U-Like Myanmar

U-Like Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U-Like Myanmar, Medical and health, Yangon.

26/12/2023

***Night out ထွက်ရင် မလုပ်သင့်တဲ့အချက်များ***

Casts - Lwin Gyi x Kyaw Tun - KT x Pauk C - PC
Special Guest - Whizz
Edited by Lwin Gyi
Eng translation - Hnin Wut Yi Myaing

ဒီ videoလေးကို မျိုးဆက်ပွားကျန်းမာရေးအတွက် ကျန်းမာရေးဗဟုသုတတွေ မျှဝေနေတဲ့ U-like Myanmar Pageမှာလည်း ကြည့်ရှုနိုင်ပါတယ်

ယူတို့ရေ .. U-like Myanmarဖေ့စ်ဘုတ်ပေ့ချ်ကနေ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး တင်ပေးထားတဲ့ ပို့စ်တွေ၊ ဗီဒီယိုတွေနဲ့ ပ...
20/12/2023

ယူတို့ရေ .. U-like Myanmarဖေ့စ်ဘုတ်ပေ့ချ်ကနေ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး တင်ပေးထားတဲ့ ပို့စ်တွေ၊ ဗီဒီယိုတွေနဲ့ ပတ်သက်တဲ့ ဥာဏ်စမ်းမေးခွန်းလေးတွေမေးထားတာ ဖြေနိုင်ကြရဲ့လား
ဒီနေ့တော့ မေးခွန်းရဲ့အဖြေမှန်လေးတွေကို ပြောပြရင်း အဖြေမှန်သူတွေထဲက ကံထူးသူ ၁၀ယောက်ကို ကြေညာပေးသွားမယ်နော်...
အဖြေမှန်လေးတွေကတော့
၁။ သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံတွင် ဒုတိယအဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်သည်။
(ခ) မှား
၂။ သားဆက်ခြားနည်းလမ်း‌များတွင် မလိုလားတဲ့ ကိုယ်ဝန်ရခြင်းသာမက လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကိုပါမကူးစက်‌အောင် ကာကွယ်နိုင်သောနည်းလမ်း‌မှာ-------------ဖြစ်သည်။
(ခ) ကွန်ဒုံး
၃။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက်ကိုးနှစ်မှ ဆယ့်လေးနှစ်ကြားအရွယ် လိင်ဆက်ဆံမှုမရှိခင်မှာ ထိုးထားလျှင်
(ခ) ၉၅% ကာကွယ်နိူင်သည်။
၄။ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ရတဲ့အခါ အကြမ်းဖက်ခံရသူကို အပြစ်ရှိသူအနေနဲ့ လက်ညှိုးထိုးပြစ်တင်ခြင်းမျိုး မပြုလုပ်ဘဲ ကနဦး ကူညီပံ့ပိုးမှုအဆင့်-----------ရှိသည်။
(ဂ) ၅ ဆင့်
၅။ (၃) လခံ သားဆက်ခြားထိုးဆေးသည် ရေရှည်သားဆက်ခြားနည်းလမ်းဖြစ်သည်။
(ခ) မှား
၆။ ရာသီလာစဉ် မိန်းမကိုယ်ကို ပိုမိုသန့်ရှင်းစေရန်အတွက် ဆပ်ပြာ၊ အမျိုးသမီးလစဉ်သုံးဆေးရည်များကို အသုံးပြုသင့်သည်။
(ခ) မှား

မေးခွန်းလေးတွေကို အများကြီး စိတ်ဝင်တစား ဖြေဆိုပေးကြတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်ရှင့်။ Facebook Comment Pickerလေးနဲ့ အဖြေမှန်သူတွေထဲက ကံထူးသူ ၁၀ယောက်ကို ရွေးချယ်ထားတာဖြစ်ပါတယ်။ ကံထူးတဲ့သူလေးတွေက U-Like Myanmarရဲ့ Messenger ကို လာရောက်ဆက်သွယ်ပေးကြပါနော်။
ကံမထူးလိုက်တဲ့သူတွေကလဲ နောက်လတွေမှာ ဥာဏ်စမ်းမေးခွန်းလေးတွေရှိသေးတာမို့ အားမလျော့ကြနဲ့ဦးနော်။
မျိုးဆက်ပွားကျန်းမာရေးအသိပညာတွေ ပိုမိုရရှိဖို့ U-Like Myanmar Page ကို စောင့်ကြည့်ပေးကြပါဦးနော်

17/12/2023

📣ယူတို့ရေ…..🎊ဒီနှစ်ထဲမှာ https://www.facebook.com/ulikesrmncah/ U-like Myanmarဖေ့စ်ဘုတ်ပေ့ချ်ကနေ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး တင်ပေးထားတဲ့ ပို့စ်နဲ့ ဗီဒီယိုတွေကို နှစ်သက်ကြမယ်ထင်ပါတယ်။ ပါဝင်ကြည့်ရှုပေးကြတဲ့ ယူတို့အယောက်ဆီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။ 🎊ဒီတစ်ခါ ပါဝင်ပေးရမှာကတော့ တင်ပေးခဲ့တဲ့ ပို့စ်နဲ့ ဗီဒီယိုတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ဘယ်လောက်မှတ်မိကြလဲဆိုတာကို ဆန်းစစ်တဲ့ အနေနဲ့ ဥာဏ်စမ်းမေးခွန်းလေးတချို့ကို ဖြေပေးရမှာပါ။ မေးခွန်းအားလုံးကို အဖြေမှန်အောင် ဖြေဆိုနိုင်ရင် အဲ့သူတွေထဲက ကံထူးသူ ၁၀ဦးကို ၂၀ရက်နေ့ကြေညာပြီး ဖုန်းဘေလ်လက်ဆောင်လေးတွေ 🎁ပေးသွားမှာမို့ ကြိုးစားပြီး ဖြေကြည့်ပေးကြဦးနော်။ 📣
မေးခွန်းလေးတွေကတော့

၁။ သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံတွင် ဒုတိယအဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်သည်။
(က) မှန်
(ခ) မှား
၂။ သားဆက်ခြားနည်းလမ်း‌များတွင် မလိုလားတဲ့ ကိုယ်ဝန်ရခြင်းသာမက လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကိုပါမကူးစက်‌အောင် ကာကွယ်နိုင်သောနည်းလမ်း‌မှာ-------------ဖြစ်သည်။
(က) သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်း
(ခ) ကွန်ဒုံး
(ဂ) သုံးလခံသားဆက်ခြားထိုးဆေး
၃။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက်ကိုးနှစ်မှ ဆယ့်လေးနှစ်ကြားအရွယ် လိင်ဆက်ဆံမှုမရှိခင်မှာ ထိုးထားလျှင်
(က) ၉၀% ကာကွယ်နိူင်သည်။
(ခ) ၉၅% ကာကွယ်နိူင်သည်။
(ဂ) ၈၅% ကာကွယ်နိူင်သည်။
၄။ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ရတဲ့အခါ အကြမ်းဖက်ခံရသူကို အပြစ်ရှိသူအနေနဲ့ လက်ညှိုးထိုးပြစ်တင်ခြင်းမျိုး မပြုလုပ်ဘဲ ကနဦး ကူညီပံ့ပိုးမှုအဆင့်-----------ရှိသည်။
(က) ၃ ဆင့်
(ခ) ၄ ဆင့်
(ဂ) ၅ ဆင့်
၅။ (၃) လခံ သားဆက်ခြားထိုးဆေးသည် ရေရှည်သားဆက်ခြားနည်းလမ်းဖြစ်သည်။
(က) မှန်
(ခ) မှား
၆။ ရာသီလာစဉ် မိန်းမကိုယ်ကို ပိုမိုသန့်ရှင်းစေရန်အတွက် ဆပ်ပြာ၊ အမျိုးသမီးလစဉ်သုံးဆေးရည်များကို အသုံးပြုသင့်သည်။
(က) မှန်
(ခ) မှား

12/12/2023

📢ယူတို့ရေ🙋🏻….ယနေ့ခေတ်လူငယ်တွေဟာ စိတ်ဖိစီးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါ စိတ်ထွက်ပေါက်ကိုရှာဖွေရင်း အန္တရာယ်ရှိတဲ့ နေထိုင်မှုပုံစံနဲ့ အပြုအမူတွေကို သတိမမူမိပဲ ပြုလုပ်မိတတ်ကြပါတယ်။
ဒီလိုအပြုအမူတွေဟာ HIVနဲ့ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေကိုဖိတ်ခေါ်သလိုဖြစ်နေတတ်ပြီး ရေရှည်မှာ ဘဝရဲ့အရည်အသွေးနဲ့ အနာဂတ်တွေကိုပျက်ဆီးဆုံးရှုံးရတဲ့အထိ ထိခိုက်စေနိုင်ပါတယ်။👎🏻👎🏻
ကူးစက်တတ်တဲ့ရောဂါတွေကနေ ကင်းဝေးပြီးလှပတဲ့အနာဂတ်ဘဝတွေကို ပိုင်ဆိုင်ဖို့အတွက် လူငယ်တွေအနေနဲ့ ကောင်းမွန်တဲ့ဘဝနေထိုင်မှုပုံစံတွေကိုကျင့်သုံးဖို့လိုအပ်ပါတယ်။🧘🏻🏃🏻👫
ဒါ့အပြင် မိသားစု၊သူငယ်ချင်း၊လုပ်ငန်းခွင်နဲ့ ပတ်ဝန်းကျင်ရဲ့စာနာဖေးမမှု၊ လက်တွဲခေါ်မှုနဲ့ နားလည်တတ်ကျွမ်းတဲ့ကျန်းမာရေးစောင့်ရှောက်သူတွေရဲ့ အကူအညီကလဲအရေးကြီးပါတယ်။
ဒါ့ကြောင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်ရင်း လူငယ်တွေ အပါအဝင် လူသားတိုင်း “အန္တရာယ်ကင်းတဲ့ နေထိုင်မှုဘဝကိုရွေးချယ်ပြီး HIV နှင့် လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ကြပါစို့ “📢

05/12/2023

ယူတို့ရေ……🌆ယနေ့ခေတ် တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ လူငယ်တွေအတွက် အပျော်အပါးတွေ၊ စိတ်ဖျော်ဖြေစရာ အရာတွေဟာ များပြားလွန်းလှပါတယ်။ 🍾🍻🚬🪩အပေါင်းအသင်းတွေရဲ့ စေ့ဆော်တွန်းအားပေးမှုတွေကြောင့် လမ်းမှားကို အလွယ်တကူရောက်ပြီး ပြင်မရတော့တဲ့ အမှားတွေ၊ အိတ်ချ်အိုင်ဗီ (HIV)နဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေလည်း ကူးစက်ပြီး ဘဝပျက်နိုင်ပါတယ်။ ဒီvideoလေးထဲက လူငယ်ကောင်လေးလိုအဖြစ်မျိုးမကြုံတွေ့ရလေအောင် ယနေ့ခေတ် ထက်မြက်တဲ့ လူငယ်တွေဟာ အိတ်ချ်အိုင်ဗီ (HIV)နဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့ ကွန်ဒုံးကို စနစ်တကျသုံးကြပါစို့။ နောက်ပြီး ကွန်ဒုံးတစ်မျိုးတည်းကသာ အိတ်ချ်အိုင်ဗီ (HIV)နဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို မကူးစက်အောင်ကာကွယ်ပေးရုံသာမက မလိုလားအပ်တဲ့ကိုယ်ဝန်ရရှိခြင်းမှလည်း ကာကွယ်နိုင်တယ်ဆိုတာ ယူတို့ သိတယ်ဟုတ်...။ 👍🏻 ဒါဆို..လူငယ်တွေ အပါအဝင် ပြည်သူလူထုအားလုံးလည်း တစ်ကမ္ဘာလုံးAIDSကင်းဝေးစေဖို့ မိမိတို့ကိုယ်တိုင်ကစပြီး ဦးဆောင်ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 💪🏻



🎊ယူတို့ရေ ..  အမျိုးသမီးလေးတွေအပေါ် အကြမ်းဖက်မှုတွေကိုဆန့်ကျင်တဲ့ ၁၆ရက်တာလှုပ်ရှားမှု အစီအစဉ်လေးမှာ ပါဝင်ပေးတဲ့အတွက်ရယ်၊...
30/11/2023

🎊ယူတို့ရေ .. အမျိုးသမီးလေးတွေအပေါ် အကြမ်းဖက်မှုတွေကိုဆန့်ကျင်တဲ့ ၁၆ရက်တာလှုပ်ရှားမှု အစီအစဉ်လေးမှာ ပါဝင်ပေးတဲ့အတွက်ရယ်၊ အချိန်မရလို့ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း အစီအစဉ်မှာ မပါဝင်ဖြစ်ပေမဲ့ U-like Myanmar Pageလေးကို likeလုပ်ပေးပြီး ပို့စ်လေးကို shareပေးတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။🎊
မင်မင်တို့ စည်းကမ်းချက်လေးအတိုင်း ၁၆ရက်တာလှုပ်ရှားမှု အစီအစဉ်လေးမှာ စိတ်ကူးစိတ်သန်းကောင်းကောင်းလေးနဲ့ heart ထိအောင် တင်ပြမှုလေးကို ဖန်တီးနိုင်တဲ့ သူ(၂)ဦး ဖော်ပြပေးလိုက်ပါတယ်။ 😍
မင်မင်တို့ရဲ့ ဖန်တီးနိုင်သူလေး(၂)ဦးက ဆုလေးထုတ်ယူဖို့ U-Like Myanmarရဲ့ Messenger ကို လာရောက်ဆက်သွယ်ပေးကြပါနော်။ 🎁
နောက်လတွေမှာလည်း ဥာဏ်စမ်းမေးခွန်းလေးတွေ၊ စိတ်ဝင်စားစရာ အစီအစဉ်လေးတွေရှိသေးတာမို့ ပါဝင်ပေးကြပါဦးနော်။❤️❤️❤️
မျိုးဆက်ပွားကျန်းမာရေးအသိပညာတွေ ပိုမိုရရှိဖို့ U-Like Myanmar Page ကို စောင့်ကြည့်ပေးကြပါဦးနော်



📣မတူညီကြတဲ့ လူမှုရေးစံနှုန်းသတ်မှတ်ချက်များပေါ်အခြေခံပြီး မည်သည့်လိင်စိတ်ခံယူမှုရှိသူမဆို ကျား၊မအခြေပြုအကြမ်းဖက်မှုတွေနဲ...
23/11/2023

📣မတူညီကြတဲ့ လူမှုရေးစံနှုန်းသတ်မှတ်ချက်များပေါ်အခြေခံပြီး မည်သည့်လိင်စိတ်ခံယူမှုရှိသူမဆို ကျား၊မအခြေပြုအကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုမှစလို့ အွန်လိုင်းအကြမ်းဖက်မှုတွေအထိ ပုံစံမျိုးစုံနဲ့ အကြမ်းဖက်မှုတွေဟာဖြစ်ပေါ်နေပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်မှုတွေကိုဆန့်ကျင်တဲ့ ၁၆ ရက်တာလှုပ်ရှားမှုလေးမှာ ယူတို့ကိုယ်တိုင်ပါဝင်လိုက်ပါ။📣
ဘယ်လို ပါဝင်ရမလဲဆိုတော့
(၁) U-like Myanmar Page လေးကို like လုပ်ပြီး ဒီpostလေးကို shareလုပ်‌ေပးပါ
(၂) အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုကိုဆန့်ကျင်တဲ့ရင်တွင်းစကားတွေကို heart ထိအောင်ရေးပြီး ကိုယ့်စိတ်ကူးနဲ့ဖန်တီးထားတဲ့ Photo/Graphic/Art Work လေးနဲ့ Facebook အကောင့်မှာ Publicနဲ့ တင်ပါ
(၃) U Like Myanmar ကို public post မှာ hashtag # တွဲပေးဖို့မမေ့ပါနဲ့
(၄) ကိုယ့်ရဲ့ Public တင်ထားတဲ့ပို့စ်ကို screen shot ရိုက်ပြီး ဒီပို့စ်ရဲ့အောက်မှာ comment မန့်ပေးရမှာဖြစ်ပါတယ်။
🤩 ကိုယ့်စိတ်ကူးပုံလေးတွေဖန်တီးတဲ့အခါမှာ ၁၆ ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်ကို ကိုယ်စားပြုတဲ့ “လိမ္မော်ရောင်”လေးကိုလည်း သုံးပေးဖို့ မမေ့နဲ့နော်……
စည်းကမ်းချက်နဲ့ကိုက်ညီပြီး heart အထိဆုံးတင်ပြမှုလေးကို ဖန်တီးနိုင်တဲ့ သူ(၅)ဦးကို မင်မင်တို့က ၃၀.၁၁.၂၀၂၃ မှာ ရွေးချယ်ကြေညာပြီး ဖုန်းဘေလ်လက်ဆောင်လေးတွေပေးသွားမှာဖြစ်ပါတယ်။ ယူတို့အားလုံးလဲ ဒီလှုပ်ရှားမှုလေးမှာ ပါဝင်ပေးကြပါဦီးနော်။🎊🎊🎊


16/11/2023

📣ကျား၊မအခြေပြုအကြမ်းဖက်မှုအကြောင်းသိကောင်းစရာကိုလေ့လာရင်း မိမိနဲ့ မိမိပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ ကျား၊မအခြေပြုအကြမ်းဖက်မှုအတွေ့အကြုံလေးတွေ ဝေမျှရအောင်…📣

💪မတူညီကြတဲ့ လူမှုရေး သတ်မှတ်ချက်တွေအပေါ် အခြေခံပြီး အခွင့်အရေး၊ အင်အား၊ပါဝါ မျှတမှုမရှိခြင်းကြောင့် ဘယ်လိုလိင်စိတ်ခံယူမှုရှိသူမဆို ကမ္ဘာပေါ်မှာ ကျား၊မအခြေပြုအကြမ်းဖက်မှုကို ပုံစံမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။

ကျား၊မအခြေပြုအကြမ်းဖက်မှုကို အမျိုးအစား (၆)မျိုးခွဲခြားနိုင်ပါတယ်။
၁) ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
၂) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
၃) စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
၄) နှုတ်စကားဖြင့် အကြမ်းဖက်မှု
၅) စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ အကြမ်းဖက်မှု
၆) နည်းပညာသုံး အကြမ်းဖက်မှုတို့ဖြစ်ပါတယ်။

အချက်အလက်များအရ အမျိုးသမီး (၃) ယောက်တွင် (၁) ယောက် မှာ ကျားမ အခြေပြုအကြမ်းဖက်မှု ကျူးလွန်ခြင်းကိုခံနေရပါတယ် ။ အမျိုးသမီးများ အထူးသဖြင့် မသန်စွမ်းသူများ၊ ဆယ်ကျော်သက်များသည် အကြမ်းဖက်မှုများကျုးလွန်ခံရသည့်အခါ ဖွင့်ဟထုတ်ဖော်ရန်နှင့် လိုအပ်သောပံ့ပိုးမှုများကို လက်လှမ်းမီရန်အတွက် ပိုမိုခက်ခဲကြပါသည်။
အကြမ်းဖက်မှုတွေဖြစ်ပေါ်တဲ့အခါမှာ ကျူးလွန်ခံရသူကို အပြစ်တင်ခြင်း၊ ကိုယ်နဲ့မဆိုင်သလို နှုတ်ဆိတ်နေခြင်းတို့ကြောင့် ကျူးလွန်ခံရသူကို ပိုမိုနစ်နာစေနိုင်ပါတယ်။
🫶🏻ဒါကြောင့်မို့လို့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ရတဲ့အခါ အကြမ်းဖက်ခံရသူကို အပြစ်ရှိသူအနေနဲ့ လက်ညှိုးထိုးပြစ်တင်ခြင်းမျိုး မပြုလုပ်ဘဲ ကနဦး ကူညီပံ့ပိုးမှုအဆင့် (၅)ဆင့်ကို သုံးပြီး ကူညီကြရအောင်.....
👉🏻နားထောင်ပါ (Listen) - နားလည်စာနာမှုဖြင့် ကောင်းစွာနားထောင်ပေးပါ။ ဝေဖန်ဆုံးဖြတ်ခြင်းမပြုပါနှင့်။
👉🏻လိုအပ်ချက်များစိုးရိမ်ပူပန်မှုများကို မေးမြန်းပါ (Inquire) - အကြမ်းဖက်ခံရသူ၏ စိတ်ခံစားမှု၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် လက်တွေ့ဘဝတို့အတွက် လိုအပ်ချက်နှင့် စိုးရိမ်မှု အမျိုးမျိုးကို ဆန်းစစ်၍ ဆောင်ရွက်ပေးပါ။ (ဥပမာ - ကလေးကို စောင့်ရှောက်ရန်)
👉🏻ခိုင်မာစွာ ရပ်တည်ပေးပါ (Validate) - အကြမ်းဖက်ခံရသူအပေါ် နားလည်ယုံကြည်ကြောင်း ဖော်ပြပါ။ အကြမ်းဖက်ခံရသူသည် ကိုယ့်ကိုယ်ကို ဖြစ်စေ၊ အခြားသူကဖြစ်စေ အပြစ်တင်ခြင်းကို ခံယူရမည့်သူ မဟုတ်ကြောင်းသေချာရှင်းပြပါ။
👉🏻လုံခြုံဘေးကင်းရေးအတွက် ကူညီပါ (Enhance Safety)- အကြမ်းဖက်မှုထပ်မံဖြစ်ပွားပါကအန္တရာယ်မကြုံတွေ့စေရန် မိမိကိုယ်ကို မည်သို့ကာကွယ်နိုင်မည်ကို အတူတကွဆွေးနွေး၍ အစီအစဉ်ဆွဲနိုင်ရန် ကူညီပေးပါ။
👉🏻ကူညီပံ့ပိုး ညွှန်းပို့ပါ (Support) - သတင်းအချက်အလက်များ၊ အခြားဝန်ဆောင်မှုများ၊ လူမှုရေးကူညီပံ့ပိုးမှုများနှင့် ချိတ်ဆက်နိုင်ရန် ကူညီပေးပါ။



🌏ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီး၃ဦးတွင် တစ်ဦးနီးပါးက ရုပ်ပိုင်း(သို့) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုခံစားနေရပါတယ်။ ကျ...
07/11/2023

🌏ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီး၃ဦးတွင် တစ်ဦးနီးပါးက ရုပ်ပိုင်း(သို့) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုခံစားနေရပါတယ်။ ကျူးလွန်တဲ့သူတွေထဲမှာ မိမိရဲ့ ချစ်သူ/ခင်ပွန်း/လက်တွဲဖော်တွေတောင် ပါဝင်ပါတယ်။
🏢အလုပ်ခွင်/နေအိမ်နဲ့ အွန်လိုင်းပေါ်ကနေ အကြမ်းဖက်မှုကျူးလွန်ခံနေရတဲ့ အရေအတွက်ဟာ ပိုပိုမြင့်တက်လာနေပါတယ်။ ဒါ့ပြင် ကိုဗစ် (၁၉)လို ကပ်ရောဂါတွေ၊ ပဋိပက္ခတွေနှင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေဟာလည်း စီးပွားရေးအဆင်မပြေဖြစ်စေခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ရပ်တန့်သွားစေနိုင်ခြင်းနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးရရှိနိုင်ဖို့အတွက်လဲ ခက်ခဲစေနိုင်တာကြောင့် ဒီလိုအခြေအနေတွေက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် အကြမ်းဖက်ခံရပါက ထိခိုက်ခံစားရမှုကို ပိုမိုဆိုးရွားလာစေပါတယ်။ စီးပွားရေးကျပ်တည်းမှုကြောင့် အကြမ်းဖက်မှုများ ပိုမိုများပြားလာစေသလို အကြမ်းဖက်မှုတွေကြောင့်လဲ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးအပေါ် အလွန်ထိခိုက်စေပါတယ်။ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အကြမ်းဖက်ခံရမှုဟာ ကြိုတင်ကာကွယ်နိုင်တဲ့ အရာဖြစ်ပြီး အကြမ်းဖက်မှုအားတားဆီးကာကွယ်ခြင်းနဲ့ တုံ့ပြန်ခြင်းတွေကို ပြုလုပ်နေကြတဲ့ အဖွဲ့အစည်းတွေလဲရှိနေပါပြီ။ ဒါကြောင့်
🌸အမျိုးသမီးနဲ့ မိန်းကလေးတွေ အကြမ်းဖက်ခံရပါက “အားနည်းတယ်/အားနွဲ့တယ်”လို့ မခံယူပါနဲ့၊ ရှက်ကြောက်နှုတ်ဆိတ်မနေဘဲ မိမိယုံကြည်ရတဲ့ သူတွေနဲ့ တိုင်ပင်ပြီး အကူအညီရယူပါ။
🌸လူ့အသိုင်းအဝိုင်းကလဲ အကြမ်းဖက်ခံရသူကို ဝေဖန်ပြစ်တင် ရှုံ့ချခြင်းများ မလုပ်ဘဲ အားလုံးဝိုင်းဝန်းပြီး ဖေးမကူညီပေးပါ။
🌸ကျား၊မ တန်းတူညီမျှမှုရရှိရေးကို အားပေးပါ။
🌸အကြမ်းဖက်မှုအား တားဆီးကာကွယ်ခြင်းနဲ့ တုံ့ပြန်ခြင်းတွေကို ပြုလုပ်နေတဲ့ အဖွဲ့အစည်းတွေထဲသို့ ညွှန်းပို့ချိတ်ဆက်ပေးပါ။
📣“အမျိုးသမီးနဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုကာကွယ်ဖို့ အားဖြည့်ကူညီ ဆောင်ရွက်စို့”📣


ယူတို့ရေ .. 🌸သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သတ်တဲ့ ဥာဏ်စမ်းမေးခွန်းလေးတွေမေးထားတာ ဖြေနိုင်ကြရဲ့လား  ဒီနေ့တော့ မေးခွန်းရဲ့အဖြေမ...
30/10/2023

ယူတို့ရေ .. 🌸သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သတ်တဲ့ ဥာဏ်စမ်းမေးခွန်းလေးတွေမေးထားတာ ဖြေနိုင်ကြရဲ့လား
ဒီနေ့တော့ မေးခွန်းရဲ့အဖြေမှန်လေးတွေကို ပြောပြရင်း အဖြေမှန်သူတွေထဲက ကံထူးသူ ၅ယောက်ကို ကြေညာပေးသွားမယ်နော်... 🎁
အဖြေမှန်လေးတွေကတော့
၁။ သားအိမ်ခေါင်းကင်ဆာရောဂါကို ဖြစ်စေတဲ့ ရောဂါပိုးနာမည်က ဘာလဲ
☑️HPV (ခ) Human Papillomavirus ဗိုင်းရပ်စ်ပိုး
၂။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက်ဘယ်နှနှစ်ကနေ စတင်ပြီးထိုးနှံလို့ရပါသလဲ
☑️၉နှစ်
၃။ သားအိမ်ခေါင်းကင်ဆာဟာ မျိုးရိုးလိုက်တဲ့ရောဂါဖြစ်လို့ ကာကွယ်၍မရနိုင်ပါ။ (မှား/မှန်)
☑️မှား
၄။ ဆေးလိပ်သောက်သုံးခြင်းဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ချေကို ပိုမြင့်တက်စေပါတယ်။ (မှား/မှန်)
☑️မှန်
၅။ ပုံမှန်အားဖြင့် အသက် ၃၀နှစ်နှင့်အထက် အမျိုးသမီးများအနေဖြင့် သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးခြင်း (PAP) ကို ဘယ်နှစ်နှစ်လျှင်တစ်ကြိမ် စစ်ဆေးသင့်ပါသလဲ
☑️၃နှစ်လျှင်တကြိမ်
မေးခွန်းလေးတွေကို အများကြီး စိတ်ဝင်တစား ဖြေဆိုပေးကြတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်ရှင့်။ Facebook Comment Pickerလေးနဲ့ အဖြေမှန်သူတွေထဲက ကံထူးသူ ၅ယောက်ကို ရွေးချယ်ထားတာဖြစ်ပါတယ်။ ကံထူးတဲ့သူလေးတွေက U-Like Myanmarရဲ့ Messenger ကို လာရောက်ဆက်သွယ်ပေးကြပါနော်။ 😍
ကံမထူးလိုက်တဲ့သူတွေကလဲ နောက်လတွေမှာ ဥာဏ်စမ်းမေးခွန်းလေးတွေရှိသေးတာမို့ အားမလျော့ကြနဲ့ဦးနော်။
မျိုးဆက်ပွားကျန်းမာရေးအသိပညာတွေ ပိုမိုရရှိဖို့ U-Like Myanmar Page ကို စောင့်ကြည့်ပေးကြပါဦးနော်


🌸သားအိမ်ခေါင်းကင်ဆာအကြောင်းကို ရှေ့ရက်တွေက U-Like Myanmar ကနေ ပို့စ်လေးတွေတင်ပေးခဲ့တယ်နော်။ ယူတို့လဲ သားအိမ်ခေါင်းကင်ဆာရ...
25/10/2023

🌸သားအိမ်ခေါင်းကင်ဆာအကြောင်းကို ရှေ့ရက်တွေက U-Like Myanmar ကနေ ပို့စ်လေးတွေတင်ပေးခဲ့တယ်နော်။ ယူတို့လဲ သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်းကို ဗဟုသုတတွေ ရှိနေကြပြီလို့ ထင်ပါတယ်။ ဒါဆို ဥာဏ်စမ်းမေးခွန်းလေးတွေ ဖြေကြည့်ရအောင်။😍
အဖြေမှန်သူတွေထဲက ၅ဦးကို ဖုန်းဘေလ်လက်ဆောင်လေးတွေ ပေးသွားမှာမို့ ကြိုးစားပြီး ဖြေကြည့်ပေးကြဦးနော်။ 🎁
မေးခွန်းလေးတွေကတော့ -
၁။ သားအိမ်ခေါင်းကင်ဆာရောဂါကို ဖြစ်စေတဲ့ ရောဂါပိုးနာမည်က ဘာလဲ
၂။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက်ဘယ်နှနှစ်ကနေ စတင်ပြီးထိုးနှံလို့ရပါသလဲ
၃။ သားအိမ်ခေါင်းကင်ဆာဟာ မျိုးရိုးလိုက်တဲ့ရောဂါဖြစ်လို့ ကာကွယ်၍မရနိုင်ပါ။
(မှား/မှန်)
၄။ ဆေးလိပ်သောက်သုံးခြင်းဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ချေကို ပိုမြင့်တက်စေပါတယ်။
(မှား/မှန်)
၅။ ပုံမှန်အားဖြင့် အသက် ၃၀-၄၉နှစ်အရွယ် အမျိုးသမီးများအနေဖြင့် သားအိမ်ခေါင်းကင်ဆာ ကြိုတင်စစ်ဆေးခြင်း (VIA ခေါ် သားအိမ်ခေါင်း ဆေးတို့စစ်ဆေးသောနည်း) ကို ဘယ်နှစ်နှစ်လျှင်တစ်ကြိမ် စစ်ဆေးသင့်ပါသလဲ။
💁‍♀️အဖြေလေးတွေကို သေချာစဥ်းစားပြီး ကောမန့်မှာ ရေးပေးခဲ့ပါဦးနော်..
အဖြေမှန်သူတွေထဲက ကံထူးသူ ၅ဦးကို လာမယ့် ၃၁ ရက် အောက်တိုဘာမှာ ကြေညာပေးသွားပါမယ်ရှင့်။😍


Address

Yangon
11111

Website

Alerts

Be the first to know and let us send you an email when U-Like Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram