Ar Yu - အာယု International Hospital

Ar Yu - အာယု International Hospital The Leading International Standard Hospital in Myanmar.
(436)

💢𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭💢💫အလုပ်လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ အချက်အလက်များနှင့်တကွ အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ Hum...
02/05/2026

💢𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭💢

💫အလုပ်လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ အချက်အလက်များနှင့်တကွ အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ Human Resource ဌာနတွင် ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်၍လည်းကောင်း၊ Email တိုက်ရိုက်ပေးပို့၍လည်းကောင်း၊ Google form link မှလည်းကောင်း လျှောက်ထားနိုင်ပါသည်။💗💗💗

1. Application form
2. Passport size ဓာတ်ပုံ (၂) ပုံ
3. မှတ်ပုံတင်မိတ္တူ
4. အိမ်ထောင်စုစာရင်းမိတ္တူ
5. ဘွဲ့လက်မှတ်မိတ္တူ
6. အခြားပညာအရည်အချင်းနှင့်ပတ်သက်သည့်အောင်လက်မှတ်မိတ္တူ
7. Covid ကာကွယ်ဆေးထိုးထားသည့်စာရွက်မိတ္တူ

💌𝗚𝗼𝗼𝗴𝗹𝗲 𝗳𝗼𝗿𝗺 𝗹𝗶𝗻𝗸: https://docs.google.com/forms/d/e/1FAIpQLSd-XAGCZK8lqgKUTmBBJWbtHH8MR5UlZlKhAwwXYJAW5UrScQ/viewform?usp=header

📩𝗘𝗺𝗮𝗶𝗹 𝗮𝗱𝗱𝗿𝗲𝘀𝘀: humanresource@aryuhospital.com
📲𝗣𝗵𝗼𝗻𝗲: (𝟬𝟵) 𝟳𝟵𝟮𝟴𝟭𝟴𝟭𝟮𝟵
☎️𝐇𝐨𝐭𝐥𝐢𝐧𝐞: (𝟬𝟭) 𝟵𝟯𝟳𝟲𝟮𝟬𝟬 (𝗘𝘅𝘁-𝟮𝟬𝟯𝟵/𝟮𝟬𝟱𝟮)
🕘𝗢𝗳𝗳𝗶𝗰𝗲 𝗛𝗼𝘂𝗿𝘀: 𝟴:𝟯𝟬𝗔𝗠 ~ 𝟱:𝟬𝟬𝗣𝗠 (𝗠𝗼𝗻 𝘁𝗼 𝗦𝗮𝘁)
🏥𝗡𝗼. 𝟰𝟬𝟬, 𝗞𝘆𝗮𝗶𝗸 𝗞𝗮 𝗦𝗮𝗻 𝗥𝗼𝗮𝗱, 𝗧𝗮𝗺𝘄𝗲 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻.


အတွင်းတိမ်ခွဲစိတ်တဲ့အခါ ဘာကြောင့် IOL (မျက်မှန်အစားထိုး မှန်ဘီလူး) ထည့်ဖို့ လိုအပ်တာလဲ⁉အတွင်းတိမ်ခွဲစိတ်ကုသမှုဆိုတာ ပျက်...
01/05/2026

အတွင်းတိမ်ခွဲစိတ်တဲ့အခါ ဘာကြောင့် IOL (မျက်မှန်အစားထိုး မှန်ဘီလူး) ထည့်ဖို့ လိုအပ်တာလဲ⁉

အတွင်းတိမ်ခွဲစိတ်ကုသမှုဆိုတာ ပျက်စီးသွားတဲ့ မျက်လုံးတွင်းသဘာဝမှန်ဘီလူးကို ဖယ်ရှားပြီး ကြည်လင်တဲ့ အမြင်ကိုပြန်လည်ရရှိအောင် ကုသပေးတာဖြစ်ပါတယ်။ ဒါပေမယ့် ခွဲစိတ်ရုံတင်မကဘဲ ဘာကြောင့် IOL လို့ခေါ်တဲ့ အစားထိုးမှန်ဘီလူးကိုပါ တစ်ခါတည်းထည့်သွင်းရတာလဲ💁

✨ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းကို ပြန်လည်ရရှိစေဖို့
မျက်လုံးထဲကသဘာဝအတိုင်းရှိနေတဲ့ Lens ဟာ အလင်းကိုစုဆုံပေးပြီး ပုံရိပ်တွေကို ထင်ရှားအောင် လုပ်ဆောင်ပေးပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ ဒီ Lens က နောက်ကျိသွားတာပါ။ ခွဲစိတ်ပြီးနောက်မှာ အစားထိုးမှန်ဘီလူး (IOL) မထည့်ဘူးဆိုရင် မျက်လုံးကအလင်းကို ကောင်းကောင်းမစုနိုင်တော့ဘဲ ဝါးနေဆဲ ဖြစ်ပါလိမ့်မယ်။

✨ မျက်မှန်ထူထူကြီးတွေ တပ်စရာမလိုတော့အောင်
အရင်ခေတ်က အတွင်းတိမ်ခွဲရင် အစားထိုးမှန်ဘီလူးမထည့်နိုင်တဲ့အတွက် ခွဲပြီးရင် အလွန်ထူတဲ့ မျက်မှန်ကြီးတွေ တပ်ရလေ့ရှိပါတယ်။ အခုခေတ်မှာတော့ IOL ကြောင့် ခွဲစိတ်ပြီးတာနဲ့ သဘာဝအတိုင်း ကြည်လင်တဲ့ အမြင်အာရုံကိုရရှိစေပြီး မျက်မှန်အပေါ် မှီခိုရမှုကို လျှော့ချပေးနိုင်ပါတယ်။

✨ တစ်သက်စာအတွက် စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု
IOL ဆိုတာ သင့်မျက်လုံးထဲမှာတစ်သက်လုံးရှိနေမှာဖြစ်ပြီး ပြန်လဲစရာ ဒါမှမဟုတ် အထူးတလည် ဂရုစိုက်နေစရာ မလိုပါဘူး။ အရည်အသွေးမြင့် IOL တွေဟာ မျက်လုံးကို UV ဒဏ်ကနေပါ ကာကွယ်ပေးနိုင်ပါသေးတယ်။

✨ မိမိနဲ့ကိုက်ညီမယ့် အမျိုးအစားကိုရွေးချယ်နိုင်ခြင်း
အနီးကြည့်၊ အဝေးကြည့် သို့မဟုတ် နှစ်မျိုးလုံးကြည်လင်စေမယ့် Multifocal IOL စတဲ့ အမျိုးအစားအမျိုးမျိုးရှိတာကြောင့် မိမိရဲ့ နေထိုင်မှုပုံစံ (Lifestyle) ပေါ်မူတည်ပြီးရွေးချယ်နိုင်ပါတယ်။
အတွင်းတိမ်ခွဲစိတ်မှုဟာ သင့်ဘဝရဲ့ မြင်ကွင်းသစ်ကို ပြန်လည်ရရှိအောင်ကုသပေးတာပါ။ ဒါကြောင့် ARYU International Specialist Eye Centre မှာအကောင်းဆုံးသော IOL အမျိုးအစားတွေကို ကျွမ်းကျင်တဲ့ မျက်စိအထူးကုဆရာဝန်ကြီးများနဲ့ တိုင်ပင်ပြီး ရွေးချယ်နိုင်ပါတယ်….

ဆရာဝန်နှင့်ဆွေးနွေးရန် / ရက်ချိန်းရယူရန်အတွက်👇
📞09 898 6000 95, 09 898 6000 96 သို့ ဖုန်းဆက်၍ ရက်ချိန်းကြိုတင်ယူပေးရန် လိုအပ်ပါသည်။
⏰ဆေးခန်းဖွင့်ချိန် - မနက်၉နာရီမှ ညနေ၆နာရီ
🏥မြေညီထပ်၊ အဆောင် (B) အာယုအင်တာနေရှင်နယ်ဆေးရုံ။ အမှတ် (၄၀၀)၊ ကျိုက္ကဆံလမ်း၊
တာမွေမြို့နယ်၊ ရန်ကုန်။

#အတွင်းတိမ် #မျက်စိကျန်းမာရေး #အမြင်အာရုံကြည်လင်စေဖို့

🧑‍🏭"International Labour Day" | 1st May 2026🧑‍💻👩‍💼🧑‍🔧၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်  တွင် ကျရောက်သော "အပြည်ပြည်ဆိုင်ရာ အလုပ်သမ...
01/05/2026

🧑‍🏭"International Labour Day" | 1st May 2026🧑‍💻

👩‍💼🧑‍🔧၂၀၂၆ ခုနှစ်၊ မေလ (၁) ရက် တွင် ကျရောက်သော "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့"
တွင် ကမ္ဘာတဝှမ်းရှိ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အစရှိသည့် လုပ်ငန်းခွင် ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအားလုံးနှင့် အာယုအင်တာနေရှင်နယ်ဆေးရုံကြီးတွင် တာဝန်ထမ်း​ဆောင်လျက်ရှိ​သော သက်ဆိုင်ရာဌာနအသီးသီးမှ ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုများကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။💖

✨ကျွန်ုပ်တို့အနေဖြင့် အာယုအင်တာနေရှင်နယ်ဆေးရုံကြီးသို့လာရောက်ဆေးကုသမှုခံယူနေသော မိဘပြည်သူများအတွက် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုများ အစဉ်အမြဲဆောင်ရွက်ပေးသွားနိုင်ရန်အတွက်လည်း ဆက်လက်ကြိုးစားသွားပါမည်။ 💙💛

🏥
🌏
🫶
👷

30/04/2026

🧠🚶‍♀️‍➡️ပါကင်ဆန်ရောဂါကို အရှင်းပျောက်ကင်းအောင် ကုသနိုင်ပါသလား?

🧠🚶‍♀️‍➡️၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ကျရောက်သော 𝗣𝗮𝗿𝗸𝗶𝗻𝘀𝗼𝗻𝘀' 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗠𝗼𝗻𝘁𝗵 "ပါကင်ဆန်ရောဂါအထိမ်းအမှတ်လ"အဖြစ် 𝗔𝗿 𝗬𝘂 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗛𝗼𝘀𝗽𝗶𝘁𝗮𝗹 နှင့် Kusum Healthcare Myanmar တို့မှ ပူးပေါင်း၍ အသိပညာပေးဆွေးနွေးပွဲကို မိဘပြည်သူများ ဗဟုသုတရစေရန် ရည်ရွယ်၍ စီစဉ်တင်ဆက်ပေးလိုက်ပါသည်။💖💖💖

💫ယခုအစီအစဉ်တွင် အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီး 👩‍⚕️ပါမောက္ခ ဒေါက်တာ ယဉ်မင်းအေး မှ ပါကင်ဆန်ရောဂါလက္ခဏာနဲ့ လွှဲမှားတတ်တဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ရောဂါအဆင့်ကို ဘယ်လိုခွဲခြားသတ်မှတ်သလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ကုသလို့ရပါသလဲ။ အရှင်းပျောက်ကင်းအောင် ကုသနိုင်ပါသလား။ ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်လို့ရပါသလဲ။ ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ ဆိုတာတွေကို အပိုင်း (၂) အနေဖြင့် ပြည့်ပြည့်စုံစုံ ဆွေးနွေးပြောကြားပေးထားတာပဲ ဖြစ်ပါတယ်။💫

🫶🏻နောက်အပတ်များတွင်လည်း ကျန်းမာရေးဗဟုသုတရဖွယ်အကြောင်းအရာများကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်အပ်ပါတယ်နော်🫶🏻

🧠🚶‍♀️‍➡️"𝗕𝗿𝗶𝗱𝗴𝗲 𝘁𝗵𝗲 𝗖𝗮𝗿𝗲 𝗚𝗮𝗽"🚶‍♀️‍➡️🧠

🏥
🌏
🫶
🧠
🧠
🚶‍♀️‍➡

🕊ယနေ့ သည် ဗုဒ္ဓဘာသာဝင်တို့အထွတ်အမြတ်ထားရာ "ကဆုန်လပြည့်" နေ့ထူးနေ့မြတ် ဖြစ်ပါသည်။☀️ကဆုန်လပြည့်နေ့၏ ထူးခြားချက်များမှာ -"ဗ...
30/04/2026

🕊ယနေ့ သည် ဗုဒ္ဓဘာသာဝင်တို့အထွတ်အမြတ်ထားရာ "ကဆုန်လပြည့်" နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

☀️ကဆုန်လပြည့်နေ့၏ ထူးခြားချက်များမှာ -
"ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း" ဆိုသည်နှင့်အညီ သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်
၁။ ဗျာဒိတ်ခံယူသောနေ့၊
၂။ ဖွားမြင်တော်မူသောနေ့၊
၃။ ဘုရားဖြစ်တော်မူသောနေ့၊
၄။ ပရိနိဗ္ဗာန်စံတော်မူသောနေ့ တို့ဖြစ်ပါသည်။

🌳ကဆုန်ညောင်ရေသွန်းပွဲဖြစ်ပေါ်လာပုံမှာ -
🙏မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌ မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမဝင်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။
☀️ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် နှစ်စဉ်ကဆုန်လပြည့်နေ့သို့ရောက်တိုင်း "မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကိုအောင်နိုင်ရာ၊ သစ္စာ၄ပါးကိုသိမြင်ရာ၊ ဘုရားအဖြစ်သို့ရောက်တော်မူရာ" ဋ္ဌာနဖြစ်သော မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး “ညောင်ပင်”များကို ရေသွန်းလောင်း ပူဇော်လေ့ရှိကြသည်။ အဓိကရည်ရွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်းမခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင် ဖြစ်သည်။

🪷ကဆုန်လပြည့်နေ့တွင် မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြ၍ ကောင်းကျိုးမင်္ဂလာအဖြာဖြာ ပြည့်စုံကြပါစေကြောင်း အာယုအင်တာနေရှင်နယ်ဆေးရုံကြီးမိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။💖

29/04/2026

🧠🚶‍♀️‍➡️ပါကင်ဆန်ရောဂါဖြစ်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလဲ?

🧠🚶‍♀️‍➡️၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ကျရောက်သော 𝗣𝗮𝗿𝗸𝗶𝗻𝘀𝗼𝗻𝘀' 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗠𝗼𝗻𝘁𝗵 "ပါကင်ဆန်ရောဂါအထိမ်းအမှတ်လ"အဖြစ် 𝗔𝗿 𝗬𝘂 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗛𝗼𝘀𝗽𝗶𝘁𝗮𝗹 နှင့် Kusum Healthcare Myanmar တို့မှ ပူးပေါင်း၍ အသိပညာပေးဆွေးနွေးပွဲကို မိဘပြည်သူများ ဗဟုသုတရစေရန် ရည်ရွယ်၍ စီစဉ်တင်ဆက်ပေးလိုက်ပါသည်။💖💖💖

💫ယခုအစီအစဉ်တွင် အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီး 👩‍⚕️ပါမောက္ခ ဒေါက်တာ ယဉ်မင်းအေး မှ ပါကင်ဆန်ရောဂါဆိုတာဘာလဲ။ ရောဂါဖြစ်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလဲ။ ဘယ်အသက်အရွယ်မှာဖြစ်ပွားတတ်လဲ။ ရောဂါစဖြစ်ပြီဆိုရင် ဘယ်လိုလက္ခဏာတွေပြတတ်လဲ။ နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ။ ရောဂါကို ဘယ်လိုစမ်းသပ်သိရှိနိုင်မလဲ ဆိုတာတွေကို အပိုင်း (၁) အနေဖြင့် ပြည့်ပြည့်စုံစုံ ဆွေးနွေးပြောကြားပေးထားတာပဲ ဖြစ်ပါတယ်။💫

🫶🏻နောက်အပတ်များတွင်လည်း ပါကင်ဆန်ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဗဟုသုတရဖွယ်အကြောင်းအရာများကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်အပ်ပါတယ်နော်🫶🏻

🧠🚶‍♀️‍➡️"𝗕𝗿𝗶𝗱𝗴𝗲 𝘁𝗵𝗲 𝗖𝗮𝗿𝗲 𝗚𝗮𝗽"🚶‍♀️‍➡️🧠

🏥
🌏
🫶
🧠
🧠
🚶‍♀️‍➡

🧠 ဦးနှောက် နှင့် အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီးများ (Neurosurgeons)👨‍⚕️ Prof. Myat Thu | ပါမောက္ခ မြတ်သူM.B.,B.S, F.R...
28/04/2026

🧠 ဦးနှောက် နှင့် အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီးများ (Neurosurgeons)

👨‍⚕️ Prof. Myat Thu | ပါမောက္ခ မြတ်သူ
M.B.,B.S, F.R.C.S (Edin), Dr. Med. Sc (Neuro Surgery), Professor/ Head Department of Neurosurgery (Yangon General Hospital)
🕖 Tue, Thurs

👨‍⚕️ Prof. Tin Htun Aung | ပါမောက္ခ တင်ထွန်းအောင်
M.B.,B.S (RGN),F.R.C.P & S(Glasgow),F.R.C.S(Edin),F.R.A.C.S(Australia & NZ)
F.H.K.A.M(Neurosurgery),FCS HK(College of Surgeons of Hong Kong)
R.D.M.S(AB, OBG) R.V.T (Certified sonographer & Vascular Technologist ,USA)
🕖Wed

👨‍⚕Asso. Prof. Aung Thu Soe Myint | ဒေါက်တာ အောင်သူစိုးမြင့်
M.B.,B.S (Ygn), M. Med. Sc (Surgery), M.R.C.S (Edin), Dr. Med. Sc (Neurosurgery)
🕖 Mon,Wed,Sat, Sun

👨‍⚕ Asso Prof. Thar San | တွဲဖက်ပါမောက္ခသာဆန်း
MBBS,M Med Sc(Surgery),Dr Med Sc(Neurosurgery),
MRCS (Ed-UK),IFAANS(USA)"
🕖 Sat, Sun

👨‍⚕️ Dr. Thet Maung Maung | ဒေါက်တာ သက်မောင်မောင်
M.B.,B.S, M. Med. Sc (Neurosurgery)
🕖 Mon, Tue, Sat

👩‍⚕️ Dr. Mya Hla Kywe | ဒေါက်တာ မြလှကြွယ်
M.B., B.S, M. Med. Sc (Neurosurgery),Dr. Med. Sc (Neuro Surgery)
🕖 Mon to Fri

👨‍⚕️ Dr. Sein Win | ဒေါက်တာ စိန်ဝင်း
M.B.,B.S,(Ygn), M. Med. Sc (Surgery), MRCSEd (UK), SNI Fellowship (Switzerland), Dr. Med. Sc (Neurosurgery)
🕖 Thurs
------------------------------------------------------
👨‍⚕️👩‍⚕️အာယုအင်တာနေရှင်နယ်ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများနှင့် ရက်ချိန်းရယူလိုပါက အောက်ပါ link ကိုနှိပ်၍ Careme bot မှတစ်ဆင့် booking ရယူနိုင်ပါသည်။
Messenger 👉http://m.me/caremebots?ref=booking_aryu
Viber 👉https://ymbhub.com/1GAg
------------------------------------------------------
💙💛ကျန်းမာရေးအတွက် အားထားရာ အာယုဆေးရုံပါ💛💙

🏥 အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ ကျန်းမာရေးဝန်ဆောင်မှုများရယူနိုင်ရန် နှင့်အသေးစိတ်သိရှိနိုင်ရန်အတွက် ​အောက်ပါဖုန်းနံပါတ်သို့ (၂၄)နာရီ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်း စုံစမ်းသိရှိနိုင်ပါသည်။
Ar Yu Call Center
📞 (01) 9376 200

🏥 အမှတ်-၄၀၀၊ ကျိုက္ကဆံလမ်း၊ တာ​မွေမြို့နယ်၊ ရန်ကုန်မြို့။

🏥
🌏
🫶
👩‍⚕

28/04/2026

🩺 ကျောရိုးနာကျင်မှုကြောင့် နေ့စဉ်ဘဝ ထိခိုက်နေပါသလား❓

🩻 ခါးနာခြင်း၊ ကျောရိုးနာခြင်းများသည် နေ့စဉ်လုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေပြီး လူနေမှုဘဝအရည်အသွေးကိုလည်း ကျဆင်းစေနိုင်ပါသည်။ အထူးသဖြင့် ခါးနာမှုက ခြေထောက်သို့ ပြန့်သွားခြင်း၊ လမ်းလျှောက်ရာတွင် နာကျင်မှုတိုးလာခြင်းများရှိပါက အချိန်မီ ကုသမှုရယူရန် အရေးကြီးပါသည်။

✈️ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူလိုသူများအတွက် သတင်းကောင်း
🏨 အာယုအင်တာနေရှင်နယ်ဆေးရုံကြီးမှ မြန်မာနိုင်ငံသားများအတွက် ဘန်ကောက်မြို့ရှိ 𝐓𝐡𝐨𝐧𝐛𝐮𝐫𝐢 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 - ထွန်ဘူရီဆေးရုံကြီးတွင် နိုင်ငံတကာအဆင့်မီ ဆေးကုသမှုများကို အလွယ်တကူ သွားရောက်ကုသနိုင်ရန်အတွက် 📜 𝐀𝐫 𝐘𝐮 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞 ဖြင့်ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။💝

🔬 𝗘𝗻𝗱𝗼𝘀𝗰𝗼𝗽𝗲 (ကင်မရာဖြင့် ခွဲစိတ်နည်း) အသုံးပြုကုသမှု၏ အားသာချက်များ-
✅ ဒဏ်ရာသေးငယ်ခြင်း (၂–၃ မီလီမီတာသာ)
✅ နာကျင်မှုနည်းပါးခြင်း
✅ ပြန်လည်ကောင်းမွန်မှု မြန်ဆန်ခြင်း
✅ အလုပ်နှင့် နေ့စဉ်ဘဝသို့ အမြန်ပြန်ဝင်နိုင်ခြင်း

⚠️ခါးနာခြင်းကို ပေါ့ပေါ့ဆဆ မမှတ်ယူသင့်ပါ။ အချိန်ကြာလာပါက အာရုံကြောပျက်စီးမှုများ ဖြစ်ပေါ်နိုင်သောကြောင့် မပျက်မကွက် ဆရာဝန်နှင့် တိုင်ပင်စစ်ဆေးရန် လိုအပ်ပါသည်။⚠️

✈️𝐀𝐫 𝐘𝐮 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞 အကြောင်း အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်သို့ ရုံးချိန် နံနက် (၉) နာရီ မှ ညနေ (၅) နာရီအတွင်း တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

✈️𝐀𝐫 𝐘𝐮 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐑𝐞𝐟𝐞𝐫𝐫𝐚𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞
09-765 684 170

🏥 အမှတ် ၄၀၀၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။

🏥
🌏
🫶



🩻
🩻
🩻
🩻
🩻

🧠ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးများ (Neurologists)👩‍⚕Prof. Nwe Nwe Win | ပါမောက္ခ နွယ်နွယ်ဝင်းM.B.,B.S (YGN), M...
28/04/2026

🧠ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးများ (Neurologists)

👩‍⚕Prof. Nwe Nwe Win | ပါမောက္ခ နွယ်နွယ်ဝင်း
M.B.,B.S (YGN), M. Med. Sc (Int Med), Dip Med Sc (ME), MRCP (UK), FRCP (London)
🕖 Sat, Sun

👩‍⚕Prof. Seinn Mya Mya Aye | ပါမောက္ခ စိမ်းမြမြအေး
M.B.,B.S, M. Med. Sc (Int Med) , MRCP (UK), FRCP (Edin), Dip. Med. Sc (Neurology)
🕖Mon, Fri

👨‍⚕Prof. San Oo | ပါမောက္ခ စမ်းဦး
M.B.,B.S, M. Med. Sc (Int.Med), Dr. Med. Sc (Neurology), F.I.C.N (K.L, Malaysia)
🕖 Mon, Thurs, Sat

👩‍⚕Prof. Yin Minn Aye | ပါမောက္ခ ယဉ်မင်းအေး
M.B.,B.S, M. Med. Sc (Int Medicine), MRCP (UK), Dr. Med. Sc (Neurology), FRCP (Edin), Fellowship in Parkinson's Disease and Movement Disorders (S'pore)
🕖 Tue, Thurs, Sat, Sun

👩‍⚕Prof. Ohnmar | ပါမောက္ခ ဥမ္မာ
M.B.,B.S, M. Med. Sc (Int Medicine), MRCP (UK), Dr. Med. Sc (Neurology), FRCP (Edin)
🕖 Sun

👩‍⚕Prof. Ohnmar Saw | ပါမောက္ခ ဥမ္မာစော
M.B.,B.S, M. Med. Sc (Int.Med), MRCP (UK), FRCP (Edin), Dr. Med. Sc (Neurology), Dip. Med. Ed
🕖Mon, Fri

👩‍⚕Asso. Prof. Htet Htet Lin | တွဲဖက်ပါမောက္ခ ထက်ထက်လင်း
M.B.,B.S, M. Med. Sc (Internal Medicine), Dr. Med. Sc (Neurology), MRCP (UK), FRCP (Edin), FRCP (Glasg), Fellowship in Clinical Neurology (Malaysia)
🕖 Mon, Wed, Fri

👨‍⚕Asso. Prof. Yan Lynn Aung | တွဲဖက်ပါမောက္ခ ရန်လင်းအောင်
M. B., B .S (Ygn),M. Med. Sc (Int. Medicine),
MRCP (UK), MRCP (London),FRCP (Edin), Dr. Med. Sc (Neurology), Fellowship in Clinical Neurology (Malaysia)
🕖Wed, Fri, Sat

👩‍⚕Dr. Khine Yee Mon | ဒေါက်တာ ခိုင်ရည်မွန်
M.B.,B.S, M. Med. Sc (Int. Med), Dr. Med. Sc (Neurology), MRCP (UK), FRCP (Edin), Fellowship in Clinical Neurology & Epilepsy (Malaysia), Consultant Neurologist
🕖Sun

👨‍⚕Dr. Moe Zaw Myint | ဒေါက်တာ မိုးဇော်မြင့်
M.B.,B.S, M. Med. Sc (Int. Med), MRCP (UK), Dr. Med. Sc (Neurology), Fellowship in IONM (Switzerland), Fellowship in Epilepsy (Malaysia)
Senior Consultant Neurologist
🕖Fri, Sun

👨‍⚕Dr. Si Thu Lwin | ဒေါက်တာ စည်သူလွင်
M.B.,B.S, M. Med. Sc (Int. Medicine), MRCP (UK), Fellowship in Clinical Neurology (UMMC), Dr. Med. Sc (Neurology), FRCP (Edin)
ဦး‌နှောက်နှင့် အာရုံကြောအထူးကုသမားတော်
🕖Tue, Thurs, Sun

👨‍⚕Dr.Swe Kyinn | ဒေါက်တာ ဆွေကြင်း
M.B.,B.S, M. Med. Sc (Int Medicine), Dr. Med. Sc (Neurology), MRCP (UK), FRCP (Edinburgh), Fellowship in clinical neurology and neurophysiology (UM, Malaysia)
🕖 Fri, Sun

👨‍⚕Dr.Min Thein Naing | ဒေါက်တာ မင်းသိန်းနိုင်
M.B.,B.S, M. Med. Sc (Int Medicine), Dr. Med. Sc (Neurology), Fellowship in Neurology (UMMC, Malaysia), Lecturer/ Consultant Department of Neurology, North Okkalapa General Hospital
🕖 Mon to Fri

👩‍⚕Dr. Khaing Zar Win | ဒေါက်တာ ခိုင်ဇာ၀င်း
M.B.,B.S, M. Med. Sc (Int. Med), MRCP (UK), Dr. Med. Sc (Neurology)
🕖 Mon, Wed

👨‍⚕Dr. Zarni Myint Shwe | ဒေါက်တာ ဇာနည်မြင့်ရွှေ
M.B.,B.S, M. Med. Sc (Int Med), MRCP (UK), Dr. Med. Sc (Neurology), FRCP (Edin)
🕖 Mon

👨‍⚕Dr. Naing Ko Soe | ဒေါက်တာ နိုင်ကိုစိုး
M. B., B. S, M. Med. Sc (Internal Medicine), MRCP(UK), Dr. Med. Sc (Neurology), FRCP (Edin),Dip. Med. Ed
Fellowship In Neurology (SNUH.Korea & UMMC,Malaysia)
🕖Tue to Sun

👨‍⚕Dr. Kyaw Thura | ဒေါက်တာ ကျော်သူရ
M.B.,B.S,M. Med. Sc(Internal Medicine) Fellowship in Neurology (MSMU & MUMMC) MRCP (UK),Dr . Med. Sc (Neurology)
🕖Mon to Fri

👨‍⚕Dr. Khin Myat Po Po Kyaw | ဒေါက်တာ ခင်မြတ်ပိုပိုကျော်
M.B.,B.S, M. Med. Sc (Int. Med),Dr. Med. Sc (Neurology),MRCP (UK), FRCP (Edin), FRCP (Glasg) Fellowship in Clinical Neurology (Malaysia)
🕖Tue, Fri
-----------------------------------------------------
👨‍⚕️👩‍⚕️အာယုအင်တာနေရှင်နယ်ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများနှင့် ရက်ချိန်းရယူလိုပါက အောက်ပါ link ကိုနှိပ်၍ Careme bot မှတစ်ဆင့် booking ရယူနိုင်ပါသည်။
Messenger 👉http://m.me/caremebots?ref=booking_aryu
Viber 👉https://ymbhub.com/1GAg
------------------------------------------------------
💙💛ကျန်းမာရေးအတွက် အားထားရာ အာယုဆေးရုံပါ💛💙

🏥 အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ ကျန်းမာရေးဝန်ဆောင်မှုများရယူနိုင်ရန် နှင့်အသေးစိတ်သိရှိနိုင်ရန်အတွက် ​အောက်ပါဖုန်းနံပါတ်သို့ (၂၄)နာရီ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်း စုံစမ်းသိရှိနိုင်ပါသည်။
Ar Yu Call Center
📞 (01) 9376 200

🏥 အမှတ်-၄၀၀၊ ကျိုက္ကဆံလမ်း၊ တာ​မွေမြို့နယ်၊ ရန်ကုန်မြို့။

🏥
🌏
🫶
👩‍⚕

🧚‍♀️✨ကျန်းမာပြီး လှပတဲ့ အမျိုးသမီးများအတွက် 𝐀𝐦𝐚𝐳𝐢𝐧𝐠 𝐖𝐨𝐦𝐚𝐧 𝐏𝐚𝐜𝐤𝐚𝐠𝐞 ကိုကြိုတင်စစ်ဆေးခြင်းဖြင့် တောက်ပတဲ့ အနာဂတ်ကို ဖန်တီးလ...
27/04/2026

🧚‍♀️✨ကျန်းမာပြီး လှပတဲ့ အမျိုးသမီးများအတွက် 𝐀𝐦𝐚𝐳𝐢𝐧𝐠 𝐖𝐨𝐦𝐚𝐧 𝐏𝐚𝐜𝐤𝐚𝐠𝐞 ကိုကြိုတင်စစ်ဆေးခြင်းဖြင့် တောက်ပတဲ့ အနာဂတ်ကို ဖန်တီးလိုက်ပါ✨🧚‍♀️

𝐏𝐚𝐜𝐤𝐚𝐠𝐞 - 𝐀
🩷𝗔𝗹𝗹 𝗶𝗻 𝗢𝗻𝗲 (𝗣𝗿𝗲𝗺𝗶𝘂𝗺)
🔺Normal Price - 500,000 MMK
✅𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐫𝐢𝐜𝐞 - 𝟰𝟯𝟬,𝟬𝟬𝟬 𝐌𝐌𝐊
Package တွင် ပါဝင်သော ဝန်ဆောင်မှုများ -
- ဆရာဝန်မှ စမ်းသပ်စစ်ဆေးပေးခြင်း။
- ရင်သားဓာတ်မှန်နှင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်၍ စစ်ဆေးခြင်း။
- ဝမ်းဗိုက်တယ်လီဗေးရှင်းဓာတ်မှန်ရိုက်၍ စစ်ဆေးခြင်း။
- ရင်သားကင်ဆာဖြစ်နိုင်ခြေ ရှိ၊မရှိ စစ်ဆေးခြင်း (𝗖𝗔𝟭𝟱𝟯)။
- သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ ရှိ၊မရှိ စစ်ဆေးခြင်း (𝗖𝗔𝟭𝟮𝟱)။
- သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း 𝗧𝗵𝗶𝗻𝗣𝗿𝗲𝗽 𝗧𝗲𝘀𝘁 (𝗟𝗶𝗾𝘂𝗶𝗱 𝗕𝗮𝘀𝗲)။
- သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း (𝗛𝗣𝗩 𝗗𝗡𝗔 𝗛𝗖𝗜𝗜 & 𝗣𝗮𝘁𝗵 𝗧𝗲𝘀𝘁)။
- ကျန်းမာရေးဝန်ဆောင်မှုပြုလုပ်ပေးခြင်း။

𝐏𝐚𝐜𝐤𝐚𝐠𝐞 - 𝐁
🩷𝗕𝗿𝗲𝗮𝘀𝘁 𝗖𝗮𝗻𝗰𝗲𝗿
🔺Normal Price - 200,000 MMK
✅𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐫𝐢𝐜𝐞 - 𝟭𝟲𝟬,𝟬𝟬𝟬 𝐌𝐌𝐊
Package တွင် ပါဝင်သော ဝန်ဆောင်မှုများ -
- ဆရာဝန်မှ စမ်းသပ်စစ်ဆေးပေးခြင်း။
- ရင်သားဓာတ်မှန်နှင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်၍ စစ်ဆေးခြင်း။
- ရင်သားကင်ဆာဖြစ်နိုင်ခြေ ရှိ၊မရှိ စစ်ဆေးခြင်း (𝗖𝗔𝟭𝟱𝟯)။
- ကျန်းမာရေးဝန်ဆောင်မှုပြုလုပ်ပေးခြင်း။

𝐏𝐚𝐜𝐤𝐚𝐠𝐞 - 𝐂
🩷𝗖𝗲𝗿𝘃𝗶𝗰𝗮𝗹 𝗖𝗮𝗻𝗰𝗲𝗿
🔺Normal Price - 160,000 MMK
✅𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐫𝐢𝐜𝐞 - 𝟭𝟮𝟬,𝟬𝟬𝟬 𝐌𝐌𝐊
Package တွင် ပါဝင်သော ဝန်ဆောင်မှုများ -
- ဆရာဝန်မှ စမ်းသပ်စစ်ဆေးပေးခြင်း။
- သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ ရှိ၊မရှိ စစ်ဆေးခြင်း (𝗖𝗔𝟭𝟮𝟱)။
- သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း 𝗧𝗵𝗶𝗻𝗣𝗿𝗲𝗽 𝗧𝗲𝘀𝘁 (𝗟𝗶𝗾𝘂𝗶𝗱 𝗕𝗮𝘀𝗲)။
- ကျန်းမာရေးဝန်ဆောင်မှုပြုလုပ်ပေးခြင်း။

🦋 𝐀𝐦𝐚𝐳𝐢𝐧𝐠 𝐖𝐨𝐦𝐚𝐧 𝐏𝐚𝐜𝐤𝐚𝐠𝐞 များကို အာယုအင်တာနေရှင်နယ်ဆေးရုံကြီး Main Building, Level - 2 ရှိ 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫 တွင် နေ့စဥ် နံနက် (၇) နာရီ မှ နေ့လည် (၁၂) နာရီ အတွင်း စစ်ဆေးနိုင်ပြီး အနည်းဆုံး (၁) ရက် ကြိုတင် booking ရယူရန်လိုအပ်ပါသည်။🌟

💢အထက်ပါ ဈေးနှုန်းများနှင့် စည်းကမ်းချက်များမှာ ပြောင်းလဲမှုရှိနိုင်ပါသည်။💢

📅𝗩𝗮𝗹𝗶𝗱 𝗣𝗲𝗿𝗶𝗼𝗱: 𝟭𝘀𝘁 𝗝𝗮𝗻 𝟮𝟬𝟮𝟲 ~ 𝟯𝟬𝘁𝗵 𝗝𝘂𝗻 𝟮𝟬𝟮𝟲
------------------------------------------------------
💙💛ကျန်းမာရေးအတွက် အားထားရာ အာယုဆေးရုံပါ💛💙

🏥 အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ ကျန်းမာရေးဝန်ဆောင်မှုများရယူနိုင်ရန် နှင့်အသေးစိတ်သိရှိနိုင်ရန်အတွက် ​အောက်ပါဖုန်းနံပါတ်သို့ (၂၄)နာရီ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်း စုံစမ်းသိရှိနိုင်ပါသည်။
Ar Yu Call Center
📞 (01) 9376 200

🏥 အမှတ်-၄၀၀၊ ကျိုက္ကဆံလမ်း၊ တာ​မွေမြို့နယ်၊ ရန်ကုန်မြို့။

🏥
🌏
🫶
🦋
👩

💫အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ 🩺နောက်ဆုံးရကျန်းမာရေးသတင်းအချက်အလက်များ၊ 📚ဆေးပညာဆိုင်ရာအသိပညာမျှဝေမှုများ၊ 🎉အထူးပွဲအစီအစဉ...
27/04/2026

💫အာယုအင်တာနေရှင်နယ်ဆေးရုံကြီး၏ 🩺နောက်ဆုံးရကျန်းမာရေးသတင်းအချက်အလက်များ၊ 📚ဆေးပညာဆိုင်ရာအသိပညာမျှဝေမှုများ၊ 🎉အထူးပွဲအစီအစဉ်များ နှင့် ✨ဝန်ဆောင်မှုအသစ်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် ကျွန်ုပ်တို့၏ 𝑭𝒂𝒄𝒆𝒃𝒐𝒐𝒌, 𝑻𝒊𝒌𝑻𝒐𝒌, 𝑰𝒏𝒔𝒕𝒂𝒈𝒓𝒂𝒎, 𝒀𝒐𝒖𝑻𝒖𝒃𝒆 နှင့် 𝑳𝒊𝒏𝒌𝒆𝒅𝑰𝒏 𝒔𝒐𝒄𝒊𝒂𝒍 𝒎𝒆𝒅𝒊𝒂 𝒄𝒉𝒂𝒏𝒏𝒆𝒍 များအားလုံးကို အထက်ပါ 𝐐𝐑 𝐂𝐨𝐝𝐞 များမှတစ်ဆင့် လွယ်ကူစွာ Follow လုပ်ထားပြီး အမြဲတမ်းချိတ်ဆက်ထားကြပါစို့နော် 💙📱🌐

📞 Ar Yu Call Center
☎️ (01) 9376 200

🏥 အမှတ်-၄၀၀၊ ကျိုက္ကဆံလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

🏥
🌏
🫶
📱
👩‍💻
🧑‍⚕️

Address

No. 400, Kyaik Ka San Road, Tamwe Township
Yangon
11211

Alerts

Be the first to know and let us send you an email when Ar Yu - အာယု International Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ar Yu - အာယု International Hospital:

Share