31/01/2026
"မနက်ဖြန် လုပ်မယ်"
"အချိန်ရမှ စလုပ်မယ်"
"စိတ်ဝင်စားမှ လုပ်မယ်"
ဒီစကားကို ဘယ်နှစ်ကြိမ်ပြောဖူးပါသလဲ? အလုပ်တွေကို အချိန်ဆွဲထားပြီး နောက်ဆုံးအချိန်မှ စိတ်ဖိစီးစွာ လုပ်ကိုင်ရခြင်းကို လူအများစုက ပျင်းရိခြင်းလို့ ထင်ကြပါတယ်။
ဒါပေမယ့် အမှန်တကယ်က...
Procrastination (အချိန်ဆွဲခြင်း) ဆိုတာ ပျင်းရိခြင်း မဟုတ်ဘဲ စိတ်ခံစားချက်ကို ကိုင်တွယ်ရခက်ခဲခြင်းပြဿနာ ဖြစ်ပါတယ်။
သုတေသနတွေ့ရှိချက်တွေအရ
လူ ၉၅% ဟာ အလုပ်တစ်ခုကို လုပ်ဆောင်ရန် အချိန်ဆွဲတတ်ကြပြီး၊ ၂၀% ကတော့ နာတာရှည်အချိန်ဆွဲသူများ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
စိတ်ပညာအရ "အလုပ်တစ်ခုကို နေ့ရက်ရွေ့ဆိုင်းနေခြင်း" ဆိုတဲ့ ခံစားချက်နောက်ကွယ်မှာ အောက်ပါ အကြောင်းအရင်းများစွာ ရှိနေတတ်ပါတယ်။
ℹစိတ်ဖိစီးမှု/စိုးရိမ်မှု ရှိခြင်း "ဒီအလုပ်က ငါအတွက် ခက်လွန်းတယ်/ငါ မလုပ်နိုင်ဘူး"
ℹစိတ်ပါဝင်စားမှု မရှိခြင်း "ဒီအလုပ်က ပျင်းစရာကြီး " လုပ်ရတာ အဓိပ္ပါယ် ရှိမနေဘူး "
ℹပြီးပြည့်စုံမှုကို လိုလားခြင်း "အခြေအနေမကောင်းသေးဘူး/ပြီးပြည့်စုံမှ စလုပ်မယ်"
ℹစိတ်ခံစားမှုကို ဦးစားပေးလွန်းခြင်း "အခု mood မဝင်နေဘူး၊နောက်မှလုပ်တော့မယ်"
ℹဆုံးဖြတ်ချက် မချနိုင်ခြင်း "ဘယ်ကစရမှန်း မသိဘူး" "အစရှာမရပြဿနာ" " ရည်ရွယ်ချက်မရှိ၊လမ်းပျောက်နေပြီ"
ℹပေါ့ဆမှုအပေါ် အခြေခံခြင်း "အချိန်တွေအများကြီး ရှိသေးတယ်လေ" " ခေါက်ထားလိုက်ဦး "
စသဖြင့် အထက်ပါအချက်အလက်တွေက Procrastination ရဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။
🛑 Procrastination ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့..
စိတ်ဖိစီးမှု တိုးလာခြင်း - လုပ်စရာရှိတဲ့ အလုပ်ကို မပြီးသေးတဲ့အတွက် နောက်ဆုံးအချိန်မှ ဖိစီးပြီး လုပ်ရခြင်း။
အရည်အသွေး ကျဆင်းခြင်း - အလျင်စလို လုပ်ရသဖြင့် အမှားများပါပြီး အကောင်းဆုံးရလဒ် မရနိုင်ခြင်း။
ယုံကြည်မှု ကျဆင်းခြင်း - "ငါမှ ဘာမှ အပြီးမသတ်နိုင်ဘူး" ဆိုတဲ့ ကိုယ့်အားကိုယ်ကိုးမှု ပျောက်ဆုံးလာခြင်း။
ကျန်းမာရေး ထိခိုက်ခြင်း - စိုးရိမ်စိတ်များပြီး အိပ်ရေးပျက်၊ စားသောက်မှန်တာ ကင်းမဲ့ကာ ကိုယ်ခံအားကျခြင်း။
လူမှုဆက်ဆံရေး ပျက်စီးခြင်း - အခြားသူတွေပေါ် မှီခိုရခြင်း၊ ကတိမတည်ခြင်းကြောင့် ယုံကြည်မှု ပျက်စီးခြင်း။
အခွင့်အလမ်း ဆုံးရှုံးခြင်း - ကောင်းတဲ့အလုပ်၊ ပညာရေး၊ စီးပွားရေး အခွင့်အရေးတွေ လက်လွတ်သွားခြင်း။
ဒါကြောင့် Procrastination ကို ကောင်းစွာ ဖြေရှင်းနိုင်ဖို့ လက်တွေ့ လုပ်ဆောင်ရမယ့် အဆင့် ၄ ဆင့်ကို မျှဝေပေးလိုက်ပါတယ်ရှင့်။
အဆင့် ၁။ ၅ မိနစ်စည်းမျဉ်း
မလုပ်ချင်တဲ့ အလုပ်ကို "၅ မိနစ်ပဲ လုပ်ကြည့်မယ်" ဟု ဆုံးဖြတ်ပြီး လုပ်လိုက်ပါ။ ၅ မိနစ်ပြီးရင် ဆက်လုပ်ချင်စိတ် ပေါ်လာပါလိမ့်မယ်။
အဆင့် ၂။ သဘောတူညီချက်ပြုလုပ်ပါ
"ငါ ဒီစာတမ်းကို ဒီကြားထဲမှာ ၂ ပိုင်းပြီးအောင် လုပ်မယ်။ ပြီးရင် အနားယူခွင့်ရမယ်" ဟု ကိုယ်နဲ့ကိုယ် သဘောတူညီချက် ရယူပါ။
အဆင့် ၃။ ပတ်ဝန်းကျင်ပြောင်းလဲပါ
ဖုန်း/ဆိုရှယ်မီဒီယာ ပိတ်ပါ
သန့်ရှင်းသောစားပွဲ ပြင်ဆင်ပါ
အလုပ်လုပ်ရန် သီးသန့်နေရာ သတ်မှတ်ပါ
အဆင့် ၄။ "ပြီးပြည့်စုံခြင်း" ထက် "စတင်ခြင်း" ကို ဦးစားပေးပါ
ပထမဆုံး လုပ်ဆောင်မှုက ညံ့ဖျင်းပါစေ။ အရေးကြီးတာက စတင်ပြီး ပြီးစီးအောင်လုပ်လိုက်ဖို့ပါ။ ဒါက သင့်ရဲ့ self discipline ကို တည်ဆောက်ပေးရာလည်း ရောက်ပါတယ်။
" (Procrastination) အချိန်ဆွဲခြင်းဟာ အချိန်စီမံခန့်ခွဲမှု ပြဿနာမဟုတ်ပါ။ စိတ်ခံစားချက်စီမံခန့်ခွဲမှု ပြဿနာသာ ဖြစ်ပါတယ် "
Procrastination ကို စိတ်ပညာအရ နားလည်ခြင်း နှင့် လက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့ TK Counselling Service တွင် မှာ self transformation package စီစဥ်ပေးထားတာ ရှိပါတယ်ရှင့်။
အသေးစိတ် သိလိုပါက page messenger ကနေတစ်ဆင့် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင့်။
အချိန်တွေ မဆွဲပါနဲ့တော့ ယခုပဲ စတင်လိုက်ပါ။ သင့်ရဲ့ ပထမခြေလှမ်းသည်သာ အရေးကြီးဆုံးပါပဲ။
လူတိုင်း လူတိုင်း လျှောက်လှမ်းရမယ့် ခရီးလမ်းတိုင်းမှာ အဆင်ပြေချောမွေ့ ကြပါစေရှင့်။
👩🎓Dr.Khin Aye Soe
(Counselling Psychologist)