေချာတာကတော့ နှစ်ယောက်စလုံးဟာ ခံစားချက် ထပ်တူကျနေဖို့တော့လိုတယ်…။

များသောအားဖြင့်က တစ်ယောက်က "Label မတပ်ချင်ဘူး" လို့ ပြောပေမဲ့၊ နောက်တစ်ယောက်က "သူ တစ်နေ့နေ့တော့ ငါ့ကို ချစ်လာမှာပါ" ဆိုတဲ့ မျှော်လင့်ချက်ကြီး ဝင်နေရင် မျှော်လင့်မိတဲ့သူရဲ့ အဆုံးသတ်ကတော့ လှနေမှာ မဟုတ်ဘူး။

ဒါကြောင့် ဒီ Situationship ကိစ္စ တင် မဟုတ်ဘူး။ ခေတ်ရဲ့ အရွေ့ တစ်ခုမှာ… Trend တစ်ခုပေါ်လာတိုင်း အဲ့ trend နောက်လိုက်တာက ပြဿနာမရှိပေမဲ့၊ အဲဒီ Trend ရဲ့ နောက်ဆက်တွဲ Cost ကို ပေးဆပ်နိုင်လား ဆိုတာကိုတော့ သေချာ တွက်ချက်ဖို့ လိုပါတယ်။

Situationship က မှန်သလား မှားသလားလို့ မေးရင် အားလုံးက လက်ရှိ ပတ်ဝန်းကျင်နဲ့ အခြေအနေအပေါ်မှာ အကောင်းဆုံး Adapt လုပ်ကြတာ (လိုက်လျောညီထွေနေကြတာ) လို့ပဲ ဖြေရမှာပါ။

ဒါပေမဲ့ ဒီနေရာမှာ တစ်ခုလေး နားလည်ထားဖို့ အရေးကြီးတယ်…။

Situationship မှာ တကယ် ပျော်နိုင်ဖို့ဆိုရင် … နှစ်ယောက်စလုံးက မျှော်လင့်ချက် တူညီနေဖို့ လိုအပ်ပါတယ်။ တစ်ယောက်က ခဏတစ်ဖြုတ် ဝင်ကြည့်တဲ့ Netflix လို သဘောထားပြီး၊ နောက်တစ်ယောက်က Original ခွေ အပိုင်ဝယ်ချင်တာမျိူး ဖြစ်နေရင်တော့… အဲဒီ Situation က တစ်ယောက်ယောက်အတွက်တော့ အဆုံးသတ် လှနေလိမ့်မှာ မဟုတ်ဘူး။

Crd Minn Khent (PYAY)

31/03/2026

တစ်ချို့ relationship တွေ
သိပ်သနား ဖို့ကောင်းတယ်.. relationship တော့ ရှိပါရဲ့... အမြဲတစ်ယောက်တည်း ဘဝကို ဖြတ်သန်းရတယ်..

ဘဝရဲ့.. ကောင်းခြင်းဆိူးခြင်း.. အလုပ်ရဲ့ စိတ်ဖိစီးမှုတွေ ရှိခြင်း မရှိခြင်း.. ဘဝရဲ့ ပျော်ခြင်းမပျော်ရခြင်းတွေကို .. relationship ရှိပါလျက်နဲ့ တစ်ယောက်ထဲ မျှဝေစရာမရှိ ခံစားနေရတက်ကြတယ်...

Relationship ရှိပါလျက်နဲ့...
တစ်ဖက်က ချစ်ကြောင်းတွေ တင်ပြီး.. တစ်ဖက်က ကြေကွဲစရာ အတိတ် လူတွေ နဲ့ ပတ်သတ်ရာပတ်သတ်ကြောင်းတွေကို တင်တယ်...

Relationship ရှိပါလျက်နဲ့..
ဒုက္ခရောက်နေလို့ ပြောပြချင်တာတောင် အားပေးမဲ့သူမရှိဖြစ်နေတက်တယ်..

သူများတွေ ကြည်နူးပြီး အားကျစရာ‌ေတွပြောနေကြရင် ဘေးနားကနေ ငါကလည်း ဘယ်လို ဆိုတာ ငါ့ချစ်သူက ဘယ်လို ဆိုတာ ပြန်ပြောနိူင်ဖို့ထိ သူတို့မှာ ချပြစရာမရှိ ဖြစ်နေတက်တယ်...

တကယ်တော့..
အချစ်ခံရဖို့.. ဂရုစိုက်ခံရဖို့.. နွေးထွေးမှုခံရဖို့ ဆိုတာ..
တကယ်ချစ်တက်ပြီး..ဘဝ တစ်ခု လုံးအတွက် ရည်ရွယ် ထားတဲ့လူတွေ ..ကိူယ့် ကို မျက်ရည်မကျအောင်..သိမ်ငယ်စိတ်မဝင်အောင် ထားချင်စိတ် ရှိတဲ့ လူ တွေ ကသာပေးနိူင်တာပါ...

နားလည်မှု ဆိုတာ..
ကိူယ့်ရဲ့ လွပ်လပ်ခွင့် ကို နားလည်ပေးခိူင်းသလိူ.. တစ်ဖက်လူရဲ့ စိတ်ထဲ ငါ ဘာလုပ်လိုက်ရင် သူဘယ်လိုဖြစ်သွားမယ် ဆိုတဲ့ တစ်ဖက်လူရဲ့ စိတ်ကို လည်း နားလည်ပေးတက်ဖို့ လိုတယ်နော်... ။။။

"ဒီအပတ်အတွင်း Universe က သင့်ကို ပေးချင်တဲ့ Message" Pick a pile 💁‍♀️​ စိတ်လေးကို အေးအေးထား၊ မျက်လုံးမှိတ်ပြီး ကိုယ့်ဆီက...
28/03/2026

"ဒီအပတ်အတွင်း Universe က သင့်ကို ပေးချင်တဲ့ Message"

Pick a pile 💁‍♀️

​ စိတ်လေးကို အေးအေးထား၊ မျက်လုံးမှိတ်ပြီး ကိုယ့်ဆီကို အဆွဲဆောင်နိုင်ဆုံး Pile လေးတစ်ခုကို ရွေးချယ်ကြည့်ပေးပါနော်။

​🔮 Pile 1
🔮 Pile 2
🔮 Pile 3 ဘာလေးရွေးထားလဲ မန့်ပေးသွားနော် 🤗

အဖြေကို မကြာခင်တင်ပေးပါမယ်ရှင်




Address

Dagon Seikkan
Yangon
11441

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Tarot Angel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share