28/03/2025
⚠️ငလျင်ပြီးလျှင် နောက်ဆက်တွဲ ငလျင်အသေးလေးတွေလာနိုင်လို့ ပြင်ဆင်ထားစရာတွေ ကြိုတင်စီစဉ်ထားကြပါ
⚠️Aftershock (နောက်ဆက်တွဲငလျင်) မဖြစ်ခင်၊ ဖြစ်နေစဉ်နှင့် ဖြစ်ပြီးနောက်မှာ ဘေးကင်းစေရန်အတွက် ပြင်ဆင်ထားသင့်တဲ့အချက်တွေကတော့—
၁။ Aftershock မဖြစ်ခင် (ကြိုတင်ပြင်ဆင်မှု)
• အရေးပေါ် တကိုယ်ရည်သုံး အသုံးအဆောင်ပစ္စည်း
• ရေသန့်၊ အစားအစာ (သုံးရက်မှတစ်ပတ်လောက်လုံလောက်ရန်)
• ဆေးဝါးများ
• မီးလောင်လွယ်စေသည့်ပစ္စည်းများ အပြင်ထုတ်ထားရန်
× မီးလောင်ခြင်းမဖြစ်စေရန် မီးသတ်ဆေးဗူးများဆောင်ထားပါ ။
• လျှပ်စစ်မီးပျက်နိုင်မှုအတွက် အရေးပေါ် မီးလုံး၊ ဆိုလာ ၊ ဘက်ထရီများ ဆောင်ထားရန်
× မိမိနေထိုင်သော အဆောက်အအုံ အက်ကွဲ/ မခိုင်ခံ့လောက်ဘူးဟု ယူဆပါက ကြိုတင်ရျ် နေရာပြောင်းရွေ့နေထိုင်ရန်
⚠️Aftershock ဖြစ်နေစဉ်
• အကာအကွယ်ယူရန် – Safety traingle တွေနေပါ ( ခေါင်းကို cover လုပ်နိုင်သော စားပွဲခုံအောက်) မှန်များရှိသောနေရာအဝေးတွင် နေရန်
• ပစ္စည်းပြုတ်ကျနိုင်ခြေရှိသောနေရာများမှ ဝေးရာတွင်နေရန်
• မီးစွဲနိုင်မှုရှိတဲ့ အန္တရာယ်ရှိသောနေရာများမှ ခြားနေရန်
⚠️၃။ Aftershock ဖြစ်ပြီးနောက် (နောက်ဆက်တွဲ ထိခိုက်မှုမှ ကာကွယ်မှု)
• အပျက်အစီးများကို စစ်ဆေးခြင်း
• အိမ်အတွင်းအခိုက်အတန့်များနှင့် မျက်နှာကျက်များကို စစ်ဆေးပါ
• ဓာတုပစ္စည်းများယိုစိမ့်မှုရှိ/မရှိ စစ်ဆေးပါ
• မီးဖိုနှင့် ဓာတ်ငွေ့အိုးများကို ပိတ်ထားပါ
• လျှပ်စစ်မီးနှင့် ရေပိုက်များစစ်ဆေးခြင်း
• ရေယိုမှုများကို စစ်ဆေးပါ
• လျှပ်စစ်ကြိုးချွတ်ကျမှုများရှိပါက သတိထားပါ
• မလိုအပ်ဘဲ အန္တရာယ်ရှိနိုင်သောနေရာများ မသွားပါနှင့်
Aftershock မဖြစ်မီ ကြိုတင်ပြင်ဆင်ထားခြင်းက ဘေးအန္တရာယ်ကို လျှော့ချနိုင်စေနိုင်ပါမည်။
---------------------------------------------
Dr.Lei telehealth services
https://m.facebook.com/Health-Knowledges-by-DrLei-105660815514262/